ဒီလိုမျိုးအကြောင်းအရာအပေါ်မှာ ကိုယ့်အမြင်ကိုပြောတာကမှ တော်သေးတယ်... ဘလိုင်းကြီး ဟိုလူက ဒီလိုဆရာကြီးလုပ်တယ် ဒီလူက ဒီနေရာမှာ ငါသိငါတတ်သိပ်လုပ်ပြတယ်ဆိုတာမျိုးတွေ ထက်စာရင် ကိုယ်လည်းကိုယ့်အမြင်ကို ရိုးရိုးတန်းတန်းရေးတာက ပိုပြီး လူဆန်တယ် လူနဲ့တူတယ်...
ကျနော်ကတော့ Daniel Streich အကြောင်းကိုဖတ်ပြီးတဲ့အချိန်မှာ ဒီလူဘာသာပြောင်းလာတာတောင်သိပ်မယုံခဲ့ဘူး... Daniel Streich က သူဘာသာပြောင်းခဲ့တာ ၂၀၀၅ကတည်းကပါလို့ပြောတယ်... အဲ့ဒီသတင်း မုစ်လင်မ်တွေကြားမှာ အုတ်အော်သောင်းနင်းနဲ့ Daniel Streich ဘာသာပြောင်းလာတဲ့အကြောင်း ရေးကြ Share ကြနဲ့ အကြီးအကျယ်ကြိုဆိုကြတာ ၂၀၀၇နောက်ပိုင်းမှ... ကျနော်ကတော့ ၂၀၀၉လောက်မှာ Daniel Streich သတင်းကိုဖတ်ရတဲ့အချိန်မှာ ဒီလူ့ကိုမယုံဘူး... သူ့ဘဝမှာ ပရိုတက်စတင့်နဲ့စတယ်... နောက်ပြီးတော့ ကက်သိုလစ်အဖြစ်ပြောင်းတယ်... နောက်ဆုံးမှာ မွတ်ဆလင်ဖြစ်လာတယ်... ရှင်းရှင်းပြောရရင် ခြံခုန်ဖူးတယ်ဆိုတော့ လန့်ရတာပေါ့... ဒါပေမဲ့နောက်ပိုင်းမှာ သူ့လုပ်ပုံတွေက ငြိမ်းချမ်းစွာအတူယှဉ်တွဲနေထိုင်ရေးကို ဦးစားပေးလာတယ်... ၂၀၀၇မှာ SVP ဦးဆောင်ပြီး မင်နာရာပိတ်ပင်ရေးအရှိန်ရနေချိန်မှာ ဥက္ကဌရထူးကနေနှုတ်ထွက်ပြီး သူဟာ ၂၀၀၅ကတည်းက Islam follower ဖြစ်နေပါပြီလို့ပြောပြီးနောက်ပိုင်း သူ့လုပ်ရပ်တွေကို စောင့်ကြည့်ရင်ပိုသိသာမယ်ထင်တယ်... လောလောဆယ်တော့ မင်နာရာကိစ္စနဲ့ပတ်သက်ပြီး ဥရောပမှာ မုစ်လင်မ်နဲ့ ခရစ်ယန်မလိုအပ်ပဲ အမြင်မကြည်မှုတွေ တိုးပွါးလာမှာတွေ သူ့ကြောင့် လျော့ကျလာတယ် ညှိလို့ရလာတယ်ဆိုတာလည်း ကောင်းတာပါပဲ လေလို့ လောလောဆယ်သတ်မှတ်ထားလို့ရပါတယ်... ဒါ့ကြောင့် သူ့အနေနဲ့ ပေါ်လစ်တစ်ကယ်အရွေ့အရ ဘာသာပြောင်းထားသူပါလို့ပဲလုပ်ထားသူဖြစ်နေစေဦးတော့ ငြိမ်းချမ်းရေးကို တက်တက်ကြွကြွအကောင်အထည်ဖော်လာတာတစ်ခုတည်းနဲ့တင် တန်နေပြီလို့ လောလောဆယ်ပြောလို့ရပါတယ်... နောက်ပြီး ဟိုဘာသာကမကောင်းဘူး ဒီဘာသာကကောင်းတယ်ဆိုတာမျိုးထက်၊ အမြင်မတူမှုတွေကိုထုတ်ဖော်နေပြီး ဘာဘာညာညာပြောတာထက် ကိုးကွယ်ရာဘာသာတရားတွေအချင်းချင်း ညှိလို့ရအောင်လုပ်ပေးနိုင်တယ်၊ ဘာသာမတူသူတွေကြားမှာ အမုန်းတရားတွေမရှိအောင် ကြိုးစားပေးနေတယ်ဆိုရင် တန်ပါတယ်...
2012/9/2 SOE HTUT <soehtut1@gmail.com>
-- ဒီလိုကစားကွက်တွေက သိပ်မထူးဆန်းပါဘူး.... အရင် CIA KGB လက်ထက်က ရှိဘူးပါတယ်.... ကိုယ်လူကို ဟိုဘက်ကိုထည့် ကိုယ့်ဘက်ကို အလွန်မကောင်းကြောင်းပြောခိုင်း .......၀န်ကြီးလောက်ဖြစ်မှ ကိုယ့်ဘက်ကို နိုင်ငံရေး ခိုလှုံခွင့်တောင်းပြီးပြန်လာသလိုမျိုးပေါ့........ ဟိုဘက်က သိပ်ခါကျ ကိုယ်ဘက်က အမှန်ပေါ့........ဒီလိုလှည့်ကွက်တွေအများကြီးပါ.... ရိုးလွန်းတယ်..........
မှော်ဆရာအဖွဲ့ မှ နေ့ စဉ်မေးလ်များ ရယူလိုပါက http://groups.google.com/group/mrsorcerer/subscribe?hl=en ကို နှိပ်ပြီး မန်ဘာဝင်နိုင်ပါသည် ။
မန်ဘာဝင်များ မိမိတို.သိထားသည်များကို မျှဝေလိုပါက mrsorcerer@googlegroups.com သို. မေးလ်ပို.နိုင်ပါသည် ။
မှော်ဆရာအဖွဲ့ မှ နှုတ်ထွက်လိုလျှင် mrsorcerer+unsubscribe@googlegroups.com ကိုနှိပ်ပြီး မေးလ်ပို.ပါ ။
စာလက်ခံလိုသည့်ပုံစံ ပြင်လိုလျှင် http://groups.google.com/group/mrsorcerer?hl=en ကို သွားပါ ။
မှော်ဆရာ အဖွဲ့ ၏ စည်းကမ်းများကို သိလိုလျှင် http://groups.google.com/group/mrsorcerer/browse_thread/thread/af2f4a1d44d4d909?hl=en တွင် ဖတ်ရှုနိုင်ပါသည် ။
Facebook (FB) မှော်ဆရာအဖွဲ့သို့ Mail ပို့လိုလျှင် mrsorcerer2@groups.facebook.com
FB မှော်ဆရာအဖွဲ့သို့ ၀င်ရန် http://www.facebook.com/home.php?sk=group_173571176006981&ap=1
မှော်ဆရာ အဖွဲ့ နှင့်ပက်သက်၍ ဝေဖန်အကြံပြုလိုပါက >>>
ဦးဦး မှော်ဆရာ ( mrsorcerer9@gmail.com, mrsorcerer27@gmail.com ) ထံသို.
ပေးပို.နိုင်ပါသည် ။
ခင်မင်စွာဖြင့်
ဦးဦး မှော်ဆရာ