Re: [mrsorcerer:30481] ဗုဒ္ဓဘာသာဝင်တိုင်း သိထားသင့်တဲ့ မစ္ဆရိယ (၅) မျိုး

ကိုသန့်ဇင်ဖြိုး ရေ ကျွန်တော်တို့ ဗုဒ္ဓဘုရားက ဒီတရားတွေကို ကျွန်တော်တို့ ဗုဒ္ဓဘာသာဝင်တွေအတွက်ပဲ ဟောခဲ့တာမဟုတ်ပါဘူး။ ကမ္ဘာပေါ်မှာ ရှိသမျှလူတွေ အတွက် ရည်ရွယ်ပြီးဟောခဲ့တာပါ။ မုစလင် ပဲဖြစ်ဖြစ် ခရစ်ယန် ပဲဖြစ်ဖြစ် လိုက်နာနိုင်ရင်လူတိုင်း အကျိုးရှိပါတယ်။ ဗုဒ္ဓဘာသာဝင်တိုင်း သိထားသင့်တဲ့ မစ္ဆရိယ (၅) မျိုး ဆိုတာထက် လူတိုင်းသိထားသင့်တဲ့ မစ္ဆရိယ (၅) မျိုး ဆိုရင် ပိုကောင်းပါလိမ့်မယ်။ အကို လို မုစလင်တစ်ယောက်က ကျွန်တော်တို့ ဗုဒ္ဓကျမ်းစာတွေကို စိတ်ဝင်စားဖတ်ရူတာကို ဝမ်းမြောက်စွာ ကြိုဆိုပါတယ်။ ဒါပေမယ့် ကျွန်တော်တို့ ဗုဒ္ဓဘာသာဝင်တွေကို သင်ပြချင်တဲ့ ရည်ရွယ်ချက်နဲ့တော့ ရှာဖွေကူးတင် မနေပါနဲ့ဗျာ။ မစ္ဆရိယ ဆိုတာ ဘာလဲ ဆိုတာလောက်တော့ ဗုဒ္ဓဘာသာဝင်တိုင်းလောက် နားလည်ကြပါတယ်။ ဗုဒ္ဓဘာသာဝင်တွေကို အကျယ်တရားဟောဖို့လိုရင်လဲ ဘုန်းကြီးတွေဟောပါလိမ့်မယ်။ မုစလင်ဘာသာ အကြောင်းတွေ ရေးတင်ပေးတဲ့ အတွက် ဗဟုသုတ တိုးရလို့ ကျေးဇူးပါ။

_______

ကွန်းဇော်

2012/9/2 Thantsin Phyoe <thantsinphyo@gmail.com>
ဗုဒ္ဓဘာသာဝင်တိုင်း သိထားသင့်တဲ့ မစ္ဆရိယ (၅) မျိုး

(၁) အာဝါသမစ္ဆရိယ
မိမိပိုင်ဆိုင်ရာ နေရာဌာန၌ မိမိမှတစ်ပါး မည်သူ့ကိုမျှ မနေစေလိုခြင်း၊ တစ်နည်း မိမိရနေသော ဆောက်အဦးကောင်းမျိုးကို သူတစ်ပါး မရစေလိုခြင်း။ (ကိုယ်ကောင်းကောင်းရသလို သူများကို မရစေချင်တာမျိုး၊ ရသွားရင်ပဲဖြစ်ဖြစ် ရနေရင်ပဲဖြစ်ဖြစ် မကျေမချမ်းဖြစ်နေတာမျိုး)

(၂) ကုလမစ္ဆရိယ
ရဟန်းဖြစ်လျှင် မိမိကို ကိုးကွယ်နေသော ဒကာ၊ ဒကာမများ အခြားရဟန်းကို မကိုးကွယ်စေလိုခြင်း၊ လူဖြစ်လျှင် မိမိဆွေမျိုး မိတ်သင်္ဂဟများက မိမိထက် အခြားသူများအား ပိုမိုချစ်ခင်သွားမည်ကို မလိုလားခြင်း။ (ကိုယ်နဲ့ ခင်နေတဲ့မိတ်ဆွေ သူများနဲ့ပိုခင်သွားမှာ စိုးရိမ်တာမျိုး)

(၃) လာဘမစ္ဆရိယ
စီးပွားလာဘ်လာဘ မိမိရသလို သူတစ်ပါး မရစေလိုခြင်း။ (ကိုယ့်ထက်သာနေတာကိုလည်း လက်မခံနိုင်ဘဲ မကျေနပ်တာ၊ အလိုမရှိတာ၊ မလိုလားတာမျိုး)

(၄) ၀ဏမစ္ဆရိယ
သူတစ်ပါး၏ လှပသော အဆင်းဂုဏ် မြင့်မြတ်သော အကျင့်ဂုဏ်ကို မိမိလည်း မချီးမွမ်းနိုင်ခြင်း၊ သူတစ်ပါး ချီးမွမ်းသည်ကိုလည်း အလိုမရှိခြင်း။ (သူများရဲ့ ကောင်းဂုဏ်ကို မချီးမွမ်းနိုင်တာ၊ သူများပြောရင်လဲ မလိုလားပဲ မကောင်းလိုက်ပြောတာမျိုး)

(၅) ဓမ္မ စ္ဆရိယ
စာပေပရိယတ္တိနှင့် တရားအသိအမျိုးမျိုးကို မိမိ သိသလို သူတစ်ပါးအား မသိစေလိုခြင်း တို့ဖြစ်ကြလေသည်။ (ကိုယ်သိသလို သူများကို မသိစေချင်တာ၊ မတတ်စေချင်တာမျိုး)

ဒီ (၅)မျိုးကို လက်ခံထားရင် ကိုယ်တိုးတက်မယ့်ဂုဏ် မတိုးတက်ပါဘူး… ကိုယ်ရမယ့်ဟာတွေ ကိုယ်ဖြစ်လာမယ့် အရာတွေဟာ လမ်းပိတ်လိုက်သလို ဖြစ်သွားပါတယ်.. ကိုယ်ပြောစကား ကိုယ့်နှုတ်ထွက်စကားက သြဇာအာဏာ မရှိဘူးတဲ့…. သူများနားမထောင်ဘူးပေါ့… ဖြစ်ရာဘဝကိုလိုက်ပြီး စိတ်ဆင်းရဲ ကိုယ်ဆင်းရဲ ဖြစ်ရတယ်တဲ့… သူတစ်ပါးရဲ့ အကူအညီကိုလဲ မရတတ်ဘူးတဲ့…. အကုသိုလ်ကြီးလွန်းရင် အရမ်းသနားတတ်တဲ့သူ၊ အရမ်းပေးကမ်းတတ်တဲ့သူ၊ အရမ်းစာနာတတ်တဲ့သူနဲ့ တွေ့ရင်တောင် အဲ့ဒီလူအပေါ် သနားချင်စိတ်တွေ.. ပေးကမ်းချင်စိတ်တွေ.. စာနာချင်စိတ်တွေ…ကူညီချင်စိတ်တွေ ပျောက်သွားပါတယ်။

သူတစ်ပါးကြီးပွားပျော်ရွှင်တာကို၊ သူတစ်ပါးတို့ ချစ်ခင်ကြင်နာတာကို အန္တရယ်ပြုသည်အထိ ဝန်တိုခြင်း မစ္ဆရိယရှိသူအတွက် လက်ငင်းဆိုးကျိုး၊ သံသရာဆိုးကျိုးများကို သိလိုပါသည်ဟု မေးလျောက်ရာ ဗုဒ္ဓက မစ္ဆရိယသမားအတွက် လက်ငင်းဆိုးကျိုးကား သူတောင့်တသော အရာမှန်သမျှ ဘယ်တော့မှမရ။ ကူညီစောင့်မမည့်သူလည်း မရှိ။

သံသရာဆိုးကျိုးကား ငရဲ၊ တိရစ္ဆာန်စသော အပါယ်လေးဘုံသို့ ကျရောက်ရပြီး ထိုဘုံများမှလွတ်၍ လူ့ဘဝသို့ ရောက်ခဲ့လျှင် အဆင်းရဲဆုံးဘဝသို့ ရောက်ရသည်။ အမြဲလိုလို စိတ်ဆင်းရဲ ကိုယ်ဆင်းရဲ ဖြစ်နေရတတ်သည်။ ဝမ်းစာကို နဖူးကချွေး ခြေမကျသည်အထိ ပင်ပန်းဆင်းရဲစွာ ရှာဖွေရသည်ဟု ဖြေကြားခဲ့ပေသည်။

--
This is JEKYLL & HYDE
if u want my fwd mails u can join this group >> Click here
If u want to visit my blog >> Click here

--
မှော်ဆရာအဖွဲ့ မှ နေ့ စဉ်မေးလ်များ ရယူလိုပါက http://groups.google.com/group/mrsorcerer/subscribe?hl=en ကို နှိပ်ပြီး မန်ဘာဝင်နိုင်ပါသည် ။
မန်ဘာဝင်များ မိမိတို.သိထားသည်များကို မျှဝေလိုပါက mrsorcerer@googlegroups.com သို. မေးလ်ပို.နိုင်ပါသည် ။
မှော်ဆရာအဖွဲ့ မှ နှုတ်ထွက်လိုလျှင် mrsorcerer+unsubscribe@googlegroups.com ကိုနှိပ်ပြီး မေးလ်ပို.ပါ ။
စာလက်ခံလိုသည့်ပုံစံ ပြင်လိုလျှင် http://groups.google.com/group/mrsorcerer?hl=en ကို သွားပါ ။
မှော်ဆရာ အဖွဲ့ ၏ စည်းကမ်းများကို သိလိုလျှင် http://groups.google.com/group/mrsorcerer/browse_thread/thread/af2f4a1d44d4d909?hl=en တွင် ဖတ်ရှုနိုင်ပါသည် ။
 
Facebook (FB) မှော်ဆရာအဖွဲ့သို့ Mail ပို့လိုလျှင် mrsorcerer2@groups.facebook.com
FB မှော်ဆရာအဖွဲ့သို့ ၀င်ရန် http://www.facebook.com/home.php?sk=group_173571176006981&ap=1
 
မှော်ဆရာ အဖွဲ့ နှင့်ပက်သက်၍ ဝေဖန်အကြံပြုလိုပါက >>>
ဦးဦး မှော်ဆရာ ( mrsorcerer9@gmail.com, mrsorcerer27@gmail.com ) ထံသို.
ပေးပို.နိုင်ပါသည် ။
 
ခင်မင်စွာဖြင့်
ဦးဦး မှော်ဆရာ