ကိုကွန်းဇော် >> ဗုဒ္ဓဘာသာဝင်တွေအတွက်ပါ... ဗုဒ္ဓဟောတဲ့အတိုင်းလိုက်နာပါမယ်ဆိုတဲ့ ဗုဒ္ဓဘာသာဝင်တွေအတွက်ပါ... ဘာသာတရားကို ဟောပြောဖြန့်ချိပို့ချသူတွေကတော့ လူသားအားလုံးအတွက်လို့ပြောကြတာပါပဲ.. သို့သော် ဘာသာတရားတွေကွဲပြားသလို ဘာသာဝင်တွေလည်းမတူပါဘူး... ကျနော်ကတော့ ဂရုပ်ထဲက ဗုဒ္ဓဘာသာဝင်မိတ်ဆွေတွေအတွက် မျှဝေပေးလိုက်တာပါ... ကျန်တဲ့ဘာသာဝင်တွေ ယုံကြည်တာ လိုက်နာတာမပြောလိုပေမဲ့ ဗုဒ္ဓဘာသာဝင်ဆိုသူတွေအတွက် ဗုဒ္ဓဘာသာ ကသင်ကြားချက်ကို မျှဝေပေးလိုက်တာ... တကယ်လို့ ကွန်းဇော်အနေနဲ့ မစ္ဆရိယ(၅)မျိုးကိုသိပြီးသားဆိုလည်း မသိသေးသူတွေရှိနိုင်တာပေါ့... သင်ပြချင်တဲ့ရည်ရွယ်ချက်တော့မရှိပါဘူး... ဘာ့ကြောင့်လဲဆိုတော့ ကျနော်ကိုယ်တိုင် ဗုဒ္ဓဝါဒီတစ်ဦးမဟုတ်ပဲ ဗုဒ္ဓဝါဒကို ဗုဒ္ဓဘာသာဝင်တွေကိုသင်ပြဖို့ဘယ်လိုမှ မဖြစ်နိုင်ပါဘူး... ကျနော်ပြောခဲ့ဖူးသလိုပဲ Basic faith မရှိပဲ follower မဖြစ်နိုင်ပါဘူး... ဒါ့ကြောင့် သင်ပြတာလုံးဝမဟုတ်ပါဘူး... တင်ပြတာဆိုရင် သင့်လျှော်ပါလိမ့်မယ်... :]
papagyi@gmail.com >> ကျနော်ပို့တဲ့စာကိုသေချာပြန်ဖတ်ပါ... ကျနော်ဘာ့ကြောင့်မှ ဥပမာပေးထားတာမဟုတ်ပါဘူး... စာကိုဖတ်ပြီးသေသေချာချာနားလည်မှစာရေးစေချင်တယ်... တိုက်ခိုက်လိုက်ရပြီးရောဆိုတာမျိုးမလုပ်ပါနဲ့ဗျာ... ကျနော် "ဗုဒ္ဓဘာသာဝင်တိုင်း သိထားသင့်တဲ့ မစ္ဆရိယ (၅) မျိုး" ဆိုပြီး ခေါင်းစဉ်တပ်ပြီး ပို့ထားတဲ့စာက မည်သည့်အကြောင်းအရာနဲ့မှ ဆက်စပ်ပြီး " ဗုဒဘာသာ ကသင်ကြားချက်ကို ဥပမာပေးရတာ ။" မဟုတ်ပါဘူး... မသိတဲ့လူတွေသိအောင် ဖတ်ဖူးအောင်တင်လိုက်ရုံပဲ... အစ္စလာမ်မှာ သင်ကြားမှုရှိလားဆိုရင်တော့ ဖဝါးခြေထပ်တူတာမျိုးတော့ မရှိပါဘူး... သဘောတရားဆင်တာတွေတော့ရှိပါတယ်... သူတပါးအပေါ် ဝန်တိုမစ္ဆရိယစိတ်ထားတာကို ဘယ်သူမှ အားမပေးပါဘူး... ကျနော်က နောင်ဘဝကိုလက်ခံပါတယ်... နောင်ဘဝရှိတယ်လို့လည်းယုံပါတယ်... ဒါပေမဲ့ ကျနော်လက်ခံတဲ့ ကျနော်ယုံတဲ့ နောင်ဘဝက ဗုဒ္ဓဟောတဲ့နောင်ဘဝအမျိုးအစား သံသယာလည်တဲ့အမျိုးအစားမဟုတ်ပါဘူး... အပေါ်မှာ ကိုကွန်းဇော်ကိုပြောထားသလိုပဲ ကျနော့ရဲ့ အဓိကရည်ရွယ်ချက်က "ကျနော်ကတော့ ဂရုပ်ထဲက ဗုဒ္ဓဘာသာဝင်မိတ်ဆွေတွေအတွက် မျှဝေပေးလိုက်တာပါ... ကျန်တဲ့ဘာသာဝင်တွေ ယုံကြည်တာ လိုက်နာတာမပြောလိုပေမဲ့ ဗုဒ္ဓဘာသာဝင်ဆိုသူတွေအတွက် ဗုဒ္ဓဘာသာ ကသင်ကြားချက်ကို မျှဝေပေးလိုက်တာ..." ဖြစ်ပါတယ်...
ရိုးရိုးသားသားဝန်ခံချင်တာကတော့ ဗုဒ္ဓဘာသာဝင်ပါလို့ အမည်ခံထားပြီး Personal Attacking တွေလုပ်လာတာမြင်နေရလို့ ဗုဒ္ဓတရားတော်ကို မျှဝေပေးလိုက်တာပါပဲ... ကြိုက်ရင်ဖတ် မကြိုက်ရင်မဖတ်ပါနဲ့ခင်ဗျာ... ကျနော့်ဘက်က ဘာမှသဘောမထားပါဘူး... မိမိကိုယ်ကို ဗုဒ္ဓဘာသာဝင်ပါလို့အမည်ခံထားရင် ဗုဒ္ဓရဲ့ ညွှန်ကြားမှုတွေကို လိုက်နာကျင့်ကြံနိုင်သူတွေဖြစ်ကြပါစေလို့သာ .... :]
-- မှော်ဆရာအဖွဲ့ မှ နေ့ စဉ်မေးလ်များ ရယူလိုပါက http://groups.google.com/group/mrsorcerer/subscribe?hl=en ကို နှိပ်ပြီး မန်ဘာဝင်နိုင်ပါသည် ။
မန်ဘာဝင်များ မိမိတို.သိထားသည်များကို မျှဝေလိုပါက mrsorcerer@googlegroups.com သို. မေးလ်ပို.နိုင်ပါသည် ။
မှော်ဆရာအဖွဲ့ မှ နှုတ်ထွက်လိုလျှင် mrsorcerer+unsubscribe@googlegroups.com ကိုနှိပ်ပြီး မေးလ်ပို.ပါ ။
စာလက်ခံလိုသည့်ပုံစံ ပြင်လိုလျှင် http://groups.google.com/group/mrsorcerer?hl=en ကို သွားပါ ။
မှော်ဆရာ အဖွဲ့ ၏ စည်းကမ်းများကို သိလိုလျှင် http://groups.google.com/group/mrsorcerer/browse_thread/thread/af2f4a1d44d4d909?hl=en တွင် ဖတ်ရှုနိုင်ပါသည် ။
Facebook (FB) မှော်ဆရာအဖွဲ့သို့ Mail ပို့လိုလျှင် mrsorcerer2@groups.facebook.com
FB မှော်ဆရာအဖွဲ့သို့ ၀င်ရန် http://www.facebook.com/home.php?sk=group_173571176006981&ap=1
မှော်ဆရာ အဖွဲ့ နှင့်ပက်သက်၍ ဝေဖန်အကြံပြုလိုပါက >>>
ဦးဦး မှော်ဆရာ ( mrsorcerer9@gmail.com, mrsorcerer27@gmail.com ) ထံသို.
ပေးပို.နိုင်ပါသည် ။
ခင်မင်စွာဖြင့်
ဦးဦး မှော်ဆရာ