Re: [mrsorcerer:30656] ဗုဒ္ဓဘာသာဝင်တိုင်း သိထားသင့်တဲ့ မစ္ဆရိယ (၅) မျိုး

အကြံပေးတာကျေးဇူးဗျို့... ကျနော်လည်းမတင်ချင်ပါဘူး... ကိုကွန်းဇော်ပြောတဲ့ ပွိုင့်ကိုလည်းမြင်ပါတယ်... ဒါပေမဲ့ အနေအထားနဲ့ အကြောင်းကြောင်းကြောင့် မတင်လို့မရတော့တာမျိုးဖြစ်လာတယ်... ပြောပြမယ်ဗျာ... ကျနော် ဗုဒ္ဓသင်ကြားချက်ကို တစ်လုံးတစ်ပါဒမှ ကိုယ့်ရဲ့ အာဘော်မပါပဲ တင်လိုက်တယ်... 

၁ >> ဘယ်မွတ်ဆလင်ကမှ အဲ့ဒီလိုတင်ရကောင်းလား သူများဘာသာတရားကောင်းကြောင်း တင်ပြလားလို့ ကျနော့ကိုအဆိုးမမြင်ဘူး... ဟိုရက်ကတော့ အစ္စလာမ်ဘာသာရေးဗဟုသုတအနေနဲ့ မေးတာမြန်းတာလောက်ကို ပက်ပက်စက်စက်ပြောနေတာမျိုးကျတော့ ကိုကွန်းဇော်တို့မထိန်းသိမ်းသင့်ဘူးလား???

၂ >> ဒီဂရုပ်ထဲမှာ အစ္စလာမ်ဘာသာကိုတိုက်ခိုက်ချင်ရဲ့ရည်ရွယ်ချက်နဲ့ မကောင်းကြောင်းဖြစ်လောက်စရာ မကောင်းမြင်လောက်စရာတွေပဲ ရွေးတင်နေသူတွေရှိတယ်... အဲ့ဒါမျိုးကျတော့ရော ကိုကွန်းဇော်အနေနဲ့ ကိုယ့်ဘာသာဝင်တွေအနေနဲ့ သူတပါးဘာသာဝင်တွေကို "နားရွက်ကို တံတွေးလာဆွတ်တယ်ပဲ တွေးကြမှာ" ဆိုပြီးတားဖူးလား???

၃ >> "ဗုဒ္ဓဘာသာဝင်တိုင်း သိထားသင့်တဲ့ မစ္ဆရိယ (၅) မျိုး" ကိုကျနော်မတင်ခင်မှာပဲ ဗုဒ္ဓဘာသာဝင်အချင်းချင်း အလယ်အလတ်ကျသူကိုတောင် စွတ်စွဲပြောဆိုတာတွေ ထင်ယောင်ထင်မှားဖြစ်အောင် စကားနာထိုးနေတာတွေကိုရော ကိုကွန်းဇော်မတားသင့်ဘူးလား???

၎ >> "ဗုဒ္ဓဘာသာဝင်တိုင်း သိထားသင့်တဲ့ မစ္ဆရိယ (၅) မျိုး" ကိုကျနော်မတင်ခင်မှာပဲ ဗုဒ္ဓဘာသာဝင်ဆိုသူတွေက Personal Attacking လို့ခေါ်တဲ့ လူတစ်ဖက်သားကို ပုဂ္ဂိုလ်ရေးရာ အပုပ်ချပြောဆိုမှုတွေအပေါ်မှာရော ကိုကွန်းဇော်တစ်လုံးတစ်ပါဒဝင်တားဖူးလား???

ကျနော်တင်ပြလိုက်တာ ဗုဒ္ဓသင်ကြားခဲ့တဲ့ ကောင်းမွန်တဲ့တရားတွေပါ... ဗုဒ္ဓဘာသာကို မကောင်းပြောတာလည်းမပါသလို ဗုဒ္ဓဘာသာဝင်တွေကို ထိခိုက်ရေးသားထားတာလည်းမပါ ပါဘူး... ဒါကိုတောင် ဒီလိုအချိန်မျိုးမှာ ဗုဒ္ဓဘာသာဝင်တွေဘက်က "နားရွက်ကို တံတွေးလာဆွတ်တယ်ပဲ တွေးကြမှာ" ဆိုရင် ဘာမဆိုင်ညာမဆိုင် အစ္စလာမ်ဘာသာကို မကောင်းမြင်အောင်ရေးသားစွတ်စွဲပြောဆိုနေသူတွေဆိုရင် ဘယ်လိုသတ်မှတ်ကြမှာလဲဗျာ... တကယ်တမ်း အထောက်အထားအတိအကျလည်းမရှိပါပဲစွတ်စွဲတာတွေ အကြောင်းအရာတိုက်ဆိုင်မှုမရှိပဲ ဦးဆန်းလွင်ရဲ့ စကားလုံးတွေကိုးကားပြီး Reply ပြန်တာမျိုးတွေကျတော့ ရှောင်နေတာတောင် လိုက်ပြီး ရန်စနေတာနဲ့ ပိုမတူဘူးလားဗျ... 

မျှတစွာတွေးတောဆင်ခြင်တတ်သူတွေ ဖြစ်ကြပါစေဗျား... 

2012/9/5 Kon Zaw <konzawoo@gmail.com>

ကိုသန့်ဇင်ဖြိုးရေ ကျွန်တော်တော့ တည့်တည့်ပဲပြောမယ်ဗျာ။ ကျွန်တော် ဒီစာကိုရေးတာ ကိုသန့်ဇင်ဖြိုး နောက်ထပ် ဒီလို ဗုဒ္ဓ တရားတွေကို တို့စတို့စ နဲ့ ထပ်မတင်စေချင်လို့ပါ။ ဘယ်ရည်ရွယ်ချက် နဲ့ပဲဖြစ်ဖြစ် ခုချိန်မှာ ဒါမျိုးမလုပ်သင့်ဘူး။ ခုတလော ဂရုထဲမှာ ဘာသာရေး အခြေအတင်လေးတွေ ဖြစ်နေတာ လူတိုင်းသိတယ်။ ဒီအချိန် ဒါမျိုးရေးတင်ရင် တို့အပေါ်စေတနာ ထားပါလား လို့ ဘယ်သူမှမတွေးပါဘူး။ နားရွက်ကို တံတွေးလာဆွတ်တယ်ပဲ တွေးကြမှာ။ ပြီးရင် ရန်တွေဖြစ်ကြအုံးမယ်။ ဒါမျိုးတွေ ဖတ်ရတာ စိတ်ညစ်ငြူးစရာပါ။ တစ်ဖက်နဲ့ တစ်ဖက် ခပ်ရိုင်းရိုင်းတွေပြော စော်ကားနေကြတာ ကျွန်တော်တွေ့ပါတယ်။ အစ်စလမ်ဘက်က ရိုင်းရင် ကျွန်တော်စိတ်တိုသလို ဗုဒ္ဓဘာသာဝင်တွေ ရိုင်းတဲ့အခါမှာလည်း ကျွန်တော် မျက်နှာပူတယ်ဗျာ။ ထပ်မဖြစ်ကြတာ အကောင်းဆုံးပါ။

 

နောက်တစ်ခုက ဗုဒ္ဓတရားတော်ကိုတောင် သက်ဝင်ယုံကြည်မှူမရှိသူတစ်ယောက်က ဗုဒ္ဓတရားတွေကို ကိုယ်နားလည်သလို ပိုင်းဖြတ်ကူးတင်ရင် အမှားတွေပါလာနိုင်တယ်။ ကိုယ့်အာဘော်တွေ လျှောက်ထည့်ရင် ပိုဆိုးကုန်မယ်။ အဲဒီအခါ နားလည်တဲ့လူက ဝင်ရှင်းရင်တော်သေး။ မဟုတ်ရင် ရန်တွေဖြစ်ကြအုံးမယ်။ ဒါမျိုးတွေ မဖြစ်အောင် စောစောစီးစီး တားလိုတာပါပဲ။

 

ဒါတွေအားလုံးဟာလည်း ကျွန်တော်အမြင်ကို ပြောပြခြင်းသာ ဖြစ်ပြီး လိုက်နာတာ မနာတာကတော့ ကိုသန့်ဇင်ဖြိုး သဘောအတိုင်းပါပဲ။ ကိုယ့် လွတ်လပ်ခွင့် အရ ရေးချင်တာရေးပြီး ဂရုက မဘန်းသရွေ့ တင်နေလို့ရပါတယ်။ ရန်ဖြစ်စရာရှိတော့လဲ ဖြစ်လိုက်ကြတာပေါ့ဗျာ။

 

_________

ကွန်းဇော်



2012/9/5 Thantsin Phyoe <thantsinphyo@gmail.com>
တကယ်ခက်တယ်ဗျာ... လိုရင်းတိုရှင်းရေးရင် ရင့်သီးတယ်ထင်ကြမှာစိုးလို့ လှည့်ပတ်ပြီးအရှည်ကြီးရေးလိုက်ရတာပါဗျာ... ဆိုလိုရင်းက ဦးစိုးနိုင်ထင်တာအမှန်ပါ... ဗုဒ္ဓဘာသာဝင်ပါလို့ ကိုယ့်ကိုယ်ကိုခံယူထားရင် သိသင့်တယ်လို့ယူဆလို့ ရေးပေးလိုက်တာပါပဲ... အဲလေ... ရေးတယ်ဆိုတာထက် ကူးပေးလိုက်တာပါ... အဆင်လည်းပြေပြေတွေ့လိုက်တာကြောင့်လည်းပါတာပေါ့ဗျာ... ပြီးတော့ ခေါင်းစဉ်က ကျနော်ပေးတဲ့ခေါင်းစဉ်လည်းမဟုတ်ပါဘူး... ဗုဒ္ဓဘာသာဝင်တစ်ယောက်ကိုယ်တိုင် အဲ့ဒီအတိုင်းရေးပြီးတင်ထားတာပါ...

 နောက်တစ်ချက်က သူများပြောစရာဖြစ်မှာကြောင့်ကြတာကြောင့် သေသေချာချာ ခေါင်းစဉ်သီးသန့်ခွဲပြီးရေးတင်လိုက်တာပါ... မဟုတ်ရင် စောင်းမြောင်းပြောဆိုတယ် လို့အထင်မှားမှာကြောင့်ကြလို့ပါပဲ... ဒါတောင် အခုတော့ မရမကစောင်းမြောင်းပြောဆိုတာပါလို့ ဆွဲစိကြပြန်တာခံရပြန်ရော... တော်တော်ခက်ပါတယ်... 

လူတော်တော်များများက အကြောင်းအရာအပေါ်မှာ အမြင်သီးသန့်နဲ့ စကားပြောတတ်ဖို့သင့်တယ်ထင်ပါတယ်... ဒီအကြောင်းအရာတင်ရင် ဒီအကြောင်းအရာနဲ့သက်ဆိုင်တာကိုပဲ တိတိကျကျပြောကြဖို့ ထပ်ပြီးတောင်းဆိုပါရစေ... မဟုတ်ဘူး မင်းဘာကောင်လဲ မင်းကဘာလဲ မင်းကဘာသဘောလဲဆိုတာတွေ လျှောက်တွေး လျှောက်ရေးနေရင် ပြန်ရှင်းပြရတာလည်းအချိန်ကုန်ပါတယ်... မရှင်းပြန်ရင်လည်း ဟုတ်လို့ငြိမ်ခံတယ်ထင်ရပြန်ဦးမယ်... တခြားစာဖတ်သူတွေအတွက်လည်း အကျိုးမရှိပါဘူး... 

--
မှော်ဆရာအဖွဲ့ မှ နေ့ စဉ်မေးလ်များ ရယူလိုပါက http://groups.google.com/group/mrsorcerer/subscribe?hl=en ကို နှိပ်ပြီး မန်ဘာဝင်နိုင်ပါသည် ။
မန်ဘာဝင်များ မိမိတို.သိထားသည်များကို မျှဝေလိုပါက mrsorcerer@googlegroups.com သို. မေးလ်ပို.နိုင်ပါသည် ။
မှော်ဆရာအဖွဲ့ မှ နှုတ်ထွက်လိုလျှင် mrsorcerer+unsubscribe@googlegroups.com ကိုနှိပ်ပြီး မေးလ်ပို.ပါ ။
စာလက်ခံလိုသည့်ပုံစံ ပြင်လိုလျှင် http://groups.google.com/group/mrsorcerer?hl=en ကို သွားပါ ။
မှော်ဆရာ အဖွဲ့ ၏ စည်းကမ်းများကို သိလိုလျှင် http://groups.google.com/group/mrsorcerer/browse_thread/thread/af2f4a1d44d4d909?hl=en တွင် ဖတ်ရှုနိုင်ပါသည် ။
 
Facebook (FB) မှော်ဆရာအဖွဲ့သို့ Mail ပို့လိုလျှင် mrsorcerer2@groups.facebook.com
FB မှော်ဆရာအဖွဲ့သို့ ၀င်ရန် http://www.facebook.com/home.php?sk=group_173571176006981&ap=1
 
မှော်ဆရာ အဖွဲ့ နှင့်ပက်သက်၍ ဝေဖန်အကြံပြုလိုပါက >>>
ဦးဦး မှော်ဆရာ ( mrsorcerer9@gmail.com, mrsorcerer27@gmail.com ) ထံသို.
ပေးပို.နိုင်ပါသည် ။
 
ခင်မင်စွာဖြင့်
ဦးဦး မှော်ဆရာ



--
_______
ကွန်းဇော်




--
This is JEKYLL & HYDE
if u want my fwd mails u can join this group >> Click here
If u want to visit my blog >> Click here

--
မှော်ဆရာအဖွဲ့ မှ နေ့ စဉ်မေးလ်များ ရယူလိုပါက http://groups.google.com/group/mrsorcerer/subscribe?hl=en ကို နှိပ်ပြီး မန်ဘာဝင်နိုင်ပါသည် ။
မန်ဘာဝင်များ မိမိတို.သိထားသည်များကို မျှဝေလိုပါက mrsorcerer@googlegroups.com သို. မေးလ်ပို.နိုင်ပါသည် ။
မှော်ဆရာအဖွဲ့ မှ နှုတ်ထွက်လိုလျှင် mrsorcerer+unsubscribe@googlegroups.com ကိုနှိပ်ပြီး မေးလ်ပို.ပါ ။
စာလက်ခံလိုသည့်ပုံစံ ပြင်လိုလျှင် http://groups.google.com/group/mrsorcerer?hl=en ကို သွားပါ ။
မှော်ဆရာ အဖွဲ့ ၏ စည်းကမ်းများကို သိလိုလျှင် http://groups.google.com/group/mrsorcerer/browse_thread/thread/af2f4a1d44d4d909?hl=en တွင် ဖတ်ရှုနိုင်ပါသည် ။
 
Facebook (FB) မှော်ဆရာအဖွဲ့သို့ Mail ပို့လိုလျှင် mrsorcerer2@groups.facebook.com
FB မှော်ဆရာအဖွဲ့သို့ ၀င်ရန် http://www.facebook.com/home.php?sk=group_173571176006981&ap=1
 
မှော်ဆရာ အဖွဲ့ နှင့်ပက်သက်၍ ဝေဖန်အကြံပြုလိုပါက >>>
ဦးဦး မှော်ဆရာ ( mrsorcerer9@gmail.com, mrsorcerer27@gmail.com ) ထံသို.
ပေးပို.နိုင်ပါသည် ။
 
ခင်မင်စွာဖြင့်
ဦးဦး မှော်ဆရာ