Re: [mrsorcerer:30659] ဦးဦးမှော်ဆရာ အကူညီပေးပါရန်

သူတို့ စီးပွားရေးကို တုတ်နဲ့သွားထိုးတာလေ...
နှစ်လုံးသုံးလုံးနဲ့တူတယ်လို့မထင်ပါဘူး.. မထင်ဘူးဆိုလို့ ဒိုင်လို့တော့မထင်ပါနဲ့..
ရောင်းတဲ့သူကရောင်းတယ်.. လောင်းတဲ့သူကလောင်းတယ်...
လောင်းကစားကြောင့်သာဖမ်းနေတယ်လို့ထင်ပါတယ်..

ခိုးကူးခွေက ၀ယ်သူက ဈေးပေါပေါနဲ့ လိုချင်တယ်.. 
ဒါပေမယ့် .. ထုတ်လုပ်သူဘက်ကိုလည်းစဉ်းစားပေးဦးလေ..
အဲလို အခွေဖြစ်လာဖို့သူတို့ရင်းနှီးထားတာကိုလည်း ထည့်စဉ်းစားဦး လေ..
Lin Lin ၀ယ်ထားတဲ့ အရင်းကို မကိုက်ပဲ Lin Lin စီးပွားရေးကို အထိခိုက်ခံပြီး ရောင်းမလား..
သူတို့လည်းသူတို့အောင်မြင်မှုနဲ့လုပ်စားချင်မှာပေါ့...

နှစ်လုံးသုံးလုံးထက်လူတွေရဲ့လောဘကြောင့် ပါ..
lူin lin ကြောင့်အဆိုတော်တွေဒုက္ခရောက်ပါတယ်..
ထုတ်လုပ်သူက မမြတ်လို့ အခွေအသစ်မထုတ်ရဲပါ.ု
ကိုယ့်ပိုက်ဆံနဲ့ကိုယ်ထုတ်တဲ့သူက နောက် အခွေအသစ်အတွက်ရမယ့်ပိုက်ဆံမရလို့မထုတ်နိုင်ပါ...

2012/9/4 Lin Lin <linlintun1984@gmail.com>
ဆရာတို့ ကျွန်တော့်ရဲ့အခက်ခဲလေးကို ကူညီစဉ်းစားပေးရန် လေးစားစွာတင်ပြအပ်ပါတယ်။
ကျွန်တော် ရန်ကုန်က Company တစ်ခုမှာ 2 နှစ် 3 လအလုပ်လုပ်ခဲ့ဖူးပါတယ်။ လစာက ပထမတစ်နှစ်ပြည့်တော့ 15000 တိုးပေးတော့ ကျွန်တော့်ရဲ့လစာ 60000 ဖြစ်သွားပါတယ်။ နောက် 1 နှစ် 3 လလည်း 600000 ပါဘဲ။
ကျွန်တော်အဆင်မပြေဘူး အဲ့ဒီ Company က လူတန်းစားခွဲခြားတယ်။ ပထမဆုံး သူတို့လူမျိုးကို လစာတိုးပေးတယ်။ ဒုတိယ သူတို့ကိုဖားတဲ့လူ တိုင်တဲ့တောတဲ့လူတွေကို လစာတိုးပေးပါတယ်။ ကျွန်တော်အဲ့ဒီမှာအဆင်မပြေလို့ အလုပ်ကထွက်ခဲ့ပါတယ်။ ကျွန်တော့်မြို့မှာ ကျွန်တော် Copy ခွေတဆင့်ယူပြီးရောင်းပါတယ်။ အဲ့ဒါအဆင်ပြေတယ်။ အခု ခွေတွေဖမ်းတယ်ဆိုတော့ ကျွန်တော် အဆင်မပြေတော့ပါဘူး။
တကယ်တမ်းတွက်ကြည့်ရင် ကျွန်တော်တို့အလုပ်က ဘယ်သူ့မှဒုက္ခမရောက်စေပါဘူး။ အဆိုတော်တွေကို ဒုက္ခရောက်စေနိုင်တယ်ဆိုရင် သူတို့မထုတ်နဲ့လို့ကျွန်တော်ပြောချင်ပါတယ်။ သူတို့တွေက အောင်မြင်မှုကိုလိုချင်တာလား ပိုက်ဆံကိုလိုချင်တာလား။ အောင်မြင်မှုကိုလိုချင်တယ်ဆိုရင်တော့ မပိတ်ပင်သင့်ပါဘူး။ ဈေးချိုချိုနဲ့ရမှ လူတန်းစားမရွေး သူတို့ရဲ့သီချင်းတွေကို ခံစားပေးလို့အားပေးလို့ရမှာ။ သူတို့ရဲ့မာစတာခွေကို လူတိုင်းဘယ်ဝယ်နိုင်လိမ့်မတုန်း။ ကျွန်တော်လည်းသီချင်းကြိုက်ပါတယ်။ ဒါပေမယ့်အဲ့လောက်ကြီးတော့မရူးဘူး။ နှလုံးရောင်းတာတွေ ဘောလုံးရောင်းတာတွေဟာ လူတွေရဲ့အိုးအိမ်တွေ ပျက်စီးမှာ ကျတော့ ဒီတိုင်းကြည့်နေကြတယ်။ ဦးဦးမှော်ဆရာ ကျွန်တော်ရဲ့ခံစားချက်လေးကို ကျေးဇူးပြုပြီး ကူညီဖြေရှင်းပေးပါလား။ သူများအလုပ်လုပ်ရတာ အဆင်မပြေလို့ မလုပ်ချင်တော့လို့ပါ။

--
မှော်ဆရာအဖွဲ့ မှ နေ့ စဉ်မေးလ်များ ရယူလိုပါက http://groups.google.com/group/mrsorcerer/subscribe?hl=en ကို နှိပ်ပြီး မန်ဘာဝင်နိုင်ပါသည် ။
မန်ဘာဝင်များ မိမိတို.သိထားသည်များကို မျှဝေလိုပါက mrsorcerer@googlegroups.com သို. မေးလ်ပို.နိုင်ပါသည် ။
မှော်ဆရာအဖွဲ့ မှ နှုတ်ထွက်လိုလျှင် mrsorcerer+unsubscribe@googlegroups.com ကိုနှိပ်ပြီး မေးလ်ပို.ပါ ။
စာလက်ခံလိုသည့်ပုံစံ ပြင်လိုလျှင် http://groups.google.com/group/mrsorcerer?hl=en ကို သွားပါ ။
မှော်ဆရာ အဖွဲ့ ၏ စည်းကမ်းများကို သိလိုလျှင် http://groups.google.com/group/mrsorcerer/browse_thread/thread/af2f4a1d44d4d909?hl=en တွင် ဖတ်ရှုနိုင်ပါသည် ။
 
Facebook (FB) မှော်ဆရာအဖွဲ့သို့ Mail ပို့လိုလျှင် mrsorcerer2@groups.facebook.com
FB မှော်ဆရာအဖွဲ့သို့ ၀င်ရန် http://www.facebook.com/home.php?sk=group_173571176006981&ap=1
 
မှော်ဆရာ အဖွဲ့ နှင့်ပက်သက်၍ ဝေဖန်အကြံပြုလိုပါက >>>
ဦးဦး မှော်ဆရာ ( mrsorcerer9@gmail.com, mrsorcerer27@gmail.com ) ထံသို.
ပေးပို.နိုင်ပါသည် ။
 
ခင်မင်စွာဖြင့်
ဦးဦး မှော်ဆရာ