2012/9/8 Ruby Mirror <ruby.mirror786@gmail.com>
ရခိုင်ပြည်နယ်၊ မောင်းတောမြို့နှင့်သုံးမိုင်အကွာရှိဘဂုံးနားကျေးရွာတွင် ရိုဟင်ဂျာမွတ်စလင်အမျိုးသမီး ၈၀ ကျော်ကို စစ်တပ်၊ ရခိုင်အစွန်းရောက်အကြမ်းဖက်သမားများ၊ ရဲတပ်ဖွဲ့ဝင်များနှင့် လုံထိန်း တပ်ဖွဲ့ဝင် များမှမုဒိန်းကျင့်ခဲ့သည်။ သို့သော် လည်း အရှက် အကြောက် အလွန်ကြီးသော အမျိုးသမီး များ၏ အမည်ကိုမေးမြန်၍ မရသော်လည်း ၃၂ ဦး၏အမည်စာရင်းကို ရရှိခဲ့သည်။ ထိုစာရင်း အပြည့် အစုံကို ဤသတင်းနှင့်ပူးတွဲတင်ပြထားပါသည်။
မောင်းတောမြို့ဘဂုံးနားကျေးရွာတွင် ၁၉၊ ၆၊ ၂၀၁၂ ရက်နေ့တွင် လက်နက်ကိုင် ရခိုင်အကြမ်း ဖက်သမား များ၊ လုံထိန်းများ၊ ရဲတပ်ဖွဲ့ဝင်များရွာတွင်းသို့ဝင်လာပြီး၊ ရွာရှိအသက် ၁၀ နှစ်အထက်ယောက်ျားများလူကြီး၊ လူငယ်အားလုံးကို ဖမ်းဆီး ခဲ့သဖြင့် ဖမ်းဆီးခံထားရသော ရိုဟင်ဂျာအမျိုးသား (အသက် ၁၂ နှစ်မှ အသက် ၈၀ ကျော်) ၁၀၀ ယောက်နီးပါးရှိ ပါသည်။ ရွာရှိ ကျန်ယောက်ျားများ သည်ဖမ်းခံထိ မည်ကို စိုးရိမ်သဖြင့်ထွက်ပြေးတိမ်းရှောင်နေစဉ်၊ ရွာတွင်ကျန်ရစ်သော အမျိုးသမီးများအား စိတ်တိုင်းကျ အဓမ္မပြုကျင့်ခဲ့ခြင်းဖြစ်ပါသည်။ ထို့အပြင် တစ်ရွာလုံးရှိ အိမ်များ (အိမ်ခြေ ၇၀၀ နီးပါး) ကိုလည်း လုယက်ပြီး၊ ရွေ၊ငွေ ဥစ္စာပစ္စည်းအားလုံးကို လုယက်ယူဆောင်သွားခဲ့သည်။ အကြမ်းဖက်သမားများက ယူဆောင်မသွား နိုင်သောအိမ်ရှိ ပရိဘောဂများကိုရိုက်ခွဲဖျက်ဆီးသွားခဲ့သည်။ ယခုအခါ ၎င်းရွာရှိလူများသည် အလွန်တရာဒုက္ခရောက် နေပြီး၊ မုဒိန်းကျင့်ခံ အမျိုးသမီးများသည် ယောက်ျားမရှိပဲ ကိုယ်ဝန်ဆောင်ခြင်းနှင့် အခြားသော ပြဿနာ မျိုးစုံကိုလည်း ကြုံတွေ့နေရသဖြင့် ကမ္ဘာသူ၊ ကမ္ဘာသားများက ရိုဟင်ဂျာတို့ အားကယ်တင်ကြပါရန် ရိုဟင်ဂျာအမျိုးသမီးများက အနူးအညွှတ်တောင်း ပန်ကာ တောင်းဆိုပါကြောင်း။
ယခုအခါ နိုင်ငံတော်သမ္မတ ဦးသိန်းစိန်သည် ရခိုင်ပြည်နယ်တွင် ဖြစ်ပွားခဲ့သောအကြမ်းဖက်ကိစ္စများနှင့် ပတ်သက်၍ အဖွဲ့ဝင် ၂၇ ဦးပါဝင်သော ဖြစ်ရပ်မှန်ဖော်ထုတ်ရေး ကော်မရှင်တစ်ရပ်ကို ဖွဲ့စည်းခဲ့သည်။ ၎င်းဖွဲ့စည်းပြီးသော ကော်မရှင်အား အားဖြည့်ပေးသောအနေဖြင့်လည်းကောင်း၊ ဒေသခံရိုဟင်ဂျာများ အပေါ်တွင်ကွက်၍ မတရားကျူး လွန်ခဲ့သောအဖြစ်များအား တိတိကျကျ ဖော်ထုတ်နိုင်ရန် အတွက်လည်းကောင်း ဒေသခံရိုဟင်ဂျာများကို အခြေခံသော နိုင်ငံရေးပါတီများနှင့် ပြည်ထောင်ရေးကြံ့ ခိုင်ရေး ပါတီအဖွဲ့ဝင် ပြည်သူ့ကိုယ်စားလှယ်များအား အင်းအားဖြည့်တင်း၍ ကျူးလွန်ခံရသူများအား နှိုက်နှိုက်ချွတ်ချွက် စုံစမ်းမေးမြန်းစေခြင်းအားဖြင့် ဖြစ်ရပ်မှန်ကို သိရှိနိုင်ကာ ဖြစ်မှုကျူးလွန်သူ တရားခံများကိုလည်း ဖော်ထုတ်နိုင်မည်ဖြစ်ပါသည်။
မောင်တောမြို့တောင်ပိုင်း ၃ မိုင်အကွာ ဘဂုံးနားကျေးရွာတွင် စစ်သား၊ ရခိုင်အကြမ်းဖက်သမားများနှင့် ရဲတပ်ဖွဲ့များက ရိုဟင်ဂျာမွတ်စလင်အမျိုးသမီးများအား မုဒိန်းကျင့် အဓမ္မပြုကျင့်ခံရသူ အမျိုးသမီးများစာရင်း ။မောင်တောမြို့တောင်ပိုင်း-၃-မိုင်အကွာ-ဘဂုံးနားကျေးရွာတွင်-မုဒိန်းကျင့်-အဓမ္မပြုကျင့်ခံရသူ-အမျိုးသမီးများစာရင်း--
ခင်ငြိမ်းချမ်းရေးသားပေးပို့သည်။
မှော်ဆရာအဖွဲ့ မှ နေ့ စဉ်မေးလ်များ ရယူလိုပါက http://groups.google.com/group/mrsorcerer/subscribe?hl=en ကို နှိပ်ပြီး မန်ဘာဝင်နိုင်ပါသည် ။
မန်ဘာဝင်များ မိမိတို.သိထားသည်များကို မျှဝေလိုပါက mrsorcerer@googlegroups.com သို. မေးလ်ပို.နိုင်ပါသည် ။
မှော်ဆရာအဖွဲ့ မှ နှုတ်ထွက်လိုလျှင် mrsorcerer+unsubscribe@googlegroups.com ကိုနှိပ်ပြီး မေးလ်ပို.ပါ ။
စာလက်ခံလိုသည့်ပုံစံ ပြင်လိုလျှင် http://groups.google.com/group/mrsorcerer?hl=en ကို သွားပါ ။
မှော်ဆရာ အဖွဲ့ ၏ စည်းကမ်းများကို သိလိုလျှင် http://groups.google.com/group/mrsorcerer/browse_thread/thread/af2f4a1d44d4d909?hl=en တွင် ဖတ်ရှုနိုင်ပါသည် ။
Facebook (FB) မှော်ဆရာအဖွဲ့သို့ Mail ပို့လိုလျှင် mrsorcerer2@groups.facebook.com
FB မှော်ဆရာအဖွဲ့သို့ ၀င်ရန် http://www.facebook.com/home.php?sk=group_173571176006981&ap=1
မှော်ဆရာ အဖွဲ့ နှင့်ပက်သက်၍ ဝေဖန်အကြံပြုလိုပါက >>>
ဦးဦး မှော်ဆရာ ( mrsorcerer9@gmail.com, mrsorcerer27@gmail.com ) ထံသို.
ပေးပို.နိုင်ပါသည် ။
ခင်မင်စွာဖြင့်
ဦးဦး မှော်ဆရာ
--
ဇ င် ထူး