ဘာလိုသေခြင်းတရားတွေကို မတန်မရာပြောနေတာလဲ။
ဘုရားသခင် အမိန်တော်ခံ ယူတာဘဲဗျာ သေဖိုစောင်မနေနဲ တနည်းနည်း နဲသေအောင်လုပ်
လိုက်လေ အဲဒါဆို ကောင်းကင်ဘုံမှာ ဘုရား သခင်နဲမြန်မြန်တွေ ရတာပေါ့။
ကျုပ်တို ဆဲတာလဲ မခံရဘူး ဘယ်ကောင်းလိုက်လဲ။ မြန်မြန်လေးသာ အလာ ၇ဲ အမိန်
ကို ခင်ဗျာခံယူလိုက်နော်။ ကောင်းကင်ဘုံ မှာနေလိုကောင်းရင်လည်း မေးလ်
လေးဘာလေးပ်ုအုံး။
လာလည်လိုရအောင် ။ ဘီယာ တို ၀ီစကီ တို့ ကောရှိမရှိ အကြောင်းပြန်နော်။
ဝက်သား တော့မစားတော့ပါဘူး ခင်ဗျာ ကိုအားနာလို။
On 9/11/12, Lynn Htet Swe <myatchitshin@gmail.com> wrote:
> ညီလေး ကိုအောင်ရေ ...။
>
> သတိပေးတာ ကျေးဇူးတင်ပါတယ်။
> သေခြင်းတရား က အချိန်ပိုင်းသာ လို တော့ တာ မဟုတ်ဘူး။
> သေခြင်းတရား က အနာဂတ် တစ်နေရာ မှာ စောင့်နေတာ မဟုတ်ဘူး။
> ဒီနေရာ ဒီအချိန် ဒီခဏ မှာ ပဲ အာရုံစိုက်ကြည့်။ သေမင်း ရဲ့ ၀ါးမြိုနေသံ ကို
> ကြား ရမယ်။
> ရှင်ခြင်း ဟာ သေခြင်း နဲ့ အတူတကွ အမြဲ ရှိ နေလို့ ပါပဲ။
> စက္ကန့်တိုင်းသေဆုံးနေရတာ။
> နောက်ဆုံးတော့ ဘ၀ ဆို တာ အိမ်မက်ပမာ...ရေပွက်ပမာ..။
> အရူးဆိုတဲ့ တေးတစ်ပုဒ် လို အစမသိ အဆုံးမရှိ
> ထူးထွေဆန်းပြားပေမဲ့ အနက်အဓိပ္ပါယ် က တော့ ဗလာနတ္ထိ ပါပဲ။
> နောက်ဆုံး တော့ လင်းထက် ဆွေ က ဘယ်တော့ မှ မသေနိုင် ဘူး ဆို တာ သိလာရတယ်။
> ဘာကြောင့် လဲ ဆို တော့ လင်းထက်ဆွေ ဆို တာ ဘယ်တုန်းက မှ အစစ်အမှန် တကယ်
> မမွေးဖွားခဲ့ လို့ ပါပဲ။
> အနှစ်သားမဲ့ သော အရိပ်များသာ ခဏ တိုင်း ဝေးလွင့်ပျောက်ပြယ်။
>
> 2012/9/11 Ko Aung <koaungmdy@gmail.com>
>
>> အကို့ရဲ့ reply ကို တော့ သဘောကျ ပါတယ် ။ ဒါပေမဲ့ "ငါ သည် မု ချ သေ ရ မည် ။ အ
>> ချိန် ပိုင်း သာ လို တော့ သည် ။
>> အ သေ မ ဦး ခင် ဉာဏ် ဦး အောင် ကြိုး စား အား ထုတ် ကြ ပါ စို့" ဆို တဲ့ အ
>> တိုင်း သ စ္စာ လေး ပါး မြတ် တရား ကို ကိုယ် ကို တိုင် ရှာ ဖွေ ကျင့် ကြံ အား
>> ထုတ် နိုင် ပါ စေ ။
>> ညီတော်မောင်
>> မောင်အောင်အောင်
>>် မန္တလေး။
>>
>>
>> Lynn Htet Swe <myatchitshin@gmail.com> wrote:
>>
>> ညီလေး ကွန်းဇော်ရေ..
>>
>> ညီမောင် က ရေးထားတာ ဟုတ်သလိုလို နဲ့ ချော် သွားပြန်တယ်။ အကို့ ကို သရော်တာပဲ
>> ဖြစ်ဖြစ် ဆဲတာ ပဲ ဖြစ်ဖြစ် တုတ်နဲ့ ရိုက် ဓါးနဲ့ ခုတ်တာ ပဲ ဖြစ်ဖြစ် အကို
>> စိတ်မဆိုးပါဘူး။ ညီမောင်တို့ ဗုဒ္ဓဘာသာချစ်သူတွေ အနေနဲ့ အကိုပြောတာတွေ က
>> နားခါး
>> ကြမှာ အမှန်ပဲ ဖြစ်တယ်။ ဒါတွေ ကို တခုတ်တရ ပြောမဲ့ လူ တစ်ယောက် ပေါ်လာပြီလို့
>> သာ မှတ် ထားလိုက် ပါတော့။
>>
>> ဗုဒ္ဓဘာသာ ဟာ အလွန် မြင့်မြတ် ကောင်းမွန် သော အဆင့်မြင့်ဘာသာတရား တစ်ခုပါ။ ဆို
>> တာ အကိုရေးထားတဲ့ ထဲမှာ ပါပြီးသားပါ။ လောက မှာ ရှိတဲ့ ဓမ္မတရားတွေ အနက်
>> အနက်နဲဆုံး နဲ့ ဓမ္မဒိဋ္ဌာန် အကျဆုံး ဘာသာတရား ဖြစ်သလို တစ်ဖက်မှာ လဲ လူ့သဘာဝ
>> နဲ့
>> အဝေးဆုံး ဖြစ်တယ်။ ကွန်းဇော် ရဲ့ ဗုဒ္ဓဘာသာ က ကွန်းဇော် ရဲ့ ပကတိ အရှိတရား ကို
>> တောင် လက်မခံလို့ပဲ ဖြစ်တယ်။ ငါညီပြောတဲ့ ဗုဒ္ဓအဘိဓမ္မာတွေ ပိုလေ့လာ လေလေ ဒီလို
>> ပဲ ဖြစ်ရမှာ ပဲ မဟုတ်လား။ မကျေနပ်သေးရင် ရိပ်သာ ၀င်ပြီး တစ်လလောက်
>> အားထုတ်ကြည့်ပေါ့နော်။ ကွန်းဇော်ဆိုတာ မရှိဘူး ဆိုတာ သိဖို့ အတွက်ပဲ ဖြစ်တယ်။
>>
>> လူရဲ့ လောဘ ဒေါသ မောဟတရားတွေ ကို သာမက ကွန်းဇော်ရဲ့ အရှိတရား ကိုပါ
>> ငြင်းပယ်ဖို့ အထိ ဗုဒ္ဓဘာသာ က တောင်းဆိုပါတယ်။ ဒီလိုမျိုး ဘယ်ဘာသာတရားကမှ
>> မတောင်းဆိုတဲ့ အတွက် ဗုဒ္ဓဘာသာ က တစ်ခြား ဘာသာတရားတွေ ထက်
>> ပိုမြင့်မြတ်မှန်ကန်တယ် နက်ရှိုင်းတယ်လို့ ညီလေးပြောရင် အကို လက်ခံတယ်။
>> ဒါပေမဲ့
>> ကောင်းတာ မှန်တာ က တစ်ခြား လောကကြီးမှာ အလုပ်ဖြစ်တာ က တစ်ခြား ပဲ ညီလေးရေ။
>> ငါညီတို့ ဟာ က အရမ်းတော့ကောင်းပါတယ် လူကြိုက်နည်းတာ တစ်ခု ပဲ ဆိုတာလေ (အတ္တ
>> ကို
>> ငြင်းပယ်ဖို့ အတ္တ ကို တောင်းဆို တာ ဟာ အလွန်အကျွံတောင်းဆိုမှု လို့ ပဲ လောက
>> ဖက်
>> က ပြော ရလိမ့်မယ်)
>>
>> ဒီတော့ အကျိုးဆက်က ဘာဖြစ်သလဲ။ အမည်ခံ ဘာသာဝင်တွေ များလာတာ ပဲ ပေါ့။
>> ဗုဒ္ဓဘာသာဝင် အများစု ဟာ ကိုယ့်ဘာသာ အကြောင်း နှစ်နှစ်ကာကာ သိသူ နည်း တယ်
>> နှစ်နှစ်ကာကာ သိသူ ထဲ မှာ လဲ တကယ် ယုံကြည်ကျင့်ကြံသူ နည်း တယ်...တကယ်
>> ယုံကြည်ကျင့်ကြံသူ တွေ ထဲ မှာ လဲ အဆုံးတိုင် ပေါက်မြောက် အောင်မြင်သူ နည်း
>> တယ်။ ဒီတော့ တစ်သန်းမှာ တစ်ယောက် ၁၀သန်း မှာ တစ်ယောက် လို့ ဆို ရ မလို
>> ဖြစ်တယ်..။
>>
>> ဒီတော့ ညီလေး က ပြော မယ်။ နောက်ဆုံးအဆင့်မရလဲ လူတွေ ကို ကောင်းမှုပြုအောင်
>> စိတ်ငြိမ်းချမ်းအောင် ယဉ်ကျေးအောင် တော့ ဗုဒ္ဓဘာသာက သွန်သင်တာပဲ မဟုတ်လားလို့
>> လေ။ ဟုတ်ပါတယ်..လူတွေ ကို ကောင်းမှုပြုအောင် စိတ်ငြိမ်းချမ်းအောင်
>> ယဉ်ကျေးအောင်
>> တစ်ခြား ဘာသာတွေ လဲ သင်ကြားပါတယ်။ဒါတွေ အတွက်လောက်ဆိုရင်တော့ ဗုဒ္ဓဓမ္မ ကို
>> ရွေးချယ်ခြင်း က ဘာပိုထူးမလဲ လို့ မေးစရာပါပဲ။
>>
>> ဗုဒ္ဓဓမ္မ ရဲ့ အနှစ်သာရ က လူအများ နဲ့ အလျှော်မဖြစ်တဲ့ အခါ လူ့သဘာဝနဲ့ ပိုမို
>> ကိုက်ညီတဲ့ အခြား ဘာသာတရားတွေ က နေရာယူလာတာ မဆန်းဘူးလို့ ဆို ရ မယ်။ လောက
>> အလုပ်လုပ်ပုံ က ဒီ အတိုင်း ပါပဲ။ ဘာသာရေး ယုံကြည်မှု တွေ က လူမှု အဆောက်အအုံ
>> မှာ
>> ရိုက်ခတ်မှု ရှိတာ တော့ အမှန်ပဲ။ အခု ကမ္ဘာ မှာ အတိုးတက်ဆုံး တိုင်းပြည်တွေ က
>> ပရိုတက်စတင့်ခရစ်ယာန်တိုင်းပြည်တွေ ဖြစ်တော့ ပရိုတက်စတင့်ခရစ်ယာန် ဘာသာ နဲ့
>> တိုင်းပြည်တိုးတက်မှု အဆက်အစပ် ရှိမရှိ ပညာရှင်တွေ လေ့ လာထားတာတွေ ရှိတယ်။
>> အထင်ရှားဆုံး က တော့ Max Weber ရဲ့ The Protestant Ethics and the Spirit of
>> Capitalism ဆို တဲ့ ကျမ်းပဲ ဖြစ်တယ်။ အဓိက ကတော့ လူတွေ ကို ပစ္စုပ္ပန်ဘ၀ လောက
>> ကို အထူးတန်ဖိုးထားစေပြီး လုံ့လ၀ီရိယ စိုက်ထုတ်မှု နဲ့ လူမှုရေးကွန်ယက်ဖွဲ့မှု
>> တွေ ကို အလေးထားစေတဲ့ ဘာသာတရား တွေ က နိုင်ငံ ကို တိုးတက် စေတာ ပါပဲ။
>> ဗုဒ္ဓဘာသာ
>> က ဒါတွေ ကို သိလာပြီဆိုပေမဲ့ အားနည်းလို့ နေပါသေးတယ်။
>>
>> ညီမောင် ပြောသလို မြန်မာပြည် က အစ္စလာမ် တိုင်းပြည် ခရစ်ယာန်တိုင်းပြည်
>> ဖြစ်သွားရင် ဘယ်လို ဖြစ်မလဲ တော့ အကို မသိဘူး။ ဒါက မြန်မာ လူထု ရွေးချယ်ရမဲ့
>> ကိစ္စပဲ ဖြစ်တယ်။ ဒါပေမဲ့ ဗုဒ္ဓဘာသာဝင်တွေ အနေနဲ့ ညီရင်းအကိုစိတ်နဲ့
>> ညီညွတ်ခြင်းသဘော တွေ ကို အစ္စလာမ် ထံ က နမူနာယူသင့်တယ်။ မေတ္တာတရား နဲ့
>> ပရဟိတစိတ်ဓါတ်ကို ခရစ်ယာန်တွေ ဆီ က နမူနာယူသင့်တယ်။
>> နှလုံးသားကျယ်ပြန့်ခြင်းနဲ့ အယူအမြင်သဘောထားကြီးမှု ကို ဟိန္ဒူတွေ ဆီ က
>> သင်ယူသင့်တယ်။ စည်းကမ်းသေ၀ပ်မှု နဲ့ အလုပ်ကိုတန်ဖိုးထားတတ်တာ ကို ဆစ်ခ်
>> ဘာသာဝင်တွေ ဆီ က သင်ယူသင့်တယ်။ နုညံ့မှု နဲ့ အကြမ်းမဖက်ရေးဓမ္မ ကို ဂျိန်းဘာသာ
>> ဆီ က လေ့လာ သင့်တယ်။ ဘာသာပေါင်းစုံ ညီညွတ်ရေးစိတ်ဓါတ်ကို ဘဟာအီဘာသာ က နေ
>> အတုခိုးသင့်လှတယ်။ Mitzvah မီဇ၀ါ လို့ ခေါ်တဲ့ လောကအကျိုးဆောင်စိတ် ကို
>> ဂျူးဘာသာ က နေ နမူနာ ယူသင့် တယ် ပေါ့။ လောကီ အတွက် အကျိုးရှိမဲ့
>> ဘာသာရေးတန်ဖိုးတွေ ကို ပေါင်းစည်းလက်ခံ နိုင်ရင် တောင် လောက အတွက် အကျိုးများ
>> မှာ အသေအချာ ပါ။ ဒီလောက် တော့ အကို ပြော နိုင်တယ်။
>>
>> လောက မှာ ကောင်းလွန်း မှန်လွန်း ရင် လဲ အဆိပ်အတောက် ဖြစ်စေတယ် ညီလေးရေ။ ညီလေး
>> ပြောတဲ့ ဗုဒ္ဓ အဘိဓမ္မာ ဆို တာ လဲ တန်ဆေး လွန်ဘေး ပါပဲ။ ပရမတ်စွန်း မှာ ငြိပြီး
>> ဂါဟ ကိုက် တတ် သေးတာ ပဲ။ ဒါကို ပညာတတ်တစ်ယောက် အနေနဲ့ နည်းနည်းလေး
>> ဖြန့်ထွက်တွေးကြည့် ရင် မြင်ရမှာ ပါ။ လူကြီးတွေ အတွက် ဗီတာမင် အားဆေး ဟာ
>> အသက်မပြည့်သေးတဲ့ ကလေးငယ် အတွက် တော့ အဆိပ်ပါပဲ။ အကို က ဗုဒ္ဓ ဓမ္မ မကောင်း
>> ဘူးလို့ ပြော နေ တာ မဟုတ်ဘူး ဆို တာ သတိ ချပ်ပါ။ ဗုဒ္ဓဓမ္မ က ကောင်းလွန်းလို့
>> အသုံးမ၀င် ဖြစ်ရတယ် လို့ ဆို လို ချင် တာ ပဲ။
>>
>> ဒါတွေ ပြော နေလို့ အကို က ဗုဒ္ဓဓမ္မ ကို မချစ်ဘူး တန်ဖိုးမထား ဘူး လို့ လဲ
>> မထင်ပါနဲ့။ လူတစ်ယောက် ဟာ သူ မချစ်တဲ့ တန်ဖိုးမထားတဲ့ အရာ တစ်ခု ကို
>> ဘ၀လုံးနှစ်ပြီး လေ့လာဆည်းပူးစူးစမ်းရှာဖွေ လေ့လာ နေ စရာ အကြောင်းမရှိလို့
>> ပါပဲ။ အကို့ အတွက် ဗုဒ္ဓဓမ္မဟာ a Life-consuming passion တစ်ခု ဖြစ်တယ်။ ကိုယ်
>> က
>> ဘယ်လောက် အမြတ်တနိုး တန်ဖိုးထားထား သူ့ နေရာ နဲ့ သူ ပဲ တန်ဖိုး ရှိ တယ် ဆို
>> တာ
>> ကို ပြော လို ရင်းပါပဲ။ အကို တို့ ဖြစ်နေပုံ က အိမ်တစ်အိမ်မှာ ဘုရားစင်ကြီး က
>> တော့ ဟီးထ လို့ ရွှေရောင် တ၀င်းဝင်း နဲ့ အိမ်နေရာ တစ်ဝက် လောက် ကို
>> ယူထားပြီးတော့ ဧည့်ခန်းကလဲ မှောင်ကုပ်ကုပ် အိပ်ခန်း က လဲ ရှုပ်ရှုပ် မီးဖို နဲက
>> အိမ်သာ က လဲ အနုတ်စုတ် ဆိုတာ မျိုး ဖြစ်နေတာ လေ။
>>
>> ဗုဒ္ဓဓမ္မ က ကောင်းလွန်းလို့ ကောင်းတဲ့ မြင့်တဲက နေရာဆီ ရွေ့ နေပါပြီ။ အခု ပထမ
>> ကမ္ဘာ နိုင်ငံတွေ မှာ ရုပ်ပိုင်းချမ်းသာမှု ကို ငြီးငွေ့လာလို့ ဓမ္မဖက် ကို
>> လိုက်စားလာကြတယ်..ဗုဒ္ဓဘာသာ ဟာ အနောက် မှာ အကြီးအကျယ် တိုးတက် ဖြစ်ထွန်း
>> နေပါတယ်..အထူးသဖြင့် တိဗက် ဗုဒ္ဓဘာသာ ပါပဲ။ ဇင် နဲ့ ထေရ၀ါဒ တွေ လဲ တိုးတက်
>> နေတာ
>> ပါပဲ။ ပကတိငြိမ်းချမ်းလွတ်မြောက်မှု တရား ကို ဗုဒ္ဓဓမ္မ နယ်ပယ် မှာ တိုးတက်
>> ရှာဖွေရာက နေ Western Buddhism တောင် ပေါ်ထွက်လာ နေ ပါပြီ။ အနောက်တိုင်
>> ဘာသာဗေဒ
>> တွေ နဲ့ ရေးသားထားတဲ့ ဗုဒ္ဓဘာသာ ဆိုင် ရာ စာအုပ်စာတမ်းတွေ ဟာ ထောင် သောင်း ချီ
>> တက္ကသိုလ်တွေမှာ တောင် ပါရဂူ ဘွဲ့ လွန်သင်တန်းတွေ အထိ လေ့လာ သင်ကြားနေကြ
>> ပါတယ်။
>> ဒါကြောင့် ဘုရားရှင် ဟောခဲ့ သော တဏှာငြိမ်းရေးတရားတွေ က တော့ လောက တစ်နေရာရာ
>> မှာ တန်ဖိုးရှိ နေမှာ အမှန်ပါ။ လူသား ကို အကျိုးပြု နေမှာ အမှန်ပါ။
>>
>> အကိုတို့ လို ထွန်းသစ်စ တတိယကမ္ဘာ နိုင်ငံငယ်လေး တစ်ခု မှာ တော့ ဒါက ဆင်းရဲသား
>> မာစီဒီးကား စီးသလို ဖြစ် နေလိမ့်မယ်။ အကိုတို့ ဆီမှာ လိုအပ်နေတာ က
>> အများစုအတွက် တဏှာငြိမ်းရေးတရားတွေ မဟုတ်သေးဘူး။ လူသားဝါဒ နဲ့ ပစ္စုပ္ပန် ဘဝ
>> ကို
>> တန်ဖိုးထားတဲ့ လောက အမြင် ဘ၀အမြင်တွေ လောက တည်ဆောက်ရေး တရားတွေ ပဲ။ အတ္တ ပရ
>> မျှတတဲ့ ကိုယ်ကျင့်သီလ တွေ ပဲ ဖြစ်တယ်။ တကိုယ်တော်လွတ်မြောက်ရေး တရား မဟုတ်ပဲ
>> အများကောင်းစားရေး လောက ကောင်းစားရေး တရားတွေ ပဲ ဖြစ်တယ်။ လောကဓံ ကို တရားနဲ့
>> ဖြေပြီး အရှုံးပေးကြဖို့ မဟုတ် ပဲ လောက ကို ကိုယ့် စွမ်းအားတွေ နဲ့ အလှ
>> ဆင်ကြဖို့ ပဲ ဖြစ်တယ်။ လူငယ်တွေ ကြားထဲ မှာ လူသားဝါဒ နဲ့ လစ်ဘရယ်
>> အတွေးအခေါ်တွေ
>> တရားမျှတလွတ်လပ်မှု အခြေခံ လောက အမြင် တွေ လောကီဝါဒ တွေ ထွန်းကား ကြ မှသာ
>> ရွှေပြည်ကြီး သာယာဝပြော အေးချမ်းတိုးတက် မယ်ဖြစ်တယ်လို့ အကို မြင်တဲ့ အကြောင်း
>> ပြော ပါရစေ ညီမောင်။
>>
>> 2012/9/11 Kon Zaw <konzawoo@gmail.com>
>>
>>> တော်ပါပေတယ် ကိုလင်းထက်ဆွေရေ။ အကို ရှင်းပြမှပဲ ဗုဒ္ဓဘာသာဟာ ဘယ်ဂလောက်တောင်
>>> အားနဲချက်တွေနဲ့ ပြည့်နှက်နေတယ်ဆိုတာ သိရပါတော့တယ်။ ဗုဒ္ဓဘာသာရဲ့
>>> ကျဉ်းမြောင်းတဲ့ အမျိုးသားရေးဝါဒ တွေကို ခုမှ အကွင်းအကွင်းမုန့်တီဟင်းလို
>>> ကွက်ကွက်ကွင်းကွင်း မြင်လာမိပါတယ်။
>>>
>>> အကိုထည့် မပြောပေမယ့် ယခင်က အိန္ဒိယက ဇာတ်အနိမ့်အမြင့်ခွဲခြားမူတွေကို
>>> ဗုဒ္ဓကဘယ်လို ဆန့်ကျင်ခဲ့တာတွေ ဟာ ယုံတမ်းတွေပါလား လို့ တွေးမိလာပါတော့တယ်။
>>> ဇာတ်နိမ့်သူ ဖြစ်ပစေ အမျိုးသမီးဖြစ်ပစေ ကိုယ်ကျင့်သီလ သာသူကသာမြတ်ကြောင်း
>>> သဘောတရားတွေဟာ မှားများနေပလားလို့လဲ တွေးမိလာပါသေးတယ်။
>>>
>>> နောက်ပြီး မြန်မာပြည်ကြီး ဆင်းရဲခဲ့တာဟာလည်း ဦးသန်းရွှေဗုဒ္ဓဘာသာဝင်
>>> ဖြစ်ခဲ့လို့ဖြစ်ကြောင်း။ မင်္ဂလသုတ်တော် ဗြဟမစိုရ်တရား စတဲ့ ဗုဒ္ဓ စကားတွေကို
>>> အလေးမထားပဲ ဘိုးတော်မယ်တော်တို့ ရဲ့စကားနဲ့ အမြော်အမြင်ရှိစွာ
>>> တိုင်းပြည်အုပ်ချုပ် ခဲ့တာကတော့ ထည့်ပြောစရာမလိုတဲ့ အသေးအဖွဲကိစ္စသာ
>>> ဖြစ်ကြောင်းတို့ ကိုလဲ သိလာရပါသေးတယ်။ တဆက်ထည်းမှာပဲ ကမ္ဘာပေါ်မှာရှိတဲ့
>>> ဆိုးသွမ်းတဲ့ခေါင်းဆောင်တိုင်းဟာ လျှို့ဝှက်စွာ ဗုဒ္ဓဘာသာကို ကိုးကွယ်သူတွေ
>>> ဖြစ်နေမလား ရယ်လို့လဲ သံသယဝင်မိပါသေးရဲ့။
>>>
>>> ဗုဒ္ဓဘာသာ ဂိုဏ်းတွေကွဲတာလည်း ဘုရားက မှာခဲ့လို့ ဖြစ်နိုင်ကြောင်း
>>> ဂိုဏ်းကွဲတွေကြားမှာလည်း အခြင်းခြင်း သတ်ဖြတ်ချင်တဲ့စိတ်တွေသာ
>>> ကြီးစိုးနေနိုင်ကြောင်းတို့ကိုလဲ စဉ်းစားမိပါသေးရဲ့ ခင်ဗျာ။ ဒုက္ခကို
>>> ဒုက္ခလို့
>>> ဟောတာတွေ ဒုက္ခကလွတ်အောင် ကိုယ်တိုင်ကြိုးစားမှ ရမယ်လို့ပြောတာတွေဟာလည်း
>>> အလိုက်မသိ ခေတ်နဲ့ အံမဝင်ပဲ တခြားဘုရားတွေလို အားကိုးချင်စရာလဲ မကောင်းတာကို
>>> သိရပါတော့တယ်။
>>>
>>> အဲဒီလို ဗုဒ္ဓဘာသာရဲ့ အားနည်းချက်တွေနဲ့ အစ်စလမ်ဘာသာရဲ့ အားသာချက်တွေကို
>>> ကောင်းစွာ နိုင်းယှဉ်ကြားသိပြီးသကာလ ဘယ်သူ့ဘယ်သူကမှ တကယ်တော့ ပိုမသာမှန်းလဲ
>>> အံသြစွာ သိရပြီး နဲနဲလည်း ခေါင်းရှုတ်မိပါသေးသဗျ။
>>>
>>> အဆုံးမှာတော့ ရောက်ရှိလာတော့မယ့် ခေတ်မှီဒီမိုကရေစီ နိုင်ငံတော်သစ်ကြီးမှာ
>>> အလိုက်သင့် မျှောဝင်နိုင်အောင် ဖစ် အဖြစ်ဆုံး အစ်စလမ်ဘာသာကို အခုနေ
>>> ပြေးပြောင်းမှသာလျှင် သင့် တော်တော့မယ်လို့လဲ အကြံ ဖြစ်မိပါသဗျ။ အကို့ကိုလဲ
>>> ဒီလောက် ဖရိုဖရဲ ပြိုကွဲပျက်သုန်းချုပ်ငြိမ်းရာဆီသွားတဲ့ တရားတော်ကို
>>> ဘာကြောင့်များ ဆက်လက်ဖက်တွယ်နေသေးတာလဲလို့ ဝေခွဲမရဖြစ်အပြီးမှာ ရုတ်တရက်
>>> ဟိုဘက်ကမ်းကူးမယ့်သူများကို ကူညီဖို့ ဒီဘက်မှာ ခဏနေခဲ့တာများဖြစ်မလား
>>> ရယ်လို့တွေးမိပြီး စိတ်သက်သာရာ ရမိပါတယ်။
>>>
>>> ခုလို သရော်မိတာ ခွင့်လွှတ်ပါ ကိုလင်းထက်ဆွေ။ အကို့ရဲ့ စာပေ အရေးအသားအတတ်ပညာ
>>> ဗဟုသုတတွေနဲ့ ဗုဒ္ဓဘာသာကို တကယ်ချစ်ရင် တကယ် အကျိုးပြုနိုင်အောင်
>>> တခြားနည်းနဲ့
>>> လှည့်ရေးလို့ရပါသေးတယ်။ ခံယူချက်အားနဲတဲ့ အတွေးအခေါ်မရင့်ကျက်သေးတဲ့
>>> လူငယ်လေးတွေဟာ အကို့စာကိုဖတ်ပြီး ကျွန်တော်ရေးသလိုတွေးသွားနိုင်ပါတယ်။
>>> ကျွန်တော်လည်း ဗုဒ္ဓရဲ့ အဘိဓမ္မာ တရားတို့ကို အနည်းငယ် မတို့မထိမိဘူးဆိုရင်
>>> တွေဝေမိမှာပါပဲ။ ဦးဦးမှော်ဆရာရဲ့ ဦးဏှောက်ကျင်းခြင်း ပိုစ့်ကို ဖတ်အပြီး
>>> အကိုရီပလိုင်းကို ဖတ်မိတာနဲ့ဒီစာကိုရေးလိုက်တာပါ။
>>>
>>> လေးစားလျှက်။
>>>
>>> ______
>>>
>>> ကွန်းဇော်
>>>
>>>
>>>
>>>
>>> 2012/9/11 Lynn Htet Swe <myatchitshin@gmail.com>
>>>
>>>> ညီမလေး သဲဖြူ ရေ..
>>>>
>>>> အကို ဒီ အကြောင်းအရာတွေ ကို ပြောတာ ဘာ အဂတိ နဲ့ မှ ပြောတာ မဟုတ်ပါဘူး။ ညီမ
>>>> လေး ပြောသလို မဟာယာနဗုဒ္ဓဘာသာ ဖြစ် ဦးတော့ သိပ် မလွယ် လှဘူး။ အာဖဂန် နစ္စတန်
>>>> ခိုတန် ပါကစ္စတန် မလေးရှား ဆူမားတြား ဂျာဗား စတဲ့ ဒေသ တွေ မှာ
>>>> မဟာယာနဗုဒ္ဓဘာသာ
>>>> အကြီး အကျယ်ထွန်းကားခဲ့တာပဲ ။ ဒီနေရာ တွေ က ဘယ်လို အစ္စလာမ်ဘာသာ ကို
>>>> ပြောင်းလဲ
>>>> လက်ခံ ခဲ့တဲ့ နေရာ တွေ ဖြစ်ခဲ့ သလဲ လေ့ လာ ကြည့်ဖို့ ကောင်းတယ်။
>>>> အဓိက က ထေရ၀ါဒ ဖြစ်ဖြစ် မဟာယာန ဖြစ်ဖြစ် ဗုဒ္ဓဘာသာ မှန် ရင် အနှစ်သာရပိုင်း
>>>> က သိပ် မကွာ လှပါဘူး။ အလေးအနက် စဉ်းစားဖို့ က ဗုဒ္ဓဘာသာ နဲ့ အစ္စလာမ် ဘာသာ
>>>> တွေ
>>>> ရဲ့ အတွင်းဖွဲ့စည်းပုံ /Internal Structure နဲ့ ပြင်ပ လုပ်ဆောင်ချက်/
>>>> outward
>>>> functions တွေ ကွာခြား နေလို့ ပဲ ဖြစ်တယ်။
>>>>
>>>> ဗုဒ္ဓဘာသာ နဲ့ အစ္စလာမ် ဘာသာ တွေ အကြောင်း နည်းနည်း စဉ်းစားကြည့် ရ အောင်။
>>>>
>>>> (၁) ဗုဒ္ဓဘာသာ က လောကုတ္တရာ ဆန်တဲ့ ဘာသာ ဖြစ်တယ်။ အဆုံးပန်းတိုင် က မိမိ ရဲ့
>>>> သီးခြား သက္ကာယ မရှိမှု ကို သိဖို့ လောက ရဲ့ သုညတာ သဘော တွေ ကို သိဖို့
>>>> အစွဲတွေ
>>>> ကုန်ဖို့ နဲ့ ဘ၀သစ် ချုပ်ငြိမ်းရေး ပဲ ဖြစ်တယ်။
>>>>
>>>> အစ္စလာမ် ဘာသာ က တော့ အလွန် လောကီဆန်တဲ့ ဘာသာ ဖြစ်တယ်။ လူ့ရဲ့ တမလွန် ကို
>>>> လက်ခံတယ် အာခေရတ် ဂျွန္နတ်သုခဘုံ စတာ တွေ ရှိပေမဲ့ လဲ ဒါတွေ က ဘုရားသခင်
>>>> ကိစ္စ
>>>> ဖြစ်တယ် ။ ဂျွန္နတ်သုခဘုံ ကိုယ်တိုင် က လဲ ဗုဒ္ဓဘာသာရှုထောင့် က ကြည့် ရင်
>>>> လောကုတ္တရာ မဟုတ်ပဲ လောကီဆန်တဲ့ ဘ၀ ဖြစ်တာ ကို တွေ့ ရမယ်။
>>>>
>>>> (၂) ဒါကြောင့် ဗုဒ္ဓဘာသာ တွေ က တမလွန် အတွက် ကုသိုလ် ကောင်းမှုတွေ နဲ့
>>>> နိဗ္ဗာန် မှာ ဘ၀ချုပ်ငြိမ်းဖို့ ကို ပဲ အားထုတ်ကြတယ်။ ရုပ်နာမ် ဖြစ်ပျက်တွေ
>>>> ကို
>>>> မုန်းဆီးငြီးငွေ့အောင် လွတ်မြောက် အောင် အားထုတ်ကြတယ်။ ဗုဒ္ဓဘာသာ ၀င် အတွက်
>>>> က
>>>> မိမိ ဘ၀ တည်ရှိနေတာ ကိုက ပြဿနာ ဖြစ်တယ် အ၀ိဇ္ဇာ ဖြစ်တယ် သံသရာ ဒုက္ခ ဖြစ်တယ်။
>>>>
>>>> အစ္စလာမ် ဘာသာ ၀င် တွေ အတွက် ကတော့ ကိုရ်အန် နဲ့ ဟာဒီစ် တွေ က ဖြစ်ပေါ်လာတဲ့
>>>> သျှာရီယတ် ဓမ္မသတ် တွေ နဲ့ အညီ တာဝန်ကျေ စည်းကမ်းလိုက်နာတဲ့ ဘ၀ ကို
>>>> နေထိုင်ဖို့
>>>> ပဲ သွန်သင်တယ်။ လောက နဲ့ ရုပ်နာမ် ကို မုန်းဖို့ ထက် ဒါတွေ ဟာ
>>>> ဘုရားဖန်ဆင်းပေးထားတာ ဖြစ်လို့ အနှစ်သာရအားဖြင့် ကောင်းတဲ့ အရာတွေလို့
>>>> မြင်တယ်။ သျှာရီယတ် ဓမ္မသတ် နဲ့ အညီ အသုံးချ ဖို့ ကို ပဲ ညွှန်ကြားတယ်။
>>>>
>>>> (၃) ဗုဒ္ဓဘာသာ ဟာ မိမိ ရဲ့ ပန်းတိုင် ကြောင့် အခြေခံအားဖြင့် တစ်သီးပုဂ္ဂလ
>>>> ၀ါဒ ဖြစ်လာတယ်။ ကိုယ့်ဝမ်းနာ ကိုယ်သာသိ ကိုယ့် အထုပ်ကိုယ်ထမ်း ကိုယ့်လမ်း
>>>> ကိုယ်လျှောက် ဆို တာ ကိုယ့်အားကိုယ်ကိုး ဆိုတာ တွေ က ဗုဒ္ဓဘာသာဝင်တွေ ရဲ့
>>>> ဆောင်ပုဒ် ဖြစ်လာ တယ်။ ကိုယ်ကျင့် မှ ကိုယ်သိ ကိုယ်သိ မှ ကိုယ်လွတ် ဆို
>>>> တော့
>>>> အလိုလို တစ်ကိုယ်တော်ကြိတ် ရတဲ့ ၀ါဒ ဖြစ်လာ ခဲ့ တယ်။
>>>>
>>>> အစ္စလာမ် ဘာသာ က တော့ စတင်ဖွဲ့စည်းပေါ်ပေါက်စဉ် ကတည်း က နိုင်ငံရေး လူမှုရေး
>>>> အခြေခံ နဲ့ ပေါ်ပေါက်ခဲ့တဲ့ ဘာသာ ဖြစ်တယ်။ ဗုဒ္ဓ က မဟာသမဏ မဟာယောဂီ ကြီး
>>>> ဖြစ်တယ်ဆိုရင် မိုဟာမက် က အဓိပတိ နိုင်ငံရေးခေါင်းဆောင်
>>>> လူထုခေါင်းဆောင်ကြီး
>>>> ဖြစ်တယ် ဆို တာ တွေ့ရတယ်။ ဒါကြောင့် အစ္စလာမ် ဘာသာ မှာ ဥမ္မာ (Ummah) လို့
>>>> ခေါ်တဲ့ အစ္စလာမ် လူ့ အဖွဲ့အစည်း က အလွန် အရေးပါတယ်။ လူထုလှုပ်ရှားမှု
>>>> အသွင်ဆန်တယ်။ ၀တ်ပြုဆုတောင်းရင်တောင် ညီရင်းအကို စိတ် နဲ့ အစုအဝေး ဖွဲ့
>>>> လို့
>>>> ၀တ်ပြု ကြတယ်။ လူမှု စည်းကမ်းတွေ (ဇကာသ် လို မျိုး) တရားဝင်ပြဋ္ဌာန်းထားတယ်။
>>>>
>>>> (၄) အကျိုးဆက် အနေနဲ့ ဗုဒ္ဓဘာသာ ၀င်တွေ ဒါန သီလ တွေ ပြုကြတဲ့ အခါ မိမိ
>>>> ကိုယ်ကို ဗဟိုပြု ပြီးလုပ်ဆောင်ကြတာ ကို တွေ့ရမယ်။ မိမိ ပြုတဲ့ ဒါန သီလ တွေ
>>>> အကျိုး ကို မိမိ ပဲ ခံစားရမှာ ဖြစ်လို့ ကိုယ်သာ အဓိက ဖြစ်တယ်။ ဒါန သီလ တွေ
>>>> အကျိုးပေးသန် အောင် စေတီပုထိုးတွေ ဘုန်းကြီးကျောင်းတွေ ကို ပဲ
>>>> လှူဒါန်းကြတဲ့
>>>> အခါ ဓနတွေ က ထိပ်မှာ သွားစု နေတယ်။
>>>>
>>>> အစ္စလာမ် ဘာသာ ရဲ့ ဒါန သီလ တွေ က တော့ လူမှုရေး အခြေခံ ဖြစ်တယ်။ အစ္စလာမ် ဘာသာ
>>>> မှာ လဲ ဗလီ နဲ့ မော်လ၀ီဆရာ တွေ ကို လှူတာတွေ ရှိ ပေမဲ့ ဗုဒ္ဓဘာသာနဲ့ စာရင်
>>>> အချိုးက သိပ်မများလှ ဘူးလို့ ဆို ရ မယ်။
>>>>
>>>> (၅) ဗုဒ္ဓဘာသာ က ကျဉ်းမြောင်းတဲ့ ဇာတိဝါဒ Provincialism အမျိုးသားရေးဝါဒ
>>>> Nationalism ရှိတယ်။ ဗမာ တွေ က ထိုင်းတွေ ကမ္ဘောဒီယားတွေ တရုပ် တွေ ကို မိမိ
>>>> နဲ့ တစ်သားတည်း လို့ မမြင် ဘူး။ ထေရ၀ါဒ က မဟာယာန ကို ရှုတ်ချတယ် မဟာယာန က
>>>> ထေရ၀ါဒ ကို အထင်သေးတယ်။ ဂိုဏ်းတွေ ကွဲ တယ်။ ငါမှန်သူမှား တွေ လုပ်ကြတယ်။
>>>> နိဗ္ဗာန်ဝါဒ ကမ္မဋ္ဌာန်းဝါဒ တွေ အခြေခံပြီး အုပ်စုတွေ ထောင်ကြတယ်။ ဗုဒ္ဓဘာသာ
>>>> ဂိုဏ်းကွဲ တွေ ညီညွတ် ရေး ကို လုပ်ဆောင်ဖို့ က အလွန် ခက်ခဲ ပါတယ်။
>>>>
>>>> နိုင်းယှဉ်ပြောရရင် အစ္စလာမ် ဘာသာ မှာ ဘာသာရေး အယူအဆ အရ
>>>> ပိုပြီးညီညွတ်တယ်လို့ ဆိုနိုင်တယ်။ စွန်နီ ရှီယာ အကွဲ က တောင် ဘာသာရေး
>>>> ကြောင့်မဟုတ်ပဲ နိုင်ငံရေးဆန်တဲ့ အကွဲ ဖြစ်တယ်။ ဗုဒ္ဓဘာသာမှာ ပိဋကတ် ၃ ခု
>>>> (ပါဠိ
>>>> တိဗက် တရုပ်) မူကွဲတွေ ရှိ နေချိန်မှာ ကိုရ်အန် က တစ်ခုတည်းမို့ ဓမ္မရေးရာ
>>>> ညီညွတ်မှု ပိုရနိုင်မယ်ထင်တယ်။ ကမ္ဘာ ပေါ်မှာ ရှိသမျှ အစ္စလာမ်ဘာသာဝင်တိုင်း ဟာ
>>>> တစ်ခြားသော အစ္စလာမ်ဘာသာဝင် တွေ နဲ့ တစ်သားတည်း ဖြစ်လို့ မတရားမှု ကို
>>>> တွန်းလှန်တာ တွေ မှာ အပြန်အလှန် ကူညီစောင့်ရှောက် တာ တွေ မှာ တက်တက်ကြွကြွ
>>>> လုပ် ဆောင် ကြတယ်။
>>>>
>>>> (၆) ညီမလေး ပြောသလိုပဲ ဗုဒ္ဓဘာသာ က နှစ် ၅၀၀၀ ပြည့် ရင် ကွယ်မယ်လို့
>>>> ပြောတယ်။ အစ္စလာမ် ဘာသာ က တော့ ကမ္ဘာကြီး ကို အစ္စလာမ် အတွက် ဖြစ်စေမဲ့
>>>> အကြောင်း
>>>> ဘုရားသခင် ကတိတော်ထား တယ် လို့ ဆို ပါတယ်။
>>>>
>>>>
>>>> ဒီ ဓမ္မဒိဋ္ဌာန် ကျတဲ့ အချက် တွေ ပေါ်မူတည် ပြီးတော့ အကို ပြောခဲ့ တာ ပဲ
>>>> ဖြစ်တယ် ညီမလေး သဲဖြူရေ။ ညီမလေး ပြော သလို ဗုဒ္ဓဘာသာ ဟာ နက်နဲခက်ခဲ တဲ့
>>>> သဘောတရားတွေ အဆင့်မြင့် အဘိဓမ္မာတွေ နဲ့ ကျင့်စဉ်တွေ ဥာဏ်အလင်းပွင့်သစ်မှုတွေ
>>>> ရှိနေတယ်ဆို တာ အကို မငြင်းပါဘူး။ အကို ကိုယ်တိုင် လျှောက် နေတဲ့ လမ်း မို့
>>>> အကို သိပါတယ်။ အစ္စလာမ် ဘာသာ မှာ လဲ ဆူဖီသူတော်စင်တွေ ရဲ့ တစောင်ဝဖ်
>>>> ဓမ္မလမ်းစဉ်
>>>> နဲ့ အမြင့်ဆုံးသစ္စာ-ဟာရီကတ် ဆီ သွားတဲ့ ဓမ္မမဂ်လမ်းစဉ်-တာရီကာ တွေ
>>>> အတ္တကျေပျက်ပျောက်ဆုံးမှု ဖနာ အတွေ့ အကြုံ ဘုရားထံ မှာ ပြန်လည်ဘ၀ဆန်းသစ် ရ
>>>> တဲ့
>>>> ဗကာ အတွေ့ အကြုံ တွေ ရှိပါလိမ့် မယ်။ သူ့ အတာ နဲ့ သူ ပေါ့ နော်။
>>>>
>>>> အကို အဓိက ပြောချင်တာ က ဗုဒ္ဓဘာသာ က သာတယ် ကောင်းတယ် နက်နဲတယ် မြင့်မြတ်တယ်
>>>> ဆိုတာ မဟုတ်ဘူး အစ္စလာမ် က သာတယ် ကောင်းတယ် နက်နဲတယ် မြင့်မြတ်တယ် ဆိုတာလဲ
>>>> မဟုတ်ဘူး။ ဒါကြောင့် Survival of the Best အကောင်းဆုံးအတော်ဆုံးသူ တွေ
>>>> ရှင်ကျန်မည် လို့ အကို မပြောခဲ့ ဘူး ညီမ။ Survival of the Fittest
>>>> အသင့်လျှော်ဆုံး သူ တွေ ရှင်ကျန်မည် လို့ အကို ပြောခဲ့ တာ ဖြစ်တယ်။ သဘာဝ
>>>> ရဲ့
>>>> အလုပ်လုပ် ပုံ က ဒီအတိုင်းပဲ ဖြစ်တယ်။
>>>>
>>>> ဥပမာ ကျား နဲ့ ပိုးဟပ် ဘယ်သူ ပို သာလဲ လို့ မေးရင် ညီမ ဘယ်လို ဖြေမလဲ။
>>>> ပိုးဟပ်မှာ ကျား လို ခွန်အား အစွယ် လက်သည်း မျက်လုံးတွေ မရှိ ဘူး ဒါပေမဲ့
>>>> ကျားတွေ မျိုးတုန်းလု အခြေအနေ မှာ ကိုရွှေပိုးဟပ် က ပန်းပန် ဆဲ ပဲ။
>>>> နှစ်ပေါင်း
>>>> သန်း (၃၅၀) ကာလ အတွင်း မှာ ပိုးဟပ် က အခက်အခဲ မျိုးစုံ ဖြတ်ခဲ့ တယ်..။
>>>> ရှင်သန်နိုင်ခဲ့တယ်..။ လူတွေ မျိုးတုန်းသွားတောင် ပိုးဟပ် က
>>>> ကျန်လိမ့်ဦးမယ်..ဒါက Survival of the Fittest အသင့်လျှော်ဆုံး သူ တွေ
>>>> ရှင်ကျန်မည် ဆို တဲ့ သဘောတရား ပဲ ညီမ။ မြင်အောင် ဥပမာ ပြခြင်း သာ
>>>> ဖြစ်ပါတယ်။
>>>> ဗုဒ္ဓဘာသာကို ကျား အစ္စလာမ် ကို ပိုးဟပ်လို့ မဆိုလိုပါ။
>>>>
>>>> ညီမလေး ပြောတဲ့
>>>> ((သမာသမတ်နည်းကျကျနဲ့သာသနာပြုနေတဲ့ဆရာတော်တွေလူသူတော်ကောင်းတွေ
>>>> အများကြီးရှီနေပါတယ်)) ဆို တာ ကို အကို လက်ခံတယ်။ ဒါပေမဲ့ သူတို့ ဘာသာသနာ
>>>> တွေ ပြု နေ ကြသလဲ စဉ်းစားကြည့် ညီမ။ အကို အထက်မှာ ပြောခဲ့ တာ တွေ ပဲ
>>>> မဟုတ်လား။
>>>> သူမရှိ ငါမရှိ သက္ကာယ ဖြုတ်ဖို့ နဲ့ လောက ငြီးငွေ့ဖို့ ရုပ်နာမ်မုန်းဖို့တွေ
>>>> ကိုယ့်အားကိုယ်ကိုးဖို့ တွေ ပဲ မဟုတ်လား။ ဒါတွေ ဟောလေလေ အကို ပြောခဲ့ တာ
>>>> တွေ
>>>> ဖြစ်လေလေ ဖြစ်မှာ ပဲ။ အမြတ်တောင်မထွက် အရင်းထဲ ကဖဲ့ ရောင်းနေရတဲ့
>>>> ဈေးဆိုင်တစ်ခု ဟာ များများရောင်းရလေ များများရှုံး လေ ဖြစ်မှာ အမှန်ပဲ။
>>>>
>>>> ဗုဒ္ဓဘာသာ ရဲ့ အနှစ်သာရအကျဆုံး တန်ဖိုးတွေ လူတွေထဲ မှာ နက်နက်ရှိုင်းရှိုင်း
>>>> ၀င်ရောက် အမြစ်တွယ်လေလေ ဗုဒ္ဓဘာသာလူမှု အဖွဲ့ အစည်း ဟာ အားနည်းလေလေ ဖြစ်မှာ
>>>> ပဲ။
>>>> ရောမ က နုပျိုသစ်လွင် တက်ကြွ နေတုန်း မှာ အောင်လံတလူလူ လွင့် ခဲ့ တယ် ။
>>>> အားလုံး ခရစ်ယာန်တွေ ဖြစ်လို့ နူးညံ့ တဲ့ အခါ ကျဆုံး တာ ပဲ ဆို တာ Gibbon
>>>> ရေးတဲ့ The Rise and Fall of the Roman Empire ကို ဖတ် ကြည့် ပါ။ ဒီ အခါ
>>>> မှာ
>>>> ဗုဒ္ဓဘာသာ က ၀မ်းသာနေမှာ ပဲ ဖြစ်တယ်..ဗုဒ္ဓ ဓမ္မ က တည်ဆောက်ရေးတရား မဟုတ်
>>>> ...ဖရိုဖရဲပြိုကွဲပျက်သုဉ်းချုပ်ငြိမ်းရေး ဆီ သွားတဲ့ တရား ဖြစ်တယ် (လူ
>>>> တစ်သန်း မှာ ဘယ်နှစ်ယောက် အောင် မြင်မလဲ)
>>>>
>>>> အဆိုးဆုံး က ဗုဒ္ဓဘာသာမှာ Free Riders တွေ များ နေတဲ့ ကိစ္စ ဖြစ်တယ်။ အခု
>>>> သံဃာ အဖွဲ့ အစည်းမှာ ၅သိန်း ၆သိန်း လောက်ရှိတယ် ထား။ ဒီ အထဲ မှာ တကယ်
>>>> ပရိယတ်
>>>> ပဋိပတ် ၀န်ဆောင်သူတွေ ဘယ်လောက်ရှိ မလဲ..။ ရှိတဲ့ ရဟန်းတော်တွေ ကို သာသနာ
>>>> ရတနာ
>>>> တွေ အနေနဲ့ ချီးမြှောက်ပြီး အားပေးကြရမယ်။ ပရိယတ် ပဋိပတ် ၀န်ဆောင်သူတွေ
>>>> မဟုတ်ရင် အလကားလူပိုတွေ ဖြစ်နေမှာ အမှန်ပဲ..။ လူဘဝ
>>>> နဲ့သက်မွေးဝမ်းကျောင်းပြု
>>>> မိသားစု တည်ဆောက်ပြီး နိုင်ငံ နဲ့ ဘာသာ ကို အလုပ်အကြွေးပြု ကြ တာ က မှ ပို
>>>> သင့်တော်မယ်ထင်တယ်။ ဒီအခါ မှာ ပိုပြီးကျစ်လစ်သန်မာ တဲ့ ဗုဒ္ဓဘာသာ လူမှုအဖွဲ့
>>>> အစည်း တစ်ရပ် ဖြစ်ပေါ်လာပေလိမ့်မယ်။ ဒီ ပုဂ္ဂိုလ်တွေ ထဲ မှာ ဓမ္မကထိကကောင်းတွေ
>>>> ပရဟိတ ခေါင်းဆောင်တွေ လူတော်တွေ အများကြီး ထွက် ပေါ်လာနိုင်ပါတယ်။
>>>>
>>>> ((မြန်မာပြည် မှာ ဗုဒ္ဓဘာသာ မကွယ်ပျောက်ဖို့ နောက်ထပ် နည်းလမ်း တစ်ခု က
>>>> တော့ မျိုးချစ်နာဇီ အာဏာရှင်စနစ် တစ်ခု ဆီ ကို ပြန်သွားဖို့ ပဲ ဖြစ်တယ်))
>>>> လို့
>>>> အကို ရေးခဲ့ တာ က တော့ ဗုဒ္ဓဘာသာ ဟာ အလိုလိုက်ခံထားရတဲ့ ခလေး လို ဖြစ်နေလို့
>>>> ပဲ။ ဘုန်းကြီးတွေ ဆို တာ လူတွေ က စပျစ်သီးတောင် တစ်လုံးချင်း
>>>> အခွံခွာကျွေးတာ
>>>> ခံရသူ တွေ ဖြစ်တော့ ဒါက ကလေး တွေ ပဲ။
>>>>
>>>> ရှေ့ မှာ ကြုံတွေ့ ရမှာက ဒီမို ကရေစီ အခင်းအကျင်းသစ် ဆို ရင်
>>>> ကျားစီးဖားစီးပြိုင်ဆိုင်ရတော့ မယ်။ တစ်ခြား ဘာသာကြီးတွေ နဲ့ မဟာယာန
>>>> မိုးပြာ
>>>> ဇင်ဗုဒ္ဓဘာသာ စတာတွေ က လဲ လွတ်လပ်စွာ သာသနာ ပြု ကြတော့ မယ် ဆို တဲ့ အခြေအနေ
>>>> ကို
>>>> မြင်ကြည့် ပါ။ ခေတ် စကား နဲ့ ပြော ရ ရင် ထေရ၀ါဒဗုဒ္ဓဘာသာ ဟာ မြန်မာပြည်မှာ
>>>> နှစ်ပေါင်းများစွာ ခရိုနီ ဘာသာ ဖြစ်ခဲ့ တယ်..။အခွင့်ထူးတွေ ရခဲ့ တယ်။ ဒီ
>>>> အခွင့်ထူးတွေ (ဘာသာခြား ကို ဖိနှိပ်လို့ ထေရ၀ါဒဗုဒ္ဓဘာသာ ကို ချီးမြောက်
>>>> အားပေး) ကို ဆက်ခံ စားစေချင် ရင် တော့ ထေရ၀ါဒဗုဒ္ဓဘာသာ ကို
>>>> ထောက်ခံအားပေးတဲ့ မျိုးချစ်နာဇီ အာဏာရှင်စနစ် တစ်ခု ဆီ ပြန် သွားတာ ပဲ
>>>> အကောင်းဆုံး ဖြစ်မယ်လို့ အကို မြင်တယ်။ သန်းရွှေ စစ်အာဏာရှင်ခေတ်မှာ
>>>> ထေရ၀ါဒဗုဒ္ဓဘာသာ
>>>> ဟာ ရင်ကော့ လက်မထောင်နိုင်ခဲ့ တယ်။ သူ့ ရာဇပလ္လင် ကို တုတ် နဲ့ မထိုးခင်
>>>> ၂၀၀၇
>>>> အထိ ပေါ့။
>>>>
>>>> အကို့ အမြင်တွေ ကို လက်ခံတာ မခံ တာ က ညီမလေး သဘောပါ သဲဖြူ။ လူတိုင်းဟာ
>>>> လွတ်လပ်စွာ သဘောထားကွဲလွဲ ပိုင်ခွင့် ရှိ နေလို့ ပဲ ဖြစ်ပါတယ်။
>>>>
>>>>
>>>>
>>>> 2012/9/10 the phyu <phyu.atar@gmail.com>
>>>>
>>>>>
>>>>>
>>>>> မင်းတို့စိုးရိမ်နေတဲ့အစ္စလာမ်ဘာသာကြီးထွားတိုးတက်လာနေတာကတော့လွှဲရှောင်လို့မရနိုင်ဘူး
>>>>>
>>>>> မြန်မာပြည်မှာလက်ရှိအဓိကကိုးကွယ်နေကြတာဗုဒ္ဓဘာသာမဟုတ်ဘဲ
>>>>> အကိုအင်မတန်နှစ်သက်သဘောကျတဲ့မဟာယနဘာသာသာဆိုရင်အကိုဒီလိုစကားမျိုးပြောမယ်မထင်ဘူး
>>>>>
>>>>> အချုပ်ပြော ရ ရင် ဘာသာ အယူဝါဒ တစ်ခု ကြီးထွားတိုးတက် လာခြင်း ဟာ ဒီ
>>>>> ဘာသာတရား ရဲ့ အမှန် အမှား နဲ့ မဆိုင်ဘူး ..Survival of the Fittest ဆိုတာ
>>>>> လို
>>>>> ခေတ်ကာလ လူ့သဘာဝ နဲ့ အံဝင်ခွင်ကျ လှုပ်ရှားနိုင် တဲ့ ဘာသာတရားတွေ က
>>>>> တိုးတက်ထွန်းကားလာပြီးတော့ ခေတ်ကာလ လူ့သဘာဝ နဲ့ အံဝင်ခွင်ကျ မလှုပ်ရှား
>>>>> နိုင်တဲ့ ဘာသာတရားတွေ က သမိုင်းမှာ ဆုတ်ယုတ် ပျောက်ကွယ်သွားမှာ ဓမ္မနိယာမ
>>>>> ပါပဲ။
>>>>>
>>>>> ဒါတွေ အားလုံး ကို သမိုင်း ရဲ့ အခြေအနေ အကြောင်းတရားတွေ က ပဲ အဆုံးအဖြတ်
>>>>> ပေးသွားလိမ့်မယ်။
>>>>>
>>>>>
>>>>> ဗုဒ္ဓဘာသာကတော့နောက်ထပ်သာသနာသက်၂၀၀၀ကျော်ရင်ကွယ်မှာပါအကိုဒါပေမယ့်အကိုပြောသလိုခေတ်ကာလလူ့သဘာဝနဲ့အံဝင်
>>>>> ခွင်ကျမလှုပ်ရှားနိုင်လို့တော့မဟုတ်ပါဘူး။ဗုဒ္ဓဘာသာ
>>>>> အင်မတန်ခက်ခဲနက်နဲတဲံ့အသိဥာဏ်ဦးစားပေးဘာသာတရားဖြစ်နေလို့ပါလူတိုင်းမကျင့်ကြံနိုင်တဲ့ပညာဖြစ်နေလို့ပါ
>>>>> ရခဲမှရတနာ၊သိခဲမှပညာ
>>>>> ဆိုတဲ့စကားလဲရှီသားနဲ့အကိုဒါကြောင့်မို့လို့လည်းဗုဒ္ဓဘာသာဝင်လူဦးရေကနည်းနေတာဖြစ်နိုင်ပါတယ်ကိုယ့်အသိဥာဏ်ကိုကိုယ်
>>>>> အားကိုးနိုင်ဖို့ဆိုတာလွယ်တဲ့လမ်းမှမဟုတ်တာနော်
>>>>>
>>>>>
>>>>> မြန်မာပြည် မှာ ဗုဒ္ဓဘာသာ မကွယ်ပျောက်ဖို့ နောက်ထပ် နည်းလမ်း တစ်ခု က တော့
>>>>> မျိုးချစ်နာဇီ အာဏာရှင်စနစ် တစ်ခု ဆီ ကို ပြန်သွားဖို့ ပဲ ဖြစ်တယ်
>>>>>
>>>>>
>>>>> ဒီအချက်ကိုတော့လက်မခံပါဘူးမြန်မာပြည်မှာသမာသမတ်နည်းကျကျနဲ့သာသနာပြုနေတဲ့ဆရာတော်တွေလူသူတော်ကောင်းတွအများကြီးရှီနေပါတယ်
>>>>>
>>>>> ဘာသာကိုးကွယ်တဲ့လူသားမှန်ရင်ကိုယ်ကအမှန်တရားဖြစ်တယ်လို့ယုံကြည်နှစ်သက်ကိုးကွယ်တဲံ့ဘာသာကိုမပျောက်ပျက်ရအောင်ထိန်းသိမ်းစောင့်ရှောက်ချင်ကြတာသဘာဝကျပါတယ်သာသနာရဲ့ကျေးဇူးကြောင့်
>>>>>
>>>>> အကျိုးကျေးဇူးခံစားခဲ့ရတဲ့အတွက်တခြားလူတွေနောင့်မျိုးဆက်သစ်တွေသာသနာရဲ့အသီးအပွင့်တွေကိုခံစားနိုင်ပါစေလို့သာသနာကိုရေလောင်းပေါင်းသင်ပြုစုပျိုးထောင်ချင်တာလည်းလူသားဆန်တဲ့ဆန္ဒတွေပါလေ
>>>>>
>>>>> အကို့လိုပဲလူသားဂုဏ်သိက္ခာနဲ့လူ့အခွင့်အရေးကိုတန်ဖိုးထားပြီးတစ်ဖက်စွန်းမဟုတ်တဲ့သာသနာပြုနေတဲ့သူတော်ကောင်းတွေအများကြီးရှီနေတယ်လို့ထပ်ပြောချင်ပါတယ်
>>>>>
>>>>>
>>>>>
>>>>>
>>>> --
>>>> မှော်ဆရာအဖွဲ့ မှ နေ့ စဉ်မေးလ်များ ရယူလိုပါက
>>>> http://groups.google.com/group/mrsorcerer/subscribe?hl=en ကို နှိပ်ပြီး
>>>> မန်ဘာဝင်နိုင်ပါသည် ။
>>>> မန်ဘာဝင်များ မိမိတို.သိထားသည်များကို မျှဝေလိုပါက
>>>> mrsorcerer@googlegroups.com သို. မေးလ်ပို.နိုင်ပါသည် ။
>>>>
>>>> မှော်ဆရာအဖွဲ့ မှ နှုတ်ထွက်လိုလျှင်
>>>> mrsorcerer+unsubscribe@googlegroups.com ကိုနှိပ်ပြီး မေးလ်ပို.ပါ ။
>>>> စာလက်ခံလိုသည့်ပုံစံ ပြင်လိုလျှင်
>>>> http://groups.google.com/group/mrsorcerer?hl=en ကို သွားပါ ။
>>>> မှော်ဆရာ အဖွဲ့ ၏ စည်းကမ်းများကို သိလိုလျှင်
>>>> http://groups.google.com/group/mrsorcerer/browse_thread/thread/af2f4a1d44d4d909?hl=enတွင်
>>>> ဖတ်ရှုနိုင်ပါသည် ။
>>>>
>>>>
>>>> Facebook (FB) မှော်ဆရာအဖွဲ့သို့ Mail ပို့လိုလျှင်
>>>> mrsorcerer2@groups.facebook.com
>>>> FB မှော်ဆရာအဖွဲ့သို့ ၀င်ရန်
>>>> http://www.facebook.com/home.php?sk=group_173571176006981&ap=1
>>>>
>>>> မှော်ဆရာ အဖွဲ့ နှင့်ပက်သက်၍ ဝေဖန်အကြံပြုလိုပါက >>>
>>>> ဦးဦး မှော်ဆရာ ( mrsorcerer9@gmail.com, mrsorcerer27@gmail.com ) ထံသို.
>>>> ပေးပို.နိုင်ပါသည် ။
>>>>
>>>> ခင်မင်စွာဖြင့်
>>>> ဦးဦး မှော်ဆရာ
>>>>
>>>
>>>
>>>
>>> --
>>> _______
>>> ကွန်းဇော်
>>>
>>>
>> --
>> မှော်ဆရာအဖွဲ့ မှ နေ့ စဉ်မေးလ်များ ရယူလိုပါက
>> http://groups.google.com/group/mrsorcerer/subscribe?hl=en ကို နှိပ်ပြီး
>> မန်ဘာဝင်နိုင်ပါသည် ။
>> မန်ဘာဝင်များ မိမိတို.သိထားသည်များကို မျှဝေလိုပါက
>> mrsorcerer@googlegroups.com သို. မေးလ်ပို.နိုင်ပါသည် ။
>> မှော်ဆရာအဖွဲ့ မှ နှုတ်ထွက်လိုလျှင်
>> mrsorcerer+unsubscribe@googlegroups.comကိုနှိပ်ပြီး မေးလ်ပို.ပါ ။
>> စာလက်ခံလိုသည့်ပုံစံ ပြင်လိုလျှင်
>> http://groups.google.com/group/mrsorcerer?hl=en ကို သွားပါ ။
>> မှော်ဆရာ အဖွဲ့ ၏ စည်းကမ်းများကို သိလိုလျှင်
>> http://groups.google.com/group/mrsorcerer/browse_thread/thread/af2f4a1d44d4d909?hl=enတွင်
>> ဖတ်ရှုနိုင်ပါသည် ။
>>
>> Facebook (FB) မှော်ဆရာအဖွဲ့သို့ Mail ပို့လိုလျှင်
>> mrsorcerer2@groups.facebook.com
>> FB မှော်ဆရာအဖွဲ့သို့ ၀င်ရန်
>> http://www.facebook.com/home.php?sk=group_173571176006981&ap=1
>>
>> မှော်ဆရာ အဖွဲ့ နှင့်ပက်သက်၍ ဝေဖန်အကြံပြုလိုပါက >>>
>> ဦးဦး မှော်ဆရာ ( mrsorcerer9@gmail.com, mrsorcerer27@gmail.com ) ထံသို.
>> ပေးပို.နိုင်ပါသည် ။
>>
>> ခင်မင်စွာဖြင့်
>> ဦးဦး မှော်ဆရာ
>>
>
> --
> မှော်ဆရာအဖွဲ့ မှ နေ့ စဉ်မေးလ်များ ရယူလိုပါက
> http://groups.google.com/group/mrsorcerer/subscribe?hl=en ကို နှိပ်ပြီး
> မန်ဘာဝင်နိုင်ပါသည် ။
> မန်ဘာဝင်များ မိမိတို.သိထားသည်များကို မျှဝေလိုပါက
> mrsorcerer@googlegroups.com သို. မေးလ်ပို.နိုင်ပါသည် ။
> မှော်ဆရာအဖွဲ့ မှ နှုတ်ထွက်လိုလျှင် mrsorcerer+unsubscribe@googlegroups.com
> ကိုနှိပ်ပြီး မေးလ်ပို.ပါ ။
> စာလက်ခံလိုသည့်ပုံစံ ပြင်လိုလျှင်
> http://groups.google.com/group/mrsorcerer?hl=en ကို သွားပါ ။
> မှော်ဆရာ အဖွဲ့ ၏ စည်းကမ်းများကို သိလိုလျှင်
> http://groups.google.com/group/mrsorcerer/browse_thread/thread/af2f4a1d44d4d909?hl=en
> တွင် ဖတ်ရှုနိုင်ပါသည် ။
>
> Facebook (FB) မှော်ဆရာအဖွဲ့သို့ Mail ပို့လိုလျှင်
> mrsorcerer2@groups.facebook.com
> FB မှော်ဆရာအဖွဲ့သို့ ၀င်ရန်
> http://www.facebook.com/home.php?sk=group_173571176006981&ap=1
>
> မှော်ဆရာ အဖွဲ့ နှင့်ပက်သက်၍ ဝေဖန်အကြံပြုလိုပါက >>>
> ဦးဦး မှော်ဆရာ ( mrsorcerer9@gmail.com, mrsorcerer27@gmail.com ) ထံသို.
> ပေးပို.နိုင်ပါသည် ။
>
> ခင်မင်စွာဖြင့်
> ဦးဦး မှော်ဆရာ
>
--
မှော်ဆရာအဖွဲ့ မှ နေ့ စဉ်မေးလ်များ ရယူလိုပါက http://groups.google.com/group/mrsorcerer/subscribe?hl=en ကို နှိပ်ပြီး မန်ဘာဝင်နိုင်ပါသည် ။
မန်ဘာဝင်များ မိမိတို.သိထားသည်များကို မျှဝေလိုပါက mrsorcerer@googlegroups.com သို. မေးလ်ပို.နိုင်ပါသည် ။
မှော်ဆရာအဖွဲ့ မှ နှုတ်ထွက်လိုလျှင် mrsorcerer+unsubscribe@googlegroups.com ကိုနှိပ်ပြီး မေးလ်ပို.ပါ ။
စာလက်ခံလိုသည့်ပုံစံ ပြင်လိုလျှင် http://groups.google.com/group/mrsorcerer?hl=en ကို သွားပါ ။
မှော်ဆရာ အဖွဲ့ ၏ စည်းကမ်းများကို သိလိုလျှင် http://groups.google.com/group/mrsorcerer/browse_thread/thread/af2f4a1d44d4d909?hl=en တွင် ဖတ်ရှုနိုင်ပါသည် ။
Facebook (FB) မှော်ဆရာအဖွဲ့သို့ Mail ပို့လိုလျှင် mrsorcerer2@groups.facebook.com
FB မှော်ဆရာအဖွဲ့သို့ ၀င်ရန် http://www.facebook.com/home.php?sk=group_173571176006981&ap=1
မှော်ဆရာ အဖွဲ့ နှင့်ပက်သက်၍ ဝေဖန်အကြံပြုလိုပါက >>>
ဦးဦး မှော်ဆရာ ( mrsorcerer9@gmail.com, mrsorcerer27@gmail.com ) ထံသို.
ပေးပို.နိုင်ပါသည် ။
ခင်မင်စွာဖြင့်
ဦးဦး မှော်ဆရာ