Re: [mrsorcerer:31322] ဂါရဝတရား နှင့် နိဝါတ တရား

အကို လင်းထက်ဆွေ။ ကျွန်တော်ပေး ချင်တဲ့ မက်ဆေ့လေးပဲ ထပ်ပြီး ဟိုင်းလိုက်လုပ်ပါရစေ။ ဆရာလုပ်တာ မဟုတ်ပါ။ အကို့ ပရိသတ် တစ်ယောက်က feedback ပြန်ပေးတယ်လို့ပဲ သဘောထားပါ။ sensitive ဖြစ်တဲ့ နိုင်ငံရေး ဘာသာရေးကိစ္စတွေကို အထောက်အထားတွေ ဝေဝေဆာဆာ နဲ့ ကောက်ချက်တွေ ဆွဲပြီး အဆက်မပြတ်ရေးနေတဲ့ အကို့လို လူတစ်ယောက်ဟာ မှားရင်ပဲဖြစ်ဖြစ် မှန်ရင်ပဲဖြစ်ဖြစ် ထိချက်ပိုပြင်းပါတယ်။

အကို့စာတွေကို ကျွန်တော် လက်ခံနိုင်တာများပါတယ်။ လူငယ်တွေကို အမြင်ကျယ်အောင် နှစ်ဖက်မျှကြည့်အောင် တိုက်တွန်းတာတွေရော ဗဟုသုတတွေရော အများကြီး ကျွန်တော်ကြိုက်ပါတယ်။ ဝေဖန်တာ ကောင်းပါတယ်။ ဒါပေမယ့် အတိုင်းအတာဆိုတာလဲ ရှိပါတယ်။ ဗုဒ္ဓဓမ္မကို ချစ်လှပါရဲ့ဆိုပြီး အကို့ရဲ့ လွပ်လပ်ပွင့်လင်းတဲ့ အမြင်တွေနဲ့ ဆန်ရင်းနာနာ ဖွပ်နေလိုက်တာ ဝက်တောင် စားပါတော့မလားမသိဘူး။ ဗုဒ္ဓဘာသာက ဟိုနေရာမှာ ညံ့တယ် ဒီနေရာမှာ လိုတယ် နဲ့ ကောင်းတဲ့နေရာ ကြပြန်တော့လဲ ကောင်းလွန်းလို့ သုံးစားမရဘူး ဆိုပဲ။ ဗုဒ္ဓဘုရားက အကုန်တောထွက်ခိုင်းသွားတာ မဟုတ်ပါဘူး။ လောကီ လောကုတ် နှစ်ဖြာလုံး အကျိုးရှိမယ့် တရားတွေ ဟောသွားတာ ဆိုတာကို အကိုလဲသိပါတယ်။ သူ့နေရာနဲ့သူ မလိုက်နာနိုင်တာက ကျွန်တော်တို့တွေ အပြစ်ပါ။

ဗုဒ္ဓဘာသာဝင်တွေရဲ့ အားနည်းချက်နဲ့ ဗုဒ္ဓဘာသာရဲ့အားနည်းချက်ဟာမတူပါဘူး။ အကို ပြောတဲ့ ဘယ်ဘာသာက ဘယ်အချက်ကို အတုယူဆိုတာတွေက ဘုရားဟော တရားတော်တွေ ထဲမှာ အကုန်ပါပါတယ်။ တခြားဘာသာက သွားယူမှမဟုတ်ပါဘူး။ ကျွန်တော်တို့ မြန်မာတွေ ညံ့ကြလို့၊ အနှစ်ကို မယူတတ်လို့ပါ။ ဒါကိုပဲ ဗုဒ္ဓဘာသာကို အားပေးလိုက်ရင် အရင်က အာဏာရှင်ခေတ်ပဲ ပြန်သွားရတော့မရောင် ဖြဲချောက်နေတာတော့ ကျွန်တော်လည်း နားမလည်တော့ဘူး။ အကိုပြောတဲ့ ဘာသာခြားတွေရဲ့ နိုင်ငံတွေမှာရော ဘယ်လောက်တောင် လစ်ဘရယ်ဖြစ်ကြလို့လဲ။ လက်ရှိ မြန်မာနိုင်ငံလောက်တောင် လွတ်လပ်ခွင့် မပေးတဲ့ နိုင်ငံတွေ အများကြီးပါ။ ဒါကြောင့် အကို့ကို ဘာသာခြားလို့ ထင်ကုန်ကြတာ။ စေတနာစကားဆိုရင် အမုန်းခံပြီး မဆိုပါနဲ့ အကို။ အချစ်ခံပြီးလဲ ဆိုလို့ရပါတယ်။ ကိုယ်မုန်းတဲ့လူ စကားကို ဘယ်သူမှ နားမထောင်ချင်ကြပါဘူး။

 

_______

ကွန်းဇော်


2012/9/11 Lynn Htet Swe <myatchitshin@gmail.com>
ညီလေး ကွန်းဇော်ရေ..

ညီမောင် က ရေးထားတာ ဟုတ်သလိုလို နဲ့ ချော် သွားပြန်တယ်။ အကို့ ကို သရော်တာပဲ ဖြစ်ဖြစ် ဆဲတာ ပဲ ဖြစ်ဖြစ် တုတ်နဲ့ ရိုက် ဓါးနဲ့ ခုတ်တာ ပဲ ဖြစ်ဖြစ် အကို စိတ်မဆိုးပါဘူး။ ညီမောင်တို့ ဗုဒ္ဓဘာသာချစ်သူတွေ အနေနဲ့ အကိုပြောတာတွေ က နားခါး ကြမှာ အမှန်ပဲ ဖြစ်တယ်။ ဒါတွေ ကို တခုတ်တရ ပြောမဲ့ လူ တစ်ယောက် ပေါ်လာပြီလို့ သာ မှတ် ထားလိုက် ပါတော့။

ဗုဒ္ဓဘာသာ ဟာ အလွန် မြင့်မြတ် ကောင်းမွန် သော အဆင့်မြင့်ဘာသာတရား တစ်ခုပါ။ ဆို တာ အကိုရေးထားတဲ့ ထဲမှာ ပါပြီးသားပါ။  လောက မှာ ရှိတဲ့ ဓမ္မတရားတွေ အနက် အနက်နဲဆုံး နဲ့ ဓမ္မဒိဋ္ဌာန် အကျဆုံး ဘာသာတရား ဖြစ်သလို တစ်ဖက်မှာ လဲ လူ့သဘာဝ နဲ့ အဝေးဆုံး ဖြစ်တယ်။ ကွန်းဇော် ရဲ့ ဗုဒ္ဓဘာသာ က ကွန်းဇော် ရဲ့ ပကတိ အရှိတရား ကို တောင် လက်မခံလို့ပဲ ဖြစ်တယ်။ ငါညီပြောတဲ့ ဗုဒ္ဓအဘိဓမ္မာတွေ ပိုလေ့လာ လေလေ ဒီလို ပဲ ဖြစ်ရမှာ ပဲ မဟုတ်လား။ မကျေနပ်သေးရင် ရိပ်သာ ၀င်ပြီး တစ်လလောက် အားထုတ်ကြည့်ပေါ့နော်။ ကွန်းဇော်ဆိုတာ မရှိဘူး ဆိုတာ သိဖို့ အတွက်ပဲ ဖြစ်တယ်။

လူရဲ့ လောဘ ဒေါသ မောဟတရားတွေ ကို သာမက ကွန်းဇော်ရဲ့ အရှိတရား ကိုပါ ငြင်းပယ်ဖို့ အထိ ဗုဒ္ဓဘာသာ က တောင်းဆိုပါတယ်။ ဒီလိုမျိုး ဘယ်ဘာသာတရားကမှ မတောင်းဆိုတဲ့ အတွက် ဗုဒ္ဓဘာသာ က တစ်ခြား ဘာသာတရားတွေ ထက် ပိုမြင့်မြတ်မှန်ကန်တယ် နက်ရှိုင်းတယ်လို့ ညီလေးပြောရင် အကို လက်ခံတယ်။ ဒါပေမဲ့ ကောင်းတာ မှန်တာ က တစ်ခြား လောကကြီးမှာ အလုပ်ဖြစ်တာ က တစ်ခြား ပဲ ညီလေးရေ။ ငါညီတို့ ဟာ က အရမ်းတော့ကောင်းပါတယ် လူကြိုက်နည်းတာ တစ်ခု ပဲ ဆိုတာလေ (အတ္တ ကို ငြင်းပယ်ဖို့ အတ္တ ကို တောင်းဆို တာ ဟာ အလွန်အကျွံတောင်းဆိုမှု လို့ ပဲ လောက ဖက် က ပြော ရလိမ့်မယ်)

ဒီတော့ အကျိုးဆက်က ဘာဖြစ်သလဲ။ အမည်ခံ ဘာသာဝင်တွေ များလာတာ ပဲ ပေါ့။ ဗုဒ္ဓဘာသာဝင် အများစု ဟာ ကိုယ့်ဘာသာ အကြောင်း နှစ်နှစ်ကာကာ သိသူ နည်း တယ်  နှစ်နှစ်ကာကာ သိသူ ထဲ မှာ လဲ တကယ် ယုံကြည်ကျင့်ကြံသူ နည်း တယ်...တကယ် ယုံကြည်ကျင့်ကြံသူ တွေ ထဲ မှာ လဲ အဆုံးတိုင် ပေါက်မြောက် အောင်မြင်သူ နည်း တယ်။ ဒီတော့ တစ်သန်းမှာ တစ်ယောက် ၁၀သန်း မှာ တစ်ယောက် လို့ ဆို ရ မလို ဖြစ်တယ်..။

ဒီတော့ ညီလေး က ပြော မယ်။ နောက်ဆုံးအဆင့်မရလဲ လူတွေ ကို ကောင်းမှုပြုအောင် စိတ်ငြိမ်းချမ်းအောင် ယဉ်ကျေးအောင် တော့ ဗုဒ္ဓဘာသာက သွန်သင်တာပဲ မဟုတ်လားလို့ လေ။ ဟုတ်ပါတယ်..လူတွေ ကို ကောင်းမှုပြုအောင် စိတ်ငြိမ်းချမ်းအောင် ယဉ်ကျေးအောင် တစ်ခြား ဘာသာတွေ လဲ သင်ကြားပါတယ်။ဒါတွေ အတွက်လောက်ဆိုရင်တော့ ဗုဒ္ဓဓမ္မ ကို ရွေးချယ်ခြင်း က ဘာပိုထူးမလဲ လို့ မေးစရာပါပဲ။

ဗုဒ္ဓဓမ္မ ရဲ့ အနှစ်သာရ က လူအများ နဲ့ အလျှော်မဖြစ်တဲ့ အခါ လူ့သဘာဝနဲ့ ပိုမို ကိုက်ညီတဲ့ အခြား ဘာသာတရားတွေ က နေရာယူလာတာ မဆန်းဘူးလို့ ဆို ရ မယ်။ လောက အလုပ်လုပ်ပုံ က ဒီ အတိုင်း ပါပဲ။ ဘာသာရေး ယုံကြည်မှု တွေ က လူမှု အဆောက်အအုံ မှာ ရိုက်ခတ်မှု ရှိတာ တော့ အမှန်ပဲ။ အခု ကမ္ဘာ မှာ အတိုးတက်ဆုံး တိုင်းပြည်တွေ က ပရိုတက်စတင့်ခရစ်ယာန်တိုင်းပြည်တွေ ဖြစ်တော့ ပရိုတက်စတင့်ခရစ်ယာန် ဘာသာ နဲ့ တိုင်းပြည်တိုးတက်မှု အဆက်အစပ် ရှိမရှိ ပညာရှင်တွေ လေ့ လာထားတာတွေ ရှိတယ်။ အထင်ရှားဆုံး က တော့ Max Weber ရဲ့ The Protestant Ethics and the Spirit of Capitalism ဆို တဲ့ ကျမ်းပဲ ဖြစ်တယ်။ အဓိက ကတော့ လူတွေ ကို ပစ္စုပ္ပန်ဘ၀ လောက ကို အထူးတန်ဖိုးထားစေပြီး လုံ့လ၀ီရိယ စိုက်ထုတ်မှု နဲ့ လူမှုရေးကွန်ယက်ဖွဲ့မှု တွေ ကို အလေးထားစေတဲ့ ဘာသာတရား တွေ က နိုင်ငံ ကို တိုးတက် စေတာ ပါပဲ။ ဗုဒ္ဓဘာသာ က ဒါတွေ ကို သိလာပြီဆိုပေမဲ့ အားနည်းလို့ နေပါသေးတယ်။

ညီမောင် ပြောသလို မြန်မာပြည် က အစ္စလာမ် တိုင်းပြည် ခရစ်ယာန်တိုင်းပြည် ဖြစ်သွားရင် ဘယ်လို ဖြစ်မလဲ တော့ အကို မသိဘူး။ ဒါက မြန်မာ လူထု ရွေးချယ်ရမဲ့ ကိစ္စပဲ ဖြစ်တယ်။ ဒါပေမဲ့ ဗုဒ္ဓဘာသာဝင်တွေ အနေနဲ့ ညီရင်းအကိုစိတ်နဲ့ ညီညွတ်ခြင်းသဘော တွေ ကို အစ္စလာမ် ထံ က နမူနာယူသင့်တယ်။ မေတ္တာတရား နဲ့ ပရဟိတစိတ်ဓါတ်ကို ခရစ်ယာန်တွေ ဆီ က နမူနာယူသင့်တယ်။ နှလုံးသားကျယ်ပြန့်ခြင်းနဲ့ အယူအမြင်သဘောထားကြီးမှု ကို ဟိန္ဒူတွေ ဆီ က သင်ယူသင့်တယ်။ စည်းကမ်းသေ၀ပ်မှု နဲ့ အလုပ်ကိုတန်ဖိုးထားတတ်တာ ကို ဆစ်ခ် ဘာသာဝင်တွေ ဆီ က သင်ယူသင့်တယ်။ နုညံ့မှု နဲ့ အကြမ်းမဖက်ရေးဓမ္မ ကို ဂျိန်းဘာသာ ဆီ က လေ့လာ သင့်တယ်။ ဘာသာပေါင်းစုံ ညီညွတ်ရေးစိတ်ဓါတ်ကို ဘဟာအီဘာသာ က နေ အတုခိုးသင့်လှတယ်။ Mitzvah မီဇ၀ါ လို့ ခေါ်တဲ့ လောကအကျိုးဆောင်စိတ် ကို ဂျူးဘာသာ က နေ နမူနာ ယူသင့် တယ် ပေါ့။ လောကီ အတွက် အကျိုးရှိမဲ့ ဘာသာရေးတန်ဖိုးတွေ ကို ပေါင်းစည်းလက်ခံ နိုင်ရင် တောင် လောက အတွက် အကျိုးများ မှာ အသေအချာ ပါ။ ဒီလောက် တော့ အကို ပြော နိုင်တယ်။

လောက မှာ ကောင်းလွန်း မှန်လွန်း ရင် လဲ အဆိပ်အတောက် ဖြစ်စေတယ် ညီလေးရေ။ ညီလေး ပြောတဲ့ ဗုဒ္ဓ အဘိဓမ္မာ ဆို တာ လဲ တန်ဆေး လွန်ဘေး ပါပဲ။ ပရမတ်စွန်း မှာ ငြိပြီး ဂါဟ ကိုက် တတ် သေးတာ ပဲ။ ဒါကို ပညာတတ်တစ်ယောက် အနေနဲ့ နည်းနည်းလေး ဖြန့်ထွက်တွေးကြည့် ရင် မြင်ရမှာ ပါ။ လူကြီးတွေ အတွက် ဗီတာမင် အားဆေး ဟာ အသက်မပြည့်သေးတဲ့ ကလေးငယ် အတွက် တော့ အဆိပ်ပါပဲ။ အကို က ဗုဒ္ဓ ဓမ္မ မကောင်း ဘူးလို့ ပြော နေ တာ မဟုတ်ဘူး ဆို တာ သတိ ချပ်ပါ။ ဗုဒ္ဓဓမ္မ က ကောင်းလွန်းလို့ အသုံးမ၀င် ဖြစ်ရတယ် လို့ ဆို လို ချင် တာ ပဲ။

ဒါတွေ ပြော နေလို့ အကို က ဗုဒ္ဓဓမ္မ ကို မချစ်ဘူး တန်ဖိုးမထား ဘူး လို့ လဲ မထင်ပါနဲ့။ လူတစ်ယောက် ဟာ သူ မချစ်တဲ့ တန်ဖိုးမထားတဲ့ အရာ တစ်ခု ကို ဘ၀လုံးနှစ်ပြီး လေ့လာဆည်းပူးစူးစမ်းရှာဖွေ လေ့လာ နေ စရာ အကြောင်းမရှိလို့ ပါပဲ။ အကို့ အတွက် ဗုဒ္ဓဓမ္မဟာ a Life-consuming passion တစ်ခု ဖြစ်တယ်။ ကိုယ် က ဘယ်လောက် အမြတ်တနိုး တန်ဖိုးထားထား သူ့ နေရာ နဲ့ သူ ပဲ တန်ဖိုး ရှိ တယ် ဆို တာ ကို ပြော လို ရင်းပါပဲ။ အကို တို့ ဖြစ်နေပုံ က အိမ်တစ်အိမ်မှာ ဘုရားစင်ကြီး က တော့ ဟီးထ လို့ ရွှေရောင် တ၀င်းဝင်း နဲ့ အိမ်နေရာ တစ်ဝက် လောက် ကို ယူထားပြီးတော့ ဧည့်ခန်းကလဲ မှောင်ကုပ်ကုပ် အိပ်ခန်း က လဲ ရှုပ်ရှုပ် မီးဖို နဲက အိမ်သာ က လဲ အနုတ်စုတ် ဆိုတာ မျိုး ဖြစ်နေတာ လေ။

ဗုဒ္ဓဓမ္မ က ကောင်းလွန်းလို့ ကောင်းတဲ့ မြင့်တဲက နေရာဆီ ရွေ့ နေပါပြီ။ အခု ပထမ ကမ္ဘာ နိုင်ငံတွေ မှာ ရုပ်ပိုင်းချမ်းသာမှု ကို ငြီးငွေ့လာလို့ ဓမ္မဖက် ကို လိုက်စားလာကြတယ်..ဗုဒ္ဓဘာသာ ဟာ အနောက် မှာ အကြီးအကျယ် တိုးတက် ဖြစ်ထွန်း နေပါတယ်..အထူးသဖြင့် တိဗက် ဗုဒ္ဓဘာသာ ပါပဲ။ ဇင် နဲ့ ထေရ၀ါဒ တွေ လဲ တိုးတက် နေတာ ပါပဲ။ ပကတိငြိမ်းချမ်းလွတ်မြောက်မှု တရား ကို ဗုဒ္ဓဓမ္မ  နယ်ပယ် မှာ တိုးတက် ရှာဖွေရာက နေ Western Buddhism တောင် ပေါ်ထွက်လာ နေ ပါပြီ။ အနောက်တိုင် ဘာသာဗေဒ တွေ နဲ့ ရေးသားထားတဲ့ ဗုဒ္ဓဘာသာ ဆိုင် ရာ စာအုပ်စာတမ်းတွေ ဟာ ထောင် သောင်း ချီ တက္ကသိုလ်တွေမှာ တောင် ပါရဂူ ဘွဲ့ လွန်သင်တန်းတွေ အထိ လေ့လာ သင်ကြားနေကြ ပါတယ်။ ဒါကြောင့် ဘုရားရှင် ဟောခဲ့ သော တဏှာငြိမ်းရေးတရားတွေ က တော့ လောက တစ်နေရာရာ မှာ တန်ဖိုးရှိ နေမှာ အမှန်ပါ။ လူသား ကို အကျိုးပြု နေမှာ အမှန်ပါ။

အကိုတို့ လို ထွန်းသစ်စ တတိယကမ္ဘာ နိုင်ငံငယ်လေး တစ်ခု မှာ တော့ ဒါက ဆင်းရဲသား မာစီဒီးကား စီးသလို ဖြစ် နေလိမ့်မယ်။ အကိုတို့ ဆီမှာ လိုအပ်နေတာ က အများစုအတွက် တဏှာငြိမ်းရေးတရားတွေ မဟုတ်သေးဘူး။ လူသားဝါဒ နဲ့ ပစ္စုပ္ပန် ဘ၀ ကို တန်ဖိုးထားတဲ့ လောက အမြင် ဘ၀အမြင်တွေ လောက တည်ဆောက်ရေး တရားတွေ ပဲ။ အတ္တ ပရ မျှတတဲ့ ကိုယ်ကျင့်သီလ တွေ ပဲ ဖြစ်တယ်။ တကိုယ်တော်လွတ်မြောက်ရေး တရား မဟုတ်ပဲ အများကောင်းစားရေး လောက ကောင်းစားရေး တရားတွေ ပဲ ဖြစ်တယ်။ လောကဓံ ကို တရားနဲ့ ဖြေပြီး အရှုံးပေးကြဖို့ မဟုတ် ပဲ လောက ကို ကိုယ့် စွမ်းအားတွေ နဲ့ အလှ ဆင်ကြဖို့ ပဲ ဖြစ်တယ်။ လူငယ်တွေ ကြားထဲ မှာ လူသားဝါဒ နဲ့ လစ်ဘရယ် အတွေးအခေါ်တွေ တရားမျှတလွတ်လပ်မှု အခြေခံ လောက အမြင် တွေ လောကီဝါဒ တွေ ထွန်းကား ကြ မှသာ ရွှေပြည်ကြီး သာယာဝပြော အေးချမ်းတိုးတက် မယ်ဖြစ်တယ်လို့ အကို မြင်တဲ့ အကြောင်း ပြော ပါရစေ ညီမောင်။


2012/9/11 Kon Zaw <konzawoo@gmail.com>

တော်ပါပေတယ် ကိုလင်းထက်ဆွေရေ။ အကို ရှင်းပြမှပဲ ဗုဒ္ဓဘာသာဟာ ဘယ်ဂလောက်တောင် အားနဲချက်တွေနဲ့ ပြည့်နှက်နေတယ်ဆိုတာ သိရပါတော့တယ်။ ဗုဒ္ဓဘာသာရဲ့ ကျဉ်းမြောင်းတဲ့ အမျိုးသားရေးဝါဒ တွေကို ခုမှ အကွင်းအကွင်းမုန့်တီဟင်းလို ကွက်ကွက်ကွင်းကွင်း မြင်လာမိပါတယ်။

အကိုထည့် မပြောပေမယ့် ယခင်က အိန္ဒိယက ဇာတ်အနိမ့်အမြင့်ခွဲခြားမူတွေကို ဗုဒ္ဓကဘယ်လို ဆန့်ကျင်ခဲ့တာတွေ ဟာ ယုံတမ်းတွေပါလား လို့ တွေးမိလာပါတော့တယ်။ ဇာတ်နိမ့်သူ ဖြစ်ပစေ အမျိုးသမီးဖြစ်ပစေ ကိုယ်ကျင့်သီလ သာသူကသာမြတ်ကြောင်း သဘောတရားတွေဟာ မှားများနေပလားလို့လဲ တွေးမိလာပါသေးတယ်။

နောက်ပြီး မြန်မာပြည်ကြီး ဆင်းရဲခဲ့တာဟာလည်း ဦးသန်းရွှေဗုဒ္ဓဘာသာဝင် ဖြစ်ခဲ့လို့ဖြစ်ကြောင်း။ မင်္ဂလသုတ်တော် ဗြဟမစိုရ်တရား စတဲ့ ဗုဒ္ဓ စကားတွေကို အလေးမထားပဲ ဘိုးတော်မယ်တော်တို့ ရဲ့စကားနဲ့ အမြော်အမြင်ရှိစွာ တိုင်းပြည်အုပ်ချုပ် ခဲ့တာကတော့ ထည့်ပြောစရာမလိုတဲ့ အသေးအဖွဲကိစ္စသာ ဖြစ်ကြောင်းတို့ ကိုလဲ သိလာရပါသေးတယ်။ တဆက်ထည်းမှာပဲ ကမ္ဘာပေါ်မှာရှိတဲ့ ဆိုးသွမ်းတဲ့ခေါင်းဆောင်တိုင်းဟာ လျှို့ဝှက်စွာ ဗုဒ္ဓဘာသာကို ကိုးကွယ်သူတွေ ဖြစ်နေမလား ရယ်လို့လဲ သံသယဝင်မိပါသေးရဲ့။

ဗုဒ္ဓဘာသာ ဂိုဏ်းတွေကွဲတာလည်း ဘုရားက မှာခဲ့လို့ ဖြစ်နိုင်ကြောင်း ဂိုဏ်းကွဲတွေကြားမှာလည်း အခြင်းခြင်း သတ်ဖြတ်ချင်တဲ့စိတ်တွေသာ ကြီးစိုးနေနိုင်ကြောင်းတို့ကိုလဲ စဉ်းစားမိပါသေးရဲ့ ခင်ဗျာ။ ဒုက္ခကို ဒုက္ခလို့ ဟောတာတွေ ဒုက္ခကလွတ်အောင် ကိုယ်တိုင်ကြိုးစားမှ ရမယ်လို့ပြောတာတွေဟာလည်း အလိုက်မသိ ခေတ်နဲ့ အံမဝင်ပဲ တခြားဘုရားတွေလို အားကိုးချင်စရာလဲ မကောင်းတာကို သိရပါတော့တယ်။

အဲဒီလို ဗုဒ္ဓဘာသာရဲ့ အားနည်းချက်တွေနဲ့ အစ်စလမ်ဘာသာရဲ့ အားသာချက်တွေကို ကောင်းစွာ နိုင်းယှဉ်ကြားသိပြီးသကာလ ဘယ်သူ့ဘယ်သူကမှ တကယ်တော့ ပိုမသာမှန်းလဲ အံသြစွာ သိရပြီး နဲနဲလည်း ခေါင်းရှုတ်မိပါသေးသဗျ။

အဆုံးမှာတော့ ရောက်ရှိလာတော့မယ့် ခေတ်မှီဒီမိုကရေစီ နိုင်ငံတော်သစ်ကြီးမှာ အလိုက်သင့် မျှောဝင်နိုင်အောင် ဖစ် အဖြစ်ဆုံး အစ်စလမ်ဘာသာကို အခုနေ ပြေးပြောင်းမှသာလျှင် သင့် တော်တော့မယ်လို့လဲ အကြံ ဖြစ်မိပါသဗျ။ အကို့ကိုလဲ ဒီလောက် ဖရိုဖရဲ ပြိုကွဲပျက်သုန်းချုပ်ငြိမ်းရာဆီသွားတဲ့ တရားတော်ကို ဘာကြောင့်များ ဆက်လက်ဖက်တွယ်နေသေးတာလဲလို့ ဝေခွဲမရဖြစ်အပြီးမှာ ရုတ်တရက် ဟိုဘက်ကမ်းကူးမယ့်သူများကို ကူညီဖို့ ဒီဘက်မှာ ခဏနေခဲ့တာများဖြစ်မလား ရယ်လို့တွေးမိပြီး စိတ်သက်သာရာ ရမိပါတယ်။

ခုလို သရော်မိတာ ခွင့်လွှတ်ပါ ကိုလင်းထက်ဆွေ။ အကို့ရဲ့ စာပေ အရေးအသားအတတ်ပညာ ဗဟုသုတတွေနဲ့ ဗုဒ္ဓဘာသာကို တကယ်ချစ်ရင် တကယ် အကျိုးပြုနိုင်အောင် တခြားနည်းနဲ့ လှည့်ရေးလို့ရပါသေးတယ်။ ခံယူချက်အားနဲတဲ့ အတွေးအခေါ်မရင့်ကျက်သေးတဲ့ လူငယ်လေးတွေဟာ အကို့စာကိုဖတ်ပြီး ကျွန်တော်ရေးသလိုတွေးသွားနိုင်ပါတယ်။ ကျွန်တော်လည်း ဗုဒ္ဓရဲ့ အဘိဓမ္မာ တရားတို့ကို အနည်းငယ် မတို့မထိမိဘူးဆိုရင် တွေဝေမိမှာပါပဲ။ ဦးဦးမှော်ဆရာရဲ့ ဦးဏှောက်ကျင်းခြင်း ပိုစ့်ကို ဖတ်အပြီး အကိုရီပလိုင်းကို ဖတ်မိတာနဲ့ဒီစာကိုရေးလိုက်တာပါ။

လေးစားလျှက်။

______

ကွန်းဇော်




2012/9/11 Lynn Htet Swe <myatchitshin@gmail.com>
ညီမလေး သဲဖြူ ရေ..

အကို ဒီ အကြောင်းအရာတွေ ကို ပြောတာ ဘာ အဂတိ နဲ့ မှ ပြောတာ မဟုတ်ပါဘူး။ ညီမ လေး ပြောသလို မဟာယာနဗုဒ္ဓဘာသာ ဖြစ် ဦးတော့ သိပ် မလွယ် လှဘူး။ အာဖဂန် နစ္စတန် ခိုတန် ပါကစ္စတန် မလေးရှား ဆူမားတြား ဂျာဗား စတဲ့ ဒေသ တွေ မှာ မဟာယာနဗုဒ္ဓဘာသာ အကြီး အကျယ်ထွန်းကားခဲ့တာပဲ ။ ဒီနေရာ တွေ က ဘယ်လို အစ္စလာမ်ဘာသာ ကို ပြောင်းလဲ လက်ခံ ခဲ့တဲ့ နေရာ တွေ ဖြစ်ခဲ့ သလဲ လေ့ လာ ကြည့်ဖို့ ကောင်းတယ်။
အဓိက က ထေရ၀ါဒ ဖြစ်ဖြစ် မဟာယာန ဖြစ်ဖြစ် ဗုဒ္ဓဘာသာ မှန် ရင် အနှစ်သာရပိုင်း က သိပ် မကွာ လှပါဘူး။ အလေးအနက် စဉ်းစားဖို့ က ဗုဒ္ဓဘာသာ နဲ့ အစ္စလာမ် ဘာသာ တွေ ရဲ့ အတွင်းဖွဲ့စည်းပုံ /Internal Structure နဲ့ ပြင်ပ လုပ်ဆောင်ချက်/ outward functions တွေ ကွာခြား နေလို့ ပဲ ဖြစ်တယ်။

ဗုဒ္ဓဘာသာ နဲ့ အစ္စလာမ် ဘာသာ တွေ အကြောင်း နည်းနည်း စဉ်းစားကြည့် ရ အောင်။

(၁) ဗုဒ္ဓဘာသာ က လောကုတ္တရာ ဆန်တဲ့ ဘာသာ ဖြစ်တယ်။ အဆုံးပန်းတိုင် က မိမိ ရဲ့ သီးခြား သက္ကာယ မရှိမှု ကို သိဖို့ လောက ရဲ့ သုညတာ သဘော တွေ ကို သိဖို့ အစွဲတွေ ကုန်ဖို့ နဲ့ ဘ၀သစ် ချုပ်ငြိမ်းရေး ပဲ ဖြစ်တယ်။

အစ္စလာမ် ဘာသာ က တော့ အလွန် လောကီဆန်တဲ့ ဘာသာ ဖြစ်တယ်။ လူ့ရဲ့ တမလွန် ကို လက်ခံတယ် အာခေရတ် ဂျွန္နတ်သုခဘုံ စတာ တွေ ရှိပေမဲ့ လဲ ဒါတွေ က ဘုရားသခင် ကိစ္စ ဖြစ်တယ် ။ ဂျွန္နတ်သုခဘုံ ကိုယ်တိုင် က လဲ ဗုဒ္ဓဘာသာရှုထောင့် က ကြည့် ရင် လောကုတ္တရာ မဟုတ်ပဲ လောကီဆန်တဲ့ ဘ၀ ဖြစ်တာ ကို တွေ့ ရမယ်။

(၂) ဒါကြောင့် ဗုဒ္ဓဘာသာ တွေ က တမလွန် အတွက် ကုသိုလ် ကောင်းမှုတွေ နဲ့ နိဗ္ဗာန် မှာ ဘ၀ချုပ်ငြိမ်းဖို့ ကို ပဲ အားထုတ်ကြတယ်။ ရုပ်နာမ် ဖြစ်ပျက်တွေ ကို မုန်းဆီးငြီးငွေ့အောင် လွတ်မြောက် အောင် အားထုတ်ကြတယ်။ ဗုဒ္ဓဘာသာ ၀င် အတွက် က မိမိ ဘ၀ တည်ရှိနေတာ ကိုက ပြဿနာ ဖြစ်တယ် အ၀ိဇ္ဇာ ဖြစ်တယ် သံသရာ ဒုက္ခ ဖြစ်တယ်။

အစ္စလာမ် ဘာသာ ၀င် တွေ အတွက် ကတော့ ကိုရ်အန် နဲ့ ဟာဒီစ် တွေ က ဖြစ်ပေါ်လာတဲ့ သျှာရီယတ် ဓမ္မသတ် တွေ နဲ့ အညီ တာဝန်ကျေ စည်းကမ်းလိုက်နာတဲ့ ဘ၀ ကို နေထိုင်ဖို့ ပဲ သွန်သင်တယ်။ လောက နဲ့ ရုပ်နာမ် ကို မုန်းဖို့ ထက် ဒါတွေ ဟာ ဘုရားဖန်ဆင်းပေးထားတာ ဖြစ်လို့ အနှစ်သာရအားဖြင့် ကောင်းတဲ့ အရာတွေလို့ မြင်တယ်။ သျှာရီယတ် ဓမ္မသတ် နဲ့ အညီ အသုံးချ ဖို့ ကို ပဲ ညွှန်ကြားတယ်။

(၃) ဗုဒ္ဓဘာသာ ဟာ မိမိ ရဲ့ ပန်းတိုင် ကြောင့် အခြေခံအားဖြင့် တစ်သီးပုဂ္ဂလ ၀ါဒ ဖြစ်လာတယ်။ ကိုယ့်ဝမ်းနာ ကိုယ်သာသိ ကိုယ့် အထုပ်ကိုယ်ထမ်း ကိုယ့်လမ်း ကိုယ်လျှောက် ဆို တာ ကိုယ့်အားကိုယ်ကိုး ဆိုတာ တွေ က ဗုဒ္ဓဘာသာဝင်တွေ ရဲ့ ဆောင်ပုဒ် ဖြစ်လာ တယ်။ ကိုယ်ကျင့် မှ ကိုယ်သိ ကိုယ်သိ မှ ကိုယ်လွတ် ဆို တော့ အလိုလို တစ်ကိုယ်တော်ကြိတ် ရတဲ့ ၀ါဒ ဖြစ်လာ ခဲ့ တယ်။

အစ္စလာမ် ဘာသာ က တော့ စတင်ဖွဲ့စည်းပေါ်ပေါက်စဉ် ကတည်း က နိုင်ငံရေး လူမှုရေး အခြေခံ နဲ့ ပေါ်ပေါက်ခဲ့တဲ့ ဘာသာ ဖြစ်တယ်။ ဗုဒ္ဓ က မဟာသမဏ မဟာယောဂီ ကြီး ဖြစ်တယ်ဆိုရင် မိုဟာမက် က အဓိပတိ နိုင်ငံရေးခေါင်းဆောင် လူထုခေါင်းဆောင်ကြီး ဖြစ်တယ် ဆို တာ တွေ့ရတယ်။ ဒါကြောင့် အစ္စလာမ် ဘာသာ မှာ ဥမ္မာ (Ummah) လို့ ခေါ်တဲ့ အစ္စလာမ် လူ့ အဖွဲ့အစည်း က အလွန် အရေးပါတယ်။ လူထုလှုပ်ရှားမှု အသွင်ဆန်တယ်။ ၀တ်ပြုဆုတောင်းရင်တောင် ညီရင်းအကို စိတ် နဲ့ အစုအဝေး ဖွဲ့ လို့ ၀တ်ပြု ကြတယ်။ လူမှု စည်းကမ်းတွေ (ဇကာသ် လို မျိုး) တရားဝင်ပြဋ္ဌာန်းထားတယ်။

(၄) အကျိုးဆက် အနေနဲ့ ဗုဒ္ဓဘာသာ ၀င်တွေ ဒါန သီလ တွေ ပြုကြတဲ့ အခါ မိမိ ကိုယ်ကို ဗဟိုပြု ပြီးလုပ်ဆောင်ကြတာ ကို တွေ့ရမယ်။ မိမိ ပြုတဲ့ ဒါန သီလ တွေ အကျိုး ကို မိမိ ပဲ ခံစားရမှာ ဖြစ်လို့ ကိုယ်သာ အဓိက ဖြစ်တယ်။ ဒါန သီလ တွေ အကျိုးပေးသန် အောင် စေတီပုထိုးတွေ ဘုန်းကြီးကျောင်းတွေ ကို ပဲ လှူဒါန်းကြတဲ့ အခါ ဓနတွေ က ထိပ်မှာ သွားစု နေတယ်။

အစ္စလာမ် ဘာသာ ရဲ့ ဒါန သီလ တွေ က တော့ လူမှုရေး အခြေခံ ဖြစ်တယ်။ အစ္စလာမ် ဘာသာ မှာ လဲ ဗလီ နဲ့ မော်လ၀ီဆရာ တွေ ကို လှူတာတွေ ရှိ ပေမဲ့ ဗုဒ္ဓဘာသာနဲ့ စာရင် အချိုးက သိပ်မများလှ ဘူးလို့ ဆို ရ မယ်။

(၅) ဗုဒ္ဓဘာသာ က ကျဉ်းမြောင်းတဲ့ ဇာတိဝါဒ Provincialism အမျိုးသားရေးဝါဒ Nationalism ရှိတယ်။ ဗမာ တွေ က ထိုင်းတွေ ကမ္ဘောဒီယားတွေ တရုပ် တွေ ကို မိမိ နဲ့ တစ်သားတည်း လို့ မမြင် ဘူး။ ထေရ၀ါဒ က မဟာယာန ကို ရှုတ်ချတယ် မဟာယာန က ထေရ၀ါဒ ကို အထင်သေးတယ်။ ဂိုဏ်းတွေ ကွဲ တယ်။ ငါမှန်သူမှား တွေ လုပ်ကြတယ်။ နိဗ္ဗာန်ဝါဒ ကမ္မဋ္ဌာန်းဝါဒ တွေ အခြေခံပြီး အုပ်စုတွေ ထောင်ကြတယ်။ ဗုဒ္ဓဘာသာ ဂိုဏ်းကွဲ တွေ ညီညွတ် ရေး ကို လုပ်ဆောင်ဖို့ က အလွန် ခက်ခဲ ပါတယ်။

နိုင်းယှဉ်ပြောရရင် အစ္စလာမ် ဘာသာ မှာ ဘာသာရေး အယူအဆ အရ ပိုပြီးညီညွတ်တယ်လို့ ဆိုနိုင်တယ်။ စွန်နီ ရှီယာ အကွဲ က တောင် ဘာသာရေး ကြောင့်မဟုတ်ပဲ နိုင်ငံရေးဆန်တဲ့ အကွဲ ဖြစ်တယ်။ ဗုဒ္ဓဘာသာမှာ ပိဋကတ် ၃ ခု (ပါဠိ တိဗက် တရုပ်) မူကွဲတွေ ရှိ နေချိန်မှာ ကိုရ်အန် က တစ်ခုတည်းမို့   ဓမ္မရေးရာ ညီညွတ်မှု ပိုရနိုင်မယ်ထင်တယ်။ ကမ္ဘာ ပေါ်မှာ ရှိသမျှ အစ္စလာမ်ဘာသာဝင်တိုင်း ဟာ တစ်ခြားသော အစ္စလာမ်ဘာသာဝင် တွေ နဲ့ တစ်သားတည်း ဖြစ်လို့ မတရားမှု ကို တွန်းလှန်တာ တွေ မှာ အပြန်အလှန် ကူညီစောင့်ရှောက် တာ တွေ မှာ တက်တက်ကြွကြွ လုပ် ဆောင် ကြတယ်။

(၆) ညီမလေး ပြောသလိုပဲ ဗုဒ္ဓဘာသာ က နှစ် ၅၀၀၀ ပြည့် ရင် ကွယ်မယ်လို့ ပြောတယ်။ အစ္စလာမ် ဘာသာ က တော့ ကမ္ဘာကြီး ကို အစ္စလာမ် အတွက် ဖြစ်စေမဲ့ အကြောင်း ဘုရားသခင် ကတိတော်ထား တယ် လို့ ဆို ပါတယ်။


ဒီ ဓမ္မဒိဋ္ဌာန် ကျတဲ့ အချက် တွေ ပေါ်မူတည် ပြီးတော့ အကို ပြောခဲ့ တာ ပဲ ဖြစ်တယ် ညီမလေး သဲဖြူရေ။ ညီမလေး ပြော သလို ဗုဒ္ဓဘာသာ ဟာ နက်နဲခက်ခဲ တဲ့ သဘောတရားတွေ အဆင့်မြင့် အဘိဓမ္မာတွေ နဲ့ ကျင့်စဉ်တွေ ဥာဏ်အလင်းပွင့်သစ်မှုတွေ ရှိနေတယ်ဆို တာ အကို မငြင်းပါဘူး။ အကို ကိုယ်တိုင် လျှောက် နေတဲ့ လမ်း မို့ အကို သိပါတယ်။ အစ္စလာမ် ဘာသာ မှာ လဲ ဆူဖီသူတော်စင်တွေ ရဲ့ တစောင်ဝဖ် ဓမ္မလမ်းစဉ် နဲ့ အမြင့်ဆုံးသစ္စာ-ဟာရီကတ် ဆီ သွားတဲ့ ဓမ္မမဂ်လမ်းစဉ်-တာရီကာ တွေ အတ္တကျေပျက်ပျောက်ဆုံးမှု ဖနာ အတွေ့ အကြုံ ဘုရားထံ မှာ ပြန်လည်ဘ၀ဆန်းသစ် ရ တဲ့ ဗကာ အတွေ့ အကြုံ တွေ ရှိပါလိမ့် မယ်။ သူ့ အတာ နဲ့ သူ ပေါ့ နော်။

အကို အဓိက ပြောချင်တာ က ဗုဒ္ဓဘာသာ က သာတယ် ကောင်းတယ် နက်နဲတယ် မြင့်မြတ်တယ် ဆိုတာ မဟုတ်ဘူး အစ္စလာမ် က သာတယ် ကောင်းတယ် နက်နဲတယ် မြင့်မြတ်တယ် ဆိုတာလဲ မဟုတ်ဘူး။ ဒါကြောင့် Survival of the Best အကောင်းဆုံးအတော်ဆုံးသူ တွေ ရှင်ကျန်မည် လို့ အကို မပြောခဲ့ ဘူး ညီမ။ Survival of the Fittest အသင့်လျှော်ဆုံး သူ တွေ ရှင်ကျန်မည် လို့ အကို ပြောခဲ့ တာ ဖြစ်တယ်။ သဘာဝ ရဲ့ အလုပ်လုပ် ပုံ က ဒီအတိုင်းပဲ ဖြစ်တယ်။

ဥပမာ ကျား နဲ့ ပိုးဟပ် ဘယ်သူ ပို သာလဲ လို့ မေးရင် ညီမ ဘယ်လို ဖြေမလဲ။ ပိုးဟပ်မှာ ကျား လို ခွန်အား အစွယ် လက်သည်း မျက်လုံးတွေ မရှိ ဘူး ဒါပေမဲ့ ကျားတွေ မျိုးတုန်းလု အခြေအနေ မှာ ကိုရွှေပိုးဟပ် က ပန်းပန် ဆဲ ပဲ။ နှစ်ပေါင်း သန်း (၃၅၀) ကာလ အတွင်း မှာ ပိုးဟပ် က အခက်အခဲ မျိုးစုံ ဖြတ်ခဲ့ တယ်..။ ရှင်သန်နိုင်ခဲ့တယ်..။ လူတွေ မျိုးတုန်းသွားတောင် ပိုးဟပ် က ကျန်လိမ့်ဦးမယ်..ဒါက Survival of the Fittest အသင့်လျှော်ဆုံး သူ တွေ ရှင်ကျန်မည် ဆို တဲ့ သဘောတရား ပဲ ညီမ။ မြင်အောင် ဥပမာ ပြခြင်း သာ ဖြစ်ပါတယ်။ ဗုဒ္ဓဘာသာကို ကျား အစ္စလာမ် ကို ပိုးဟပ်လို့ မဆိုလိုပါ။

ညီမလေး ပြောတဲ့  ((သမာသမတ်နည်းကျကျနဲ့သာသနာပြုနေတဲ့ဆရာတော်တွေလူသူတော်ကောင်းတွေ အများကြီးရှီနေပါတယ်)) ဆို တာ ကို အကို လက်ခံတယ်။ ဒါပေမဲ့ သူတို့ ဘာသာသနာ တွေ ပြု နေ ကြသလဲ စဉ်းစားကြည့် ညီမ။ အကို အထက်မှာ ပြောခဲ့ တာ တွေ ပဲ မဟုတ်လား။ သူမရှိ ငါမရှိ သက္ကာယ ဖြုတ်ဖို့ နဲ့ လောက ငြီးငွေ့ဖို့ ရုပ်နာမ်မုန်းဖို့တွေ ကိုယ့်အားကိုယ်ကိုးဖို့ တွေ ပဲ မဟုတ်လား။ ဒါတွေ ဟောလေလေ အကို ပြောခဲ့ တာ တွေ ဖြစ်လေလေ ဖြစ်မှာ ပဲ။ အမြတ်တောင်မထွက် အရင်းထဲ ကဖဲ့ ရောင်းနေရတဲ့ ဈေးဆိုင်တစ်ခု ဟာ များများရောင်းရလေ များများရှုံး လေ ဖြစ်မှာ အမှန်ပဲ။

ဗုဒ္ဓဘာသာ ရဲ့ အနှစ်သာရအကျဆုံး တန်ဖိုးတွေ လူတွေထဲ မှာ နက်နက်ရှိုင်းရှိုင်း ၀င်ရောက် အမြစ်တွယ်လေလေ ဗုဒ္ဓဘာသာလူမှု အဖွဲ့ အစည်း ဟာ အားနည်းလေလေ ဖြစ်မှာ ပဲ။ ရောမ က နုပျိုသစ်လွင် တက်ကြွ နေတုန်း မှာ အောင်လံတလူလူ လွင့် ခဲ့ တယ် ။ အားလုံး ခရစ်ယာန်တွေ ဖြစ်လို့ နူးညံ့ တဲ့ အခါ ကျဆုံး တာ ပဲ ဆို တာ Gibbon ရေးတဲ့ The Rise and Fall of the Roman Empire ကို ဖတ် ကြည့် ပါ။ ဒီ အခါ မှာ ဗုဒ္ဓဘာသာ က ၀မ်းသာနေမှာ ပဲ ဖြစ်တယ်..ဗုဒ္ဓ ဓမ္မ က တည်ဆောက်ရေးတရား မဟုတ် ...ဖရိုဖရဲပြိုကွဲပျက်သုဉ်းချုပ်ငြိမ်းရေး ဆီ သွားတဲ့ တရား ဖြစ်တယ် (လူ တစ်သန်း မှာ ဘယ်နှစ်ယောက် အောင် မြင်မလဲ)

အဆိုးဆုံး က ဗုဒ္ဓဘာသာမှာ Free Riders တွေ များ နေတဲ့ ကိစ္စ ဖြစ်တယ်။ အခု သံဃာ အဖွဲ့ အစည်းမှာ ၅သိန်း ၆သိန်း လောက်ရှိတယ် ထား။ ဒီ အထဲ မှာ တကယ် ပရိယတ် ပဋိပတ် ၀န်ဆောင်သူတွေ ဘယ်လောက်ရှိ မလဲ..။ ရှိတဲ့ ရဟန်းတော်တွေ ကို သာသနာ ရတနာ တွေ အနေနဲ့ ချီးမြှောက်ပြီး အားပေးကြရမယ်။ ပရိယတ် ပဋိပတ် ၀န်ဆောင်သူတွေ မဟုတ်ရင် အလကားလူပိုတွေ ဖြစ်နေမှာ အမှန်ပဲ..။ လူဘ၀ နဲ့သက်မွေးဝမ်းကျောင်းပြု မိသားစု တည်ဆောက်ပြီး နိုင်ငံ နဲ့ ဘာသာ ကို အလုပ်အကြွေးပြု ကြ တာ က မှ ပို သင့်တော်မယ်ထင်တယ်။ ဒီအခါ မှာ ပိုပြီးကျစ်လစ်သန်မာ တဲ့ ဗုဒ္ဓဘာသာ လူမှုအဖွဲ့ အစည်း တစ်ရပ် ဖြစ်ပေါ်လာပေလိမ့်မယ်။ ဒီ ပုဂ္ဂိုလ်တွေ ထဲ မှာ ဓမ္မကထိကကောင်းတွေ ပရဟိတ ခေါင်းဆောင်တွေ လူတော်တွေ အများကြီး ထွက် ပေါ်လာနိုင်ပါတယ်။

((မြန်မာပြည် မှာ ဗုဒ္ဓဘာသာ မကွယ်ပျောက်ဖို့ နောက်ထပ် နည်းလမ်း တစ်ခု က တော့ မျိုးချစ်နာဇီ အာဏာရှင်စနစ် တစ်ခု ဆီ ကို ပြန်သွားဖို့ ပဲ ဖြစ်တယ်)) လို့ အကို ရေးခဲ့ တာ က တော့ ဗုဒ္ဓဘာသာ ဟာ အလိုလိုက်ခံထားရတဲ့ ခလေး လို ဖြစ်နေလို့ ပဲ။ ဘုန်းကြီးတွေ ဆို တာ လူတွေ က စပျစ်သီးတောင် တစ်လုံးချင်း အခွံခွာကျွေးတာ ခံရသူ တွေ ဖြစ်တော့ ဒါက ကလေး တွေ ပဲ။

 ရှေ့ မှာ ကြုံတွေ့ ရမှာက ဒီမို ကရေစီ အခင်းအကျင်းသစ် ဆို ရင် ကျားစီးဖားစီးပြိုင်ဆိုင်ရတော့ မယ်။ တစ်ခြား ဘာသာကြီးတွေ နဲ့ မဟာယာန မိုးပြာ ဇင်ဗုဒ္ဓဘာသာ စတာတွေ က လဲ လွတ်လပ်စွာ သာသနာ ပြု ကြတော့ မယ် ဆို တဲ့ အခြေအနေ ကို မြင်ကြည့် ပါ။ ခေတ် စကား နဲ့ ပြော ရ ရင် ထေရ၀ါဒဗုဒ္ဓဘာသာ ဟာ မြန်မာပြည်မှာ နှစ်ပေါင်းများစွာ ခရိုနီ ဘာသာ ဖြစ်ခဲ့ တယ်..။အခွင့်ထူးတွေ ရခဲ့ တယ်။ ဒီ အခွင့်ထူးတွေ (ဘာသာခြား ကို ဖိနှိပ်လို့
ထေရ၀ါဒဗုဒ္ဓဘာသာ ကို ချီးမြောက် အားပေး) ကို ဆက်ခံ စားစေချင် ရင် တော့ ထေရ၀ါဒဗုဒ္ဓဘာသာ ကို ထောက်ခံအားပေးတဲ့ မျိုးချစ်နာဇီ အာဏာရှင်စနစ် တစ်ခု ဆီ ပြန် သွားတာ ပဲ အကောင်းဆုံး ဖြစ်မယ်လို့ အကို မြင်တယ်။ သန်းရွှေ စစ်အာဏာရှင်ခေတ်မှာ ထေရ၀ါဒဗုဒ္ဓဘာသာ ဟာ ရင်ကော့ လက်မထောင်နိုင်ခဲ့ တယ်။ သူ့ ရာဇပလ္လင် ကို တုတ် နဲ့ မထိုးခင် ၂၀၀၇ အထိ ပေါ့။

အကို့ အမြင်တွေ ကို လက်ခံတာ မခံ တာ က ညီမလေး သဘောပါ သဲဖြူ။ လူတိုင်းဟာ လွတ်လပ်စွာ သဘောထားကွဲလွဲ ပိုင်ခွင့် ရှိ နေလို့ ပဲ ဖြစ်ပါတယ်။



2012/9/10 the phyu <phyu.atar@gmail.com>

မင်းတို့စိုးရိမ်နေတဲ့အစ္စလာမ်ဘာသာကြီးထွားတိုးတက်လာနေတာကတော့လွှဲရှောင်လို့မရနိုင်ဘူး

မြန်မာပြည်မှာလက်ရှိအဓိကကိုးကွယ်နေကြတာဗုဒ္ဓဘာသာမဟုတ်ဘဲ အကိုအင်မတန်နှစ်သက်သဘောကျတဲ့မဟာယနဘာသာသာဆိုရင်အကိုဒီလိုစကားမျိုးပြောမယ်မထင်ဘူး

အချုပ်ပြော ရ ရင် ဘာသာ အယူဝါဒ တစ်ခု ကြီးထွားတိုးတက် လာခြင်း ဟာ ဒီ ဘာသာတရား ရဲ့ အမှန် အမှား နဲ့ မဆိုင်ဘူး ..Survival of the Fittest ဆိုတာ လို ခေတ်ကာလ လူ့သဘာဝ နဲ့ အံဝင်ခွင်ကျ လှုပ်ရှားနိုင် တဲ့ ဘာသာတရားတွေ က တိုးတက်ထွန်းကားလာပြီးတော့ ခေတ်ကာလ လူ့သဘာဝ နဲ့ အံဝင်ခွင်ကျ မလှုပ်ရှား နိုင်တဲ့ ဘာသာတရားတွေ က သမိုင်းမှာ ဆုတ်ယုတ် ပျောက်ကွယ်သွားမှာ ဓမ္မနိယာမ ပါပဲ။

ဒါတွေ အားလုံး ကို သမိုင်း ရဲ့ အခြေအနေ အကြောင်းတရားတွေ က ပဲ အဆုံးအဖြတ် ပေးသွားလိမ့်မယ်။


ဗုဒ္ဓဘာသာကတော့နောက်ထပ်သာသနာသက်၂၀၀၀ကျော်ရင်ကွယ်မှာပါအကိုဒါပေမယ့်အကိုပြောသလိုခေတ်ကာလလူ့သဘာဝနဲ့အံဝင်
ခွင်ကျမလှုပ်ရှားနိုင်လို့တော့မဟုတ်ပါဘူး
ဗုဒ္ဓဘာသာအင်မတန်ခက်ခဲနက်နဲတဲံ့အသိဥာဏ်ဦးစားပေးဘာသာတရားဖြစ်နေလို့ပါလူတိုင်းမကျင့်ကြံနိုင်တဲ့ပညာဖြစ်နေလို့ပါ
ရခဲမှရတနာ၊သိခဲမှပညာဆိုတဲ့စကားလဲရှီသားနဲ့အကိုဒါကြောင့်မို့လို့လည်းဗုဒ္ဓဘာသာဝင်လူဦးရေကနည်းနေတာဖြစ်နိုင်ပါတယ်ကိုယ့်အသိဥာဏ်ကိုကိုယ်
အားကိုးနိုင်ဖို့ဆိုတာလွယ်တဲ့လမ်းမှမဟုတ်တာနော်


မြန်မာပြည် မှာ ဗုဒ္ဓဘာသာ မကွယ်ပျောက်ဖို့ နောက်ထပ် နည်းလမ်း တစ်ခု က တော့ မျိုးချစ်နာဇီ အာဏာရှင်စနစ် တစ်ခု ဆီ ကို ပြန်သွားဖို့ ပဲ ဖြစ်တယ်


ဒီအချက်ကိုတော့လက်မခံပါဘူးမြန်မာပြည်မှာသမာသမတ်နည်းကျကျနဲ့သာသနာပြုနေတဲ့ဆရာတော်တွေလူသူတော်ကောင်းတွအများကြီးရှီနေပါတယ်
ဘာသာကိုးကွယ်တဲ့လူသားမှန်ရင်ကိုယ်ကအမှန်တရားဖြစ်တယ်လို့ယုံကြည်နှစ်သက်ကိုးကွယ်တဲံ့ဘာသာကိုမပျောက်ပျက်ရအောင်ထိန်းသိမ်းစောင့်ရှောက်ချင်ကြတာသဘာဝကျပါတယ်သာသနာရဲ့ကျေးဇူးကြောင့်
အကျိုးကျေးဇူးခံစားခဲ့ရတဲ့အတွက်တခြားလူတွေနောင့်မျိုးဆက်သစ်တွေသာသနာရဲ့အသီးအပွင့်တွေကိုခံစားနိုင်ပါစေလို့သာသနာကိုရေလောင်းပေါင်းသင်ပြုစုပျိုးထောင်ချင်တာလည်းလူသားဆန်တဲ့ဆန္ဒတွေပါလေ
အကို့လိုပဲလူသားဂုဏ်သိက္ခာနဲ့လူ့အခွင့်အရေးကိုတန်ဖိုးထားပြီးတစ်ဖက်စွန်းမဟုတ်တဲ့သာသနာပြုနေတဲ့သူတော်ကောင်းတွေအများကြီးရှီနေတယ်လို့ထပ်ပြောချင်ပါတယ်




--
မှော်ဆရာအဖွဲ့ မှ နေ့ စဉ်မေးလ်များ ရယူလိုပါက http://groups.google.com/group/mrsorcerer/subscribe?hl=en ကို နှိပ်ပြီး မန်ဘာဝင်နိုင်ပါသည် ။
မန်ဘာဝင်များ မိမိတို.သိထားသည်များကို မျှဝေလိုပါက mrsorcerer@googlegroups.com သို. မေးလ်ပို.နိုင်ပါသည် ။

မှော်ဆရာအဖွဲ့ မှ နှုတ်ထွက်လိုလျှင် mrsorcerer+unsubscribe@googlegroups.com ကိုနှိပ်ပြီး မေးလ်ပို.ပါ ။
စာလက်ခံလိုသည့်ပုံစံ ပြင်လိုလျှင် http://groups.google.com/group/mrsorcerer?hl=en ကို သွားပါ ။
မှော်ဆရာ အဖွဲ့ ၏ စည်းကမ်းများကို သိလိုလျှင် http://groups.google.com/group/mrsorcerer/browse_thread/thread/af2f4a1d44d4d909?hl=en တွင် ဖတ်ရှုနိုင်ပါသည် ။

 
Facebook (FB) မှော်ဆရာအဖွဲ့သို့ Mail ပို့လိုလျှင် mrsorcerer2@groups.facebook.com
FB မှော်ဆရာအဖွဲ့သို့ ၀င်ရန် http://www.facebook.com/home.php?sk=group_173571176006981&ap=1
 
မှော်ဆရာ အဖွဲ့ နှင့်ပက်သက်၍ ဝေဖန်အကြံပြုလိုပါက >>>
ဦးဦး မှော်ဆရာ ( mrsorcerer9@gmail.com, mrsorcerer27@gmail.com ) ထံသို.
ပေးပို.နိုင်ပါသည် ။
 
ခင်မင်စွာဖြင့်
ဦးဦး မှော်ဆရာ



--
_______
ကွန်းဇော်





--
_______
ကွန်းဇော်

--
မှော်ဆရာအဖွဲ့ မှ နေ့ စဉ်မေးလ်များ ရယူလိုပါက http://groups.google.com/group/mrsorcerer/subscribe?hl=en ကို နှိပ်ပြီး မန်ဘာဝင်နိုင်ပါသည် ။
မန်ဘာဝင်များ မိမိတို.သိထားသည်များကို မျှဝေလိုပါက mrsorcerer@googlegroups.com သို. မေးလ်ပို.နိုင်ပါသည် ။
မှော်ဆရာအဖွဲ့ မှ နှုတ်ထွက်လိုလျှင် mrsorcerer+unsubscribe@googlegroups.com ကိုနှိပ်ပြီး မေးလ်ပို.ပါ ။
စာလက်ခံလိုသည့်ပုံစံ ပြင်လိုလျှင် http://groups.google.com/group/mrsorcerer?hl=en ကို သွားပါ ။
မှော်ဆရာ အဖွဲ့ ၏ စည်းကမ်းများကို သိလိုလျှင် http://groups.google.com/group/mrsorcerer/browse_thread/thread/af2f4a1d44d4d909?hl=en တွင် ဖတ်ရှုနိုင်ပါသည် ။
 
Facebook (FB) မှော်ဆရာအဖွဲ့သို့ Mail ပို့လိုလျှင် mrsorcerer2@groups.facebook.com
FB မှော်ဆရာအဖွဲ့သို့ ၀င်ရန် http://www.facebook.com/home.php?sk=group_173571176006981&ap=1
 
မှော်ဆရာ အဖွဲ့ နှင့်ပက်သက်၍ ဝေဖန်အကြံပြုလိုပါက >>>
ဦးဦး မှော်ဆရာ ( mrsorcerer9@gmail.com, mrsorcerer27@gmail.com ) ထံသို.
ပေးပို.နိုင်ပါသည် ။
 
ခင်မင်စွာဖြင့်
ဦးဦး မှော်ဆရာ