အဆိပ်တွေနဲ့ပြည့်နေတဲ့ ပို့စ်တစ်ခုပါ။ ကျောက်နီမော် မုဒိန်းကျင့် လူသတ်မှုကို အဆိပ်ခတ်ပြီး အွန်လိုင်းမှာ ဖြန့်ခဲ့လို့ မသေသင့်တဲ့ အပြစ်မဲ့ ရခိုင် တွေရော ဘင်္ဂါလီတွေရော အများကြီး စတေးခံခဲ့ရတာ သိပြုပါ။ အဲဒီ အဆိပ်ဟာ ဦးဏှောက်မှာ မတည်ပဲ တိုက်ရိုက် နှလုံးကိုေ၇ာက်ပြီး ဒေါသဆိုတဲ့ ကြောက်စရာပိုးအဖြစ် ကူးပြောင်းသွားပြီး အဲဒီကမှ ဆင်ခြင်တုံတရားနဲ့ သနားညှာတာမှု စတဲ့ လူရဲ့ ပင်ကိုယ်ဗီဇတွေကို ဖျက်ဆီးပစ်ပါတယ်။ ကြောက်စရာအလွန်ကောင်းပါတယ်။ နောက်ပြီး လန်ကျုပ်ဇာတ်လမ်းမှန်းလည်း သေချာဖတ်ရင် အသိသာ ကြီးပါ။ ဥပမာ--
ရက်(၃၀)ခန့်ကြာပြီးနောက်...
တောင်ငူမြို့က ကန်တော်လမ်း မန်းရပ်တစ်ခုလုံး မီးလောင်ပြင်က ပျံ့လွင့်လာတဲ့ ပုပ်စော်နံ့ဟာ မခံနိုင်အောင် ရနေတာမို့ နေရာတွင် သေသွားလောက်ပါတယ်။ ဒီတော့ ရပ်ကွက်တာဝန်ရှိသူတွေ ပိုက်ဆိပ်တိုက် တောနင်း ရှာကြတဲ့အခါ ရှင်းလင်းပြာကျနေသည့် မီးလောင်းပြင်တစ်ခုရဲ့နောက်မှာ ပြိုကျခါနီးရေချိုးကိန်းအိမ်သာရဲ့အပေါ်က ရေတိုင်ကီတစ်ခုအတွင်းမှာ မြင်မကောင်း ရှုမကောင်းလောက်အောင် ဘ၀ပြောင်းနေရှာတဲ့ မိသားစု လေးဦးရဲ့အလောင်းကို ရှာဖွေသူများ တွေ့ရှိကြရလေတယ်။
ရက် (၃၀) ကြာမှ ပုပ်စော်နံ့ထွက်တယ်တဲ့။ ဧကန်တ ရေခဲသေတ္တာထဲဝင်သေတာလား မသေခင် မပုတ်မသိုးဆေး ထိုးထားလေသလား ယုတ်တိမရှိပါ။
ယူကြုံးမရဖြစ်စရာကောင်းတာက သေဆုံးသွားတဲ့ မိသားစုရဲ့ အိမ်ထောင်ဦးစီးနဲ့ အရင်းနှီးဆုံး သူငယ်ချင်းတစ်ဦးက ဘာသာဓလေ့ထုံးတမ်းစဉ်လာနဲ့အညီ မြေချဖို့ အလောင်းကောက်တဲ့အချိန်မှာ သေဆုံးသူ အမျိုးသမီးရဲ့ ၀မ်းဗိုက်ပွင့်ပြီး မိန်းကလေးအမွှာလေးတွေရဲ့ အလောင်းကိုပါ တွေ့ရှိလို့ မြင်ရသူတိုင်း မျက်ရည်ဝဲမိကြပါတော့တယ်။
သြော် -- ရက်သုံးဆယ်ကြာ မပြုပြင်ပဲထားတဲ့ အလောင်းက လောက်စားတာနဲ့တောင် အရိုးကျန်ရင် ကံကောင်းပါ။ လုပ်ဇာတ်ခင်းတာ ကိစ္စမရှိပါ။ သို့သော် အစွန်းရောက် ဆင်ခြင်တုံတရားမဲ့သော အစ္စလာမ် ဘာသာဝင်တစ်ယောက်ဖတ်မိပြီး လက်တုန့်ပြန်ပါက မပြီးသော ဇာတ်လမ်းကြီး သူ့ ငါသတ်-- ငါ့သူသတ် ဖြစ်နေမှာကို မလိုလားပါကြောင်း။
ကိုစိုးနိုင်(မြန်မာ့အရုဏ်သစ်)
2012/9/19 Lynn Htet Swe <myatchitshin@gmail.com>:
> ရင်နင့်စရာ အဖြစ်အပျက် လေး တစ်ခုပါ။
> ဒီ အဖြစ်အပျက် က အမှန်တကယ် ဖြစ်ခဲ့ မဖြစ်ခဲ့ ဆို တာ တောင် အရေးမကြီးတော့ပါ။
> စာရေးသူ ရဲ့ စိတ်ကူးပုံဖော်မှု သက်သက် ပဲ ဖြစ်သလား ဆိုတာ တောင် အရေးမကြီးတော့
> ပါ။
> ဒီလို ဖြစ်ရပ်မျိုးတွေ ကို နေရာ အနှံ့ ကြားနေ မြင်နေရလို့ ပါပဲ။
> ဒီလို အဖြစ်ဆိုးမျိုး တစ်နေရာ တစ်ချိန်ချိန် မှာ ဖြစ်ခဲ့ မဲ့ ဆို တာ အသေအချာ။
>
> လူမျိုးရေး ဘာသာရေး မုန်းတီးမှု တွေ က နေ ကိုယ့်သူသတ် သူ့ ကိုယ်ပြန်သတ် နဲ့
> လူသားတွေ အကြားမှာ ဘာ ပုဂ္ဂိုလ်ရေး ရန်ညိုး မှ မရှိ ပဲ သူ က ကုလား ဖြစ်လို့
> သတ်တယ် တရုပ်ဖြစ်လို့ ဗမာ ဖြစ်လို့ သတ်တယ် ဆို တာ တွေ က အော့နှလုံးနာ စရာ
> ကောင်းတဲ့ အပြင် ယဉ်ကျေးတဲ့ လူ့ဘောင်မှာ မရှိ သင့်တဲ့ ကိစ္စတွေ ဘာသာတရားတိုင်း က
> ရှုတ်ချတဲ့ အကုသိုလ်ဒုစရိုက်တွေ ပဲ ဖြစ်တယ်။
>
> ဘာသာဝင်တွေ ကို ဘာသာရေး ဦးဆောင်သူ တွေ က မဆုံးမ ပဲ မသွန်သင် ပဲ ဘာသာသာသနာ ကို
> ကာကွယ်ဖို့ ဆို တဲ့ ၀ါဒဖြန့်မှု တွေ နဲ့ မှိုင်းတိုက်ပြီး အကြမ်း ဖက်မှု တွေ ကို
> ဖြစ်စေတာ ပဲ ဖြစ်တယ်.။ လူတွေ က ဆင်းရဲ တော့ ပညာမတတ် အတွေးအခေါ် အသိပညာ က မရှိ
> မချင့်ချိန်နိုင်ပဲ ကြိုးဆွဲ ရာ က ကြ စိတ်နောက် ကိုယ်ပါ လုပ် ကြနဲ့ လူသား မဆန်
> အော်ဂလီဆန်ချင်စရာ ဘီလူးသဘက် တွေ ဖြစ်ကြ ရတယ်။
>
> ဒီလူ တွေ က ဗုဒ္ဓဘာသာ ကို လဲ ကိုယ်စားမပြု ဘူး။ အစ္စလာမ်ဘာသာ ခရစ်ယာန် ဘာသာ တွေ
> ကို လဲ ကိုယ်စားမပြု ဘူး။
> အဟိတ်တိရစ္ဆာန် စိတ် အကုသိုလ်စိတ် မိုက် စိတ်ရိုင်းတွေ ကို ပဲ ကိုယ်စား ပြု
> ပါတယ်။ တိရစ္ဆာန် စိတ် လို့ ပြော ရ တာ တောင် မှား ပါတယ်။ တိရစ္ဆာန် လေး တွေ ကို
> အားနာပါတယ်။ တိရစ္ဆာန် လေး တွေ မှာ ဖြူစင်တဲ့ စိတ် ရိုးသားတဲ့ စိတ် ရှိ ပါတယ်။
> ကျား ခြင်္သေ့ တွေ တောင် ရက်စက်ကြမ်းကြုတ် ပေမဲ့ မယုတ်မာ ကြပါ။ လူသား ရဲ့ ယုတ်မာ
> ကောက်ကျစ်တတ် တဲ့ အထူး အကုသိုလ်စိတ် လို့ သာ ဆို ချင် ပါတော့တယ်။
>
> န ပရောပရံ နိကုဗ္ဗေထ နာတိ မညေထ ကတ္ထစိ န ကိဉ္စိ ဗျာရောသနာ ပဋိဃ နညမညဿ ဒုက္ခ
> မေစၦယ်.....
> လူ အချင်းချင်း လှည့် ပတ်ခြင်း အနိုင်ကျင့် နှိပ်စက်ညင်းပန်း သတ်ဖြတ် ခြင်း
> တို့ မှ ကင်းဝေးကြပါစေ။
>
>
> 2012/9/18 Ag Lu <aunglulay@gmail.com>
>>
>> တောင်ငူ အရေးအခင်ထဲက ရင်နင့်ဖွယ် အကြွေပန်းခြောက်ပွင့်
>>
>> ၂၀၀၀ ခုနှစ်၊ မေလအလယ်ပိုင်းနေ့ရက်တစ်ခုရဲ့ မြန်မာစံတော်ချိန် (၃)နာရီလောက်မှာ
>> ပတ်ဝန်းကျင်တစ်ခုလုံး အနီရောင်ပိတ်စ ခန္ဒာကိုယ်ပေါ် သိုင်းပတ်ထားတဲ့
>> လူတချို့နဲ့အတူ ဒုတ်၊ ဓား၊ ပုဆိန် အစရှိတဲ့ လူသတ်လက်နက်ကိုယ်စီကိုင်ဆောင်ထားတဲ့
>> ထောင်နဲ့ချီတဲ့လူတွေ တောင်ငူ၊ မန်းရပ်၊ ကန်တော်လမ်းမှာ တဖြည်းဖြည်း စုရုံး
>> ရောက်ရှိလာပြီးနောက် နေအိမ်၊ တိုက်တာ၊ အဆောက်အဦးတွေကို အုပ်စုလိုက် ၀င်ရောက်
>> ဖျက်ဆီး လုယက်ပြီး နာရီဝက်ခန့်အကြာတွင် ဆက်လက်၍ နေအိမ်များကို
>> မီးရှို့ဖျက်ဆီးကြလေရာ.....
>>
>> "ပါပါး မီးမီးတို့ ဒီရေကန်ကြီးထဲက ဘယ်တော့ အပြင်ကိုထွက်ရမှာလဲဟင်။"
>>
>> "ရူးးးးးးးးးးး မီးမီး အသံမထွက်နဲ့ တိတ်တိတ်နေ။ အောက်က အသံတွေကြားတယ်မလား၊
>> ပါပါးတို့ကို သတ်ပစ်လိမ့်မယ်။ သူတို့လက်ထဲမှာ ဓားအကြီးကြီးတွေ ပါတယ်။
>> မကြောက်ဘူးလား။"
>>
>> ဖခင်ဖြစ်သူက သုံးနှစ်မပြည့်သေးသောအရွယ် သမီးလေးကို လေ့သံတိုးတိုးဖြင့်
>> ရင်ခွင်ထဲ ကျစ်လစ်စွာ ထွေးပိုက်ရင်း ပြောလိုက်သောကြောင့် ကလေးများ
>> မျက်လုံးလေးများ ပြူးကာ ပေကလပ် ပေကလပ်လုပ်ရင်း ငြိမ်သွားကြလေတော့သည်။
>>
>> ထိုအချိန်၌...
>>
>> "ဟေ့ ဓာတ်ဆီလောင်း မြန်မြန်လောင်းကြဟေ့"
>>
>> မကြာခင် မီးစွဲလောင်သည့်အသံများကြားလာရပါပြီ။ မီးတင်ရှို့သည့် လောင်စာများမှာ
>> သိပ်မကြာခင်က ရွာသွန်းထားသည့် သင်္ကြန်မိုး၏ မိုးရေများ ရေစိုနေခြင်းကြောင့်
>> အငွေ့တလူလူ ထွက်လာသည်။
>>
>> "မာမားကြီး သားသား ချောင်းဆိုးချင်တယ်။ ဒီအုတ်ကန်ကြီးထဲမှာ မနေချင်တော့ဘူး။
>> အပြင်ထွက်ချင်တယ်။ အငွေ့တွေရှိတော့ သားသား ချောင်းဆိုးချင်တယ်။"
>>
>> "အင်းပါသားရယ် မာမားတို့ ခဏနေဆို အပြင်ထွက်ရတော့မှာပါ။ အခုတော့ ချောင်းလဲ
>> မဆိုးပါနဲ့နော်။ တော်ကြာ အပြင်က လူတွေ ကြားသွားလို့ မာမားတို့ကို မြင်သွားပြီး
>> ဓားနဲ့ ခုတ်သတ်လိမ့်မယ် သားလေးရဲ့။ မာမားရဲ့သားသားလေးက လိမ္မာပါတယ်။ ခဏလေးပဲ
>> စောင့်ပါနော်။ သားသားကြိုက်တဲ့ ချောကလက်တွေ ခဏနေ အပြင်ရောက်ရင်
>> အများကြီးကျွေးမယ်နော်။ လိမ္မာပါတယ်ကွယ်"
>>
>> ကိုယ်ဝန်လွယ်ထားပြီး မွေးရက်စေ့ဖို့ တစ်လခန့်သာလိုတော့တဲ့ မိခင်ဖြစ်သူက
>> သားဦးစုံတွဲအမွှာမောင်နှစ်မရဲ့ အငယ်လူဖြစ်တဲ့ သားလေးကို ချော့မြူလိုက်ပါတယ်။
>>
>> သုံးနှစ်တောင် မပြည့်သေးတဲ့ သိပ်ချစ်ရတဲ့ သမီးနဲ့သား စုံတွဲအမွှာတွေဟာ
>> အရွယ်နဲ့မလိုက်အောင် လိမ္မာတယ်။ ပြောတဲ့စကားတိုင်းကို လူကြီးတွေလို
>> နားလည်လွယ်သလောက် သိပ်ပါးနပ်ကြပြီး အရိပ်အကဲနားလည်တတ်တဲ့ ကျမဘ၀ရဲ့
>> ရှုမငြီးနိုင်တဲ့ ရင်သွေးလေးတွေပါ။ သူတို့ တီတီတာတာပြောနေတိုင်း အမြဲတမ်း
>> ကြည့်မ၀နိုင်ခဲ့ပါ။ ကျမရဲ့ ဘ၀၊ ကျမရဲ့ အသက်ကတော့ ဒီ သားနဲ့ သမီးပါပဲ။ အခုလဲ
>> ဆံပင်ရှည်ရှည် ပါးဖောင်းဖောင်း၊ မျက်ခုံးကောင်းကောင်း၊ အသားကလေး ဖွေးနေတဲ့
>> သမီးချောလေးကို ကြည့်ပြီး မျက်ရည်တွေ စို့လာမိပါတယ်။ သမီးလေး
>> မီးခိုးအငွေ့တွေကြောင့် သူပါးစပ်နဲ့နှာခေါင်းကို သူ့လက်ကလေး မလုံ့တလုံ
>> ပိတ်ထားရှာပါတယ်။ ရုတ်တရက် ခင်ပွန်းကို သတိထားမိလိုက်ပါတယ်။ အရူးတစ်ယောက်လို
>> အသံမထွက်ပဲ တရှိုက်ရှိုက်နဲ့ ကလေးတွေ မမြင်အောင် ငိုနေရှာတာပါ။
>> သူ့ရဲ့လက်ကလေးတွေကို ဖမ်းဆုပ်ပြီး နှလုံးသားချင်းဆက်သွယ်မိနေသလို
>> တစ်ယောက်နဲ့တစ်ယောက် အကြည့်တွေနဲ့ စကားတွေ ပြောနေမိပါတယ်။ မဖြစ်တော့ဘူး။
>> မီးခိုးတွေက သိပ်များလာပြီ။ သားနဲ့သမီးအတွက် နှစ်ယောက်စလုံး ဘာလုပ်ရမယ်ဆိုတာ
>> မတိုင်ပင်နိုင်ပါဘူး။ အခုရှိနေတာက ကျမတို့အိမ်က ရေတိုင်ကီထဲမှာပါ။
>> တခြားအချိန်မှာဆိုရင် ကလေးတွေ မျက်နှာသစ် သွားတိုက်တဲ့အချိန်မှာတောင်
>> ရေတွေစိုနေခဲ့ရင် အအေးမိ အဆုပ်ပွာမှာစိုးလို့ အင်္ကျီလဲ၊ ရေသုတ်တွေကို
>> ဂရုတစိုက်လုပ်ပေးခဲ့ပေမဲ့ အခုတော့ ဒီရေတိုင်ကီထဲက ရေတွေထဲမှာ
>> စိမ်ထားရသလိုဖြစ်နေပါတယ်။ ချစ်သားနဲ့သမီး အမွှာလေးတွေဟာ အရွယ်နဲ့မလိုက်အောင်
>> ရေတွေထဲမှာ နာရီပေါင်းများစွာကြာအောင် နေနေကြရပြီး ကြောက်ရွံတာကြောင့် အသံပင်
>> မထွက်ရဲလောက်အောင် ငြိမ်နေကြပါတယ်။ ကျမအတွေးတွေ ဟိုရောက်
>> ဒီရောက်ဖြစ်နေတဲ့အချိန် ရုတ်တရက်မှာပဲ....
>>
>> "အဟွတ် အဟွတ် အဟွတ်" မီးခိုးငွေ့တွေကြောင့် သားသားလေး မအောင့်နိုင်တော့ဘဲ
>> ကလေးသံလေးနဲ့ ချောင်းဆိုးသံတွေ ထွက်လာပါတော့တယ်။ ဒီအချိန်မှာပဲ ပြင်ပက
>> အသံတွေကတော့ ဆူညံနေတာကိုလဲ ရုတ်တရက် ကျမ စိုးရိမ်စွာနဲ့ သတိပြုမိလိုက်တော့
>> လွန်စွာ ဆူညံနေပါတယ်။
>>
>> "သာသနာ့အရေး ဒို့အရေး၊ သာသနာ့ကိစ္စ ဒို့ကိစ္စ၊ ဒို့သာသနာအဓွန့်ရှည်ဖို့
>> ကုလားများကို နှိမ်နင်းစို့"
>>
>> "ဒါတို့ပြေ၊ ဒါတို့မြေ၊ တို့ပိုင်တဲ့မြေ၊ ဝေးးးးးးးးးးးးးး၊ ရွှီးးးးးးးးး
>> ဖြောင်း ဖြောင်း ဖြောင်း"
>>
>> "ဖေ -ိုး မ ကုလားတွေ၊ ငါ -ိုးမ ကုလားတွေ၊ နှစ်မ-ိုး ကုလားတွေ ဟေးးးးး
>> ကုလားတွေကို မျိုးဖြုတ်ကြ၊ ကုလားမှန်ရင် ကလေးတောင် အရှင်မထားကြနဲ့"
>>
>> "ကျူပင်ခုတ် ကျူငုတ်ပါ မကျန်စေနဲ့ဟေ့၊ အပြတ်ကို ရှင်းပစ်ကြ"
>>
>> "ဟိုမှာ စတီးဂျိုင်လေးတစ်ခုပဲ၊ ကောက်ထား ကောက်ထား၊ ဟာ ဒီမှာ အားဆေးတစ်ပုလင်း
>> အိတ်ထဲထည့်ထားလိုက်"အစရှိတဲ့ ညာသံများပေးကာ၊ ကြုံးဝါးရင်း ရိုက်ထု၊ လုယက်
>> ခိုးယူသံတွေနဲ့အတူ အရာဝတ္တုများ မီးလောင်ကျွမ်းခြင်းကြောင့်ထွက်လာသော
>> ညှော်နံ့များဟာ ပတ်ဝန်းကျင်တစ်ခုလုံး ဖုံးလွှမ်းနေပါတယ်။
>>
>> "မာမား မီးမီး ဒီရေတွေထဲမှာ မနေချင်တော့ဘူး။ ရေတွေ ပူလာပြီ။
>> အပြင်ထွက်ချင်တယ်။ လိုက်ပို့ပေးးးးးးးး" သမီးငယ်ရဲ့ ဂျီကျသံ တိုးတိုးလေး
>> ထွက်ပေါ်လာချိန်မှာ ရုတ်တရက် ခင်ပွန်းဖြစ်သူ ကျမဘေးသို့ ပြုတ်ကျလာလေသည်။ ကျမ
>> အလွန်ထိတ်လန့်သွားပြီး ခင်ပွန်းကို အကြိမ်ကြိမ် လှုပ်နှိုးနေမိတော့သည်။ အချိန်
>> ဘယ်လောက် ကြာသွားသည် မသိ။ ကျမဘေးတွင် ထိုင်နေသော သားငယ် ငြိမ်သွားသည်ကိုလဲ
>> သတိပြုမိလိုက်သည်။ ကျမ ရင်ထဲက အပူမီးတွေ ဟုန်းဟုန်းတောက်လောင်ရလေပြီ။ ရေတွေက
>> တဖြည်းဖြည်း ပွက်ပွက်ဆူလာလေပြီ။ သမီးငယ်လေး ဒုက္ခဒဏ်ကို မခံစားနိုင်သော်လည်း
>> အသံမထွက်ရဲတာကြောင့် ကြိတ်၍
>>
>> "မာမား မီးမီးမနေချင်တော့ဘူး။ အရမ်းပူတယ်။ အပြင်လိုက်ပို့ပေးပါနော်။ အဟင့်
>> ဟီးးးးးးး ဟီးးးးးးး အီးးးးးးးးးးးးး"
>>
>> ကျမ ဘာလုပ်ရမှန်းမသိတော့ပါ။ ခြေမကိုင်မိ လက်မကိုင်မိဖြစ်နေရပါတယ်။
>> ခင်ပွန်းလည်း အသက်မရှိတော့။ သားငယ်လေးလဲ အသက်မရှိတော့။ လောကမှာ ကျမအတွက် ဒီ
>> သမီးငယ်လေးတစ်ယောက်သာ ကျန်ရှိတော့သည်။ ဘာလုပ်ရမည်နည်း။ ဒီသမီးငယ်လေးကို
>> ပွေ့ချီပြီး ရောက်နေသည့် တိုင်ကီပေါ်မှ ဘာဖြစ်ဖြစ် အောက်သို့
>> ခုန်ချလိုက်ရပါမည်လား။ ထိုအချိန်တွင် ကျမစိတ်ထဲ အလင်းတန်းလေး တစ်ခုဝင်လာသည်။
>> သမီးငယ်တို့ စကားတတ်ကတည်းက အရင်ဦးဆုံး ရွတ်ဖတ်တတ်စေခဲ့တဲ့ ကလိမာ
>> (အစ္စလာမ့်သရဏဂုံ)ကို သမီးလေးကို ရွတ်ဖတ်ဖို့ စေခိုင်းလိုက်မိပါတယ်။
>>
>> "သမီး လာအိလာဟ ဖတ်နေနော်။ ဖတ် ဖတ် ဖတ်။ လိမ္မာတယ်။"
>>
>> ထိုအချိန်တွင် ကလေးငယ်နဲ့မတန်အောင် ဝေဒတနာ ပြင်းပြင်းထန်ထန် ခံစားနေရသော
>> သမီးငယ်လေးဟာ ကြောက်လန့်ခြင်းကြီးစွာဖြင့် "လာ အိ လားးးး ဟ
>> အစ် လ လ် လား ဟု" တစ်လုံးခြင်း အသံတုန်တုန်ဖြင့် ဖတ်နေရာမှ
>> တစ်ဝက်တစ်ပျက်ဖြင့် အသံပျောက်သွားခဲ့လေပြီ။ သမီးလေးလဲ အလ္လာဟ်အမိန့်တော်
>> ခံယူသွားခဲ့ရှာလေပြီ။
>>
>> ကျမဘ၀ရဲ့ မျှော်လင့်ချက် ကျမအတွက် မှီခိုရာ လမင်းဟာလဲ ကွယ်ပျောက်သွားခဲ့ပြီ။
>> ကျမရဲ့ မျှော်လင့်ချက် ကြယ်ကလေးနှစ်ပွင့်ဟာလဲ တစ်ပွင့်ပြီး တစ်ပွင့်
>> ကြွေကျသွားခဲ့ပြီ။ ဒါပေမဲ့ ကျမ အားမလျှော့ဘူး။ ဒီအကြမ်းဖက်သမားတွေကို
>> တရားခွင်ကို ရောက်အောင်ပို့မယ်။ ကျမ ခံယူထားတယ်။ လူကိုလူလို့ပဲ မြင်တဲ့အခါ
>> ကမ္ဘာကြီးဟာ သိပ်လှမှာပါ။
>>
>> အခုတော့ သူတို့လူမျိုးတစ်မျိုးတည်းသာ ကမ္ဘာမှာ ရှိရမယ်။ သူတို့ဘာသာ လေမှာ
>> လွှင့်ဖို့ အယူအဆ မတူသူတွေကို လမ်းခင်းခဲ့ကြတယ်။ သူတို့ရဲ့ အကြမ်းဖက်ခံ
>> သားကောင်တွေမှာ ကျမနားက မျှော်လင့်ချက် အလင်းရောင်တွေကိုပါ ဆွဲလုသွားကြတယ်။
>> ဒီဖြစ်ရပ်မျိုးတွေ ကျမနေတဲ့ ပတ်ဝန်းကျင်မှာ ဘယ်လောက်များ ဖြစ်နေတာလဲ။
>> အခုချိန်မှာ ကျမ သတ္တိတွေမွေးပြီး သူတို့ကို တရားဥပဒေဆီ ရောက်အောင်ခေါ်ဖို့
>> အားတင်းထားပါတယ်။
>>
>> ရတယ်။ ရပါတယ်။ ကျမမှာ ဗိုက်ထဲက ကလေး ကျမရင်သွေးလေး ရှိပါသေးတယ်။ သူ့အတွက် ကျမ
>> အသက်ရှင်နေအုံးမယ်။ အားတင်းထားတယ်။ ကျမ အဖေနဲ့အမေ၊ အစ်ကိုမောင်တွေရော အခု
>> ဘယ်မှာရှိနေကြလဲ။ သူတို့ရော အသက်တွေ ရှိကြသေးလား။ ကျမလို ကိုယ်းကွယ်ရာ
>> ဘာသာတူတဲ့သူတွေထဲက ဘယ်သူတွေ အသက်ရှင်ကြသေးလဲ။ သူတို့ရဲ့အိုးအိမ်တွေရော
>> အကောင်းကျန်သေးရဲ့လား၊ ဗလီတွေ ဘယ်နှစ်လုံးလောက် ဖြိုချခံလိုက်ရပြီလဲ။
>> ရက်စက်လိုက်ကြတာ။ ကျမ ဘာလုပ်ပေးနိုင်လဲ။ ကျမကိုယ်တိုင် မပေါ့မပါးကြီး။
>>
>> အလွန်ကို ခံပြင်းမိတယ်။ ရင်ထဲရှိတာတွေကို နှုတ်ကနေ အော်ဟစ်
>> ဖွင့်ထုတ်လပစ်လိုက်ချင်တယ်။ အော်ဟစ်လိုက်ရင် သူတို့ကြားသွားလိမ့်မယ်။ ကျမကို
>> တွေ့အောင်ရှာပြီး သတ်ပစ်လိမ့်မယ်။ ကျမ သေလို့ မဖြစ်သေးဘူး။ ကျမ
>> ငြိမ်ငြိမ်နေလိုက်တယ်။ ကျမကိုယ်ကျမ နှစ်သိမ့်လိုက်တယ်။
>>
>> တမန်တော်မြတ်ကြီးဟာ အကြိမ်ကြိမ် အစော်ကားခံခဲ့ရတယ်။ ကျမထင်တယ်။ ရဲရဲဝံ့ဝံ့ကို
>> ဟစ်ကြွေးရဲပါတယ်။ ကမ္ဘာပေါ်မှာ နည်းလမ်းမျိုးစုံနဲ့
>> အစော်ကားခံရဆုံးပုဂ္ဂိုလ်ဆိုတာကို ဂင်းနစ် မှတ်တမ်းသွင်းကြေးဆိုရင် ဒီနေ့ထိ
>> အဲ့ဒီမှတ်တမ်းရဲ့ စံချိန်မှာ ကျမတို့ချစ်ရတဲ့ တမန်တော်မိုဟမ္မဒ်ကို ဘယ်သူမှ
>> စံချိန်ဖျက်နိုင်မှာ မဟုတ်ပါဘူး။ ဒါပေမဲ့ ဒီတမန်တော်ကြီးရဲ့ဘ၀မှာ
>> အချမ်းသာခဲ့ဆုံးက သည်းခံခြင်းဆိုတဲ့ မေတ္တာတရားပါ။ တမန်တော်ကြီးမိုဟမ္မဒ်ဟာ
>> နှုတ်ပါးစပ်က ဖွင့်ဟပြီး လူအထင်ကြီးအောင် အော်ဟစ်တဲ့ မေတ္တာတရားရှင်မဟုတ်ဘဲ
>> စိတ်နှလုံးသားထဲက ဖြူစင်စွာနဲ့ လူမသိအောင် ကြိတ်ခံတတ်တဲ့ မဟာလူသား
>> မေတ္တာတရားရှင်ပါ။ မိမိ နောက်လိုက်တွေကိုလဲ ဒီလမ်းစဉ်ကိုပဲ ကျင့်သုံးဖို့
>> အတန်တန် မှာတမ်းချွေခဲ့ပါတယ်။
>>
>> ကျမက သူ့နောက်လိုက်ပဲ။ ကျမသည်းခံရမယ်။ သည်းခံမယ်။
>>
>> ကျမတို့ ကိုယ်တော်မြတ်ကြီး မိန့်ခဲ့တာကို သတိရတယ်။ "မွတ်စလင်တွေအတွက် လောကဟာ
>> ငရဲပါ"။ အခု ရေတွေ ပွက်ပွက်ဆူနေပြီ။ ကျမ အသက်ရှုလို့ မရတော့အောင်
>> မီးခိုးငွေ့တွေနဲ့ မွန်းကြပ်နေပြီ။
>>
>> ကျမ အလွတ်ကျက်ထားသမျှ ကုရ်အာန်ကျမ်းစာတွေကို ရေနွေးပူနဲ့
>> မီးခိုးငွေ့တွေကြားမှာ ရွတ်ဆိုနေမိတယ်။ ကျမ မျက်ရည်တွေ ခမ်းခြောက်နေပါပြီ။
>> ရတယ်။ ဒီအပူဒဏ်ကို ကျမ ဆက်ပြီး ကြိတ်မှိတ်ခံမယ်။ ဒါပေမဲ့ ကျမ ၀မ်းထဲက
>> ၈-လသားလေးကတော့ ကျမဗိုက်ထဲက သွက်သွက်ခါအောင် ရုန်းကန် လှုပ်ရှား ဆန္ဒပြနေပါတယ်။
>> သူ့အတွက် ကျမ အလွန်ကို စိုးရိမ်နေရပါပြီ။ ကျမဘ၀ရဲ့ နောက်ဆုံးသော မျှော်လင့်ချက်
>> အလင်းရောင်လေး။ သူ ကြွေလွင့်သွားမှာ စိုးပါတယ်။
>>
>> ကျမ မခံနိုင်အောင် ပူနေပါပြီ။ တကယ်တော့ ကျမတို့ မိသားစုဟာ ဘယ်သူ့ကိုမှ
>> ယုတ်စွအဆုံး ဘာသာတူ ဘာသာကွဲတွေအပေါ်မှာ ကိုယ်၊ စိတ်၊ နှလုံး သုံးပါးနဲ့
>> ဘာတစ်ခုမှ ပြစ်မှား ကျူးလွန်ခဲ့ဖူးတာ မရှိပါဘူး။ လူမျိုး/ဘာသာ မခွဲခြားဘဲ
>> အလှူအတန်းတွေ လုပ်ခဲ့တယ်။ အားလုံးကို လူလိုပဲ ဆက်ဆံခဲ့တယ်။
>>
>> အခု ဒီ လူမျိုးရေးဝါဒနဲ့ မျက်ကန်းမျိုးချစ်တွေရဲ့ တစ်ဖက်သက်အစွန်းရောက်
>> လူမဆန်မှုတွေက မကောင်းမှု လုပ်ရပ်တွေပါ။ မကောင်းမှု လုပ်ရပ်တိုင်းရဲ့ အကျိုးဆက်ဟာ
>> မကောင်းကျိုးတွေပဲမို့ မကောင်းကျိုးတွေကိုပဲ တစ်နေ့ အရှင်မြတ်က သူတို့ကို
>> အစားပေးလိမ့်မယ်လို့ ကျမ ယုံကြည်ပါတယ်။ ဘာသာ သာသနာကို ခုတုံးလုပ်ပြီး လူကို
>> လူလို မမြင်ဘဲ ကျမတို့ အစ္စလာမ် ဘာသာဝင် အပြစ်မဲ့ ပြည်သူတွေကို ဘာသာတစ်ခုရဲ့
>> ခေါင်းဆောင်ဆိုတဲ့သူတွေက ဦးဆောင်ပြီး ဒုက္ခပေးနှိပ်စက်နေတဲ့အချိန်မှာ
>> ပြည်သူ့အသက် အိုးအိမ်စည်းစိမ်လုံခြုံရေးကို ကာကွယ်ပေးနေပါတယ်ဆိုတဲ့
>> ဘယ်အာဏာပိုင် အဖွဲ့အစည်းတွေမှ လာပြီး မကာကွယ်ပေးကြပါလား။
>>
>> ကျမတို့မိသားစုလို ထပ်တူ မွတ်စလင်မ်တွေ ဘယ်လောက်သေကြရမှာလဲ ကေတုမတီရယ်။ ကျမ
>> အသက်ငွှေ့ငွေ့ထဲတွင် တရားမျှတခြင်းနဲ့ လူ့အခွင့်အရေး ချိုးဖောက်သူများကို
>> လူ့အခွင့်အရေး ချိုးဖောက်စေရန် သွေးထိုး လှုံ့ဆော်ခဲ့တဲ့ အဓိကတရားခံ
>> ဘယ်သူတွေလဲဆိုတာ သိချင်နေတယ်။ ကျမ ရေအရမ်းဆာနေလို့ ရေတွေကို လက်ဖ၀ါးနဲ့တောင်
>> မခပ်ယူနိုင်တော့ဘူး။ ကျမရွတ်ဆိုလိုက်တယ်။
>>
>> "လားအိလားဟ အစ်လလ္လားဟု မိုဟမ္မဒွရ် ရစူးလွလ္လာဟ်"
>> (အဓိပ္ပါယ်) အလ္လာဟ်အရှင်မြတ်မှအပ တခြား အကိုယ်းကွယ်ခံထိုက်သူမရှိကြောင်းနှင့်
>> မိုဟမ္မဒ် (PBUH) ကိုယ်တော်သည် အရှင်မြတ်၏ စေလွှတ်သော စေတမန်တော်ဖြစ်ပါသည်။
>>
>> ရက်(၃၀)ခန့်ကြာပြီးနောက်...
>>
>> တောင်ငူမြို့က ကန်တော်လမ်း မန်းရပ်တစ်ခုလုံး မီးလောင်ပြင်က ပျံ့လွင့်လာတဲ့
>> ပုပ်စော်နံ့ဟာ မခံနိုင်အောင် ရနေတာမို့ နေရာတွင် သေသွားလောက်ပါတယ်။ ဒီတော့
>> ရပ်ကွက်တာဝန်ရှိသူတွေ ပိုက်ဆိပ်တိုက် တောနင်း ရှာကြတဲ့အခါ ရှင်းလင်းပြာကျနေသည့်
>> မီးလောင်းပြင်တစ်ခုရဲ့နောက်မှာ ပြိုကျခါနီးရေချိုးကိန်းအိမ်သာရဲ့အပေါ်က
>> ရေတိုင်ကီတစ်ခုအတွင်းမှာ မြင်မကောင်း ရှုမကောင်းလောက်အောင် ဘ၀ပြောင်းနေရှာတဲ့
>> မိသားစု လေးဦးရဲ့အလောင်းကို ရှာဖွေသူများ တွေ့ရှိကြရလေတယ်။
>>
>> ယူကြုံးမရဖြစ်စရာကောင်းတာက သေဆုံးသွားတဲ့ မိသားစုရဲ့ အိမ်ထောင်ဦးစီးနဲ့
>> အရင်းနှီးဆုံး သူငယ်ချင်းတစ်ဦးက ဘာသာဓလေ့ထုံးတမ်းစဉ်လာနဲ့အညီ မြေချဖို့
>> အလောင်းကောက်တဲ့အချိန်မှာ သေဆုံးသူ အမျိုးသမီးရဲ့ ၀မ်းဗိုက်ပွင့်ပြီး
>> မိန်းကလေးအမွှာလေးတွေရဲ့ အလောင်းကိုပါ တွေ့ရှိလို့ မြင်ရသူတိုင်း
>> မျက်ရည်ဝဲမိကြပါတော့တယ်။
>>
>> (အစ္စလာမ်ဘာသာဝင် မွတ်စလင်မ်များအား လူမျိုးတုန်း သတ်ဖြတ်ရေးလုပ်ငန်း
>> ဖော်ဆောင်ရေး စီမံကိန်းတိုင်းမှာ လက်မရွံ့ အုပ်စုဖွဲ့ သွားရောက်
>> သတ်ဖြတ်ပေးနေတဲ့ မန္တလေးနေပြည်တော်က အရေခြုံသာသနာဝင်ခေါင်းဆောင်အချို့
>> ဘုရားမကြိုက်တဲ့အလုပ်ရဲ့ လက်သည်တွေ၊ ဓမ္မနဲ့မှတ်ကျောက်တိုက်ကြည့်စေနိုင်ဖို့
>> အမှတ်တရ...)
>>
>> လေးစားစွာဖြင့် -
>> ခေဋီဈက်အို
>>
>> (ကူညီ တွဲဖက်ရေးသားပေးသော ဆရာ စနေမောင်မောင် ဘားမားအား ကျေးဇူးအထူးတင်ပါတယ်)
>>
>> --
>> မှော်ဆရာအဖွဲ့ မှ နေ့ စဉ်မေးလ်များ ရယူလိုပါက
>> http://groups.google.com/group/mrsorcerer/subscribe?hl=en ကို နှိပ်ပြီး
>> မန်ဘာဝင်နိုင်ပါသည် ။
>> မန်ဘာဝင်များ မိမိတို.သိထားသည်များကို မျှဝေလိုပါက
>> mrsorcerer@googlegroups.com သို. မေးလ်ပို.နိုင်ပါသည် ။
>> မှော်ဆရာအဖွဲ့ မှ နှုတ်ထွက်လိုလျှင် mrsorcerer+unsubscribe@googlegroups.com
>> ကိုနှိပ်ပြီး မေးလ်ပို.ပါ ။
>> စာလက်ခံလိုသည့်ပုံစံ ပြင်လိုလျှင်
>> http://groups.google.com/group/mrsorcerer?hl=en ကို သွားပါ ။
>> မှော်ဆရာ အဖွဲ့ ၏ စည်းကမ်းများကို သိလိုလျှင်
>> http://groups.google.com/group/mrsorcerer/browse_thread/thread/af2f4a1d44d4d909?hl=en
>> တွင် ဖတ်ရှုနိုင်ပါသည် ။
>>
>> Facebook (FB) မှော်ဆရာအဖွဲ့သို့ Mail ပို့လိုလျှင်
>> mrsorcerer2@groups.facebook.com
>> FB မှော်ဆရာအဖွဲ့သို့ ၀င်ရန်
>> http://www.facebook.com/home.php?sk=group_173571176006981&ap=1
>>
>> မှော်ဆရာ အဖွဲ့ နှင့်ပက်သက်၍ ဝေဖန်အကြံပြုလိုပါက >>>
>> ဦးဦး မှော်ဆရာ ( mrsorcerer9@gmail.com, mrsorcerer27@gmail.com ) ထံသို.
>> ပေးပို.နိုင်ပါသည် ။
>>
>> ခင်မင်စွာဖြင့်
>> ဦးဦး မှော်ဆရာ
>
>
> --
> မှော်ဆရာအဖွဲ့ မှ နေ့ စဉ်မေးလ်များ ရယူလိုပါက
> http://groups.google.com/group/mrsorcerer/subscribe?hl=en ကို နှိပ်ပြီး
> မန်ဘာဝင်နိုင်ပါသည် ။
> မန်ဘာဝင်များ မိမိတို.သိထားသည်များကို မျှဝေလိုပါက mrsorcerer@googlegroups.com
> သို. မေးလ်ပို.နိုင်ပါသည် ။
> မှော်ဆရာအဖွဲ့ မှ နှုတ်ထွက်လိုလျှင် mrsorcerer+unsubscribe@googlegroups.com
> ကိုနှိပ်ပြီး မေးလ်ပို.ပါ ။
> စာလက်ခံလိုသည့်ပုံစံ ပြင်လိုလျှင်
> http://groups.google.com/group/mrsorcerer?hl=en ကို သွားပါ ။
> မှော်ဆရာ အဖွဲ့ ၏ စည်းကမ်းများကို သိလိုလျှင်
> http://groups.google.com/group/mrsorcerer/browse_thread/thread/af2f4a1d44d4d909?hl=en
> တွင် ဖတ်ရှုနိုင်ပါသည် ။
>
> Facebook (FB) မှော်ဆရာအဖွဲ့သို့ Mail ပို့လိုလျှင်
> mrsorcerer2@groups.facebook.com
> FB မှော်ဆရာအဖွဲ့သို့ ၀င်ရန်
> http://www.facebook.com/home.php?sk=group_173571176006981&ap=1
>
> မှော်ဆရာ အဖွဲ့ နှင့်ပက်သက်၍ ဝေဖန်အကြံပြုလိုပါက >>>
> ဦးဦး မှော်ဆရာ ( mrsorcerer9@gmail.com, mrsorcerer27@gmail.com ) ထံသို.
> ပေးပို.နိုင်ပါသည် ။
>
> ခင်မင်စွာဖြင့်
> ဦးဦး မှော်ဆရာ
--
မှော်ဆရာအဖွဲ့ မှ နေ့ စဉ်မေးလ်များ ရယူလိုပါက http://groups.google.com/group/mrsorcerer/subscribe?hl=en ကို နှိပ်ပြီး မန်ဘာဝင်နိုင်ပါသည် ။
မန်ဘာဝင်များ မိမိတို.သိထားသည်များကို မျှဝေလိုပါက mrsorcerer@googlegroups.com သို. မေးလ်ပို.နိုင်ပါသည် ။
မှော်ဆရာအဖွဲ့ မှ နှုတ်ထွက်လိုလျှင် mrsorcerer+unsubscribe@googlegroups.com ကိုနှိပ်ပြီး မေးလ်ပို.ပါ ။
စာလက်ခံလိုသည့်ပုံစံ ပြင်လိုလျှင် http://groups.google.com/group/mrsorcerer?hl=en ကို သွားပါ ။
မှော်ဆရာ အဖွဲ့ ၏ စည်းကမ်းများကို သိလိုလျှင် http://groups.google.com/group/mrsorcerer/browse_thread/thread/af2f4a1d44d4d909?hl=en တွင် ဖတ်ရှုနိုင်ပါသည် ။
Facebook (FB) မှော်ဆရာအဖွဲ့သို့ Mail ပို့လိုလျှင် mrsorcerer2@groups.facebook.com
FB မှော်ဆရာအဖွဲ့သို့ ၀င်ရန် http://www.facebook.com/home.php?sk=group_173571176006981&ap=1
မှော်ဆရာ အဖွဲ့ နှင့်ပက်သက်၍ ဝေဖန်အကြံပြုလိုပါက >>>
ဦးဦး မှော်ဆရာ ( mrsorcerer9@gmail.com, mrsorcerer27@gmail.com ) ထံသို.
ပေးပို.နိုင်ပါသည် ။
ခင်မင်စွာဖြင့်
ဦးဦး မှော်ဆရာ
- Kachin
- Kachin Version
- - Kachin News Group
- Help Us to Find More...
- Burmese Version
- - Kachin News Group
- - Kachin Daily News
- Help Us to Find More...
- Kayar
- Karenni Version
- - Kantarawaddy Time
- Help Us to Find More...
- Burmese Version
- - Kantarawaddy Time
- Help Us to Find More...
- English Version
- - Kantarawaddy Times
- Help Us to Find More...
- Kayin
- Burmese Version
- - Kayin Information Center
- Help Us to Find More...
- English Version
- - Kayin News
- - Kayin Human Rights Group
- Help Us to Find More...
- Chin
- Dialects Languages
- - Chin TV
(Falam language) - - Chin TV
(Haka language) - - Faiceu
(Haka language) - - Zobawm
(Mizo language) - - Chin Star
(Haka language) - - Chinland Today
(Falam language) - - Global Chin News (Falam language)
- Help Us to Find More...
- Burmese Version
- - Chin World
- - Khonumthung
- Help Us to Find More...
- English Version
- - Chinland guardian
- - Khonumthung
- Help Us to Find More...
- Zomi
- Burma
- Mon
- Mon Version
- - Independent Mon News Agency
- Help Us to Find More...
- Burmese Version
- - Independent Mon News Agency
- Help Us to Find More...
- English Version
- - Independent Mon News Agency
- - Human Rights Foundation of Monland
- Help Us to Find More...
- Rakhine
- Burmese Version
- - Arakan Laywaddy
- Help Us to Find More...
- English Version
- - The Arakan Times
- - Laywaddy
- - Narinjara
- Help Us to Find More...
- Shan
- Shan Version
- - Shan Panglong
- - Tai Freedom
- Help Us to Find More...
- Burmese Version
- - Shan Panglong
- Help Us to Find More...
- English Version
- - Shan Panglong
- - Tai Freedom
- Help Us to Find More...
- Videos