Re: [mrsorcerer:31764] မိုးပြာ ဦးဥာဏ လွတ် မြောက် လာ ပြီလား။

ကိုဖုန်းလှိုင် ရေ..။

ကျွန်တော် က ထေရ၀ါဒဗုဒ္ဓဘာသာဝင် တစ်ယောက် မဟုတ်ပါ။ မိုးပြာ ဂိုဏ်းသား လဲ မဟုတ်ပါ။ ဘာသာခြား ဗုဒ္ဓဘာသာဝင်မဟုတ်သူ လဲ မဟုတ်ပါ။ ဗုဒ္ဓဓမ္မ ကို လွတ်လပ်ပွင့်လင်းတဲ့ စိတ်ထားနဲ့ နှစ်ပေါင်း ၃၀ လေ့လာခဲ့ တဲ့ လေ့လာနေဆဲလဲ ဖြစ်တဲ့ သာမန် ဗုဒ္ဓ၀ါဒီ တစ်ဦးပါပဲ။

မိတ်ဆွေ ပြောတဲ့ ((မိုးပြာဂိုဏ်းရဲ့အယူအဆဟာ ထေရဝါဒဗုဒ္ဓဘာသာရဲ့အယူအဆနဲ့ တခြားစီဘဲ)) ဆို တာ အမှန်ပါပဲ။
တကယ်တော့ အယူအဆ တစ်ခု နဲ့ တစ်ခု ဘာသာတရားတစ်ခု နဲ့ တစ်ခု ဟာ တစ်ခြားစီ တွေ ပဲ မဟုတ်လား။ အကြမ်းဖျင်း ယေဘုယျ ဆင်တူတာတွေ ရှိနိုင်ပေမဲ့ အသေးစိတ် မှာ တော့ မတူ ရေးချ မတူ ပဲ ပေါ့နော်။ ဒီ တော့ မိုးပြာဂိုဏ်းရဲ့အယူအဆဟာ  ထေရဝါဒဗုဒ္ဓဘာသာရဲ့အယူအဆနဲ့ တခြားစီဘဲဆို တာ ဘာထူးဆန်းသလဲ။

မတူလို့ ပဲ ခြားနားနေတဲ့ အမြင်တစ်ရပ် ကို ဦးဥာဏ က တခုတ်တရ (ထောင်ကျခံပြီး) ပြော နေတာ မဟုတ်လား။ တူရင် ဘာမှ ပြောစရာ မရှိ။
ကျွန်တော် က ထေရ၀ါဒဗုဒ္ဓဘာသာဝင် တစ်ယောက် မဟုတ် လို့ ကမ္ဘာပေါ်မှာ ထေရ၀ါဒ သည်သည် အမှန်ကန်ဆုံး အမြင့်မြတ်ဆုံး သစ္စာတရား လို့ လုံးဝ မခံယူထားပါဘူး။ ဒီလိုပဲ မိုးပြာ ဂိုဏ်းသား မဟုတ်လို့ မိုးပြာ အယူအဆ ပဲ အမှန်ကန်ဆုံး လို့ မမြင်ပါဘူး။ ဒါတွေ ကို ဗုဒ္ဓ၀ါဒ ရဲ့ အသွင်အမျိုးမျိုး လို့ ပဲ ရိုးရိုးလေး မြင်ပါတယ်။

ကမ္ဘာပေါ်မှာ ထေရ၀ါဒ သည်သည် အမှန်ကန်ဆုံး အမြင့်မြတ်ဆုံး သစ္စာတရား လို့ ခံယူနေသူတွေ ရှိရင် လဲ ဒီလိုခံယူမှု ဟာ ခံယူမှု သက်သက် ယုံကြည်မှု သက်သက် ပဲ ဖြစ်တဲ့ အကြောင်း လူသား အားလုံး လက်ခံ နိုင်တဲ့ ယေဘုယျဓမ္မဒိဋ္ဌာန်ကျတဲ့ အမြင် တစ်ခု မဟုတ်ကြောင်း ပဲ ပြော လို ပါတယ်။ ဒီ အကြောင်းအရာ နဲ့ ပတ်သက်လို့ (ကမ္ဘာပေါ်မှာ ထေရ၀ါဒ သည်သည် အမှန်ကန်ဆုံး အမြင့်မြတ်ဆုံး သစ္စာတရား လို့) ယေဘုယျဓမ္မဒိဋ္ဌာန်ကျတဲ့ အမြင် တစ်ခု နဲ့ ရှင်းပြနိုင်သူ လူပညာရှိ ရဟန်းပညာရှိ တစ်စုံတစ်ယောက် ရှိခဲ့ ရင် လဲ အချိန်မရွေး ဖိတ်ခေါ် ပါတယ်။ ဆွေးနွေးဖို့ အသင့် ပါပဲ ဆို တာ ပြော ပါရစေ။

ဒီ ပို့စ် က လဲ ဘယ်ဘာသာ က အမှန်ဆုံးဆို တာ ရေးထားတာ မဟုတ် ပါ (ဒီမေးခွန်း ကို စိတ်မ၀င်စားပါ)။ အခုလတ်တလော ဖြစ်တဲ့ ကောလဟာလသတင်း ဂယက် လေး တစ်ခု အပေါ် သုံးသပ်ထားချက် နဲ့ မိမိ ရဲ့ ဦးဥာဏ အပေါ် ထားတဲ့ ပုဂ္ဂိုလ်ရေး အမြင် တွေ ပါပဲ။ မိတ်ဆွေ ပေးတဲ့ Video Link အတွက် ကျေးဇူး အထူးတင်ရှိပါတယ်..။ဒါပေမဲ့ ဆရာတော်ဦးဥာဏိဿရ က ထေရ၀ါဒ ကိုယ်စားပြု သော ပုဂ္ဂိုလ် ဖြစ်လို့ သူ့ အမြင် က လဲ ယေဘုယျဓမ္မဒိဋ္ဌာန်ကျတဲ့ အမြင် တစ်ခု မဖြစ်နိုင်ပါ။ ထေရ၀ါဒ ရဲ့ အမြင် အနေနဲ့ ပဲ လက်ခံပါတယ်။ သူ့ နေရာ မှာ မိုးပြာဝါဒီတစ်ယောက် မဟာယာန၀ါဒီ တစ်ယောက် ခရစ်ယာန်ဘာသာဝင် တစ်ယောက် ကို ပြောခိုင်း ရင် အခြား အမြင် တွေ ကို ကြားရမှာ အသေအချာ ပါပဲ။

တကယ်တော့ ဘာသာတရားတစ်ခု ကို ဝေဖန်တယ် ဆို တာ လွယ်ပါတယ်။ လောက မှာ အပြစ်ပြော အနာအဆာ ရှာ ဖွေတဲ့ အလုပ် က အလွယ် ဆုံး မို့ ပါပဲ...။ ဒါပေမဲ့ ဘာသာဓမ္မတရား တွေ ကို လေ့လာကြည့်တယ် အခါ အားလုံး က သူ့ အလှနဲ့ သူ သူ့တန်ဖိုးနဲ့သူ ဆိုတာ ကို ပဲ တွေ့ရပါတယ်။ ပန်းတွေ အားလုံး အလှကိုယ်စီ ရှိကြတယ်။ နှင်းဆီ က သဇင်ထက် ပိုလှတယ် သဇင် က ဂန္ဓမာထက် ပိုလှတယ် ဂန္ဓမာ က သစ်ခွ ထက်ပိုလှတယ် သစ်ခွ က နှင်းဆီထက် ပိုလှတယ်...ဆို တာ တွေ ငြင်း နေလို့ အပိုပါ။ ဒီလို ပါပဲ..အားလုံးထက် သာလွန်ကောင်းမြတ်တဲ့ ဘာသာတရားတစ်ခု ကို ရှာ ဖွေ နေတာ အချည်းနှီးပါပဲ။ ကိုယ် ယုံကြည်တဲ့ လမ်း ကိုယ်လျှောက် ကြပြီးတော့ ကျီး ကို ခင်ဘုတ် ရိုသေ ခင်ဘုတ် ကို ကျီး ရိုသေ ဖြစ်နေကြဖို့ ပါပဲ ဆို တာ ပြော ပါရစေ ကို ဖုန်းလှိုင်။



2012/9/20 phone hlaing <phlaingm@yahoo.com>
မိတ်ဆွေဟာ ထေရဝါဒဗုဒ္ဓဘာသာဝင်တယောက်ဆိုရင်
မိုးပြာဂိုဏ်းရဲ့အယူအဆဟာ ထေရဝါဒဗုဒ္ဓဘာသာရဲ့အယူအဆနဲ့ တခြားစီဘဲဆို
တာအောက်ကYOUTUBE VIDEO ကိုကြည့်ပြီးရင် သဘောပေါက်လာ
မှာမပါ။
တကယ်လို့ မိတ်ဆွေဟာ ဗုဒ္ဓဘာသာဝင်မဟုတ်ဘူးဆိုရင်တော့ ဗုဒ္ဓဘာသာနဲ့ ပတ်သက်
လို့ ဝေဖန်ချင်ရင် ထေရဝါဒဗုဒ္ဓဘာသာ ဘာလဲဆိုတာအရင်နားလည်
အောင်လေ့ လာပြီးမှ ဝေဖန်ဖို့ အကြံပြုလိုက်ပါတယ်။
 
 
ASHIN NYARNESARA .MOE PYAR WARDA
 


Wishing you have peace of mind,

Phone Hlaing
PEACEFUL BURMA/
FWUBC-Federation of Workers' Union of the Burmese Citizens (in Japan)
Phone: 0(81)3-6904-2414
Mobile: 0(81)90-5318-5054
peacefulburma.blogspot.com
DHAMMA PUSAR
SITAGU ASSOCIATION (SLOGAN)
With no thought of pride or glory,with utmost humility,we resolve to make
better the world we live in to promote our Sasana(Teaching of the Buddha),
to the best of our ability.
We resolve to make and effort to beautify our lives in this world we live in,
to promote Sasana ardently, and to make our country prosperous with the best
of our ability but without arrogance.

--- On Wed, 9/19/12, Lynn Htet Swe <myatchitshin@gmail.com> wrote:

From: Lynn Htet Swe <myatchitshin@gmail.com>
Subject: [mrsorcerer:31742] မိုးပြာ ဦးဥာဏ လွတ် မြောက် လာ ပြီလား။
To: "Lynn Htet Swe" <myatchitshin@googlemail.com>
Date: Wednesday, September 19, 2012, 1:58 AM

နိုင်ငံရေး အကျဉ်းသား (၈၇) ဦး ကို နိုင်ငံတော်အစိုးရက လွှတ်ပေးလိုက် ချိန်မှာ မိုးပြာ ဦးဥာဏ လွတ်သွား ပြီလား ဆိုတဲ့ သံသယမေးခွန်းတွေ က ရိုးရာဗုဒ္ဓဘာသာစွဲကြီးသူတွေ အကြားမှာ တော်တော် လေး ရိုက်ခတ်လို့ သွားပါတယ်။ သိရသလောက်တော့ မြစ်ကြီးနားထောင် မှ လွှတ်ပေးတဲ့ သတင်းမကြား မိသေး လို့ မလွတ်သေးဘူး လို့ ပဲ ယူဆပါတယ်။ သိပ်လည်း စိတ်မပူကြပါနဲ့ ဒေါမနဿတွေ မပွားကြပါနဲ့ လို့ ရိုးရာဗုဒ္ဓဘာသာစွဲကြီးသူတွေကို နှစ်သိမ့်ချင်ပါတယ်။ မိတ်ဆွေ တို့ ထိန့်လန့်တုန်လှုပ်နေတဲ့ နဂါးကြီး က လှောင်ချိုင့် ထဲ မှာ ပဲ အကျဉ်း ကြနေတုန်းပါပဲ။ မတရားတဲ့ ခေတ်ဟောင်း တစ်ခု ရဲ့ ဒဏ်ကို ဆက်လက် ခံစား နေဆဲ ပါ။ ရိုးရာဗုဒ္ဓဘာသာစွဲကြီးသူတွေဖြစ်ချင်တဲ့ အတိုင်း ပဲ ပိုနေမြဲကျားနေမြဲ ရှိနေဆဲပါပဲ။

ဦးဥာဏ ကို ထောင်ချခဲ့ တာ က သာသနာတော်ညိုးနွမ်းစေမှု နဲ့ ဆိုင်ဘာဥပဒေ တွေ နဲ့ ပါ။ ဆိုင်ဘာဥပဒေ ကိုယ်တိုင် က မကြာခင် ပြင်ဆင် ရတော့ မှာ ဖြစ်တယ်။ ပွင့်လင်းတဲ့ လူ့ အဖွဲ့ အစည်း မှာ မရှိသင့်တော့ လိုပါပဲ။ သာသနာတော်ညိုးနွမ်းစေမှု ဆို တာ က တော့ Blasphemy Law ပါ။ ကမ္ဘာနိုင်ငံ တွေ ထဲ မှာ အထူး သဖြင့် အစ္စလာမ်ဘာသာ ကို နိုင်ငံတော်ဘာသာ အဖြစ်ပြဋ္ဌာန်း တဲ့ နိုင်ငံတွေ မှာ သေဒဏ် တောင် ပေးတဲ့ ဥပဒေပါပဲ။ ဒါပေမဲ့ အမေရိကန် အင်္ဂလန် နဲ့ အိန္ဒိယ စတဲ့ နိုင်ငံတွေ နဲ့ စကန်ဒီနေဗီယန်း တိုင်းပြည် တွေ မှာ ဒီ ဥပဒေ မရှိပါ..ရှိခဲ့ ရင် တောင်.အသက်မ၀င်ပါ။ ဒီ တော့ ဒီ ဥပဒေ က လွတ်လပ်စွာ ပြောဆို နိုင်ခွင့် နဲ့ လူ့ အခွင့် အရေးတွေ ရဲ့ ရေချိန် လို တောင် ဖြစ်တာ ကို တွေ့ ရတယ်။ ဒီဥပဒေ က အသာစီးရနေတဲ့ လူများစုရဲ့ ဘာသာရေး အုပ်စု တွေ ကို အကာကွယ်ပေးဖို့ ဖန်တီး ထားတာ ပဲ ဖြစ်ပြီး လူနည်းစု တွေ ရဲ့ ဘာသာရေး တွေ စော်ကားခံနေရ တာ တွေအတွက် တော့ အသုံးမ၀င်လှ ပါ။ ဒီဥပဒေ ကို သွယ်ဝိုက် ဂယက် အနက်တွေ ဖွင့်ပြီးတော့ စာပေအနုပညာ ရှင်တွေ ဒဿနပညာရှင်တွေ ရဲ့ လွတ်လပ်စွာ ရေးသားဖေါ်ထုတ်ခွင့် တွေ ကို ထိပါးလာစေတာ တွေ ပဲ ရှိပါတယ်။

အဆင့်မြင့် ယဉ်ကျေးတဲ့ လစ်ဘရယ် နိုင်ငံတွေ မှာ ဒါတွေ က မရှိ သင့်တော့ ပါဘူး။ လူတွေ အသိဥာဏ်မြင့်မားလာ တဲ့ အခါ ဘာသာရေး တစ်ယူသန်ပြီး ဆတ်ဆတ်ထိမခံနိုင် ဖြစ်ရတာ ဟာ ကလေးကလား အလုပ် လို့ လူတွေ မြင်လာ ချိန် အထိ ပေါ့။ နောက်တစ်ချက် က ဒီ ဥပဒေ ကို ကိုင်လို့ လူ့ အခွင့်အရေးချိုးဖေါက်မှု တွေ နဲ့ လူနည်းစု လွတ်လပ်ခွင့် မီဒီယာလွတ်လပ်ခွင့် တွေ နဲ့ ဆန့်ကျင်လာ လို့ ပါပဲ။ ဒီ တော့ ဒီမိုကရေစီ လေးဘက်တွားခါစ ရွှေပြည်ကြီး မှာ ဒီဥပဒေ သက်ဝင်တည်ရှိနေတာ မဆန်းကြယ်လှပါဘူး။ မြန်မာ တွေ ရင့်ကျက်ပြည့်ဝလာတဲ့ တစ်နေ့ကျ ရင် င်္ဒီ လို ဥပဒေဆိုးတွေ က ပျောက်ကွယ်သွားမှာ ပါပဲ။ အင်္ဂလန် မှာ တောင် ၂၀၀၈ က မှ ဒါတွေ ရုပ်သိမ်း ခဲ့ တာ ဆို တော့ အင်္ဂလိပ် တပည့် ဖြစ်ခဲ့ တဲ့ ဗမာ မှာ တော့ နည်းနည်း စောင့် ရပေလိမ့်ဦးမယ်။

မဆလ ခေတ် နဲ့ န၀တ ခေတ် တွေ မှာ မတရားပြဋ္ဌာန်းတဲ့ ဥပဒေ တွေ ကြောင့် လူ အမြောက်အများ ထောင်ကျခဲ့ ကြပါတယ်။ ဒီ အထဲ မှာ ဦးဥာဏ လဲ အပါအ၀င် တစ်ယောက်ပေါ့။ ထောင်ကျထိုက်တဲ့ ခေတ် မို့ ကျခဲ့ တာ မဆန်း ပါ။ လွတ်ထိုက်တဲ့ အချိန် ကျရင် လွတ်ရမှာ မဆန်းပါ။ ဒါပေမဲ့ ဦးဥာဏ လွတ်လာ မှာ ကို ရိုးရာဗုဒ္ဓဘာသာစွဲကြီးသူတွေ က အရူးမီးဝိုင်း ကြောက်လန့် နေကြပါတယ် ဆို တာ စဉ်းစားလို့ မရနိုင်ပါဘူး။ ထောင်ထဲ မှာ ပဲ ဦးဥာဏ ကို အနိစ္စရောက်စေချင် ပုံပါပဲ။ ဗုဒ္ဓဘာသာဝင်တွေ ဖြစ်သော်လဲ လူသား တစ်ယောက် အပေါ် အညိုးအတေး ကြီးကြီး ထားနိုင်ရက်တာ အံ့သြစရာ ပါပဲ။ ထောင်ဆို တာ လူကောင်းတစ်ယောက် မနေသင့်တဲ့ အရပ်ပါ။ အနေဆင်းရဲ အအိပ်ဆင်းရဲ အစားဆင်းရဲ နဲ့ သုခ ကင်းမဲ့ တဲ့ မှောင်မိုက် သော အဋ္ဌာန တစ်ခု ပါပဲ။ ဒီနေရာ မှာ အသက် ၈၀ နီးပါး ဦးဥာဏ ဟာ အကျဉ်းသား ဖြစ်နေဆဲပါ။ လောက ရဲ့ မေတ္တာ ခန္တီခေါင်းပါးမှု တွေ ကို ခံစား နေရဆဲ ပါပဲ။

ရိုးရာဗုဒ္ဓဘာသာစွဲကြီးသူတွေ က ဦးဥာဏ ကို ရာသက်ပန် တောင် ဖမ်းဆီးချုပ်နှောင် ထားစေချင်ပါတယ်..ဒါ က သူတို့ အမြတ်နိုးဆုံး နိဗ္ဗာန်ထက် တောင် ပို လိုချင် တဲ့ အရာ တစ်ခု လေလား။ပိန်ညောင်ညောင်ချိနဲ့နဲ့ ကာယအစွမ်းမဲ့သူ လူအို တစ်ယောက် ကို ဒီလောက် ကြောက်လန့်နေပုံ က တော့ စာဖွဲ့လောက်ပါပေတယ်။ ဦးဥာဏ ကို လွှတ်ပေး လိုက်ရင်ပဲ ဗုဒ္ဓဘာသာလောက ကြီး ချက်ချင်း ပျက်သုဉ်းသွားတော့ မယောင် ပြောပြီး အခုလို ဖမ်းဆီးချုပ်နှောင်ထားတာ ကို အတည်ပြု နေကြပါတယ်။ တကယ်တော့ ဦးဥာဏ က ဓမ္မစရိယ တောင် မအောင်ရှာ တဲ့ ပိစိကွေးလေး ပါ။ ရိုးရာဗုဒ္ဓဘာသာ ဘက်မှာ တိပိဋကဓရ သုတဗုဒ္ဓတွေ အဂ္ဂမဟာပဏ္ဍိတတွေ ကျမ်းတတ်ပုဂ္ဂိုလ်တွေ ပဋိပတ်ဝန်ဆောင် တွေ အများကြီး ပဲ။ တစ်ယောက် နဲ့ တစ်ထောင် ဘာကြောက်စရာ လို ပါသလဲ..။ ဦးဥာဏ နောက်လိုက်ဆို တာ လဲ တစ်ထောင် လောက်ပဲ ရှိမှာ လေ..သန်း ၅၀ သော ရိုးရာဗုဒ္ဓဘာသာဝင် တွေ က ဘာမှုစရာ ရှိမလဲ..။ တကယ်တော့ ရိုးရာဗုဒ္ဓဘာသာ ကို ဖျက်နိုင်တာ ဦးဥာဏ မဟုတ်ပါဘူး.. ရိုးရာဗုဒ္ဓဘာသာဝင် တွေ ကိုယ်တိုင် ပါပဲ..ဒါက သဒ္ဓမ္မရူပကသုတ် မှာ ဘုရားရှင်ကိုယ်တိုင် ဟောခဲ့ တာ ရှိတယ်။ ပြင်ပ အကြောင်းတရားတွေ က မဖျက်စီးနိုင်ပါဘူး။

တကယ်တော့ ဦးဥာဏ အသက်ထင်ရှား ရှိနေချိန်မှာ ဒီဘိတ်လုပ်ပြီး အနိုင်ယူပြသင့် တယ်။ ရိုးရာဗုဒ္ဓဘာသာ ရဲ့ အမှန်တရား ကို ပြသသင့်တယ်။ ဦးဥာဏ နဲ့ ရိုးရာဗုဒ္ဓဘာသာ အကြား ကွဲပြားချက် က တစ်ခုတည်းပါပဲ..ကျန်တာ တွေ က အသေးအမွှား။ ရိုးရာဗုဒ္ဓဘာသာ က လက်ခံ တဲ့ သစ္စာလေးပါး မဂ္ဂင် ၈ ပါး ပဋိစ္စသမုပ္ပါဒ် ကိလေသာ ကံ ၀ိပါက် အတ္တ အနတ္တ နိဗ္ဗာန် ဆို တာ တွေ အားလုံး ကို ဦးဥာဏ က လက်ခံ တယ်..တစ်ခုပဲ..ဒါတွေ ကို ရိုးရာဗုဒ္ဓဘာသာ လို ကမ္ဘာအသင်္ချေကြာဘ၀ ဘ၀ များစွာ သံသရာ ဆွဲ ဆန့် လို့ လက်ခံ တာ မျိုး မဟုတ်ပဲ ပစ္စုပ္ပန်ဘ၀ ဘောင်ထဲ မှာ ပဲ လက်ခံ ထားတာ ဖြစ်တယ်..ဒီ တစ်ခု က အကြီးမားဆုံး ကွဲလွဲချက်ပါပဲ။ ရိုးရာဗုဒ္ဓဘာသာ အနေနဲ့ မိမိတို့ လက်ခံ ထားတဲ့ ကမ္ဘာအသင်္ချေကြာဘ၀ ဘ၀ များစွာ သံသရာ ဆိုတာကို ဦးဥာဏ မြင်အောင် လက်ခံ လာနိုင်အောင် သဘာဝ အာဂမ ယုတ္တိယုတ္တာ တွေ နဲ့ ရှင်းပြနိုင်ရင် ကိစ္စ က ပြီးပါပြီ။ ဒါလေး ပြော နိုင်ဖို့ အရေး ကို ရိုးရာဗုဒ္ဓဘာသာပညာရှင်တွေ မစွမ်းဆောင်နိုင် ကြတာ တော့ ရှက်စရာ ကောင်း ပါရဲ့။

ဦးဥာဏ က ဘာသာရေးသမားမဟုတ်ပဲ ဒဿနပညာရှင် သာ ဖြစ်တယ်။ သူ ပြော နေတာတွေ က ဘာသာရေးမဟုတ်ကြောင်း လဲ သူပြောထား တာ ရှိတယ်။ သူပြောနေတာတွေ က ဓမ္မတစ်ခု ဘ၀နေနည်း အတတ်ပညာ တစ်ခု လို့တော့ ပြောနိုင်ပါရဲ့။ ရှင်တော်ဗုဒ္ဓ ရဲ့ မူလ ဒေသနာ ကိုလဲ   ဓမ္မတစ်ခု ဘ၀နေနည်း အတတ်ပညာ တစ်ခု လို့ သူ က ယူဆထားပုံပါပဲ။ ဒီတော့ သူ့ ကို ရင်ဆိုင်အနိုင်ယူတဲ့ အခါ ဘာသာရေးစိတ္တဇ တွေ သွားပြောလို့ တော့ မရဘူး။ ဒဿနဗေဒနည်း ကျကျ ဆွေးနွေးမှပဲ ဖြစ်နိုင်လိမ့်မယ်ထင်တယ်။ ဒီ အရည်အချင်းမျိုးတွေ ရိုးရာဗုဒ္ဓဘာသာ ပညာရှင်တွေ ဆီမှာ ရှိ ရင် သူ့ ကို ဘာမှုစရာ လိုမလဲ။ ဗုဒ္ဓ ကိုယ်တော်တိုင် သစ္စက တို့ လို ဗက ဗြဟ္မာ တို့ လို ပုဂ္ဂိုလ် တွေ ကို ကျမ်းဂန်ကိုးကားမှု မပါပဲ ဒီဘိတ်နည်း သက်သက် နဲ့ အနိုင်ယူပြခဲ့တာ ပါပဲ။ ဗုဒ္ဓ က ငါပြောတာ မယုံသူ ဆန့်ကျင်သူ ငါ့ကိုဝေဖန်သူ ကို ဖမ်းဆီးထောင်ချရမယ်လို့ မပြောပါ..အနုသာသနီ နည်းနဲ့ သာ ချေချွတ်ဆုံးမ ပါတယ်။ ဒဿနပညာ ကို နှစ်သက်သူတစ်ယောက် အနေနဲ့ တော့ ဦးဥာဏ လို ဥာဏ်ပဋိဘာန်ရှိသူ ကို ထောင်ထဲ မှာ မသေစေချင်ပါဘူး..။ ဒီလို ရှားပါးပုဂ္ဂိုလ် တွေ က သမိုင်း မှာ ရခဲ လို့ ပါပဲ။ မြင်တတ်သူ မှ မြင်နိုင်မဲ့ အရာပဲ ဖြစ်တယ်..။

၂၀၁၀ နှစ်ဆန်းပိုင်း က သူ့ ကို တွေ့ ဖို့ ကြိုးစားခဲ့ သေးတယ်။ ဒဿနပညာရှုထောင့် က နေ ဆွေးနွေးစရာ တွေ ရှိလို့ပဲဖြစ်တယ်။ ဒီလို ဆွေးနွေးဖက်မျိုး ရိုးရာဗုဒ္ဓဘာသာ ပညာရှင်တွေ ထဲ မှာ အထေင်ကြီးလောက်စရာ မတွေ့ ရလို့ ပါပဲ။ များသောအားဖြင့် က  ရိုးရာဗုဒ္ဓဘာသာဝင်တွေ က ယုံကြည်နေတာ သင်ကြားခဲ့ဘူးတာ နဲ့ ကိုယ်တိုင်သိတာ တွေ ကို ရောထွေး နေကြသူတွေပဲ ဖြစ်တယ်။ ကျမ်းဂန် အကိုးအကား ဆရာ အကိုးအကား နဲ့ ပြောတတ်တာ က လွဲလို့ ပင်ကိုယ် အတွေးဥာဏ်တွေ ဆိတ်သုဉ်းနေကြလို့ ပါပဲ။ ဆွေးနွေးကြည့်သလောက်လဲ စိတ်ဝင်စားစရာ သိပ်မကောင်း လှဘူး..စကားတစ်ခွန်း ပြောပြီးရင် နောက် ၄-၅ ခွန်း ဘာတွေ ပြော မလဲ ဆို တာ တောင် ကြိုတင်ခန့်မှန်းလို့ ရလောက် အောင် ပျင်းစရာ ကောင်းလှတယ်။ တစ်ခုခု ကို အသစ်ပြောတဲ့ သူ ဖေါက်ထွက်တွေးတဲ့ သူ မျိုး ကို တွေ့ချင်ခဲ့တယ်။ အနီးအနား က  မဲပြာပုဆိုးတွေ ကို ငြီးငွေ့လှ ပြီပေါ့။ ဒါကြောင့် ၀ါဒကဝေကြီးလို့ နာမည်ကြီးတဲ့ သူ့ ကို တွေ့ချင်ခဲ့ တာ ပါပဲ။ ထိပ်ထိပ်ကြဲ အဘိဓမ္မ ပဂေး တွေ သူ့ ရှေ့မျောက် မှာ ကျဆုံး ကုန်ကြ တယ်ဆိုတော့ ပို လို တောင် စိတ်ဝင်စားခဲ့ ပါတယ်။

ဒါပေမဲ့ ဧပြီလ မှာ ပဲ သူ က ထောင်နန်းစံသွားရပါတယ်။ အခုနေ သူပြန်လွတ်လာမယ်ဆိုရင် တော့ ၀မ်းသာရမှာပါ..။ ဒါက တစ်ယူသန်ဘာသာရေးသမားတွေ ဘယ်လိုမှ နားမလည်နိုင်တဲ့ ကိစ္စ ဖြစ်တယ်။ သူခံယူထားတဲ့ ဓမ္မ အမြင် အတွက် သူ က အရာရာ ကို ပေးဆပ်ခဲ့ သူ ဖြစ်တော့ ဒီ အချက်တစ်ခု နဲ့ လေးစားတယ်..အားပြိုင်ကြည့်ချင်တယ်ပေါ့။ ကိုယ်က ဂိုဏ်ဂဏ အစွဲ မထားတဲ့ ဗုဒ္ဓ၀ါဒီ တစ်ယောက်မို့ ဗုဒ္ဓဒဿနပညာ ရဲ့ ဘောင်ထဲ က ပြောဆို ဆွေးနွေးစရာ တွေ အများသား ကလား။ သူ့ ဆီက သစ္စာ မရ လဲ ပညာ အတွေ့ အကြုံတော့ ရမှာ အမှန်။ အခုတော့ မိုးပြာဓမ္မတရား ဝေဖန်သုံးသပ်ချက် တစ်ခု ရေး နေပါတယ်။ သူနဲ့ ဆွေးနွေးငြင်းခုံချင်တဲ့ အချက်တွေ ပေါ့..။ လေပြေ အေးအေး လေး နဲ့ သူ ဘယ်လို ပြန်ငြင်းမလဲ ခုခံချေပ မလဲ ဆို တာ ကြားချင်ပါတယ်။ ဒါကြောင့်မို့ ဦးဥာဏ ကျန်းမာချမ်းသာစွာ ဖြင့် အမြန်ဆုံး ပြန်လည် လွတ်မြောက် ပါစေ လို့ ဆုတောင်း လိုက်ပါတယ်။
--
မှော်ဆရာအဖွဲ့ မှ နေ့ စဉ်မေးလ်များ ရယူလိုပါက http://groups.google.com/group/mrsorcerer/subscribe?hl=en ကို နှိပ်ပြီး မန်ဘာဝင်နိုင်ပါသည် ။
မန်ဘာဝင်များ မိမိတို.သိထားသည်များကို မျှဝေလိုပါက mrsorcerer@googlegroups.com သို. မေးလ်ပို.နိုင်ပါသည် ။
မှော်ဆရာအဖွဲ့ မှ နှုတ်ထွက်လိုလျှင် mrsorcerer+unsubscribe@googlegroups.com ကိုနှိပ်ပြီး မေးလ်ပို.ပါ ။
စာလက်ခံလိုသည့်ပုံစံ ပြင်လိုလျှင် http://groups.google.com/group/mrsorcerer?hl=en ကို သွားပါ ။
မှော်ဆရာ အဖွဲ့ ၏ စည်းကမ်းများကို သိလိုလျှင် http://groups.google.com/group/mrsorcerer/browse_thread/thread/af2f4a1d44d4d909?hl=en တွင် ဖတ်ရှုနိုင်ပါသည် ။
 
Facebook (FB) မှော်ဆရာအဖွဲ့သို့ Mail ပို့လိုလျှင် mrsorcerer2@groups.facebook.com
FB မှော်ဆရာအဖွဲ့သို့ ၀င်ရန် http://www.facebook.com/home.php?sk=group_173571176006981&ap=1
 
မှော်ဆရာ အဖွဲ့ နှင့်ပက်သက်၍ ဝေဖန်အကြံပြုလိုပါက >>>
ဦးဦး မှော်ဆရာ ( mrsorcerer9@gmail.com, mrsorcerer27@gmail.com ) ထံသို.
ပေးပို.နိုင်ပါသည် ။
 
ခင်မင်စွာဖြင့်
ဦးဦး မှော်ဆရာ

--
မှော်ဆရာအဖွဲ့ မှ နေ့ စဉ်မေးလ်များ ရယူလိုပါက http://groups.google.com/group/mrsorcerer/subscribe?hl=en ကို နှိပ်ပြီး မန်ဘာဝင်နိုင်ပါသည် ။
မန်ဘာဝင်များ မိမိတို.သိထားသည်များကို မျှဝေလိုပါက mrsorcerer@googlegroups.com သို. မေးလ်ပို.နိုင်ပါသည် ။
မှော်ဆရာအဖွဲ့ မှ နှုတ်ထွက်လိုလျှင် mrsorcerer+unsubscribe@googlegroups.com ကိုနှိပ်ပြီး မေးလ်ပို.ပါ ။
စာလက်ခံလိုသည့်ပုံစံ ပြင်လိုလျှင် http://groups.google.com/group/mrsorcerer?hl=en ကို သွားပါ ။
မှော်ဆရာ အဖွဲ့ ၏ စည်းကမ်းများကို သိလိုလျှင် http://groups.google.com/group/mrsorcerer/browse_thread/thread/af2f4a1d44d4d909?hl=en တွင် ဖတ်ရှုနိုင်ပါသည် ။
 
Facebook (FB) မှော်ဆရာအဖွဲ့သို့ Mail ပို့လိုလျှင် mrsorcerer2@groups.facebook.com
FB မှော်ဆရာအဖွဲ့သို့ ၀င်ရန် http://www.facebook.com/home.php?sk=group_173571176006981&ap=1
 
မှော်ဆရာ အဖွဲ့ နှင့်ပက်သက်၍ ဝေဖန်အကြံပြုလိုပါက >>>
ဦးဦး မှော်ဆရာ ( mrsorcerer9@gmail.com, mrsorcerer27@gmail.com ) ထံသို.
ပေးပို.နိုင်ပါသည် ။
 
ခင်မင်စွာဖြင့်
ဦးဦး မှော်ဆရာ