ရေးထားတာအမှန်တွေဖြစ်နိုင်ပါတယ်။ ဘာလို့လဲဆိုတော့မလေးရှားမှာဒီလိုတွေဖြစ်ပျက်နေတာတွေ
မြင်ဖူးကြားဖူးနေလို့ပါ။ ဒါပေမဲ့ချွှင်းချက်အနေနဲ့တစ်ခုတော့ထက်ဖြည့်ပြောချင်ပါတယ်။ မလေးရှားလာပြီးမြန်မာပြည်ပြန်သွားသည့်တိုင်အောင်ဘာအမှာအယွင်းမှမရှိပဲမိဘရင်ခွင်ကိုအေးချမ်းစွာ
ပြန်သွားတဲ့အပျိုစင်လေးတွေလဲဒုနဲ့ဒေးဆိုတာပြောချင်ပါတယ်။
ဟန်နီမြင်ဖူးတဲ့ကောင်မလေး 4 ယောက်ရှိပါတယ်။ သူတို့က ညီမနှစ်ယောက်စီပါ။
အိမ်ကိုလစဉ်တစ်လကို 3 သိန်းပို့ပါတယ်။ 3 သိန်းဆိုတာ 2 ယောက်ပေါင်းပါ။
သူတို့ 4 ယောက်ဟာတစ်လကို 1 သိန်းခွဲစီ 1 နှစ်ခွဲပိုခဲ့ကြပါတယ်။
သူတို့ 4 ယောက်မလေးရှားမှာနေသွားတာ 2 နှစ်ပါ။
ပထမ 6 လမှာသူတို့အကြွေးနဲ့လာထားအတွက်အေးဂျင့်ကဖြတ်ပါတယ်။
အဲဒီတော့တွက်ကြည့်ပါ။ တစ်ယောက်ကို 27 သိန်းစီစုမိပါတယ်။
2 ယောက်ပေါင်းဆိုတော့ 54 သိန်းစုမိပါတယ်။ တစ်လ 1 သိန်း သူတို့အမေစားအုံးတော့
သိန်း 30 တော့ကျန်ပါသေးတယ်။ အခုဆိုသူတို့ဟာမလေးရှားကိုလဲပြန်လာစရာမလိုတော့ပါဘူး။
သူတို့တွံတွေးဘက်ကရွာလေးမှာသိန်း 30 နဲ့ကောင်းရောင်းကောင်းဝယ်လုပ်စားနေနိုင်ပါပြီ။
ကလေးမလေးတစ်ယောက်ဆို သူလုပ်နေတဲ့ စက်ရုံမှာ အိုတီလည်း အမြဲရှိနေတယ် ။ လခလည်း တစ်ထောင်ကျာ်ရနေရဲ့သားနဲ့ သူ့ကောင်လေးနောက်ကို အို အဖြစ်ခံပြီးထွက်ပြေးလာပါတယ်။
အဲဒီလိုရေးထားတာလဲတကယ်ကိုထောက်ခံပါတယ်။ အဲဒီလိုကောင်မလေးတွေအများကြီးမြင်ဖူးပါတယ်။
ပြည့်စုံအောင်ပြောရရင်အထက်မှာပြောထားတဲ့ကောင်မလေး 4 ယောက်နဲ့အေးဂျင့်အတူတူလာတဲ့
ကောင်မလေးတစ်ယောက်ဟာသူ့ကောင်လေးနောက်ကိုလိုက်ပြီးအို (overstay) သွားလို့ပါပဲ။
အလုပ်လဲတူတယ်။ လစာလဲတူတယ်။ အဆောင်လဲတစ်ဆောင်ထဲပဲ။
ဒါပေမဲ့မွေးထားတဲ့မိဘ၊ သွင်သင်တဲ့ပုံစံတော့မတူခဲ့ပါဘူး။
နောက်ထပ် ဖြစ်ရပ်လေး တစ်ခု ရှိပါသေးတယ် ။ သိပ်ကို ရင်နာစရာကောင်းပါတယ် ။ နေရာတွေ နာမည်တွေ မထည့်ချင်တော့ပါဘူး ။ မြန်မာဆိုင်လေး ဖွင့်ထားတဲ့ မိသားစုလေးတစ်စုပေါ့ ။ သမီးလေးက ငယ်ငယ်ချောချောလေးပါ။ တစ်နေ့ သမီးလေး ဈေးသွားတုန်း မလေးမှာရှိတဲ့ အိန္ဒယ ကုလားတွေ ဖမ်းသွားပါတယ် ။ ကလေးမလေးကို မလေး ငွေ ၁သောင်းနဲ့ လာရွေးခိုင်းခဲ့တယ်။ဖခင်ဖြစ်သူလည်းသူတို့ဆက်သွယ်တာနဲ့ တန်းပြီးသွားရွေးခဲ့ပေမယ့် ကလေးမလေးက အကောင်းတိုင်း ပြန်လာခွင့်မရတော့ပါဘူး ။ ကလေးမလေးမှာ ကိုယ်ဝန်ပါ ပါလာခဲ့တာကြောင့် သူတို့ မြို့လေးရှိရာ မြန်မာပြည်ကို ချက်ချင်းပြန်ပို့စေခဲ့ရပါတယ် ။ဒါတွေဟာ တကယ်ဖြစ်ပျက်ခဲ့တာတွေပါပဲ။ မိဘနဲ့ တူတူနေတာတောင် စိတ်ချရမှု လုံခြုံမှု အင်မတန်နည်းတဲ့ မလေးရှား နိုင်ငံလိုနေရာမျိုးကို မြန်မာမိန်းကလေးတွေကို အတတ်နိုင်ဆုံးမလာစေချင်ပါဘူး ။
ဒီဖြစ်ရပ်မျိုးတွေလဲအမှန်တကယ်ရှိပါတယ်။ မလေးရှားနိုင်ငံမှာအိန္ဒိယ၊ ဘင်္ဂလား၊ အပြင်မြန်မာနိုင်ငံသား
အချင်းချင်းလဲကြောက်ရပါတယ်။ ပြီးခဲ့တဲ့နှစ်ကလဲပြန်ပေးဆွဲသွားတာချင်းလူမျိုးနဲ့မလေးနိုင်ငံသား
အိန္ဒိယလူမျိုးတွေပါ။ အွန်လိုင်းစာမျက်နှာတွေပေါ်မှာမြင်ဖူးကြမှာပါ။
ကိုယ့်မိခင်နိုင်ငံသာအလုံခြုံဆုံးပါ။
မိဘနဲ့ တူတူနေတာတောင် စိတ်ချရမှု လုံခြုံမှု အင်မတန်နည်းတဲ့ မလေးရှား နိုင်ငံလိုနေရာမျိုးကို မြန်မာမိန်းကလေးတွေကို အတတ်နိုင်ဆုံးမလာစေချင်ပါဘူး ။ မိဘတွေအနေနဲ့လည်း ငွေမျက်နှာတစ်ခုထဲကို မကြည့်ကြဘဲ မိမိတို့ရင်နှစ်လွယ်ပြီး မွေးဖွားထားရတဲ့ သမီးရတနာလေးတွေကို မိဘရင်ခွင်မှာဘဲ အေးချမ်းစွာရှိနေပေးပါလို့ ဒီဆောင်းပါးလေးကနေ စေတနာ ရှေ့ထားကာ အနူးညွတ်တောင်းပန် အသိပေးလိုက်ပါရစေရှင် ။
အထက်ပါစာသားဟာတကယ်ကိုမှန်ကန်ပါတယ်။ဒါပေမဲ့တစ်ခုတော့ထက်ဖြည့်ပြောချင်တာကတော့ကိုယ်မွေးထားတဲ့သားသမီးရဲ့စိတ်နေသဘောထား
ကိုလေ့လာပြီးမှမိဘနဲ့ခွဲပြီးနိုင်ငံရပ်ခြားကိုလွတ်သင့်ပါတယ်။ တချို့သားသမီးတွေဟာနိုင်ငံရပ်ခြားမလေးနိုင်ငံမှမဟုတ်ဘူး။ မိဘမျက်ကွယ်ရာမှာလုပ်ချင်တာလုပ်တတ်ကြပါတယ်။
ရုပ်ရှင်တွေထဲလဲမြင်ဖူးမှာပါ။ ရန်ကုန်မှာကျောင်းသွားတတ်တယ်ဆိုပြီးနိုက်ကလပ်ရောက်နေတဲ့ဇာတ်ကားတွေရှိပါတယ်။
စင်ကာပူမှာကျောင်းသွားတတ်ပြီး living together နေနေကြတဲ့ကျောင်းသူတွေလဲကြားဖူးကြမှာပါ။
အဓိကတော့ကိုယ့်သားသမီးကိုပထမဆုံးစမ်းသပ်သင့်ပါတယ်။
မြင်ဖူးတယ်တချို့မိဘတွေဟာသားသမီးတွေနဲ့ဘွဲ့ရတဲ့အထိမခွဲဖူးဘူး။
ဘွဲ့ရပြီးမှနိုင်ငံရပ်ခြားကိုပညာသင်သွားတယ်။ မြင်ခဲ့ကြားခဲ့တဲ့သူတွေကပြန်ပြောကြတယ်။
ငါ့သမီးလေးကိုမနာလိုလို့ပြောကြတာလို့ပဲတွေးတယ်။ မိဘအနေနဲ့ကိုယ့်သားသမီးကိုချစ်တဲ့စိတ်နဲ့
ငယ်ငယ်ကလဲလိမ္မာခဲ့တော့မထင်ထားဘူးလေ။ တကယ်တော့ငယ်စဉ်ကတည်းက
ကိုယ့်သားသမီးရဲ့စိတ်ကိုစမ်းသပ်ပြီးမိဘနဲ့ဝေးရာကိုလွတ်သင့်ပါတယ်။
ပြောချင်တာကတော့ကိုယ့်ကိုကိုယ်တန်ဖိုးထားထိန်းသိမ်းနိုင်တဲ့တကယ်အရည်အချင်းရှိတဲ့မိန်းကလေးတွေ
အတွက်မိဘတွေကအစိုးရိမ်လွန်ပြီးမလွတ်ခဲ့ရင်ပညာသင်မဲ့မိန်းကလေးတွေပညာတတ်မဖြစ်နိုင်သလို
ပိုက်ဆံအရင်းအနှီးရှာချင်တဲ့မိန်းကလေးတွေအရင်းအနှီးရှာဖို့အခွင့်အရေးမရကြမှာစိုးလို့ပါ။
ဘယ်သူ့ကိုမှာနာကျင်ထိခိုက်စေချင်တဲ့ဆန္ဒမရှိတဲ့
ဟန်နီ
2012/9/20 Lu Bo <lubo601@gmail.com>
---------- Forwarded message ----------
From: Blogger <no-reply@blogger.com>
Date: 2012/9/20
Subject: [လူဗိုလ်ဟူသည် ...] မြန်မာ မိန်းကလေးတွေ မလာသင့်သောနေရာ
To: lubo601@gmail.com
ကျွန်မ အလည်ရောက်လာခဲ့ပါတယ် ။ အမှန်တော့ ၁ လအလည်လာပြီး မြန်မာပြည်ကို ကျွန်မပြန်ဖို့ပါပဲ ။ မလေးရှားကို ရောက်တဲ့အခါမှာတော့ မြင်ရ ၊ ကြားရတဲ့ နိုင်ငံခြားရောက် လူတွေရဲ့ ဖောက်ပြန်ခြင်းတွေ ရှုတ်ထွေးပွေလီနေတဲ့ လူမှုဖောက်ပြန်မှုတွေကို လက်တွေ့မြင်လိုက် ၊ ကြားလိုက်ရတဲ့ အခါမှာတော့ ကျွန်မအတွက် အသက်ရှူဖို့တောင် တော်တော်ကျပ်စေခဲ့ပါတယ် ။
နိုင်ငံခြားကိုရောက်နေတဲ့ သူတိုင်းကို ကျွန်မ မဆိုလို့ပါ ။ နိုင်ငံခြားဆိုတာကို ရောက်လာသူတိုင်း ပိုက်ဆံရှာဖို့ဆိုတဲ့ ရည်ရွယ်ချက်ဖြင့် အဓိက လာကြပေမယ့် အနေကြာလာတဲ့အခါမှာတော့ ဦးတည်ချက်တွေ ရွေ့လျား ပျက်ပြားကုန်တတ်ကြပါတယ် ။ အိမ်ထောင်ရှင်တွေ မိသားစုနဲ့ ကြာကြာခွဲနေရတဲ့အခါ လက်တွေ့သာယာမှုကို စိတ်အလိုလိုက်မိကြတယ် ။ ဒီနေရာ ပြောစရာရှိတာက ဖောက်ပြန်တယ်ဆိုတာ ခြံခုန်ခြင်းပေါ့နော် ။ခြံခုန်တယ်ဆိုတာ ခုန်တဲ့သူမှာ အပြစ်ရှိသလို အဲဒီခြုံကို လုံအောင်မခတ်တဲ့ သူမှာလည်း အပြစ်ရှိတယ်လို့ စာအုပ်တစ်အုပ်မှာ မှတ်သားဖတ်ရှုခဲ့ဘူးပါတယ် ။ လက်ရှိမြန်မာ အနေထားမှာ အလုပ်ကိုင်တွေ မကောင်းသေးတာမို့ ကြင်သူသက်ထားဇနီးမယားတွေအနေနဲ့လည်းပြန်လာမယ်ဆို * မလာနဲ့အုံး ဒီမှာ အလုပ်တွေ မကောင်းသေးဘူး ဆက်နေပါအုံးရှင် * ဆိုတဲ့ စကားတွေကိုတာ တော်တော်များ ပြောတတ်ကြပါတယ် ။ သူတို့ဘက်က သူတို့ အတွေးနဲ့ မှန်သလို တစ်ဖက်က အမျိုးသားတွေ အနေနဲ့ကလည်း မိမိဇနိးမယားနဲ့ ကြာကြာခွဲနေရတဲ့အခါမှာ မိသားစုဆိုတာလေးကို တောင်းတမိတတ်ကြပါတယ် ။ တောင်းတမိတဲ့ ဆန္ဒတစ်ခုကို အစားထိုးခြင်းဆိုတာတွေနဲ့ ဖြည့်စီးလိုက်တဲ့ အခါမှာတော့ မလိုလားအပ်တဲ့ ပြသနာတွေ ပေါ်ပေါက်လာတော့တာပါပဲ ။ ဒီလို ပြသနာတွေကို ကျွန်မတို့ အိမ်ထောင်ရှင်တွေ ဘယ်လို ကိုင်တွယ်ဖြေရှင်းကြမလဲ ဆိုတဲ့ အချက်လေးက အရေးကြီး လိုအပ်နေပါပြီ။ ပြသနာတစ်ခု ဖြစ်လာပြီဆို တစ်ဦး နဲ့ တစ်ဦး ရန်လိုနေမယ့်အစား ပြသနာရဲ့ ဇစ်မြစ်ကို ရှာဖွေကာ ညှိနှိုင်းဆောင်ရွက်တတ်ဖို့ အဓိက ကြပါတယ် ။ ဒီလိုအဖြစ်ပျက်တွေဟာ စာရေးသူ လိုရာကို ဆွဲပြောနေခြင်းမဟုတ်ပါဘူး ။ အမှန်တကယ် သိကြား မြင်နေရတာတွေကို ဆွေးနွေးတင်ပြခြင်းတာ ဖြစ်ပါတယ် ။ တလောလေးက ကြားလိုက်မိပါတယ် ။ ဒီနေ့ မင်္ဂလာဆောင်တယ် နောက်နေ့မှာဘဲ တခြားအမျိုးသားတစ်ဦးနောက်ကို လိုက်သွားတယ်တဲ့ ။ နောက်ကျွန်မ အမျိုးသား အလုပ်လုပ်နေတဲ့ စက်ရုံနားက တခြားစက်၇ုံက ကောင်လေးတစ်ယောက်ဆို မြန်မာပြည်မှာ မိန်းမရှိနေတယ် ။ ဒီမှာ အမျိုးသမီးတစ်ယောက်နဲ့ ထပ်ဖြစ်တယ် ။ နောက်ပိုင်း မြန်မာပြည်က မိန်းမကို ဘဲ ဆက်ပေါင်းမှာမို့ မလေးက မိန်းမကို * ငါ့မှာ မိန်းမရှိတယ် အဆက်ဖြတ်ရအောင် *လို့ပြောပြတယ် ။ ဘယ်လိုမှ ဖြတ်မရဘူး ။ကောင်မလေးက တပတ်တခါ သူဆီကို လာနေတာမို့ မြန်မာပြည်က မိန်းမကို အကြောင်းစုံဖွင့်ပြောပြီး မလေးရှားကို ခေါ်လိုက်ရတယ် ။ မလေးက အမျိုးသမီးလာတဲ့ အခါ ထိတိုက်တွေ့ပြီး ဘာတွေ ဆင်ဖြစ်မယ်မသိပါဘူး ။ ဒါမျိုးတွေ တပုံတပင်ကို ကြားနေရ မြင်နေရတဲ့ အတွက် တကယ်ကို အသက်ရှူလို့မ၀အောင်ကို စိတ်ဆင်းရဲမိပါတယ် ။ ကိုယ်နဲ့မဆိုင်သော်ငြား ကိုယ်လူမျိုးတွေ ခုလို စာရိတ္တတွေ ပျက်ပြားနေကြတာတွေကို ရင်ထဲမချိအောင် ဖြစ်မိပါတယ် ။ အပျိုလေးတွေ မလေးရှားကို ရောက်လာကြတယ် ။ ရောက်ကာစတော့ ဘာမှမသိသေးတော့ အေးအေးဆေးဆေး နေကြပါတယ် ။ နောက်တဖြေးဖြေး ဆရာကျလာတော့ အတတ်ဆန်းတွေ သင် ကိုယ့်ကို ဆရာကြီးအထာတွေနဲ့ ကိုယ်ကိုကိုယ် ဘယ်ဘ၀ကို ရောက်လို့ရောက်နေမှန်းမသိဘဲ ဘ၀မြင့်နေသူတွေကို လည်း အများပြားတွေ့နေရပါတယ်။ ကလေးမလေးတစ်ယောက်ဆို သူလုပ်နေတဲ့ စက်ရုံမှာ အိုတီလည်း အမြဲရှိနေတယ် ။ လခလည်း တစ်ထောင်ကျာ်ရနေရဲ့သားနဲ့ သူ့ကောင်လေးနောက်ကို အို အဖြစ်ခံပြီးထွက်ပြေးလာပါတယ် ။ ကောင်လေးက ၀တ်ကောင်းစားလှလေးတွေနဲ့ သွားရောက် ပိုးပန်းတာကို အဟုတ်ထင်တာ လိုက်လာလိုက်တာ ကောင်လေးဆီရောက်တော့ ရတဲ့လခကလည်းနည်း အိုတီကမရှိ ။လိုက်လာတာ မှားပြီဆိုတာတွေလည်း ဒုနဲ့ဒေး ပါပဲ ။ မိဘတွေအနေနဲ့ ကိုယ်သားသမီး အပျိုလေးတွေကို ခုလို နေရာမျိုးတွေကို လွတ်တဲ့နေရာမှာ သေချာ စဉ်းစားပြီးမှ လွတ်စေချင်ပါတယ် ။ တကယ်အလုပ်အဆင်မပြေလို့လွတ်မယ်ဆိုရင်တောင် သေချာလေး တွက်ကြည့်ပါ ။ မလေးရှားမှာ ပျမ်းမျှ မိန်းကလေးတစ်ယောက်လခသည် 1ထောင်ဝန်းကျင်ပါပဲ ။ ပိုလှ 1သိန်းမနည်းပါ ။ မျက်စိကွယ်ရာ နားကွယ်ရာ မှာ စိတ်ချလက်ချလွတ်သင့်ပါသလား ။အိမ်ထောင်ရှင်တွေတောင် ဒီရောက်တာနဲ့ ( အို မလေးရှားမှာ ၊ နိုင်ငံခြားမှာ ဘယ်သူသိတာ မြင်တာမှတ်လို့ မြန်မာပြည်ပြန်ရင် ဘယ်သူမှ မသိပါဘူးဆိုတဲ့ ပေါ့ပျက်တဲ့ အတွေးခေါ်တွေကို တော်တော်များများ တွေးတတ်နေကြပါတယ် (လူတိုင်းကို မဆိုလိုပါ ) ။ ကျွန်မရောက်တာ မကြာသေးဘူးဆိုပေမယ့် စာရေးခြင်းကို ၀ါသနာပါတဲ့ ကျွန်မ နေရာစုံအောင် လျှောက်သွားပါတယ် ။ လေ့လာပါတယ် ။ ကျွန်မကိုယ်တိုင် သေချာအမှန်တစ်ကယ် သိခဲ့ ၊ မြင်ခဲ့ ၊ ကြားခဲ့တာလေးတွေကို ပြန်လည် မျှဝေ ဆွေးနွေးခြင်းတာဖြစ်ပါတယ်။ နောက်ထပ် ဖြစ်ရပ်လေး တစ်ခု ရှိပါသေးတယ် ။ သိပ်ကို ရင်နာစရာကောင်းပါတယ် ။ နေရာတွေ နာမည်တွေ မထည့်ချင်တော့ပါဘူး ။ မြန်မာဆိုင်လေး ဖွင့်ထားတဲ့ မိသားစုလေးတစ်စုပေါ့ ။ သမီးလေးက ငယ်ငယ်ချောချောလေးပါ။ တစ်နေ့ သမီးလေး ဈေးသွားတုန်း မလေးမှာရှိတဲ့ အိန္ဒယ ကုလားတွေ ဖမ်းသွားပါတယ် ။ ကလေးမလေးကို မလေး ငွေ ၁သောင်းနဲ့ လာရွေးခိုင်းခဲ့တယ်။ဖခင်ဖြစ်သူလည်းသူတို့ဆက်သွယ်တာနဲ့ တန်းပြီးသွားရွေးခဲ့ပေမယ့် ကလေးမလေးက အကောင်းတိုင်း ပြန်လာခွင့်မရတော့ပါဘူး ။ ကလေးမလေးမှာ ကိုယ်ဝန်ပါ ပါလာခဲ့တာကြောင့် သူတို့ မြို့လေးရှိရာ မြန်မာပြည်ကို ချက်ချင်းပြန်ပို့စေခဲ့ရပါတယ် ။ဒါတွေဟာ တကယ်ဖြစ်ပျက်ခဲ့တာတွေပါပဲ။ မိဘနဲ့ တူတူနေတာတောင် စိတ်ချရမှု လုံခြုံမှု အင်မတန်နည်းတဲ့ မလေးရှား နိုင်ငံလိုနေရာမျိုးကို မြန်မာမိန်းကလေးတွေကို အတတ်နိုင်ဆုံးမလာစေချင်ပါဘူး ။ မိဘတွေအနေနဲ့လည်း ငွေမျက်နှာတစ်ခုထဲကို မကြည့်ကြဘဲ မိမိတို့ရင်နှစ်လွယ်ပြီး မွေးဖွားထားရတဲ့ သမီးရတနာလေးတွေကို မိဘရင်ခွင်မှာဘဲ အေးချမ်းစွာရှိနေပေးပါလို့ ဒီဆောင်းပါးလေးကနေ စေတနာ ရှေ့ထားကာ အနူးညွတ်တောင်းပန် အသိပေးလိုက်ပါရစေရှင် ။ခိုင်လေး ( ရွှေတောင်)
--
Posted By Blogger to လူဗိုလ်ဟူသည် ... at 9/20/2012 07:21:00 PM
--
မှော်ဆရာအဖွဲ့ မှ နေ့ စဉ်မေးလ်များ ရယူလိုပါက http://groups.google.com/group/mrsorcerer/subscribe?hl=en ကို နှိပ်ပြီး မန်ဘာဝင်နိုင်ပါသည် ။
မန်ဘာဝင်များ မိမိတို.သိထားသည်များကို မျှဝေလိုပါက mrsorcerer@googlegroups.com သို. မေးလ်ပို.နိုင်ပါသည် ။
မှော်ဆရာအဖွဲ့ မှ နှုတ်ထွက်လိုလျှင် mrsorcerer+unsubscribe@googlegroups.com ကိုနှိပ်ပြီး မေးလ်ပို.ပါ ။
စာလက်ခံလိုသည့်ပုံစံ ပြင်လိုလျှင် http://groups.google.com/group/mrsorcerer?hl=en ကို သွားပါ ။
မှော်ဆရာ အဖွဲ့ ၏ စည်းကမ်းများကို သိလိုလျှင် http://groups.google.com/group/mrsorcerer/browse_thread/thread/af2f4a1d44d4d909?hl=en တွင် ဖတ်ရှုနိုင်ပါသည် ။
Facebook (FB) မှော်ဆရာအဖွဲ့သို့ Mail ပို့လိုလျှင် mrsorcerer2@groups.facebook.com
FB မှော်ဆရာအဖွဲ့သို့ ၀င်ရန် http://www.facebook.com/home.php?sk=group_173571176006981&ap=1
မှော်ဆရာ အဖွဲ့ နှင့်ပက်သက်၍ ဝေဖန်အကြံပြုလိုပါက >>>
ဦးဦး မှော်ဆရာ ( mrsorcerer9@gmail.com, mrsorcerer27@gmail.com ) ထံသို.
ပေးပို.နိုင်ပါသည် ။
ခင်မင်စွာဖြင့်
ဦးဦး မှော်ဆရာ
--
မှော်ဆရာအဖွဲ့ မှ နေ့ စဉ်မေးလ်များ ရယူလိုပါက http://groups.google.com/group/mrsorcerer/subscribe?hl=en ကို နှိပ်ပြီး မန်ဘာဝင်နိုင်ပါသည် ။
မန်ဘာဝင်များ မိမိတို.သိထားသည်များကို မျှဝေလိုပါက mrsorcerer@googlegroups.com သို. မေးလ်ပို.နိုင်ပါသည် ။
မှော်ဆရာအဖွဲ့ မှ နှုတ်ထွက်လိုလျှင် mrsorcerer+unsubscribe@googlegroups.com ကိုနှိပ်ပြီး မေးလ်ပို.ပါ ။
စာလက်ခံလိုသည့်ပုံစံ ပြင်လိုလျှင် http://groups.google.com/group/mrsorcerer?hl=en ကို သွားပါ ။
မှော်ဆရာ အဖွဲ့ ၏ စည်းကမ်းများကို သိလိုလျှင် http://groups.google.com/group/mrsorcerer/browse_thread/thread/af2f4a1d44d4d909?hl=en တွင် ဖတ်ရှုနိုင်ပါသည် ။
Facebook (FB) မှော်ဆရာအဖွဲ့သို့ Mail ပို့လိုလျှင် mrsorcerer2@groups.facebook.com
FB မှော်ဆရာအဖွဲ့သို့ ၀င်ရန် http://www.facebook.com/home.php?sk=group_173571176006981&ap=1
မှော်ဆရာ အဖွဲ့ နှင့်ပက်သက်၍ ဝေဖန်အကြံပြုလိုပါက >>>
ဦးဦး မှော်ဆရာ ( mrsorcerer9@gmail.com, mrsorcerer27@gmail.com ) ထံသို.
ပေးပို.နိုင်ပါသည် ။
ခင်မင်စွာဖြင့်
ဦးဦး မှော်ဆရာ