Re: [mrsorcerer:32296] ကိုးကွယ်ခြင်း ဆိုသော်လည်း

ဟုတ်ပါပီ..ဟုတ်ပါပီ :D ကိုလင်းထက်ဆွေဗေဒင်ဟောစားပါ့လား..ကျွန်တော်က မေးခွန်းကို Yes/No ပဲ Choice စရာပေးလို့ ဘာကကျဉ်းမြောင်းနေတယ်ဆိုတဲ့  ထေရ၀ါဒဗုဒ္ဓဘာသာဝင် ဖြစ်သွားရောလား

နားလည်လိုက်ပြန်ပါတယ်..ကိုလင်းထက်ဆွေရဲ့ ထေရ၀ါဒဗုဒ္ဓဘာသာဝင်တွေအပေါ် ဘယ်လိုခွဲခြားပီးမြင်လဲဆိုတဲ့အမြင်ကို..

နောက်အကိုက ဗုဒ္ဓဘာသာချင်းအတူတူတောင် ထေရ၀ါဒဗုဒ္ဓဘာသာဝင်တွေကို မကောင်းပြောရင်တောင် ဘာဓါတ်ခံရှိလို့လဲဆိုတာ သိသွားတဲ့အတွက်ဘာမှဒေါသဖြစ်တော့မှာ မဟုတ်ပါဘူးဗျာ.. :)

2012/9/26 Lynn Htet Swe <myatchitshin@gmail.com>
ဒါပေါ့ မိုးလေး ရေ..ဒီ အဖြေတွေ ရဲ့ အကျယ် ကို အကို ဖြေခဲ့တာ တွေ မှာ ပဲ ပြန်ကြည့်ပါ။ အကို ဘာကြောင့် နံပါတ် ၂ ကို Yes လို့ မဖြေခဲ့ သလဲ ဆိုတာ ပေါ်လွင်ပါလိမ့်မယ်။

ဗမာ ဖြစ်ရင် ဗုဒ္ဓဘာသာဝင်ပဲ ဖြစ်ရမယ်။ ဗုဒ္ဓဘာသာဝင်တောင် မှ ထေရ၀ါဒ ပဲ ဖြစ်ရမယ်။ ထေရ၀ါဒ ဗုဒ္ဓဘာသာဝင်ဆိုရင် ဒီလို ကို တွေးရမယ် ဟိုလို မတွေးရဘူး။ ဒီလိုပဲယူဆရမယ် ဟိုလို မယူဆရဘူး ဆို တာ တွေ က..တော်တော် ကျဉ်းမြောင်းပါတယ်..။ မင်းရဲ့ မေးခွန်းတွေ မှာ ကကို Yes/No ပဲပေးထားတာ က ကို ဒီ ကျဉ်းမြောင်းမှု ကို ဖေါ်ပြနေပါတယ်။

မကြာခင် ကာလ မှာ မြန်မာနိုင်ငံဟာ ဒီ လမ်းတွေ ကို ရွေးရတော့ မှာ ပါ။ အကိုတို့ စောင့်ကြည့်ကြတာပေါ့။ မြန်မာပြည် ရဲ့ ကံကြမ္မာ က ဘယ်သူ့ လက်ထဲ မှာ မှ မဟုတ်ဘူး။ မြန်မာလူထုရဲ့ လက်ထဲ မှာ ပဲ ဖြစ်လို့ပါ။

2012/9/26 Moe Lay <moelaynwe2181987@gmail.com>
ကျေးဇူးထပ်တင်ပါတယ်..ကိုလင်းထက်ဆွေ

အမှန်ကကျွန်တော်လိုချင်တာ Yes (or) No ပါ..ဒါပေမဲ့လဲ နံပါတ်၃နဲ့၎မှာ တိကျတဲ့အဖြေမရတဲ့ အကြောင်းကိုကျွန်တော်သိလိုက်ရပါပီ..နံပါတ်၂မှာသာ Yes လို့ဖြေမဲ့ သူတစ်ယောက်ဟာ ကျန်တဲ့၂ခုကိုလဲ Yes လို့ရဲရဲကြီးဖြေမယ်လို့ ထင်ပါတယ်

ဘယ်လိုပဲဖြစ်ဖြစ်ပါ..သိချင်တာသိလိုက်ရတဲ့အတွက် နောက်အကိုဘာဘဲဆွေးနွေးပါစေ..ဗုဒ္ဓဘာသာဝင်တစ်ယောက်ဖြစ်နေပီးဒီလိုပဲပြောရသလားဆိုတဲ့ အတွေးဝင်မိတော့မှာ မဟုတ်ပါဘူး...အကိုဘာကြောင့်ပြောလဲဆိုတာ နားလည်လိုက်လို့ပါ..

2012/9/26 Lynn Htet Swe <myatchitshin@gmail.com>
1. Yes
2. No
3. Up to Myanmar people (at their own discretion)
4. Up to them (at their own free choice)

2012/9/26 Moe Lay <moelaynwe2181987@gmail.com>
ကျေးဇူးတင်ပါတယ်..ကိုလင်းထက်ဆွေ

အကို့ရဲ့ အဖြေကေ တော်တော်မြင့်လွန်းလို့ ကျွန်တော်နားမလည်တာတွေရှိတယ်.. ဖတ်ရင်းဖတ်ရင်းနဲ့ မေးခွန်းကိုမေ့သွားတာမျိုးပေါ့နော်..
ကိုကွန်းဇော်မေးတဲ့ထဲကပဲ ကျွန်တော်ကပြန်မေးပါရစေ..လူပိန်းနားလည်အောင် ဖြေပေးမယ်လို့မျှော်လင့်ပါတယ်..

ကိုလင်းထက်ဆွေ ဟာ ဗုဒ္ဓဘာသာဝင် ဟုတ်ပါသလား

Yes/No

ဗုဒ္ဓဝါဒကို လူသားအားလုံးနဲ့သင့် လျှော်တယ်လို့ ယူဆပါသလား။

Yes/No

မြန်မာနိုင်ငံကို ဗုဒ္ဓ ဘာသာ နိုင်ငံ အဖြစ်မြင်ချင်ပါလား။

Yes/No

ကိုလင်းထက်ဆွေ ရဲ့ သားသမီးမြေးမြစ်တွေကို ဗုဒ္ဓဘာသာဝင် ဖြစ်စေချင်ပါသလား။

Yes/No

အကိုရဲ့ အရှည်ဖွင့်ဆိုချက်တွေကို ကျွန်တော်အောက်မှာရှာဖတ်လို့ရပါတယ်...သိချင်တာ Yes (or) No လေးပါပဲ..အကို ကိုယ်တိုင်ဝန်ခံတဲ့ Yes (or) No ကိုပါ..

2012/9/26 Lynn Htet Swe <myatchitshin@gmail.com>

ညီလေး ကွန်းဇော် မေးတာ တွေ အကျဉ်းပဲ ဖြေပေးပါမယ်။ ဒါတွေ အကို နေရာများစွာ မှာ ပြောခဲ့ပြီးသားတွေ ရှိလို့ ထပ်ပြောနေတယ်လို့ မထင်စေချင်ပါ။ ကိုယ့်ကိုယ်ကို ဖော်တာ မဟုတ်ပဲ အမေးရှိ လို့ ဖြေတာ ဖြစ်ပါတယ် ညီလေး။

(၁) ကိုလင်းထက်ဆွေ ဟာ ဗုဒ္ဓဘာသာဝင် ဟုတ်ပါသလား။ (ဟုတ်ရင် ထေရဝါဒ မဟာယန စသည်လား တခြားလား)

အကို က ဗုဒ္ဓဘာသာဝင်ပါ လို့ ဆိုနိုင်ပါတယ်။ ဒါပေမဲ့ ထေရဝါဒ မဟာယန စတဲ့ ဂိုဏ်းဂဏ ပိုင်းခြားမှု တွေ ကို မနှစ်သက်သူဖြစ်တယ်။ ဓမ္မ ကို ဓမ္မ သက်သက် အနေနဲ့ပဲ မြင်ပါတယ်။ ဓမ္မ ဟာ နေရာ အမျိုးမျိုး ပုံသဏ္ဍာန်အမျိုးမျိုး နဲ့ ဖေါ်ဆောင်နိုင်တယ်လို့ မြင်ပါတယ်။ ဒါကြောင့် အကို အတွက် ဘာသာရေးသစ္စာတရားတွေ က အကန့်အသတ်မရှိပါ။ ဒါကြောင့် တစ်ခါတစ်လေ မှာ ဂိုဏ်းမစွဲ ဗုဒ္ဓဘာသာဝင် (Non-denominational Buddhist) လို့ ခေါ်လို က ခေါ်နိုင်တယ်။ ဒါမှမဟုတ် လွတ်လပ်စွာ ဓမ္မရှာမှီးသူ ဗုဒ္ဓဘာသာဝင် (Open-sourced Buddhist) လို့ ခေါ်လို က ခေါ်နိုင်တယ်။ ဒါတွေ က အခေါ်အဝေါ် ပညတ်တွေ ပဲ ဆို တော့ အတူတူ ပါပဲ။ အကို လေးလေးနက်နက် ခံယူထားတဲ့ အရာ က တော့ ဗုဒ္ဓဓမ္မ ရဲ့ ဖေါ်ဆောင်ချက်တွေ အားလုံး (ထေရ၀ါဒ မဟာယာန ၀ဇိရာယာန ဇင် မဟာမုဒြာ ဇော့ချန် စသည်..) ဟာ လူသားအတွက် အမြင့်ဆုံး ၀ိမုတ္တိဥာဏဒဿန ဆီ ပို့ဆောင်ပေးတယ် လို့ ခံယူတယ်။ ဒီ ဓမ္မတရားတွေ ရဲ့ ဗဟုသဘော (Plurality) ကို လဲ လက်ခံထား ပါတယ်။

(၂) ကိုလင်းထက်ဆွေ ဗုဒ္ဓဝါဒ ရဲ့ ဘယ် အချက်တွေကို လက်ခံ သဘောကျပါသလဲ။ (အကျဉ်း ဖြစ်ဖြစ် အကျယ်ဖြစ်ဖြစ် ဖြေလို့ရပါတယ်။)

ဒီမေးခွန်းကတော့ ပထမအချက် မှာ ပါပြီး ဖြစ်တယ်လို့ မြင်ပါတယ်။ အနှစ်ချုပ်ကို ပြောရရင်တော့ ကိလေသာအညစ်အကြေးတွေနဲ့ လူသား ကို သီလ သမာဓိ ပညာ အကျင့်တွေ နဲ့ ဖြူစင်ရိုးသားယဉ်ကျေးမြင့်မြတ်သူ အယူအစွဲတွေ ကနေ လွတ်မြောက်သူ မေတ္တာကရုဏာရှင် သူတော်စင် ဖြစ်အောင် ပြောင်းလဲနိုင်တဲ့ အချက် ကို လက်ခံ သဘောကျပါတယ်။

(၃) ဗုဒ္ဓဝါဒကို လူသားအားလုံးနဲ့သင့် လျှော်တယ်လို့ ယူဆပါသလား။

ဒီမေးခွန်း ကို ဖြေရရင်တော့ ဟုတ်တယ် မဟုတ်ဘူး နှစ်မျိုးစလုံး ဖြစ်တယ်လို့ ဖြေရမှာပဲ ဖြစ်တယ်။ ဗုဒ္ဓ၀ါဒ ကို ဘယ်လို အနက်ဖွင့်မလဲ ဆို တဲ့ အပေါ်မှာ လဲ မူတည် နေတယ်လို့ မြင်တယ်။ ခရစ်ယာန် အစ္စလာမ် ဘာသာတွေ ကိုရော လူသားအားလုံးနဲ့သင့် လျှော်တယ်လို့ ယူဆပါသလား လို့ မေးရင် လဲ ဒီလို ပဲ ဖြေရ မှာ ဖြစ်တယ်။ ဘာကြောင့်လဲ ဆို တော့ ဒီ ဘာသာတွေ က Missionary Religions တွေ ဖြစ်တယ်။ လူသား အားလုံး ကိုးကွယ်လို့ ရလောက်အောင် သင့်လျှော်တယ်လို့ မြင်ပါတယ်။

ဒါပေမဲ့ လူသား အားလုံး ဟာ အကြိုက် စရိုက် နဲ့ စိတ် အခံတွေ မတူညီကြလို့ ကိုယ်နှစ်သက်ရာ ကိုယ်ရွေးချယ်ကြမှာပဲ။ ဗမာ က နန်းကြီး ကြိုက်သလို အီတာလျှံ က လဲ စပါဂတီ ကြိုက် မပေါ့။ အရသာကွဲပေမဲ့ စားကောင်းဖို့ နဲ့ အာဟာရ ဖြစ်ဖို့ က အဓိကမဟုတ်လား။ ဒါကြောင့် အကို က တော့ ဘာသာရေးဗဟုဝါဒ Religious Pluralism ကို အလေးအနက်ခံယူပါတယ်။ ဗုဒ္ဓဘာသာ ကို အားလုံးထက် ပို ကောင်း ပိုမြင့်မြတ်မှန်ကန်တဲ့ ဘာသာဖြစ်တယ်လို့ မြင်ပြီး ရွေးထားတာ မဟုတ်ပါ။ ဘာသာရေး မှာ ပိုကောင်း ပိုမှန် ဆုံးဖြတ်နိုင်တဲ့ ယေဘုယျနှုန်းစံ မရှိပါဘူး။ မိမိ စရိုက်သဘာဝ နဲ့ သင့်လျှော်လို့ မိမိ ကျင့်သုံးရမဲ့ ဓမ္မ အဖြစ် ရွေးထားတာ ဖြစ်ပါတယ်။

ဒါပေမဲ့ လူသားရဲ့ ယေဘုယျသဘာဝ နဲ့ ချိန်ထိုးရင်တော့ အစ္စလာမ်ဘာသာ က လူ့ သဘာဝနဲ့ အနီးဆုံး လို့ မြင်တယ်။ ခရစ်ယာန် က နည်းနည်း ပိုဝေးတယ်။ ဗုဒ္ဓဘာသာ က တော့ ကာမတဏှာ ဘ၀တဏှာ ၀ိဘ၀တဏှာ အားလုံး ကို ပယ်ဖို့ ဖြစ်လို့ လူသားသဘာဝ နဲ့ အဝေးဆုံး Counter-intuitive အဖြစ်ဆုံးလို့ မြင်ပါတယ်။ ဒီနေ့ အာရှ မှာ ဗုဒ္ဓဘာသာ က ကျဆင်း နေပေမဲ့ ဥရောပ နဲ့ အမေရိက မှာ ဗုဒ္ဓဘာသာ များစွာ တိုးတက် အောင်မြင်နေပါတယ်..။ အဆင့်မြင့် လူ့အဖွဲ့အစည်း တွေ ရှိတဲ့ နေရာ ကို ဗုဒ္ဓဓမ္မ က ရွေ့ နေ ပုံပေါက်ပါတယ်။

ဗုဒ္ဓဘာသာ အတိုင်း လူတွေ အားလုံး အပြည့်အ၀ ရာနှုန်းပြည့် အဆုံးအထိ ကျင့်ကြံကြရင် ကမ္ဘာလောက ပျက်စီးသွားဖို့ပဲ ရှိတယ်။ ဒီစကား ကို အလွန်အကျွံ ပြောတယ် မထင်စေချင်ပါ။ ဘာလို့လဲ ဆိုတော့ ဗုဒ္ဓဘာသာ ရဲ့ အနှစ်သာရထဲ မှာ ဘ၀ နဲ့ လောက ကို ငြင်းပယ်တဲ့ အခြေခံတွေ က အဓိက ပါဝင်နေလို့ ပဲ ဖြစ်တယ်။ ဒါပေမဲ့ လက်တွေ့ မှာ ဒီလို မဖြစ်နိုင်ဘူး..။ လူသား က အဲဒီလောက် ဘယ်တော့ မှ လုပ်မှာ မဟုတ်လို့ပဲ။ ဒါကြောင့် ဘ၀ နဲ့ လောက ကို ငြင်းပယ်လိုတဲ့ (ဘ၀သစ် လောကသစ် မဖြစ်လိုတော့ တဲ့) အနည်းစု အတွက် တော့ ဗုဒ္ဓဘာသာ ဟာ အမှန်အကန် သင့်တော်တယ်လို့ ပြောနိုင်ပါတယ်။

(၄) မြန်မာနိုင်ငံကို ဗုဒ္ဓ ဘာသာ နိုင်ငံ အဖြစ်မြင်ချင်ပါလား။

မြန်မာနိုင်ငံ ကို ဘာသာရေးမစွက်တဲ့ Secular State တစ်ခု အနေနဲ့ မြင်ချင်ပါတယ်။ ဘာသာတရားတွေ အားလုံး က တရားမျှတတဲ့ ဥပဒေ အောက်မှာ လွတ်လပ်စွာ ကိုးကွယ်ခွင့် လွတ်လပ်စွာ ဟောပြောပို့ချခွင့် လွတ်လပ်စွာ သာသနာပြုခွင့် ရှိတဲ့ နိုင်ငံ အဖြစ် မြင်ချင်ပါတယ်။ ဘာသာရေးကြောင့် ဖမ်းစီးနှိပ်စက်ခြင်း မတရားပြုကျင့်ခြင်း တွေ မရှိတဲ့ ဘာသာဓမ္မတိုင်း အပြန်အလှန် အမှန်အကန် လေးစားရပ်တည်ကြတဲ့ ပွင့်လင်းလွတ်လပ်လူ့အဖွဲ့အစည်း (Open Society) အဖြစ်မြင်ချင်ပါတယ်။

ဗုဒ္ဓဘာသာ ကို နိုင်ငံတော်ဘာသာ State Religion အဖြစ်သတ်မှတ် တာ ကို အလေးအနက် ဆန့်ကျင်ပါတယ်။ ဘာသာရေး နဲ့ နိုင်ငံရေး ရောထွေးတာ ကို လက်မခံပါ။

(၅) သက်သတ်လွတ်စားသင့်တယ် လို့ မြင်ပါလား။

ကျန်းမာရေး အတွက် နဲ့ တရားဓမ္မကျင့်ကြံ အားထုတ်ဖို့ အတွက် စားသင့်တယ်လို့ မြင်ပါတယ်။ သက်သတ်လွတ် ကို အားပေးပါတယ်။ အထူးလျှို့ဝှက်တဲ့ တန္တရာယာနကျင့်စဉ်တွေ ကို ကျင့်သူတွေ ကတော့ အသားဓါတ် ပရိုတိန်း ကို များစွာ စားသုံးကြရတယ်။ သာမန် သမထ ၀ိပဿနာ အားထုတ်သူတွေ က အသားမစားသင့်ပါ။ မြန်မာပြည်က ဓမ္မရိပ်သာ အချို့မှာ လဲ တရားစခန်း ကာလ အတွင်း သက်သတ်လွတ်ပဲ စားစေတာ သင့်လျှော်ပါတယ်။ နောက်တစ်ခု က သားသတ်ရုံတွေ မှာ တိရစ္ဆာန်တွေ ကို မသတ်ခင် မညင်းပမ်းဖို့ နဲ့ နာကျင်မှု ဝေဒနာ အနည်းဆုံး နဲ့ သတ်သင့်တယ်လို့ မြင်တယ်။ ဗုဒ္ဓဘာသာဝင်တွေ အနေနဲ့ အသားမရှောင်နိုင်လို့ စားကြရတဲ့ အခါ မှာ အကုသိုလ် မဖြစ်အောင် နှလုံးသွင်းပြီး စားသင့်တယ်လို့ မြင်ပါတယ်။

(၆) ကိုလင်းထက်ဆွေ ရဲ့ သားသမီးမြေးမြစ်တွေကို ဗုဒ္ဓဘာသာဝင် ဖြစ်စေချင်ပါသလား။

ဒီနေ့ ခေတ်ကြီးမှာ ဘာသာရေး နဲ့ နိုင်ငံသား ဖြစ်မှု ဆိုတာ တွေ က လူတိုင်းရွေးချယ်ခွင့်ရှိတဲ့ အခြေခံလူ့အခွင့်အရေးတွေပါ။ လူသားတစ်ယောက်ရဲ့ လွတ်လပ်ခွင့် က အခြားလူသားတစ်ယောက် ရဲ့ လွတ်လပ်ခွင့် ကို မထိခိုက်စေတဲ့ အထိ လွတ်လပ်နေလို့ မိမိ ရဲ့ နောင်မျိုးဆက်သစ်တွေ ကို လဲ သူတို့ နှစ်သက်ရာ ကို ရွေးချယ် ယုံကြည်ခွင့် အပြည့်အ၀ပေးရမယ်လို့ မြင်ပါတယ်။ လူတွေ က Information and Education ပြည့်ပြည့်၀၀ပေးနိုင်ဖို့ ပဲ လို ပါတယ်။ ကျန်တာက တော့ ကိုယ်နှစ်သက်ရာ ကိုယ် ရွေးချယ်ဖို့ ပဲ ဖြစ်ပါတယ်။

အကို့ မျိုးဆက်တွေ ကို ဟိုဘာသာဝင် ဒီဘာသာဝင် ဖြစ်ရမယ်ဆိုတဲ့ အစွဲ လုံးဝမရှိပါဘူး။ လူတော်လူကောင်းတွေ ရိုးသားဖြူစင်ယဉ်ကျေးသူတွေ အသိပညာပြည့်ဝ နှလုံးလှသူတွေ လောက နဲ့ ဓမ္မ ကို အကျိုးဆောင်နိုင်သူတွေ ပဲ ဖြစ်စေချင်ပါတယ်။ လူတစ်ယောက် ဟာ ဘယ်ဘာသာဝင်ပဲ ဖြစ်ဖြစ် အထက်ကပြောခဲ့တဲ့ လူ့ အရည်အချင်းတွေ ရှိရင် လူဖြစ်ရကျိုးနပ်သူ လို့ ဆိုနိုင်ကြောင်း ဖြေပါရစေ။

2012/9/25 Kon Zaw <konzawoo@gmail.com>

ကိုလင်းထက်ဆွေ ရေ

အကို့ရဲ့ အယူအဆတွေကို လက်ခံတာမခံကြတာ အသာထား လက်ရှိ မှော်ထဲမှာ ဘာသာရေးနဲ့ ပတ်သက်ပြီး နှံစပ်သူ စိတ်ဝင်စားသူ တက်ကြွသူ တစ်ယောက် ဖြစ်တာကတော့ ဘယ်သူမှ မငြင်းနိုင်ပါဘူး။ အဲဒီတော့ ထင်ပေါ်သူတစ်ယောက်မို့ ဗျူးပါရစေ ခင်ဗျာ။ ပါစင်နယ်မေးခွန်းတွေလဲ ပါတာမို့ မဖြေချင်လဲ နေလို့ရပါတယ်။ ဘာကြောင့် ဗျူးရတာလဲ လို့မေးရင် ကိုလင်းထက်ဆွေ ရဲ့ ရီပလိုင်းတွေထဲမှာ လက်ခံ သဘောကျတာတွေရှိသလို သဘောချင်းမတိုက်ဆိုင် ဘဝင် မကျမိတာတွေလဲ ရှိတာကြောင့် အောက်ပါ အချက်လေးတွေကို ရှင်းရှင်းလင်းလင်း သိချင်လို့ပါ။ သူများကို ချည်းပဲ မေးတာ မဟုတ်ပါဘူး။ ကျွန်တော့်ကို မေးချင်ရင်လဲ မေးနိုင်ပါကြောင်း ဖြေနိုင်သမျှ ဖြေမည် ဖြစ်ကြောင်း ပြောပါရစေ။ နောက်ပြီး လူမျိုးရေး နိုင်ငံရေးတွေကို ကိုစိုးနိုင်မေးနဲ့လဲ မဆက်စပ်တဲ့ အတွက် ဒီနေရာမှာ ထည့်မမေးထားပါဘူး။ မေးခွန်းတွေက ဒီမှာပါ။

(၁) ကိုလင်းထက်ဆွေ ဟာ ဗုဒ္ဓဘာသာဝင် ဟုတ်ပါသလား။ (ဟုတ်ရင် ထေရဝါဒ မဟာယန စသည်လား တခြားလား)

(၂) ကိုလင်းထက်ဆွေ ဗုဒ္ဓဝါဒ ရဲ့ ဘယ် အချက်တွေကို လက်ခံ သဘောကျပါသလဲ။ (အကျဉ်း ဖြစ်ဖြစ် အကျယ်ဖြစ်ဖြစ် ဖြေလို့ရပါတယ်။)

(၃) ဗုဒ္ဓဝါဒကို လူသားအားလုံးနဲ့သင့် လျှော်တယ်လို့ ယူဆပါသလား။

(၄) မြန်မာနိုင်ငံကို ဗုဒ္ဓ ဘာသာ နိုင်ငံ အဖြစ်မြင်ချင်ပါလား။

(၅) သက်သတ်လွတ်စားသင့်တယ် လို့ မြင်ပါလား။

(၆) ကိုလင်းထက်ဆွေ ရဲ့ သားသမီးမြေးမြစ်တွေကို ဗုဒ္ဓဘာသာဝင် ဖြစ်စေချင်ပါသလား။

အကို့ ရဲ့ အဖြေကိုကြည့်ပြီး နောက်ပိုင်းမှာ ပြန်လာကြမယ့် ရီပလိုင်းတွေ ရှိနိုင်ပါတယ် ဆိုတာ ကြိုတင် သတိပေးပါရစေ။

_______

ကွန်းဇော်

2012/9/25 Lynn Htet Swe <myatchitshin@gmail.com>
ဗျို့..ကိုစိုးနိုင်ကြီးရေ..

ကိုးကွယ်ခြင်း အကြောင်း ဆိုလို့ စိတ်ဝင်စားလို့ နည်းနည်းဝင်ပြောကြည့်မယ်နော်။စိတ်မရှိနဲ့။
ဗုဒ္ဓဓမ္မ က ကိုယ့် အားကိုယ်ကိုးဆိုတာ ယေဘုယျ အား ဖြင့်တော့ လက်ခံတယ် ဗျို့။
ဗုဒ္ဓဘာသာ တွေ ထဲ မှာ သုခ၀တီ ဂိုဏ်း က လွဲ လို့ ကိုယ့်အားကိုယ်ကိုးရေး လမ်းစဉ်တွေပဲ ပြောခဲ့ကြတာ။
ဒါတောင် သုခ၀တီ ဂိုဏ်း မှာ နမော အမိတာဘ ဆိုတဲ့ မန္တန် ကို ကိုယ့်အားကိုယ်ကိုး လို့ အကြိမ်သန်းချီ ရွတ်ဆို ရပါသေးတယ်။
ကိုင်း..ထားလိုက် ပါတော့။ ဒါပေမဲ့ ....

((တစ်ပါးသူကို အားကိုးပြီး

တစ်ပါးသူကို အကာကွယ်ယူထားတာ
ညံ့ဖျင်းလွန်းတဲ့ စိတ်ဓါတ်ပါပဲ---))..

လို့တော့ မဆိုသင့်ဘူးထင်တယ်ဗျ။ ကျွန်တော့် အမြင်ပါ။

ဘုရားရှိဝါဒ နဲ့ ဘုရားမဲ့ဝါဒ Theism and Non-Theism တွေ က လောက အမြင် မတူလို့ပါပဲ။

ဘုရားရှိဝါဒ အမြင် က အရာခပ်သိမ်းရဲ့ မူလဘူတအစ ဖန်ဆင်းရှင် (Almighty God) ကို လက်ခံတယ်။ ရှိရှိသမျှ နေလ တောတောင်ရေမြေသဘာဝ နဲ့ လူ သစ်ပင် တိရစ္ဆန် အားလုံး က တစ်ဆူတည်းသော ဘုရားဓါတ် က နေ ထွက်ပေါ်လာတယ်လို့ မြင်တဲ့ အတွက် အရာရာ ဟာ Divine Plan Divine Will အရ လှုပ်ရှား နေတယ် လို့ မြင်ပါတယ်။ လူမှာ ရှိသမျှ စွမ်းအား ဟာ
ဖန်ဆင်းရှင် (Almighty God) ဆီ က လာ တဲ့ စွမ်းအားတွေ ပါပဲ..။ဒါကြောင့် လူဟာ ဘုရားသခင် ကို အားကိုး တယ် ဆိုရာမှာ ဘာမှမလုပ်ပဲ ထိုင်နေတာ တော့ မဟုတ်ဘူး..မိမိ အခန်းကဏ္ဍ အတိုင်း (ဘုရားစေသရွေ့) အားထုတ်ပါတယ်..ပန်းတိုင်နဲ့ ရလာဒ် က တော့ ဘုရားလက်ထဲ မှာ ပဲ ဖြစ်တယ်။ Thy Will be done ဒါမှ မဟုတ် အင်ရှာ အလ္လာဟ် ပေါ့။ ဘဂ၀ါဂီတ ရဲ့ ကမ္မယောဂ ကျင့်စဉ်မှာ ဆို လဲ မိမိ ပြုသမျှ ကို ဘုရားလက်ဝယ် ပုံအပ် ဆက်ကပ်ပြီး လောဘ ဒေါသ တွေ ပယ်ရှား ကြတယ်..။ ဒါကြောင့် ဖန်ဆင်းရှင် (Almighty God) ကို ယုံကြည်တဲ့ ဘုရားရှိဝါဒ မှာ လဲ သူတော်စင် ကြီးတွေ ပေါ်ပေါက် ပါတယ်။..

ကမ္ဘာ လူဦးရေ ရဲ့ ၈၀% လောက် ဟာ Theists တွေ ဖြစ်လို့ ဒီ လူတွေ အားလုံးဟာ ညံ့ဖျင်းလွန်းတဲ့ စိတ်ဓါတ်ပိုင်ရှင်တွေ လို့ ဆို ရင် လွန်လွန် ကဲကဲ ဆိုရာ ရောက်တယ်လို့ မြင်မိပါတယ်။ဘုရားရှိ ၀ါဒီ တွေ ထဲ မှာ ဒဿနပညာရှင်တွေ သိပ္ပံပညာရှင်တွေ စာပေပညာရှင်တွေ နဲ့ နိုင်ငံခေါင်းဆောင်တွေ များစွာ ပါဝင် နေတာ မို့ ဒီလူစု တွေ က လူညံ့တွေ တော့ ဟုတ်ဟန် မတူပါ။

ကာဇက်စတန် မှာ အစ္စလာမ်ဘာသာဝင် အမျိုးသမီး တွေ ကောဇော ယက် ကြတဲ့ အခါ ဘယ်တော့ မှ အပြစ်အနာအဆာ မရှိတဲ့ ပြီးပြာ့်စုံတဲ့ ကောဇော ဖြစ်အောင် မယက် ကြဘူး။ ပြီး ခါနီးမှာ ချည်ကျော် လေး တစ်ခု ကို တမင်လုပ်လိုက် ပါတယ်..။ဒါ က ဘုရား က လွဲ လို့ ပြီးပြည့်စုံသူ မရှိဘူး လို့ အနိုင်းမဲ့ ဘုရား နဲ့ မနိုင်းလို တဲ့ ခယ၀ပ်တွားတဲ့ စိတ် ကလေး ပါ။ နှိမ့်ချမှု နဲ့ အတ္တမာန ကို ပယ် ရှားမှု ပေါ့။ ခရစ်ယာန် မှာ Kenosis ဆူဖီ လမ်းစဉ် မှာ ဖနာ ဆို တာ နဲ့ အတူတူ ပါပဲ။

အင်္ဂလိပ်စကား မှာ We live and move and have our being in God ဆို တာ ရှိတယ်။ ဘုရား ကို အားကိုးတယ် ဆိုတာ သူများ ကို အားကိုးတာ မဟုတ်ပါ။ မိမိ အပါအ၀င် အရာခပ်သိမ်း ရဲ့ မူလရင်းမြစ်လို့ ယုံကြည်ရတဲ့ နာမ်ဓါတ်စွမ်းအင် ကို အားကိုးတာ ပါပဲ..ဒါက သိမ်မွေ့ သော ၀ိညာဉ်ရေးရာ ကိစ္စ လို့ မြင် ပါတယ်။ စိတ်ဟာ မိမိ ကိုယ်ကို အားမကိုးတော့ တဲ့ အခါ လွှတ်ချလိုက် တဲ့ အခါ မှာ ဓမ္မဗျာပါရ ဖြစ်သွားပြီး စွမ်းအင်သစ် ငြိမ်းချမ်းမှုအသစ် ထွက် ပေါ်လာ ပါတယ် (ရှင်အာနန္ဒာ ရဟန္တာ ဖြစ်ခန်း နဲ့ နိုင်းယှဉ် ယူကြည့် ပါ။)

တဖက်မှာ ကြည့် ရင်လဲ ကိုယ့်အားကိုယ် ကိုးတယ် ဆို တဲ့ ဗုဒ္ဓဘာသာ ဆရာတော်ကြီးတွေ မှာ တင်းမာခက်ထန်တဲ့ မျက်နှာထား တွေ ရှိကြတာ ဘာကြောင့် ပါလဲ..။ ကိုယ့်အားကိုယ်ကိုးလွန်းတဲ့ မာနတွေ ကြောင့်လား။ ဗုဒ္ဓဘာသာလော က မှာ တကယ်ရော ကိုယ့် အားကိုယ် ကိုး ကြရဲ့ လား တွေးကြည့်စရာ ပါ။
ပရိယတ် သမား တွေ က ပိဋကတ် စာပေ နဲ့ အဋ္ဌကထာ အဖွင့် တွေ ကို အားကိုးကြတယ်။ မတော်လှန်ရဲ ပါဘူး။
ပဋိပတ်သမား တွေ က လဲ ကိုယ့်ဆရာသမား က ပေးတဲ့ နည်း ကို ပဲ မူသေထားပြီး ဒါတွေ ကို မဝေဖန်ရဲကြပါဘူး။
နောက်တစ်ခု က...ဗုဒ္ဓဘာသာ စာပေမှာ ယုံကြည်မှု သက်သက် နဲ့ လက်ခံထားရတာတွေ အများကြီး။ ကိုစိုးနိုင်တောင် လက်မခံနိုင်တာတွေ အများသား မဟုတ်လား။ ဒါတွေ ကို မျက်စိမှိတ်လက်ခံ ထားတာ မဟုတ် ဘူး လို့ အခိုင်အမာ ပြောဆို နိုင်သူ တစ်ယောက် ကို တွေ့ချင် ပါတယ်။ ဘုရားအရပ် ဘယ်နှစ်ပေ မြင့် တဲ့ အကြောင်း က စလို့ လေး အသင်္ချေ ကမ္ဘာတစ်သိန်း ကိစ္စ တွေ ပေါ့..။ဒါတွေ လဲ သူများ အားကိုးပြီးယုံနေရတာ ပါ။

ဒီထက်ပို တာ တွေ က တော့ ဗုဒ္ဓဘာသာ အမည်ခံပြီး နတ်ကိုးကွယ် ဘိုးတော် ကိုးကွယ် ဆင်းတု ကိုးကွယ် တာ တွေ ပေါ့။ ဒါတွေ က လဲ မဆန်းဘူးဆိုရမယ်..။ ဗုဒ္ဓဘာသာ မှာ ကိုးကွယ်စရာ ထာဝရ ရှင်သန်နေတဲ့ ဘုရားသခင်မျိုး မရှိတော့ တောင်ဆွဲ မြောက်ဆွဲ တွေ ဖြစ်ကုန်ကြတာ ပါပဲ။
ဗုဒ္ဓ နဲ့ ရဟန္တာ တွေ က လဲ ပရိနိဗ္ဗာန်စံဝင် တော်မူသွား ကြပြီ..။နောက်ဘုရား က လဲ မပွင့်သေး။ သိကြားမင်း ဆိုတာ က လဲ ပျောက်ချက်သား ကောင်းနေပါတယ်..။ ဒါတော့ နီးစပ်ရာ ပဲ ကိုးကွယ် ပြီး သူတပါး အား ကိုး ရပြန် ပါတယ်..။ဒါ က ပဲ စိတ် ထွက် ပေါက် မဟုတ် ပါလား။

ကိုစိုးနိုင် ချမ်းမြေ့ပါစေဗျာ။

2012/9/24 soe naing <snsoenaing4@gmail.com>
ကိုးကွယ် ခြင်း အကြောင်း
********************

ဒေါသ ပွားရင်
ဒေါသ ထန်မယ်---
တဏှာ ပွားရင်
တဏှာ သန်မယ်---
မာန ပွားရင်
မာန ခံမယ်---
လောဘပွား ရင်
လောဘ ကျန်မယ်---
မေတ္တာ ပွားရင်
မေတ္တာ စံမယ်---
ဥပေက္ခာ ပွားရင်
ဥပေက္ခာ ဆန်မယ်---
ကဲ----
ကိုယ်ကြိုက်တာ ကိုယ်လုပ်
ကိုယ်လုပ်တာ ကိုယ်ခံ
အဲဒါ ကံ ကံရဲ့ အကျိုး
ဗုဒ္ဓတရားမျိုးက
``အတ္တာ ဟိ အတ္တာနော နာထော``
ဘယ်သူ့ကိုမှ ကိုးကွယ်ဘို့ မဟောခဲ့ဘူး။
ကျူပ်တို့ ဗုဒ္ဓဘာသာကို ကိုးကွယ်တယ်ဆိုတာ
ှဗုဒ္ဓရဲ့ လမ်းညွှန်ချက် တရားတော်တွေကို လိုက်နာတာပါ။
``အားကိုးပါတယ်----``
``အကာကွယ်ပေးပါ---``
ဆိုတဲ့--
တစ်ပါးသူကို အားကိုးပြီး
တစ်ပါးသူကို အကာကွယ်ယူထားတာ
ညံ့ဖျင်းလွန်းတဲ့ စိတ်ဓါတ်ပါပဲ---
အဲ-- စော်ကားတယ်ဆိုရင်တော့
ဆောရီးပါဗျာ
ငြိမ်းချမ်းချင်တဲ့ အာသီသ နဲ့
မေတ္တာ ပွားလိုက်ဦးမယ်---
``လူသား အားလုံး အမြင်မှန် ရကြပါစေ---``

ကိုစိုးနိုင် (မြန်မာ့အရုဏ်သစ်)

--
မှော်ဆရာအဖွဲ့ မှ နေ့ စဉ်မေးလ်များ ရယူလိုပါက http://groups.google.com/group/mrsorcerer/subscribe?hl=en ကို နှိပ်ပြီး မန်ဘာဝင်နိုင်ပါသည် ။
မန်ဘာဝင်များ မိမိတို.သိထားသည်များကို မျှဝေလိုပါက mrsorcerer@googlegroups.com သို. မေးလ်ပို.နိုင်ပါသည် ။
မှော်ဆရာအဖွဲ့ မှ နှုတ်ထွက်လိုလျှင် mrsorcerer+unsubscribe@googlegroups.com ကိုနှိပ်ပြီး မေးလ်ပို.ပါ ။
စာလက်ခံလိုသည့်ပုံစံ ပြင်လိုလျှင် http://groups.google.com/group/mrsorcerer?hl=en ကို သွားပါ ။
မှော်ဆရာ အဖွဲ့ ၏ စည်းကမ်းများကို သိလိုလျှင် http://groups.google.com/group/mrsorcerer/browse_thread/thread/af2f4a1d44d4d909?hl=en တွင် ဖတ်ရှုနိုင်ပါသည် ။
 
Facebook (FB) မှော်ဆရာအဖွဲ့သို့ Mail ပို့လိုလျှင် mrsorcerer2@groups.facebook.com
FB မှော်ဆရာအဖွဲ့သို့ ၀င်ရန် http://www.facebook.com/home.php?sk=group_173571176006981&ap=1
 
မှော်ဆရာ အဖွဲ့ နှင့်ပက်သက်၍ ဝေဖန်အကြံပြုလိုပါက >>>
ဦးဦး မှော်ဆရာ ( mrsorcerer9@gmail.com, mrsorcerer27@gmail.com ) ထံသို.
ပေးပို.နိုင်ပါသည် ။
 
ခင်မင်စွာဖြင့်
ဦးဦး မှော်ဆရာ