Re: [mrsorcerer:32535] ကုဋေ ခြောက်ထောင် အိပ်မက်

ညီလေး ကိုအောင် ရဲ့ စာ က ဘာကိုရည်ညွှန်းချင်တာလဲ အကို မသိဘူး။

မြန်မာပြည်မှာ ဘာသာခြားတွေ တိုးတက်ထွန်းကားပြီး ဗုဒ္ဓဘာသာအနုတ်လက္ခဏာ ပြနေတာ ကို ဆို ချင်တာလား။
ဒါဆိုရင် တော့ အချက်အလက် တစ်ခု အနေနဲ့ လက်ခံ ပါတယ်။
ဒါမှ မဟုတ် ဗုဒ္ဓဘာသာဆုတ်ယုတ် ပြီး ဘာသာခြားတွေ တိုးတက်လာ လို့ မြန်မာ့လူဘောင်ကြီး ပျက်စီးသွားတော့ မယ်လို့ ဆိုလိုချင်တာလား။
ဒီလိုဆိုရင် တော့ ဒါက လိုရာဆွဲတွေးတာ ဖြစ်လို့ လက်မခံပါဘူး။

ဗုဒ္ဓဘာသာ ကိုးကွယ်နေတဲ့ နိုင်ငံတွေ က ဗုဒ္ဓဘာသာမကိုးကွယ်တဲ့နိုင်ငံတွေထက် ပို မသာ လို့ ပါပဲ။ ဗုဒ္ဓဘာသာမကိုးကွယ်တဲ့ တစ်ခြား တိုင်းပြည်တွေ က ဆုတ်ယုတ်ပျက်စီးနေတယ်လို့ မထင်မိပါ။ လူ့ အဆင့်အတန်း အမြင့်ဆုံး တိုင်းပြည်တွေ က ခရစ်ယာန်ဘာသာနိုင်ငံတွေ တောင် ဖြစ်နေပါသေးတယ်။
မြန်မာတစ်နိုင်ငံလုံး ခရစ်ယာန်တွေ ဖြစ်သွားရင် မြန်မာပြည်ကြီး ဆုတ်ယုတ်ပျက်စီးသွားမယ်လို့ ပြောနိုင်ပါသလား။

တိုင်းပြည်တစ်ခု ရဲ့ အနာဂတ် ဟာ နိုင်ငံသားတွေ ရဲ့ ရိုးသားကြိုးစားမှု အသိပညာ အဆင့်မြင့်မားမှု ဥပဒေ ကို လိုက်နာမှု နဲ့ တကယ်စစ်မှန်တဲ့ တရားမျှတမှု တွေ ရှိနေဖို့ ပဲ လိုပါတယ်။ ဘယ်ဘာသာ ကို ပဲ ကိုးကွယ် ပါစေ...ဒါတွေ မရှိ ရင် တော့ ဒီ တိုင်းပြည် က ဓါးမနောက်ပိတ်ခွေး ဖြစ်မှာ ပါပဲ။
ဘာသာရေးကြောင့် သာဆို ဗုဒ္ဓဘာသာကို အနှစ် ၁၀၀၀ ကိုးကွယ်ခဲ့ တဲ့ မြန်မာပြည် က ထိပ်မှာ ရောက်နေသင့်ပြီ..ဘာလို့ မရောက်သေးတာလဲ စဉ်းစား။

နောက်တစ်ခု က ခရစ်ယာန်သာသနာပြုတွေ လို ဗုဒ္ဓဘာသာ ရဟန်း တွေ က လုပ်နိုင်မတဲ့လား..စဉ်းစားစရာပါ။
ဗုဒ္ဓဘာသာ ရဟန်း တွေ က အပူဇော်ခံ တွေ အနေနဲ့ ပဲ ထည်ထည်ကြီးတွေ နေချင်ကြတာပါ။ မိုးထဲ လေထဲ ရွံ့ထဲဆင်းပြီး သာသနာပြုနိုင်ပါမလား..။တောင်တန်းသာသနာပြု ကိုယ်တော်တွေ ဘာလုပ်နေကြသလဲ စုံစမ်းကြည့်ပါ။

အဓိက က လောကအမြင်ကွာနေပါတယ်။ ခရစ်ယာန်ဘာသာဝင်တွေ အတွက် က တမလွန်အတွက် လုပ်စရာ ဘာမှ မရှိ..အားလုံး ကို ထာဝရဘုရားလက်ထဲ အပ်နှံပြီးပြီမို့ ပူစရာ မလို..။ လက်ရှိ ပစ္စုပ္ပန်ဘ၀ မှာ ဘုရားသခင် သတင်းစကား ကို လူအများဆီ ဖြန့်ဝေ ပေးဖို့ အလုပ်သာပဲ ရှိတယ်..။ဒီတော့ သာသနာပြုရေးလုပ်ငန်း မှာ နှစ်မြုပ်ပြီး လုပ် ကြ ပါတယ်။

သူတို့ သာသနာပြု ရာ မှာ လူမှုရေးနဲ့ ဆွယ်တယ်..ရုပ်ပစ္စည်းတွေ နဲ့ ဖျားယောင်းတယ် စသဖြင့် စွပ်စွဲကြတယ်..။ ဒါကလဲ မှားတယ်။ ဘာောကာင့်လဲ ဆိုတော့
Abraham Maslow ရဲ့ စိတ္တဗေဒ အရ လူမှာ လိုအပ်ချက်တွေ အဆင့်ဆင့်ရှိတယ်..။
  • ရှင်သန်ရေး
  • လုံခြုံရေး
  • ချစ်ခြင်းမေတ္တာ
  • လေးစားခံရမှု
  • မိမိ ကိုယ်ကိုယ် ဖေါ်ထုတ်ခြင်း.........စတာတွေ ပါပဲ။

ဒါတွေ ကို တစ်ဆင့်ခြင်း ဖြည့်ဆည်းပေးသွားဖို့ လို တယ်။ ဆင်းရဲတဲ့ မိသားစု တစ်ခု ကို နင်တို့ က အရင်ဘ၀ က မလှူခဲ့ လို့ သူများပစ္စည်း ကို ခိုးခဲ့ လို့ အကုသိုလ်ကံတွေ ကြောင့် နင်တို့ မွဲ နေတာ ပဲ။ နောက်ဘ၀ ကံကောင်း အောင် ငါ့ကို လှူ လို့ ဘုန်းကြီး က သွားဟော နေရင် တယ်မနိပ်လှဘူး။

ဒီနေရာ မှာ ခရစ်ယာန် သာသနာပြု တွေ ရောက်လာရင် ဒီ မိသားစုရဲ့ အနိမ့်ဆုံး လိုအပ်ချက် တွေ ကို အရင်ဖြည့်ဆည်းပေးဖို့ ကြိုးစားမယ်။ သူတို့ ကို ခရစ်တော်က ချစ်တဲ့ အကြောင်း ပစ်မထားတဲ့ အကြောင်း သူတို့ နဲ့ အတူရှိနေကြောင်း ကို ပြော မယ်။ ခရစ်တော် ရဲ့ ချစ်ခြင်းမေတ္တာ ကို ပြဖို့ သာသနာလာပြု တဲ့ အကြောင်း ကို ပြောမယ်..။ လူသား အချင်းချင်း လေးစားမှု ကို ပြသမယ်ပေါ့..ဒီလို နဲ့ တစ်ဆင့်ခြင်း ပြောင်းလဲ သွားတာ ပါပဲ..ကိုအောင်။ လူဆိုတာ မေတ္တာ ကို မလိုချင်သူမရှိ ဂရုစိုက်တန်ဖိုးထားမှု ကို မလိုချင်သူမရှိ..ဒါတွေ ကြောင့် ဒီ ဘာသာကို ၀င်လိုက်ရတယ်ဆို လဲ ဒါဟာ ထိုက်တန်တယ်လို့ မြင်ခွင့် မရှိဘူးလား။ 

ဘာသာတရားတွေ ဆို တာ ဆားဗစ်လုပ်ငန်းတွေ နဲ့ တူတူလာပါတယ်။ ကိုယ့် Company က ဆားဗစ်ပို ကောင်း မှ လက်တွေ့ပြနိုင်မှလဲ ကိုယ့် ရှယ်ယာ ကို ၀ယ်သူ များမှာ ပဲ။ ဒါက လောကတံထွာ ဓမ္မတာ ပါပဲ။ တမလွန် ကိစ္စ ရုပ်နယ်လွန် ကိစ္စ တွေ က သူယုံ ကိုယ်ယုံ ကိစ္စတွေ ဆို တော့ အားလုံး စိတ္တဇတွေ ပဲ လို့ ပြောရမယ်။ ဒီတော့ ကွာခြားချက် က တော့ ဒီ ပစ္စုပ္ပန် ဘ၀မှာ လက်တွေ့ ဘယ်လို အကျိုးရှိမလဲ ဆို တာ ပေါ်မှာ ပဲ မူတည်ပြီး ဆုံးဖြတ်ကြမှာ ပါပဲ။ ဒါက အရမ်းရိုးစင်းလွန်း ပါတယ်။

ဖြစ်ရပ်တစ်ခုပြောမယ်။ ဆရာကြီးဦးဖေမောင်တင် ဆိုတာ ကြားဖူးလား။ ပါဠိပညာရှိကြီးပါ။ ၀ိသုဒ္ဓိမဂ် အဋ္ဌကထာကြီး ကို ရှေးဦးဆုံး အင်္ဂလိပ်ဘာသာ ပြန်ဆိုခဲ့ တဲ့ ပညာရှင်ကြီးပါ။ ဆရာကြီး က ငယ်စဉ်က ခရစ်ယာန်ဆိုပေမဲ့ ဘုန်းကြီးတွေ ကို စာချနိုင်တဲ့ ဗုဒ္ဓဘာသာပဏ္ဍိတ် ကြီးပါပဲ..။ သူ အသက် ၈၀ ရောက်တော့ တမလွန်ခရီးအတွက် ဗုဒ္ဓဘာသာ ကို ပဲ ရွေးရမလား ခရစ်ယာန်ပဲ ရွေးရမလား ဝေခွဲတယ်။ နှစ်ဘာသာလုံး ကို မွှတ်နေအောင် အသိကြီးသိသူပါပဲ..။ နောက်ဆုံး သူ့ နှလုံးသား အတွက် ခရစ်ယာန်ဘာသာလမ်း ကို ရွေးခဲ့တယ်။ ဒါကို ဗုဒ္ဓဘာသာဝင်တပည့်တွေ က မကျေနပ်တော့ စောဒကတက်ကြတယ်..။ ဆရာကြီး က တော့ အေးအေးလူလူ ပဲ ပြန်ပြောပါတယ်။

မင်းတို့ ဗုဒ္ဓဘာသာ က ကောင်းတော့ ကောင်းပါတယ်။ ဒါပေမဲ့ ရှုပ်သကွာ။..ပါတဲ့။ တိုတိုကျဉ်းကျဉ်း နဲ့ ဘ၀လမ်းညွှန် တမလွန်လမ်းညွှန်ဖြစ်မယ်ထင်တဲ့ ဓမ္မ ကို ပဲ သူ့ စိတ်တိုင်းကျ ရွေးချယ်သွားပုံ ရပါတယ်။

2012/9/28 Ko Aung <koaungmdy@gmail.com>
" အ ရွယ် ငယ် တုန်း အ ပျော် ဆုံး "

" တို့ မြေ ဌာ နီ, ရှေး ခါ ဆီ ဝယ်, မ ထေရ် အ ပေါင်း, စံ ရာ ကျောင်းမှ, ငြိမ့် ညောင်း သာယာ, မိန့် အာဏာကို, ရပ်ရွာလူများ, လွန် လေး စားခဲ့ ။
ခုကား သို့နှယ်, မဟုတ်ကွယ်၍, နယ်ပယ်စီးပွား, သားသမီးတို့, ဘုန်းကြီးကျောင်းတွင်, စာမသင်တော့ "

" ထိုသူ့ဘာသာ, ထိုသူ့စာမူ, ခေတ်ခါအလိုက်, လောကတိုက်ဝယ်, သိုက်မြိုက်ဖို့ရန်, အ ကြောင်း မှန်လည်း, နောင်သံသာတွက်, ကြောင်းမဖက်၍, သက်သက်မျက်စိ, တစ်ဖက်ကြည့်တည်း "

" ဤသည့်တိုင်းသာ, နှစ် ပေါင်း ကြာ လျှင်, မြန်မာတိုင်းဖွား, အမျိုးသားတို့,ဘုရားကိုစွန့် , တရားစွန့်၍, စွန့်လိမ့်မှန်စွာ, မြတ်သံဃာတည်း " တဲ့ ။

ဒီ စာ ဟာ ကျေး ဇူး တော် ရှင် မဟာဂန္ဓာရုံ ဆ ရာ တော် ဘု ရား ကြီး ( ၁၃၂၁ ) ခုနှစ် က ရေးတော်မူခဲ့တဲ့စာပါ ။ င်္ဒီ စာ ( ၅၃) နှစ်တာမျှ ကြာ ညောင်း လာ တဲ့ ယ ခု ချိန် မှာ ဒီ စာ အ တိုင်း အ ခြေ အ နေ တွေ ဖြစ် ပေါ် နေ တာ ကို တွေ့ ကြုံ လာ ရ သည် ။

မြောက် ပိုင်း ရှမ်း ပြည် နယ် , ဗုဒ္ဓဘာသာ ပ လောင် ရွာ လေး တစ် ရွာ မှာ ဘာ သာ ခြား ဆရာမ တစ်ဦး ရောက် လာပြီး က လေး တွေ ကို အ ခ မဲ့ စာ သင် ပေး တယ်, က လေး တွေကို သူတို့ ဘာသာတရား ဟောတယ်, က လေး မိဘ တွေ ကို ကူညီ ထောက်ပံ့တယ်, ကျန်းမာရေး စောင့် ရှောက် ပေး တယ်, အဲ ဒီ လို နဲ့ မ ကြာ ခင် မှာ ဆင်း ရဲ တဲ့ ဗုဒ္ဓဘာသာ ပ လောင် ရွာ လေး တစ် ရွာ လုံး ဘာသာခြားရွာ ဖြစ်သွားတယ် ။

သီပေါမြို့ အနီး ကုန်းသာရွာ ၃ ပုံ ၂ ပုံ ဟာ ခရစ်ယာန် တွေ ဖြစ် ကုန် ပြီး ၊ နောင်ပိန်ရွာ တစ် ဝက် က တော့ မွတ် စ လင် တွေ ဖြစ် ကုန် ပါ ပြီ ။

ဒီ က နေ့ မြန် မာ နိုင်ငံ တစ် ဝန်း ရှိ ပြည် နယ် နဲ့ တိုင်း တွေ မှာ ယ ခု လက် ရှိ ဘူး သီး တောင် နှင့် မောင်း တော ကဲ့ သို့ ဘာ သာ ခြား တို့ ရဲ့ အုံ နဲ့ ကျင်း နဲ့ စု ဝေး နေ ထိုင် ရာ ရွာ ကြီး ရွာ ငယ် တွေ ရပ် ကွက် တွေ တစ် နေ့ တစ် ခြား တိုး တက် လာ တာ ကို မျက် ဝါး ထင်ထင် တွေ့ မြင် နေ ရ ၏ ။

ဘာသာခြားတွေ အပေါင်းလက္ခဏာပြတဲ့ နေ ရာ တိုင်း မှာ ဗုဒ္ဓဘာသာဝင် တွေက အနှုတ်လက္ခဏာ ပြကုန်ကြ၍ နောင် အ နာ ဂတ် အ တွက် စိုး ရိမ် စ ရာ ပင် ။ ဗုဒ္ဓသာဝင် အားနည်းသော ဒေသ တွေမှာဆိုရင် ဗုဒ္ဓဘာသာဝင် များ ဟာ မျက်နှာငယ်ကြရသည် မဟုတ်ပါလော ။
ယ ခု စစ် တမ်း များ အရ ရ ခိုင်ပြည် ဘူးသီးတောင်၊ မောင်းတော တွင် မွတ်စလင် ၉၄% နှင့် ရခိုင်ဗုဒ္ဓဘာသာဝင် ၆% ဖြစ်နေ ပါ ပြီ ။

နောက်ဖြစ်ရပ် တစ်ခုမှာ သီပေါမြို့ ပေါ်သို့ ရွာကနေ စစ်ဒဏ်ပြေး ရှောင်လာသော ကလေး ( ၁၅ ) ယောက်အား ဘုန်းကြီးကျောင်း တစ်ကျောင်းသို့ အပ်နှံရာ ကျောင်းထိုင်ဘုန်းကြီးမှ " ကျွေးမွေးဖို့ရာ ခက်ခဲတယ် " ဆိုပြီး လက်မခံတဲ့ အကြောင်း ၊ ထိုကလေးများ ကို ခရစ်ယာန် Chruch ကျောင်းက လက်ခံယူလိုက် ကြောင်းသိခဲ့ရ ပါသည် ။

ထို့ကြောင့် ဘုန်းတော်ကြီးများမှ ဦးဆောင်၍ ဗုဒ္ဓဘာသာဝင် များ အနေ ဖြင့် ဘုန်းတော်ကြီးစာသင်ကျောင်း ၊ မိဘမဲ့ကလးဂေဟာ ၊ အခမဲ့ ပညာဒါနသင်တန်း နှင့် ဗုဒ္ဓဘာသာယဉ်ကျေးလိမ္မာသင်တန်း စသည်တို့ကို ဦးစီးဦးဆောင် တည်ထောင်ကြစေခြင်ပါသည် ။

ထို့သို့ကလေးသူငယ်တို့ နှလုံးသားမှာ မပျက်စီးနိုင်တဲ့ ဉာဏ်ဘုရားတည်ပေးခြင်းဖြင့် ကလေးတွေကိုထိန်းသိမ်းကြဖို့
ကျေးဇူးတော်ရှင် မဟာဂန္ဓာရုံဆရာတော်
ဘုရားကြီးက သူ့ လင်္ကံင်္ံင်္ာံကို အောက်ပါအတိုင်း အဆုံးသတ်ပြီး သတိပေး တော်မူခဲ့ပါသည် ။

ထိုခါ တိုင်းဖွား၊ လူအများလည်း၊ တရားလက်ကွာ၊ တစ်ဖက်စာကြောင့်၊ ဆက်ကာ ခုထက်၊ တိုး၍ ပျက်လိမ့်။
သို့တွက် များပြား၊ ဘုန်းဘုရားတို့၊
တရားကိုယ်ကျင့်၊ လုံအောင်ကျင့်၍၊
မလင့်စေရ၊ ကိုယ့်ဒေသ၌၊သိပ္ပ-ဝိဇ္ဇာ၊
ပြသင့်ရာကို၊ ကောင်းစွာပိုင်ပိုင်၊
ပြသနိုင်မှ၊ ဘုန်းလှိုင်ဟောပြ၊
သြဝါဒကို၊ စိတ်က ကြည်ဖြူ၊
လိုက်နာယူလျက်၊ ကိုယ်မူနှုတ်ပြောင်း၊
စိတ်လည်းကောင်း၍၊ နောက်နှောင်းမြန်မာ
သာသနာသည် ရှည်ကြာနေသို့ ထွန်းမည်ကို ။ ။ ။

" ဗုဒ္ဓမြတ်စွာ သာသနာ ရောင်ဝါနေထက် လင်းပါစေ "

Credit to -
A Shin Khay Mar Sar Ra

®egards…
Ko Aung…


Lynn Htet Swe <myatchitshin@gmail.com> wrote:

ဗျို့..ကိုစိုးနိုင်..ထောက်ခံတယ်။ အားပေးတယ်..အမြင်ချင်း ထပ်တူပါပဲ။ မြန်မာဗုဒ္ဓဘာသာ ကို ပြုပြင်ပြောင်းလဲ မှ ရေရှည်ရပ်တည်နိုင်မယ်ဆို တာ မြေကြီးလက်ခတ်မလွဲနိုင်သော အမှန်တရားပါ။


မရေရာသော အနာဂတ် ဘ၀ ကုသိုလ် အကျိုးတရား တွေ ထက် လက်ရှိ ပစ္စုပ္ပါန်ဘ၀ က ဗုဒ္ဓဘာသာလူမှုအဖွဲ့ အစည်း တိုးတက်ရေးလုပ်ကြတာ က ပို အဓိပ္ပါယ် ရှိပါတယ်ဗျာ။

2012/9/27 soe naing <snsoenaing4@gmail.com>

မြန်မာစကားပြောနည်းမှာ ``ကောက်ပင်ရိပ်လှီး`` စကားပြောနည်းတစ်ခုပါတယ်။ ကိုယ်ပြောချင်တာကို ဒုတ်ထိုးအိုးပေါက်မပြောပဲ သွယ်ဝိုက် သိမ်းပိုက်ခြုံငုံပြီးမှ ကိုယ်ပြောချင်တာကိုပြောတာပါ။ အဲဒီလို စကားပြောနည်းက ဘယ်အခါမှာ သုံးရသလဲဆိုရင် ကိုယ့်စကားကို နားထောင်တဲ့သူက လျှက်တစ်ပြတ် အလွယ်နားလည်ပြီး အထင်လွဲစေနိုင်တဲ့အခါသုံးပါတယ်။ အထင်လွဲသွားပြီဆိုရင်တော့ ရွာလည်ပြီး တိုင်ပတ်သွားရင်  ပြန်ရှင်းပြဘို့က သိပ်ခက်သွားတတ်တယ်။ အခု ကျွန်တော်လည်း တိုင်ပတ်နိုင်တဲ့ အတွေးတစ်ခုကို တင်ပြချင်လို့ စကားကြောရှည်ပြီး နိဒါန်းပျိုးနေရတာပါ။


၁))


ကျွန်တော် က ဗုဒ္ဓဘာသာပါ။ ဂေါတမ ဗုဒ္ဓမြတ်စွာဘုရားဟာ ဘုရားအဖြစ်ကို မရောက်ခင် သိဒတ္ထမင်းသား ဆိုတာ ဗုဒ္ဓဘာသာဝင်တိုင်းသိပါတယ်။ အိမ်ရှေ့စံပါ။ တစ်ချိန်မှာ တိုင်းပြည်အုပ်ချုပ်မင်းလုပ်ဘို့ ဖခင်ကြီး အထူးမျှော်လင့်ထားတဲ့သူပါ။ ဒီတော့ လူသားတိုင်း အရမ်းတောင့်တ တဲ့ သက်ဦးဆံပိုင် ရှင်ဘုရင်ဘဝ၊ လိုတရ ပြီး လက်ညှိုးညွှန်ရာ ရေဖြစ်စေတဲ့ ဘဝကို စွန့်လွှတ်ပြီး ပဋိက္ခရာ ရှစ်ပါးလောက်နဲ့ တောထွက် တရားရှာပြီး ဗုဒ္ဓအဖြစ်ရောက်ရှိခဲ့တာပါ။ ကျွန်တော် ပြောလိုခြင်းက သိဒတ္ထမင်းသားဟာ ရွှေငွေ ကျောက်သံ ပတ္တမြား ၊ ရာထူး အာဏာ စည်းစိမ် ၊ စတာတွေကို မတွယ်ကပ် မငြိတွယ်ဘဲ သံသရာရဲ့ လွတ်မြောက်ရာကို ရှာဖွေခဲ့သလို ဒီ စည်းစိမ်ဥစ္စာ ရွှေငွေ ရတနာတွေကိုလည်း တရားကျင့်သူ တရားရှာသူတွေနဲ့ မအပ်စပ်တဲ့ ပစ္စည်းအဖြစ် သတ်မှတ်ခဲ့ပါတယ်။ ဒါကြောင့် ယနေ့အချိန်ထိ ဝိနည်း အလွန်လိုက်နာတဲ့ ရဟန်းတွေဟာ ငွေကို ကိုယ်တိုင် ကိုင်စွဲမသုံးကြပါဘူး။ ရွှေငွေ ကျောက်သံပတ္တမြားကို စုဘို့ဆိုတာဝေးရောပေါ့။ စုရင်လည်း ဘုရားက အပြစ်တင် ကဲ့ရဲ့မှာပါပဲ။ ဒီတော့ ရွှေငွေ စတာတွေဟာ ဘုရားသားတော် ရဟန်းတို့နဲ့တောင် မအပ်စပ်ဘူး ဆိုရင် ဘုရားရှင် ကိုယ်တိုင်ဆိုရင်တော့ ပြောဘို့တောင် မလိုအပ်ပါဘူး။


၂))


ပြောချင်တာကို ပြောတော့မယ်။ လွန်ခဲ့တဲ့ လအနည်းငယ်လောက်က သတင်းစာမှာဖတ်မိတယ်။ ရွှေတိဂုံ စေတီတော်ကြီးကို လှုဒါန်းထားတဲ့ ငွေပမာဏဟာ အခု ဘဏ်ထဲမှာ ကုဋေခြောက်ထောင် ရှိပြီတဲ့။ ခောတ်အဆက်ဆက် ဘုရားမှာ ကပ်လှုထားတဲ့ ရွှေဆိုတာလည်း တန်ပေါင်းများစွာရှိတယ်။ ကျွန်တော်သိချင်တာက ဘုရားကို ရွှေငွေကျောက်သံပတ္တမြားတွေ လှုကောင်းရဲ့လား။ အဲဒီရွှေငွေကျောက်သံပတ္တမြားဆိုတာ လောကီလူသားတွေက တန်ဘိုးအဖြစ်သတ်မှတ်ထားတဲ့ ရုပ်ဝတ္ထုတွေပါ။ ပကတိတန်ဘိုးမရှိပါဘူး။ ဖဲရိုက်တဲ့အခါ ဖဲဝိုင်းမှာ အကြွေအခက်ခဲရှိရင် စက္ကူစတွေကို ငွေအဖြစ် သဘောတူ သတ်မှတ်ပြီး ပွဲမပြီးမချင်း ငွေအဖြစ်သတ်မှတ်သလိုပေါ့။ ကောင်းပြီ။ လှုဒါန်းသင့်တယ်ထား ။ အဲဒီငွေတွေကို ဘယ်လိုအကျိုးရှိအောင် အသုံးပြုမှ လှုသင့်တဲ့ အနေထားကိုရောက်မှာလဲ။ သေချာတာကတော့ ဘုရားသာ သက်ရှိထင်ရှားရှိရင် လုံးဝစုမှီးသိုလှောင်ထားတာကို လက်ခံတော်မူမှာ မဟုတ်ပါဘူး။ သာသနာပြုရာမှာ လိုအပ်သလို အသုံးပြုစေမှာပဲလို့ထင်မိပါတယ်။


၃))


အခု မြန်မာနိုင်ငံရဲ့ နိုင်ငံရေး အပြောင်းအလဲဖြစ်ပေါ်နေပါပြီ။ အများတောင့်တနေတဲ့ ဒီမိုကရေစီစနစ်ပါပဲ။ ဒီစနစ်ကို လိုက်နာရင် လွတ်လပ်စွာ ပြောဆိုခွင့်။ လွတ်လပ်စွာ သသနာပြုခွင့် ။ လူ့အခွင့်အရေးတွေကို အပြည့်အဝပေးရပါတော့မယ်။ လစ်ဘရယ်ပေါ့။ သာသနာပြုတဲ့နေရာမှာ ယှဉ်ပြိုင်မှုတွေ မလွဲမသွေ ကြုံလာရမယ်။ ဒီအခါမှာ သာသနာပြုတဲ့သူတွေကို အထောက်အပံ့ပေးဘို့ လိုလာမယ်။ တောင်တန်းဒေသတွေ ၊ နိုင်ငံရပ်ခြားတွေမှာ သွားရောက်သာသနာပြုမယ့် သာသနာ့ဝန်ထမ်းရဟန်းတွေကို ဆွမ်း နဲ့နေထိုင်ဘို့ကျောင်းတွေ မပူပင်ရအောင် ထောက်ပံ့ပေးဘို့လိုသလို ထူးချွန်တဲ့သာသနာပြု ရဟန်းတွေကိုလည်း မွေးထုတ်ပေးရပါတော့မယ်။ အဲဒီလို သာသနာပြုရဟန်းတွေအတွက် မြတ်စွာဘုရားကို လှုဒါန်းထားတဲ့ ကုဋေခြောက်ထောင်ရဲ့ ဘဏ်တိုးငွေ ကို သုံးခွင့် ပြုသင့်တယ်လို့ ထင်မြင်ပါတယ်။


၎))


နောက်တစ်ခု။ ပရဟိတ။ အမြဲကြားနေရတာက ခရစ်ယံ ဘာသာဝင်တွေဟာ ပရဟိတ မှာ စွမ်းစွမ်းတမံ လုပ်ဆောင်ကြပါတယ်။ အချို့ ဓါတ်ခံနည်းတဲ့ ဗုဒ္ဓဘာသာဝင်တွေဆိုရင် သူတို့ကို ကူညီထောက်ပံ့ ပြုစုပျိုးထောင်ပေးတဲ့ ခရာစ်ယံဘာသာကို အားကိုးစွာ ဝင်ရောက်သွားကြပါတယ်။ ဓါတ်ခံနည်းတယ်ဆိုတာ ဗုဒ္ဓ ဝါဒကို သေချာမသိဘဲ မိရိုးဖလာ ဗုဒ္ဓဘာသာတွေအနေနဲ့ လက်ငင်း ကျေးဇူးတရားရှိတဲ့ ဘာသာကိုပြောင်းသွားတာ အပြစ်ပြောဖွယ်မရှိပါဘူး။ ကျွန်တော်တို့ ဗုဒ္ဓဘာသာဝင်တွေကတော့ ပရဟိတထက် ဘုရားတည်ပြီး သာသနာပြုတဲ့ဘက်မှာပဲ အားသန်တတ်ကြပါတယ်။ ဒီလိုနဲ့ ဗုဒ္ဓဘာသာဝင် ကလေးငယ်အချို့ အခြားဘာသာဘက်ကို ရောက်သွားရပါတော့တယ်။ အခုတော့ ဗုဒ္ဓဘာသာ ပရဟိတကျောင်းတွေ အများကြီး ပေါ်ပေါက်လာပါပြီ။ ဒါပေမယ့် ပြည့်စုံတဲ့ ထောက်ပံ့မှုတော့ မရသေးပါဘူး။ ဖုတ်လှိုက် ဖုတ်လှိုက်နဲ့ ဆက်ပြီး ရှင်သန်နိုင်အောင် ရုန်းကန်နေကြရတုန်းပါပဲ။ ဒါဟာ ကိုယ်တိုင် ပရဟိတ လုပ်မှ သိရတာပါ။ ဒီတော့ အခမဲ့ ပညာသင်ကြားပေးတဲ့ ဘ/က ကျောင်းလို့ခေါ်တဲ့ ဘုန်းကြီးကျောင်းတွေကို ရော ဗုဒ္ဓမြတ်စွာဘုရားကို လှုဒါန်းထားတဲ့ ငွေတွေထဲက ဘဏ်တိုးကို ခွဲဝေ ပေးကမ်းစွန့်ကြဲရင်ရော သာသနာပြုရာမေ၇ာက်ဘူးလား။ သုံးသင့်တယ်လို့ မထင်ဘူးလား။


၅))


ဗုဒ္ဓက ဟောဖူးတယ်လို့ ကြားဖူးတယ်။ ဗုဒ္ဓဘာသာကို ဘယ်သူမှ ဖျက်လို့ မပျက်နိုင်ဘူး။ ဒါပေမယ့် ရဟန်းတော်များ ဖျက်ရင်တော့ ပျက်စရာအကြောင်းရှိတယ်တဲ့။ ဒါကို ဘာကိုပြောလိုတာလဲဆိုတော့ သာသနာဟာ ရဟန်းတွေရဲ့ သီလ သမာဓိ ပညာ ၊ အကျင့်သီလ အပေါ်မှာ အများကြီး မှီတည်သလို ဗုဒ္ဓတ၇ားတော်တွေကိုလည်း လိုရာပြုပြင်တာမျိုး မဖြစ်စေဘို့ အရေးကြီးပုံပါပဲ။ ဒီတော့ သာသနာပြု မဟုတ်ဘဲ အတုယောင် ရဟန်းများ အကျင့်သီလ မရှိတဲ့ ရဟန်းတုများအတွက်လည်း လာမယ့် ပွင့်လင်းမြင်သာမှုမှာ အခက်ခဲကြုံရမှာပါ။ ဟိုတလောကပဲ ချဲနံပါတ်ပေးတဲ့ ရဟန်းတု တစ်ယောက်ဟာ ဒကာမနဲ့ ဖက်နမ်းရှုတ်တဲ့ ဗီဒီယိုဖိုင်တစ်ခု တွေ့လိုက်၇ပါတယ်။ အခြားဘာသာက သာသနာကို ဖျက်ဆီးလိုလို့ အတုလုပ်တင်တယ်ဆိုရင်တောင် ဗုဒ္ဓဘာသာဝင်တွေအနေနဲ့ တန်ပြန်ရှင်းပြတာမျိုး လုပ်ရပါမယ်။ မှန်နေရင်လည်း အာဏာသက်ရောက်တဲ့သူတွေက သာသနာသန့်ရှင်းအောင် အရေးယူရပါမယ်။


၆))


နောက်ဆုံးတစ်ခုပြောချင်ပါတယ်။ လာမယ့်နိုင်ငံအခင်းအကျင်းမှာ အမျိုးဘာသာ သသနာကို ချစ်တယ်ဆိုရင် အဘက်ဘက်က ကြိုတင်ပြင်ဆင်ကြရပါတော့မယ်။ အရင်က ဗလီတစ်လုံးဆောက်ဖို့ ခွင့်ပြုချက်ရဘို့မလွယ်ပါဘူး။ နောက်ဆိုရင်တော့ အကြောင်းမဲ့ တားလို့ရမှာမဟုတ်တော့ဘူး။ ဒါဆိုရင် ပြိုင်ဘက်အနေနဲ့သဘောထားကြည့်မယ်ဆိုရင် ပြိုင်ဘက်ဟာ အာဏာဆိုတဲ့ ကြိုးက လွတ်တော့မယ်။ ခရာစ်ယံဘာသာလည်း အလားတူပေါ့။ ကျွန်တော်တို့ ဗုဒ္ဓဘာသာက ဝါဒရေးမှာ အချိန်မရွေးပြိုင်ဘို့ ဝန်မလေးစရာဖြစ်ပေမယ့် လူမှုရေး မှာတော့ အတော်အားနည်းပါတယ်။ တစ်တိုင်းပြည်လုံး နီးပါး ဗုဒ္ဓဘာသာ ဖြစ်နေတာတောင် ပရဟိတ ဘုန်းကြီးကျောင်းတွေမှာ ရင်လေးနေရတုန်းပါပဲ။ တိုင်းတပါး အလှုရှင်ကို အားကိုးနေရတုန်းပါပဲ။ ဘုရားရှိရင်တော့ ဘုရားဆီက စွန့်ကြဲပေးဘို့ အလှုခံချင်ပေမယ့် ဘုရားက ပရိနိဗ္ဗာန်ပြု သွားပြီဆိုတော့ ဘုရားကို လှုထားတဲ့ ရွှေငွေ ဥစ္စာတွေက ဂေါပက လက်ထဲမှာဆိုတော့ သူတို့ သဘောတူမှ ရနိုင်မှာမို့ ဖြစ်နိုင်ရင် ဂေါပက လူကြီးမင်းများ စဉ်းစားပေးကြပါလို့။


ကိုစိုးနိုင်(မြန်မာ့အရုဏ်သစ်)

--
မှော်ဆရာအဖွဲ့ မှ နေ့ စဉ်မေးလ်များ ရယူလိုပါက http://groups.google.com/group/mrsorcerer/subscribe?hl=en ကို နှိပ်ပြီး မန်ဘာဝင်နိုင်ပါသည် ။
မန်ဘာဝင်များ မိမိတို.သိထားသည်များကို မျှဝေလိုပါက mrsorcerer@googlegroups.com သို. မေးလ်ပို.နိုင်ပါသည် ။
မှော်ဆရာအဖွဲ့ မှ နှုတ်ထွက်လိုလျှင် mrsorcerer+unsubscribe@googlegroups.com ကိုနှိပ်ပြီး မေးလ်ပို.ပါ ။
စာလက်ခံလိုသည့်ပုံစံ ပြင်လိုလျှင် http://groups.google.com/group/mrsorcerer?hl=en ကို သွားပါ ။
မှော်ဆရာ အဖွဲ့ ၏ စည်းကမ်းများကို သိလိုလျှင် http://groups.google.com/group/mrsorcerer/browse_thread/thread/af2f4a1d44d4d909?hl=en တွင် ဖတ်ရှုနိုင်ပါသည် ။
 
Facebook (FB) မှော်ဆရာအဖွဲ့သို့ Mail ပို့လိုလျှင် mrsorcerer2@groups.facebook.com
FB မှော်ဆရာအဖွဲ့သို့ ၀င်ရန် http://www.facebook.com/home.php?sk=group_173571176006981&ap=1
 
မှော်ဆရာ အဖွဲ့ နှင့်ပက်သက်၍ ဝေဖန်အကြံပြုလိုပါက >>>
ဦးဦး မှော်ဆရာ ( mrsorcerer9@gmail.com, mrsorcerer27@gmail.com ) ထံသို.
ပေးပို.နိုင်ပါသည် ။
 
ခင်မင်စွာဖြင့်
ဦးဦး မှော်ဆရာ

--
မှော်ဆရာအဖွဲ့ မှ နေ့ စဉ်မေးလ်များ ရယူလိုပါက http://groups.google.com/group/mrsorcerer/subscribe?hl=en ကို နှိပ်ပြီး မန်ဘာဝင်နိုင်ပါသည် ။
မန်ဘာဝင်များ မိမိတို.သိထားသည်များကို မျှဝေလိုပါက mrsorcerer@googlegroups.com သို. မေးလ်ပို.နိုင်ပါသည် ။
မှော်ဆရာအဖွဲ့ မှ နှုတ်ထွက်လိုလျှင် mrsorcerer+unsubscribe@googlegroups.com ကိုနှိပ်ပြီး မေးလ်ပို.ပါ ။
စာလက်ခံလိုသည့်ပုံစံ ပြင်လိုလျှင် http://groups.google.com/group/mrsorcerer?hl=en ကို သွားပါ ။
မှော်ဆရာ အဖွဲ့ ၏ စည်းကမ်းများကို သိလိုလျှင် http://groups.google.com/group/mrsorcerer/browse_thread/thread/af2f4a1d44d4d909?hl=en တွင် ဖတ်ရှုနိုင်ပါသည် ။
 
Facebook (FB) မှော်ဆရာအဖွဲ့သို့ Mail ပို့လိုလျှင် mrsorcerer2@groups.facebook.com
FB မှော်ဆရာအဖွဲ့သို့ ၀င်ရန် http://www.facebook.com/home.php?sk=group_173571176006981&ap=1
 
မှော်ဆရာ အဖွဲ့ နှင့်ပက်သက်၍ ဝေဖန်အကြံပြုလိုပါက >>>
ဦးဦး မှော်ဆရာ ( mrsorcerer9@gmail.com, mrsorcerer27@gmail.com ) ထံသို.
ပေးပို.နိုင်ပါသည် ။
 
ခင်မင်စွာဖြင့်
ဦးဦး မှော်ဆရာ

--
မှော်ဆရာအဖွဲ့ မှ နေ့ စဉ်မေးလ်များ ရယူလိုပါက http://groups.google.com/group/mrsorcerer/subscribe?hl=en ကို နှိပ်ပြီး မန်ဘာဝင်နိုင်ပါသည် ။
မန်ဘာဝင်များ မိမိတို.သိထားသည်များကို မျှဝေလိုပါက mrsorcerer@googlegroups.com သို. မေးလ်ပို.နိုင်ပါသည် ။
မှော်ဆရာအဖွဲ့ မှ နှုတ်ထွက်လိုလျှင် mrsorcerer+unsubscribe@googlegroups.com ကိုနှိပ်ပြီး မေးလ်ပို.ပါ ။
စာလက်ခံလိုသည့်ပုံစံ ပြင်လိုလျှင် http://groups.google.com/group/mrsorcerer?hl=en ကို သွားပါ ။
မှော်ဆရာ အဖွဲ့ ၏ စည်းကမ်းများကို သိလိုလျှင် http://groups.google.com/group/mrsorcerer/browse_thread/thread/af2f4a1d44d4d909?hl=en တွင် ဖတ်ရှုနိုင်ပါသည် ။
 
Facebook (FB) မှော်ဆရာအဖွဲ့သို့ Mail ပို့လိုလျှင် mrsorcerer2@groups.facebook.com
FB မှော်ဆရာအဖွဲ့သို့ ၀င်ရန် http://www.facebook.com/home.php?sk=group_173571176006981&ap=1
 
မှော်ဆရာ အဖွဲ့ နှင့်ပက်သက်၍ ဝေဖန်အကြံပြုလိုပါက >>>
ဦးဦး မှော်ဆရာ ( mrsorcerer9@gmail.com, mrsorcerer27@gmail.com ) ထံသို.
ပေးပို.နိုင်ပါသည် ။
 
ခင်မင်စွာဖြင့်
ဦးဦး မှော်ဆရာ