1.၀မ်းနည်းပါတယ်
"ဘူးတာရုံကိုသွားဖို့ အတိုဆုံးလမ်းကို ကျေးဇူးပြုပြီး ညွန်းပြစေချင်ပါတယ်"
"၀မ်းနညမ်းပါတယ် ၊ မပြနိုင်ပါဘူး"
" အော် ၊ ခင်ဗျားက ဒီအရပ်က မဟုတ်ဘူးနဲ့ထင်တယ်"
"ဒီအရပ်သားပါပဲ ၊ ဒါပေမယ့် ကျွန်တော်က တက္ကဆီသမားပါ"
2.ပိန်ဆေး
"ဂျင်နီ ၊ ယူ့ယောင်္ကျား အတော့်ကို ပိန် သွားပါလား ၊ ဘာဆေးသောက်သလဲ"
"ဘာဆေးမှ မသောက်ပါဘူး ၊ နေ့တိုင်းငါးသွားမျှားတယ်"
"ငါးမျှားတာနဲ့ ပိန်တာ ဘာဆိုင်လို့လဲ"
"ဆိုင်တာပေါ့ ၊ သူက သူမျှားလို့ ရတဲ့ငါးနဲ့မှ ထမင်းစားတာလေ"
3.မတွန်းနဲ့
ဘတ်စ်ကားပေါ်တွင်
"ခင်ဗျား ကျွန်တော်ကို ချည်းဘာဖြစ်လို့ တွန်းနေရတာလဲဗျာ"
"ကားက ဒီလောက်ကျပ်နေတဲ့ ဥစ္စာ လူရွှေးတွန်းနေရအုန်းမှာလား ဗျ"
4.ဆေးကောင်း
အလုပ်သင်ဆရာဝန်မှ ၀ါရင့်သမားတော်ကြီးအား မေးသည်။
"ဒေါက်တာခင်ဗျာ ၊ ချောင်းဆိုးရောဂါအတွက် ၊ ဘာဆေးညွန်းပေးလေ့ ရှိပါသလဲဗျာ"
"၀မ်းနှုတ်ဆေး"
"ဘာ ၊ ဘာ ၀မ်းနှုတ်ဆေး ၊ ဟုတ်လား ၀မ်းနှုတ်ဆေးက ချောင်းဆိုးတာကို သက်သာစေလို့လားဗျာ"
"၀မ်းနှုတ်ဆေးစားထားတဲ့ လူတစ်ယောက်က တော်ရုံ ၊ တန်ရုံနဲ့ ဘယ်ချောင်းဆိုးရဲတော့မလဲ ၊ စဉ်းစားကြည့်စမ်းပါ"
5.ငါမဟုတ်ဘူး
သစ်ခုတ်သမား နှစ်ဦးသည် အိမ်တစ်အိမ်၏ ရှေ့တွင် ရပ်လိုက်ပြီး တံခါးကို ခေါက်လိုက်သည်။
"နေကောင်းရဲ့လား ၊ ဂျက်"
"ကောင်းတယ် ၊ သူငယ်ချင်းတို့"
"ငါနဲ့ အယ်ဒီနဲ့ အခုပဲတောထဲမှာ လူသေ အလောင်းတစ်လောင်းတွေ့ခဲ့တယ် ၊ ငါတို့က သေတဲ့သူက မင်းထင်လို့"
"ဒါနဲ့ သူပုံပန်းက ဘယ်လိုရှိလဲ"
"အရပ်အမောင်းက မင်းအရွှယ်ပဲ"
"ရှပ်အင်္ကျီ အနီရောင်နဲ့လား"
"မဟုတ်ဘူး အညိုရောင်ကွ"
"ဒါဆိုရင်တော့ ငါ မဟုတ်ဘူး"
6.ခေတ်ဆိုး
ဆိုင်တစ်ဆိုင်ကိုဖောက်ခိုးနေသော သူခိုးကို ရဲသားက လက်ပူး လက်ကြပ်မိသွားသည်။
ရဲသား - " မင်းဘာဖြစ်လို့ ဒီဆိုင်ကိုမှ ဖောက်ခိုးရသလဲ"
သူခိုး - "ကျွန်တော်အိမ်နဲ့ နီးလို့ပါ ၊ သိတဲ့အတိုင်းခေတ်က မကောင်းတော့ အိမ်ကိုပစ်ပြီး အကြာကြီး မသွားချင်လို့ပါဗျာ"
7.သိရအောင်ပါ
ဆံရှည်ကိုယ်တော်တစ်ဦး ဆံပင်ညှပ်နေစဉ် ဖြစ်သည်။
လူငယ်"ဆံပင်ညှပ်နေတုန်းမှာ ဘာဖြစ်လို့ ကျွန်တော် နှာခေါင်းကို ကိုင်ထားရတာလဲဗျာ"
ဆံပင်ညှပ်ဆရာ "အော် ဒါလား ၊ မင်းမျက်နှာ ဘယ်ဘက်မှာ ရှိလဲဆိုတာ သိရအောင်လိုပါ"
8.အရှုံးပေးပါပြီ
ဇိမ်ခံ သင်္ဘောပေးတွင် လိုက်ပါလာလာ ခရီးသည်များအား ဖျော်ဖြေရန်မျက်လှည့်စရာ တစ်ဦးက မျက်လှည့်ပြသည်။ သင်္ဘောပေါ်မှ ကြက်တူရွှေးသည် မျက်လှည့်ဆရာ မျက်လှည့်ပြသည့်အခါတိုင်း
အမျိုးမျိုး ဒုက္ခပေးလေသည်။
"ဖဲချပ်တွေ သူ့လက်ထဲမှာ "
" သူထုပ်ပြတဲ့ ယုန်ုဟာ အစစ်မဟုတ်ဘူး ၊ ပလစ်စတစ်" ထိုသို့ မျက်လှည့်စရာ၏ လျို့ဝှက်ချက်များကိုကြက်တူရွှေးက ဖော်ထုတ်နေသည်။မျက်လှည့်စရာလဲ ရှက်ရှက်နဲ့ အောင့်အီးသည်းခံ နေရလေသည်။တစ်နေ့တွင် သင်္ဘောနစ်မြုပ်ပြီး မျက်လှည့်ဆရာ ၊ ကြက်တူရွှေး ၊
သစ်သားတစ်ချပ်သာ ရေပေါ်တွင် ကျန်နေ၏။ မျက်လှည့်ဆရာလည်း သစ်သားပြားကို ဆွဲယူကာ ရေပေါ်တွင် ကိုယ်ဖော့နေလေသည်။ထိုအခါ ကြက်တူရွှေးက " ကျွန်တော် အရှုံးပေးပါပြီ ခင်ဗျာ ၊ ဒါပေမယ့် သင်္ဘောကို ခင်ဗျားဘယ်မှာ ၀ှက်ထားသလဲဆိုတာတော့ ပြောပြသစမ်းပါ"ဟုဆိုလိုက်သည်။
9.တစ်ခုပဲ
အိပ်ခန်းအသစ်ရသူကို ရုံးမှ လုပ်ဖော်ကိုင်ဖက်များက ၀မ်းသာ စကားပြောကြသည်။
"အိပ်ခန်းမှာ ဘာချို့ယွင်းချက်တွေ တွေ့လဲဗျ"
"လောလောဆယ်တော့ တစ်ခုပဲ"
"ချို့ယွင်းချက် တစ်ခုတည်း ဟုတ်လား ၊ဒါဆိုကံကောင်းတယ်ဆိုရမယ်၊ ဒါနဲ့ ဘာချို့ယွင်းချက်လဲ"
"အ၀င်တံခါးဖွင့်ကို ဖွင့်လို့ကို မရဘူး"
10.ချစ်သူတွေ ၀ိုင်းဝိုင်းလည်
မိန်းမ-"အပျို ဘ၀တုန်းကများ ကျွန်မကို ပိုးပန်းတဲ့ လူတွေ အများကြီးပဲ ၊ ကျွန်မက အာလုံးကိုငြင်းခဲ့တာရှင့်"
ယောင်္ကျား-"အဲ့ဒီလူစုထဲမှာ ငါမပါတာ ၀မ်းနည်းလိုက်တာ"
11.ယုံပါ
လူတစ်ယောက်က သူ့ သူငယ်ချင်းကိုဆေးခန်းလိုက်ပို့ ပြီး ဆေးခန်းမှဆရာဝန်ကို...
"ဒီတစ်ခါ သူစိတ်ဖောက်တာတော်တော်ကြမ်းတယ်ဆရာ"
"ဟုတ်လား ဘာတွေလုပ်သလဲ"
"သူ့ ယောက္ခမကြီးကို ကျွန်တော့်မိကျောင်းကန်ထဲတွန်းချတယ်ဆရာ"
"ဘာဖြစ်သွားသေးလဲ"
"မိကျောင်းနှစ်ကောင်သေသွားတယ်ဆရာ"
♣♣♣♣♣♣♣♣♣♣♣♣♣♣♣♣♣♣♣♣♣♣♣♣♣♣♣♣♣♣♣♣♣♣♣♣♣♣♣♣♣♣♣♣♣♣♣♣♣♣♣
ပြောရမှာခက်တယ်
မိန်းမဖြစ်သူမီးဖွားတော့မည်ဖြစ်သောကြောင့် ယောက်ျားဖြစ်သူကဆရာဝန်ကို
ဖုန်းဆက်ခေါ်သည်။ ဆရာဝန်မကြီးရောက်လာပြီး.....
"လူနာရော"
"အခန်းထဲမှာ"
"ရှင် အပြင်မှာနေနော်"
"ဟုတ်ကဲ့"
ခဏလေးကြာတော့ ဆရာဝန်မကြီးက တံခါးဟလိုက်ပြီး
"ကျောက်လှည့်ရှိရင် အမြန်ပေးပါ"
"ဟုတ်"
ယောက်ျားဖြစ်သူကယူပေးလိုက်တယ်။ ဆရာမကြီးက၀င်သွားပြီး
ပြန်ထွက်လာတယ်။
"ပလာယာပါလို ချင်တယ်"
"ဟုတ်"
တစ်မိနစ်လောက်ကြာတော့
"စို့ နဲ့ တူသာပေးပါတော့"
ဒီတော့လူနာရှင်ကစိုးရိမ်ပြီး-
"ဗျာ လူနာရဲ့ အခြအနေကတော်တော်ဆိုးလို့ လား"
"မပြောတတ်သေးဘူးရှင် ဆေးသေတ္တာကိုဖွင့်လို့ မရသေးလို့ "
♣♣♣♣♣♣♣♣♣♣♣♣♣♣♣♣♣♣♣♣♣♣♣♣♣♣♣♣♣♣♣♣♣♣♣♣♣♣♣♣♣♣♣♣♣♣♣♣♣♣♣
နောက်မဖြစ်အောင်
ဆေးခန်းကို လက်မှာဒါဏ်ရာရတဲ့ လူတစ်ယောက်ရောက်လာတယ်။
ဒီတော့ဆရာဝန်က.....
"ဘယ်လိုဖြစ်တာလဲ"
"ကားတံခါးဆွဲပိတ်လိုက်တာ လက်ညှပ်သွားလို့ "
"ခင်ဗျားမူးနေရင်တော့ဒီလို့ ခဏခဏဖြစ်နေမှာပဲ"
"နောက်မဖြစ်တော့ပါဘူး ဆရာ"
"အရက်ဖြတ်မယ်ပေါ့"
"ကျွန်တော် ကားတံခါးကိုဖြုတ်ပစ်လိုက်ပြီဆရာ"
♣♣♣♣♣♣♣♣♣♣♣♣♣♣♣♣♣♣♣♣♣♣♣♣♣♣♣♣♣♣♣♣♣♣♣♣♣♣♣♣♣♣♣♣♣♣♣♣♣♣♣
မဟုတ်ဘူးလား
စိတ်ရောက်ဂါကုဆရာဝန်က သူ့ ရဲ့ လူနာကိုမေးတယ်.........
"၁၀၀ ထဲကနေ ၁ နှုတ်ရင် ဘယ်လောက်ကျန်သလဲ"
လူနာကအတော်ကြာကြာ စဉ်းစားပြီးမှ....
"သုံည (၂) လုံးကျန်မယ်ဆရာ"
FROM : MMSY.org
Regards,
Haroon1992
--
If you think you're right...
If you think you're good...
If you think I'm wrong...
If you think I'm bad...
Then I'm thinking in the same way you're thinking...
--
မှော်ဆရာအဖွဲ့ မှ နေ့ စဉ်မေးလ်များ ရယူလိုပါက http://groups.google.com/group/mrsorcerer/subscribe?hl=en ကို နှိပ်ပြီး မန်ဘာဝင်နိုင်ပါသည် ။
မန်ဘာဝင်များ မိမိတို.သိထားသည်များကို မျှဝေလိုပါက mrsorcerer@googlegroups.com သို. မေးလ်ပို.နိုင်ပါသည် ။
မှော်ဆရာအဖွဲ့ မှ နှုတ်ထွက်လိုလျှင် mrsorcerer+unsubscribe@googlegroups.com ကိုနှိပ်ပြီး မေးလ်ပို.ပါ ။
စာလက်ခံလိုသည့်ပုံစံ ပြင်လိုလျှင် http://groups.google.com/group/mrsorcerer?hl=en ကို သွားပါ ။
မှော်ဆရာ အဖွဲ့ ၏ စည်းကမ်းများကို သိလိုလျှင် http://groups.google.com/group/mrsorcerer/browse_thread/thread/af2f4a1d44d4d909?hl=en တွင် ဖတ်ရှုနိုင်ပါသည် ။
Facebook (FB) မှော်ဆရာအဖွဲ့သို့ Mail ပို့လိုလျှင် mrsorcerer2@groups.facebook.com
FB မှော်ဆရာအဖွဲ့သို့ ၀င်ရန် http://www.facebook.com/home.php?sk=group_173571176006981&ap=1
မှော်ဆရာ အဖွဲ့ နှင့်ပက်သက်၍ ဝေဖန်အကြံပြုလိုပါက >>>
ဦးဦး မှော်ဆရာ ( mrsorcerer9@gmail.com, mrsorcerer27@gmail.com ) ထံသို.
ပေးပို.နိုင်ပါသည် ။
ခင်မင်စွာဖြင့်
ဦးဦး မှော်ဆရာ
--
With nothing
Dr. Shane