[Real Family: 24637] Fwd: သစ်ထူးလွင်



---------- Forwarded message ----------
From: Thit Htoo Lwin <noreply@blogger.com>
Date: 2012/9/2
Subject: သစ်ထူးလွင်
To: snsoenaing4@gmail.com


သစ်ထူးလွင်


ပြည်ပ အတိုက် အခံများ အစိုးရပေါ် ယုံကြည်မှု တိုးလာ ဟုဆို

Posted: 02 Sep 2012 04:23 AM PDT

ရန်ကုန်၊ စက်တင်ဘာ ၂

မြန်မာ နိုင်ငံရေး အပြာင်းအလဲ များနှင့် ပြည်တွင်း ငြိမ်းချမ်းရေး ဖော်ဆောင်ရေး လုပ်ငန်း စဉ်များ၊ နိုင်ငံသား အားလုံး ပါဝင်နိုင်မည့် နိုင်ငံရေး လုပ်ငန်းစဉ် တစ်ရပ် ဖော်ဆောင် နေမှုကြောင့် ပြည်ပအတိုက်အခံများ ကြား နိုင်ငံတော်သမ္မတကြီး ဦးသိန်းစိန် ဦးဆောင် သော အစိုးရ အဖွဲ့ ပေါ်ယုံကြည် မှု တိုးလာကြောင်း ဇွန်လ၁ ရက် နေ့တွင် မြန်မာနိုင်ငံသို့ ပြန်လည် ရောက်ရှိလာသော ABSDF ဥက္ကဋ္ဌဟောင်း ဦးမိုးသီးဇွန် က ပြောကြားသည်။

အဆိုပါ ပြောကြားချက်ကို စက်တင်ဘာ လ ၂ ရက်နေ့ ရန်ကုန်မြို့ ဦးဝိစာရ လမ်းရှိ ငြိမ်းချမ်းရေး စင်တာ တွင် ကျင်းပ ပြုလုပ်သော အစိုးရ ငြိမ်းချမ်းရေး လုပ်ငန်း ကော်မတီ ဒုတိယ ဥက္ကဌ ဦးအောာင်မင်း နှင့် တွေ့ဆုံသည့် ပွဲတွင် သတင်းထောက်များအား ဦးမိုးသီးဇွန် ပြောကြားခဲ့သည်။

" ကျွန်တော်တို့ ဒီနေ့ ဆွေးနွေးမှု ရလဒ်အရ အစိုးရနဲ့ ယုံကြည်မှု တော်တော် တည်ဆောက် နိုင်ခဲ့တယ် ပြည်ပ အတိုက်အခံတွေလည်း ယုံကြည်မှု တော်တော်လေး ရလာကြပြီ၊ ကျွန်တော်တို့လိုပဲ ပြည်ပက လူတွေ အများကြီး ပြန်လာ ကြဦးမယ် " ဟု ဦးမိုးသီးဇွန်က ဆိုသည်။

ငြိမ်းချမ်း ဖော်ဆောင်ရေး လုပ်ငန်း ကော်မတီ ဒုတိယ ဥက္ကဋ္ဌ ပြည်ထောင်စု ၀န်ကြီး ဦးအောင်မင်း ကလည်း "ကျွန်တော်တို့ ငြိမ်းချမ်းရေး ကိစ္စ တွေ ၊ All Inclucive လူတွေ အားလုံး ပါဝင်နိုင် မယ့် နိုင်ငံရေး လုပ်ငန်းစဉ်တွေမှာ ခုလိုမျိုး ပဲ ပွင့်လင်း မြင်သာမှု ရှိရှိ ဆက်လက် လုပ်ဆောင်သွားပါမယ် ၊ ဘယ်သူ့မှ ချန်မသွားဘူး ဟု ပြည်ထောင်စုဝန်ကြီး ဦးအောင်မင်းက ပြောကြားသည်။

ABSDF ဥက္ကဋ္ဌ ဟောင်း ဒေါက်တာနိုင်အောင် ၊ ဒေါက်တာသောင်းထွန်း၊ ဦးညိုအုန်းမြင့် ၊ ABSDF ဥက္ကဋ္ဌ ဟောင်းနှင့် လူ့ဘောင်သစ် ဒီမိုကရေစီ ပါတီခေါင်းဆောင် ဦးမိုးသီးဇွန် အပါအ၀င် ၊လူ့ဘောင်သစ် ဒီမိုကရေစီ ပါတီဝင် များသည် သြဂုတ်လ ၃၁ ရက်နေ့ နှင့် စက်တင်ဘာလ ၁ ရက်နေ့တို့ တွင် မြန်မာနိုင်ငံသို့ ဆက်တိုက် ပြည်တော်ဝင်ခဲ့ ကြသည်။

The Voice Weekly


လှိုင်သာယာ စက်မှုဇုန် လုပ်သားများ ဆန္ဒပြ

Posted: 02 Sep 2012 04:20 AM PDT

ရန်ကုန်မြို့တော်တွင် လှိုင်သာယာမြို့နယ် စက်မှုဇုန်များရှိ စက်ရုံ
၃၀ခန့်မှ အလုပ်သမား ၂၀၀ကျော် အလုပ်သမား အခွင့် အရေး အပြည့်အ၀ရရှိရေး
အတွက် စက် တင်ဘာလ ၂ရက်နေ့ နံနက် ၉နာရီမှ ၁၁နာရီ အထိ ငြိမ်းချမ်းစွာ စုဝေး
စီတန်း လှည့်လည် နေကြသည်ကို တွေ့ရစဉ်။

အဆိုပါ အလုပ်သမားများသည် လှိုင်သာယာမြို့နယ် ဘီအိုစီမှတ်တိုင်တွင်
စတင်စုဝေးကာ ရန်ကုန်- ပုသိမ်လမ်း တစ်လျောက်
စီတန်းလှည့်လည်ပြီး ဘုရားလမ်းမှတ်တိုင်၊
ဘုရားလမ်းမှတ်တိုင်မှတစ်ဆင့် ရုံးရှေ့မှတ်တိုင် ၊ယင်းမှ တစ်ဆင့်
အောင်မြေသာယာဘုရား အနီး မြို့နယ် အားကစားကွင်းသို့
စီတန်းလှည့်လည်ခဲ့ကြသည်။

The Voice Weekly


သမ္မတကြီးအား ထောက်ခံ၍ မစ္စတာကွင်တားနား၏ ပြောဆိုချက်များကို ကန့်ကွက်သည့် အနေဖြင့် မန်းတွင် ဆန္ဒပြ

Posted: 02 Sep 2012 04:17 AM PDT

ကုလသမဂ္ဂ၏ လူ့အခွင့်အရေးဆိုင်ရာ ကိုယ်စားလှယ် မစ္စတာ ကွင်တားနား ၏ ပြောဆိုချက်ကို ကန့်ကွက်သည့် အနေဖြင့် ယနေ့ နံနက် (၁၀)နာရီမှ (၁၁)နာရီအထိ စီတန်းလှည့်လည် ဆန္ဒပြခဲ့ကြသည်။

ဆန္ဒပြပွဲတွင် ပါဝင်ခဲ့သူ အသက် (၅၀)ကျော်အရွယ် အမျိုးသားကြီးတစ်ဦးက "သဘာဝကျကျ လုပ်ဆောင်တာပါ။ မြန်မာပြည်သူ ပြည်သားတွေ အတွက် လုပ်ဆောင်ပေးတဲ့အတွက် သမ္မတ ကြီးကို ထောက်ခံတဲ့ အနေနဲ့ ဆန္ဒပြရတာပါ" ဟုပြောသည်။
ဆန္ဒပြပွဲတွင် ပါဝင်ခဲ့သော အသက် (၃၀)ကျော်အရွယ်အမျိုးသား တစ်ဦးကလည်း "ကျွန်တော်တို့ အနေနှင့် သမ္မတကြီး၏ ပြောစကားကို ထောက်ခံပြီး မစ္စတာ ကွင်တားနားရဲ့ ပြောစကားကို မထောက်ခံတဲ့အတွက် အခုလိုဆန္ဒပြရခြင်း ဖြစ်သည်" ဟုပြောသည်။
ဆန္ဒပြပွဲတွင် ပါဝင်ခဲ့သော သံဃာတော်တစ်ပါးက "ဦးဇင်းတို့အနေနဲ့ သမ္မတကြီး ဦးသိန်းစိန်ကို အပြည့်အ၀ ယုံကြည်ထောက်ခံခဲ့ပါတယ်။" ဟုပြောသည်။

အဆိုပါဆန္ဒပြပွဲတွင် သမ္မတကြီး ဦးသိန်းစိန်၏ ပြောစကားပိုစတာများ၊ သမ္မတကြီးကို ထောက်ခံခြင်းဖြင့် အမိမြန်မာပြည်ကို ကယ်တင်ပါ စသော ပိုစတာများကို ကိုင်ဆောင်၍ နိုင်ငံတော် သမ္မတကြီး ဦးသိန်းစိန် ကျန်းမာပါစေ၊ အမိမြေကို ကာကွယ်ပါ၊ အမိမြေကို ကာကွယ်စောင့်ရှောက်နိုင်ပါစေ၊ နိုင်ငံတော် သမ္မတကြီး ဦးသိန်းစိန် ထောက်ခံပါတယ်။ စသော ကြွေးကြော်သံများနှင့် နိုင်ငံတော်သီချင်းများကို သံပြိုင်သီဆိုခဲ့ကြသည်။ ယင်းဆန္ဒပြပွဲကို စက်တင်ဘာ(၂)ရက်နေ့တွင် အောင်မြေသာဇံ၊ ချမ်းအေးသာဇံ၊ မဟာအောင်မြေ၊ စက်တင်ဘာ (၃)ရက်နေ့တွင် ချမ်းမြသာစည်၊ ပြည်ကြီးတံခွန်၊ စက်တင်ဘာ(၄)ရက်နေ့တွင် အမရပူရ မြို့နယ် အစရှိသော မြို့နယ်တို့တွင် စီတန်းလှည့်လည် ဆန္ဒပြမည်ဟု သိရသည်။

စိုင်းလမင်း - Popular Myanmar News Journal


ကြေးနီစီမံကိန်း အရေး ဆောင်ရွက်နေသူ တဦး ဖမ်းဆီးခံရ

Posted: 02 Sep 2012 04:13 AM PDT

လက်ပံတန်းတောင် ကြေးနီ စီမံကိန်းမှ လျော်ကြေး ငွေမပေးဘဲ လယ်မြေ သိမ်းထားမှုနှင့် ပတ်သက်၍ လယ်သမား များဘက်မှ အကူအညီ ပေးနေသော ရန်ကုန်ပြည်သူ့ အကျိုးဆောင် ကွန်ရက် တာဝန်ခံ ကိုဝေဠုအား သြဂုတ် ၃၁ ရက်နေ့ည ၈ နာရီခန့်တွင် မြင်းမူမြို့၌ အာဏာပိုင်များက ထိန်းသိမ်းလိုက်ကြောင်း သတင်းရရှိသည်။

ကိုဝေဠုသည် မုံရွာမှ ရန်ကုန်သို့ ကြေးနီစီမံကိန်းဝန်းကျင်မှ ရွာသား ၂ ဦးနှင့်အတူ သြဂုတ် ၃၁ ရက်နေ့ ည ၇ နာရီတွင် မုံရွာမြို့မှ ထွက်ခွာသော မုံရွာ-ရန်ကုန် ရွှေစင်စင်္ကြာကားနှင့် ထွက်ခွာလာစဉ် မြင်းမူမြို့သို့အရောက်တွင် လုံထိန်းအင်အား ၄၀ ခန့်က ကားကို ၀ိုင်းလိုက်ပြီး ဒေသအာဏာပိုင်များက ကားပေါ် သို့တက်ကာ ကိုဝေဠုအား ဖမ်းဆီးသွားကြသည်ဟု နိုင်ငံရေးအကျဉ်းသား မိသားစုများ အကျိုးဆောင်ကွန်ရက်မှ ကိုဟန်ဝင်းအောင်က ပြောသည်။

စက်တင်ဘာ ၁ ရက်နေ့ ညနေ ၃ နာရီခန့်တွင် ဖမ်းဆီးမှုများ ရပ်စဲရန် လက်ပံတန်းတောင်ခြေ၌ လူအင်အား ၁၀၀၀ ကျော်က ကန့်ကွက်ဆန္ဒပြခဲ့သည်။

Popular Myanmar News Journal
ဖမ်းဆီးထိမ်းသိမ်းခံရသူ ကိုဝေဠု Photo : ThanLarWaddy Times


ဦးကျော်သူ အမေရိကန်နိုင်ငံရှိ သုဿန်များအား လေ့လာမည်

Posted: 01 Sep 2012 09:53 PM PDT

NED အတွက် ဦးကျော်သူ၏ ပြည်ပခရီး National Endowment for Democracy (NED) ဖောင်ဒေးရှင်းသည် ၁၉၈၃ ခုနှစ်တွင် စတင် တည်ထောင်ခဲ့ပြီး ကမ္ဘာတစ်ဝန်းရှိ ဒီမိုကရေစီ အရေးနှင့် လူမှုအဖွဲ့ အစည်းများ ဖွံ့ဖြိုးတိုးတက် ရေးအတွက် လှုပ်ရှားဆောင် ရွက်နေသည့် အမေရိကန် ပြည်ထောင်စု အခြေစိုက် အဖွဲ့အစည်း တစ်ခုဖြစ်သည်။

National Endowment for Democracy (NED) ဖောင်ဒေးရှင်းမှ ၂ဝ၁၂ ခုနှစ်အတွက် မြန်မာနိုင်ငံတွင် ဒီမိုကရေစီအရေးနှင့် လူမှုအဖွဲ့အစည်းများ ဖွံ့ဖြိုးတိုးတက်ရေးအတွက် လှုပ်ရှားဆောင်ရွက် နေသူ (၅) ဦးအား ရွေးချယ်ခဲ့ရာတွင် နာရေးကူညီမှုအသင်း(ရန်ကုန်) ဥက္ကဋ္ဌ ဦးကျော်သူ ပါဝင်ခဲ့သည်။

 ထို့ကြောင့် ၂၉.၈.၂ဝ၁၂ ရက်နေ့ ည (၇း၄၅) နာရီ လေယာဉ်ဖြင့် ရန်ကုန်အပြည်ပြည်ဆိုင်ရာ လေဆိပ်မှ ထွက်ခွာခဲ့သည်။ အမေရိကန်နိုင်ငံရှိ သုဿန်များအား လေ့လာရန်အတွက် ကြိုတင်သွားရောက်ခဲ့ခြင်း ဖြစ်ပြီး ၂ဝ.၉.၂ဝ၁၂ (ကြာသပတေး)နေ့တွင် အမေရိကန်နိုင်ငံ၌ ကျင်းပပြုလုပ်မည့် NED အခမ်းအနားသို့ တက်ရောက်မည်ဖြစ်သည်။

By: Kyaw Thu


သမ္မတရုံး ဝန်ကြီးနှစ်ဦးနှင့် ABSDF ဗဟိုဥက္ကဌဟောင်းများ ဆွေးနွေးမှုများပြုလုပ်

Posted: 01 Sep 2012 09:45 PM PDT

ပြည်ထောင်စု သမ္မတ မြန်မာနိုင်ငံတော် နိုင်ငံတော် သမ္မတရုံး ဝန်ကြီး နှစ်ဦးနှင့် ပြည်ပမှ ပြန်လည် ရောက်ရှိ နေသည့် မြန်မာ နိုင်ငံလုံးဆိုင်ရာ ကျောင်းသားများ ဒီမိုက ရက်တစ် တပ်ဦး ABSDF ဗဟိုဥက္ကဌ ဟောင်းများတို့ ငြိမ်းချမ်းရေး ဖော်ဆောင်နိုင်ရေး ဆွေးနွေးမှုများကို ယနေ့ စက်တင်ဘာလ ၂ ရက်နေ့ နံနက် ၈နာရီ အချိန်က ရန်ကုန်မြို့ ကမာရွတ်မြို့နယ်ရှိ ဦးဝိစာရလမ်းနှင့် ရွှေလီလမ်းထောင့် ခြံအမှတ် ၁၃ တွင် ပြုလုပ်လျှက်ရှိကြောင်း Eleven Media Group အင်တာနက် သတင်းအရ သိရသည်။

အဆိုပါ ဆွေးနွေးပွဲတွင် သမ္မတရုံး ဝန်ကြီးနှစ်ဦး ဖြစ်သည့် ဦးအောင်မင်း၊ ဦးစိုးသိန်းနှင့် ABSDF ဗဟိုဥက္ကဌဟောင်းများ ဖြစ်သည့် ကိုမိုးသီးဇွန်၊ ဒေါက်တာနိုင်အောင်၊ ကိုထွန်းအောင်ကျော် စသည့် အဖွဲ့တို့ပါဝင်ပြီး ဦးလှမောင်ရွှေ၊ ဦးဇာဂနာတို့လည်း ပါဝင်ကြောင်း သိရသည်။

ဆွေးနွေးပွဲတွင် ပြည်ထောင်စုဝန်ကြီး ဦးအောင်မင်းက "နိုင်ငံကို ၂၀၁၁ ခုနှစ် မတ်လကစပြီး အစိုးရ အဖွဲ့သစ်က ပြုပြင်ပြောင်းလဲမှု ဆက်တိုက် လုပ်ဆောင်နေပါတယ်။ အရင်အစိုးရ လက်ထက်မှာ ခင်ဗျားတို့ဟာ Black List ဖြစ်နေပေမယ့် အစိုးရသစ် လက်ထက်မှာတော့ ခင်ဗျားတို့က Black List မဟုတ်တော့ပါဘူး။ အစိုးရသစ် အနေနဲ့ ပြုပြင်ပြောင်းလဲမှုတွေ လုပ်တဲ့အခါမှာ အားလုံးပါဝင်နိုင်အောင် လုပ်ဆောင်နေတာပါ။ ခင်ဗျားတို့ကလည်း ကျွန်တော်တို့ သိက္ခာမကျအောင် လုပ်ဆောင်ဖို့ လိုပါတယ်။ တစ်ကိုယ်လုံး ဝင်ဖို့ဆိုတာတော့ ခက်ပါတယ်။ ဆန္ဒမစောပါနဲ့။ ဖြေးဖြေးချင်း ခေါင်းအရင်ဝင်ပါ ပြီးမှ ကိုယ်လုံးဝင်ပါ" ဟု ပြောကြားခဲ့ပါသည်။

အဆိုပါ တွေ့ဆုံမှုနှင့် ပတ်သတ်သည့် သတင်းစာ ရှင်းလင်းပွဲကို ကိုမိုးသီးဇွန်နှင့်အဖွဲ့က စက်တင်ဘာ ၃ ရက်နေ့တွင် ဗဟန်းမြို့နယ် ရွှေဂုံတိုင်ရှိ ယုဇနဟိုတယ်တွင် ပြုလုပ်သွားမည် ဖြစ်ကြောင်း သိရသည်။

နိုင်ငံတော် အစိုးရမှ အမည်ပျက်စာရင်း Black List သတ်မှတ် ခံထားရသူများကို စာရင်းမှ ပယ်ဖျက်ပေးခဲ့ရာ ABSDF ဗဟိုဥက္ကဌဟောင်းများ ဖြစ်သည့် ဒေါက်တာနိုင်အောင်၊ ကိုမိုးသီးဇွန်နှင့် ကိုထွန်းအောင်ကျော်တို့ အဖွဲ့သည် သြဂုတ်လ ၃၁ ရက်နေ့နှင့် စက်တင်ဘာလ ၁ ရက်နေ့တို့တွင် ငြိမ်းချမ်းရေး အကျိုးဆောင်များ၏ စီစဉ်ပေးမှုဖြင့် မြန်မာနိုင်ငံသို့ ရောက်ရှိလာခဲ့ကြသည်ဟု Eleven Media Group  အင်တာနက် စာမျက်နှာမှာ ဖော်ပြထားပါသည်။


 သမ္မတရုံး ဝန်ကြီးနှစ်ဦးနှင့် ABSDF ဗဟိုဥက္ကဌဟောင်းများ ဆွေးနွေးမှုများပြုလုပ် နေစဉ် (ဓါတ်ပုံ-လှမောင်ရွှေ ဖေ့စ်ဘုတ်)


ချယ်ရီကား ကိစ္စ တရုတ် ကုမ္ပဏီထံ မြန်မာ အစိုးရ ဖြေရှင်းချက် တောင်း

Posted: 01 Sep 2012 07:38 PM PDT

သြစတြေးလျ  နိုင်ငံတွင် ချယ်ရီ (Chery) ကားအပါအ၀င် တရုတ်နိုင်ငံ ထုတ်ကား များတွင် အဆုတ် ကင်ဆာ ဖြစ်စေသော Asbestos ဖိုင်ဘာဓာတ် ပစ္စည်းများ အသုံးပြု ထားခြင်းကို တွေ့ရှိခဲ့သည့် အတွက် မြန်မာနိုင်ငံ အတွင်းရှိ တရုတ်နိုင်ငံလုပ် ကားများတွင် အဆိုပါ Asbestos ဖိုင်ဘာဓာတ် ပစ္စည်းများ ပါဝင်ခြင်း ရှိ၊ မရှိ ကို တရုတ်နိုင်ငံမှ ကားထုတ်လုပ်သော ကုမ္ပဏီထံ ဖြေရှင်းချက် တောင်းခံ ထားကြောင်း---

သတင်းအပြည့်အစုံ ဖတ်ရန် ဒီနေရာကို နှိပ်ပါ



NLDပါတီလှုပ်ရှားမှုအပေါ်ရွေးကောက်ပွဲ ကော်မရှင် ခေါ်ယူဆွေးနွေး

Posted: 01 Sep 2012 01:19 PM PDT

အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် NLD ပါတီရဲ့ လှုပ်ရှားဆောင် ရွက်မှုတွေ ဟာ ပြည်
ထောင်စု ရွေးကောက်ပွဲ ကော်မရှင်က နိုင်ငံရေး ပါတီများ အတွက် ပြဌာန်းထားတဲ့
ဥပဒေတွေနဲ့ မညီညွတ် တာတွေ ရှိနေလို့ လာရောက် ဆွေးနွေး ဖို့ ဖိတ်ခေါ်တာ
ကြောင့် NLD ပါတီဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်နဲ့ အတွင်းရေးမှူး ဦးဥာဏ်ဝင်းတို့ဟာ
ရွေးကောက်ပွဲ ကော်မရှင်ဥက္ကဋ္ဌ ဦးတင်အေးနဲ့ အဖွဲ့ကို မနေ့မနက်ပိုင်းက နေပြည်
တော်မှာ သွားရောက် တွေ့ဆုံခဲ့ပါတယ်။
သတင်းအပြည့်အစုံ ဖတ်ရန် ဒီနေရာကို နှိပ်ပါ


Photo courtesy of NLD
၂၀၁၂ ခုနှစ် ဖေဖော်ဝါရီလ ၂၀ ရက်က အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဗဟိုအစည်းအဝေးခန်းမတွင် ပြုလုပ်သည့် သတင်းစာရှင်းလင်းပွဲ၌ NLD ပါတီ ရွေးကောက်ပွဲ အောင်နိုင်ရေး မန်နေဂျာ ဦးဉာဏ်ဝင်းက ပြည်တွင်းပြည်ပ သတင်းထောက်များအား ရှင်းလင်းနေစဉ်။


ဒေါ်အောင်ဆန်းစုကြည် ပုသိမ်ရေဘေး သွားရောက်ကူညီ

Posted: 01 Sep 2012 01:25 PM PDT

မြန်မာနိုင်ငံမှာ နှစ်စဉ် ကြုံတွေ့နေရတဲ့ ရေဘေးဒုက္ခ ရဲ့အကြောင်းရင်းတွေကို ရှာဖွေပြီး ရေတိုရေရှည် အစီအစဉ်တွေ ဆောင်ရွက်ဖို့ လိုကြောင်း အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ် ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်က ဒီကနေ့ ပြောကြားလိုက်ပါတယ်။

သတင်းအပြည့်အစုံ ဖတ်ရန် ဒီနေရာကို နှိပ်ပါ


AFP
ဧရာဝတီတိုင်း ပုသိမ်မြို့ ရေဘေးဒုက္ခသည်များကို အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ် ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်က ၂၀၁၂ ခုနှစ် စက်တင်ဘာလ ၁ ရက်နေ့က သွားရောက်တွေ့ဆုံနေစဉ်။


You are subscribed to email updates from Thit Htoo Lwin
To stop receiving these emails, you may unsubscribe now.
Email delivery powered by Google
Google Inc., 20 West Kinzie, Chicago IL USA 60610

--
--
♥ "Real Family Myanmar" group မှ ကြိုဆိုပါတယ် ♥
● Group ၏ မူလ လိပ်စာမှာ http://groups.google.com/group/real-family-mm?hl=en ဖြစ်ပါတယ်။ ဖေ့ဘုတ်လိပ်စာမှာ http://www.facebook.com/group.php?gid=148830205143871 ဖြစ်ပါတယ်။
● အသင်းဝင်လိုသူများအနေနှင့် မိမိ၏ အီးမေးမှ real-family-mm+subscribe@googlegroups.com သို့ လိပ်မူ၍ စာတစ်စောင်သာ ပို့ပေးပါ။ အလိုအလျောက် အသင်းဝင်ပြီးသား ဖြစ်ပါမည်။
● အသင်းဝင် မန်ဘာများမှ Post ကိုမေးကနေ တင်ချင်ရင် real-family-mm@googlegroups.com ကို မေးပို့လိုက်ပါ။ ဇော်ဂျီဖောင့်ဖြင့် ရေးတင်နိုင်ပါသည်။ အင်္ဂလိပ်လိုလည်း ရေးတင်နိုင်ပါတယ်။ ဘားဂလစ်ရှ် မသုံးရပါ။
● အကြောင်းအရာတူပါက ခေါင်းစဉ်များ မဖောင်းပွစေရန် လက်ရှိခေါင်းစဉ်အောက်မှာသာ ဆက်ရေး၍ Reply ပြန်ပေးပါ။
● အကြောင်းအမျိုးမျိုးကြောင့် အသင်းမှ နှုတ်ထွက်လိုပါက real-family-mm+unsubscribe@googlegroups.com ကို လိပ်မူ၍ စာတစ်စောင်ပို့ပါ။
● အက်တမင် မန်နေဂျာအဖွဲ့နှင့် တိုက်ရိုက် ဆက်သွယ်လိုပါလျင် မူလစာမျက်နှာမှ တဆင့် စာရေးဆက်သွယ်နိုင်ပါတယ်။