---------- Forwarded message ----------
From: သက်တန့်ချို..... <kyawminoo.im2@gmail.com>
Date: 2012/9/7
Subject: Thet Tant Cho
To: ms.theinginwe@gmail.com
From: သက်တန့်ချို..... <kyawminoo.im2@gmail.com>
Date: 2012/9/7
Subject: Thet Tant Cho
To: ms.theinginwe@gmail.com
Thet Tant Cho |
| " ကျေးဇူးပြုပြီး ငါတို့ကိုနမ်းရမှာ မရှက်ပါနဲ့" Posted: 06 Sep 2012 09:02 PM PDT " ကျေးဇူးပြုပြီး ငါတို့ကိုနမ်းရမှာ မရှက်ပါနဲ့" ငါတို့အိုမင်းသွားတဲ့အခါ " ကူညီထောက်ပံ့ " တယ်ဆိုတဲ့စကားကိုမသုံးပါနဲ့ မင်းတို့ငယ်ငယ်တုန်းက ငါတို့သုံးနှုန်း ခဲ့တာ " ကျွေးမွေးပြုစု " တယ်ဆိုတဲ့စကားလုံးပါ ။ ငါတို့ဟာ သားသမီးတွေ ရဲ့ ထောက်ပံ့မှုနဲ့ရပ် တည်ချင် တဲ့သူတွေမဟုတ် ၊ သားမီးတွေကိုသာ လိုအပ်တဲ့အရာမှန် သမျှ ထောက်ပံ ကူညီပေးချင်နေသူတွေပါ ။ ငါတို့ လိုအပ်တာတွေရှိတဲ့အခါ မငြူစူကြပါနဲ့ ။ မင်းတို့ လိုအပ်တာတွေရှိနေတဲ့အခါတိုင်း ငါတို့က " လိုအပ်ချက် " လို့ မမြင် ပဲ " အကောင်းအတိုင်း " မြင်ပြီး လက်ခံခဲ့ယုံသာမက အရာ ရာချောမွေ့အောင်ဖြည့် ဆည်းပေးခဲ့ကြတာပါ ။ ငါတို့ ဆီး ၊ ၀မ်းတွေမထိမ်းနိုင်လို့ မင်းတို့ သုတ်သင်ရတဲ့အခါ ငါတို့ကို မရွံ့ရှာပါနဲ့ မင်းတို့ ငယ်ငယ်တုန်း ကတည်းက မင်းတို့ ဆီး ၀မ်းတွေကို ဖေဖေရော မေမေရော အိပ်ရေးပျက်ခံလို့ ချစ်ခင်ယုယစွာ သုတ် သင်ပေးခဲ့ကြတာပါ ။ ငါတို့ ချီတုံချတုံနဲ့ တုန်တုန်ရီရီဖြစ်နေတဲ့အခါ မင်းတို့ စိတ်မရှည်မဖြစ်ပါနဲ့။ မင်းတို့ လမ်းမလျှောက် တတ်ခင်ကတည်းက လမ်းလျှောက်တုန်အောင် ခြေမခိုင်သေးတဲ့ကလေးကိုခြေခိုင်အောင် ငါတို့ ပြုစု ထိမ်းကျောင်းခဲ့ကြတာပါ ။ ငါတို့ ဆင်းရဲလို့ မင်းတို့ အပစ်မတင်ပါနဲ့ ။ မိဘတွေက သားသမီးတွေကို ရွေးချယ်ခဲ့တာမဟုတ်သလို သားသ မီးတွေကလည်း မိဘတွေကို ရွေးချယ်ခဲ့ကြတာမဟုတ်ဘူး ။ အတိတ်ဘ၀က ပြုလုပ်ခဲ့တဲ့ ပါရမီတွေ ရေ စက်တွေကြောင့်သာ ငါတို့အခုဘ၀မှာ နွေးထွေးတဲ့ မိဘနဲ့သားသမီးဘ၀ကိုရနေရခြင်းဖြစ်တယ် ။ ငါတို့ ခေတ်ပေါ် အသုံးအဆောင်တွေမသုံးတတ်လို့ မင်းတို့ မကဲ့ရဲ့ပါနဲ့ ။ မင်းတို့ကို သင်ပေးခဲ့တဲ့ လူ့ဘ၀ သင်ခန်းစာတွေ က ခေတ်ပေါ်အသုံးအဆောင်တွေထက် ပို ခေတ်မှီပါတယ် ။ အဲဒါကို " လောကနီတိ " လို့ခေါ်တယ် ။ ငါတို့ စကားများတဲ့အခါ နားငြီးတယ်ဆိုပြီး မင်းတို့ မငြူစူပါနဲ့ ။ မင်းတို့ တွတ်တီးတွတ်တာ စကားလုံးတွေကို ငါတို့ က ကြည့်ပြီး တစ်နေ့တာ မောပန်းတာတွေပြေပျောက်ခဲ့ရတယ် ။ ငါတို့ကို ခြေဆုပ်လက်နယ်ပြုစုရတဲ့အခါ " ငယ်ငယ်က ပြုစုခဲ့ပေးလို့ အခုပြန်ပြီး ပြုစုပေးရတယ် " ဆိုတဲ့ အတွေးမျိုးမ၀င် ပါနဲ့ ။ မိဘနဲ့သားသမီးကြားချည်နှောင်ထားတဲ့ မေတ္တာတရားဟာ အပြန်အလှန် သဘော မျိုးမဟုတ်ဘူး ။ ငါတို့ကို ဘာလိုအပ်သလဲလို့ ခဏခဏမမေးပါနဲ့ ။ မင်းတို့ အဆင်ပြေပြေ စိတ်ချမ်းချမ်းသာသာ နဲ့ ဘ၀ကို ဖြတ်သန်းနေ ရတယ်ဆိုရင် ငါတို့ရဲကအကြီးကျယ်ဆုံးချမ်းမြေ့မှုပါပဲ ။ ငါတို့ကို နမ်း ရမှာ မင်းတို့ မရှက်ပါနဲ့ ။ မင်းတို့ငယ်ငယ်တုန်းက ခဏခဏ နမ်းရှိုက်ခဲ့ရတာ ငါတို့ပါ ။ မင်းတို့ အိပ်ပျော်နေ တဲ့အချိန်လေးမှာ ခိုးခိုးနမ်းရတာလည်း ငါတို့ မိဘတွေရဲ့ အကြည်နူးရ ဆုံးအချိန်အ ခိုက်အတန့် လေးတွေပါပဲ ။ သက်တန့်ချို (မိဘ များကိုယ်စားခံစားရေးဖွဲ့သည် ) |
| You are subscribed to email updates from သက်တန့်ချို..... To stop receiving these emails, you may unsubscribe now. | Email delivery powered by Google |
| Google Inc., 20 West Kinzie, Chicago IL USA 60610 | |
--
--
--
♥ "Real Family Myanmar" group မှ ကြိုဆိုပါတယ် ♥
● Group ၏ မူလ လိပ်စာမှာ http://groups.google.com/group/real-family-mm?hl=en ဖြစ်ပါတယ်။ ဖေ့ဘုတ်လိပ်စာမှာ http://www.facebook.com/group.php?gid=148830205143871 ဖြစ်ပါတယ်။
● အသင်းဝင်လိုသူများအနေနှင့် မိမိ၏ အီးမေးမှ real-family-mm+subscribe@googlegroups.com သို့ လိပ်မူ၍ စာတစ်စောင်သာ ပို့ပေးပါ။ အလိုအလျောက် အသင်းဝင်ပြီးသား ဖြစ်ပါမည်။
● အသင်းဝင် မန်ဘာများမှ Post ကိုမေးကနေ တင်ချင်ရင် real-family-mm@googlegroups.com ကို မေးပို့လိုက်ပါ။ ဇော်ဂျီဖောင့်ဖြင့် ရေးတင်နိုင်ပါသည်။ အင်္ဂလိပ်လိုလည်း ရေးတင်နိုင်ပါတယ်။ ဘားဂလစ်ရှ် မသုံးရပါ။
● အကြောင်းအရာတူပါက ခေါင်းစဉ်များ မဖောင်းပွစေရန် လက်ရှိခေါင်းစဉ်အောက်မှာသာ ဆက်ရေး၍ Reply ပြန်ပေးပါ။
● အကြောင်းအမျိုးမျိုးကြောင့် အသင်းမှ နှုတ်ထွက်လိုပါက real-family-mm+unsubscribe@googlegroups.com ကို လိပ်မူ၍ စာတစ်စောင်ပို့ပါ။
● အက်တမင် မန်နေဂျာအဖွဲ့နှင့် တိုက်ရိုက် ဆက်သွယ်လိုပါလျင် မူလစာမျက်နှာမှ တဆင့် စာရေးဆက်သွယ်နိုင်ပါတယ်။