သစ်ထူးလွင် |
- KIA ဘက်က လူ့အခွင့်အရေးချိုးဖောက်မှုများ ဆက်တိုက်ပြုလုပ်လာ
- အမှိုက်ကောက်သူများပင်ရှိလာသည့် ကချင်ဒုက္ခသည်စခန်းမှ ပြည်သူများ
- မီကာဆာဟိုတယ်တွင် အမေရိကန် နိုင်ငံသားတစ်ဦး အခန်းအတွင်း သေဆုံးမှုဖြစ်ပွား
- သုံးရက် အတွင်း ယာဉ်တိုက်မှု ယာဉ်ငါးစီး ပျက်စီးခဲ့ပြီး သေဆုံးသူ လေးယောက်နှင့် ဒဏ်ရာ ရရှိသူ ၃၁ ဦးရှိခဲ့
- အင်းစိန် မိုးကောင်းကင်အထည်ချုပ်စက်ရုံ အလုပ်သမားများ အလုပ်ချိန် ၈နာရီထားရန်တောင်းဆို
- အန်အယ်လ်ဒီ ရပ်ကျေးညီလာခံများ စတင်
- ဒူးထောက်စေကာ ခြေဖြင့်ကန်သဖြင့် စက်ရုံတွင်း မကျေနပ်မှုများ ဖြစ်ပေါ်
- စနစ်တကျ စည်းကမ်းဖြင့် မလုပ်ဆောင်က ရှေ့လျှောက် NLD ပါတီအလားအလာမကောင်းနိုင်ဟုဆို
- အောက်တိုဘာလ ၁ ရက်နေ့ ထုတ် The Voice Weekly Vol.8/No.39
- i-Phone 5 နာနို Sim Card များအတွက် ဖုန်းဆိုင်များက ၀န်ဆောင်မှုပေးမည်
- ဧရာဝတီရေတပ်စခန်း အဆောက်အဦးများ ဆောက်လုပ်ရန် ဒလမြို့နယ်မှ လယ်သမားများအား အဓမ္မပြောင်းရွေ့ခိုင်း
- စစ်ဘေးသင့် ပြည်သူများ အတွက် လှူဒါန်းသည့် ငြိမ်းချမ်းရေး အနုပညာ ပြပွဲ နှင့် ဈေးရောင်းပွဲတော်
- ဒေါ်အောင်ဆန်းစုကြည် Los Angeles မြန်မာ များ နှင့် တွေ့မည်
- အောက်တိုဘာ ၂ ရက်နေ့ထုတ် Venus News Weekly
- အောက်တိုဘာ ၂ ရက်နေ့ထုတ် First Eleven Sports Journal
- တာမွေမြို့ နယ် ကျားကွက်သစ်မှာ လူကြီးသား/သမီးများ မူးယစ်ရမ်းကားမှု
- ဘင်္ဂလားဒေ့ရှ် အကြမ်းဖက်မှု ထိန်းသိမ်းနိုင်ဖို့ လုံခြုံရေးတိုးချ
- စိုက်ခင်းပေါ် ကြေးနီကုမ္ပဏီ မြေစာဆက်ပုံနေ
- နိုင်ငံတော်စီမံကိန်းများ ပွင့်လင်းမြင်သာမှုရှိဖို့လို
- ကြံခိုင်ရေးပါတီ ဥက္ကဌသစ် ရွေးချယ်မည်
- သမ္မတဦးသိန်းစိန်ကို မြန်မာလူထု လိုက်လှဲစွာ ကြိုဆို
- သမ္မတကြီးဦးသိန်းစိန် ကို ၀ိုင်းလိမ်ကြသူများ (အသံဖိုင်)
- ကော့စ်ဘဇားမှာ ဘုန်းကြီးကျောင်း ထပ်အဖျက် ခံရ
- ဘုန်းကြီးကျောင်းများ မီးရှို့မှု ရိုဟင်ဂျာ ပတ်သက်နေဟု ဘင်္ဂလားဒေ့ရှ် အစိုးရဆို
| KIA ဘက်က လူ့အခွင့်အရေးချိုးဖောက်မှုများ ဆက်တိုက်ပြုလုပ်လာ Posted: 02 Oct 2012 06:57 AM PDT ယခုရက်ပိုင်းအတွင်း KIA စစ်တပ် အနေဖြင့် ပြည်နယ် အတွင်း၌ လူ့ အခွင့်အရေး ချိုးဖောက်မှုများ ဆက်တိုက် ပြုလုပ်လာကြောင်း ကချင်ဒေသခံ များထံက သိရှိရသည်။ အောက်တို ဘာလ(၁)ရက်နေ့ နေ့လည်(၁)နာရီက မော်ဝမ်းလေး ရပ်ကွက်နေ ကိုမင်းနိုင် အသက်(၄၂)မှ နေအိမ်၌ သတင်းစာဖတ်နေစဉ် KIAစစ်တပ်မှ သေနတ်ဖြင့် ပစ်သတ်သွားကြောင်း ဖားကန့်မြို့ မော်ဝမ်းလေး ရပ်ကွက်မှ ဒေသခံတစ်ဦးက ပြောသည်။ --- သတင်းအပြည့်အစုံ ဖတ်ရန် ဒီနေရာကို နှိပ်ပါ | ||||||||||||||
| အမှိုက်ကောက်သူများပင်ရှိလာသည့် ကချင်ဒုက္ခသည်စခန်းမှ ပြည်သူများ Posted: 02 Oct 2012 06:48 AM PDT ကချင်ပြည်နယ်ရှိ စစ်ဘေး ဒုက္ခသည် စခန်းများတွင် လွန်ခဲ့သည့်(၂) လမှ စတင်၍ အလှူရှင်များ၏ ထောက်ပံ့မှု မရရှိုခြင်းကြောင့် ဒုက္ခသည်များ၏ စားဝတ်နေရေး အခက်အခဲများ ဖြစ်ပေါ်လျက် ရှိကြောင်း စခန်း တာဝန်ခံများထံက သိရသည်။ `ကချင်တွေမှာ အမှိုက်ကောက်တာ မမြင်ဖူးပေမယ့်။ ခုမြင်ရပြီ။ --- သတင်းအပြည့်အစုံ ဖတ်ရန် ဒီနေရာကို နှိပ်ပါ | ||||||||||||||
| မီကာဆာဟိုတယ်တွင် အမေရိကန် နိုင်ငံသားတစ်ဦး အခန်းအတွင်း သေဆုံးမှုဖြစ်ပွား Posted: 02 Oct 2012 06:08 AM PDT ရန်ကုန်တိုင်း ဒေသကြီးရှိ မီကာဆာ ဟိုတယ်တွင် အမေရိကန် နိုင်ငံသားတစ်ဦး အခန်းအတွင်း သေဆုံးမှု ဖြစ်ပွားခဲ့ကြောင်း သိရှိရသည်။ စက်တင်ဘာလ ၃၀ ရက်နေ့ မွန်းလွဲ ၂နာရီ အချိန်တွင် ရန်ကင်းမြို့နယ်၊ ၇ရပ်ကွက်၊ ကမ္ဘာအေးဘုရားလမ်းရှိ မီကာဆာဟိုတယ်၊ သုံးလွှာ၊ အခန်းအမှတ်---တွင် သေ ဆုံးသူမှာ Mr. James Allen Hagler (အမေရိကန်နိုင်ငံသား)၊ ၅၉နှစ်၊--- သတင်းအပြည့်အစုံ ဖတ်ရန် ဒီနေရာကို နှိပ်ပါ | ||||||||||||||
| Posted: 02 Oct 2012 05:59 AM PDT သုံးရက်အတွင်း ယာဉ်တိုက်မှုဖြစ်စဉ် ၁၆မှုဖြစ်ပွားခဲ့ပြီး ယာဉ်တိုက်မှုကြောင့် လူသေဆုံးမှုနှင့် အပြင်းအထန် ဒဏ်ရာရရှိသည့် ဖြစ်စဉ်အများစုမှ ကျူးလွန်သူများကို ဖမ်းဆီးရမိရန် စုံစမ်းနေဆဲဖြစ်ကြောင်း ရန်ကုန်တိုင်းဒေသကြီး၊ ရဲတပ်ဖွဲ့မှူး ရုံးမှ သိရှိရသည်။ ရန်ကုန်တိုင်း ဒေသကြီးအတွင်း သုံးရက်အတွင်း ဖြစ်ပွားခဲ့သည့် ယာဉ်တိုက်မှု ဖြစ်စဉ်အများစုမှာ --- သတင်းအပြည့်အစုံ ဖတ်ရန် ဒီနေရာကို နှိပ်ပါ | ||||||||||||||
| အင်းစိန် မိုးကောင်းကင်အထည်ချုပ်စက်ရုံ အလုပ်သမားများ အလုပ်ချိန် ၈နာရီထားရန်တောင်းဆို Posted: 02 Oct 2012 05:37 AM PDT ရန်ကုန်၊အောက်တိုဘာ ၂ အင်းစိန် SKY APPAREL GROUP ကုမ္ပဏီ၏ မိုးကောင်းကင် အထည်ချုပ် စက်ရုံတွင် အလုပ်သမား ၁၀၀၀ ကျော်တို့က ယနေ့နေ့လည်၂နာရီမှ ညနေ ရုံးဆင်းချိန် အထိ ဆန္ဒပြ၍ အခွင့် အရေးများ တောင်းဆိုခဲ့ကြောင်း စက်ရုံဝန်ထမ်း တစ်ဦးက ပြောသည်။ အလုပ်ချိန် ၈ နာရီသာ ထားရန်နှင့် အိုဗာတိုင် အချိန် ၂ နာရီ ထားရန်တောင်းဆိုခြင်း ဖြစ်ကြောင်း သိရသည်။ အလုပ်သမားဝန်ကြီးဌာနမှမြို့နယ်ညှိုနှိုင်းရေး အဖွဲ့များ လာရောက် ညှိုနှိုင်းဆောင်ရွက်ခဲ့ ကြောင်းသိရသည်။ ပြည်ဖြိုး - Popular Myanmar News Journal | ||||||||||||||
| အန်အယ်လ်ဒီ ရပ်ကျေးညီလာခံများ စတင် Posted: 02 Oct 2012 06:18 AM PDT အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် (အန်အယ်လ်ဒီ) ရဲ့ ရပ်ကွက်နဲ့ ကျေးရွာအဆင့် ညီလာခံတွေကို ပဲခူးတိုင်းမှာ စတင်ကျင်းပနေပြီလို့ ပါတီပြောခွင့်ရသူ ဦးအုန်းကြိုင်က ပြောပါတယ်။ "ပဲခူးတိုင်းအတွင်း ကျေးရွာအုပ်စု ၁၀ အုပ်စုမှာ သောကြာနေ့က ရပ်ကျေးညီလာခံတွေ ကျင်းပါတယ်။ လုပ်ထုံး လုပ်နည်း အတိုင်း ကျေးရွာဥက္ကဋ္ဌတွေကို ဒီမိုကရေစီနည်းကျ ရွေးချယ်မယ်၊ --- သတင်းအပြည့်အစုံ ဖတ်ရန် ဒီနေရာကို နှိပ်ပါ | ||||||||||||||
| ဒူးထောက်စေကာ ခြေဖြင့်ကန်သဖြင့် စက်ရုံတွင်း မကျေနပ်မှုများ ဖြစ်ပေါ် Posted: 02 Oct 2012 06:28 AM PDT မကြာသေးမီ ကာလအတွင်း တင်ဒါ ခေါ်ယူခြင်း မရှိဘဲ ပုဂ္ဂလိ က ကုမ္ပဏီတစ်ခုသို့ လွှဲပြောင်း လိုက်သည့်အတွက် စက်ရုံလုပ် သားများအကြား မကျေနပ်မှုများ ဖြစ်ခဲ့ရသော တညင်းကုန်းစက်ရုံ ရှိ ၀ါရင့်အသက်ကြီး လုပ်သားကြီး တစ်ဦးကို လွှဲပြောင်းရယူလုပ် ကိုင်လျက်ရှိသည့် Mother Industrial Co.Ltd ၏ အရာရှိတစ် ဦးက ဒူးထောက်ရှိခိုးစေ၍ ခြေဖြင့် ပြင်းထန်စွာ ကန်ခဲ့မှုနှင့်ပတ်သက် ၍--- သတင်းအပြည့်အစုံ ဖတ်ရန် ဒီနေရာကို နှိပ်ပါ
| ||||||||||||||
| စနစ်တကျ စည်းကမ်းဖြင့် မလုပ်ဆောင်က ရှေ့လျှောက် NLD ပါတီအလားအလာမကောင်းနိုင်ဟုဆို Posted: 02 Oct 2012 06:35 AM PDT လက်ရှိ မြန်မာနိုင်ငံတွင် အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် ပါတီမှာ နာမည်ကြီး ပါတီဖြစ် နေပြီး ပါတီတွင်း ဖြစ်ပျက်နေ သည်များကို စနစ်တကျ စည်း ကမ်းဖြင့် လုပ်ဆောင်နိုင်ခြင်း မရှိ ပါက နောင်လာမည့် ကာလများ တွင် NLD ပါတီမှာ အလား အလာမကောင်းနိုင်ဟု--- သတင်းအပြည့်အစုံ ဖတ်ရန် ဒီနေရာကို နှိပ်ပါ | ||||||||||||||
| အောက်တိုဘာလ ၁ ရက်နေ့ ထုတ် The Voice Weekly Vol.8/No.39 Posted: 02 Oct 2012 05:17 AM PDT | ||||||||||||||
| i-Phone 5 နာနို Sim Card များအတွက် ဖုန်းဆိုင်များက ၀န်ဆောင်မှုပေးမည် Posted: 01 Oct 2012 10:53 PM PDT Apple မှ နောက်ဆုံး ထုတ်လုပ်သည့် i-Phone 5 အတွက် နာနို Sim Card များပြုလုပ်ရန် ပြည်တွင်းရှိ နာမည်ကြီး ဖုန်းဆိုင်အများစုမှ ၀န်ဆောင်မှု ပေးသွားမည် ဖြစ်ကြောင်း KMD mobile Corner က သိရှိရသည်။ Apple မှထုတ်လုပ်ထားသော i-Phone 5 တွင် ထည့်သွင်း အသုံးပြုသော ဆင်းကဒ် အမျိုးအစားများမှာ Nano Sim Card အမျိုးအစား ဖြစ်ပြီး ---- သတင်းအပြည့်အစုံ ဖတ်ရန် ဒီနေရာကို နှိပ်ပါ | ||||||||||||||
| ဧရာဝတီရေတပ်စခန်း အဆောက်အဦးများ ဆောက်လုပ်ရန် ဒလမြို့နယ်မှ လယ်သမားများအား အဓမ္မပြောင်းရွေ့ခိုင်း Posted: 01 Oct 2012 10:36 PM PDT ဒလမြို့နယ် ခနောင်ရွာမနှင့် တုံးတင်ကန်မြောက် ကျေးရွာအုပ်စုမှ လယ်ဧက ၅၀၀ ပေါ်တွင် နေထိုင်သော လယ်သမားများအား ရေတပ်မှ ၂၀၁၃ နှစ်ဆန်းပိုင်း နောက်ဆုံးထား ပြောင်းရွှေ့ခိုင်းကြောင်း လယ်သမားများက ဆိုသည်။ လယ်သမား (၄၄)ဦးပိုင် ၎င်းလယ်မြေများအား ဧရာဝတီ ရေတပ်စခန်း ဋ္ဌာနချုပ် တပ်ပိုင်မှ အဆောက်အဦးများ ပြန်လည် ဆောက်လုပ် မည်ဖြစ်သဖြင့် ---- သတင်းအပြည့်အစုံ ဖတ်ရန် ဒီနေရာကို နှိပ်ပါ | ||||||||||||||
| စစ်ဘေးသင့် ပြည်သူများ အတွက် လှူဒါန်းသည့် ငြိမ်းချမ်းရေး အနုပညာ ပြပွဲ နှင့် ဈေးရောင်းပွဲတော် Posted: 01 Oct 2012 10:33 PM PDT ကချင် စစ်ဘေးသင့် ပြည်သူများ အတွက် ငြိမ်းချမ်းရေး အနုပညာပြပွဲ နှင့် ဈေးရောင်း ပွဲအား တောင်ကြီးမြို့ မြစံပါယ် ခန်းမ တွင် ၁.၁၀.၂၀၁၂ မှ ၅.၁၀.၂၀၁၂ အထိ ငါးရက် တိုင်တိုင် ကျင်းပမည် ဖြစ်ကြောင်း သတင်းရရှိသည်။ ပြပွဲတွင် ရေဆေး ပန်ချီကားများ ၊ ဓါတ်ပုံများ ၊ ကဗျာများ ၊ ကာတွန်းများ အား ရောင်းချမည် ဖြစ်ပြီး ရောင်းချမည့် ငွေများ အပါအဝင် --- သတင်းအပြည့်အစုံ ဖတ်ရန် ဒီနေရာကို နှိပ်ပါ | ||||||||||||||
| ဒေါ်အောင်ဆန်းစုကြည် Los Angeles မြန်မာ များ နှင့် တွေ့မည် Posted: 01 Oct 2012 08:58 PM PDT ဆယ်စုနှစ် နှစ်ခုကျော် နေအိမ်အကျယ်ချုပ်နဲ့ နေခဲ့ ရတဲ့ မြန်မာ့ ဒီမိုကရေစီ ခေါင်းဆောင် ရဲ့ နှစ်နှစ်ဆယ် အတွင်းမှာ အမေရိကန်အစိုးရ ဖိတ်ကြားချက်နဲ့ လာရောက်တဲ့ ပထမ ခရီး လို့ ဆိုရမဲ့ ခု ခရီးစဉ်မှာ ဒေါ်အောင်ဆန်းစုကြည်ဟာ Congressional Gold Medal အပါအ၀င် ဂုဏ်ပြုဆု ချီးမြှင့် ပွဲတွေတက်ရောက် ဆုလက်ခံခဲ့ပြီး ကမ္ဘာ့ ထိပ်တန်း ယေး နဲ့ ဟားဗတ် တက္ကသိုလ်ကြီးတွေမှာ လည်း--- သတင်းအပြည့်အစုံ ဖတ်ရန် ဒီနေရာကို နှိပ်ပါ
| ||||||||||||||
| အောက်တိုဘာ ၂ ရက်နေ့ထုတ် Venus News Weekly Posted: 01 Oct 2012 08:43 PM PDT | ||||||||||||||
| အောက်တိုဘာ ၂ ရက်နေ့ထုတ် First Eleven Sports Journal Posted: 01 Oct 2012 08:40 PM PDT အောက်တိုဘာ ၂ ရက်နေ့ထုတ် First Eleven Sports Journal အတွဲ ၁၃ အမှတ် ၁၈ ဂျာနယ် ဖတ်ရှုရန် ဒီနေရာကို နှိပ်ပါ | ||||||||||||||
| တာမွေမြို့ နယ် ကျားကွက်သစ်မှာ လူကြီးသား/သမီးများ မူးယစ်ရမ်းကားမှု Posted: 01 Oct 2012 06:01 PM PDT သို့ ကိုသစ်ထူးလွင် သတင်း တစ်ခု ပေးချင်ပါတယ်။ ကျွန်တော်တို့က တာမွေမြို့နယ်၊ ကျားကွက်သစ် ရပ်ကွက်၊ မဂ္ဂင်လမ်း မှာ နေ ကြပါတယ်။ ကျွန်တော်တို့လမ်းကို ကွန်ကရစ်လမ်း အသစ် ခင်းနေပါတယ်။ လမ်းအသစ် ခင်းနေတဲ့ အတွက် ကား ဆိုင်ကယ် နှင့် စက်ဘီးများ ဝင်ခွင့်မပြုဟု သတိပေး တားမြစ်ထားပါတယ်၊ အောက်တွင် ပါသော ပုံ(၁) တွင် ကြည့်ပါ။ အခင်းဖြစ်ပုံမှာ လွန်ခဲ့သော စက်တင်ဘာလ ၃ဝ ရက် နံနက် (၁း၂ဝ) အချိန် လူငယ်(၄)ယောက် မိန်းကလေး (၂)ယောက်ပါသော super roof van ce106 ဖင်ကောက် တစ်စီးက လမ်းတွင်ပိတ်ဆို့ထား သော အုန်း တုံး များနှင့် တန်းများကို တိုက်ကာ ဝင်လာပါတယ်။ ကားနံပါတ်မှာ ရှေ့ဘက်တွင် ၁ခ/၁၃ဝ၇ ဖြစ်ပြီး အနောက်ဘက်တွင် ၁ခ/၁၃၁၇ ဖြစ်အောင်ပြင်ဆင်ထားပါတယ်။ ပုံ (၂) နှင့် (၃) တွင်ကြည့်ပါ။ လူငယ်များ တားဆီးသော်လည်း ဂရုမစိုက်ဘဲ ဆက်မောင်းသောကြောင့် လူငယ်များလည်း ခုန်ရှောင်လိုက်ရပါတယ် လမ်းရဲ့ကျန်တဲ့တစ်ဘက် ခြမ်းကခင်းလို့မပြီးသေးတဲ့အတွက် ကျောက်ပုံများ သဲပုံများရှိသောကြောင့်ဆက်သွားလို့မရပါဘူး။ အဲဒီအချိန်မှာ ကားက နောက်ဘက်ကို ပြန်ဆုတ်လာပြီး လမ်းအလယ်က ယာယီတဲနဲ့ ဝင်တိုက်မိပါတယ်။ လမ်းထဲမှာမီးကလည်း ပျက်နေတဲ့အချိန်ဖြစ်ပါတယ်။ လမ်းသူလမ်းသားများ က တိုက်များပေါ်မှ ဝိုင်းဝန်းအော်ဟစ် တားဆီးကြပါတယ် ဒါပေမဲ့ သူတို့ကားပေါ်မှ ယောင်္ကျားလေး (၄)ယောက် ဆင်းလာပြီး ယာယီတဲကို ရိုက်ချိုး၊ ကြံခိုင်ရေးမှ ကူညီခင်းသောကြောင့် ထောင်ထားသော အလံများကိုလည်းရိုက်ချိုးပါတယ်။ ပုံ (၄) (၅) (၆)တွင်တွေ့နိုင်ပါတယ် ။ သူတို့အားလုံး မူးနေကြပါတယ် ။ လမ်းသားများကိုလည်း ညစ်ညမ်းစွာ ဆဲဆို ပြီး လူကြီးသားကွ မင်းတို့လမ်းသား တွေ မိုက်တဲ့ကောင်ထွက်ခဲ့ ဟု စိန်ခေါ်ပါတယ်။ လမ်းရာအိမ်မှူး က အေးဆေးစွာပဲ ငါ့ညီတို့ မင်းတို့ဘာဖြစ်တာလဲ အစ်ကိုက ရာအိမ်မှူးပါဟု ပြောသော်လည်း ၊ မင်းလို ရာအိမ်မှူးလောက် ကို ဘာဂရုစိုက်ရမှာ လဲ လူကြီးသား ကွဟု ပြောကာ ဆဲဆိုပြီး နှစ်ယောက်က ကားပေါ် ပြန်တက်၍ကားကို ဆက်လက် နောက်ဆုတ်ပါတယ် ။ မီးမှောင်နေသောကြောင့် လမ်းကို ဖြတ်သော ကွန်ကရစ်ဖြတ်စက် ကို ကားနောက်ဘက်ဖြင့် တိုက်မိပါတယ်။ လမ်းထဲမှ လူငယ်များထွက်လာပြီး ကားကို ရပ်ခိုင်းသော်လည်း ရပ်မပေးဘဲ နောက်ဘက်ကို ဆက်ဆုတ်ပါတယ် လမ်းထိပ်ဘက် အရောက် မှာတော့ ပိတ် ဆို့ထားသောအုန်းတုံး များနှင့်တိုက်မိပြီး ဆက်မောင်းလို့ မရ ဘဲရပ်သွားကာ ကား ဘီးမှာ အောက်မှ ကွန်ကရစ် များ ကာရံထားသောအုန်းတုံး များဖြင့်ညိ၍ မောင်းလို့မရတော့ပါဘူး။ လူငယ်များမှ ဝိုင်းဝန်းပြီး တားကာ ကားထဲမှ သော့ကို ဖြုတ်ယူသော အခါမှ ကားကို ရပ်လိုက်ပြီး လမ်းလူကြီးများ လည်းရောက်ရှိလာကာ လမ်းလူငယ်များ လက်လွန်ခြေလွန်ဖြစ်မည် စိုး သော ကြောင့် တားဆီးပြီး ရဲစခန်းသို့ ရာအိမ်မှူးအားဖုန်းဆက် အကြောင်းကြား ခိုင်းပါတယ်။ ရဲသုံးယောက် ရောက်လာ သော အခါ လူကြီးသားဟုအော်သော အင်္ကျီအဖြူ ဝတ်ထားသော တစ်ယောက် နှင့် နောက် ထပ်အင်္ကျီအမဲ ဝတ်ထားသော တစ်ယောက်မှာ ထွက်ပြေးသွားပါတယ်။ ကျန်သော ယောင်္ကျား လေး (၂)ယောက်မှ တစ်ယောက်လည်း ထွက်ပြေးသွားရာလမ်းသူလမ်းသားများနှင့် ရဲက ဝိုင်းဝန်းဖမ်းဆီးကာ ကား ကိုပါ စစ်ဆေး၍ သော့ပိတ်ပြီး ကားကိုထားခဲ့ပါတယ်။ ရဲစခန်းသို့ တရားခံများကို ခေါ်ဆောင်သွားပါတယ်။ ရဲများမှ လမ်းသားများကိုမျက်မြင်သက်သေများ လိုက်လာရနှ်ပြောကြားခဲ့ပါတယ်။ ရဲစခန်းသို့ လမ်းသား များ ရောက်သောအခါ မြို့နယ်မှူးဆိုသူက ရိုင်းစိုင်းစွာပြောဆိုကာ အပေါက်ဝမှနေ၍ ပါလာသူများအား မင်းတို့ ဘယ်ကကောင်တွေလဲ စခန်းထဲကနေအခုထွက်သွားကြ ဟုဆိုကာ မောင်းထုတ်ပါတယ်။ လမ်းဖြစ်မြောက်ရေး ဥက္ကဌ ဦးထွန်းကြည် အားရင်ဘတ်ကို ဆောင့်တားထားပြီး မင်းကရောဘယ်ကလဲ ဘာလုပ်မှာလဲ ဟုမေး သောကြောင့် ကျွန်တော်လမ်းဖြစ်မြောက်ရေး ဥက္ကဌဟုပြောပါတယ်။ ဘေးတွင်ရပ်နေသော ရာအိမ်မှူးကိုလည်း မင်းကဘယ်ကလဲ ဘာလုပ်မှာလဲဟုထပ်မံမေးမြန်းပြီး ငါမြို့နယ်မှူးကွ အပြင်သို့ထွက်သွားဟုရိုင်းပျစွာ အော်ထုတ်ပါသည်။ စခန်းဝန်းအတွင်း ထိုင်နေသော မျက်မြင်သက်သေများ ကိုလည်း မင်းတို့က ဘာထိုင်လုပ်နေတာလဲ ငါထွက်သွားလို့ပြောနေတာ မကြာဘူး လားမင်းတို့ ကိုပြောနေတာ အခုထွက်သွားကြစမ်း ဟုအော်ဟောက်မောင်းထုတ်ပါတယ်။ ဆက်လက်၍ စခန်း အပြင်တွင် ရပ်နေသောလူများကို လည်း ဒီရှေ့မှာ ရပ်မနေကြနဲ့ ထွက်သွားကြဒီရှေ့မှာ ရပ်မနေကြနဲ့ဟု ဆက်လက်မောင်းထုတ်ပါတယ် ။ စခန်းတွင်းသို့ ကြံခိုင်ရေးမှ ရပ်ကွက်စည်းရုံးရေးမှူး နှင့် ပါတီမှတစ်ယောက် အပါအဝင် ၊လမ်းမှ နှစ်ယောက်သာ ဝင်ခွင့်ပေးပြီး အမှုတိုင်ခိုင်းပါတယ်။ ကြံခိုင်ရေးပါတီမှ ရပ်စည်း အားလည်း မင်းကဘာကို တိုင်မှာလဲ ဟုမေးသောကြောင့် ကြံခိုင်ရေးအလံတိုင်အားရိုက်ချိုးသောကြောင့် တိုင်မှာပါ ဟုပြောရာ မင်းတို့က ဘာလို့အလံတွေထောင်ထားတာလဲ ဘယ်နှစ်ချောင်း ထောင်ထားလဲ ဟု ထပ်မေးပါသည်။ စည်းမှူးမှ လမ်းခင်းရာတွင် ကြံခိုင်ရေးပါတီမှ လှူဒါန်းသောကြောင့် ထောင်ထားကြောင်း စသဖြင့် အကျိုးသင့် အကြောင်းသင့်ရှင်းပြမှ ဒါဆို တိုင်မည့်သူကမင်းလား ဒါဆို ရေးဟုဆိုကာ စာရွက်ထုတ်ပေးပါသည်။ ကြံခိုင်ရေးမှ တိုင်ပြီး လမ်းမှ လည်း လမ်းအတွင်းဆဲဆို ရမ်းကား ကာ လမ်းသူလမ်းသားများကို စော်ကား၍ ပစ္စည်းများ ကို ဖျက်စီး သည်ကို အောက်တွင်သာ ထည့်ရေးရန်ပြောပါသည်။ လမ်းလူကြီးများမှလည်း ထပ်မံ၍ အမှုဖွင့်လိုကြောင်းပြောသော အခါ မင်းတို့က ဘယ်နှစ်မှုဖွင့်မှာလဲ တစ်ခုဘဲဖွင့်လို့ရမယ်ဟုပြောပါသည်။ ထို့ကြောင့် ရပ်ကွက်စည်းရုံးရေးမှူးမှ ရေးထားသောစာကိုပြန်ရုတ်သိမ်းပြီး ကြံ့ခိုင်ရေးမှ တာဝန် ရှိသူ များ နှင့် တိုင်ပင်ပြီးမှ နောက်တစ်ခေါက်လာမည် ဟုဆိုကာ လမ်းကိစ္စကိုသာတိုင်စေခဲ့ပါသည်။ ထိုအခါ ယာယီစခန်းမှူးမှ မြို့နယ်မှူးအားဖုန်းဆက်၍ ခေါ်ခဲ့ပါသည်။ မြို့နယ်မှူးရောက်ရှိလာရာ ဘာမဟုတ်တဲ့ ပုဒ်မသေးသေးလေး ကိစ္စ နဲ့ငါ့ကို အိပ်ရေးပျက်အောင် ဖုန်းဆက်ပြီးခေါ်တယ်၊ ငါမနက် ခရိုင်မှူးနဲ့တွေ့စရာရှိတယ် ဟု ဒေါသ ဖြင့် အော် ငေါက်ပြီးပြန်သွားခဲ့ပါသည်။ ထို့နောက် အဆိုပါကားအား စခန်းမှ ရဲတစ်ဦးရောက်လာပြီး လာယူပါသည်။ လမ်းကော်မတီဝင်များက ယခုကိစ္စဟာ ယာဉ်မှုစစ်နဲ့လည်းဆိုင်၍ ၄င်းတို့စစ်ဆေးပြီးမှ သာယူသင့် ကြောင်း ပြောဆိုရာ ရဲမှ ခင်ဗျားတို့ မပေးလည်းမယူဘူး ဟုပြော၍ လမ်းကော်မတီ ဝင်များမှ ကျွန်တော်တို့က မပေးဘူးမပြောဘူး၊စစ်ဆေးပြီးမှ လာယူပါ ဟုပြန်လည်ပြောကြားခဲ့ပါသည်။ ထို့နောက် ယာဉ်ထိန်းရဲများက ကားကိုလာယူခဲ့ပါသည်။ လာရောက်သိမ်းဆည်းသူမှာ ဒုရဲအုပ် ဇော်မင်း ယာဉ်မှုစစ်မှဖြစ်ပြီး ယာဉ်တိုက်မှုပုဒ်မ (၂၇၉) ဖြင့်အရေးယူပေးမည်ဟုသိရပါသည်။ ကားအား( ၅၁)လမ်းယာဉ်မှုစစ်ရုံးသို့ ယူဆောင်မသွားဘဲ တာမွေရဲစခန်းအတွင်း၌ ထိန်းသိမ်းထားပါသည်။ လမ်းအတွင်းမှ အသိသက်သေ များကိုမူယခုအချိန်အထိ စစ်မေးခြင်းမပြုသေးပါ။ ထွက်ပြေးလွတ်မြောက်သူနှစ်ဦး ကိုလည်း မသိရှိရသေးပါ။ တာမွေမြို့နယ်ရဲစခန်းမှ ပုဒ်မ ၂၉၄/၄၂၇ ဖြင့်အမှုဖွင့်ထားကြောင်းသိရှိရပါသည်။ ပြည်သူ့လွှတ်တော် အဆင့် သမ္မတ အဆင့်တို့မှ တရားဥပဒေစိုးမိုးရေးကို မည်မျှပင်လမ်းညွှန်ပြောကြားစေကာမူ အောက်ခြေ အဆင့် ရဲဝန်ထမ်းများမှ လိုက်နာဆောင်ရွက်ခြင်းမရှိဘဲ ပြည်သူလူထု အားဖိနှိပ်ဆက်ဆံခြင်းများ နှင့် မလျှော်မကန်ပြုမူမှုများ ရှိနေသေးကြောင်း သတင်းအဖြစ် ဖေါ်ပြပေးပါရန် ပေးပို့ပါသည်။ မူးယစ်ရမ်းကားသောတရားခံများ (ကျန်နှစ်ယောက်အားစုံစမ်းဆဲ) ၁။ မင်းမင်းဦး (ခ) ဘိုးလူ ယာဉ်မောင်း အဘအမည်-ဦးတင့် ၂၀၃၊ ၃ လွှာ၊ သီရိလမ်း၊ မေတ္တာညွန့် (ပုံ ၇ တွင်ကြည့်ပါ ) ၂။ ဝင်းသိန်းထွန်း အဘအမည်-ဦးလှမြင့် ၅၈၆၊ အနန္တဂုဏ်ရည်လမ်း၊ မေတ္တာညွန့် ၃။ နွယ်နွယ်ဦး အဘအမည်-ဦးလှသိန်း တိုက်(၁၀)၊ အခန်း (၁၀)၊ ယုဇနလမ်း၊ မင်္ဂလာတောင်ညွန့် ၄။ ကေသွယ်ထွန်းဝင်း အဘအမည်-ဦးထွန်းဝင်း ၅၈၆၊ အနန္တဂုဏ်ရည်လမ်း၊ မေတ္တာညွန့် ပြည်သူအားရိုင်းပြစွာဆက်ဆံသောရဲများ(တာမွေမြို့နယ် ရဲစခန်း) မြို့နယ်ရဲမှူး ဒုရဲမှူး ကျော်ကျော် ယာယီစခန်းမှူး ဒုရဲအုပ် ရဲနိုင် ရဲစာရေး အမည်မသိ ယာဉ်မှုစစ် ဒုရဲအုပ် ဇော်မင်း
| ||||||||||||||
| ဘင်္ဂလားဒေ့ရှ် အကြမ်းဖက်မှု ထိန်းသိမ်းနိုင်ဖို့ လုံခြုံရေးတိုးချ Posted: 01 Oct 2012 09:03 PM PDT ဘင်္ဂလာဒေ့ရှ် အစိုးရက တည်ငြိမ်မူတွေ ရရှိအောင် လုံခြုံရေး တပ်ဖွဲ့ဝင်တွေကို အကြမ်းဖက် မူတွေ ဖြစ်ပေါ်ခဲ့တဲ့ နေရာတွေမှာ အကြီးအကျယ်ချပြီး ထိန်းသိမ်းမူတွေ ပြုလုပ် နေပါတယ်။ ဒါပေမယ့် ဗုဒ္ဓဘာသာဝင် အများစုကတော့ စိုးရိမ်မူတွေ ဆက်လက် ရှိနေကြဆဲ ဖြစ်ပါတယ်။ အခုအချိန်ထိတော့ လူပေါင်း ၁၆၆ ဦးကို အာဏာပိုင်တွေက ဖမ်းဆီးခဲ့ပြီ စစ်တကောင်း ပိုတီယာဒေသ မှာလည်း ဘုန်းကြီးကျောင်းတွေ တိုက်ခိုက်ခဲ့တဲ့ အတွက် လူပေါင်း ၆၀၀ ကို တရားစွဲဆိုထားပါတယ်။ သတင်းအပြည့်အစုံ ဖတ်ရန် ဒီနေရာကို နှိပ်ပါ
| ||||||||||||||
| စိုက်ခင်းပေါ် ကြေးနီကုမ္ပဏီ မြေစာဆက်ပုံနေ Posted: 01 Oct 2012 09:08 PM PDT စစ်ကိုင်းတိုင်း မုံရွာခရိုင် လက်ပံတောင်းတောင် ကြေးနီစီမံကိန်း အနီးရှိ ဆည်တဲရွာနားက နှမ်းခင်းတွေထဲကို မနေ့ညပိုင်းက ကုမ္ပဏီက စက်ကြီးတွေနဲ့ မြေစာတွေ လာပုံတာကြောင့် ဒီကနေ့ မနက်ပိုင်းက စပြီး ရွာသူ ရွာသား တထောင်ခန့်က လူစုပြီး တားဆီးခဲ့ကြတယ်လို့ သိရပါတယ်။ သတင်းအပြည့်အစုံ ဖတ်ရန် ဒီနေရာကို နှိပ်ပါ စစ်ကိုင်းတိုင်း မုံရွာခရိုင် ဆားလင်းကြီးမြို့နယ်က ဒေသခံ တောင်သူလယ်သမားများ လယ်ယာမြေ မကျူးကျော်ရ ဆိုင်းဘုတ် စိုက်ထူနေစဉ်။ | ||||||||||||||
| နိုင်ငံတော်စီမံကိန်းများ ပွင့်လင်းမြင်သာမှုရှိဖို့လို Posted: 01 Oct 2012 09:12 PM PDT လက်ပံတောင်းတောင် ကြေးနီစီမံကိန်း အပါအ၀င် သဘာဝ အရင်းအမြစ် သယံဇာတနဲ့ ပတ်သက်တဲ့ နိုင်ငံတော် စီမံကိန်းတွေ အကောင်အထည်ဖေါ်ရာမှာ ထင်သာမြင်သာရှိမှု အရေးကြီးကြောင်း မြန်မာ့ ဒီမိုကရေစီ ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်က နယူးရောက်တိုင်းမ်စ် သတင်းစာနဲ့ တွေ့ဆုံစဉ် ပြောကြားလိုက်ပါတယ်။ --- သတင်းအပြည့်အစုံ ဖတ်ရန် ဒီနေရာကို နှိပ်ပါ မြန်မာ့ဒီမိုကရေစီ ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်နဲ့ နယူးယောက်မြို့ မြန်မာအသိုင်းအ၀ိုင်းတို့ ၂၀၁၂ ခုနှစ် စက်တင်ဘာလ ၂၂ ရက်နေ့က Queens College တွင် တွေ့ဆုံနေကြစဉ်။ | ||||||||||||||
| ကြံခိုင်ရေးပါတီ ဥက္ကဌသစ် ရွေးချယ်မည် Posted: 01 Oct 2012 09:18 PM PDT လာမည့် အောက်တိုဘာလ ၁၄ ရက်နေ့တွင် ကျင်းပမည့် ပြည်ထောင်စု ကြံခိုင်ရေး နှင့် ဖွံဖြိုး ရေး ပါတီ ပြည်လုံးကျွတ် ညီလာခံ တွင် ပါတီ ဥက္ကဌသစ်ကို ပြန်လည် ရွေးချယ်သွားမည် ဖြစ်ကြောင်း အဆိုပါတီ၏ အထွေထွေ အတွင်းရေးမှုး ဦးဌေးဦးက---- သတင်းအပြည့်အစုံ ဖတ်ရန် ဒီနေရာကို နှိပ်ပါ | ||||||||||||||
| သမ္မတဦးသိန်းစိန်ကို မြန်မာလူထု လိုက်လှဲစွာ ကြိုဆို Posted: 01 Oct 2012 05:08 PM PDT အမေရိကန်နိုင်ငံ နယူးယောက်မြို့မှာ ကျင်းပတဲ့ ၆၇ ကြိမ်မြောက် ကုလသမဂ္ဂ အထွေထွေ ညီလာခံကို တက်ရောက်ပြီး ဒီကနေ့မနက်မှာ ရန်ကုန်မြို့ကို ပြန်ရောက်လာတဲ့ သမ္မတ ဦးသိန်းစိန်ကို မြန်မာ ပြည်သူတွေနဲ့အတူ နိုင်ငံရေးပါတီတွေ၊ အနုပညာရှင်တွေ၊ စီးပွားရေးလုပ်ငန်းရှင်တွေ သွားရောက် ကြိုဆိုခဲ့ကြတာပါ။ ဒါဟာ သမ္မတရဲ့ ခရီးစဉ်အတွင်း အောင်မြင်မှု ရခဲ့တာတွေကြောင့် လူထုက ကြိုဆိုတာ ဖြစ်နိုင်တယ်လို့ နိုင်ငံရေးပါတီတွေက သုံးသပ်ပြောဆိုသလို အရင် အာဏာရှင်လက်ထက်မှာ တွေ့ကြုံခဲ့တဲ့ အခြေအနေတွေနဲ့ မတူပဲ ထူးခြားတဲ့ အတွေ့အကြုံဖြစ်တာကြောင့် သမ္မတအနေနဲ့ အံ့အားသင့်ပြီး ၀မ်းသာမှုဖြစ်ခဲ့ရတယ်လို့ သမ္မတရုံး ညွန်ကြားရေးမှူး ဦးဇော်ဌေးက ပြောပါတယ်။ အပြည့်အစုံကိုတော့ ဘန်ကောက်ရုံးကနေ ဆက်သွယ် စုံစမ်းထားတဲ့ ကိုဇော်ဝင်းလှိုင်က တင်ပြပေးပါမယ်။ သမ္မတဦးသိန်းစိန်ရဲ့ အမေရိကန်ခရီးစဉ် ဟာ ပြည်တွင်း၊ ပြည်ပမှာ ရှိတဲ့ မြန်မာ့အရေး လေ့လာစောင့်ကြည့်သူတွေ အကြား အောင်မြင်မှုရရှိခဲ့တဲ့ ခရီးစဉ်တခုဖြစ်တယ် လို့ ယေဘုယျအားဖြင့် သုံးသပ် ပြောဆိုနေကြတာပါ။ ဒီခရီးစဉ်အတွင်း အမေရိကန်နိုင်ငံနဲ့ စီးပွားရေးအရ ဆက်ဆံရေးတွေ တိုးတက်ကောင်းမွန်စေမယ့် သဘောတူညီမှုတွေအပြင် အမေရိကန်တို့ဖက်ကလည်း မြန်မာနိုင်ငံအပေါ် ပိတ်ဆို့ အရေးယူမှုတွေ လျော့ချပေးမယ်ဆိုတဲ့ ကတိက၀တ်တွေကို ရရှိခဲ့တာပါ။ ဒါ့အပြင် ကုလသမဂ္ဂနဲ့ တခြား နိုင်ငံတွေအကြားမှာလည်း အရင် စစ်အစိုးရလက်ထက်တုန်းကလိုမဟုတ်ပဲ မြန်မာနိုင်ငံရဲ့ ဂုဏ်သိက္ခာ မြင့်တက်အောင် စွမ်းဆောင်နိုင်ခဲ့တဲ့အတွက် ဒီကနေ့မနက် ရန်ကုန်လေဆိပ်ကို သူပြန်ရောက်တဲ့အချိန်မှာ မြန်မာလူထုက ၀မ်းပန်းတသာနဲ့ ကြိုဆိုကြတာဖြစ်တာကြောင့် သမ္မတအနေနဲ့ အံ့အားသင့်၊ ၀မ်းသာဖြစ်မိတယ်လို့ သမ္မတရုံး ညွန်ကြားရေးမှူး ဦးဇော်ဌေးက ပြောပါတယ်။ "ဒီလိုကြိုဆိုတဲ့အတွက် သမ္မတကြီးက မထင်မှတ်ပဲနဲ့ အံ့သြသွားပါတယ်။ ဝမ်းလည်း ဝမ်းသာသွားပါတယ်။ လာကြိုတဲ့သူတွေကို ကျေးဇူးတင် ဝမ်းမြောက်ကြောင်း သူ တဖွဖွ ပြောနေပါတယ်။ နံပတ်၂ကတော့ ဒါသည် ကျနော်တို့ရဲ့ ပုဂ္ဂလိကအမြင်ရဆိုရင် လူထုအကျိုးစီးပွားအတွက် ပြုပြင်ပြောင်းလဲရေး ဆက်လက်ဆောင်ရွက်မယ့် ဒီရှေ့ပေါ့နော် ခရီးအတွက် သူ့အတွက် ဒါ ကြီးမားတဲ့ ထောက်ခံအားပေးမှုပေါ့နော်။ ရသွားတာ။ ဒါနဲ့ပတ်သက်ပြီး သူ့အတွက် ပိုပြီးတော့ ပြုပြင်ပြောင်းလဲရေး ဆောင်ရွက်ဖို့ ဆုံးဖြတ်ချက်တွေ ပိုမို ခိုင်မာသွားစေမယ့် ဆိုတဲ့ အဓိပ္ပါယ်လေးပေါ့ ကျနော်တို့ကတော့ ခံစားမိပါတယ်။ အထူးသဖြင့် မြန်မာပြည်သူတရပ်လုံးပေါ့နော်။ ဥပမာ ဒေါ်အောင်ဆန်းစုကြည်တို့ ဒီဖက်က လွှတ်တော်တို့အပါအဝင်ပေါ့နော်။ အားလုံးသော နိုင်ငံသားတွေ ကြိုးစားအားထုတ်မှုနဲ့ နိုင်ငံတကာ က ထိုက်ထိုက်တန်တန် နဲ့ အဲ့ဒီ့အကျိုးရလာဒ်တွေ နိုင်ငံတကာ အလည်မှာ မြန်မာနိုင်ငံရဲ့ အနေအထားကို ထိုက်သင့်တဲ့ နေရာတခုကို ရောက်အောင် လုပ်ဆောင်ခဲ့တဲ့ဟာကို ပြည်သူလူထုက အသိအမှတ်ပြု ကြိုဆိုတဲ့ သဘောလေး သွားတွေ့တာပေါ့နော်။" သမ္မတကို ဒီမနက် သွားကြိုကြတဲ့အထဲ သမ္မတရဲ့ပါတီဖြစ်တဲ့ ပြည်ထောင်စုကြံ့ခိုင်ရေးနဲ့ ဖွံ့ဖြိုးရေးပါတီက ၀န်ကြီးတွေ၊ ပါတီဝင်တွေအပြင်၊ တခြား အတိုက်အခံ ပါတီတွေ၊ အနုပညာရှင်အသိုင်းဝိုင်းက အထင်ကရပုဂ္ဂိုလ်တွေ၊ စီးပွားရေးလုပ်ငန်းရှင်တွေလည်း ပါဝင်ပါတယ်။ သမ္မတရဲ့ခရီးစဉ်အတွင်း ရရှိခဲ့တဲ့ အောင်မြင်မှုတွေကို အသိအမှတ်ပြုတဲ့အနေနဲ့ ကြိုဆိုတာဖြစ်တယ်လို့ NDF အမျိုးသားဒီမိုကရေစီအင်အားစုပါတီဥက္ကဌ ဦးခင်မောင်ဆွေက ပြောပါတယ်။ "ခရီးစဉ်ကတော့ ထူးခြားတယ်ဆိုတဲ့ အပိုင်းကတော့ဗျာ။ နှစ်ငါးဆယ်အကျော်မှာ ပြည်သူလူထုက တင်မြှောက်တဲ့ သမ္မတက ကုလသမဂ္ဂကို တက်တယ်ပေါ့ဗျာ။ တက်တဲ့အခါမှာလည်း နိုင်ငံနဲ့ လူမျိုး အကျိုးစီးပွားကို ဆောင်ရွက်ဖို့ တကယ်အာသီသရှိပြီးတော့ တကယ်ပဲ ပြုပြင်ပြောင်းလဲရေးကို အားသွန်ခွန်စိုက် ကြိုးပမ်းဖို့ တာစူပြီး လုပ်ဆောင်နေတဲ့ ပုဂ္ဂိုလ်၊ နောက်ပြီးတော့ အဲ့ဒီ့အချိန်အခါမှာ အမေရိကန်နိုင်ငံလို နေရာမျိုး ကုလသမဂ္ဂလို နေရာမျိုးရှိတဲ့နေရာမှာ သွားပြီးတော့ မြန်မာနိုင်ငံရဲ့ နိုင်ငံတကာ ပြရုပ်ကို ဖော်ပြနိုင်အောင် လုပ်မယ့်ဟာတွေကို နောက်ကြိုးဆွဲခြင်း မရှိပဲနဲ့ပေါ့ဗျာ။ နောက်ကျောလုံလုံနဲ့ သူပြုပြင်ပြောင်းလဲမယ့်ဟာတွေကို ပွင့်ပွင့်လင်းလင်း သွားပြောပြီးတော့ နိုင်ငံတကာ ဇာတ်ခုံပေါ်ကို မြန်မာနိုင်ငံကို သိက္ခာရှိရှိ တက်နိုင်အောင် ကြိုးပမ်းခဲ့တာကို ကျနော်တို့အားရမိတယ်လေ။ အဲ့နောက်ပြီးတော့ စီးပွားရေး ပိတ်ဆို့မှုကို လည်း ပြန်ဖွင့်ပေးဖို့ အတိုင်းအတာအထိ ပြောဆိုခဲ့တယ်ဆိုတဲ့ဟာကိုလည်း အမှတ်ပေးတဲ့ အနေနဲ့ ပြည်သူတွေက ကြိုတယ်ထင်ပါတယ်။ နောက်ပြီးတော့ နိုင်ငံသားပြည်သူတွေက သူတို့တင်မြှောက်ထားတဲ့ နိုင်ငံတော်သမ္မတအပေါ်မှာ ဟိုးတုန်းက အရင့်အရင်သမ္မတတွေ လုပ်ထုံးလုပ်ဟန်နဲ့မတူပဲ ကွဲပြားစွာ စွမ်းဆောင်ရည်နဲ့လုပ်နိုင်တဲ့သမ္မတကို အမှတ်ပေးတဲ့အနေနဲ့ ကြိုကြတာ ဖြစ်ပါလိမ့်မယ်ဗျာ။" အမျိုးသားဒီမိုကရေစီအင်အားစုအနေနဲ့ ပါတီအဖွဲ့ချုပ်ရုံး ဒီကြိုဆိုရေးအစီအစဉ်မှာ ၀င်ရောက်ပါဝင်ခြင်း မရှိပေမယ့် သမ္မတရဲ့ အောင်မြင်တဲ့ ခရီးစဉ်အပေါ် ထောက်ခံ ထားပြီးဖြစ်တဲ့အတွက် တခြား သက်ဆိုင်ရာ မြို့နယ်ရုံးခွဲတွေအနေနဲ့ လွတ်လပ်စွာ သွားရောက် ကြိုဆိုခွင့်ပြုထားတာ ဖြစ်တယ်လို့ ဦးခင်မောင်ဆွေက ပြောပါတယ်။ ဒီကနေ့ ရန်ကုန်လေဆိပ်မှာ သမ္မတ ဦးသိန်းစိန်ကိုသွားရောက်ကြိုဆိုကြသူအရေအတွက်ဟာ တစ်ထောင်ဝန်းကျင်လောက်ရှိမယ်လို့ မျက်မြင် သက်သေတွေက ပြောပါတယ်။ ကိုဇော်ဝင်းလှိုင် (ဗွီအိုအေ မြန်မာပိုင်း)
| ||||||||||||||
| သမ္မတကြီးဦးသိန်းစိန် ကို ၀ိုင်းလိမ်ကြသူများ (အသံဖိုင်) Posted: 01 Oct 2012 08:59 AM PDT ဒီကနေ့ သမ္မတကြီးကိုလာကြိုတဲ့ လူတွေကို မေးကြည့်တော့ သမ္မတကြီးကို မသိဘူးလို့ ရေးထားတာကို တော်တော် မကျေနပ်ကျလို့ အသံဖိုင်လေးတင်ပေးလိုက်ပါတယ်။ အသံဖိုင် နားဆင်ရန် ဒီနေရာကို နှိပ်ပါ ဒီလို တိုင်းပြည်အတွက် ပြုပြင်ပြောင်းလဲရေး လုပ်နေတဲ့ သမ္မတကြီးကို မလိမ်သင့်ပါဘူး ခေတ်အဆက်ဆက် ဒီလို For Show တွေလုပ်ပြီး သတင်းအမှားတွေပေးခဲ့ကျလို့ ခေါင်းဆောင်တွေဆုံးဖြတ်ချက် မှားခဲ့တာတွေ တပုံကြီးပါ။ ခင်ဗျားတို့ ဗျာ သမ္မတကြီး အတွက် ၁၀ မိနစ်ပဲ အချိန်ပေးလိုက် အမိန့် နဲ့ ခေါ်စရာမလိုဘူး ဒါထက်လူပိုများလာလိမ့်မယ် ဒါလေးပဲရှင်းပြလိုက် သမ္မတကြီးက နိုင်ငံခြားကိုသွားပြီး မြန်မာပြည်မှာ စက်ရုံတွေလာဖွင့်ဖို မြန်မာနိုင်ငံသားတွေကိကူညီဖို့  မြန်မာပြည်က ထွက်တဲ့ကုန်ပစ္စည်းတွေဝယ် ဖို့ နိုင်ငံခြားမှာသွားပြောတာ ။ သမ္မတကြီး နိုင်ငံခြားကို ဘာသွားလုပ်တယ်ဆိုတာလေးပဲ ရှင်းပြလိုက် ဒါကြောင့် ဒို့ သမ္မတကြီးကို သွားကြိုကျမယ်။ ဟော့လိုက် ကျမလားသာပြော ဒီထက်လူ ၃ ဆများသွားလိမ်မယ် အခုကတော့ အသင်းတစ်သင်းလူ ၅၀ ကားပေါ်တက် လေဆိပ်သွားမယ် ဒီဆိုင်းဘုတ် လေးကိုင် ဒါမျိုးတွေဆိုတော့ အကုန်လုံးပေါ်ကုန်ရော စိတ်ချပါ နောက်နောင် အဲဒီလို For Show တွေကိုဆက် လက်ဖွင့်ချပါအုံးမယ်။ Aung Thu Ra (Facebook) | ||||||||||||||
| ကော့စ်ဘဇားမှာ ဘုန်းကြီးကျောင်း ထပ်အဖျက် ခံရ Posted: 01 Oct 2012 08:22 AM PDT ကော့စ်ဘဇားမှာ ဖြစ်နေတဲ့ နောက်ဆုံး အခြေအနေ ကတော့ ဆိုးရွားမှုတွေ ဆက်ဖြစ် နေတယ်လို့ သိရပါတယ်။ အခု ပြဿနာက ဘင်္ဂလားမှာ ကျယ်ပြန့် သထက် ကျယ်ပြန့်လာနေပြီး စစ်တကောင်း ပေါ်တီယာ အရပ်မှာ ဘုန်းကြီးကျောင်း (၅) ကျောင်း ဆက်လက် ဖြိုဖျက် ခံရပါတယ်။ သတင်းအပြည့်အစုံ ဖတ်ရန် ဒီနေရာကို နှိပ်ပါ
| ||||||||||||||
| ဘုန်းကြီးကျောင်းများ မီးရှို့မှု ရိုဟင်ဂျာ ပတ်သက်နေဟု ဘင်္ဂလားဒေ့ရှ် အစိုးရဆို Posted: 01 Oct 2012 08:08 AM PDT မြန်မာနိုင်ငံနှင့် နယ်စပ်အနီး ဘင်္ဂလားဒေခ်ျ့နိုင်ငံ၊ ကော့ဘဇား ခရိုင်နှင့် စစ်တကောင်း နယ်များတွင် ဗုဒ္ဓဘာသာ ဘုန်းကြီးကျောင်းများနှင့် လူနေအိမ်များကို လူအုပ်များက မီးရှို့ဖျက်ဆီးခြင်း၏ နောက်ကွယ် တွင် ရိုဟင်ဂျာများ ဆက်စပ်မှု ရှိနေသည်ဟု ဘင်္ဂလားဒေ့ရှ် ပြည်ထဲရေးဝန်ကြီးက--- သတင်းအပြည့်အစုံ ဖတ်ရန် ဒီနေရာကို နှိပ်ပါ
|
| You are subscribed to email updates from Thit Htoo Lwin To stop receiving these emails, you may unsubscribe now. | Email delivery powered by Google |
| Google Inc., 20 West Kinzie, Chicago IL USA 60610 | |







01+copy.jpg)



01+copy.jpg)












