သစ်ထူးလွင်

သစ်ထူးလွင်


KNU ခေါင်းဆောင်‭ စော‬ဒေးဗစ်ထော ၏‭ ‬ကျန်းမာရေး အခြေအနေစိုးရိမ်ရ

Posted: 13 Oct 2012 07:46 AM PDT

ကရင်‭ ‬အမျိုးသား အစည်းအရုံး‭ (‬KNU‭) ‬ခေါင်းဆောင်‭ စော‬ဒေးဗစ်ထော သည်‭‬အဆုတ်‭ ‬မကောင်းသဖြင့်‭ ‬မင်္ဂလာဒုံ‭‬စစ်‭‬ဆေးရုံတွင်‭ ‬စိုးရိမ်ဖွယ်‭ ‬အခြေအနေ ဖြစ်နေကြောင်း ၄င်းနှင့် ‭‬နီးစပ်သူများ ထံမှ‭ ‬သိရသည်။‭

" အောက်ဆီဂျင်‭ ‬ပိုက်တွေတော့‭ ‬တပ်ထားရတယ်။ အသက်ရှိ‭ ‬နေပါသေးတယ်‭" ‬ဟုလက်ရှိ‭‬ဆေးရုံ‭ ‬အခြေအနေကို‭ ‬၄င်း၏ ဆွေမျိုး တော်စပ်သူ‭ ‬တစ်ဦးက The Voice Weekly သို့ပြောကြားသည်။‭

ယနေ့ညနေ ၅ နာရီ ခွဲခန့် အချိန်ထိ ရရှိသော သတင်းများ အရ ဦးစောဒေးဗစ်ထောမှာ သတိပြန်လည် ရရှိလာပြီး မိတ်ဆွေ အချို့ကို စကားပြန်လည်ပြောဆိုနိုင်ပြီ ဖြစ်ကြောင်း အဆိုပါ ဆေးရုံသို့သွားရောက် သတင်းရယူနေသူ The Voice Weekly သတင်းထောက်မှ သတင်းပေးပို့သည်။

ဦးစောဒေးဗစ်ထောအား သွေးသွင်း ကုသမှု ခံယူရန် အတွက် သရုပ်ဆောင် ဝေဠုကျော် နှင့် သွေးမေတ္တာ အဖွဲ့၊ Myanmar Egress မှ ကျောင်းသားကျောင်းသူ များ၊ ကရင် တိုင်းရင်းသားများ နှင့် သွေးအလှူရှင်များ မှ လာရောက် လှူဒါန်းရန် စာရင်းပေးသွင်းကြသည်။

The Voice Weekly

မင်္ဂလာဒုံစစ် ဆေးရုံတွင် စိုးရိမ်ဖွယ် အခြေအနေသို့ ရောက်ရှိနေသော KNU ခေါင်းဆောင် ဒေးဗစ်ထော အတွက် လိုအပ်သည့် အေသွေးကို လာရောက်လှူဒါန်း နေစဉ်။ ဓါတ်ပုံ - The Voice Weekly


တက္ကသိုလ်ဆရာ/ဆရာမများအသင်း၏ အိတ်ဖွင့်ပေးစာ

Posted: 13 Oct 2012 04:22 AM PDT

 အဝေးသင် တက္ကသိုလ် နှင့် ပတ်သတ်ပြီး ပွင့်လင်းမြင်သာမှု မရှိခြင်း ၊ အားနည်းခြင်းများကြောင့် တက္ကသိုလ် အသီးသီးတွင် အကျင့်ပျက် ခြစားမှုများ ဖြစ်ပေါ်လျက်ရှိပြီး ၊ ဆရာ ၊ ဆရာမများ၏ လုပ်အားကို ခေါင်းပုံ ဖြတ်နေသည့် သဘောများ သက်ရောက် နေပါသည်။ အထက်ဖော်ပြပါ အခြေအနေ အရပ်ရပ်ကို အချိန်မီ ပြုပြင်ပြောင်းလဲမှုများ မပြုလုပ်ပါက ----

ပေးစာ အပြည့်အစုံ ဖတ်ရန် ဒီနေရာကို နှိပ်ပါ




မိုးပြားဂိုဏ်း ဒုတိယ ခေါင်းဆောင် ထောင်ဒဏ် ၂ နှစ်ချ မှတ်မှု ဥပဒေနှင့် မညီညွတ်ကြောင်း အကျိုးတော်ဆောင် ရှေ့နေ ပြောကြား

Posted: 13 Oct 2012 04:12 AM PDT

မိုးပြားဂိုဏ်း ဒုတိယ ခေါင်းဆောင်အဖြစ် လူတစ်စု၏ စွတ်စွဲမှုခံရပြီး၊ ယင်းလူတစ်စု၏ ဖိအားပေးမှုကြောင့် ရဟန်းအဖြစ်မှ လူဝတ်လဲခြင်းခံရကာ သာသနာတော် အကြည်အညို ပျက်စေမှု ပုဒ်မှ ၂၉၅(က)ဖြင့် ကလောမြို့နယ် တရားရုံးမှ တရားစွဲဆို ပြစ်ဒဏ် ချမှတ်ခဲ့သည့် ဆရာတော် ဦးဥတ္တမ၏ အမှုဖြစ်စဉ် အပေါ် ---
သတင်း အပြည့်အစုံ ဖတ်ရန် ဒီနေရာကို နှိပ်ပါ

ဓါတ်ပုံ - Popular Myanmar News Journal


ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ ညီလာခံတွင် ဥက္ကဌနေရာ ရွေးချယ်သွားနိုင်ဖွယ်ရှိ ဟုဆို

Posted: 13 Oct 2012 03:56 AM PDT

အောက်တိုဘာလ၁၄ ရက်တွင် စတင် ကျင်းပမည့် ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ ပထမ အကြိမ် ပါတီ ညီလာခံ(၂၀၁၂)တွင် လစ်လပ်လျှက် ရှိသော ဥက္ကဌနေရာကို ရွေးချယ်သွား နိုင်ဖွယ် ရှိသည်ဟု ယင်းပါတီမှ တာဝန်ရှိသူ တစ်ဦးကပြောသည်။

သတင်း အပြည့်အစုံ ဖတ်ရန် ဒီနေရာကို နှိပ်ပါ



စစ်တွေအောင်မင်္ဂလာအဓိကရုဏ်း အဖမ်းအဆီးရှိ

Posted: 13 Oct 2012 03:27 AM PDT

ယမန်နေ့က ဖြစ်ပွားခဲ့သော အောင်မင်္ဂလာ အဓိကရုဏ်းတွင် သင်္ဃာတော်(၂)ပါးနှင့် လူ(၅)ဦး ဖမ်းဆီးခံ ခဲ့ရကြောင်း သတင်းရရှိသည်။ စစ်တွေမြို့ထဲတွင် အလုပ်လုပ်ကိုင်ပြီး အလုပ်မှ ပြန်လာကြသော ဟိန္ဒူများကို အောင်မင်္ဂလာ ရပ်ကွက်နေ ဘင်္ဂလီများ ဓါးဖြင့် လိုက်ခုတ်ရာမှ ဖြစ်ပွားခဲ့သော ----

သတင်း အပြည့်အစုံ ဖတ်ရန် ဒီနေရာကို နှိပ်ပါ



ဗုံးဖောက်ခွဲမည့် အစီအစဉ် သတင်းကြောင့် ဗုဒ္ဓဂါယာ လုံခြုံရေး အနည်းငယ်တိုး

Posted: 13 Oct 2012 03:20 AM PDT

အိန္ဒိယအခြေစိုက် မူဂျာဟစ်ဒင်များ၏ ဗုံးဖောက်ခွဲရန် အစီအစဉ်များထဲတွင် ဘီဟားပြည်နယ်ရှိ ဗုဒ္ဓဂါယာ စေတီတော်ကြီးလည်း ပါဝင်နေသည်ဆိုသည့် သတင်းများ ထွက်ပေါ်လာပြီးနောက် လုံခြုံရေး အနည်းငယ် တိုးမြှင့် လုပ်ဆောင်နေကြောင်း သိရှိရသည်။ ပူနေးမြို့ကြီးတွင် သြဂုတ်လ ၁ ရက်နေ့က ပဒေသာဗုံး ပေါက်ကွဲမှုနှင့် ပတ်သက်၍ မကြာမီကမှ ဖမ်းဆီးရမိထားသော မူဂျာဟစ်ဒင် အကြမ်းဖက်သမား သုံးဦးအား ----

သတင်း အပြည့်အစုံ ဖတ်ရန် ဒီနေရာကို နှိပ်ပါ


ဗုဒ္ဓဂါယာ


ပြည်ပနိုင်ငံ(၂၀၀)ကျော်နှင့် ချိတ်ဆက် ငွေလွှဲနိုင်တော့မည်

Posted: 13 Oct 2012 02:42 AM PDT

 နိုင်ငံတကာရှိ နိုင်ငံပေါင်း ၂၀၀ ကျော်၌ ငွေကြေးလွှဲပြောင်းဝန်ဆောင်မှုများ လုပ်ကိုင်နေသည့် Western Union သည် မြန်မာနိုင်ငံမှ ပုဂ္ဂလိကဘဏ်တစ်ခုဖြစ်သည့် Myanmar Oriental Bank (မြန်မာအရှေ့ တိုင်းဘဏ်)နှင့် ပူးပေါင်း၍ ငွေလွှဲခြင်းဆိုင်ရာ ၀န်ဆောင်မှုလုပ်ငန်းများ စတင်တော့မည် ဖြစ်သည်။ ကနဦးသဘောတူညီချက်အနေဖြင့်---

သတင်း အပြည့်အစုံ ဖတ်ရန် ဒီနေရာကို နှိပ်ပါ




မြန်မာနိုင်ငံတွင် OIC ရုံးစိုက်မည် မဟုတ်ဟု နယ်စပ်ရေးရာ ဝန်ကြီး ဌာနဆို

Posted: 13 Oct 2012 02:30 AM PDT

နိုင်ငံများ စုပေါင်း ဖွဲ့စည်းထားသော OIC (Origanization of The Islamic Cooperation) က မြန်မာနိုင်ငံတွင် ရုံးစိုက်မည်ဟု သတင်းများ ထွက်ပေါ်လာ ပြီးနောက် ရန်ကုန်မြို့နှင့် ရခိုင်ပြည်နယ် စစ်တွေမြို့တို့တွင် OIC ကို ကန့်ကွက် ဆန္ဒ ဖော်ထုတ်မှုများ ဆက်တိုက် ဖြစ်ပေါ်  ခဲ့သော်လည်း မြန်မာနိုင်ငံတွင် OIC ရုံးစိုက်ရန် သဘော တူညီထားခြင်း မရှိကြောင်း ---

သတင်း အပြည့်အစုံ ဖတ်ရန် ဒီနေရာကို နှိပ်ပါ




၁၄ နှစ်အရွယ် ကလေးငယ်ကို ရိုက်နှက် စစ်ဆေးမှု ပဲခူးတွင် ဖြစ်ပွား

Posted: 13 Oct 2012 02:20 AM PDT

ငွေကြေး ခိုးယူသည်ဟု စွပ်စွဲ ခံရသူ အသက် ၁၄ နှစ်အရွယ် မောင်မင်းထက်အောင်ကို ပဲခူးမြို့ အမှတ် (၃) ရဲတပ်ဖွဲ့ စခန်းက ဖမ်းဆီး ၍ ရိုက်နှက် စစ်ဆေး ခဲ့သဖြင့် ပဲခူး ဆေးရုံတွင် တက်ရောက် ကုသနေရခြင်း ကိစ္စနှင့် ပတ်သက်၍ ပဲခူးခရိုင် ရဲတပ်ဖွဲ့ မှူးက စစ်ဆေး အရေးယူသွားမည်ဖြစ် ကြောင်း ---

သတင်း အပြည့်အစုံ ဖတ်ရန် ဒီနေရာကို နှိပ်ပါ




အောက်တိုဘာလ ၁၅ ရက်နေ့ ထုတ် The Voice Weekly Vol.8/No.41

Posted: 13 Oct 2012 02:07 AM PDT

အောက်တိုဘာလ ၁၅ ရက်နေ့ ထုတ် The Voice Weekly Vol.8/No.41

ဂျာနယ် ဖတ်ရှုရန် ဒီနေရာကို နှိပ်ပါ




မြိတ်မြို့တွင် အုပ်စုဖွဲ့ပြီး ဖျက်ဆီးခဲ့သော လူငယ်များအား ဖမ်းဆီးရမိ

Posted: 13 Oct 2012 01:55 AM PDT

မြိတ်မြို့တွင် အောက်တိုဘာလ ၁၀ရက်နေ့ ညပိုင်းက ဖြစ်ပွားခဲ့သော ကားများ ၊နေအိမ်များနှင့် ရုံးအဆောက် အအုံများ၏ မှန်တံခါးများကို ဖျက်ဆီးခဲ့ရာတွင် ပါဝင်ခဲ့သော လူငယ်များအား ရဲတပ်ဖွဲ့မှ ဖမ်းဆီးရမိခဲ့ပြီ ဖြစ်ကြောင်း သိရသည်။ အခင်းဖြစ်ပွားပြီး နှစ်ရက်မြောက်နေ့ အောက်တိုဘာလ၁၂ရက်နေ့ ညပိုင်းတွင် ဖမ်းဆီးရမိ ခဲ့ကြောင်း ပြစ်မှုကျူးလွန် သူများကို လိုက်လံ စစ်ဆေး ဖမ်းဆီးရာမှ----

သတင်းအပြည့်အစုံ ဖတ်ရန် ဒီနေရာကို နှိပ်ပါ


ဖျက်ဆီးခံခဲ့ရသော ကားတစ်စီးအား တွေ့ ရစဉ်  (ဓါတ်ပုံ - Eleven Media Group)


ကာလပေါ် “ငရဲခွေးကြီးတွေ လွတ်နေ”သေး

Posted: 12 Oct 2012 07:45 PM PDT

၁၉၉၂ ခုနှစ် အင်းစိန် အကျဉ်းထောင် အထူး တိုက်ဝင်း အတွင်း အကျဉ်းချ ခံနေရသည့် သတင်းစာဆရာ ဟံသာဝတီ ဦးဝင်းတင်
ဒီရက်ပိုင်းအတွင်း မြန်မာ အင်ဒီပဲန်ဒင့်ဂျာနယ်မှာ ဆန်းဆန်းထူးထူး စာတစ်ပုဒ် ဖတ်လိုက်ရတယ်။

တိုတို ပြောရရင် ဒီလိုဗျာ။

ဂျာနယ်ထဲမှာ ဖတ်လိုက်ရတဲ့ စာက ဂျာနယ်တွေထဲ၊ သတင်းစာတွေထဲမှာ ဖတ်ရလေ့ မရှိတဲ့စာဗျ။ ရေးတဲ့သူက ထင်ရှားတဲ့ နိုင်ငံရေး အကျဉ်းသားဟောင်း "ကျောင်းသားလှုပ်ရှားမှု"ဆိုတဲ့ ဧရာမကျမ်းကြီးကို ပြုစုခဲ့သူ။ သူ့နာမည်က ကိုအောင်ထွန်း။

ကိုအောင်ထွန်းကို စစ်အာဏာရှင် အစိုးရက တစ်ချိန်က ဖမ်းဆီးခဲ့တယ်။ ချုပ်နှောင်ခဲ့တယ်။ ပြီးတော့ ထုံးစံ အတိုင်းပေါ့။ ညှဉ်းပန်းခဲ့တယ်။ နှိပ်စက်ခဲ့တယ်။ အားလုံးပြီးတော့ ဆိုပါစို့ ။ ထုံးစံအတိုင်း သံတိုင်နောက်က ထောင်ငရဲခန်းထဲ သွင်းလိုက်တယ်။ ထုံးစံအတိုင်း ထောင်ထဲမှာ နှစ်ပရိစ္ဆေဒတွေ အကြာကြီး ပိတ်လိုက်တယ်။ ထုံးစံအတိုင်း သူ့ကို လူ့ငရဲခန်းထဲ ပိတ်ထားခိုက် စစ်ထောက်လှမ်းရေး  ယမမင်းတို့ လုပ်ကြံမှုတွေ စိတ်ကြိုက်  လုပ်ကြတယ်။

ဒီလို မတရား ချုပ်နှောင်မှုတွေ၊ ညှဉ်းပန်းမှုတွေ ၊ ငရဲခန်း သွင်းပိတ်မှုတွေ ၊ ထောင်တွင်း လုပ်ကြံမှုတွေ၊ လွတ်ချိန်သင့်လို့ လွတ်ခွင့်ကြုံလာရင်တောင်  အကျဉ်းသားရဲ့လူ့သိက္ခာ၊ နိုင်ငံရေး သိက္ခာ၊ ယုံကြည်ချက် သိက္ခာကို ဖဲ့ခြွေချိုးဖျက်တဲ့ ခံဝန်ချက် အမျိုးမျိုးကို လက်မှတ်ထိုး ခိုင်းတာတွေ၊ အဲဒါတွေ အားလုံးအတွက်  စစ်အာဏာရှင် ပါးကွက်သားတွေ ငါတို့(နိုင်ငံရေး အကျဉ်းသားတွေ)ကို ဝန်ချတောင်းပန်ရမယ်။ ငါတို့ အဖွဲ့အစည်းတွေကို ဝန်ချ တောင်းပန်ရမယ်။ ငါတို့ ဘက်က ရပ်တည်ခဲ့တဲ့ ပြည်သူလူထုတွေကို ဝန်ချ တောင်းပန်ရမယ်တဲ့။

မြန်မာအင်ဒီပဲန်ဒင့် ဂျာနယ်မှာ လွှင့်လိုက်တဲ့ ကိုအောင်ထွန်းရဲ့အသံက ကြေညာချက်ပုံစံနဲ့ ထွက်လာတယ်။ သူ့အသံက စစ်အာဏာရှင်ဟောင်းကြီး ချုပ်နှစ်ချုပ်ကို နာမည်နှင့်တကွ လူကောင်ဆွဲထုတ် စွပ်စွဲတာ ဖြစ်တယ်။ သူ့အသံ က ပြည်သူလူထုကြီး တစ်ရပ်လုံးကို သိကြားစေ သက်သေညွှန်းတဲ့ ပုံစံမျိုးနဲ့ ဖွင့်ချတာ ဖြစ်တယ်။

အဲသလို နိုင်ငံရေး အကျဉ်းသားဟောင်း အကျော်ဇေယျတစ်ဦးရဲ့ အသံကို ကျွန်တော် ထွေထွေထူးထူး ပြောစရာမရှိပါဘူး။

ထပ်ဆင့် သဘောတူတယ်။

ထပ်ဆင့် ထောက်ခံတယ်။

ထပ်ဆင့် ဆန္ဒပေးတယ်။

ဒီလိုပဲ လိုရင်းကိုတိုတိုရှင်းရှင်း ပြောစရာရှိတယ်။ ကျွန်တော် ကိုယ် တိုင်ကလည်း ကိုအောင်ထွန်းလိုပဲ လူ့ငရဲကို ဖြတ်သန်း ခဲ့သူ။ ဒီတော့ နောက်ထပ် ထပ်ဆင့်ပြောစရာတွေ ရှိတယ်။ နည်းနည်းပြောပါရစေ။

အားနာလို့ နည်းနည်း ပြောပါရစေ ခွင့်တောင်းတာ။ ပြောစရာတွေ ကတော့ အများကြီး။ ၁၉၈၉  ဇူလိုင် ၃ ရက်မှာ ကျွန်တော်ထောင်ထဲ ရောက်တယ်။ အဲဒီနှစ် စက်တင်ဘာ ၃ဝ ရက်မှာ ထောင်ဒဏ်အပြစ် ပေးခံရတယ်။ ၃ လလောက် အကြား ကာလမှာ ကျွန်တော်ဟာ အချုပ်သား။ ပြစ်ဒဏ်ကျခံရတဲ့ ထောင်သား မဟုတ်သေးဘူး။ အပြစ် တစ်စုံ တစ်ရာ ရှိတယ်လို့ သတ်မှတ်ခြင်း ခံရတဲ့သူ မဟုတ်သေးဘူး။

ဒါပေမယ့် ကျွန်တော်ညှဉ်းပန်းမှုတွေ ခံရတယ်။ နှိပ်စက်မှုတွေ ခံရတယ်။ အများကြီး ခံရတယ်။ ကြိမ်ဖန်များစွာ ခံရတယ်။ ညမအိပ် နေ့မနား ရက်ပေါင်းများစွာ ခံရတယ်။ ညှဉ်းပန်းသမျှကို ဝမ်းဟင်းလင်းနဲ့ လည်စင်းခံရတယ်။

ဒါက အချုပ်သားဘဝ(အပြစ်မဲ့ ဘဝ)နဲ့ ညှဉ်းပန်းနှိပ်စက်ခံခဲ့ရတာ။

ထောင်သားဘဝ (အပြစ်ကျဘဝ) ရောက်တော့ကော။ မေးနေစရာ မလိုပါဘူး။ ပိုလို့သာ ဆိုးလာတော့တာပေါ့။ စစ်ထောက် လှမ်းရေးက ထောင်ထဲမှာပဲ တပ်စွဲနေတာကိုး။ လာချင်ရင် အနီးလေး ဖြစ်နေတော့တာပေါ့။ အပြင်နိုင်ငံရေးက ချွတ်ချွတ်ပျက်ပျက် ဖြစ်နေတယ်။ ဒီတော့ ထောင်ထဲမှာ ကျွန်တော်တို့ ဖွတ်ဖွတ်ညက်ညက် ကြေနေကြရတော့တာပေါ့။ စစ်ခွေးတိုက် သွင်းခံရလိုခံရ။ ရဲဘက် စခန်း သွင်းခံရလိုခံရ။ စစ်ထောက်လှမ်းရေး က ကျောချင်တိုင်း ကျောတဲ့ စစ်ကြောရေး ရုံး သွင်းခံရလိုခံရ။ ကျန်ကောင်းကျန်ရာ လူ့သိက္ခာ  ဗလာကျင်း အောင် ဖဲ့ခြွေချွတ်ခွာ ခံရလိုခံရ။

ဖဲ့တာ ခြွေတာ ခံရတာတွေထဲမှာ အဆိုးဆုံးက ကျွန်တော့်ပါးစပ်ထဲက မွေးရာပါသွားတွေ ချောင်ခြွေ ချိုးချွတ် ခံရတာပဲ။ စစ်ထောက်လှမ်းရေး လက်ချက်နဲ့ ကျွန်တော့်သွားတွေ အကုန်ကြွေကုန်တယ်။ ၁၉၉၁ ကနေ ၁၉၉၈ အထိ သွား ဝတ်လစ်စားလစ် ပါးစပ်နဲ့ ထောင်ထမင်းကြမ်း ဟပ်နေခဲ့ရတယ်။ ၇ နှစ်အကြာ ၁၉၉၈ ရောက်မှ သွားတုတပ်ခွင့် ပေးတယ်။

ပိုဆိုးတာ နောက်တစ်ခု ရှိသေးတယ်။ ၁၉၉ဝ ဇန်နဝါရီမှာ ကျွန်တော် အူကျရောဂါ ရတယ်။ အိပ်ရာထဲ ဗုန်းဗုန်း လဲတဲ့အဖြစ် ဆိုက်တယ်။ အာဏာပိုင်တွေက ဘာကုသမှုမှ မလုပ်ပေးဘူး။ ပြောမရ ဆိုမရဘဲ။ ၅ နှစ်တိတိ ကြာတယ်။  နောက်ဆုံး အူတွေခေါက် သေမလောက် ဖြစ်မှ ဆေးရုံပို့တယ်။ ရန်ကုန်ဆေးရုံကြီး ခွဲစိတ်ခန်းထဲကို တိုက်ရိုက်ပို့ရတယ်။ ခွဲစိတ်ရတယ်။ လူတော့ မသေဘူး။ မွေးရာပါ တစ်ရှဉ်းတော့ "နတ်သင်း"ဖြစ်ရတယ်။

အဆိုးတကာ့ ထိပ်ခေါင် လူ့ငရဲ မီးလောင်ခံရတဲ့ အဖြစ်က ဒီလို။

၂ဝဝ၅ ဇူလိုင် ၆ ရက် မနက်မှာ ကျွန်တော့်ကို လွှတ်ပေးမယ်လို့ လာပြောတယ်။ ထောင်မှူးက ခေါ်ထုတ်တယ်။ လွှတ်မယ့် အကျဉ်း သား ၁ဝဝ ကျော်နဲ့ ဆုံရတယ်။ လွှတ်ဝရမ်းရေးဖို့ ကျွန်တော်တို့ တစ်တွေကို ကိုယ်မှတ် စစ်တယ်။ ထောင်ကျ တုန်းက မှတ်တမ်းယူ ထားခဲ့တဲ့ ကိုယ်အင်္ဂါ အမှတ်အသားတွေနဲ့ ပြန်ညှိတယ်။ အားလုံးပြီး တော့ လွှတ်ဝရမ်း ပေးတယ်။ ညွှန်မှူးရုံး အစည်းအဝေးခန်းမထဲ သွင်းတယ်။ အကျဉ်းဦးစီးညွှန်ချုပ် ဗိုလ်မှူးကြီး ဇော်မင်းက ဩဝါဒ ပေးတယ်။

နောက်ဆုံးအတန်းမှာ ထိုင်နေ တဲ့ ကျွန်တော့်ကိုညွှန်ချုပ်က နာမည် ခေါ်တယ်။ ရှေ့ဆုံးတန်းကို ဖိတ် တယ်။ ရှေ့ဆုံးရဲ့ ရှေ့ မှာ အပြင်က တရားသူကြီးတွေ၊ ဥပဒေ အရာရှိ ကြီးတွေ၊ ရဲအရာရှိကြီးတွေ၊ ထောင် အရာရှိကြီး တွေ ထိုင်နေတယ်။

ညွှန်ချုပ်က သူ့ဩဝါဒထဲမှာ ကျွန်တော့်နာမည်ကို တကြော်ကြော် ခေါ်-အော်-ဖော်တယ်။

"ဆရာကြီး ဦးဝင်းတင်လည်း ဒီနေ့လွတ်ပြီ။ ကျွန်တော်တို့က ဆရာကြီးစာတွေကို ဖတ်ပြီး ကြီးခဲ့တာ။ ဆရာကြီး ကျန်းမာ ချမ်းသာ လိုရာဆန္ဒ ပြည့်ပါစေ"

ညွှန်ချုပ် ဩဝါဒ ဆုံးတော့ အားလုံး ခန်းမထဲက ထွက်ကြတယ်။ ထောင်ဘူး(တံခါးမကြီးခန်းမ)ထဲကို ဝင်ကြတယ်။ အားလုံးတန်းစီ လွတ်လမ်း ချီကြတယ်။ လွတ်လူတွေထဲမှာ ဒီချုပ်က လူငယ်တာဝန်ခံ(၂) မြင့်ဋ္ဌေးပါတယ်။

လွတ်လူတွေ တော်တော်လေး ထွက်ကုန်တော့ ဒုတိယ ညွှန်ကြားရေးမှူးချုပ်က လာပြောတယ်။ ဆရာကြီးနဲ့ ဒီလူတွေ ဒီလူတွေ ခဏနေကြပါဦး။ ပြည်ထဲရေးဝန်ကြီး ဗိုလ်ချုပ်မောင်ဦး လာတွေ့ချင်တယ် ပြောလို့ပါ။ ဝန်ကြီး စောင့်ရင်း ထမင်းလေး စားပါဦးတဲ့။ကျွန်တော်တို့ လူသိုက်က ၁ဝ ယောက်။ ကျား ၈၊ မ ၂ ။ (ကျား ၈ ထဲမှာ ဒီချုပ်ခေါင်းဆောင် တစ်ယောက်ပါတယ်။ တောင်ငူမြို့က ဦးအောင်စိုးမြင့်။ ၁၉၉ဝ အထွေထွေရွေးကောက်ပွဲမှာ အရွေးခံခဲ့ရသူ။ ၂ဝ၁၂ ကြားဖြတ် ရွေးကောက်ပွဲမှာလည်း အရွေးခံရသူ။ အခု နေပြည်တော်မှာ လွှတ်တော် တက်နေတယ်)။

ထမင်းစားပြီးရုံ ရှိသေး။ ထောက်လှမ်းရေး ၂ ယောက် ကျွန်တော့်ကို လာခေါ်တယ်။ အကျရုံးကို လိုက်သွားရ တယ်။  အကျရုံးမှာ တစ်အောင့်လောက် မကြာဘူး။ ခေါင်းစွပ်စွပ်ပြီး အပြင်ခေါ်ထုတ်ပြန်တယ်။ တစ်နေရာ ရောက်လို့ ခေါင်းစွပ် ချွတ်တော့။ လားလား ကျွန်တော်မနက်က ထွက်လာခဲ့တဲ့ ထောင်ခန်း။

မနက်ထွက်လာတုန်းက ရှိရှိသမျှ ဘုဉ္ဇာဟိလုပ်ခဲ့လို့ အခန်းက ပြောင်တလင်းခါနေတယ်။ စားစရာ နတ္တိ၊ ခြုံစရာ ဝတ်စရာ ဘာမျှမရှိ။  ရေသောက်စရာ ခွက်မှ မကျန်။

မိုးသာ စုန်းစုန်းချုပ် သွားတယ်။ ဘယ်သူဘယ်ဝါမှ ကျွန်တော့်အခန်း ပေါ်မလာ။ ကျွန်တော့်ကို ဘာစကား တစ်ခွန်းမှ လာမပြော။

ဒီလိုနဲ့ နောက်ထပ်ထောင်ထဲ မှာ ၂နှစ်ကျော်အပိတ်ခံခဲ့ရပြန်တယ်။ ၂ဝဝ၈ စက်တင်ဘာ ၂၃ မှကျွန်တော် ထောင်က တကယ်လွတ်တယ်။

ထောင်သမိုင်းမှာ ကျွန်တော့်လို ရာဇဝင် ရိုင်းခဲ့တဲ့သူ မရှိခဲ့ဘူး။ ကျွန်တော် ကြားဖူးနားဝ ရှိသလောက် တစ် ယောက်မှ မရှိခဲ့ဘူး။

လူထုဦးလှလို ပုဂ္ဂိုလ် ထောင်ဒဏ် ပြန်ကျော့ခဲ့ရဖူးတယ်။ လွတ်ရက်ရောက်တော့ သူ့ကိုထောင်ဗူးဝရုံး ပို့တယ်။ လွှတ်ဝရမ်း ပေးတယ်။ နောက်ထပ် ပုဒ်မ ၁ဝ (ဃ) ကပ်တယ်။ ထောင်ထဲပြန်သွင်းတယ်။ ထောင်ပြန်ကျတယ်။

ကျွန်တော် အင်းစိန်ထောင်မှာ ရှိနေတုန်း ကွန်မြူနစ်ဗဟိုက ကိုသက်ခိုင်လည်း ထောင်ကျနေတယ်။ တစ်ရက်မှာ သူ့လွတ်နေ့ စေ့တယ်။ စစ်ထောက်လှမ်းရေးတွေ သူ့အခန်းရှေ့ ရောက်လာကြတယ်။ လွှတ်ဝရမ်း ဖတ်ပြတယ်။ ပြီးတော့ ပုဒ်မ ၁ဝ(ဃ)ကပ်တယ်။ သူလည်း တစ်ကျော့ပြန် ထောင်ကျတယ်။

ဒီကိစ္စတွေ ကျွန်တော် သိသားပဲ။ ကြားဖူးသားပဲ။ ဒါပေမယ့် ကျွန်တော့်အဖြစ်နဲ့ မတူကြဘူး။ ကျွန်တော်က လွတ်ပြီးသားလူ။ လွတ်တာမှ ကွင်းလုံးကျွတ် လွတ်ပြီးသားလူ။ ထောင်လုပ်ငန်း သဘောအရ အားလုံး၊ အကုန်လုံး၊ အူတွင်းချေးခါး မကျန် စစ်ပြီးဆေးပြီး မေးပြီး မြန်းပြီး ရာခိုင်နှုန်းပြည့် လွတ်ပြီးသားလူ။ နောက်ထပ် ဘာပုဒ်မမှ မကပ်။ နောက်ထပ် ဘာတရားမှ မစွဲ။ နောက်ထပ် ဘယ်ရုံးမှ မတင်။

ကျွန်တော့်ကို နောက်ထပ် ၂ နှစ်ကျော် ထောင်ထဲသွင်း ပိတ်ထားခဲ့တာဟာ ဘာသဘောလဲ။ ဘာအဓိပ္ပာယ်လဲ။ ဘယ်လို ဖြေရှင်းမလဲ။ ဘယ်လို ခုခံချေပမလဲ။

ဗြောင် မတရားချုပ်နှောင်တာ။ အရပ်စကားနဲ့ ပြောရရင် "ဘလိုင်း" မတရား ချုပ်နှောင်တာ။ ဥပဒေမဲ့ မတရား ချုပ်နှောင်တာ။ စစ်အာဏာရှင်တွေ မတရားလုပ်တာ။ စစ်အစိုးရက နိုင်ငံသားတစ်ဦး အပေါ် တရားမဲ့ပြုတာ။

ကိုင်း… ဥပဒေ ပညာရှင်တွေ ကျွန်တော့်အမှုကို ဘယ်လို အဆုံးအဖြတ် ပေးကြမလဲ။ စစ်အာဏာရှင် တွေကို ဘယ်လို ခုခံကာကွယ်ကြ မလဲ။ ကျွန်တော့်ကို ဘယ်လို စောင့်ရှောက် ကြမလဲ။

တရားဥပဒေ စိုးမိုးရေး မရှိခဲ့လို့ ဒီလိုဖြစ်ခဲ့တာလို့ ပြောကြမှာလား။ စစ်အာဏာရှင် ခေတ်က တရား ဥပဒေမဲ့ခဲ့လို့ ဒီလိုဖြစ်တာလို့ ပြောကြမှာလား။

ဒီလို စစ်အာဏာရှင်တွေ၊ စစ်အာဏာရှင် အစိုးရတွေ၊ စစ်အာဏာရှင် ပါးကွက်သားတွေ၊ စစ်အာဏာရှင် လက်ပါးစေတွေ၊ စစ်အာဏာရှင် လက်ကိုင်တုတ်တွေ၊ စစ်အာဏာရှင် ကပ်ပါးတွေ၊ မတရား လုပ်ခဲ့ကြတာတွေ တရားမဲ့ ကျူးလွန်ခဲ့ကြတာတွေ၊ အားလုံးကို သင်ပုန်းချေ ပစ်လိုက်ရမှာလား။

သူတို့အားလုံးကို ဝန်ချ တောင်းပန် ခိုင်းကြမှာလား။

သူတို့အားလုံးကို ပြည်သူ့ခုံရုံးတင်၊ စစ်ဆေး အပြစ်ပေး ကြမှာလား။

သူတို့အားလုံးကို နိုင်ငံတကာ ခုံရုံးတင် စစ်ဆေး အပြစ်ပေး ကြမှာလား။

နိုင်ငံရေးအကျဉ်းသားတွေ အားလုံးအတွက် သူတို့အားလုံးဆီက နစ်နာကြေး၊ လျော်ကြေး၊ တောင်းပန်ကြေး၊ ကန်တော့ကြေး တောင်းကြမှာလား။ စစ်အာဏာရှင်တွေကို နိုင်ငံရေး အမွေဆက်ခံတဲ့ စစ်တစ်ပိုင်း အစိုးရ တစ်ခုလုံးကို သမဝါယမ အစိုးရအဖွဲ့ လုပ်ခိုင်းကြမှာလား။

လုပ်ချင်တာ လုပ်။ လုပ်သင့်တာ လုပ်။ လုပ်ဖို့လိုတာ လုပ်ကြပါ။ ကောင်းတာချည်းပါပဲ။ ကျွန်တော် ထောက်ခံ ပါတယ်။

အရေးတော်ပုံ  တပ်သား တစ်ယောက်အနေနဲ့ သဘောထား ပြောပါလို့ မေးမလား။ နိုင်ငံရေး အကျဉ်းသား ဟောင်းတိုင်းက ဒီလို ပြောကြလိမ့်မယ် ထင်တယ်။

စစ်အာဏာရှင်တွေ တစ်မြုံလုံးကို

ကမ္ဘာမကျေဘူးဟေ့။

ဗမာမကျေဘူးဟေ့။

ငါမကျေဘူးဟေ့။

ကျွန်တော်တစ်ယောက်ထဲရဲ့ ထပ်ဆင့်သဘောထား ဘယ်လို လဲလို့ ထပ်ဆင့်မေးမလား။ ဒီလို ဖြေမိမယ် ထင်တယ်။

စစ်အာဏာရှင်တွေဟာ သမိုင်းကြွေး ဆပ်ကြရမယ့် တာဝန်တွေကလည်း ကင်းလွတ်ခွင့် ရနေကြတယ်။ တရားဥပဒေ ကြွေးဆပ်ကြရမယ့် တာဝန်တွေကလည်း ကင်းလွတ်ခွင့် ရနေကြတယ်။ ကွယ်လွန်သူ စာရေး ဆရာကြီး သတင်းစာ ဆရာကြီး အိုးဝေဦးညိုမြ စကားလုံးအတိုင်း "ငရဲခွေးကြီးလွတ်နေဆဲ" (Hell Hound at Large) လို့ ပြောရမှာပေါ့။ နောက်တစ်မျိုး ပြောရမယ်ဆိုရင် ဒီလို ပြောပြချင်တယ်။

"ကာလပေါ် ငရဲခွေးကြီးတွေ လွတ်နေသေး"။

ဟံသာဝတီ ဦးဝင်းတင်

Myanmar Independence Journal


စစ်တွေ အုပ်စုချင်း တင်းမာမှု ပစ်ခတ်လူစုခွဲ

Posted: 12 Oct 2012 07:31 PM PDT

ရခိုင်ပြည်နယ် စစ်တွေမြို့မှာ ရခိုင် အမျိုးသားတွေနဲ့ ဘင်္ဂလီ အစ္စလာမ် ဘာသာဝင် တွေကြား အောက်တို ဘာလ ၁၂ရက်နေ့ည ၇နာရီ အချိန်လောက်က စပြီးတော့ တင်းမာမှုတွေ ဖြစ်ခဲ့ပါတယ်။ တဖြေးဖြေးနဲ့ လူအုပ်ဟာ ထောင်နဲ့ချီလာ တာကြောင့် ရဲတပ်ဖွဲ့ဝင်တွေက မျက်ရည်ယိုဗုံးနဲ့ ပစ်ခတ်တာ သေနတ်တွေ မိုးပေါ်ထောင် ဖောက်တာတွေ အထိဖြစ်ပွား ခဲ့ရပါတယ်။ ----

သတင်း အပြည့်အစုံ ဖတ်ရန် ဒီနေရာကို နှိပ်ပါ

ရခိုင်ပြည်နယ် စစ်တွေမြို့တွင် ရဲတပ်ဖွဲ့ဝင်များ လုံခြုံရေး ယူထားစဉ် (ဇွန် ၁၅၊ ၂၀၁၂)


စစ်တွေမှာ ရုန်းရင်း ဆန်ခတ်မူ ထပ်ဖြစ်

Posted: 12 Oct 2012 07:17 PM PDT

စစ်တွေမှာ အခြေအနေ တည်ငြိမ်လာတဲ့ အတွက် ညမထွက်ရ အမိန့်ကို ညနေ ၇ နာရီကနေ နံနက် ၅ နာရီ သတ်မှတ်ထားရာကနေ ညနေ ၁၀ နာရီကနေ နံက်နက် ၄ နာရီထိ အောက်တိုဘာလ ၁၁ ရက်နေ့က အချိန် လျော့ချပြီး နောက်တစ်နေ့မှာဘဲ အောင်မင်္ဂလာ ရပ်ကွက်မှာ ရုန်းရင်း ဆန်ခတ်မူ တစ်ခု ဖြစ်ပွားခဲ့ပါတယ်။---

သတင်း အပြည့်အစုံ ဖတ်ရန် ဒီနေရာကို နှိပ်ပါ

စစ်တွေမှာ အရင် ဆူပူမှု ဖြစ်ခဲ့တုန်းက ပုံ



နိုဘဲလ်ဆုနဲ့ မြန်မာ လွဲချက်နာ

Posted: 12 Oct 2012 07:05 PM PDT

နိုဘဲလ်ဆု ရမယ်လို့ ကြိုတင် ခန့်မှန်း ခံထားရ ပြီးနောက်၊ အခဲကြီး ခဲထားပြီး အလွဲကြီး လွဲကြရသူတွေ ထဲမှာ မြန်မာ သမ္မတ ဦးသိန်းစိန်လည်း တယောက် အပါအဝင် ဖြစ်ပါတယ်။ နိုဘဲလ် ငြိမ်းချမ်းရေး ဆုနဲ့ ပတ်သက်ပြီး ခန့်မှန်းရာမှာ တော်တော်နီး စပ်အောင် ခန့်မှန်းနိုင် တတ်သူလို့ အသိအမှတ်ပြုခြင်း ခံရတဲ့---

သတင်း အပြည့်အစုံ ဖတ်ရန် ဒီနေရာကို နှိပ်ပါ


ငြိမ်းချမ်းရေး ဖြစ်စဉ်ထဲက နှစ်ဦး အနက် သမ္မတ တဦး ကိုပဲ နိုဘဲလ်ဆု ပေးဖို့ ဆိုတာ အခက်အခဲ ဖြစ်နိုင်

ဂျင်းရှပ်ရဲ့ သီအိုရီဟာ မြန်မာ့ နိုင်ငံရေး လှုပ်ရှား သူတွေ အကြားမှာ အတော် သြဇာ ရှိခဲ့ ဖူးပါတယ်

သံဃာ့ တပ်ပေါင်းစု အဖွဲ့ကြီးနဲ့ လူထွက်သွားတဲ့ အသျှင် ဂမ္ဘီရလည်း တစ်ပေးခံရတဲ့ အထဲမှာ ပါပါတယ်



အီဂျစ်မှာ သမ္မတ ထောက်ခံသူနဲ့ ကန့်ကွက်သူ တိုက်ခိုက်ပစ်ခတ်

Posted: 12 Oct 2012 06:48 PM PDT

အီဂျစ်နိုင်ငံ ကိုင်ရိုမြို့မှာ အလယ်အလတ် အစ္စလာမ် ဝါဒီ သမ္မတ မိုဟာမက် မော်စီကို ထောက်ခံသူတွေနဲ့ ကန့်ကွက်သူတွေကြား ရုန်းရင်းဆန်ခတ် ဖြစ်ခဲ့တာကြောင့် လူ ၈ဝ ကျော် ဒဏ်ရာရခဲ့ပါတယ်။ ပြီးခဲ့တဲ့ ဇွန်လကတည်းက အာဏာရခဲ့တဲ့ သမ္မတ မော်စီ လက်ထက်မှာ ဒါဟာ အဆိုးရွားဆုံး အကြမ်းဖက်မှု ဖြစ်ပါတယ်။----

သတင်း အပြည့်အစုံဖတ်ရန် ဒီနေရာကို နှိပ်ပါ

ဆူပူ ဆန္ဒပြမှုတွေ ထပ်ဖြစ်


မာလီကို ပြည်ပတပ်တွေ စေလွှတ်ဖို့ လုံခြုံရေးကောင်စီ ဆုံးဖြတ်

Posted: 12 Oct 2012 06:32 PM PDT

မာလီ အရေးနဲ့ ပတ်သက်လို့ ကုလသမဂ္ဂ လုံခြုံရေး ကောင်စီက ဆုံးဖြတ်ချက်တရပ် ချမှတ်လိုက်တဲ့ အတွက် ပြည်ပတပ်တွေ မာလီကို စေလွှတ်ကူညီပေးဖို့ နီးစပ်လာပါပြီ။ မာလီမှာ ပြီးခဲ့တဲ့ မတ်လတုန်းက အာဏာသိမ်းမှု ဖြစ်ခဲ့ပြီးတဲ့နောက်ပိုင်း နိုင်ငံမြောက်ဖက်မှာ အစ္စလာမ် ဝါဒီ သူပုန်တွေ ---

သတင်းအပြည့်အစုံ ဖတ်ရန် ဒီနေရာကို နှိပ်ပါ

မာလီက အစ္စလာမ် ဝါဒီ သူပုန်တပ်တွေ


မြိတ်မြို့တွင် ဆိုင်ကယ်များဖြင့် အုပ်စုဖွဲ့ကာ ကားများ၊ နေအိမ်များ၏ မှန်များကို ဖျက်ဆီးခဲ့သူများအား စုံစမ်းစစ်ဆေးလျက်ရှိကြောင်းသိရ

Posted: 12 Oct 2012 09:32 AM PDT

မြိတ်မြို့တွင် ဆိုင်ကယ်များဖြင့် အုပ်စုဖွဲ့ကာ ရပ်နားထားသော ကားများနှင့် နေအိမ်များ၏ မှန်တံခါးများကို ဖျက်ဆီး ခဲ့သူများကို ဖမ်းဆီးရမိရန် စုံစမ်းစစ်ဆေး လျက်ရှိကြောင်း သိရသည်။ အောက်တိုဘာလ ၁၀ ရက်နေ့ ညပိုင်းတွင် ဖြစ်ပွားခဲ့သော အဆိုပါ ဖြစ်ရပ်ကြောင့် မြို့ပေါ်ရှိ ရပ်ကွက် အတော်များများတွင် ရပ်နားထားသော ကားများ၏ မှန်တံခါးများမှာ ဖျက်ဆီးခံခဲ့ရ ကြောင်းသိရသည်။ ---

သတင်းအပြည့်အစုံ ဖတ်ရန် ဒီနေရာကို နှိပ်ပါ

 (ဓါတ်ပုံ - Eleven Media Group)



အောက်တိုဘာ ၁၂ ရက်နေ့ထုတ် Premier Eleven Sports Journal အတွဲ ၁၀ အမှတ် ၇

Posted: 12 Oct 2012 09:21 AM PDT

အောက်တိုဘာ ၁၂ ရက်နေ့ထုတ် Premier Eleven Sports Journal အတွဲ ၁၀ အမှတ် ၇

ဂျာနယ်ဖတ်ရှုရန် ဒီနေရာကို နှိပ်ပါ



ဝိုင်ဝန်းရိုက်နှက်ကာ ယာဉ်အားခိုးယူသွားသူများကို ဖမ်းဆီးစစ်ဆေးလျှက်ရှိ

Posted: 12 Oct 2012 09:17 AM PDT

အငှားယာဉ် မောင်းတစ်ဦးကို တည်ခိုခန်း အတွင်း ခေါ်ယူပြီး ၀ိုင်းဝန်း ရိုက်နှက်ကာ ယာဉ်အား ခိုးယူ သွားသူများအား ဖမ်းဆီး စစ်ဆေး လျှက်ရှိကြောင်း သတင်းရရှိသည်။ အောက်တိုဘာလ ၈ ရက်နေ့ နံနက် ၂ နာရီ ၄၀ အချိန် ၀န်းကျင်တွင် အသက်၂၅ နှစ်အရွယ်ရှိ လှိုင်မြို့နယ်တွင် နေထိုင်သည့် ယာဉ်မောင်း တစ်ဦးကို ၄င်း၏ယာဉ် အားငှား စီးလေ့ရှိသည့် အမျိုးသမီးတစ်ဦးက ---

သတင်းအပြည့်အစုံ ဖတ်ရန် ဒီနေရာကို နှိပ်ပါ



စကားပြန်နှင့် ၄င်း၏ မိတ်ဆွေဖြစ်သူက တရုတ် နိုင်ငံသားကို သတ်ပြီး ဘဏ်စာအုပ်ကိုခိုးယူ

Posted: 12 Oct 2012 09:04 AM PDT

စကားပြန်နှင့် ၄င်း၏ မိတ်ဆွေဖြစ်သူက တရုတ်နိုင်ငံသား မစ္စတာ လောင်ရှဲမေစိမ်း အသက်၅၀နှစ် နေထိုင်သည့် အခန်းအတွင်း ၀င်ရောက်ပြီး သတ်ကာ ဘဏ်စာအုပ် ခိုးယူခဲ့သည့် ဖြစ်စဉ်တစ်ခု ဖြစ်ပွားခဲ့ကြောင်း သတင်းရရှိသည်။ ဖြစ်စဉ်ကို အောက်တိုဘာလ ၁၀ရက်နေ့နံနက် ၁ နာရီအချိန်တွင် တရုတ်နိုင်ငံသား နေထိုင်သည့် န၀ဒေးဥယျာဉ် အိမ်ရာ ----

သတင်းအပြည့်အစုံ ဖတ်ရန် ဒီနေရာကို နှိပ်ပါ

ပြစ်မှု ကျူးလွန်သူ နှစ်ဦးကို သက်သေခံ ပစ္စည်းများနှင့် အတူတွေ့ရစဉ်။ (ဓါတ်ပုံ- Eleven Media Group)


ရန်ကုန်တိုင်းဒေသကြီးအတွင်း လစဉ်ခိုးမှု ကျူးလွန်သူများကိုဖမ်းမမိသေး

Posted: 12 Oct 2012 08:55 AM PDT

ရန်ကုန်တိုင်း ဒေသကြီး အတွင်း တစ်လလျှင် ခိုးမှုဖြစ်စဉ် အရေအတွက် ၄၀ နီးပါး ဖြစ်ပွားနေ ကြောင်း ရန်ကုန်တိုင်း ဒေသကြီး ရဲတပ်ဖွဲ့မှူးရုံးမှ တာဝန်ရှိသူမှ ပြောကြားခဲ့သည်။ လစဉ် ရန်ကုန်တိုင်း ဒေသကြီးအတွင်း ဖြစ်ပွားခဲ့သော ခိုးမှုဖြစ်စဉ် များအနက် ထက်ဝက်ကျော် ဖြစ်စဉ်များ၏ ကျူးလွန်ခဲ့ သူများကို ဖမ်းမိရန် စုံစမ်း စစ်ဆေးနေရဆဲ ဖြစ်ကြောင်း သိရှိရသည်။ ----

သတင်းအပြည့်အစုံ ဖတ်ရန် ဒီနေရာကို နှိပ်ပါ