မြန်မာ့သတင်းများစုစည်းရာ

မြန်မာ့သတင်းများစုစည်းရာ


ကျွန်းတိုင် မြင်တိုင်း ငွေတောင်းတဲ့ သစ်တောအုပ်

Posted: 13 Oct 2012 09:00 AM PDT

ပဲခူးတိုင်းဒေသကြီး၊ မင်းလှမြို့နယ်၊ သစ်တောဦးစီးဌာနမှ တောအုပ်ရာထူးရှိသူ ဦးမောင်မောင်မြင့် ဆိုသူသည် နောက်လိုက် အဖွဲ့သားများနှင့် ၄င်းမြို့နယ်ရှိ ရွာများဖြစ်ကြသော ပေပင်တန်းရွာ၊ ဗျက်ကြီး (ချောင်းနား)ရွာ၊ ရှားတေားကွင်းရွာ၊ ပျဉ်ထောင်ကွင်းရွာ၊ တူးမြောင်းရွာ အစရှိသော ရွာပေါင်း မြောက်မြား စွာသို့ လှည့်လည်၍ ၄င်းရွာများထဲ၌ တည်ဆောက်ထားသော အိမ်များ၊ နွားတင်းကုတ်များ၊ စပါးကျီများ၊ ဆန်စက် အသေးစားများမှ ကာလကြာ

ရမည်းသင်းမြို့တွင် မွတ်စလင်များနှင့် ဘုန်းကြီးများ အဓိကရုန်းဖြစ်ပွါး

Posted: 13 Oct 2012 08:56 AM PDT

ယနေ့ 13.10.2012 ည 7 နာရီခန့် အချိန်တွင် ရမည်းသင်းမြို့ ပျဉ်တပ်ရပ်ကွက် နှင့် ဗမာ မွတ်စလင်ရပ်ကွက် ( ခ ) ( ဗ.မ.က )ရပ်ကွက် မှ မွတ်စလင်များက ပျဉ်တပ်ရပ်ကွက်ရှိ ( ရတနာ စာလွတ်ကျောင်း )မှ ဘုန်းကြီးအား ကျောင်းဝန်းအတွင်း ၀င်ရောက်ကာ ခဲများဖြင့် ပေါက်၊ ရိုက်နှက်သဖြင့် ဘုန်းကြီးဒဏ်ရာ ရရှိသွားပြီးနောက် အနီးရှိ( ရန်အောင်မင်း စာသင်တိုက် )နှင့် မြို့ပေါ်ရှိ ဘုန်းကြီးကျောင်းများမှ ဘုန်းကြီးများ ရောက်ရှိလာကာ ---

မြန်မာ့ရုပ်ရှင်နေ့ ဂုဏ်ပြုအခမ်းအနားတွင် လူမှုရေး၊ ရုပ်ရှင်လောကအရေးများ ဆောင်ရွက်ခဲ့သူများကို ဆုများချီးမြှင့်ပေးအပ်

Posted: 13 Oct 2012 08:04 AM PDT

မြန်မာ့ရုပ်ရှင်နေ့ အထိမ်းအမှတ်ဂုဏ်ပြုအခမ်းအနားကို အောက်တိုဘာလ ၁၃ ရက်နေ့ညနေ ၆နာရီတွင် ရန်ကုန်မြို့ဆီဒိုးနားဟိုတယ်၌ပြုလုပ်ခဲ့ရာ ပြန်ကြားရေးဝန်ကြီးဌာနမှ တာဝန်ရှိသူများ၊ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်များ၊ နိုင်ငံရေး နှင့် စီးပွားရေးနယ်ပယ်မှ ဖိတ်ကြားထားသည့်ဧည့်သည်တော်များ၊ ရုပ်ရှင်လောကသားများ စုံလင်စွာတက်ရောက်ခဲ့ကြသည်။ အဆိုပါအခမ်းအနားတွင် ပထမဦးစွာ မြန်မာ့ဒီမိုကရေစီခေါင်းဆောင်ဒေါ်အောင်ဆန်းစုကြည်မှ ရုပ်

တက္ကသိုလ်ဆရာ/ဆရာမများအသင်း၏ အိတ်ဖွင့်ပေးစာ

Posted: 13 Oct 2012 07:53 AM PDT

 အဝေးသင် တက္ကသိုလ် နှင့် ပတ်သတ်ပြီး ပွင့်လင်းမြင်သာမှု မရှိခြင်း ၊ အားနည်းခြင်းများကြောင့် တက္ကသိုလ် အသီးသီးတွင် အကျင့်ပျက် ခြစားမှုများ ဖြစ်ပေါ်လျက်ရှိပြီး ၊ ဆရာ ၊ ဆရာမများ၏ လုပ်အားကို ခေါင်းပုံ ဖြတ်နေသည့် သဘောများ သက်ရောက် နေပါသည်။ အထက်ဖော်ပြပါ အခြေအနေ အရပ်ရပ်ကို အချိန်မီ ပြုပြင်ပြောင်းလဲမှုများ မပြုလုပ်ပါက ---- ပေးစာ အပြည့်အစုံ ဖတ်ရန် ဒီနေရာကို နှိပ်ပါ သစ်ထူးလွင်

ဈေးကွက်ကို ချိန်ဆပြီး ဖွင့်စေချင်ပါတယ်

Posted: 13 Oct 2012 07:39 AM PDT

အမေရိကန်နှင့် အနောက်နိုင်ငံများ၏ စီးပွားရေး ပိတ်ဆို့မှု ဆယ်စုနှစ် နှစ်ခုကြာပြီးနောက် စစ်အစိုးရလက်အောက်တွင် မြန်မာ့စီးပွားရေးသည် လက်သင့်ရာ လုပ်ပိုင်ခွင့်ပေးမှုများ၊ လူနည်းစုကို လက်ဝါးကြီးအုပ်ခွင့်ပေးသော ခရိုနီးစီးပွားရေး၊ မိုနိုပိုလီ စီးပွားရေးစနစ်များ ဖြစ်ပေါ်ခဲ့သည်။ လွယ်ဟိန်းကုမ္ပဏီပိုင်ရှင် ဒေါက်တာ စိုင်းဆမ်ထွန်း (ဓာတ်ပုံ – Loi Hein / Facebook) သမ္မတ ဦးသိန်းစိန် အစိုးရ တက်လာပြီးနောက် ပြုပြင်ြေ

ပန်းဝါ အကြမ်းဖက်မှု (သို့) ကျွဲနှစ်ကောင် ခတ်တဲ့ကြားက မြေဇာပင်လား

Posted: 13 Oct 2012 05:22 AM PDT

ဘင်္ဂလာဒေ့ရှ်နိုင်ငံ စစ်တကောင်းခရိုင်၊ ကောက်စ်ဘဇားမြို့ရဲ့ အရှေ့တောင်ဘက် ကီလိုမီတာ ၂၀ လောက်မှာရှိတဲ့ ရာမူး (ခေါ်) ပန်းဝါမြို့လေးဟာ မြန်မာစစ်သူကြီး မဟာ ဗန္ဓုလ စစ်ချီရင်း စစ်စခန်းချတဲ့ နေရာလေး တခုအဖြစ် မြန်မာသမိုင်းထဲမှာလည်း ထင်းရှားခဲ့ပါတယ်။ ပန်းဝါကနေ ရာမူးအဖြစ် ဘင်္ဂလားဒေ့ရှ်အစိုးရ ပြောင်းလဲ ခေါ်ဝေါ်ခဲ့ပါတယ်။ ဟိုးအရင်က ရခိုင်တွေ တော်တော်များများ အခြေစိုက်ခဲ့ကြပြီး နောက်ပိုင်းမှာ ဘူဒဝါ (ခေါ်) မရမြာ

ဒေါ်အောင်ဆန်းစုကြည်၏မဲဆန္ဒနယ် ကော့မှူး တစ်နှစ်အတွင်းမြေဈေး အဆ ၃၀တက်

Posted: 13 Oct 2012 05:14 AM PDT

ရန်ကုန်၊ အောက်တိုဘာ ၁၃။ အတိုက်အခံခေါင်းဆောင်ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်အနိုင်ရရှိခဲ့ရာကော့မှူးမြို့နယ်အတွင်း မြေ ဈေးမှာ တနှစ်အတွင်း အဆ ၃၀ နီးပါး မြင့်တက်ခဲ့ကြောင်း ဒေသခံများ၏ အဆိုအရ သိရသည်။ ဖွံ့ဖြိုးရေးလုပ်ငန်းများလာရောက်လာမည့် အနေအထားနှင့် ဒေါ်အောင်ဆန်းစုကြည်ကို ချစ်ခင်လေးစားသော စိတ်ကြောင့် အိမ်းခြံမြေဝယ်ယူမှု များပြားလာခြင်းဖြစ်ကြောင်း ကော့မှူးမြို့ အိမ်ခြံမြေအကျိုးဆောင် တစ်ဦးဖြစ်သူ ဦးကျေ

ဗုံးဖောက်ခွဲမည့် အစီအစဉ် သတင်းကြောင့် ဗုဒ္ဓဂါယာ လုံခြုံရေး အနည်းငယ်တိုး

Posted: 13 Oct 2012 04:29 AM PDT

အိန္ဒိယအခြေစိုက် မူဂျာဟစ်ဒင်များ၏ ဗုံးဖောက်ခွဲရန် အစီအစဉ်များထဲတွင် ဘီဟားပြည်နယ်ရှိ ဗုဒ္ဓဂါယာ စေတီတော်ကြီးလည်း ပါဝင်နေသည်ဆိုသည့် သတင်းများ ထွက်ပေါ်လာပြီးနောက် လုံခြုံရေး အနည်းငယ် တိုးမြှင့် လုပ်ဆောင်နေကြောင်း သိရှိရသည်။ ပူနေးမြို့ကြီးတွင် သြဂုတ်လ ၁ ရက်နေ့က ပဒေသာဗုံး ပေါက်ကွဲမှုနှင့် ပတ်သက်၍ မကြာမီကမှ ဖမ်းဆီးရမိထားသော မူဂျာဟစ်ဒင် အကြမ်းဖက်သမား သုံးဦးအား ---- သစ်ထူးလွင်

 အသက် ရှစ်နှစ်အရွယ် မိန်းကလေးတစ်ဦးအား အဓ္ဓမပြုကျင့်ခဲ့သူကို စစ်ဆေးလျက်ရှိ

Posted: 13 Oct 2012 04:15 AM PDT

အသက် ရှစ်နှစ်အရွယ် မိန်းကလေး တစ်ဦးအား အဓမ္မပြုကျင့်ခဲ့သူကို ဖမ်း ဆီးစစ်ဆေးလျက်ရှိကြောင်း သတင်းရရှိသည်။ အောက်တိုဘာလ ၁၁ ရက်နေတွင် အဓမ္မပြုကျင့်ခံရသည့် အသက် ရှစ်နှစ်အရွယ် မိန်းကလေး၏ မိခင်ဖြစ်သူမှာ အထည်ချုပ်စက်ရုံတစ်ခုတွင် အလုပ်ဆင်းနေသည့်အတွက် ဗိုလ်ချုပ်ကျေးရွာ သန်လျင်မြို့နယ်ရှိ နေအိမ်၌ သမီးဖြစ်သူကို တစ်ဦးတည်းထားခဲ့ကြောင်း သိရသည်။ ယင်းကဲ့သို့ ကျောက်တန်းမြို့နယ်ရှိ အထည်ချုပ်စက်ရုံတွင် အလုပ်လုပ်နေစဉ်

“နည်းနည်းတော့ ကြမ်းသွားတယ်”

Posted: 13 Oct 2012 03:52 AM PDT

ညိမ်းပြည့်စုံ ~ ရန်ကုန်မြို့တော် စည်ပင်သာယာရေး ကော်မတီကို လုပ်ပိုင်ခွင့် အကြောင်းပြ၍ လယ်သမားများအပေါ် မိုက်ကြေးမခွဲရန် ပြောဆိုခဲ့သည့် ပြည်ထောင်စု လွှတ်တော်ကိုယ်စားလှယ် ဦးအောင်ဇင်က ၎င်း၏ စကားအသုံးအနှုန်း ပြင်းထန်သွားကြောင်း ဧရာဝတီသို့ ပြောသည်။ ဒဂုံအရှေ့ပိုင်းရှိ ငါးပိ၊ ငါးခြောက်၊ ငံပြာရည် အနံ့ဇုန် စီမံကိန်းအတွက် နိုင်ငံတော်အစိုးရက ပေးထားသည့် စည်ပင်ပိုင်မြေတွင် လယ်သမားများ လာရောက် နေထိုင်ခြင်ြးေ

KNU ခေါင်းဆောင်တဦး ရန်ကုန်မှာ ကွယ်လွန်

Posted: 13 Oct 2012 01:26 AM PDT

ရန်ကုန်မြို့မှာ ရောက်ရှိနေတဲ့ KNU ခေါင်းဆောင်တဦးဖြစ်သူ ပဒိုဒေးဗစ်ထော ဒီနေ့ မွန်းလွဲပိုင်း မင်္ဂလာဒုံစစ်ဆေးရုံကြီးမှာ ကွယ်လွန်သွားတယ်လို့ သိရပါတယ်။ ကွယ်လွန်ချိန်မှာ အသက် ၇၀ ၀န်းကျင် ရှိပါပြီ။ ပဒိုဒေးဗစ်ထောဟာ KNU ဗဟိုတရားရေးဌာန တာဝန်ခံအဖြစ် တာဝန်ယူခဲ့ပါတယ်။ သူနဲ့ တခြား ခေါင်းဆောင် နှစ်ဦးကို ရာထူးက ရပ်စဲကြောင်း KNU ရဲ့ ကြေညာချက် မကြာသေးခင်က ပေါ်ထွက်လာပါသေးတယ်။ ဘားအံမြို့ဆက်ဆံရေးရုံး ဖွင့်လှစ်ရေးန

ရခိုင်ရဟန်းတော် သီရိလင်္ကာနိုင်ငံတွင် ပါရဂူဘွဲ့ ရရှိ

Posted: 13 Oct 2012 01:24 AM PDT

ရခိုင်ပြည်နယ် ရသေ့တောင်မြို့မှ ရဟန်းတော် တပါးဖြစ်သော အသျှင် ဉာဏုတ္တရသည် သီရိလင်္ကာနိုင်ငံ ကိုလံဘိုမြို ကေလဏိယတက္ကသိုလ်မှ ပါရဂူဘွဲ့ ကို ရရှိခဲ့သည်ဟု သတင်း  ရရှိသည်။ အဆိုပါ ပါရဂူဘွဲ့အား ၂၀၁၂-ခုနှစ် အောက်တိုဘာလ (၁၀) ရက်နေ့ က ရရှိခဲ့သည်။ အသျှင်ဉာဏုတ္တရသည် ၂၀၀၆-ခုနှစ်မှ စတင်ပြီး သီရိလင်္ကာနိုင်ငံသို့ သွားရောက်ကာ ဗုဒ္ဓစာပေများကို လေ့လာသင်ယူခဲ့  ရာ သီရိလင်္ကာနိုင်ငံ၊ ကေလဏိယတက္ကသိုလ် (University of KELANIYA)၏ ဘ

မြိတ်မြို့တွင် အုပ်စုဖွဲ့ပြီး ကားများ၊နေအိမ်များနှင့် ရုံးအဆောက်အအုံများ၏ မှန်တံခါးများကို ဖျက်ဆီးခဲ့သောလူငယ်များအား ဖမ်းဆီးရမိ

Posted: 13 Oct 2012 01:04 AM PDT

မြိတ်မြို့တွင် အောက်တိုဘာလ၁၀ရက်နေ့ညပိုင်းက ဖြစ်ပွားခဲ့သောကားများ၊နေအိမ်များနှင့် ရုံးအဆောက်အအုံများ၏ မှန်တံခါးများကို ဖျက်ဆီးခဲ့ရာတွင်ပါဝင်ခဲ့သော လူငယ်များအားရဲတပ်ဖွဲ့မှ ဖမ်းဆီးရမိခဲ့ပြီဖြစ်ကြောင်း သိရသည်။ အခင်းဖြစ်ပွားပြီး နှစ်ရက်မြောက်နေ့ အောက်တိုဘာလ၁၂ရက်နေ့ ညပိုင်းတွင်ဖမ်းဆီးရမိခဲ့ကြောင်း ပြစ်မှုကျူးလွန်သူများကို လိုက်လံစစ်ဆေးဖမ်းဆီးရာမှ အောက်တိုဘာလ၁၂ရက်နေ့ ည၁၁ နာရီတွင် အားလုံးဖမ်းဆီးရမိ ခဲ့ေ

ယနေ့  ၁၃ ရက်နံနက်ပိုင်းက ရွှေဂုံတိုင်မီးပွိုင့်အနီးတွင် အုတ်သယ်ယာဉ်တစ်စီးဘရိတ်ပေါက်ကာ တိုက်မိမှုဖြစ်ပွား

Posted: 12 Oct 2012 11:41 PM PDT

အောက်တိုဘာ ၁၃ ရက်နေ့ နံနက် ၉ နာရီ ၄၀ မိနစ်ခန့်တွင် ကမ္ဘာအေးဘုရား လမ်း (ရွှေဂုံတိုင်မီး ပွိုင့်အနီး)၌ အုတ်သယ် ယာဉ်တစ်စီး ဘရိတ်ပေါက်အရှိန်လွန်ကာ လမ်း ဘေးဓာတ်တိုင်နှင့်တက္ကစီယာဉ်တို့အား တိုက်မိမှုဖြစ်ပွားခဲ့ကြောင်း သတင်းရရှိသည်။ ဖြစ်ပွားပုံမှာ ရွှေဂုံတိုင်မီးပွိုင့်မိနေသောကြောင့် ကမ္ဘာအေးဘုရားလမ်းပေါ်တွင် ကားများရပ်စောင့်နေကြစဉ် ယင်းအုတ်သယ်ယာဉ်မှာ ဘရိတ်ပေါက်အရှိန်လွန်ကာ ပလက် ဖောင်းပေါ်တက်မောင်းရာမှ

ကျပ်သိန်း တစ်ရာခန့် တန်ဖိုးရှိ မြန်မာအရက်များ နတ်မြစ်အတွင်း ဘင်္ဂလာတပ်ဖွဲ့ကဖမ်း

Posted: 12 Oct 2012 10:44 PM PDT

မြန်မာ-ဘင်္ဂလားဒေ့ခ်ျ နှစ်နိုင်ငံအား နယ်စပ်မျဉ်း အဖြစ် ခြားထားသည့် နစ်မြစ်အတွင်းမှ ကျပ် သိန်း ၁၀၀ (တာကာ ၁၀ သိန်းတန်ဖိုး) ရှိ  အရက်နှင့် ဘီယာများကို ဘင်္ဂလားဒေ့ခ်ျ နယ်ခြားစောင့် (ဘီဂျီဘီ) တပ်ဖွဲ့မှ ကြာသပတေး နေ့က ဖမ်းဆီးလိုက်သည်သည်။ ကော့စ်ဘဇားထုတ် သတင်းစာ တစ်စောင်အရ အောက်တိုဘာ ၁၁ရက်နေ့ ည ၇နာရီအချိန်တွင် နစ်မြစ်ထဲ သစ်ဘုတ်တစီးကို တက်ရောက် ရှာဖွေရာမှ ၏ ဘီဂျီဘီတပ်ဖွဲ့မှ ဖမ်းဆီးရမိသည်ဟု ဆိုသည်။

မြန်မာနိုင်ငံတွင် OIC ရုံးစိုက်မည် မဟုတ်ဟု နယ်စပ်ရေးရာ ဝန်ကြီး ဌာနဆို

Posted: 12 Oct 2012 10:37 PM PDT

နိုင်ငံများ စုပေါင်းဖွဲ့စည်းထားသော OIC (Origanization of The Islamic Cooperation) က မြန်မာနိုင်ငံတွင် ရုံးစိုက်မည်ဟု သတင်းများ ထွက်ပေါ် လာပြီးနောက် ရန်ကုန်မြို့နှင့် ရခိုင်ပြည် နယ် စစ်တွေမြို့တို့တွင် OIC ကို ကန့်ကွက် ဆန္ဒ ဖော်ထုတ်မှုများ ဆက်တိုက် ဖြစ်ပေါ် ခဲ့သော်လည်း မြန်မာနိုင်ငံတွင် OIC ရုံးစိုက်ရန် သဘောတူ ညီထားခြင်း မရှိကြောင်း နယ်စပ်ဒေသနှင့် တိုင်းရင်းသား လူမျိုးများဖွံ့ဖြိုး တိုးတက်ရေး

ကာလပေါ် “ငရဲခွေးကြီးတွေ လွတ်နေ”သေး

Posted: 12 Oct 2012 10:29 PM PDT

ဒီရက်ပိုင်းအတွင်း မြန်မာ အင်ဒီပဲန်ဒင့်ဂျာနယ်မှာ ဆန်းဆန်းထူးထူး စာတစ်ပုဒ် ဖတ်လိုက်ရတယ်။ တိုတို ပြောရရင် ဒီလိုဗျာ။ ဂျာနယ်ထဲမှာ ဖတ်လိုက်ရတဲ့ စာက ဂျာနယ်တွေထဲ၊ သတင်းစာတွေထဲမှာ ဖတ်ရလေ့ မရှိတဲ့စာဗျ။ ရေးတဲ့သူက ထင်ရှားတဲ့ နိုင်ငံရေး အကျဉ်းသားဟောင်း "ကျောင်းသားလှုပ်ရှားမှု"ဆိုတဲ့ ဧရာမကျမ်းကြီးကို ပြုစုခဲ့သူ။ သူ့နာမည်က ကိုအောင်ထွန်း။ ကိုအောင်ထွန်းကို စစ်အာဏာရှင် အစိုးရက တစ်ချိန်က ဖမ်းဆီးခဲ့တယ်။ ချုပ်နှေ

စစ်တွေ အုပ်စုချင်း တင်းမာမှု ပစ်ခတ်လူစုခွဲ

Posted: 12 Oct 2012 10:02 PM PDT

ရခိုင်ပြည်နယ် စစ်တွေမြို့မှာ ရခိုင်အမျိုး သားတွေနဲ့ ဘင်္ဂလီ အစ္စလာမ် ဘာသာ ၀င်တွေကြား အောက်တိုဘာလ ၁၂ရက်နေ့ည ၇နာရီအချိန်လောက်ကစပြီးတော့ တင်းမာမှုတွေဖြစ်ခဲ့ပါတယ်။ တဖြေးဖြေးနဲ့ လူအုပ်ဟာ ထောင်နဲ့ချီ လာတာကြောင့် ရဲတပ်ဖွဲ့ဝင်တွေက မျက်ရည်ယိုဗုံးနဲ့ ပစ်ခတ်တာ သေနတ်တွေ မိုးပေါ်ထောင်ဖောက်တာတွေ အထိဖြစ်ပွားခဲ့ရပါတယ်။ အောက်တိုဘာလ ၁၂ရက်နေ့ မနက်ပိုင်းကတော့ ဒေသခံရခိုင်လူမျိုးတွေ၊ ဟိန္နူလူမျိုးတွေက OIC ရုံးကို လက်မခံ

OIC ရုံးဖွင့်မည်ကို အောက်တိုဘာလ ၁၅ ရက်နေ့တွင် မြို့ကြီးများ၌ ဆန္ဒပြမည်

Posted: 12 Oct 2012 09:55 PM PDT

မြန်မာနိုင်ငံတွင် ကမ္ဘာ့အစ္စလာမ်အဖွဲ့ကြီး OIC ရုံးများ လာရောက်ဖွင့်လှစ်မည်ကို ကန့်ကွက်သည့် အနေဖြင့် လူထုလူတန်းစား အလွှာအသီးသီးနှင့် သံဃာတော်များက မြို့ကြီးများတွင် ဆန္ဒပြပွဲများ ပြုလုပ်သွားရန် စီစဉ်နေကြောင်း သိရှိရသည်။ နယ်စပ်ရေးရာ ပြည်ထောင်စုဝန်ကြီးနှင့် လက်မှတ်ရေးထိုးခဲ့သည့် နားလည်မှုစာချွန်လွှာ အရ ရန်ကုန်နှင့် စစ်တွေမြို့ များတွင် OIC ၏ လေ့လာစောင့်ကြည့်ရေးရုံးများ လာရောက် ဖွင့်လှစ်မည်ကို

အီဂျစ်မှာ သမ္မတ ထောက်ခံသူနဲ့ ကန့်ကွက်သူ တိုက်ခိုက်ပစ်ခတ်

Posted: 12 Oct 2012 09:51 PM PDT

အီဂျစ်နိုင်ငံ ကိုင်ရိုမြို့မှာ အလယ်အလတ် အစ္စလာမ် ဝါဒီ သမ္မတ မိုဟာမက် မော်စီကို ထောက်ခံသူတွေနဲ့ ကန့်ကွက်သူတွေကြား ရုန်းရင်းဆန်ခတ် ဖြစ်ခဲ့တာကြောင့် လူ ၈ဝ ကျော် ဒဏ်ရာရခဲ့ပါတယ်။ ပြီးခဲ့တဲ့ ဇွန်လကတည်းက အာဏာရခဲ့တဲ့ သမ္မတ မော်စီ လက်ထက်မှာ ဒါဟာ အဆိုးရွားဆုံး အကြမ်းဖက်မှု ဖြစ်ပါတယ်။---- သစ်ထူးလွင်

စစ်တွေအောင်မင်္ဂလာအဓိကရုဏ်း အဖမ်းအဆီးရှိ

Posted: 12 Oct 2012 09:41 PM PDT

ယမန်နေ့က ဖြစ်ပွားခဲ့သော အောင်မင်္ဂ လာအဓိကရုဏ်းတွင် သင်္ဃာတော်(၂) ပါးနှင့် လူ(၅)ဦး ဖမ်းဆီးခံခဲ့ရကြောင်း သတင်းရရှိသည်။ စစ်တွေမြို့ထဲတွင် အလုပ်လုပ်ကိုင်ပြီး အလုပ်မှ ပြန်လာကြသော ဟိန္ဒူများကို အောင်မင်္ဂလာရပ်ကွက်နေ ဘင်္ဂလီများ ဓါးဖြင့်လိုက်ခုတ်ရာမှ ဖြစ်ပွားခဲ့သော ရုန်းရင်းဆန်ခတ်ကြောင့် ဒေသခံများ မကျေမနပ်ဖြစ်ကြရာမှ ထိန်းသိမ်း၍ မရသည့်အခြေအနေတွင် စစ်တပ်မှ မျက်ရည်ဗုံး(၄)လုံးနှင့် ရာဘာကျည်များဖြင့် ဖြိုခွင်းခဲ့ရေ

EU နိုဘယ်လ်ဆုရရှိမှု ဥရောပ ပြည်သူ တချို့ ဘ၀င်မကျ

Posted: 12 Oct 2012 06:58 PM PDT

ငြိမ်းချမ်းရေး နိုဘဲလ်ဆုအတွက် မျှော်လင့်မထားတဲ့ ဥရောပသမဂ္ဂကို ရွေးချယ်လိုက်တာနဲ့ ပတ်သက်ပြီး ပျော်ရွှင်သူတချို့ရှိသလို စီးပွာေးရးအခက်အခဲနဲ့ ရင်ဆိုင်နေရတဲ့ ဥရောပနိုင်ငံတချို့ရဲ့ ဝေဖန်မှုတွေလည်း ရှိနေပါတယ်။ ဥရောပသမဂ္ဂရဲ့ နိုင်ငံခြားဆက်ဆံရေး အကြီးအကဲ ကက်သရင်း အက်ရှ်သွန်ကတော့ ဒီဆုအတွက် ဝမ်းမြောက်ဝမ်းသာ ဖြစ်ရတယ်လို့ ဆိုပါတယ်။ အမေရိကန်ပြည်ထောင်စုဆိုင်ရာ ဥရောပ သံအမတ်ကြီးကလည်း ဥရောပ သမဂ္ဂကို

စစ်တွေတွင် ဟိန္ဒူများကို ဘင်္ဂလီမူဆလင်များအကြမ်းဖက်

Posted: 12 Oct 2012 06:55 PM PDT

ယနေ့ညနေ ၈နာရီခန့်တွင် ဟိန္ဒူများကို စစ်တွေမြို့ အောင်မင်္ဂလာရပ်ကွက် (အင်ပါလာ ရပ်ကွက်)မှ ဘင်္ဂလီမူဆလင်များ က အကြမ်းဖက်ခဲ့ကြောင်း သိရှိရသည်။ စစ်တွေမြို့ထဲရှိ ဈေးဆိုင်များတွင် ၀င်ရောက်လုပ်ကိုင်နေကြသော ဟိန္ဒူများသည် အလုပ်မှအပြန် အောင်မင်္ဂလာရပ်ကွက်ရှိ အင်ဘာလာလမ်းမှ ဖြတ်သန်းသွားကြရာတွင် ယင်းအောင်မင်္ဂလာရပ်ကွက်မှ ဘင်္ဂလီမူဆလင်များက လမ်းမထဲသို့ထွက်လာကာ ယင်းဟိန္ဒူများအား ဓါးဖြင့်လိုက်ခုတ်ခဲ့ခြင်း ဖြစ်ကြောင်းသိရှိ

သတင်းဂျာနယ်နှစ်စောင်ကို တရားစွဲခြင်း ကိစ္စပညာပေးခြင်းသာဖြစ်

Posted: 12 Oct 2012 06:24 PM PDT

ပြည်မြန်မာနှင့် Messenger သတင်းဂျာနယ်တို့၏ ဆောင်းပါးနှင့် ပတ်သက်၍ ဦးဉာဏ်ဝင်း၏ တရားစွဲမှုကို အောက်တိုဘာလ ၈ရက်နေ့ အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်ရုံး၌ ပြုလုပ်ခဲ့သော အမေရိက ခရီးစဉ် သတင်းစာ ရှင်းလင်းပွဲတွင် အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် ဒေါ်အောင်ဆန်းစုကြည်က သူမ၏ သဘောထားကို ပြောကြားခဲ့သည်။ --- သစ်ထူးလွင်

အင်တာနက်ပေါ်မှ အနိုင်ကျင့်မှု၏ နောက်ဆက်တွဲ ရင်နင့်ဖွယ်ဖြစ်ရပ်

Posted: 12 Oct 2012 06:22 PM PDT

အင်တာနက်ပေါ်မှ အနိုင်ကျင့် နှိပ်စက်ကလူ ပြုမှုများကြောင့် အသက်ကို စတေးခဲ့ရသည့် ရင်နင့် သနားစရာ မိန်းကလေး တစ်ဦး၏ ဖြစ်ရပ်ကို The Sun သတင်းဌာနက ဖော်ပြခဲ့သည်။ အသက်(၁၅)နှစ်သာ ရှိသေးသော အမန်ဒါ မိုက်ချယ်လ်တော့ဒ်သည် ဗန်ကူးဗားရှိ သူမ၏ နေအိမ်တွင် ဗုဒ္ဓဟူးနေ့က သေဆုံးနေသည်ကို တွေ့ရသည်။ ရဲများက အမန်ဒါသည် မိမိကိုယ်ကိုယ် သေကြောင်းကြံစည်သွားခြင်းဟု သတ်မှတ်ခဲ့ပြီး သူမသည် အင်တာနက်ပေါ်မှ အနိုင်ကျင့် စော်ကားမှုများကို