မြန်မာ့သတင်းများစုစည်းရာ |
- Favourite Journal ၏ မေးမြန်းချက်မှာ သမ္မတကြီး မျက်ရည်ကျ
- ပါတီနိုင်ငံရေးမလုပ် အမျိုးသားနိုင်ငံရေးသာပြုလုပ်သွားမည်ဟု ဦးခင်ညွန့်ပြော
- အသက် ၇၅နှစ်အဖွားအိုတစ်ဦး အဓမ္မပြုကျင့်ခံရ
- ရည်းစားဖြစ်သူ၏ မိဘများမှ လက်ထပ်ရန်သဘောမတူသဖြင့် အသက် ၂၂ ရွယ် အမျိုးသားတစ်ဦး မိမိကိုယ်မိမိ အဆုံးစီရင်ခဲ့မှု ဗဟန်းမြို့နယ်တွင် ဖြစ်ပွား
- ထိုင်းနှင့် မြန်မာ အလုပ်သမားများ ခိုက်ရန်ဖြစ်၊ ၃ ဦး ဒဏ်ရာ ပြင်းထန်
- ရှေးဟောင်းဇုန်အတွင်း စီးပွားရေး လုပ်ငန်းများကို ကန့်ကွက်
- နိုင်ငံခြားသားများကိုလည်း PR ပေးမည်
- မိုင်းပျဉ်းမြို့က ထူးဆန်းရော ရောဂါဝေဒနာရှင်လေး
- နေပြည်တော်ရှိ အလုပ်သမားများလစာမရမှုများရှိနေ
- မင်းပြားမြို့ မီးရှို့တိုက်ခိုက်မူနှင့် နောက်ဆုံး အခြေအနေ
- ဆု ၂ ခု ရရှိခဲ့တဲ့ မြန်မာအလှမယ်နှင့် မေးမြန်းချက်
- လစ်ဗျားဆန္ဒပြသူများက ပုဂ္ဂလိက ရုပ်မြင်သံကြားဌာနကို စီးနင်းတိုက်ခိုက်
- ဗီဒီယိုမဂ္ဂဇင်း ဖြန့်တော့မည်
- ပြည်ပ တပ်များနှင့် မြန်မာစစ်တပ် ထိတွေ့ရန် လိုဟု ဒေါ်အောင်ဆန်းစုကြည် ပြော
- ငွေကျပ် ၃၁ သိန်းကျော်တန်ဖိုးရှိ ဘိန်းဖြူမှုန့်များ ဖမ်းဆီးရမိ
- စင်္ကာပူ သင်ခန်းစာ
- ပုသိမ် NLD ပါတီဝင် ၅၀၀ နှုတ်ထွက်မည်
- ကျူးကျော်သူ
- အိုကီနာဝါ ကျွန်းအနီး မီးလောင်မှု ဖြစ်ပွားခဲ့သော တရုတ်သင်္ဘောမှ သင်္ဘောသား ၆၄ ဦးကို ဂျပန် ကမ်းခြေစောင့် တပ်ဖွဲ့ ကယ်တင်
- ရွှေသဘာဝ ဓါတ်ငွေ့စီမံကိန်းမှ အိန္ဒိယ ကုမ္ပဏီ လစာ မပေး၍ အလုပ်သမားများ အလုပ်မဆင်း
- ခုနှစ်ရက်သားသမီးများအတွက် ( ၂၂.၁၀.၁၂) မှ (၂၈.၁၀.၁၂) ထိ တပတ်စာဗေဒင်ဟောစာတမ်း
- Apple နဲ့ Google တို့ရဲ့ ဖန်သားပြင် ရန်စောင်ပွဲ
- ကားထားရန် နေရာ ဖယ်ခိုင်းရာမှ စကားများ ကားကို မီးရှို့
- မတူတဲ့ ဘ၀ ၂ ခု အတူ တွေ့ရ
- ၉ နှစ် သမီးလေးရဲ့ ရင်နင့်ဖွယ်အဖြစ်
| Favourite Journal ၏ မေးမြန်းချက်မှာ သမ္မတကြီး မျက်ရည်ကျ Posted: 22 Oct 2012 08:19 AM PDT ယမန်နေ့ နေ့လည်က နေပြည်တော်ရှိ သမ္မတအိမ်တော်၌ ကျင်းပပြုလုပ်သော မီဒီယာတွေ့ဆုံပွဲတွင် သတင်းထောက်များ၏ မေးခွန်းများကို ပြန်လည်ဖြေကြားနေစဉ် ပွဲစပြီး မကြာမှီ မေးခွန်း ၃ခုခန့် ဖြေဆိုပြီးချိန်မှစ၍ နိုင်ငံတော်သမ္မတကြီး ဦးသိန်းစိန် ဇောချွေးများ ပြန်လာကာ၊ မြေသိမ်း ယာသိမ်းကိစ္စမေးခွန်းများ၊ အခြေခံဥပဒေပြင်ဆင်ရေးအတွက် ၎င်း၏ တစ်ဦးတည်းကိုယ်ပိုင်အမြင်အပေါ် မေးခွန်းများ အစရှိသည်တို့ကို ရှောင်လွှဲဖြေဆိုသွားပြီး အလွ |
| ပါတီနိုင်ငံရေးမလုပ် အမျိုးသားနိုင်ငံရေးသာပြုလုပ်သွားမည်ဟု ဦးခင်ညွန့်ပြော Posted: 22 Oct 2012 07:47 AM PDT မန်းလေး၊ အောက်တိုဘာ ၂၂ ဗိုလ်ချုပ်ကြီးဟောင်းဦးခင်ညွန့်သည် အောက်တိုဘာ ၂၀ရက်နေ့ ရန်ကုန်မြို့၊ ဒဂုန်မြို့သစ်တောင် ပိုင်း၊ သီရိမင်္ဂလာမဟာစည်ရိပ် သာကျောင်းတိုက်၊ ဓမ္မကထိက တွံတေးဆရာတော် အရှင်ဧန္ဒက၏ရွှေရတု မွေးနေ့၌ မစိုးရိမ်ကျောင်းတိုက်ဆရာတော် ဦးဝီရသူနှင့် တွေ့ဆုံစဉ် ပါတီနိုင်ငံရေးမလုပ်ဘဲ အမျိုးသားနိုင်ငံရေးစစ်ကိုသာ လုပ်သွားမည်ဟု ပြောကြားခဲ့ကြောင်း ဆရာတော်မှ ပေါ်ပြူလာနယူးစ်သို့ မိန့်ကြားသည်။ ဓမ္မကထိက တွံ |
| အသက် ၇၅နှစ်အဖွားအိုတစ်ဦး အဓမ္မပြုကျင့်ခံရ Posted: 22 Oct 2012 07:17 AM PDT အသက် ၇၅နှစ်အရွယ် အဖွားအိုတစ်ဦး အဓမ္မပြုကျင့်ခံခဲ့ရမှုကြောင့် ရွှေပြည်သာရဲစခန်းတွင် အမှု ဖွင့်ထားကြောင်း သတင်းရရှိသည်။ အောက်တိုဘာလ ၂၀ရက်နေ့တွင် ရွှေပြည်သာမြို့နယ်၊ ၀ါးတစ်ရာ ၂၃ရပ်ကွက်၌ နေထိုင်သည့် ဒေါ်---၇၅နှစ်ဖြစ်သူမှာ နေအိမ်တွင် သမီးဖြစ်သူ မခင်ရွှေတို့ လင်မယား စကားများရန်ဖြစ်နေမှုကြောင့် သာကေတမြို့နယ်ရှိ သူငယ်ချင်းဖြစ်သူ ဒေါ်စိန်သန်း၏နေအိမ်သို့ ညအိပ် ရန် သွားရောက်ခဲ့ကြောင်း သိရှိရသည်။ ယင်းကဲ့သို့ |
| Posted: 22 Oct 2012 06:44 AM PDT ရည်းစားဖြစ်သူ၏ မိဘများမှ လက်ထပ်ရန် သဘောမတူသဖြင့် စိတ်ညစ်ပြီး အသက် ၂၂ ရွယ် အမျိုးသားတစ်ဦး မိမိကိုယ်မိမိ အဆုံးစီရင်ခဲ့မှု ဗဟန်းမြို့နယ်တွင် ဖြစ်ပွားခဲ့ကြောင်း သိရသည်။ လက်ထပ်ရန် သဘောမတူသဖြင့် အသက် ၂၂ ရွယ်အမျိုးသားတစ်ဦး မိမိကိုယ်မိမိ အဆုံးစီရင်ခဲ့မှု အောက်တိုဘာလ ၁၉ ရက်နေ့တွင် ဖြစ်ပွားခဲ့ပြီး အဆိုပါအမျိုးသားမှာ သင်္ကန်းတိုက်တစ်ခုတွင် အလုပ်သမားအဖြစ် လုပ်နေသူဖြစ်ကြောင်း သိရသည်။ အဆိုပါ အမျိုးသားမှာ ၀ါ |
| ထိုင်းနှင့် မြန်မာ အလုပ်သမားများ ခိုက်ရန်ဖြစ်၊ ၃ ဦး ဒဏ်ရာ ပြင်းထန် Posted: 22 Oct 2012 03:54 AM PDT ထိုင်းနိုင်ငံ အယုဒ္ဓယခရိုင်(Phachi)ဖားချီမြို့နယ်တွင် စီနိုထိုင်း ဆောက်လုပ်ရေး ကုမ္ပဏီမှ ထိုင်း အလုပ်သမားနှင့် မြန်မာအလုပ်သမားများ ယမန်နေ့က ခိုက်ရန်ဖြစ်ပွားခဲ့ရာ မြန်မာ၂ ဦးနှင့် ထိုင်းနိုင်ငံသား ၁ ဦး ဒဏ်ရာ ပြင်းထန် စွာ ဒဏ်ရာရရှိသွားကြောင်း သိရသည်။ ပြီးခဲ့သည့်အပတ် စနေနေ့က အလုပ်သမားများ နေထိုင်သည့် အဆောင်အနီး တွင် မြန်မာ အလုပ်သမားများ ဖုန်းပြောနေစဉ် ထိုင်း နိုင်ငံသားများက လာရောက် ပြောဆိုရာကနေ |
| ရှေးဟောင်းဇုန်အတွင်း စီးပွားရေး လုပ်ငန်းများကို ကန့်ကွက် Posted: 22 Oct 2012 02:54 AM PDT ကမ္ဘာ့ရှေးဟောင်းအမွေအနှစ် တခုအဖြစ် အသိအမှတ်ပြုခံရရန် ကြိုးစားနေသည့် ပုဂံရှေးဟောင်းဇုန်အတွင်း၌ ဟိုတယ်များနှင့် စားသောက်ဆိုင်များ တည်ဆောက်လာခြင်းကို ပုဂံဒေသခံ ၂၀၀ ခန့် ယနေ့နံနက် ၉ နာရီခန့်က ဆန္ဒပြကြသည်။ ကမ္ဘာလှည့်ခရီးသွားများ ပိုမိုဝင်ရောက်လာခြင်းကို အကြောင်းပြုပြီး စီးပွားရေးလုပ်ငန်းရှင်ကြီးများက ဟိုတယ်များနှင့် စားသောက်ဆိုင်များကို စီးပွားရေး အချက်အချာကျပြီး လည်ပတ်မှုများသည့် ရှေးဟောင်း |
| နိုင်ငံခြားသားများကိုလည်း PR ပေးမည် Posted: 22 Oct 2012 02:16 AM PDT အစိုးရက ခွင့်ပြုရန်ရှိသည့် အမြဲတမ်းနေထိုင်ခွင့် (Permanent Resident-PR) အား ပြည်ပနိုင်ငံသား ခံယူထားသည့် မြန်မာနိုင်ငံ သားများအပြင် မြန်မာပြည် ဖွံ့ဖြိုး တိုးတက်ရေး အထောက်အကူပြုသော နိုင်ငံခြားသားများကိုလည်း ပေးအပ်သွားမည် ဖြစ်ကြောင်း သမ္မတရုံး ၀န်ကြီး ဦးစိုးသိန်းက ပြောဆိုလိုက်သည်။ "ရင်းနှီးမြုပ်နှံမယ့် နိုင်ငံခြားသားတွေ၊ ပါမောက္ခတွေ မြန်မာနိုင်ငံ တိုးတက်ဖွံ့ဖြိုးရေးအတွက် အထောက်အကူ ပြုနိုင်မယ့် သူတေ |
| မိုင်းပျဉ်းမြို့က ထူးဆန်းရော ရောဂါဝေဒနာရှင်လေး Posted: 22 Oct 2012 01:50 AM PDT မိုင်းပျဉ်းက ခလေးမလေး တစ်ယောက် ရဲ့  ကံကြွေး ဝဋ်ကြွေး လို့ ပြောရမဲ့  သနားစရာ အလွန် ကောင်းတဲ့ အဖြစ်ပါ။ ခြေထောက်မှာ အဆူးတွေလို ဝေဒနာခံ စားနေရ တာပါ။ကူညီနိုင်မယ့်သူကို မျှော် လင့် နေပါတယ်။ ထပ်ပြီး မျှဝေပေးကြဖို့  နိုးဆော်လိုက်ပါတယ်။ အင်ဒိုနီးရှားနိုင်ငံသားတယောက်လဲ ဒီရောဂါနဲ့ ခပ်ဆင်ဆင် ဖြစ်ဖူးပါတယ်။ သူကတော့ ကြွက်နို့လို အရေပြားရောဂါ က တဆင့် ဖြစ်တာပါ။ ကုသလို့ ရပါတယ်။ ဗီတာမင် အေ ချို့တဲ့မှုနဲ့ human |
| နေပြည်တော်ရှိ အလုပ်သမားများလစာမရမှုများရှိနေ Posted: 22 Oct 2012 01:10 AM PDT အသက်ရှင်ရပ်တည်ဖို့နှင့် တစ်ဝမ်းတစ်ခါးအတွက် အမြို့မြို့ အနယ်နယ်မှလာရောက်ခါ အလုပ် လုပ်ကိုင်နေကျပါသော်လည်း လစာမရသည့်ဖြစ်ရပ်များ နေပြည် တော်ရှိလုပ်ငန်းခွင်တော်တော်များ များတွင် ဖြစ်ပေါ်နေကြောင်းသိရသည်။ အဆိုပါကဲ့သို့ လစာမရရှိမှု များကြောင့် နေပြည်တော်ဒက်္ခိဏ သီရိမြို့ရှိ NLD ရုံးသို့တိုင်ကြား ထားကာ NLD ရုံး မှတာဝန်ခံ ဦးမြင့်ဝေမှပြောကြားရာတွင် ""ဦး တို့ ဒိက္ခိဏသီရိမြို့က မြို့သစ်ဖြစ်တယ်မြို့သစ်ြ |
| မင်းပြားမြို့ မီးရှို့တိုက်ခိုက်မူနှင့် နောက်ဆုံး အခြေအနေ Posted: 22 Oct 2012 12:43 AM PDT ရခိုင်ပြည်နယ် မင်းပြားမြို့တွင် ယမန်နေ့ ညနေပိုင်းမှ စတင်ပြီး မတည်ငြိမ်မူ ဖြစ်ပွားရာ အိမ်မီးရှို့မူများ ပေါ်ပေါက်ခဲ့ကြောင်း သတင်း ရရှိသည်။ စုစုပေါင်း ပိုက်သည်ရွာမှ မွတ်ဆလင် အိမ် ၁၈ ဆောင် မီးထဲပါသွားသည်ဟု မင်းပြားမြို့နယ် ပြည်နယ် လွှတ်တော်အမတ် ဦးသာကျော်က ပြောသည်။ " ပိုက်သည်ရွာက အိမ် ၁၈ ဆောင် မီးထဲပါသွားပါတယ်။ ဖြစ်တာက ညနေ ၉ နာရီခန့်မှာ ဖြစ်ပါတယ်။ သူတို့အချင်းချင်း အရက်သောက် ရန်ဖြစ်ရာကနေ ရခိုင် |
| ဆု ၂ ခု ရရှိခဲ့တဲ့ မြန်မာအလှမယ်နှင့် မေးမြန်းချက် Posted: 22 Oct 2012 12:28 AM PDT ဂျပန်နိုင်ငံမှာ ကျင်းပတဲ့ Miss International 2012 ပြိုင်ပွဲမှာ မြန်မာနိုင်ငံ ကိုယ်စားပြုယှဉ်ပြိုင်တဲ့ နန်းခင်ဇေယျာက People Choice Award ဆုနဲ့ Miss Internet ဆု ၂ ဆုကို ဆွတ်ခူးသွားပါတယ်။ Miss International 2012 သရဖူကိုတော့ အိမ်ရှင် ဂျပန်နိုင်ငံက ရရှိသွား ပါတယ်။ Miss International အလှမယ်ပြိုင်ပွဲကို မြန်မာနိုင်ငံက နှစ်ပေါင်း ၅၀ အတွင်း ပထမဆုံးအကြိမ် ၀င်ရောက်ယှဉ်ပြိုင်တာ ဖြစ်ပါတယ်။ အလှမယ် |
| လစ်ဗျားဆန္ဒပြသူများက ပုဂ္ဂလိက ရုပ်မြင်သံကြားဌာနကို စီးနင်းတိုက်ခိုက် Posted: 22 Oct 2012 12:14 AM PDT လစ်ဗျားနိုင်ငံတွင် ဆန္ဒပြသူများက ဘင်ဂါဇီမြို့ရှိ ပုဂ္ဂလိက ရုပ်မြင်သံကြား ဌာနတစ်ခုကို ဝင်ရောက်စီးနင်း တိုက်ခိုက်ခဲ့ကြောင်း သိရှိရသည်။ အာဏာရှင်ဟောင်း မူအမ်မာ ကဒါဖီ၏ သားဖြစ်သူ အဖမ်းခံရသော သတင်းကို ထုတ်လွှင့်ခဲ့ခြင်းနှင့် ပတ်သက်၍ မကျေမနပ် ဖြစ်နေသည်ဟု ယူဆရသော ဆန္ဒပြသူများသည် အယ်လ်ဟာရာ ရုပ်မြင်သံကြား ဌာနသို့ အင်အားသုံး ဝင်ရောက်ကာ ဖျက်ဆီးမှုများ ပြုလုပ်ခဲ့သည်။ ထို့အပြင် အဆောက်အအုံကို မီးတင်ရှို့ခဲ့သလို |
| Posted: 22 Oct 2012 12:09 AM PDT House of Media and Entertainment (Home) က စီစဉ်ပြီး ကဗျာ၊ ကာတွန်း၊ ဆောင်းပါး၊ ဝတ္ထုတို၊ ဟာသ စတာတွေကို ရုပ်သံအဖြစ် တင်ဆက်ထားတဲ့ ဗီဒီယိုမဂ္ဂဇင်း (Motion Magazine) ကို မကြာခင် ဖြန့်ချိတော့မယ်လို့ သိရပါတယ်။ အဲဒီ ဗီဒီယို မဂ္ဂဇင်း မိတ်ဆက်ပြသပွဲ အခမ်းအနားကို အောက်တိုဘာ ၂၁ ရက်နေ့ ညနေ ၆ နာရီမှာ ရန်ကုန် ဗိုလ်အောင်ကျော် လမ်းက Home ခန်းမမှာ ကျင်းပရာမှာ Home ရဲ့ ဒါရိုက်တာ အဖွဲ့ဝင်တဦးဖြစ်သူ ဦးဇာဂနာက ဒီမဂ္ဂ |
| ပြည်ပ တပ်များနှင့် မြန်မာစစ်တပ် ထိတွေ့ရန် လိုဟု ဒေါ်အောင်ဆန်းစုကြည် ပြော Posted: 22 Oct 2012 12:03 AM PDT အတိုက်အခံခေါင်းဆောင် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဥက္ကဌ ဒေါ်အောင်ဆန်းစုကြည်က အမေရိကန်ပြည်ထောင်စုအနေဖြင့် Cobra Gold စစ်ဆင်ရေးအတွက် မြန်မာနိုင်ငံကို လေ့လာသူအဖြစ် ဖိတ်ကြားလာပါက ကန့်ကွက်ရန် မရှိကြောင်းနှင့် အမေရိကန်၏ စစ်ရေးနည်းပညာ အကူအညီမှာ ဒီမိုကရေစီစနစ် ပီပြင်စွာ ဖြစ်ပေါ်မှုနှင့်ချိန်ဆ လုပ်ဆောင်ရမည်ဖြစ်ကြောင်း ပြောဆိုလိုက်သည်။ အောက်တိုဘာလ ၂၂ ရက်နေ့ ပြည်ထောင်စုလွှတ်တော်အစည်းအဝေးအပြီး |
| ငွေကျပ် ၃၁ သိန်းကျော်တန်ဖိုးရှိ ဘိန်းဖြူမှုန့်များ ဖမ်းဆီးရမိ Posted: 21 Oct 2012 11:27 PM PDT မူးယစ်ဆေးဝါး သုံးစွဲ ရောင်းချ သူများအား ကချင်ပြည်နယ် အတွင်း နှိမ်နင်းမှုများ ဆောင်ရွက် လျက်ရှိရာ အောက်တိုဘာ ၁၆ ရက်က မိုးကောင်း မြို့၌ ငွေကျပ် ၃၁ သိန်းကျော် တန်ဖိုးရှိ ဘိန်းဖြူ မှုန့်များ ဖမ်းဆီး ရမိခဲ့သည်။ ဖြစ်စဉ်မှာ အောက်တိုဘာ ၁၆ ရက် နံနက် ၈ နာရီ ခွဲခန့် မိုးကောင်းမြို့တွင် မူးယစ် ဆေးဝါးများ ရောင်းချ နေကြောင်း သတင်း အရ မြစ်ကြီးနား မူးယစ် (အထူး) မိုးကောင်းလှုပ်ရှား အဖွဲ့မှ တပ်ဖွဲ့ ဝင်များသည် |
| Posted: 21 Oct 2012 11:23 PM PDT မြန်မာ့ အုပ်ချုပ်ရေး ယန္တရား အရည်အသွေး မြှင့်တင်ရေး အတွက် သမ္မတ ဦးသိန်းစိန် ခရီးစဉ် တွင် စင်ကာပူ နှင့် မြန်မာတို့ သဘော တူညီခဲ့ကြ ပြီး မြန်မာအစိုးရ အရာရှိကြီး များ စင်ကာပူ နိုင်ငံတွင် သင်တန်းများ တက်ရောက်လျက် ရှိကြပြီ။ စင်ကာပူမှ ရရှိခဲ့သော အကြံဥာဏ် များသည် မြန်မာနိုင်ငံ၏ ဖွံ့ဖြိုးရေးကို တစ်နည်းနည်းဖြင့် သြဇာ သက်ရောက်တော့မည် ဖြစ်သည့် အတွက် စင်ကာပူ ပုံစံနိုင်ငံ တည်ဆောက်ရေး (Singapore Model) မြန်မာ |
| ပုသိမ် NLD ပါတီဝင် ၅၀၀ နှုတ်ထွက်မည် Posted: 21 Oct 2012 11:06 PM PDT ပါတီတွင်း မကျေနပ်မှုများကြောင့် ပုသိမ်မြို့နယ် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD) ပါတီဝင် ၅၀၀ ကျော်က ယခုလ ၂၇ ရက်နေ့တွင် ပုသိမ်မြို့၊ စကားဝါလမ်းရှိ မြို့နယ်ရုံးတွင် နှုတ်ထွက်ပွဲ အခမ်းအနားပြုလုပ်၍ ပါတီမှ နှုတ်ထွက်ကြမည်ဖြစ်ကြောင်း သိရသည်။ ပါတီအောက်ခြေတွင် ဖြစ်ပွားနေသည့် အခြေအနေမှန်များအား ဗဟိုက မသိရှိဘဲ ဗဟိုနှင့် နီးစပ်သူများ၏ စကားကို နားယောင်၍ ဆုံးဖြတ်ချက်များ ချမှတ်နေခြင်းနှင့် စကားဝါလမ်းရှိ မြို |
| Posted: 21 Oct 2012 10:58 PM PDT ခရိုနီတွေရဲ့ မလိမ့် တပတ် ကျူးကျော်မှု တွေကျ တော့ နှာစေးပြီး၊ ရူးချင်ယောင် ဆောင်ကာ အကာအကွယ် ပေးနေကြတယ်။ ပြည်တွင်းကလာတဲ့ သတင်းတွေနဲ့ အင်တာနက် စာမျက်နှာတွေပေါ်မှာ ဆင်းရဲသားပြည်သူတွေနဲ့ တောင်သူလယ်သမား တွေကို ရဲ၊စစ်တပ်နဲ့  စည်ပင်သာယာတို့က ကျူးကျော်သူတွေလို့  သတ်မှတ်ပြီး အတင်း မောင်းထုတ်နေတဲ့ သတင်းတွေ ဘူဒိုဇာတွေနဲ့ သူတို့ရဲ့ အိမ်လေးတွေကို ကော်ထိုး ဖျက်ဆီးနေတာတွေ၊ ခပ်စပ်စိပ် ဖတ်ရှုလာရ၊ ကြားနေရတယ်။ |
| Posted: 21 Oct 2012 10:39 PM PDT Monday, 22 October 2012 03:04 ဂျပန်နိုင်ငံ အိုကီနာဝါကျွန်း အလွန်ရှိ ပင်လယ် အတွင်း၌ အောက်တိုဘာ ၂ဝ ရက်ညနေ ပိုင်းက တရုတ် ကုန်တင် သင်္ဘော တစ်စင်းမီးလောင် မှု ဖြစ်ပွားခဲ့ ရာအဆိုပါ သင်္ဘောမှ သင်္ဘောသား ၆၄ ဦးအား ဂျပန် ကမ်း ခြေစောင့် တပ်ဖွဲ့ဝင် များက ကယ်တင် နိုင်ခဲ့ကြောင်း ဂျပန်နိုင်ငံရှိ တရုတ်သံရုံးမှ တာဝန်ရှိသူ တစ် ဦးက အောက်တိုဘာ ၂၁ ရက်တွင် ပြောကြား ခဲ့သည်။ မီးလောင်မှု ဖြစ်ပွားခဲ့သော ကုန်တင် သင်္ဘော |
| ရွှေသဘာဝ ဓါတ်ငွေ့စီမံကိန်းမှ အိန္ဒိယ ကုမ္ပဏီ လစာ မပေး၍ အလုပ်သမားများ အလုပ်မဆင်း Posted: 21 Oct 2012 10:35 PM PDT ရခိုင်ပြည်နယ် ကျောက်ဖြူမြို့နယ် ရွှေသဘာဝ ဓါတ်ငွေ့ စီမံကိန်းတွင် ၀င်ရောက် အလုပ် လုပ်ကိုင်နေသော PunjLloyd ကုမ္ပဏီသည် အလုပ်သမားများ၏ လစာကို မပေးဘဲ ထားသဖြင့် အလုပ်သမားများ အနေဖြင့် အလုပ်မဆင်းဘဲ ဖြစ်နေကြသည်ဟု သတင်း ရရှိသည်။ အိန္ဒိယ ကုမ္ပဏီ PunjLioyd သည် တရုတ် ကုမ္ပဏီ စီအန်အန်ပီ၏ ဆောက် လုပ်ရေး လုပ်ငန်းများကို ရွှေသဘာဝ ဓါတ်ငွေ့စီမံကိန်းတွင် လာရောက် အလုပ် လုပ်ကိုင်နေသော နိုင်ငံခြား ကုမ္ပဏီ တစ်ခု ဖြစ်သည်။ |
| ခုနှစ်ရက်သားသမီးများအတွက် ( ၂၂.၁၀.၁၂) မှ (၂၈.၁၀.၁၂) ထိ တပတ်စာဗေဒင်ဟောစာတမ်း Posted: 21 Oct 2012 10:19 PM PDT တနင်္ဂနွေသားသမီးများ၏ကံကြမ္မာ အလုပ်အကိုင်ကောင်းနေခြင်း၊ စီးပွားတက်နေခြင်း၊ ရွှေဝင်ခြင်း၊ ကားဝင်ခြင်း၊ ပျော်ပွဲရွှင်ပွဲများ မကြာခဏပြုလုပ်ပေးခြင်း၊ ပျော်ရွှင်သောခရီးသွားခြင်းများပြုလုပ်ပါ။ရွှေလက်ကောက်ဝင်ခြင်း၊ နာရီဝင်ခြင်း၊ လက်အောက်ငယ်သားကောင်းများရောက်လာခြင်း၊ ငွေများစွာဝင်ခြင်း၊ လုပ်ငန်း တိုးချဲ့ရတတ်ခြင်း၊ အလုပ်နေရာပြောင်း ရတတ်ခြင်း၊ ကောင်းသောပြောင်းခြင်းဖြစ်သည်။ ကျန်းမာရေး။ သွေးပေါင်ကျခြင်း၊ သွားဒုက |
| Apple နဲ့ Google တို့ရဲ့ ဖန်သားပြင် ရန်စောင်ပွဲ Posted: 21 Oct 2012 10:06 PM PDT အရင်က လည်ပင်းဖက် ပေါင်းလာခဲ့သည့် သူငယ်ချင်းကောင်းတွေလေ။ ယခုတော့ ရန်စောင်နေကြပြီ။ တရားရုံးတွေမှာ၊ လူသုံးပစ္စည်း ဈေးကွက်တွေမှာ မီးခိုးမဆုံး၊ မိုးမဆုံး တိုက်ပွဲတွေ ဆင်ကြသည်။ ပြီးခဲ့သော သီတင်းပတ် (၂၀၁၂ ခုနှစ်၊ စက်တင်ဘာလ ၂၃ ရက်) တွင်မတော့ ထိုရန်ဆူးရန်ညှောင့်က ပုံစံတမျိုးတစ်ဖုံ ဖြစ်သွားပြန်သည်။ သူတို့နှစ်ယောက် စမတ်ဖုန်း ဖန်သားပြင်ထက်မှာ ထိပ်တိုက် သွားတွေ့ခြင်းပါတည်း။ ထိုနှစ်ယောက်က Google နှင့် Apple |
| ကားထားရန် နေရာ ဖယ်ခိုင်းရာမှ စကားများ ကားကို မီးရှို့ Posted: 21 Oct 2012 09:43 PM PDT ရွှေဘိုမြို့ သခွတ္တော ရပ်ကွက်နေ ဒေါ်တူး(ခ)ေ ဒ်ါခင်မာ၏ နေအိမ်သို့ အောက်တိုဘာ ၁၃ ရက် ည ၈ နာရီက သားမက် ဖြစ်သူ ကိုသန်းထွန်းအောင် သည် သမီးနှင့် အတူ ၃ဂ/---- ပါဂျဲရိုး ယာဉ်ဖြင့် ရောက်ရှိ လာပြီး ယင်းရပ်ကွက်နေ နိုင်မင်းထက် (ခ)ဖိုးထိုက် ၂၂ နှစ် (ဘ) ဦးကျော် ထွန်း၏ ဆိုင်ကယ်ကို ကားထားရန် အတွက် ဖယ်ခိုင်းရာမှ စကားများ ရန်ဖြစ် ခဲ့ကြသည်။ ထို့နောက် နိုင်မင်းထက်(ခ) ဖိုးထိုက်သည် ရေသန့်ဘူး အတွင်း ဓာတ်ဆီထည့် မီးရှို့ကာ |
| Posted: 21 Oct 2012 09:11 PM PDT ဦးခင်ညွန့်တယောက် လူမြင်ကွင်းကို တဖြည်းဖြည်း ပြန်ထွက်လာပါပြီ အခုဆို နိုင်ငံရေး အကျဉ်းသား ဟောင်း အရှင် ၀ိရသူနဲ့ တွေ့နေတဲ့ ဓာတ်ပုံကို အရှင် ၀ိရသူရဲ့ ဖေ့စ်ဘုတ် စာမျက်နှာမှာ ဖော်ပြထား ပါတယ်။ ဒါဟာ တမျိုးဆန်းကျယ်နေပါတယ်။ တချို့ ဝေဖန်ရေးသားထားတာတွေကလည်း စိတ်ဝင်စားစရာပါ။ ဦးခင်ညွန့်ရော အရှင် ၀ီရသူရော ၂ ဦးလုံးဟာ လောကဓံကို အကျဉ်းသား ဘ၀တွေနဲ့ ရင်ဆိုင်ခဲ့ ရဘူး တာတော့ တူ ပါတယ်။ မတူတာကတော့ အာဏာ အရှိဆုံး |
| ၉ နှစ် သမီးလေးရဲ့ ရင်နင့်ဖွယ်အဖြစ် Posted: 21 Oct 2012 08:53 PM PDT အမေရိကန် ပြည်ထောင်စုရဲ့ အနာက် ပင်ဆဲလ်ဗေးနီယားပြည်နယ်၊ New Sewickley မြို့က ဟော်လိုဝင်း ပါတီပွဲ ကျင်းပတဲ့ နေရာတခုမှာ ၀မ်းနည်းဖွယ်အဖြစ်တခု ဖြစ်သွားခဲ့ပါတယ်။ အသက် ၉ နှစ်အရွယ် မိန်းကလေးတဦးဟာ သူ့ရဲ့ ဆွေမျိုး တော်စပ်သူ အမျိုးသား တဦးက အဆိုပါ မိန်းကလေးကို တော တိရိစ္ဆာန်ထင်မှတ်ပြီး လွန်ခဲ့တဲ့ စနေနေ့ညက သေနတ်နဲ့ ရုပ်တရက် ပစ်ခတ် ခဲ့ပါတယ်လို့ အောက်တိုဘာလ ၂၁ ရက်နေ့ သတင်းတွေမှာ ဆိုပါတယ်။ မြောက် အမေရိကတိုက်မှာ |
| You are subscribed to email updates from မြန်မာ့သတင်းများစုစည်းရာ To stop receiving these emails, you may unsubscribe now. | Email delivery powered by Google |
| Google Inc., 20 West Kinzie, Chicago IL USA 60610 | |