ဗွီအိုအေမြန်မာ နေ့စဉ် သတင်းလွှာ အောက်တိုဘာလ ၂၀၊ ၂၀၁၂ ဗွီအိုအေမြန်မာသတင်းဌာန၏ နေ့စဉ် နောက်ဆုံးရ မြန်မာ နှင့် နိုင်ငံတကာ သတင်းများ၊ သတင်းဆောင်းပါးများ နဲ့ နေ့စဉ် တီဗွီမဂ္ဂဇင်း/သတင်းလွှာ အစီအစဉ်... |
| မြန်မာ Cobra Gold မှာ မြန်မာ လေ့လာခွင့်ရဖို့ US ထောက်ခံ ရှေ့နှစ်အစောပိုင်း အာရှဒေသတွင်းမှာ ပြုလုပ်မယ့် ကမ္ဘာ့အကြီးဆုံး စစ်ရေးလေ့ကျင့်မှု Cobra Gold ကို မြန်မာနိုင်ငံ ကို လေ့လာသူအနေနဲ့ တက်ရောက်ခွင့်ပေးဖို့ ထောက်ခံ တယ် လို့ အမေရိကန်ပြည်ထောင်စုက ပြောလိုက်ပါတယ်။ အပြည့်အစုံ အမေရိကန် သံအမတ်ရဲ့ သတင်းစာရှင်းလင်းပွဲ အမေရိကန်ပြည်ထောင်စု နဲ့ မြန်မာနိုင်ငံကြား လူ့အခွင့်အရေးဆွေးနွေးပွဲမှာ အရပ်သားအုပ်ချုပ်ရေးနဲ့ လွတ်လပ်တဲ့လူ့အဖွဲ့အစည်းတွေအတွင်းက စစ်တပ်ရဲ့ အခန်းကဏ္ဍကို အမေရိကန်စစ်တပ်အရာရှိတွေ ဆွေးနွေးခဲ့ကြပြီး ထူးခြားတဲ့ သမိုင်းဝင်ဆွေးနွေးပွဲဖြစ်တယ်လို့ မြန်မာနိုင်ငံဆိုင်ရာ အမေရိကန်သံအမတ်ကြီး Derek Mitchell က ပြောပါတယ်။ အပြည့်အစုံ Cobra Gold မှာ မြန်မာနိုင်ငံ လေ့လာခွင့်ရဖို့ US ထောက်ခံ ကမ္ဘာ့အကြီးဆုံး စစ်ရေးလေ့ကျင့်မှုတခုဖြစ်တဲ့ Cobra Gold စစ်ရေးလေ့ကျင့်မှု မှာ မြန်မာနိုင်ငံကို ဖိတ်ကြားဖို့ အမေရိကန်ပြည်ထောင်စုက ထောက်ခံထားတယ် လို့ အမေရိကန်ကာကွယ်ရေးဝန်ကြီးဌာန ပြောခွင့်ရသူ George Litte ကပြောပါတယ်။ အပြည့်အစုံ မြန်မာတိုင်းရင်းသားဒေသ နိပွန်ဖောင်ဒေးရှင်းကူမည် ဂျပန်နိုင်ငံ နိပွန်ဖောင်ဒေးရှင်းကနေ မြန်မာနိုင်ငံတိုင်းရင်းသားဒေသက စစ်ပြေးဒုက္ခသည်တွေနဲ့ အိုးအိမ်ရွှေ့ ပြောင်းခံပြည်သူတွေအတွက် လူသားချင်းစာနာမှုဆိုင်ရာအကူအညီတွေပေးမှာဖြစ်ပါတယ်။ အပြည့်အစုံ ရုရှား နျူကလီးယား ဒုံးကျည် စမ်းသပ် ရုရှားနိုင်ငံမှာ နျုကလီယား ထိပ်ဖူးတပ် Missile ဒုံးကျည် ၂ခုကို စမ်းသပ် လွှတ်တင်လိုက်ပါတယ်။ အပြည့်အစုံ ဂျပန်ရှိ အမေရိကန်တပ်တွေ အပေါ် အမေရိကန်တပ်မှူး ညမထွက်ရ အမိန့်ထုတ် ဂျပန်နိုင်ငံမှာရောက်ရှိနေတဲ့ အမေရိကန်စစ်မှုထမ်းတွေအားလုံး ညမထွက်ရ ဆိုတဲ့ အမိန့်ကို ဂျပန်နိုင်ငံမှာရှိတဲ့ အမေရိကန်တပ်ဖွဲ့များရဲ့အကြီးအကဲက အမိန့်ထုတ်ပြန်လိုက်ပါတယ်။ အပြည့်အစုံ မြန်မာ့နိုင်ငံရေးမှာ အမျိုးသမီးတွေ ပါဝင်ခွင့် ပိုမိုရရှိသင့် မြန်မာ့နိုင်ငံရေးမှာ အမျိုးသမီးတွေ ပိုမိုပါဝင်ဆောင်ရွက်နိုင်ရေး အတွက်လူမှုရေး၊ စီးပွါးရေး အခြေအနေတွေ တိုးတက် ကောင်းမွန်အောင် လုပ်ဆောင်ပေးဖို့ လိုအပ်တဲ့အကြောင်း ဒီမိုကရက်တစ်ပါတီမြန်မာ ရဲ့ အတွင်းရေးမှူးချုပ် ဒေါ်သန်းသန်းနုက ပြောပါတယ်။ အပြည့်အစုံ ကျောင်းသားခေါင်းဆောင် ကိုကိုကြီးရဲ့  ဥရောပခရီးစဉ် အောက်တိုဘာ ၂၁၊ ၂၀၁၂ - ချက်သမ္မတနိုင်ငံ Prague မြို့  Forum 2000 တက်ရောက်မယ့် ဦးကိုကိုကြီး ကို ဗွီအိုအေသတင်းဌာနမှုး ဦးသန်းလွင်ထွန်း က ဆက်သွယ်မေးမြန်းထားပါတယ်။ အပြည့်အစုံ အစိုးရ ရင်ဆိုင်နေရတဲ့ စီးပွားရေးပြဿနာများ အောက်တိုဘာ ၂၀၊ ၂၀၁၂ - ဦးသိန်းစိန်အစိုးရ ကိုင်တွယ်ဖြေရှင်းရမယ့် စီးပွားရေး ပြဿနာတွေအကြောင်း ရေးသားထားတဲ့ စာတမ်းကို သုံးသပ်တင်ပြထားပါတယ်။ အပြည့်အစုံ အမေရိကန် အသံ မြန်မာပိုင်း အစီအစဉ်က တီဗွီ သတင်းလွှာကို တနေ့ကို နှစ်ကြိမ် နေ့စဉ် ထုတ်လွှင့်ပေးနေပါတယ်။ အင်္ဂါနေ့ကနေ စနေနေ့ အထိ ထုတ်လွှင့်ပေးနေတဲ့ နေ့စဉ် တီဗွီ သတင်းလွှာမှာတော့ နောက်ဆုံးရ မြန်မာနဲ့ နိုင်ငံတကာ သတင်းတွေ၊ နိုင်ငံရေး၊ စီးပွားရေး၊ လူမှုရေး၊ သိပ္ဗံ၊ စာပေဂီတ သတင်းဆောင်းပါးတွေကို တင်ဆက်ပေးထားပါတယ်။ အပြည့်အစုံ ၈၈ မျိုးဆက်ကျောင်းသားတွေထဲက နိုင်ငံရေးပါတီ ထူထောင်မယ်ဆိုတဲ့ သတင်းနဲ့ပတ်သက်ပြီး သူတို့ရဲ့ ပြန်ကြားရေးဌာနက အတည်ပြု ထုတ်ပြန်ထားတာ မရှိသေးပါဘူးလို့ လက်ရှိ ပြင်သစ်နိုင်ငံမှာ ခေတ္တ ရောက်နေတဲ့ ဦးကိုကိုကြီးက ဗွီအိုအေကို ပြောပါတယ်။ သူ့အနေနဲ့ကတော့ နိုင်ငံရေးကို တစိုက်မတ်မတ်လုပ်သွားဖို့ ရည်မှန်းချက်ရှိတယ်ဆိုတဲ့အကြောင်း ပြောပါတယ်။ အပြည့်အစုံ အောက်တိုဘာလ ၂၀ ရက်၊ စနေနေ့ မြန်မာနိုင်ငံဆိုင်ရာသတင်းတွေကို စုစည်းတင်ဆက်ပေးထားပါတယ်။ အပြည့်အစုံ |
| အကြံပေး၊ ဝေဖန်၊ မေးခွန်းများရှိပါက အီးမေးပေးပို့ရန်။ burmese@voanews.com
|
| Voice of America 330 Independence Ave. SW Suite 3166 Washington, D.C. 20237 USA |
Cobra Gold မှာ မြန်မာ လေ့လာခွင့်ရဖို့ US ထောက်ခံ
အမေရိကန် သံအမတ်ရဲ့ သတင်းစာရှင်းလင်းပွဲ
Cobra Gold မှာ မြန်မာနိုင်ငံ လေ့လာခွင့်ရဖို့ US ထောက်ခံ
မြန်မာတိုင်းရင်းသားဒေသ နိပွန်ဖောင်ဒေးရှင်းကူမည်
ရုရှား နျူကလီးယား ဒုံးကျည် စမ်းသပ်
ဂျပန်ရှိ အမေရိကန်တပ်တွေ အပေါ် အမေရိကန်တပ်မှူး ညမထွက်ရ အမိန့်ထုတ်
မြန်မာ့နိုင်ငံရေးမှာ အမျိုးသမီးတွေ ပါဝင်ခွင့် ပိုမိုရရှိသင့်
ကျောင်းသားခေါင်းဆောင် ကိုကိုကြီးရဲ့  ဥရောပခရီးစဉ်
အစိုးရ ရင်ဆိုင်နေရတဲ့ စီးပွားရေးပြဿနာများ