သျှမ်းသံတော်ဆင့် |
- မယ့်ဟောင်ဆောင် - ဟိုမိန်း နယ်စပ်ဈေးဖွင့် အာဆီယံကွန်မြူနတီအတွက်ဟု ထိုင်းခရိုင်မှူးပြော
- ဆိုင်ခန်းခ တိုးမြှင့်လိုက်သည့်အပေါ် မကျေနပ်၍ မူစယ်မြို့၌ စာရေးတိုင်ကြားမှုဖြစ်
- ပြည်ထောင်စုလမ်းမပေါ်က တံတားတခု မကြာခဏပျက် ခရီးသွားများအခက်တွေ့
| မယ့်ဟောင်ဆောင် - ဟိုမိန်း နယ်စပ်ဈေးဖွင့် အာဆီယံကွန်မြူနတီအတွက်ဟု ထိုင်းခရိုင်မှူးပြော Posted: 22 Oct 2012 02:53 AM PDT တလ သုံးကြိမ်ခင်းမည့် သျှမ်းပြည်တောင်ပိုင်း လင်းခေးခရိုင် ဟိုမိန်းမြို့နယ်ခွဲ နှင့် ထိုင်းနိုင်ငံမယ် ဟောင်ဆောင်မြို့အကြား နှစ်နိုင်ငံဒေသထွက်ကုန်များ ဖလှယ်ရောင်းချရန် တလတ်နတ် ခေါ် အလှည့်ကျဈေး ဖွင့်ပွဲ အခမ်းအနားအား ဖွင့်လှစ်ခဲ့ကြောင်း စုံစမ်းသိရှိရပါသည်။ မယ့်ဟောင့်ဆောင် ခရိုင်အုပ်ချုပ်ရေးမှူး ဒေါ်နရ်ုမွန်း ပန်ဝါ့တ်" မယ့်ဟောင့်ဆောင်ခရိုင် ဟွေ့ဖင့် ရွာမှာပါ။ ဒီလ ၁၈ ရက်နေ့က ဖွင့်ပွဲလုပ်တာ။ ရွာနဲ့ တစ်ကီလိုမီတာ အကွာမှာရှိတဲ့ လောင့်ဟိုင့်ဈေးမှာ လုပ်တယ်လေ။ ကတ်နတ် (တလတ်နတ်)လို့ခေါ်တဲ့ ရက်ချိန်းဈေး ပေါ့။ ထိုင်းနိုင်ငံ အနောက်ဖက်ခြမ်းမှာရှိတဲ့ ဒုတိယ နယ်စပ်ဈေးဖြစ်အောင်လုပ်သွားမယ်။ အာဆီယံ ကွန်မြူနတီ အတွက် ပြင်ဆင်ထားတဲ့သဘောလို့ ဖွင့်ပွဲတုန်းက ခရိုင်အုပ်ချုပ်ရေးမှူးက ပြောတာ" - ဟု ဖွင့်ပွဲသို့ သျှမ်းသီချင်း ထိုင်းသီချင်းများသွားရောက်ဖျော်ဖြေခဲ့သည့် အဆိုတော်စိုင်းလွမ့်ဝန်းက သျှမ်း သံတော်ဆင့်အားက ပြောပြသည်။ အဆိုပါ နှစ်နိုင်ငံ နယ်စပ်ဈေးကြီးအား တလလျင် ၃ ကြိမ်ဖွင့်လှစ်ရောင်းချမည်ဖြစ်ပြီး နှစ်နိုင်ငံကုန်စည် များ လွတ်လပ်စွာရောင်းချနိုင်သည့်နေရာဖြစ်လာနိုင်ကြောင်း မယ့်ဟောင့်ဆောင် ခရိုင်အုပ်ချုပ်ရေးမှူး ဒေါ်နရ်ုမွန်း ပန်ဝါ့တ် က ပြောသည်ဟုဆိုပါသည်။ "လာမယ့်နိုဝင်ဘာလ ၁ ရက်၊ ၈ ရက်နဲ့ ၁၅ ရက် ၃ ကြိမ်ထပ်ဖွင့်မယ်လို့ သူတို့ကြေငြာထားတယ်။ ဖွင့်ပွဲ တုန်းကဆိုရင် သျှမ်းပြည်ဘက်က ဟိုမိန်းမြို့နယ်၊ လင်းခေး၊ မိုင်းပန်၊ မိုးနဲမြို့နယ်က ကုန်သည်တွေ လာကြတယ်။ ရောင်းကြဝယ်ကြနဲ့ စည်ကားနေတာဘဲ။ ဒီလိုမျိုး ဈေးက ပိတ်ထားကြတာ ကြာပြီလေ။ ခုမှပြန်ဖွင့်တယ်ဆိုတော့ ကုန်သည်တွေက ဝမ်းသာကြတယ်" ဟု မယ်ဟောင်ဆောင်ရောက် လင်းခေး ဒေသခံတဦးက ပြောပါသည်။ အဆိုပါဈေးဖွင့်ပွဲသို့ ထိုင်းနိုင်ငံ ဌာနဆိုင်ရာအာဏာပိုင်များအပြင် မြန်မာနိုင်ငံဘက်မှ အာဏာပိုင်တချို့ နှင့် ဟိုမိန်းပြည်သူ့စစ်ဘက်မှ SSS အဖွဲ့ခေါင်းဆောင် စိုင်းနု၏လက်ထောက် နှင့် အဖွဲ့တို့တက်ရောက် ခဲ့သည်ဟုဆိုပါသည်။ ထိုင်းနယ်စပ် သျှမ်းပြည်အရှေ့ပိုင်းမိုင်းတုံမြို့နယ် ပုံပါကျင်မြို့နယ်ခွဲ ရှိ ဘီဖီဝမ်း နယ် စပ် အမှတ် ၁ ဂိတ် အနီးဈေးနှင့် သျှမ်းပြည်တောင်ပိုင်း ဟိုမိန်း - မယ့်ဟောင့်ဆောင် (တပတ်တခါဈေး တွေအပြင်) နှစ်နိုင်ငံကြားနယ်စပ်ဂိတ်အားလည်း တရားဝင်ဖွင့်လှစ်သွားရန် အစီအစဉ်ရှိနေကြောင်း ထိုင်းအာဏာ ပိုင်နှင့် နီးစပ်သူ သျှမ်းကုန်သည်တဦးကပြောပြသည်။ |
| ဆိုင်ခန်းခ တိုးမြှင့်လိုက်သည့်အပေါ် မကျေနပ်၍ မူစယ်မြို့၌ စာရေးတိုင်ကြားမှုဖြစ် Posted: 22 Oct 2012 02:52 AM PDT သျှမ်းပြည် (မြောက်ပိုင်း) မူစယ်မြို့အမှတ် ၂ ဈေးအတွင်းရှိ ဆိုင်ခန်းခများ ရုတ်တရက် တိုးမြှင့် ကောက်ခံ လိုက် သည့် အပေါ် မကျေနပ်သဖြင့် ဈေးသူဈေးသား ၃၀ ခန့်က မူစယ်မြို့ခရိုင်အုပ်ချုပ်ရေးရုံးနှင့် မြို့နယ် စည်ပင်ဋ္ဌာနများသို့ ယနေ့ စာ ရေး တိုင်ကြားလိုက်ကြောင်း သတင်းရရှိသည် ။ ဈေးဆိုင်ခန်းများအား နှင်းနှင်းခိုင်ကုမ္ပဏီမှ ဆောက်လုပ်ထားခြင်း ဖြစ်ပြီး ၄င်းကုမ္ပဏီမှ အောက်တိုဘာလ အတွက် ဆိုင်ခန်း ခများကို တရုတ်ငွေယွမ် ၄၀၀ မှ ယွမ် ၇၀၀ အထိ တိုးမြှင့်ကောက်ခံသဖြင့် စာရေးတိုင်ကြား ခြင်းဖြစ်ကြောင်း ဈေးအသိုင်း အဝိုင်းက သျှမ်းသံတော်ဆင့်သို့ ပြောသည်။ "ပထမတော့ ဆိုင်ခန်းတစ်ခန်း တစ်လ ယွမ် ၃၀၀ ပေါ့နော် နောက် ၄၀၀ အထိတက်လာတယ် အခုစာ ထွက်တာ ယွမ် ရ၀၀ အထိ တက်တောင်းတာပေါ့နော် ဈေးကဖွင့်တာမကြာသေးဘူး မစည်သေးဘူးပေါ့နော် အဲဒါကြောင့် ဈေးသူဈေးသား ၃၀ လောက်က ရှေ့နေငှားပြီးမှ စည်ပင်ရယ် ခရိုင်အုပ်ချုပ်ရေးရုံးရယ်ကို စာတင်လိုက်တယ် " ဟု ၄င်းဈေးဆိုင်ပိုင်ရှင် တစ်ဦးက ဆိုသည်။ အဆိုပါဈေးမှာ စည်ပင်သာယာဋ္ဌာန ကြီးကြတ်မှုအောက်မှ ကင်းလွတ်နေသဖြင့် ဈေးအတွင်း အမှိုက်သရိုက် များ သိမ်း ဆည်းမည့်သူ မရှိခြင်း ၊ ရေနူတ်မြောင်းများ ပျက်စီးခြင်းများ ဖြစ်ပေါ်နေကာ လျှပ်စစ်မီးခမှာ တစ် ယူနစ် တရုတ်ငွေ ၂ ယွမ် နှုန်း ပေးဆောင်ရကြောင်း သိရသည်။ |
| ပြည်ထောင်စုလမ်းမပေါ်က တံတားတခု မကြာခဏပျက် ခရီးသွားများအခက်တွေ့ Posted: 22 Oct 2012 12:56 AM PDT သျှမ်းပြည်မြောက်ပိုင်း တရုတ်နယ်စပ် မူစယ်မြို့နယ်၊ ပန်ခမ်းရွာအနီး ပြည်ထောင်စုလမ်းမရှိ နမ့်ပေါ့တံတားယမန်နေ့ မနက်ပိုင်းကပျက်သွား ပြီး ၁၀ နာရီခန့် ယာဉ်ကြောပိတ်ဆို့ မှုဖြစ်ခဲ့ရကြောင်း ဒေသတွင်းသတင်းရပ်ကွက်ကဆိုပါ သည်။ ![]() "မနက် ၈ နာရီခွဲ လောက်ကပျက်တယ်။ ညနေ ၃နာရီခွဲလောက်မှ ပြင်ပြီးတာ၊ ကားတွေပြည့်နေတာဘဲ။ ဆိုင်ကယ် တွေဆိုရင်တော့ တံတားအောက်ကနေ စက်လှေနဲ့ကူးရတယ်၊ ကူးခ ဆိုင်ကယ်နဲ့လူဆိုရင် ကျပ်တစ်ထောင်၊ လူဘဲ ဆိုရင်တော့ တယောက် ငါးရာပေါ့" - ဟု နမ့်ခမ်းက ဈေးသည် စိုင်းကွမ်းက သျှမ်းသံတော်ဆင့်အား ပြောပြသည်။ တရုတ်ပြည်ဘက်မှ မှောင်ခိုကုန် တင်သွင်းသော (over weight) တန်ချိန်ပိုကားကြီးများ ပန်ခမ်းရွာကူးတို့ဆိပ်မှ ၀င် လာပြီး နမ့်ပေါ့တံတားဖြတ်သန်းကာ မူစယ်မြို့သို့ပို့ကြောင်း၊ နမ့်ခမ်းမြို့ ၁၆ မိုင်ခန့် အကွာ မူစယ်မြို့နယ်အတွင်းရှိ အဆိုပါနမ့်ပေါ့ တံတားထိပ်ရှိ ဓါတ်ဆီဆိုင်ရှေ့တွင်စောင့်နေသော ပြည့်သူ့ရဲတပ်ဖွဲ့ထံ ဂိတ်ကြေးပေးခဲ့ရသေးကြောင်း ဒေသခံတစ်ဦးကဆိုသည်။ " ဒီတံတား ခဏခဏပျက်တတ်တယ်။ တစ်ပတ်နှစ်ခါလောက် ပုံမှန်ပျက်တယ်၊ တံတားက သက်တမ်းလွန်နေပြီ၊ တရုတ်တွေကတော့ တံတားပျက်မှာ ဘယ်ဂရုစိုက်မလဲ။ သူတို့တိုင်းပြည်မှမဟုတ်တာ။ သူတို့စီးပွါးဖြစ်ဖို့ဘဲ အရေးကြီးတယ်လေ။ မြန်မာဘက်ကရဲတွေကလဲ ပိုက်ဆံရရင်ပြီးရော လွတ်ပေးလိုက်တာပဲ ။ ဒါကြောင့်တံတား ခဏခဏ ပျက်ရတာ၊ တံတားပျက်ရင် ကျနော်တို့ကားသမားပဲဒုက္ခရောက်ရတယ်" ဟု မူစယ်က ကားသမားတစ်ဦး ပြောပြသည်။ နမ့်ပေါ့တံတားအသစ်ဆောက်လုပ်ရန်စီမံကိန်းမှာ ယခုနှစ်ဆန်းပိုင်းက စတင်ပြီး ယခုချိန်အထိ ရေလယ်တိုင် နှစ်တိုင်သာ ဆောက်လုပ်ပြီးစီး နေသေးကြောင်းတွေ့ရသည်။ ![]() "တံတားပေါ်မှာ ကုန်တင်ကားတစ်စီးဖြတ်သွားတာနဲ့ တံတားတခုလုံး ခါရမ်းသွားတာပဲ။ တံတား အခင်း သစ်သား တွေလည်း ဆွေးကုန်ပြီ၊ ပြင်ပြင် သုံးသုံး ပျက်ပျက်နဲ့ နစ်ပေါင်းကြာလည်း ကြာနေပြီ"ဟု နမ့်ခမ်းဒေသခံ စိုင်းခမ်း ကပြောပြသည်။ လွန်ခဲ့သောနှစ်ပေါင်း ရာကျော်ကတည်းက မူစယ်နှင့်နမ့်ခမ်းမြို့ ကြား၌ အင်္ဂလိပ်အစိုးရမှ (ယာယီ) စစ်သုံးတံတား (၃) စင်း ရှိသည်။ ၄င်းတို့မှာ နမ့်ခမ်းမြို့ရွှေလီကြိုးတံတား၊ နမ့်ခမ်းရေပူစမ်းအနီး နမ့်မချောင်းတံတား နှင့် မူစယ် နမ့်ပေါ့တံ တားတို့ဖြစ် သည်။ တံတား အသစ်ဆောက်လို့ပြီးစီးပြီဖြစ်သဖြင့် ရွှေလီကြိုးတံတား ကိုမူ အသုံးမပြုတော့ပေ။ သို့သော်ကျန်တံ တားနှစ်စင်းမှာ ခုချိန်ထိအန္တရာယ်ကြားမှ အသုံးပြုနေရသေးကြောင်း ဒေသခံများပြောပြချက်အရသိရသည်။ |
| You are subscribed to email updates from သျှမ်းသံတော်ဆင့် To stop receiving these emails, you may unsubscribe now. | Email delivery powered by Google |
| Google Inc., 20 West Kinzie, Chicago IL USA 60610 | |

