မြန်မာ့သတင်းများစုစည်းရာ |
- မွန်ပြည်နယ် ၊ သံဖြူဇရပ်မြို့မှ ယာဉ်တိုက်မှုနှင့် လူသေဆုံးမှု
- ရန်ကုန် ရခိုင်လူမျိုးများ ကွန်ယက် ကျယ်ကျယ်ပြန့်ပြန့် ဖွဲ့စည်း
- မကွေး NLD ပါတီဝင်များ အစုလိုက် ပါတီ ကူးပြောင်းသတင်း မမှန်ဟု ဆို
- Governor ဟိုတယ် နှင့့် မြန်မာ ဧည့်လမ်းညွှန်ကြား ပြဿနာ ဖြစ်ပွား
- ရခိုင်ပြည်နယ်အတွင်း ဖြန့်ကျက်ချထားသော လုံခြုံရေးတပ်ဖွဲ့ဝင် အင်အားစာရင်းထုတ်ပြန်
- ထွက်ပြေးလာသူလူပေါင်း၂၀၀၀ကျော် မောင်တော မြောက်ပိုင်းတွင် နေရာချထားမည်
- ဖော်သူမရှက်ဖတ်သူရှက်
- Apple လည်း အွန်လိုင်းရေဒီယို ထုတ်လွင့်မည်
- မိုးထိမိုးမိ ရွှေလုပ်သားများ အရေး ယခုတိုင် ပြေလည်မှု မရ
- မှောင်ခို ဝက်သား ရောင်းသူကို လိုက်လံ ဖမ်းဆီးစဉ် ကားတိုက်မိ၍ ရောင်းသူရော ဖမ်းသူပါ သေဆုံး ဒဏ်ရာရ
- စနစ်ပြောင်းလာပေမဲ့ မူမပြောင်းနိုင်သေးတဲ့ ပညာရေး
- ဦးခင်ညွန့် လူမြင်ကွင်း ခပ်စိပ်စိပ် ပြန်ထွက်လာ
- လူလတ်တန်းစားကို မမေ့ထားကြပါနှင့်
- အိဒ်ပွဲတော်အတွင်း နွားလည်လှီးရန် ကြိုးစားသူအား နွားသတ်၍သေဆုံး
- နိုင်ငံရေး လူပ်ရှားသူ တစ်ဦးမှ ရခိုင်ပြည်သို့ တင်သွင်းနေသော အရက်များကို ပိတ်ပင်ရန် ဆရာတော်ကြီးများကို မေတ္တာရပ်ခံ
- ကလေးငယ်အများစု ပညာသင်ကြားခွင့် ဆုံးရှုံးနေဆဲဟုဆို
- ဘာသာကွယ်၊ လူမျိုးပျောက်မည့် အန္တရာယ်အား ကာကွယ်နိုင်ရန် ရဟန်းတော်များကွန်ယက်ဖွဲ့စည်း
- ငြိမ်းချမ်းရေးနှင့် သယံဇာတ
- ၃ နှစ်သား ပါရမီရှင်လေး
- မြောက်ဦးမြို့တွင် ဒုက္ခသည်များ တိုးလာ
- ရခိုင်ဒီမိုကရေစီ အဖွဲ့ချုပ် အတွင်းရေးမှူး ဦးစောမောင်ကွယ်လွန်
- ရခိုင်ပဋိပက္ခ ဒုက္ခသည်များ အကူအညီတွေ အရေးပေါ် လိုအပ်
- အကြမ်းဖက်ဖို့ ကြံစည်မှုနဲ့ လူ ၁၁ ယောက်ကို အင်ဒိုနီးရှားမှာ ဖမ်းဆီး
- သစ်ချောထည် စက်ရုံ အလုပ်သမား၃ ရက်မြောက် သပိတ်ဆင်နွှဲ
- Sandy မုန်တိုင်း ဟာရီကိန်းအဖြစ် ပြန်အားကောင်း
| မွန်ပြည်နယ် ၊ သံဖြူဇရပ်မြို့မှ ယာဉ်တိုက်မှုနှင့် လူသေဆုံးမှု Posted: 28 Oct 2012 08:45 AM PDT လွန်ခဲ့သော အောက်တိုဘာလ (၂၆) ရက်နေ့ ညနေပိုင်းက .. ကျိုက္ခမီမြို့မှ မောင်းနှင်လာသော ယာဉ်မောင်း - မောင်အောင်မျိုးမင်း အသက် (၃၂)နှစ် ရန်ကုန်မြို့နေသူ မောင်းနှင် လာသော ယာဉ်အမှတ် - ၉ဃ/၉၂၇၁ မော်တော်ယာဉ်သည် မြို့လယ်တွင် မဆင်မခြင် အရှိန်ပြင်းစွာ မောင်းနှင်လာရာ သံဖြူဇရပ်မြို့ ၊ အောင်ဆန်းလမ်း နတ်စင်ရှေ့ဘက် လမ်းမပေါ်တွင် အရှိန်မထိန်းနိုင်ပဲ ယာဉ်ရှောင်တိမ်းရာမှ--- သစ်ထူးလွင် |
| ရန်ကုန် ရခိုင်လူမျိုးများ ကွန်ယက် ကျယ်ကျယ်ပြန့်ပြန့် ဖွဲ့စည်း Posted: 28 Oct 2012 07:50 AM PDT မင်းဆက်ခိုင် ရန်ကုန်ရောက် ရခိုင်ခေါင်းဆောင်များ၊ ရခိုင်အဖွဲ့အစည်း အသီးသီးမှ ကိုယ်စားလှယ်များနှင့် ရခိုင်အရေး စိတ်ဝင်စားသူများ စုပေါင်းကာ ကွန်ယက်တခုကို ဖွဲ့စည်းလိုက်သည်။ အဆိုပါ အခမ်းအနားကို ယနေ့ နေ့လည် ၁နာရီမှ ညနေ၄ နာရီထိ ရန်ကုန်မြို့ရှိ ရခိုင်ပြည်နယ် ဓမ္မာရုံတွင် ပြုလုပ်ခဲ့သည်။ " အခု ရန်ကုန်မှာရှိတဲ့ လူမှုရေးအသင်းအဖွဲ့တွေ၊ ကယ်ဆယ်ရေးအဖွဲ့တွေဟာ သွားနေကြတဲ့ လမ်းကြောင်း ဟာ ရခိုင်ပြည်ကို |
| မကွေး NLD ပါတီဝင်များ အစုလိုက် ပါတီ ကူးပြောင်းသတင်း မမှန်ဟု ဆို Posted: 28 Oct 2012 07:31 AM PDT ရန်ကုန်၊ အောက်တိုဘာ ၂၈ မကွေးတိုင်း ဒေသကြီး ပြည်ထောင်စု ကြံခိုင်ရေးနှင့် ဖွံ့ဖြိုးရေး ပါတီ သို့ အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်မှ ပါတီဝင် ၃၀၀ ကျော် ကူးပြောင်းသည့် သတင်းသည် ဟုတ်မှန်ခြင်း မရှိဘဲ ပါတီဝင် ရှစ်ဦးခန့် သာ ကူးပြောင်း ခြင်း ဖြစ်သည်ဟု NLD တိုင်း ဒေသကြီး ကော်မရှင် ဦးစိုးမိုးက The Voice Weekly ကို ပြောကြားသည်။ မကွေးတိုင်း ဒေသကြီး အင်တိုင်းကြီး ကျေးရွာအုပ်စု ဒေါင်းနေ ရွာ အပါအ၀င် အဖွဲ့ဝင် |
| Governor ဟိုတယ် နှင့့် မြန်မာ ဧည့်လမ်းညွှန်ကြား ပြဿနာ ဖြစ်ပွား Posted: 28 Oct 2012 07:30 AM PDT ရန်ကုန်၊ အောက်တိုဘာ ၂၇ နိုင်ငံခြားသား ဧည့်သည် အများအပြား တည်းခိုလေ့ ရှိသော ရန်ကုန်မြို့၊ဒဂုံမြို့နယ် ရှိ Governor Residence ဟိုတယ် တွင် အောက်တိုဘာ တတိယ ပတ်က ဧည့်သည် အချို့အခန်း မရရှိမှု နှင့် ပတ်သက်၍ လိုက်ပါ ဆောင်ရွက်သူ မြန်မာ ဧည့်လမ်းညွှန် နှင့် ဟိုတယ် ၀န်ထမ်းများ စကားများကာ ပြဿနာ ဖြစ်ခဲ့ ရကြောင်း မြန်မာနိုင်ငံ ဧည့်လမ်းညွှန်များ အသင်း ဥက္ကဌ ဦးရွှေမြအောင် က ပြောကြားသည်။ အဆိုပါ ဟိုတယ်သို့ အမေရိကန် |
| ရခိုင်ပြည်နယ်အတွင်း ဖြန့်ကျက်ချထားသော လုံခြုံရေးတပ်ဖွဲ့ဝင် အင်အားစာရင်းထုတ်ပြန် Posted: 28 Oct 2012 07:28 AM PDT ရခိုင်ပြည်နယ်အတွင်း ဆူပူအကြမ်းဖက်မှုများ တစ်ကျော့ပြန် ဖြစ်ပွားလာသည့် အခြေအနေတွင် လုံခြုံရေးတပ်ဖွဲ့ဝင် အင်အား မလုံလောက်မှုကို အဓိက ထောက်ပြ ဝေဖန်ပြောကြားလျက် ရှိပါသည်။ လတ်တလော အရေးတကြီးလိုအပ်ချက် ဖြစ်သော "စိုးမိုး-တည်ငြိမ်" ဟု အတို ကောက်ခေါ်တွင်လျက် ရှိသည့် တရားဥပဒေစိုးမိုးရေးနှင့် တည်ငြိမ် အေးချမ်းရေးကို အမြန်ဆုံး ရရှိအောင် ဆောင်ရွက်ရာတွင် လိုအပ်သမျှ အင်အားကို ရယူသုံးစွဲရန်၊ လုံခြုံရေးဆောင်ရွက်မှု |
| ထွက်ပြေးလာသူလူပေါင်း၂၀၀၀ကျော် မောင်တော မြောက်ပိုင်းတွင် နေရာချထားမည် Posted: 28 Oct 2012 05:28 AM PDT ယခု ရက်ပိုင်းအတွင်း ရခိုင်ပြည် နယ်တွင် ဖြစ်ပေါ်ခဲ့သည့် ဆူပူအကြမ်း ဖက်မှုကြောင့် ထွက်ပြေးလာသည့် ဘင်္ဂလီ လူမျိုး ၂၀၀၀ ကျော်ကို မောင်တောမြို့ နယ် တောင်ပြို အနီးတွင် နေရာချထားရန် အာဏာပိုင် များမှ စီစဉ်နေသည်။ သူတို့အား နေရာချထားမည့်နေရာမှာ မောင်တောမြို့နယ် မြောက်ပိုင်း တောင်ပြို အနီး လိပ်ရ ဆိုသည့်နေရာတွင် ဖြစ် ကြောင်း မောင်းတောမြို့မှ မြို့မိ မြို့ဘ တဦးကပြောသည်။ "ဒီနေ့ မနက်က သူတို့ကို လက်ခံ |
| Posted: 28 Oct 2012 03:50 AM PDT သတင်းစာ၊ဂျာနယ်ဟူသည် ပြည် တွင်းပြည်ပကမ္ဘာအရပ်ရပ်၊နိုင်ငံအသီး သီးတွင် ဖြစ်ပေါ်နေသော နိုင်ငံရေး၊စီး ပွားရေး၊လူမှုရေး၊စစ်ရေးစသဖြင့် မိမိစု ဆောင်းရရှိထားသော သတင်းများကို စာဖတ်သူများအကျိုး၊မိမိနိုင်ငံသားများ အကျိုးအတွက် ပြန်လည်ဝေငှအသိပေး သော အလုပ်ကိုဆောင်ရွက်ရသောအ လုပ်တစ်ခုဖြစ်ပါသည်။ဤသို့ဆောင်ရွက် ရာတွင် သတင်းသမားများအနေနှင့် မိမိ စုဆောင်းရရှိထားသမျှသတင်းများ အနက် ပြည်သူများအသိဥာဏ်ဖွံ့ဖြို |
| Apple လည်း အွန်လိုင်းရေဒီယို ထုတ်လွင့်မည် Posted: 28 Oct 2012 03:26 AM PDT Apple ကုမ္မဏီအနေဖြင့် အွန်လိုင်းရေဒီယို ဝန်ဆောင်မှု လုပ်ငန်း ပြုလုပ်ရန် စီစဉ်နေပြီ ဖြစ်ကြောင်း သိရသည်။ Bloomberg နည်းပညာ သတင်းဆိုဒ်မှ ဖော်ပြခဲ့ခြင်း ဖြစ်ပြီး ၂၀၁၃ နှစ်ဆန်း ပိုင်းတွင် စတင်ထုတ်လွင့်မည် ဖြစ်ကြောင်း ပြောဆိုထားသည်။ လက်ရှိ အမေရိကန်တွင် ဝန်ဆောင်မှုပေးနေသော ပန်ဒိုရာ (Pandora) ရေဒီယို ကဲ့သို့ ပြုလုပ်မည်ဟု သိရပြီး ပန်ဒိုရာ မပြုလုပ်သေးသော အခြား အခွင့် အရေးများလည်း ပေးစွမ်းမည်ဟု သိရသည်။ |
| မိုးထိမိုးမိ ရွှေလုပ်သားများ အရေး ယခုတိုင် ပြေလည်မှု မရ Posted: 28 Oct 2012 02:25 AM PDT မန္တလေးတိုင်း ဒေသကြီး၊ရမည်းသင်းခရိုင်၊ မိုးထိမိုးမိ ရွှေတွင်း လုပ်သားများအရေးနှင့်ပက်သက်၍ နိုင်ငံပိုင်သတင်းစာများ နှင့်မီဒီယာများတွင်ဖော်ပြနေသကဲ့သို့ ပြေလည်မှုရရှိသည်ဆိုသည်မှာ မဟုတ်ကြောင်း အဆိုပါ ဒေသခံ အလုပ်သမား များက မီဒီယာ များ သို့ ပြောကြားသည်။ ၄င်းတို့ အင်းပိုင်ရှင်များအနေဖြင့် အမျိုးသား ကြီးပွား တိုးတက်ရေး ကုမ္မဏီနှင့်စမ်းသပ်ကာလ ၆ လ လက်တွဲ၍ အလုပ်လုပ်ခဲ့ရာမှ ၂၀၁၂ခုနှစ်၊ ဧပြီလ ၁၂ ရက်နေ့ တွင် |
| မှောင်ခို ဝက်သား ရောင်းသူကို လိုက်လံ ဖမ်းဆီးစဉ် ကားတိုက်မိ၍ ရောင်းသူရော ဖမ်းသူပါ သေဆုံး ဒဏ်ရာရ Posted: 28 Oct 2012 02:10 AM PDT တောင်ငူ အောက်တိုဘာ ၂၇ ရန်ကုန်-မန္တလေး ကားလမ်း တောင်ငူမြို့ အလယ် သာသနာ့ ဗိမာန် အနီးတွင် အောက်တိုဘာ ၂၃ ရက် နံနက် ၃ နာရီက ဆိုင်ကယ် စီးနင်း၍ ဝက်သား မှောင်ခို ရောင်းသူ အမျိုးသမီး နှစ်ဦးကို လိုက်ဖမ်းသည့် ဆိုင်ကယ်စီး အမျိုးသား နှစ်ဦး တို့သည် ကုန်တင်ကား နှင့် တိုက်မိ ကြရာမှ အမျိုးသမီး တစ်ဦးနှင့် အမျိုးသား တစ်ဦး သေဆုံး ကြပြီး ကျန်အမျိုးသမီး တစ်ဦးနှင့် အမျိုးသား တစ်ဦးတို့ ပြင်းထန်စွာ ဒဏ်ရာ ရရှိမှု ဖြစ်ပွ |
| စနစ်ပြောင်းလာပေမဲ့ မူမပြောင်းနိုင်သေးတဲ့ ပညာရေး Posted: 28 Oct 2012 02:03 AM PDT မြန်မာနိုင်ငံတော်ကို အသွင်တစ်မျိုးဖြင့် ဆန်းသစ်နိုင်ခဲ့လို့ ကမ္ဘာ့အလယ်မှာ မျက်နှာပန်းလှနေ ချိန်ဝယ်…။ အခွင့်လမ်းတွေ၊ အခွင့်ရေးတွေဟာ မြန်မာနိုင်ငံအတွင်းသို့ တန်းစီဝင်လာနေခြင်းပါ။ သို့သော် အခွင့်အလမ်းတို့၊ အခွင့်ရေးတို့ဆိုတာ အမြဲတမ်းကြီး ရှိနေမှာမဟုတ်ပါ။ ပြောချင်တာက မြန်မာနိုင်ငံမှာ ဒီမိုကရေစီစနစ်ကို ကျင့်သုံးနေတာ မြန်မာပြည်သူ၊ ပြည်သားများလည်းသိ၊ ကမ္ဘာကလည်းသိနေခြင်းပါ။ မြန်မာနိုင်ငံသားတို့ဟာ |
| ဦးခင်ညွန့် လူမြင်ကွင်း ခပ်စိပ်စိပ် ပြန်ထွက်လာ Posted: 28 Oct 2012 01:25 AM PDT စစ်ထောက်လှမ်းရေး အကြီးအကဲဟောင်း၊ ၀န်ကြီးချုပ်ဟောင်း ဦးခင်ညွှန့်ဟာ တဖြည်းဖြည်းနဲ့ လူမြင်ကွင်း ကို ခပ်စိပ်စိတ်လေး ပြန်လည် ထွက်ပေါ် လာနေပါတယ်။ ဆိုင်းငံ့ပြစ်ဒဏ် ထောင်ဒဏ် ၄၄ နှစ်နဲ့ နေအိမ်အကျယ်ချုပ် ကျခံနေရာက ယခုနှစ်ဆန်းပိုင်းက သမ္မတ ဦးသိန်းစိန်ရဲ့ လွတ်ငြိမ်းချမ်းသာခွင့်နဲ့ လွတ်မြောက်လာခဲ့ပါတယ်။ လွတ်မြောက်ပြီးနောက်သူက နိုင်ငံရေးလုပ်မှာ မဟုတ်တော့ကြောင်း၊ လူမှုရေး လုပ်ငန်းတွေသာ လုပ်မှာ ဖြစ်တဲ့အကြောင်း၊ |
| လူလတ်တန်းစားကို မမေ့ထားကြပါနှင့် Posted: 28 Oct 2012 01:20 AM PDT လူလတ်တန်းစား ဆိုသည်မှာ လူ့အဖွဲ့အစည်း အတွင်းတွင် အလယ်နေရာ၌ ရှိနေသူများ ဖြစ်ကြောင်း ယေဘုယျအားဖြင့် အဓိပ္ပာယ် ဖွင့်ဆိုကြ ပါသည်။ လူမှု စီးပွားရေး ဝေါဟာရဖြင့် ဖွင့်ဆိုရှင်း ပြရလျှင် အထက်တန်းလွှာနှင့် အလုပ်သမား လူတန်းစားကြားမှာ ရှိနေသော အုပ်စုကြီးသည် လူလတ်တန်းစားအလွှာ ပင်ဖြစ်သည်။ လူလတ်တန်းစား၏ အရွယ်အစားသည် ယင်းကို အဓိပ္ပာယ်ဖွင့်ဆိုချက်၊ ယဉ်ကျေးမှု၊ ပညာရေး၊ စီးပွားဥစ္စာ၊ ကြီးပြင်းလာသော ပတ်ဝန်းကျင်၊ လူမှု |
| အိဒ်ပွဲတော်အတွင်း နွားလည်လှီးရန် ကြိုးစားသူအား နွားသတ်၍သေဆုံး Posted: 28 Oct 2012 12:01 AM PDT ပါလစ္စတိုင်းနိုင်ငံ မြို့တော် ဂါဇာမြို့တွင် အောက်တိုဘာ ၂၇ရက်နေ့(စနေနေ့)က ကျရောက်သော အစ္စလာမ်ဘာသာတို့၏ အိဒ်ပွဲတော်အတွင်း နွားလည်လှီးရန် ကြိုးစားသူ ပါလစ္စတိုင်းအမျိုးသား တစ်ဦးအား နွားသတ်၍ သေဆုံးသွားကြောင်း ယင်းအစိုးရမှ တရားဝင် သတင်းထုတ်ပြန်သည်။ ကမ္ဘာတ၀ှမ်း၌ အစ္စလာမ်တို့၏ အိဒ်ပွဲတော် ၄ရက်အတွင်း နွားနှင့် ဆိတ်ကို သောကြာနေ့က စတင်လည်လှီးသတ်ဖြတ်မှု စ တင်ခဲ့သည်ဟု ဆိုသည်။ အဆိုပါ ဂါဇာမြို့အတွင်း တိရစ္ဆာန်မျ |
| Posted: 27 Oct 2012 10:41 PM PDT နိုင်ငံရေး လူပ်ရှားနေသူ လူငယ် တစ်ဦးဖြစ်သူ ရခိုင့်အမျိုးသားရေး နိုင်နိုင်မှ ရခိုင်ပြည်နယ် အတွင်းသို့ ပြည်မမှနေ၍ အရက်များ အတားအဆီးမရှိ တင်သွင်းနေခြင်းကို တားမြစ် ပိတ်ပင် ပေးရန် ရခိုင် ဆရာတော်ကြီးများ အပါအ၀င် သံဃာထုတစ်ရပ်လုံးသို့ စာရေး မေတ္တာရပ်ခံလိုက်သည်။ ကိုနိုင်နိုင်က အဆိုပါ စာအား ယမန်နေ့က အင်တာနက်မှ တဆင့် နိရဉ္စရာသို့ ပေးပို့ရာတွင် ယခုကဲ့သို့ အရက်များကို အတားအဆီး မရှိ ရခိုင်ပြည်နယ်ထဲသို့ နေ့စဉ် |
| ကလေးငယ်အများစု ပညာသင်ကြားခွင့် ဆုံးရှုံးနေဆဲဟုဆို Posted: 27 Oct 2012 10:03 PM PDT မြန်မာနိုင်ငံရှိ ကလေးငယ်အများစု ပညာသင်ကြားခွင့် ဆုံးရှုံးနေဆဲ ဖြစ်နေတယ်လို့ လူမှုဝန်ထမ်း ဦးစီးဌာနက သိရပါတယ်။ 'ကလေးသူငယ်တွေ တွေ့ကြုံနေရတဲ့ အခြေအနေ အကြောင်းအရာ တွေက ဒေသအလိုက် ရှိနေတယ်၊ တချို့ ဒေသတွေမှာ အာဟာရ ချို့တဲ့နေပြီး တချို့ဒေသတွေမှာ ကျန်းမာရေး ပြဿနာတွေ ရှိနေတယ်၊ အဓိက ဒေသအများစုမှာ ဖြစ်နေတာက ကျောင်းမနေနိုင်တာပါ၊ ကျောင်းနေနိုင်ဖို့ လိုနေတယ်၊ ပညာတတ်မှ တခြားကိစ္စတွေ ပိုလုပ်နိုင်မှာဖြစ်တယ်' လို့ |
| ဘာသာကွယ်၊ လူမျိုးပျောက်မည့် အန္တရာယ်အား ကာကွယ်နိုင်ရန် ရဟန်းတော်များကွန်ယက်ဖွဲ့စည်း Posted: 27 Oct 2012 09:34 PM PDT ရခိုင်ပြည်နယ်တွင် ကျရောက်နေသည့် ဘာသာကွယ်၊ လူမျိုးပျောက် နယ်မြေတစ်လျှောက်အား သိမ်းပိုက်ရန် ကြံရွယ်၍ စံမံကိန်းဖြင့်ဖန်တီးနေသော အန္တရာယ်ကြီးတစ်ရပ်အား ကာကွယ်နိုင်ရန် သံတွဲမြို့နယ်၏ညီညွတ်သော ရဟန်းတော်များကွန်ယက်ကို ရခိုင်ပြည်နယ်၊ သံတွဲမြို့ သိမ်ကုန်းပရိယတ္တိ စာသင်တိုက်၌ အောက်တိုဘာ (၂၇) ရက်နေ့က ဖွဲ့စည်းခဲ့ကြောင်း သတင်းရရှိသည်။ အဆိုပါ အန္တရာယ်အား ရခိုင်ပြည်အတွင်း မှီတင်းနေထိုင်သော ရဟန်းရှင်လူအားလုံးမှ |
| Posted: 27 Oct 2012 09:31 PM PDT မော်ကွန်း မဂ္ဂဇင်းအမှတ်(၂)တွင် ပါရှိသော ဆောင်းပါးကိုပြန်လည်ဖော်ပြခြင်းဖြစ်ပါသည်။ ကိုရင်လှ နိုင်ငံဖွံ့ဖြိုးရေးနှင့် ပြည်သူများစားဝတ်နေရေးဖူလုံကြွယ် ၀ရန် မရှိမဖြစ်လိုအပ်သော အချက်များတွင် သဘာဝသယံဇာတ များ ပေါများကြွယ်ဝခြင်းနှင့် နိုင်ငံအတွင်း ပဋိပက္ခများကင်းဝေးလျက် တည်ငြိမ်သောနိုင်ငံရေး၊ လူမှုရေးနှင့် စီးပွားရေးအခြေအ နေတို့လည်း ပါဝင်ပါသည်။ ပဋိပက္ခများဆိုရာတွင် စစ်မက်ဖြစ်ပွားခြင်းသာမက |
| Posted: 27 Oct 2012 09:14 PM PDT အသက် ၃ နှစ်ကျော် ယောင်္ကျားလေး တဦးဟာ ထူးခြားတဲ့ ပါရမီ ရှင်လေးဖြစ်မယ်လို့ ပြောနေကြပါတယ်။ အသက် ၃ နှစ်တာ ကလေးငယ်တဦးက ရဟန်းတော်ကြီးတပါးလို တရားတွေဟော၊ သီလတွေ ပေးပြီး တကယ့် မထေရ်ကြီးလို ဟောပြောနေတာကို Cho Yee ရဲ့ အင်တာနက်ဖေ့စ်ဘုတ် စာမျက်နှာမှာ တင်ထား တာ လူကြိုက်အလွန်များလျှက် ရှိပါတယ်။ တချို့ မှတ်ချက်ရေးသူတွေကလည်း မထေရ် တပါးပါး လူပြန်ဝင်စားတာလားလို့ ရေးသားထားကြပါတယ်။ ဘာပဲ ပြောပြော ဒီ ဗီဒီယို ရုပ်ြ |
| မြောက်ဦးမြို့တွင် ဒုက္ခသည်များ တိုးလာ Posted: 27 Oct 2012 09:10 PM PDT မြောက်ဦးမြို့နယ် အဓိကရုဏ်းတွင် ဒုက္ခသည်အရေအတွက် တိုးပွားလာနေကြောင်း ၄င်းဒုက္ခသည်များကို မြောက်ဦးမြို့တွင်ရှိသော အလိုတော်ပြည့်ကျောင်းတိုက်၊ လက်ကောက်ဈေး ကျောင်းတိုက်၊ ရွှေဂူတောင်ကျောင်းတိုက်၊ အောင်ရတနာကျောင်းတိုက်တို့တွင် ထားကြောင်း သိရှိရသည်။ အလိုတော်ပြည့် ကျောင်းတိုက်သို့ ဒုက္ခသည်အဖြစ် ရောက်ရှိလာကြသော ရွာများ၊ အိမ်ထောင်စုဦးရေ၊ လူဦးရေများမှာ - ၁။ ကျောက်တွင်းကုန်းရွာ၊ အိမ်ထောင်စု(၃၁)စု၊ လူဦးရေ(၅၂) |
| ရခိုင်ဒီမိုကရေစီ အဖွဲ့ချုပ် အတွင်းရေးမှူး ဦးစောမောင်ကွယ်လွန် Posted: 27 Oct 2012 08:58 PM PDT ရခိုင်ဒီမိုကရေစီ အဖွဲ့ချုပ် (ALD) အတွင်းရေးမှူး ဦးစောမောင်သည် စစ်တွေ နေအိမ်တွင် အောက်တိုဘာလ ၂၅ ရက်နေ့က ကွယ်လွန် အနိစ္စရောက်သွားကြောင်း သိရှိရသည်။ ဦးစောမောင်အား ယနေ့ (အောက်တိုဘာ ၂၇ ရက်နေ့) တွင် စစ်တွေ တွင် သဂြိုလ်မည် ဖြစ်ကြောင်း သိရသည်။ " ဦးစောမောင်ဟာ တိုင်းပြည် လူမျိုးအတွက် ကြိုးပမ်းလုပ်ဆောင်ခဲ့တဲ့ ကျွန်တော်တို့ရဲ့ လုပ်ဖေါ်ကိုင်ဘက် ရဲဘော်ကောင်း တစ်ဦးဖြစ်ပါတယ်။ ခုသူကွယ်လွန်တာဟာ ကျွန်တော်တို့ အတွ |
| ရခိုင်ပဋိပက္ခ ဒုက္ခသည်များ အကူအညီတွေ အရေးပေါ် လိုအပ် Posted: 27 Oct 2012 08:54 PM PDT ရခိုင်ပြည်နယ်တွင်း တကျော့ပြန် လူမျိုးစုပဋိပက္ခတွေကြောင့် သီတင်းတပတ်အတွင်း လူ ၆၀ ကျော် သေဆုံးခဲ့ရပြီး အိုးအိမ်ထောင်ချီ မီးရှို့ ဖျက်ဆီးခံခဲ့ရပါတယ်။ အခုရက်ပိုင်း မှာတော့ ရခိုင်ပြည်နယ်တွင်း အချို့နေရာတွေမှာ အခြေအနေတွေဟာ အနည်းငယ် အေးချမ်း၊ တည်ငြိမ်သွားပြီဖြစ်ပေမဲ့ ထောင်ချီတဲ့ ဒုက္ခသည်တွေ အတွက် ရိက္ခာနဲ့ ဆေးဝါးပစ္စည်းတွေ အရေးတကြီး လိုအပ်နေပါတယ်။ နောက်ဆုံးရ ရခိုင်ပြည်နယ် သတင်းတွေကို မဆုမွန်က စုစည်း တင်ြ |
| အကြမ်းဖက်ဖို့ ကြံစည်မှုနဲ့ လူ ၁၁ ယောက်ကို အင်ဒိုနီးရှားမှာ ဖမ်းဆီး Posted: 27 Oct 2012 08:46 PM PDT ဒိုဂျကာတာမြို့တော်က အမေရိကန် သံရုံးနဲ့ တခြား ပြည်တွင်းပြည်ပက ပစ်မှတ်တွေကို တိုက်ခိုက်ဖို့ ကြံစည်သူတွေအဖြစ် သံသယ ရှိသူ လူပေါင်း ၁၁ ယောက်ကို ဖမ်းဆီးလိုက်တဲ့အကြောင်း အင်ဒိုနီးရှား ရဲတပ်ဖွဲ့က ပြောပါတယ်။ အကြမ်းဖက်ဝါဒ တိုက်ဖျက်ရေး အထူးတပ်ဖွဲ့က ခရိုင် ၄ ခုမှာ ဖမ်းဆီးမှုတွေ လုပ်ခဲ့တာလို့ အင်နီးရှားရဲတပ်ဖွဲ့ ပြောခွင့်ရသူ Suhardi Alius က စနေနေ့မှာ ပြောလိုက်တာပါ။ တိုက်ခိုက်မှုတွေကို ဆက်တိုက်ဆိုသလို |
| သစ်ချောထည် စက်ရုံ အလုပ်သမား၃ ရက်မြောက် သပိတ်ဆင်နွှဲ Posted: 27 Oct 2012 08:38 PM PDT ရန်ကုန်တိုင်း၊ ရွှေပြည်သာမြို့နယ်၊ ဝါးတစ်ရာစက်မှုဇုံမှာရှိတဲ့ တော်ဝင် သစ်အချောထည်စက်ရုံက အလုပ်သမား (၂၀၀)ကျော်ဟာ တောင်းဆိုထားတဲ့ အချက် (၅) ချက်ကို အလုပ်ရှင်ဘက်က မလိုက်လျောမချင်း နေ့ရောညပါ စက်ရုံရှေ့မှာ ဆန္ဒပြတောင်းဆိုနေတာ ဒီကနေ့ဆိုရင် သုံးရက်မြောက်ရှိသွားပြီလို့ သိရပါတယ်။ ဆန္ဒပြတောင်းဆိုတဲ့ အချက်တွေက စက်ရုံအလုပ်သမားတွေကို အလုပ်ရှင်ဘက်က လူမှုဖူလုံရေးကဒ် တစ်ပတ်အတွင်းထုတ်ပေးဖို့၊ အလုပ်သမားတွေကို |
| Sandy မုန်တိုင်း ဟာရီကိန်းအဖြစ် ပြန်အားကောင်း Posted: 27 Oct 2012 06:20 PM PDT စန္ဒီ (Sandy) ဟာရီကိန်း မုန်တိုင်းကို အပူပိုင်း မုန်တိုင်းအဖြစ် အဆင့်လျှော့ချခဲ့ပြီးတဲ့နောက် မကြာခင်မှာပဲ အန္တလန္တိတ် သမုဒ္ဒရာဘက်ခြမ်း အမေရိကန် ပြည်ထောင်စု အရှေ့ဘက် ကမ်းခြေတကြောမှာ စနေနေ့ ဒီကနေ့မှာတော့ ဟာရီကိန်း မုန်တိုင်းအဖြစ် ပြန်လည် အသွင်ကူးပြောင်းသွားပါပြီ။ မုန်တိုင်းဟာ ဗဟိုချက်ကနေ မိုင် ၁၀၀ အ၀န်းအ၀ိုင်း အထိ ကျယ်ပြန့်ပြီး ကြီးမားတဲ့ ဆိုင်ကလုန်း မုန်တိုင်းအသွင် ပြောင်းနေတယ်လို့ အမေရိကန် အမျို |
| You are subscribed to email updates from မြန်မာ့သတင်းများစုစည်းရာ To stop receiving these emails, you may unsubscribe now. | Email delivery powered by Google |
| Google Inc., 20 West Kinzie, Chicago IL USA 60610 | |