သျှမ်းသံတော်ဆင့် |
| ထိုင်းတရားရုံးဖြစ်ပါက စိုင်းနော်ခမ်း လွတ်မြောက်နိုင်ဟု ထိုင်းရှေ့နေပြော Posted: 08 Oct 2012 03:05 AM PDT ရွှေတြိဂံဒေသ မူးယစ်ရာဇာ အမည်ရ စိုင်းနော်ခမ်း သည် ထိုင်းတရားရုံး၌ အမှုရင်ဆိုင်ရပါက လွတ် မြောက်နိုင်ကြောင်း ထိုင်းရှေ့နေတစ်ဦး၏ ပြောကြားချက်အရ သိရပါသည်။ ![]() စိုင်းနော်ခမ်းနှင့်အဖွဲ့အား ရုံးတင်စစ်ဆေးနေစဉ် (Photo:Xinhua) တရုတ်နိုင်ငံ ယူနန်ပြည်နယ် ကူမင်း(ခွန်းမင်)တရားရုံးမှ ပြစ်ဒဏ်စီရင်ချက်ချမှတ်ရန် စောင့်ဆိုင်းနေသူ စိုင်းနော်ခမ်း ၏ အမှုကို ထိုင်းနိုင်ငံက ယခုတလော နာမည်ကြီးနေသည့် လူသတ်မှုတစ်ခု၏ သက်သေ များနှင့် နှိုင်းယှဉ်ပြရာ- ၁) တရားခံဟု စွပ်စွဲခံထားရသူ၏ နယ်မြေအတွင်း၌ သတ်ဖြတ်မှုခံရသူတို့၏ အလောင်းကို တွေ့ရခြင်း။ ၂) ရုပ်အလောင်းများ၌ သေနတ်ဒဏ်ရာများ တွေ့ရခြင်း။ ၃) တရားခံအဖြစ် စွပ်စွဲခံထားရသူမှာ တရားမဝင် သေနတ်အမြောက်အမြား ရှိခြင်း။ ၄) အသတ်ခံရသူ၏ မော်တော်ကားကို တရားခံ၏ နယ်မြေအတွင်း၌ တွေ့ရခြင်း။ ၅) သတ်ဖြတ်မှုအတွက် သက်သေခံသူ ရှိခြင်း- စသည်တို့ကို တွေ့ရသည်။ "စိုင်းနော်ခမ်းနဲ့အတူ အဖမ်းခံရတဲ့ တပည့်တွေက သူတို့ဆရာပါလို့ သက်သေထွက်ဆိုမှုဟာ လေးနက်မှု မရှိဘူး။ သူတို့ရဲ့လွတ်မြောက်ရေး သက်သာရာရရေးအတွက် ပြောတယ်လို့ ယူဆကြမှာပါ။ အခုလို တရုတ် ၁၃ ဦး သတ်ဖြတ်ခံရတဲ့ မဲခေါင်မြစ်ဆိုတာဟာ စိုင်းနော်ခမ်း ပိုင်ဆိုင်တဲ့ နယ်မြေ မဟုတ်ဘူး။ ထိုင်း၊ လော၊ မြန်မာ စတဲ့ နိုင်ငံအားလုံးက ပိုင်တယ်။ အခုထက်ထိ တရုတ် ၁၃ ယောက်ကို ဒီသေနတ်နဲ့ သတ်ခဲ့တယ်လို့ ပြနိုင်တာလည်း မတွေ့ရသေးဘူး။ သက်သေအထောက် အထား အရမ်းနည်းတယ်။ ဒါကြောင့် ထိုင်းတရားရုံးမှာ အမှုရင်ဆိုင်ရရင်တော့ ဒီအမှုဟာ လွတ်မြောက်ဖို့ များတယ်" ဟု အဆိုပါ ရှေ့နေက သျှမ်းသံတော်ဆင့်အား ပြောပြသည်။ စိုင်းနော်ခမ်း အား ကူမင်းတရားရုံး၌ စက်တင်ဘာ ၂၀ ရက် မှ ၂၁ ရက်ထိ စစ်ဆေးမေးမြန်းပြီးနောက် ပြစ်ဒဏ်စီရင်ချမှတ်ရန် အထူးခုံရုံး ဖွဲ့ထားကြောင်း သိရှိရပါသည်။ "တရုတ်မှာ ဥပဒေ ဘယ်လိုရှိတယ်ဆိုတာ ကျနော်တို့ မသိရဘူး။ ဘယ်လိုဘဲဖြစ်ဖြစ် ကြီးသောအမှု ငယ်စေ၊ ငယ်သောအမှု ပပျောက်စေ ဖြစ်သွားအောင် သူ့ရဲ့မိသားစုလည်း တရုတ်ရှေ့နေရှာပြီး တတ်နိုင်သလောက် ကူညီသင့်တယ်" ဟု ၎င်းက ဆက်ပြောပါသည်။ သို့သော် စိုင်းနော်ခမ်း၏ ညီဖြစ်သူ စိုင်းလောဝ်ဖှ မှာမူ စိုင်းနော်ခမ်း အား ဖမ်းဆီးသွားပြီးနောက် တကြိမ်တခါမျှ အဆက်အသွယ် မရရှိခဲ့ကြောင်း ပြောပါသည်။ |
| ကာချုပ်နှင့်အဖွဲ့ ‘ဝ’ နှင့် မိုင်းလားအား မူးယစ်ဆေးဝါးအဓိကထားဆွေးနွေး Posted: 08 Oct 2012 03:03 AM PDT တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဒုဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင် ဦးဆောင်သောအဖွဲ့ ဝ နှင့် မိုင်းလား ခေါင်း ဆောင်များအား စနေနေ့က ကျိုင်းတုံ၌တွေ့ဆုံကာ မူးယစ်ဆေးဝါးကိစ္စ အဓိကထားဆွေးနွေးသွား ကြောင်း နီးစပ်သည့် အသိုင်းအဝိုင်းကပြောပါသည်။ ![]() ယမန်နှစ်က လားရှိုး၌ ကျင်းပသော UWSA နှင့်နေပြည်တော်အဖွဲ့၏ ပြည်ထောင်စုအဆင့် ငြိမ်းချမ်းရေးဆွေးနွေးပွဲ "သီးသန့်လေယာဉ်နဲ့ လာတယ်။ ဒုဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်ဦးဆောင်တယ်။တိုင်းချုပ် ဒု ဗိုလ်ချုပ်ကြီး အောင်သန်းထွဋ် ရလခ၊ ရမခ နဲ့အတူ တြိဂံ တိုင်းမှူးလဲပါတယ်။ အစိုးရရဲ့ စစ်ခေါင်းဆောင်ပိုင်း အားလုံး ၉ ယောက် လာတယ်၊ အဓိက ကတော့ နိုင်ငံရေး စစ်ရေးဘက်သိပ်မပြောဘူး၊ မူးယစ်ယစ်ဆေးဝါး တိုက်ဖျက်ဖို့ အဓိက ပြောသွားတယ်" - ဟု ကျိုင်းတုံရှိ အပစ်ရပ် ကိုယ်စားလှယ်ရုံးအသိုင်းအဝိုင်းက ပြောပါသည်။ စက်တင်္ဘာ ၆ ရက် မွန်းလွဲ ၁၂:၃၀ နာရီ က သျှမ်းပြည်အရှေ့ပိုင်း ကျိုင်းတုံမြို့၌ ဗိုလ်ချုပ်ကြီးမင်းအောင်လှိုင် နှင့်အတူ လားရှိုး၊ ခိုလမ် နှင့် ကျိုင်းတုံမှ စစ်တိုင်းမှူးတို့ ပါဝင်သောအဖွဲ့က UWSA ဝ တပ်ဖွဲ့ ဒု ဥက္ကဌ ရှောက် မင်လျှံ၊ ကျောက် ကော်အန်း၊ လီဂျူးလျဲ့ ခေါ် ဦးအောင်မြင့် ၊ ၁၄:၀၀ နာရီတွင် NDAA-ESS မိုင်းလားတပ်ဖွဲ့ မှ ဥက္ကဌ စိုင်းလင်း၊ ဒုဉက္ကဌ ဆန်းပေ နှင့် ခွန်ဆန်လူ တို့က တွေ့ဆုံဆွေးနွေးကြသည်ဟု ဆိုသည်။ "ဒုဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်ကနေပြီးတော့ 'အခုကျနော်တို့တိုင်းပြည်မှာမူးယစ်ဆေးဝါး အရမ်းပေါများ နေတယ်။ ထိုင်း၊ တရုတ်နှင့် အမေရိကန်တွေတောင်မေးမြန်းလာတယ်ဆိုတော့၊ ခင်ဗျားတိုအပစ်ရပ် နယ်မြေတွေလဲ ၂၀၁၅ မှာ မူးယစ်ဆေးဝါးမရှိစေချင်တော့ဘူး၊ ခင်ဗျားတို့နာမည်ပျက်ရင်လဲ၊ ကျနော်တို့ နာမည် အဖျက်ခံရတာနဲ့ အတူတူဘဲ' စတာတွေပြောတယ်" - ဟု ဝ ၊ မိုင်းလား ခေါင်းဆောင်ပိုင်းနှင့် နီးစပ်သူတဦးကပြောပါသည်။ မြန်မာအစိုးရသည် ပြည်ထဲရေးဝန်ကြီးဌာနဝန်ကြီး နှင့် CCDAC မူးယစ်ဆေးဝါးတိုက်ဖျက်ရေးဗဟိုကော်မတီ ဥက္ကဌ ဒုတိယဗိုလ်ချုပ်ကြီးကိုကိုကလည်း '၂၀၁၄ အပြီးလုပ် ဆောင်မည့် မြန်မာနိုင်ငံမူးယစ် ဆေးဝါးတိုက် ဖျက်ရေး စီမံကိန်းအား ၂၀၁၉ အထိ စီမံကိန်းနှစ်ဆက်တိုးထား သည်ဟု ပြောကြောင်း' - ၆ ရက်နေ့ထုတ်အစိုးရပိုင် သတင်းစာ၌ ရေးသား၏။ ထို့အတူ အာဆီယံနိုင်ငံ အတွင်း မူးယစ်ဆေးဝါး ပပျောက်ရန် မြန်မာနိုင်ငံအပေါ်မူတည်ကြောင်း၊ မြန်မာအစိုး ရ၏ မူးယစ်ဆေးဝါးပပျောက်ရေးစီမံကိန်းပြောင်းလဲမှုကြောင့် အာဆီယံမူးယစ်ကင်းစင်ရေးလည်း ၂၀၁၅ မှ၂၀၂၀ သို့ ရွှေ့သွား ဖွယ်ရှိ ကြောင်း သျှမ်းပြည်မူးယစ်ဆေးဝါးစောင့်ကြည့်ရေးအဖွဲ့ခေါင်းဆောင် ဦးခွန်စိုင်းကပြောပါသည်။ ဂျူလိုင် ၁၁-၁၅ အထိ တပ်ဖွဲ့ညီလာခံမှ ဆုံးဖြတ်ချက်အရ 'စိုက်ပျိုးခြင်း၊ ချက်လုပ်ခြင်း၊ သယ်ယူပို့ဆောင်ခြင်း၊ ရောင်းဝယ်ခြင်း၊ သုံးစွဲခြင်း လုံးဝမရှိရ ဆိုသည့်ဝန်ခံကတိအား အိမ်တိုင်း လက်မှတ်ရေးထိုးခိုင်း သည့်နောက် မူးယစ်ဆေးဝါးနှင့် ပတ်သက်ဆက်နွယ်သူ ၃၀၀ ကျော်အား ထိန်းချုပ်ထားပြီးချထားသော စည်းမျဉ်းဥပဒေ အရ တရားစီရင်သွားမည်ဖြစ်ကြောင်း မိုင်းလားအရှိ တဦးကလည်းပြောပါသည်။ |
| You are subscribed to email updates from သျှမ်းသံတော်ဆင့် To stop receiving these emails, you may unsubscribe now. | Email delivery powered by Google |
| Google Inc., 20 West Kinzie, Chicago IL USA 60610 | |

