ပြည်သူလူထု၏ ကျန်းမာရေးနှင့် ပက်သက်ပြီး ပြည်သူတစ်ယောက်အနေနှင့် ဆွေးနွေး အကြံပြုလိုပါသည် ယခုအချိန်တွင် ဆေးရုံဆေးခန်းများ မြောက်မြားစွာ ပေါ်ပေါက်လျက်ရှိနေပါပြီ တချို့ပြည်သူများက မိမိတို့ကျန်းမာရေးကို အမှန်တကယ် အထောက်အကူပြုမည့် ဆေးရုံဆေးခန်းကို ရွေးချယ်တတ်ကြပေမယ့် တချို့ပြည်သူများကတော့ အရွေးမှားနေကြဆဲ ဖြစ်နေပါသည် အရည်အသွေး ပြည့်မီသော ဆေးရုံကောင်းတစ်ခုတွင် စက်ပစ်စည်းများ အမျိုးစုံလင်စွာ ရှိနေရမည့်အပြင် B.N.Sc & M.N.Sc Special Nurse များ B.Med: Tech: & M.Med: Tech: များ B.Pharm & M.Pharm များ ဆေးရုံတွင် အချိန်ပြည့်နေပေးနိုင်သော M.B,B.S များ office ပိုင်း တွင်လည်း အရည်အသွေးပြည့်မီသော staff များ ရှိနေသင့်ပါတယ် ဓါတ်ခွဲခန်းများ ဓါတ်မှန်ခန်းများ အရိုးအကြောကုသခန်းများတွင်လည်း အကောင်းစားစက်များ တပ်ဆင်ပါရှိသင့်ပါတယ် အကယ်၍ ဆေးခန်းတစ်ခုဟာ မြင်သာသောနေရာများတွင်သာ စက်အကောင်းစား တစ်ခုနှစ်ခုကိုပြထားပြီး အတွင်းဘက်တွင် စက်အကောင်းစားဟူ၍ဘာမှ မရှိပဲ ဟောင်းလောင်းဖြစ်နေပါက အားကိုးလောက်သော ဆေးခန်းတစ်ခု မဟုတ်ပါ Nurse များကို ခန့်ထားရာတွင်လည်း Certificate အဆင့် အကူအဆင့်များ ကိုသာ ခန့်ထားပါက လူနာအတွက် အကျိုးရှိဖို့ မသေချာပါ ဓါတ်ခွဲခန်းအတွင်းတွင်လည်း B.Med: Tech: (Laboratory) များ ခန်းထားခြင်းမရှိဘဲ Certificateရှိရုံလူများသာ ခန့်ထားခြင်း ဓါတ်မှန်ခန်းများတွင်လည်း B.Med: Tech: (Radiologist) များခန့်ထားရမည့်အစား လူရှိတယ်ဆိုရုံ Certificateသမားများသာ ခန့်ထာခြင်း အရိုးအကြောကုသခန်းများတွင်လည်း B.Med: Tech: (Physiotherapist) များ စက်အကောင်းစားများ မရှိဘဲ ဟောင်းလောင်းဖြစ်နေခြင်းများကြောင့် လူနာမှာ ဒုက်ခများနိုင်ပါသည် လူနာ၏ မှတ်တမ်းမှတ်ရာ documents များတွင် ဘွဲ့နှစ်ခု သုံးခုရထားသော ဆရာဝန်များ၏ နာမည်များ တံဆိပ်တုံးများ ထုပေးလိုက်ကြပြီး အမှန်တကယ်စောင့်ရှောက်ပေးခြင်း မရှိသောဆေးခန်းများကို ပုံမအပ်မိဖို့လည်း လိုပါသည် တံဆိပ်တုံးအသုံးပြုခွင့်မှာလည်း အလွယ်တကူ ဝယ်ယူငှားယူခွင့် ရနေကြပြီး တချို့ ဆရာဝန်များမှာ ဆေးခန်း နှစ်ဆယ် သုံးဆယ်ခန့်တွင် တံဆိပ်တုံးထုခွင့်ပြုထားကြပါသည် အမှန်တကယ်မှာ မိမိအမှန်တကယ် care လုပ်နိုင်သော အချိန်ပြည့်နေပေးနိုင်သော ဆေးခန်း တစ်ခန်းနှစ်ခန်းတွင်သာ တံဆိပ်တုံးထုရမည်ဖြစ်ပါသည် စက်ပစ်စည်းရော ဝန်ထမ်းတွေရောမှာ Quality လုံးဝ မရှိပဲ စာရွက်စာတမ်းများကိုသာ လှလှပပရိုက်ထုတ်ပြီး ဘွဲ့နှစ်ဘွဲ့သုံးဘွဲ့ရထားသော ဆရာဝန် တံဆိပ်တုံးနာမည်ခံရုံသာ ဖြစ်နေပါက လူနာမှာ အမှန်တကယ် အကျိုးရှိဖို့ မသေချာတော့ပါ စီးပွားရေးဆန်ဆန် အပေါ်ယံဆေးခန်းများ ကိုရှောင်ရှားသင့်လှပါသည် B.N.Sc တစ်ယောက်တည်းရှိပြီး အကူnurse တစ်ရာရှိသော ဆေးခန်းနှင့် B.N.Sc ငါးဆယ် အကူnurse ငါးဆယ်ရှိသော ဆေးခန်း မည်သည့်ဆေးခန်းကို ရွေးသင့်ပါသနည်း သေချာစဉ်းစားစေချင်ပါသည် B.Pharm တစ်ယောက်ရှိသော Pharmacy နှင့် B.Pharm ဆယ်ယောက်ရှိသော Pharmacy Quality မတူနိုင်ပါ မြို့နေလူထုအတွက် လမ်းညွှန်ပြီးဖြစ်၍ နယ်မြို့လေးများအတွက်လည်း အကြံပြုလိုပါသည် နယ်ဆေးရုံများတွင်လည်း အကောင်းစားစက်ပစ်စည်းများ တပ်ဆင်ရန်နှင့် ဘွဲ့ရပညာတတ်များ ခန့်ထားရန် လိုအပ်ပါသည် မိမိတို့နယ်မှမဲပေး ခန့်အပ်ထားသော လွှတ်တော်အမတ်များအား တင်ပြတောင်းဆိုသင့်လှပါသည် မိမိတို့နယ်အတွက် စေလွှတ်ထားသော ကျန်းမာရေးဝန်ထမ်းများအား Master အဆင့်က ဘယ်နှစ်ယောက် Bachelor အဆင့်က ဘယ်နှစ်ယောက် Certificate အဆင့်က ဘယ်နှစ်ယောက် ဟူသည်ကို စုံစမ်းလေ့လာသင့်လှပါသည် ထို ဘွဲ့ရပညာတတ်များမှာလည်း မိမိတို့ဘွဲ့နှင့် လိုက်လျောညီထွေရှိသော ရာထူးနှင့် ဝန်ထမ်းတိုက်ခန်းများ ရနိုင်ပါက မည်မျှပင် ဝေးလံခေါင်သီသောဒေသဖြစ်ပါစေ လာကြမည်ပင် တောင်းဆိုသောဒေသခံများလည်းရှိပြီး လာရမည့်သူများလည်း လာရောက်ကြပြီဆိုပါလျှင် စက်ပစ်စည်းအပြည့်အစုံလည်းရှိပြီ ဆိုပါလျှင် မြန်မာတစ်ပြည်လုံး၏ ကျန်းမာရေးမှာ များစွာ အဆင့်အတန်းမြင့်မားလာမှာ ဖြစ်ပါသည်
--ဤ Email (သို့မဟုတ်) ဤ Post သည် Myanmar Daily Mail Group မှ ဖြစ်သည်။ Myanmar Daily Mail ၏ Group စာမျက်နှာမှာ http://groups.google.com/group/mayanmardailymail ဖြစ်ပြီး Blog စာမျက်နှာမှာ http://myanmardailymail.blogspot.com/ ဖြစ်သည်။ ယင်းစာမျက်နှာများသည် အများပိုင် စာမျက်နှာများဖြစ်ပြီး mayanmardailymail@googlegroups.com သို့ လိပ်မူ၍ Email ပို့လိုက်သည်နှင့် Group စာမျက်နှာနှင့် Blog စာမျက်နှာ နှစ်ခုလုံးတွင် တပြိုင်နက်တည်း Post တင်ပြီးသားဖြစ်အောင် စီမံထားသည်။
ထို့ကြောင့် Post တင်ရာတွင် (သို့မဟုတ်) Email ပို့ရတွင် မလိုအပ်သည့် စာသားများ၊ မလိုအပ်သည့် Email များနှင့် တစ်ဦးချင်းဖြင့်သာ သက်ဆိုင်သည့် ဆွေးနွေးချင်းများကို ရှောင်ရှားဖယ်ထုတ်ပြီးမှ ပို့စေလိုပါသည်။
Myanmar Daily Mail Group တွင် Member ဝင်လိုပါက mayanmardailymail+subscribe@googlegroups.com သို့ Email ပို့ကာ အသင်းဝင်နိုင်ပြီး Member အဖြစ်မှ နုတ်ထွက်လိုပါက mayanmardailymail+unsubscribe@googlegroups.com သို့ Email ပို့၍နှုတ်ထွက်နိုင်သည်။