[mrsorcerer:33072] [Richard Aung] လောင်းကစားဒိုင် အား တိကျသေချာသည့် အထောက်အထားပေး က ဖမ်းဆီးမည်ဟုဆို




နိုင်ငံသားများ၏ အကျင့် ပျက်ပြားအောင် စီးပွားရေး ဆန်ဆန် ပြုလုပ်နေသည့်


လောင်း ကစားဒိုင်များအား မြန်မာနိုင်ငံ ရဲတပ် ဖွဲ့မှ ထိရောက်စွာ အရေးယူမှုမရှိဟု လွှတ်တော်ကိုယ်စား


လှယ်များ တင်ပြမှုအပေါ် တိကျ သေချာသည် ထောက်အထား ပေးပါကဖမ်းဆီးသွားမည်ဟု လုံခြုံရေးနှင့် နယ်စပ်ရေးရာ ဝန်ကြီး ဗိုလ်မှူးကြီးတင်ဝင်းက ပြော သည်။




ရဲတပ်ဖွဲ့အနေဖြင့် သက်သေ ခိုင်လုံမှသာ ဖမ်းဆီးအရေးယူမှု ကို ဆောင်ရွက်နိုင်သည့် အတွက် ခိုင်မာသည့်သတင်းပေးသူရှိပါက သတင်း ပေးသူကိုလျှိုဝှက်၍ဒိုင် ကြီးများအား ဖမ်းဆီးသွားမည်ဟု ၄င်းက ပြောသည်။




ယခင်နှစ် ဇူလိုင်လမှ စ၍ လောင်းကစားမှုပပျောက်ရေး စီမံ ချက်ကို ရေးဆွဲ၍၄င်းတို့ဘက်မှ ကြိုးပမ်းဆောင်ရွက်လျက် ရှိပြီး ပြည်သူများ၏ သတင်းပေးမှုဖြင့်အထက်ဌာနမှ ဝင်ရောက်ဖမ်းဆီး ခဲ့ရသဖြင့် သက်ဆိုင်ရာ နယ်မြေရှိ မြို့နယ်စခန်းမှူးနှင့်နယ်ထိန်းများ ကိုလည်း ပြစ်ဒဏ်ချအရေးယူမှု များ ဆောင်ရွက်ခဲ့ခြင်းလည်း ရှိသည်ဟု ¸၄င်းက ပြောသည်။




စီမံကိန်း စတင်အကောင်အ ထည်ဖော်ခဲ့သည့် ၂ဝ၁၁ ခုနှစ် ဇူလိုင်လ ၁ ရက်နေ့မှ၂ဝ၁၂ ခုနှစ် ဇွန်လ ၃ဝ ရက်နေ့ အထိ တာဝန် ကျေပွန်စွာ မထမ်းဆောင်နိုင်ခဲ့သည့် အရာရှိ ၁၇၄ ဦးနှင့် အခြား အဆင့် တပ်ဖွဲ့ဝင် ၇၉ ဦးကို အရေးယူခဲ့ပြီး နှစ်လုံး၊ ချဲ၊ ဖဲ၊ ဂျင်၊ ဘောလုံးနှင့် အခြားအမှု ၆၆ဝ ကျော်ကိုလည်း ယခင်နှစ်ထက် ပိုမို


အရေးယူနိုင်ခဲ့သည်ဟု ၄င်းက ပြောသည်။




ဝေမာထွန်း




Popular News


--
Posted By အောင်မျိုးကျော် to Richard Aung at 10/04/2012 12:06:00 PM

--
မှော်ဆရာအဖွဲ့ မှ နေ့ စဉ်မေးလ်များ ရယူလိုပါက http://groups.google.com/group/mrsorcerer/subscribe?hl=en ကို နှိပ်ပြီး မန်ဘာဝင်နိုင်ပါသည် ။
မန်ဘာဝင်များ မိမိတို.သိထားသည်များကို မျှဝေလိုပါက mrsorcerer@googlegroups.com သို. မေးလ်ပို.နိုင်ပါသည် ။
မှော်ဆရာအဖွဲ့ မှ နှုတ်ထွက်လိုလျှင် mrsorcerer+unsubscribe@googlegroups.com ကိုနှိပ်ပြီး မေးလ်ပို.ပါ ။
စာလက်ခံလိုသည့်ပုံစံ ပြင်လိုလျှင် http://groups.google.com/group/mrsorcerer?hl=en ကို သွားပါ ။
မှော်ဆရာ အဖွဲ့ ၏ စည်းကမ်းများကို သိလိုလျှင် http://groups.google.com/group/mrsorcerer/browse_thread/thread/af2f4a1d44d4d909?hl=en တွင် ဖတ်ရှုနိုင်ပါသည် ။
 
Facebook (FB) မှော်ဆရာအဖွဲ့သို့ Mail ပို့လိုလျှင် mrsorcerer2@groups.facebook.com
FB မှော်ဆရာအဖွဲ့သို့ ၀င်ရန် http://www.facebook.com/home.php?sk=group_173571176006981&ap=1
 
မှော်ဆရာ အဖွဲ့ နှင့်ပက်သက်၍ ဝေဖန်အကြံပြုလိုပါက >>>
ဦးဦး မှော်ဆရာ ( mrsorcerer9@gmail.com, mrsorcerer27@gmail.com ) ထံသို.
ပေးပို.နိုင်ပါသည် ။
 
ခင်မင်စွာဖြင့်
ဦးဦး မှော်ဆရာ