[mrsorcerer:33253] Android ဖုန်းအမည်ခံတံဆိပ်မမှန် Touch Screen Phone များ

အခုတလောဖုန်းဈေးကွက်မှာ Touch screen ဖြစ်ရင်ပြီးရောဆိုပြီး ဂျာဘားနှင့်အန်းဒရိုက်စနစ်အခြေခံဖုန်းများမျိုးစုံဝင်နေရာ ဂျာဘားတွေကတော့ ၃၀၀၀၀ ကျပ်ဝန်းကျင်ဝယ်လို့ရကြပြီး
အန်းဒရိုက်စနစ်အခြေခံဖုန်းတွေကိုတံဆိပ်မျိုးစုံကပ်ပြီးအတုတွေများစွာတွေရပြီး ၆၀၀၀၀ ကျပ်နှင့်အထက်ရောင်းနေကြပါတယ်။

သုံးဆွဲသူတွေသတိမထားမိတာလေးတွေကြောင့်နစ်နာမှုတစ်ချို့ရှိပါတယ်။
Android ဖုန်း company brand အစစ်များကတော့ဖုန်းကို firmware ပြန်တင်တာ၊ အစိတ်အပိုင်းတစ်ခုပျက်ရင်ပြန်ပြင်နိုင်တာစတာတွေရှိပေမဲ့
အတုတွေကတော့ firmware တင်ဖို့မလွယ်ကူမှု။ (Reboot mode မပါ Testing mode) သာပါပြီးဘာမှလုပ်လို့မရတာတွေ့ ရပါတယ်။ သူငယ်ချင်းနှစ်ယောက်လည်းလက်တွေ့ ကြုံပြီးပါပြီ။
အင်တာနက်သုံးရင်၊ application အချို့ run တဲ့အခါကွာခြားမှုများစွာတွေ့ရပါတယ်။ ဖုန်း brand အစစ်များကိုဝယ်လိုပါကလည်း ဖုန်းမော်ဒယ်နှင့်တကွ ဖုန်းရဲ့ specification တွေကို
Google search Engine မှတဆင့်အရင်ရှာဖွေလေ့လာစေလိုပါတယ်။

အကြံပြုချက်
Android version 2.3 အထက်သာဝယ်ပါ ( Application တွေကိုသွင်းရင် SD card and phone အားသွင်းလိုတဲ့ဘက်ရွေးချယ်နိုင်လို့ပါ။ Build in phone memory နေရာစားသက်သာပါတယ်။
official version သာ upgrade လုပ်ပါ ( firmware and hardware အဆင်ပြေမှာဆိုးလို့ပါ)
custom rom အချို့မှာ bluetooth, wifi problem အချို့ဖြစ်တတ်လို့ပါ
ဖုန်းရဲ့ CPU, RAM တို့မှာလည်းနောက်ပိုင်း APPLICATION တွေအတွက် လိုအပ်ချက်များလာရာမှန်ကန်စွာရွေးခြယ်နိုင်ရန်အရေးကြီးလာပါပြီ။
သင့်တင့်မျှတတဲ့ဈေးနဲ့ဝယ်ယူနိုင်မှု၊ စနစ်ပိုင်းဆိုင်ရာမှာတော့ HUAWEI ကိုသဘောကြပါတယ်။

--
မှော်ဆရာအဖွဲ့ မှ နေ့ စဉ်မေးလ်များ ရယူလိုပါက http://groups.google.com/group/mrsorcerer/subscribe?hl=en ကို နှိပ်ပြီး မန်ဘာဝင်နိုင်ပါသည် ။
မန်ဘာဝင်များ မိမိတို.သိထားသည်များကို မျှဝေလိုပါက mrsorcerer@googlegroups.com သို. မေးလ်ပို.နိုင်ပါသည် ။
မှော်ဆရာအဖွဲ့ မှ နှုတ်ထွက်လိုလျှင် mrsorcerer+unsubscribe@googlegroups.com ကိုနှိပ်ပြီး မေးလ်ပို.ပါ ။
စာလက်ခံလိုသည့်ပုံစံ ပြင်လိုလျှင် http://groups.google.com/group/mrsorcerer?hl=en ကို သွားပါ ။
မှော်ဆရာ အဖွဲ့ ၏ စည်းကမ်းများကို သိလိုလျှင် http://groups.google.com/group/mrsorcerer/browse_thread/thread/af2f4a1d44d4d909?hl=en တွင် ဖတ်ရှုနိုင်ပါသည် ။
 
Facebook (FB) မှော်ဆရာအဖွဲ့သို့ Mail ပို့လိုလျှင် mrsorcerer2@groups.facebook.com
FB မှော်ဆရာအဖွဲ့သို့ ၀င်ရန် http://www.facebook.com/home.php?sk=group_173571176006981&ap=1
 
မှော်ဆရာ အဖွဲ့ နှင့်ပက်သက်၍ ဝေဖန်အကြံပြုလိုပါက >>>
ဦးဦး မှော်ဆရာ ( mrsorcerer9@gmail.com, mrsorcerer27@gmail.com ) ထံသို.
ပေးပို.နိုင်ပါသည် ။
 
ခင်မင်စွာဖြင့်
ဦးဦး မှော်ဆရာ