[mrsorcerer:33327] တောင်ကုတ်လူ (၁၀) ဦး၏ နောက်ကွယ်....

တောင်ကုတ်လူ (၁၀) ဦး၏ နောက်ကွယ်....

·

ပြောရဦးမယ်ဗျာ။ တောင်ကုတ်လူ (၁၀)ယောက် မတရား အကြမ်းဖက် သတ်ဖြတ်ခံရပြီးနောက်ပိုင်းမှာပေါ့ဗျာ.......

 

ယင်းကိစ္စများဖြစ်ပြီးသကာလ၊ အဖက်ဖက်ကဖိအားပေးမှုတွေ၊  စေ့ဆော်မှုများကြောင့် ဖမ်းမယ်ဆီးမယ်ဆိုတဲ့ သူတွေကြောင့် တောင်ကုတ် ပြဿနာဖြစ်တဲ့အနီးအနား မှာရှိတဲ့ နေအိမ်တွေ အလျှိုအလျှိုပျောက်ကုန်တယ်။

 

ဖမ်းဆည်းထိန်းသိမ်းမှုအခြေအနေ

သို့ပေမယ့်လည်း သိကြတဲ့အတိုင်းပဲ တာဝန်ရှိသူများက လုံးဝမငြင်းသာတဲ့လူတွေကို ဆွဲစေ့လိုက်ပါတယ်။ အဲ့ဒီအထဲမှာ အမျိုးသမီး၊ အမျိုးသား ပေါင်း(၄၀)ဦးလောက် ထောင်နန်းစံ နေကြတယ်။ ထောင်တွင်းမှာအခုဆို ဒီကိစ္စနဲ့အဖမ်းခံရသူတွေမှာ စစ်ဆေးမေးမြန်းခြင်းမခံရသေးပဲနဲ့။ သုံးလေးယောက်မှာ ရူးသွတ်ခြင်း ဝေဒနာကို ခံစားနေကြရပီလေ။ မ၀င်းမေ ဆိုသူမှာ အဆိုးဆုံးဖြစ်ပြီး သူ့ပုံစံမှာ မျက်စေ့ကို လုံးဝမဖွင့်ဘဲ၊ နားနှစ်ဖက်ကို လက်ဖြင့်တချိန်လုံးပိတ်ကာ နှုတ်မှလည်း "ကုလားတွေ နဲ့ ဘုရားတွေမှားတာပါဘုရား....."ကုလားတွေ နဲ့ ဘုရားတွေမှားတာပါဘုရား....." ဆိုပြီး တတွတ်တွတ်အော်ဟစ်နေသည့်အတွက် စိတ်ငြိမ်ဆေးတစ်လုံးပြီးတစ်လုံးထိုးကာ ကုသမှုခံယူနေရပြီ။ ဆေးရှိန်ဖြင့် အိပ်စက်ပြီး ဆေးရှိပျယ်သည်နှင့်တစ်ပြိုင်နက် အထက်ပါအတိုင်း ဆက်လက်ခံစားနေရပါတယ်။ ထိုအမှုတွဲနှင့်ပတ်သက်၍ ထိန်းသိမ်းခံထားရသူများမှာလည်း နားထဲတွင် အချိန်ပြည့် ကြောက်မက်ဖွယ်ရာ အသံများနှင့် စက္ကန့်မလပ်ကြားနေရသည်ဟု ထောင်တွင်းဝန်ထမ်းများ မှတဆင့်ကြားသိရပါသည်။ ကံ.. ကံ၏အကျိုးဆိုသည်ထက် မိမိပြုသောကုသိုလ်ကံ ကိုယ့်ထံပြန်လာမည်ပေါ့လေ။

 

တောင်ကုတ်အကြမ်းဖက်သတ်ဖြတ်ခံရသူများ၏ သင်္ချုင်းဂူ

တောင်ကုတ်အကြမ်းဖက်သတ်ဖြတ်ခံရသူများအားမြှုပ်နှံထားသော သင်္ချုင်းတွင် ဖြစ်ပျက်မှုအခြေအနေများမှာ ပုံမှန်ပင်အေးဆေးတည်ငြိမ်လျက်ရှိနေပေသည်။ ထူးခြားသည့်ဖြစ်စဉ်မှာ ထို သင်္ချုင်းတွင် ထိုလူ (၁၀)ဦးနားတွင် အလွန်မွှေးကြိုင်သော ရနံ့ကိုရနေရခြင်းဖြစ်သည်။ အစ္စလာမ်အယူသဘောဖြင့်ကြည့်လျင် ထို(၁၀)ဦးမှာ သာသနာကိုဖျက်လို့ဖျက်ဆီးလုပ်လိုသူများ၏ထိုးနှက်ချက်ဖြင့် ရုပ်ပျက်ဆင်းပျက် အနိုင်ကျင့်ခံလိုက်ရခြင်းဖြစ်သည်။ လောက အမြင်ဖြင့်ကြည့်လျှင် သေခြင်းမှာ မလှပပေ။ သို့သော်လည်းသူတို့သည် သာသနာအတွက်အသက်ပေးသွားခြင်းပင်ဖြစ်သည်။ မြန်မာပြည်မှ အစ္စလာမ်ဘာသာဝင်များအတွက် တကမ္ဘာလုံးအတိုင်းအတာအရ စတေးသွားဖြင်ပင်ဖြစ်သည်။ အမှန်စင်စစ်မှာကား.. သူတို့မှာ သာသနာ့အာဇာနည်အဖြစ် သေခြင်းကား အင်မတန်လှပခဲ့လေပြီ......။

 

တောင်ကုတ်မှ အကြမ်းဖက်လူတစ်စု၏ ရက်စက်မှုကြောင့် သတ်ဖြတ်ခံခဲရသော အပြစ်မဲ့ အစ္စလာမ်ဘာသာဝင် - ၁

 

တောင်ကုတ်မှ အကြမ်းဖက်လူတစ်စု၏ ရက်စက်မှုကြောင့် သတ်ဖြတ်ခံခဲရသော အပြစ်မဲ့ အစ္စလာမ်ဘာသာဝင် - ၂

 

ငြိမ်းအေးဆာယာ ဗိမ္မာန်တော်

 

အကြမ်းဖက်ခံလိုက်ရသောနေရာမှ မြေကြီး

လတ်တလော တစ်ပတ်အတွင်းဖြစ်ပျက်ခဲ့သော ကိစ္စမှာ သတင်းအမှောင်ချထားသကဲ့သို့ဖြစ်နေသည်။ သို့သော်လည်း ကျွန်ုပ်ပြောလိုသည်မှာ မည်မျှပင် ပိတ်ပင်ထားစေကာမူ အမှန်တရားမှာ ဆီလိုအပေါက်ရှာပေါ်ပေါက်လာခဲ့ပေသည်။ အကြောင်းမှာကား အကြမ်းဖက်ခံလိုက်ရသောနေရာမှ မြေကြီးအတွင်းမှ သွေးများပွက်လာခြင်းပင်ဖြစ်သည်။ ထိုနေရာအား မည်သူမှဝင်ရောက်ခွင့်မပေးဟု တားဆည်း၍မရနိုင်သောကြောင့် ရောက်ခဲ့သူ (မျက်မြင်တွေ့ခဲ့သူ) တစ်ဦးပြောပြခဲ့ပါသည်။ ထိုနေရာကို ကန့်သတ်မထားသော်လည်း ထိုနေရာသတ်မှတ်ဝန်းအတွင် မည်သည့် လက်ကိုင်ဖုန်း၊ ကင်မရာ၊ MP3/4 နှင့် မှတ်တမ်းမှတ်ရာများယူဆောင်ခွင့်မပြုခြင်းပင်ဖြစ်သည်။ (မျက်မြင်တွေ့သူ)မှလည်း ထိုအချက်ကို အကြိမ်ကြိမ်ပြောခဲ့သည်။

လူအုပ်စုဖြင့်အကြမ်းဖက်သတ်ဖြတ်ခြင်းခံရသော အခင်းဖြစ်ပွားရာနေရာမြေကြီးမှ သွေးများဆူပွက်ထွက်လာခြင်းပင်.. ။ ဤအချက်သည် မည်သို့ထင်မြင်သနည်း? အကောင်းနှင့်အဆိုး၊ အကျိုးနှင့်အကြောင်းဆိုသည်မှာ ဆက်စပ်နေသည်ချည်းသာဖြစ်သည်။ ထိုနေရာ ဤသို့ဖြစ်ရမှာ မည်သည့်အကြောင်းတရားနည်း? ကောင်းခြင်းလော? ဆိုးခြင်းလော???

 

အသင်စဉ်းစားပါလေ.......စေ့စေ့စဉ်းစားမှ ရေးရေးပေါ်မည်ဆိုလျင်လည်း တည်ငြိမ်စွာစဉ်းစားပါလေ... အထက်ပါအချင်းအရာများ၏ နောက်ဆက်တွဲများ မည်သို့ဖြစ်လာမည်နည်း။ မြန်မာပြည်အတိုင်းအတာရ အစွန်းရောက်သူများ ဘာကြောင့်အစွန်းရောက်နေပါသလဲ??? မျက်စိစုံမှိတ်ကာ ကုလား ဟုဆက်လက်မုန်းတီးနေဦးမည်လော??

 

မြို့တော်ဝန် ရက်စက်မှုကြောင့် မန်းပြည်သူတို့ ဒုက္ခရောက်-1 (20-9-2012- ကြာသာပတေးနေ့)

 

မြို့တော်ဝန် ရက်စက်မှုကြောင့် မန်းပြည်သူတို့ ဒုက္ခရောက်-1 (20-9-2012- ကြာသာပတေးနေ့)

 

အစ္စလာမ်ကို နှင်ထုတ်မည်ဟု ကျုံးဝါးလေသမျှ တကယ့်အစစ်အမှန်မှာ ဘယ်သူတွေ မိမိနေရာကို စွန့်ခွာနေရသလဲ?? ဥပမာ အောက်ပါလင့်ခ်မှာ ကြည့်ရှုပါ

 

https://www.facebook.com/media/set/?set=a.146223512187832.44763.100004005531662&type=1

 

အားလုံး အသိတရား နဲ့ သတိထားမိကြစေဖို့သာရည်ရွယ်ပါသည်။

 

နူးရ်



--
မှော်ဆရာအဖွဲ့ မှ နေ့ စဉ်မေးလ်များ ရယူလိုပါက http://groups.google.com/group/mrsorcerer/subscribe?hl=en ကို နှိပ်ပြီး မန်ဘာဝင်နိုင်ပါသည် ။
မန်ဘာဝင်များ မိမိတို.သိထားသည်များကို မျှဝေလိုပါက mrsorcerer@googlegroups.com သို. မေးလ်ပို.နိုင်ပါသည် ။
မှော်ဆရာအဖွဲ့ မှ နှုတ်ထွက်လိုလျှင် mrsorcerer+unsubscribe@googlegroups.com ကိုနှိပ်ပြီး မေးလ်ပို.ပါ ။
စာလက်ခံလိုသည့်ပုံစံ ပြင်လိုလျှင် http://groups.google.com/group/mrsorcerer?hl=en ကို သွားပါ ။
မှော်ဆရာ အဖွဲ့ ၏ စည်းကမ်းများကို သိလိုလျှင် http://groups.google.com/group/mrsorcerer/browse_thread/thread/af2f4a1d44d4d909?hl=en တွင် ဖတ်ရှုနိုင်ပါသည် ။
 
Facebook (FB) မှော်ဆရာအဖွဲ့သို့ Mail ပို့လိုလျှင် mrsorcerer2@groups.facebook.com
FB မှော်ဆရာအဖွဲ့သို့ ၀င်ရန် http://www.facebook.com/home.php?sk=group_173571176006981&ap=1
 
မှော်ဆရာ အဖွဲ့ နှင့်ပက်သက်၍ ဝေဖန်အကြံပြုလိုပါက >>>
ဦးဦး မှော်ဆရာ ( mrsorcerer9@gmail.com, mrsorcerer27@gmail.com ) ထံသို.
ပေးပို.နိုင်ပါသည် ။
 
ခင်မင်စွာဖြင့်
ဦးဦး မှော်ဆရာ