[mrsorcerer:33766] Fwd: [လူဗိုလ်ဟူသည် ...] အာဆီယံဈေးကွက်ကို ပူပန်သည့် ကမ္ဘောဒီးယား ပညာရေး



---------- Forwarded message ----------
From: Blogger <no-reply@blogger.com>
Date: 2012/10/11
Subject: [လူဗိုလ်ဟူသည် ...] အာဆီယံဈေးကွက်ကို ပူပန်သည့် ကမ္ဘောဒီးယား ပညာရေး
To: lubo601@gmail.com



 ညိုညို
ရန်ကုန်၊ အောက်တိုဘာ ၃

          ကမ္ဘောဒီးယားမြို့တော် ဖနွမ်းပင် မှတိရစ္ဆာန်ဆေးကုပညာသင် ကျောင်း သားတစ်ဦးသည် ဘွဲ့ရရန် ၂ နှစ်သာ လိုတော့သော်လည်း သူ၏အနာဂတ် အရေးမှာမသေချာ။ သူက ဆည်းပူး လေ့လာရရှိသောပညာဖြင့် မိမိ၏နိုင်ငံ ကိုအဆင်းရဲဆုံးနိုင်ငံတစ်ခုအဖြစ် လွတ် မြောက်လိုသည်။ သို့သော် သူရရှိထား သောပညာကို တန်ဖိုးရှိသည်ဟုမထင်။ ကျောင်းသားတွေကစာမကြိုးစား၊ဆရာ တွေကအရည်အချင်းမပြည့်ဝဟု သူက ယူဆသည်။ ဘွဲ့ရ၍ ဘာလုပ်လို့ လုပ် ရမှန်းမသိဟု သူကဆိုသည်။
နှစ်စဉ်နှစ်တိုင်း ကမ္ဘောဒီးယား တက္ကသိုလ်များကဘွဲ့ရသိန်းချီ၍ ထုတ် သော်လည်း လုပ်ငန်းခွင်ဝင်ရန် အရည် အချင်းမပြည့်ကြ။အလုပ်ခွင်က လိုအပ် သောအရည်အချင်းနှင့်ကျောင်းက သင် ပေးလိုက်သောပညာတွင် ကွာဟချက် တွေရှိနေသည်။ ကမ္ဘောဒီးယားကျောင်း သားတွေလေ့လာဆည်းပူးခဲ့သော ဘာ သာရပ်နယ်ပယ်မှာပင်အလုပ်မရ။ ဘွဲ့ ရ ၁ဝ ယောက်တွင် ၁ ယောက်သာ အလုပ်ရသည်။ နှစ်ပေါင်း ၃ဝ ခန့် ပြည်တွင်းဝင်ဖြစ်ခဲ့ပြီးပျက်စီးသွားသော ဘဏ္ဍာရေး၊ ပညာရေးနှင့် တရားရေး စနစ်ကို ပြင်ဆင်နေချိန်တွင် အလုပ် လက်မဲ့တွေများနေခြင်းသည်အားရစရာ မကောင်း။

၂ဝ၁၅ ခုနှစ်တွင် တစ်ခုတည်း သော အာဆီယံဖြစ်ပြီဆိုလျှင် တခြား နိုင်ငံများမှကမ္ဘောဒီးယားသို့လာရောက် အလုပ်လုပ်ကြတော့မည်။ မိမိထက် ဖွံ့ဖြိုးသောနိုင်ငံများမှ လုပ်သားများ ဝင်လာလျှင် အလုပ်လက်မဲ့တွေ ပိုများ မည်။
သင်ရိုးညွှန်းတမ်း၊အဆောက်အအုံ နှင့် ဆရာ ဆရာမများအား နည်းခြင်း၊ ချို့ယွင်းသော ကျောင်းသားတွေရှိနေ ခြင်းတို့ကြောင့် အာဆီယံတစ်ခုတည်း သော ဈေးကွက်မှ အခွင့်အာဏာတွေ ရယူနိုင်မည့် အလားအလာနည်းပါး သည်။ ထုတ်လုပ်မှုစွမ်းအား မြင့်မား လာသော်လည်း ထုတ်လုပ်မှုနိမ့်နေဆဲရှိ သည်။ လူငယ်လုပ်သားများ၏ ၉၄% သည် အထက်တန်းပညာဆုံးအောင် မသင်နိုင်ကြ။ ၂ဝဝဝ ပြည့်နှစ်စစ်တမ်း အရ ၆.၅ သန်း သို့မဟုတ် အရွယ် ရောက်သူများ၏ ၆၃% သည် စာ မတတ်ကြ။ ပညာရေးအသုံးစရိတ်တိုး လာသော်လည်း ငွေကြေးမလုံလောက်။ ယခုကတည်းက အရေးယူဆောင်ရွက် ရန်သင့်နေပြီ။ ကျွမ်းကျင်မှုမြင့်လာလျှင် ထုတ်လုပ်မှုစွမ်းအားမြင့် မားသည်နှင့် အမျှ လုပ်ခတိုးကာ ဝယ်နိုင်စွမ်းအား လည်း မြင့်မားလာမည်။
ပြည်သူပိုင်တက္ကသိုလ် ၂ဝ နှင့် ပုဂ္ဂလိကပိုင်တက္ကသိုလ် ၃ဝ ခန့်ရှိနေ သော်လည်းအထက်တန်းပညာလေ့လာ ဆည်းပူးသူကျောင်းသား ၁ သိန်း၌သာ ရှိသည်။ ကျောင်းနေအရွယ် ကျောင်း သားများ၏ ၁ဝ% သာ ကျောင်းနေကြ ခြင်း ဖြစ်သည်။
လွန်ခဲ့သော ၅ နှစ်အတွင်းကမ္ဘော ဒီးယားနိုင်ငံ၏ပညာရေးသည်ပုဂ္ဂလိက တက္ကသိုလ်များနှင့် သင်ရိုးသစ်များ ကြောင့် တိုးတက်လာသည်။ သို့သော် တက္ကသိုလ်အများစုက ပညာရေးထက် အမြတ်ကို ပို၍ စိတ်ဝင်စားကြသည်။
ဖနွမ်းပင်တွင် ပါရဂူဘွဲ့ရသူ ၂ဝဝဝ သာရှိရာ တက္ကသိုလ်ဆရာ တွေ ကို လေ့ကျင့်ပျိုးထောင်ပေးရဦးမည်။
ရေတိုတွင် အရွယ်ရောက်သူများ အတွက် သက်မွေးဝမ်းကျောင်း ပညာ ရပ်တွင်သင်ပေးရန်လိုအပ်သော်လည်း လက်တွေ့တွင်မလွယ်၊အလုပ်လုပ်နေသူ တွေက ပညာဆက် မသင်ချင်၊ သင် တန်းတွေမတက်ချင်။
ကျေးလက်ဒေသ ပညာရေးကို လုံးဝ လျစ်လျူရှုထားသည်။ ကျောင်း အဆောက်အဦနည်းခြင်း၊ ခရီးဝေးခြင်း တို့ကြောင့် ကလေးတွေက ကျောင်းပြီး အောင်မတက်ကြ။ ဆရာ ဆရာမတွေ ကအရည်အချင်းမပြည့်ဝသလို လစာ ကလည်း နည်းသည်။ ထို့ကြောင့် ကျူ ရှင်ပြကြရကာ ပုံမှန်သင်ကြားမှုတွင် အာရုံလျော့သည်။
ကမ္ဘောဒီးယားလူငယ်တွေကို အကောင်းဆုံးပညာသင်ပေးနိုင်မှသာ ကမ္ဘောဒီးယားကို ဆင်းရဲတွင်းမှ ဆွဲ ထုတ်နိုင်မည်။
(ယူနီဗာစီတီဝါးလ်နယူးစ်)



--
Posted By Blogger to လူဗိုလ်ဟူသည် ... at 10/11/2012 11:58:00 PM

--
မှော်ဆရာအဖွဲ့ မှ နေ့ စဉ်မေးလ်များ ရယူလိုပါက http://groups.google.com/group/mrsorcerer/subscribe?hl=en ကို နှိပ်ပြီး မန်ဘာဝင်နိုင်ပါသည် ။
မန်ဘာဝင်များ မိမိတို.သိထားသည်များကို မျှဝေလိုပါက mrsorcerer@googlegroups.com သို. မေးလ်ပို.နိုင်ပါသည် ။
မှော်ဆရာအဖွဲ့ မှ နှုတ်ထွက်လိုလျှင် mrsorcerer+unsubscribe@googlegroups.com ကိုနှိပ်ပြီး မေးလ်ပို.ပါ ။
စာလက်ခံလိုသည့်ပုံစံ ပြင်လိုလျှင် http://groups.google.com/group/mrsorcerer?hl=en ကို သွားပါ ။
မှော်ဆရာ အဖွဲ့ ၏ စည်းကမ်းများကို သိလိုလျှင် http://groups.google.com/group/mrsorcerer/browse_thread/thread/af2f4a1d44d4d909?hl=en တွင် ဖတ်ရှုနိုင်ပါသည် ။
 
Facebook (FB) မှော်ဆရာအဖွဲ့သို့ Mail ပို့လိုလျှင် mrsorcerer2@groups.facebook.com
FB မှော်ဆရာအဖွဲ့သို့ ၀င်ရန် http://www.facebook.com/home.php?sk=group_173571176006981&ap=1
 
မှော်ဆရာ အဖွဲ့ နှင့်ပက်သက်၍ ဝေဖန်အကြံပြုလိုပါက >>>
ဦးဦး မှော်ဆရာ ( mrsorcerer9@gmail.com, mrsorcerer27@gmail.com ) ထံသို.
ပေးပို.နိုင်ပါသည် ။
 
ခင်မင်စွာဖြင့်
ဦးဦး မှော်ဆရာ