---------- Forwarded message ----------
From: Blogger <no-reply@blogger.com>
Date: 2012/10/11
Subject: [လူဗိုလ်ဟူသည် ...] ကျွန်တော့်မှာ ထီးတချောင်း ရှိတယ်
To: lubo601@gmail.com
--
Posted By Blogger to လူဗိုလ်ဟူသည် ... at 10/12/2012 12:19:00 PM
From: Blogger <no-reply@blogger.com>
Date: 2012/10/11
Subject: [လူဗိုလ်ဟူသည် ...] ကျွန်တော့်မှာ ထီးတချောင်း ရှိတယ်
To: lubo601@gmail.com
by Myo Tha Htet on Thursday, October 11, 2012 at 1:52pm
ကျွန်တော့်မှာ ထီးတချောင်း ရှိတယ်၊ အမေ ပေးခဲ့တာ ဖြစ်ပါတယ်။ သုံးဆစ်ချိုးမို့ မိန်းမဆောင်းထီးလို့ ပြောနိုင်ပါတယ်။ အနက်ရောင်ဖြစ်ပြီး အဖြူရောင်လိုင်းနဲ့ လေးကွက်ကျားဒီဇိုင်းမို့ မိန်းမတော့ သိပ်မဆန်ဘူးလို့ ထင်ရတာပါပဲ။ ရန်ကုန်ကနေ လန်ဒန်ကို အလာမှာ မိုးရွာရင် ဆောင်းရအောင် ပေးလိုက်တာလည်း ဖြစ်ပါတယ်။
ပထမတော့ မိုးရွာရင် ဆောင်းမယ်ဆိုပြီး ရုံးသွားတဲ့အခါ အိတ်ထဲထည့် ယူယူလာပါသေးတယ်။ နောက်တော့ ကျွန်တော့်မှာ လန်ဒန်မိုးရဲ့ ဖွဲဖွဲညင်းညင်း အေးအေးအရသာကို ကြိုက်မိပြီး ထီးကို ထုတ်မဆောင်း ဖြစ်ရာကနေ သယ်ရတာ လေးပါတယ်ဆိုပြီး ဆောင်တောင် မထားတော့ပါဘူး။ ဒါပေမဲ့ လန်ဒန်မှာလည်း တခါတခါ မိုးက မဖွဲဘဲ သည်းတဲ့ဘက်ကိုလည်း မရောက်ဘဲ ဖွဲပိုသည်းလျော့ ရွာတတ်ပြန်လေတော့ ထီးက ဆောင်းရပြန်ပါတယ်။ နို့မို့ရင် အိမ်နဲ့ဘူတာကြား ဒါမှမဟုတ် ဘူတာနဲ့ရုံးကြားကို ထီးအလွတ် လျှောက်လိုက်မိရင် တော်တော် ရွှဲစိုသွားနိုင်ပါတယ်။ ဒီတော့လည်း ဒီထီးလေးကို ဆောင်းရပြန်ပါတယ်။ မလိုရင် ပစ်ထားလိုက်၊ လိုရင် ထုတ်သုံးလိုက်နဲ့ ထီးက ကြာလာတော့ အရောင်နည်းနည်း မွဲလာပါတယ်။ အနက်ရောင်က မွဲရင် ဖြူရော်ရော် ဖြစ်လာပြန်ပါတယ်။ မိုးစိုပြန်ရင်တော့ အရောင်က စိုသွားပြန်ပါတယ်။
တလောက နယူးယောက်ကို သွားရတော့ ဒီထီးကို ထည့်ယူသွားဖို့ မသွားဖို့ ကျွန်တော် သုံးကြော့လောက် စဉ်းစားပါသေးတယ်၊ နောက်တော့ သယ်ရမှာတွေက တအား များတာနဲ့ ဒီထီးကို ထားခဲ့ဖို့ ဆုံးဖြတ်လိုက်မိတယ်။ ပထမရက်တွေမှာတော့ ကျွန်တော့် ဆုံးဖြတ်ချက်ဟာ မမှားပါဘူး ဆိုတာကို စဉ်းစားမိပြီး သဘောကျခဲ့ပေမယ့် နောက်နှစ်ရက် ကြာတော့ ငါ့ ထီးကလေး ယူခဲ့ရင် အကောင်းသားလို့ တွေးမိပါတော့တယ်၊ အကြီးအကျယ်လည်း နောင်တရမိပါတော့တယ်။
တည ဟိုတယ်ကနေ အပြင်ထွက်လို့ ညစာသွားစားတဲ့အခါ မိုးက နည်းနည်းစကျပါတယ်၊ အော်... ဒီမှာလည်း မိုးရွာတာပဲလို့ တွေးရင်း လန်ဒန်လို အောက်မေ့လို့ စိတ်အေးလက်အေးပဲ မိုးထဲမှာ ဆက်ထွက်ခဲ့ပါတယ်။ ဆိုင်ရောက်တော့ မိုးက တအားကုန် သည်းပါလေရော... ရန်ကုန်မိုးလိုပဲ အညှိုးကြီးကြီးနဲ့ကို ရွာတာ ဖြစ်ပါတယ်။ ဆိုင်ပေါက်ကနေ မိုးကို ကြည့်ပြီး သဘောကျတာကတော့ ပြောမနေပါနဲ့တော့... မိုးတွင်းမှာ ဖွားခဲ့သူလေးမို့ မိုးကို ချစ်တာကလည်း ကျွန်တော်ဟာ နှစ်ယောက်မရှိတဲ့သူပါ။
ကျွန်တော်က မိုးကို ချစ်သလောက် မိုးက ကျွန်တော့်ကို မချစ်ခဲ့ပါဘူး။ မိုးနည်းနည်း အသည်းလျော့ချိန်မှာ ဟိုတယ်ကို ပြန်ခဲ့ပါတယ်။ ဒါပေမဲ့လည်း ဟိုတယ်ရောက်ချိန်မှာတော့ မိုးရေ တော်တော် ထိသွားခဲ့ပါပြီ။ ကျွန်တော် မှားသွားခဲ့တာက ရေချိုးချပစ်လိုက်ရမှာပါ၊ ဒါပေမဲ့ တကယ့်တကယ်ကျ ရေမချိုးဘဲ ဒီအတိုင်း အ၀တ်လဲပြီး နေလိုက်တော့ မကြာပါဘူး၊ ကိုယ်တွေ ပူတက်လာပြီး နေမထိ ထိုင်မသာ ဖြစ်တော့တာပါပဲ။
ပုံမှန်ဆိုရင်တော့ ကျွန်တော်ဟာ နေမကောင်း ဖြစ်ခဲပါတယ်၊ ခန္ဓာကိုယ်ရဲ့ ခုခံအားစနစ် အားပျော့ချိန်မှာ နယူးယောက်မိုးက ကျွန်တော့်ကို ဆော့သရမ်းသွားပါတယ်။ ဘာဆိုဘာမှ မတတ်နိုင်တော့ဘဲ ကျွန်တော့်မှာ ခံရတဲ့ဘက်မှာပဲ ရှိခဲ့ပါတော့တယ်။ ပထမဆုံး မိုးကို စိတ်ဆိုးမိသလို ကျွန်တော့်ရဲ့ ထီးကလေးကိုလည်း ပိုလို့ သတိရခဲ့ပါတယ်။ ထီးကလေးအပေါ် လွမ်းစိတ်ကလေးတောင် ဖြစ်လို့... ဘာမဆိုင် ညာမဆိုင်...။
ကျွန်တော့်မှာ ထီးကလေး တချောင်း ရှိတယ်၊ ဒါပေမဲ့ ကျွန်တော် သူ့ကို ပစ်လို့ ထားခဲ့တယ်။ အရေးအကြောင်းကျ (သူ့ကို ကျွန်တော် လိုအပ်တဲ့ အချိန်မှာ) သူက အဝေးမှာ ရောက်နေတော့ ကျွန်တော့်ကို မကူနိုင်ဘဲ ဖြစ်သွားခဲ့တယ်။ တကယ်တော့ ထီးကလေးက သုံးဆစ်ချိုး ထီးကလေးသာရယ်ပါ၊ လူကြီး လက်တဆုပ်ပဲ ရှိတဲ့ သေးသေးသာသာ ထီးကလေး ဖြစ်ပါတယ်။ ထီးကလေးသေးပေမယ့်လို့ အလုံးအထည်ကြီးတဲ့ ကျွန်တော့်ကို သဘာဝ ဘေးဒဏ်ကနေ ကာကွယ်ပေးနိုင်စွမ်းတွေ လောက်လောက်လာလား ရှိနေတာကို ကျွန်တော် သဘောပေါက်သွားပါတယ်။
နယူးယောက်မှာက နောက်ရက်မှာလည်း မိုးက ရွာတာပါပဲ။ ကြယ်ပွင့်အရေအတွက်များတဲ့ ဟိုတယ်တွေမှာကျတော့ သပ်သပ်ရပ်ရပ် ဆေးနဲ့ သူ့ဟိုတယ် နာမည် ရိုက်နှိပ်ထားတဲ့ ချာလီထီးပုံစံ ခေါက်ချိုးလို့လည်း မရတဲ့ ဖဲထီးရှည်ကြီးတွေကို သူ့ဧည့်သည်တွေကိုရော သူ့ဧည့်သည်ရဲ့ ဧည့်သည်တွေကိုပါ ဖောဖောသီသီ ပေးပါတယ်။ ထီးအသစ်တွေ ထည့်ထားတဲ့ စက္ကူကတ်ပုံးလိုက် ပုံးလိုက်ကို ယူထုတ်လာပြီး ထီးတွေကို လိုသူတွေအတွက် ဝေပါတယ်။ ဒါနဲ့ ကျွန်တော့်မှာ ကံအကြောင်း သင့်ပြန်တော့ တုတ်ကောက်ပုံစံ ထီးရိုးရှည်တချောင်း ရလာပြန်ပါတယ်။
ဒီတော့ မိုးရွာတဲ့အခါ ဖွင့်ဆောင်းတယ်၊ မိုးမရွာတဲ့အခါ (ဒါမှမဟုတ် ဆောင်းဖို့ မလိုလောက်အောင် မိုးမသည်းတဲ့အခါ) ထီးရွက်တွေကို လိပ်ပတ်ချည်ပြီး တုတ်ကောက်ပုံစံ ကျွန်တော် သုံးတယ်။ နယူးယောက်မှာပဲ တရက်တော့ မြန်မာဝတ်စုံကို အကျအန၀တ်ပြီး (မိုးကလည်း မရွာတာနဲ့) ထီးထမ်း လမ်းလျှောက်နေခဲ့တယ်။ အဲဒီတော့မှ ကျွန်တော် ကိုယ့်ပုံစံအမှန်ကို ကိုယ်ပြန်ကြည့်မိပြီး သဘောပေါက်တော့တယ်။ လိုတဲ့အခါ သုံးဖို့ ကျွန်တော့်မှာ ထီးတချောင်း လိုနေခဲ့တာပဲ။
အဲ... တကယ်တော့ ကျွန်တော့်မှာ ထီးတချောင်း ရှိပါတယ်။ အဲဒီထီးကို အမေ ပေးခဲ့တာ ဖြစ်ပါတယ်။
၂၀၁၂ အောက်တိုဘာ ၁၁၊ ည ၉ နာရီ။
လန်ဒန်။
--
Posted By Blogger to လူဗိုလ်ဟူသည် ... at 10/12/2012 12:19:00 PM
--
မှော်ဆရာအဖွဲ့ မှ နေ့ စဉ်မေးလ်များ ရယူလိုပါက http://groups.google.com/group/mrsorcerer/subscribe?hl=en ကို နှိပ်ပြီး မန်ဘာဝင်နိုင်ပါသည် ။
မန်ဘာဝင်များ မိမိတို.သိထားသည်များကို မျှဝေလိုပါက mrsorcerer@googlegroups.com သို. မေးလ်ပို.နိုင်ပါသည် ။
မှော်ဆရာအဖွဲ့ မှ နှုတ်ထွက်လိုလျှင် mrsorcerer+unsubscribe@googlegroups.com ကိုနှိပ်ပြီး မေးလ်ပို.ပါ ။
စာလက်ခံလိုသည့်ပုံစံ ပြင်လိုလျှင် http://groups.google.com/group/mrsorcerer?hl=en ကို သွားပါ ။
မှော်ဆရာ အဖွဲ့ ၏ စည်းကမ်းများကို သိလိုလျှင် http://groups.google.com/group/mrsorcerer/browse_thread/thread/af2f4a1d44d4d909?hl=en တွင် ဖတ်ရှုနိုင်ပါသည် ။
Facebook (FB) မှော်ဆရာအဖွဲ့သို့ Mail ပို့လိုလျှင် mrsorcerer2@groups.facebook.com
FB မှော်ဆရာအဖွဲ့သို့ ၀င်ရန် http://www.facebook.com/home.php?sk=group_173571176006981&ap=1
မှော်ဆရာ အဖွဲ့ နှင့်ပက်သက်၍ ဝေဖန်အကြံပြုလိုပါက >>>
ဦးဦး မှော်ဆရာ ( mrsorcerer9@gmail.com, mrsorcerer27@gmail.com ) ထံသို.
ပေးပို.နိုင်ပါသည် ။
ခင်မင်စွာဖြင့်
ဦးဦး မှော်ဆရာ