[mrsorcerer:33897] Fwd: [လူဗိုလ်ဟူသည် ...] အာရုံခံစားမှုမှာ ကိုယ်ဟာလွတ်မြောက်



---------- Forwarded message ----------
From: Blogger <no-reply@blogger.com>
Date: 2012/10/12
Subject: [လူဗိုလ်ဟူသည် ...] အာရုံခံစားမှုမှာ ကိုယ်ဟာလွတ်မြောက်
To: lubo601@gmail.com



by ဇာ တိ on Friday, October 12, 2012 at 2:36am 


အလင်းမှူန်တွေ ပေးပါ အလင်းစက်တွေ ပေးပါ
အရာရာဟာ မှုံရီဝိုးဝါးနေတာလား အရာရာက
အချိုးအစားတစ်ခုခုနဲ့ ဖြတ်တောက်ထားခြင်း ခံနေရတယ်

အနုပညာနဲ့ ဇိမ်ခံကား ဇိမ်ခံဟိုတည် ဇိမ်ခံပစ္စည်းအမျိုးမျိုး
မက်လုံးတွေ အများကြီးပဲ မက်စရာတွေလဲ အများကြီးပဲ
ကဗျာရေးဖို့ ဘာမှမလိုဘူး ပြီးတော့ အကုန်လိုအပ်တယ်
ဒီနောက်ပိုင်း လူငယ်တွေမှာတော့
တစ်ယောက်မမြင် မြင်အောင်တစ်ယောက်က ပြကြတယ်
တစ်နေ့ကို ငါတို့လက်ချောင်းတွေ မိုင်ပေါင်းများစွာ ခရီးဆက်ကြတယ်
အဲ့ဒီထဲကမှ အချစ်တွေကို ထုတ်နုတ်ယူကြ
ဘာအချိုးအစားမှ မရှိဘူး
လူတစ်ယောက်ရဲ့စိတ်ကို ထိုသူရဲ့စိတ်ကပဲ မြှင့်တင်ဖျက်စီးပေးတယ်
ဆက်တိုက် အိပ်မွေ့ချပါ ဘယ်သူကမှ ဘယ်သူနဲ့တူအောင် တမင်လုပ်မယူကြဘူး
အရမ်းလှတဲ့ ဘာသာစကား ကွယ်ပျောက်သွားတယ်
နောက် ခင်ဗျားတို့မုန်းတဲ့လူ့အဖွဲ့အစည်းဟာ သွေးအလိမ်းလိမ်းနဲ့ ရုန်းကြွနေတယ်
နောက် ငါ့ရှေ့ကိုရောက်လာတဲ့ ကဗျာစာတမ်းတွေကို
 ဆောင့်ကန်လွှတ်မယ်ဆိုတာလဲ သိထားပေးကြပါ
မိန်းမတွေရဲ့တပ်မက်မှုတစ်ခုလိုမျိုးပေါ့
ငါ့လက်သည်းလေး ကျိုးကြေပြန်သလိုမျိုးပေါ့
ကိုယ်စိတ်လက် ချမ်းသာကြပါစေ
မြင်မြင်သမျှ ဟုတ်ရောင်ထင်မှုတွေပဲ ဖြစ်ပါစေ
ဒီလိုမျိုး သတိထားရမယ့်အချက်တိုင်းကို တခုတ်တရ၀မ်းသာလုံးဆို့နေလို့မဖြစ်ဘူး
အဲ့ဒီသင်္ဘောပေါ်မှာ ဘာမှမရှိဘူး တကယ်က အဲ့ဒီမှာ ဘာသင်္ဘောမှမရှိဘူး
မီးဖျားတွေ လောင်သလိုမျိုးပေါ့ မီးရဲ့ရွေးချယ်လောင်မြိုက်မှုကို ခံနေရသလိုမျိုးပေါ့
ရုန်းကြွနေတဲ့ စိတ်အလျင်မှာ တပ်မက်စိတ်အပြည့်ရှိနေတယ်
လိုချင်တာမှန်သမျှရတဲ့ခေတ်မှာ ကိုယ်ရှိနေတယ်
ကိုယ့်ကို အိပ်ဆေးတွေများများမတိုက်နဲ့ Pants လေးရယ်
ကိုယ်အိပ်စက်ရတာကို မုန်းတီးလာပြီ ကိုယ်ခဏခဏ အိပ်ရတာကို မုန်းတီးလာပြီ
ကိုယ့်ဘ၀ထဲကို ဆေးလိပ်နဲ့မိန်းမငယ်လေးတွေ ပြန်ဝင်လာပြီ
ကိုယ့်ကို ခပ်ဝေးဝေးဆွဲကိုင်လွှင့်ပစ်နိုင်တဲ့ ဆေးလိပ်နဲ့မိန်းမ
ကိုယ်တို့ရဲ့ရွေးချယ်မှုဟာ ကိုယ်တို့ရဲ့ဘ၀ကိုအဆုံးသတ်သွားစေပြီ
အရင်လို ဗိဿနိုးနဲ့အသူရကယ်ကို စိတ်ဝင်စားသလို
ညဘက်တွေမှာ ကွေးနေအောင် ကတတ်သွားပြီ
ရှေ့မှာလွတ်လမ်းရှိတယ် ဒါပေမဲ့ လွတ်မြောက်မှုမရှိဘူး
တစ်ခုခုက ကိုယ့်ကိုချုပ်နှောင်ထားသလိုပဲ
တကယ်က တစ်ခုခုကို ကိုယ်ကဆုပ်ကိုင်ထားတာလဲဖြစ်နိုင်တယ်
လွှတ်ပေးကြပါ ကျေးဇူးပြု၍ လွှတ်ပေးကြပါ
အဲ့ဒီနေရာမှာ ဘာမှမရှိတဲ့အခါ ကိုယ်ရှိနေမယ်
 အာရုံခံစားမှုရယ် ကိုယ်ရယ် မင်းရယ်
ကဲ . . .ဘာလိုသေးလဲ
ယဉ်ကျေးမှု ကိုယ်စီကိုယ်ငှတွေအတွက်
သဘောတရားနဲ့ တရားသဘောတွေ ဘီယာတွေ အပြုံးတွေ
လွတ်မြောက်ရာ ရွေးချယ်မှုတွေနဲ့ ကိုယ်တို့ဟာအမြဲတမ်းအရွေးချယ်ခံခဲ့ရမှုတွေ
အဲ့ဒီခေတ်မှာ ကိုယ်နေခဲ့ဖူးတယ်
လက်သည်းတွေ ရှည်ထွက်လာတဲ့အခါ တစ်စုံတစ်ခုကို အားနာနေမိတယ်
ဘာကိုမှတန်ဖိုးမထားကြတဲ့ ခေတ်ကြီးမှာ
ကိုယ်တို့ တစ်ယောက်နဲ့တစ်ယောက် တန်ဖိုးထားကြမယ်
လေးစားမှုနဲ့ အလေးထားမှုနဲ့ ကိုယ်တို့ ဝေးဝေးကိုပြေးထွက်မယ်
အဲ့ဒီမှာ နာကျင်မှုနဲ့ နောင်တက ခပ်ကင်းကင်းပဲ နေထိုင်ကြတယ်
ဒါနဲ့ စကားမစပ် ကိုယ့်ကိုချစ်သေးလား Pants လေး
စပ်မိစပ်ရာ ပြောမိတိုင်း Pants လေးကမပါမဖြစ်ပဲ
ခုလောလောဆည်တော့ ကိုယ့်လက်မောင်းသွေးနဲ့ ကိုယ်အသက်ဆက်နေရတယ်
အဲ့ဒါက တကယ်က စောက်ပိုတွေလုပ်ထားတာလဲ ဖြစ်နိုင်တယ်
ကိုယ်တို့ဟာ ဘယ်တော့မှ ကိုယ်တို့ဘ၀ကို မမုန်းတီးကြဘူး
အားကျစိတ်နဲ့ နိုင်လိုမင်းထက်စိတ်နဲ့ သနားစာနာစိတ်တွေကသာ
ကိုယ်တို့ကို မုန်းတီးနေကြတာဖြစ်တယ်
အဝေးးးးးးးးးးးးးးးးးးးးးးးးကြီးပါပဲလား
ကိုယ့်ကို တစ်ယောက်ယောက်က လာချော့သိပ်ပါလား
ရင်ခေါင်းကြီးတစ်ခုလုံးက ရစရာမရှိတော့လောက်အောင်
ပိုးစိုးပက်စက် ပျက်စီးသွားတာ
ခြေမကိုင်မိ လက်မကိုင်မိ ကိုယ်တို့ ဘာကိုမှ မကိုင်တွယ်မိတဲ့အခါမှာ
 တစ်ခုခုကို သတိရပါ

ဇာတိ(ဖျာပုံ)
12.10.2012


(ဒီနေ့ နေ့လည်က အပြင်သွားရင်းနဲ့ မိန်းမတစ်ယောက်ကို နောက်ကနေမြင်တွေ့လိုက်တဲ့
ခဏလေးအတိုင်းအတာမှာ စိတ်ကူးတစ်ခုခု ပေါ်ပြီးရေးဖြစ်သွားတဲ့ ကဗျာတစ်ပုဒ်)


--
Posted By Blogger to လူဗိုလ်ဟူသည် ... at 10/13/2012 02:16:00 AM

--
မှော်ဆရာအဖွဲ့ မှ နေ့ စဉ်မေးလ်များ ရယူလိုပါက http://groups.google.com/group/mrsorcerer/subscribe?hl=en ကို နှိပ်ပြီး မန်ဘာဝင်နိုင်ပါသည် ။
မန်ဘာဝင်များ မိမိတို.သိထားသည်များကို မျှဝေလိုပါက mrsorcerer@googlegroups.com သို. မေးလ်ပို.နိုင်ပါသည် ။
မှော်ဆရာအဖွဲ့ မှ နှုတ်ထွက်လိုလျှင် mrsorcerer+unsubscribe@googlegroups.com ကိုနှိပ်ပြီး မေးလ်ပို.ပါ ။
စာလက်ခံလိုသည့်ပုံစံ ပြင်လိုလျှင် http://groups.google.com/group/mrsorcerer?hl=en ကို သွားပါ ။
မှော်ဆရာ အဖွဲ့ ၏ စည်းကမ်းများကို သိလိုလျှင် http://groups.google.com/group/mrsorcerer/browse_thread/thread/af2f4a1d44d4d909?hl=en တွင် ဖတ်ရှုနိုင်ပါသည် ။
 
Facebook (FB) မှော်ဆရာအဖွဲ့သို့ Mail ပို့လိုလျှင် mrsorcerer2@groups.facebook.com
FB မှော်ဆရာအဖွဲ့သို့ ၀င်ရန် http://www.facebook.com/home.php?sk=group_173571176006981&ap=1
 
မှော်ဆရာ အဖွဲ့ နှင့်ပက်သက်၍ ဝေဖန်အကြံပြုလိုပါက >>>
ဦးဦး မှော်ဆရာ ( mrsorcerer9@gmail.com, mrsorcerer27@gmail.com ) ထံသို.
ပေးပို.နိုင်ပါသည် ။
 
ခင်မင်စွာဖြင့်
ဦးဦး မှော်ဆရာ