[mrsorcerer:33903] Fwd: [လူဗိုလ်ဟူသည် ...] စိတ်ဖိစီးမှု ဟော်မုန်းများ လျော့နည်းပြီး ကျန်းမာရေး ပိုမိုကောင်းမွန်အောင်



---------- Forwarded message ----------
From: Blogger <no-reply@blogger.com>
Date: 2012/10/12
Subject: [လူဗိုလ်ဟူသည် ...] စိတ်ဖိစီးမှု ဟော်မုန်းများ လျော့နည်းပြီး ကျန်းမာရေး ပိုမိုကောင်းမွန်အောင်
To: lubo601@gmail.com



စိတ်ဖိစီးမှု ဟော်မုန်းများ လျော့နည်းပြီး ကျန်းမာရေး ပိုမိုကောင်းမွန်အောင်

သင့် Adrenal Gland မှ ထုတ်လုပ်တဲ့ ဖိစီးမှုဟော်မုန်း ကော်တီဇော ထွက်ရှိတဲ့အဆင့် လျော့သွားအောင် ပြုလုပ်နိုင်တာနဲ့ နှလုံးရောဂါ၊ ဆီးချိုရောဂါနဲ့ စိတ်ကျဝေဒနာ ဖြစ်နိုင်ခြေ ထက်ဝက်ခန့် ကျဆင်းနိုင်တဲ့အပြင်  ခန္ဓာကိုယ် အလေးချိန်ဟာလည်း တစ်နှစ်အတွင်း ၁၀ ပေါင်ခန့် လျော့နည်းနိုင်တယ်လို့ သုတေသီတွေက ထုတ်ဖော် လိုက်ပါတယ်။ သင့်ဘဝမှာ ဖြစ်ပေါ်လာတဲ့ ဖိစီးမှုတွေကို မဖြေဖျောက်နိုင်ရင် ဘာမှမစိုးရိမ်ပါနဲ့။ ကော်တီဇော မြင့်တက်မှုကို ရပ်တန့်နိုင်ပြီး နှလုံးကို ကာကွယ်နိုင်အောင် လွယ်ကူတဲ့ နည်းလမ်းတွေကို အောက်မှာ ဖော်ပြပေးလိုက်ပါတယ်။


(၁) သစ်ကြားသီးစားပြီး ကော်တီဇော ထုတ်လုပ်မှုကို လျှော့ချပါ

နေ့စဉ် သစ်ကြားသီး ကိုးလုံး စားတာကြောင့် စိတ်ဖိစီးမှုများတဲ့ အခြေအနေတွေမှာ (ဥပမာ အရေးကြီးတဲ့စကားတွေ ပြောရမယ့်အချိန်) ကော်တီဇောထုတ်လုပ်မှု မြင့်တက်တာကို ရပ်တန့်နိုင်တယ်လို့ လေ့လာမှုအသစ်အရ တွေ့ရှိခဲ့ပါတယ်။ သစ်ကြားသီးမှာ များစွာပါဝင်တဲ့ ALA ခေါ် Alpha Linolenic Acid တွေဟာ Adrenal Gland ကို အာဟာရဖြစ်စေပြီး စိုးရိမ်စိတ်များတဲ့ အခြေအနေတွေမှာတောင် စိတ်အေးချမ်းမှု ရရှိစေနိုင်ပါတယ်။ ဒါ့အပြင် နေ့စဉ် သစ်ကြားသီးစားတာကြောင့် သွေးဖိအား မြင့်တက်နိုင်ခြေ ၂၀ ရာခိုင်နှုန်း ဒါမှမဟုတ် ဒါထက်ပိုပြီး လျော့ကျနိုင်ပါတယ်။ ALA ဟာ နှလုံးသွေးကြောကို ဝန်းရံထားတဲ့ ကြွက်သားတွေကို Relax ရစေလို့ပါ။

(၂) ဗီတာမင်စီကို မှန်ကန်တဲ့ ပမာဏ ရရှိအောင် မှီဝဲပါ

ဗီတာမင်စီကို နေ့စဉ် ၂၀၀၀ မီလီဂရမ် ရရှိအောင် မှီဝဲပြီး အားဆေးပုလင်းမှာ ကပ်ထားတဲ့ စာတန်းပေါ်က Bioflavoids ပါဝင်တဲ့ အမျိုးအစားကို ရွေးချယ်ပါ။ ဖိစီးမှု ဟော်မုန်းထုတ်လုပ်မှု ၃၃ ရာခိုင်နှုန်း လျှော့ချနိုင်တယ်လို့ အရီဇိုးနား တက္ကသိုလ်မှ သုတေသီတွေက ဆိုပါတယ်။ Bioflavoids တွေဟာ အပင်ပစ္စည်းတွေကို အရောင်ဖြစ်စေတဲ့ ဒြပ်ပေါင်းတွေဖြစ်ပြီး ခန္ဓာကိုယ်တွင်း ဗီတာမင်စီနဲ့ ပူးပေါင်းလိုက်ရင် အာရုံကြောစနစ်တွေ အေးချမ်းမှု ရရှိစေတယ်လို့ သုတေသီတွေက ဆိုပါတယ်။

(၃) တူနာငါး များများ စားပါ

ငါးဟင်းများများစားတဲ့ လူတွေမှာစိတ်ဖိစီးမှုများတဲ့အခြေအနေမှာတောင်နေ့စဉ် ကော်တီဇောထုတ်လုပ်မှု ၂၂ ရာခိုင်နှုန်း လျော့ကျနိုင်ပါတယ်။ နေ့စဉ် တူနာ ဒါမှမဟုတ် တခြားအဆီများတဲ့ ငါးခွက်တစ်ဝက်စာ စားတာကြောင့် သုံးပတ်အတွင်း စိတ်အေးချမ်းမှု ရရှိနိုင်တယ်လို့ UCLA မှ သုတေသီတွေက တွေ့ရှိခဲ့ပါတယ်။ ငါးအဆီမှာ ပါဝင်တဲ့ EPA ဟာ ဦးနှောက်အတွင်းမှာ စိတ်ဖိစီးမှု လျော့ကျစေနိုင်တဲ့ ဟော်မုန်း Dopamine ထုတ်လုပ်မှုကို ကူညီနိုင်လို့ပါ။ ငါးဟင်း မကြိုက်တတ်ရင် Fish Oil ၁၀၀၀ မီလီဂရမ်ကို နေ့စဉ် မှီဝဲပါ။

(၄) သူငယ်ချင်းတွေနဲ့ တွေ့ဆုံပါ

သင့်သူငယ်ချင်းတွေနဲ့ တွေ့ဆုံ စကားပြောပြီးတဲ့ နောက်ပိုင်းမှာ သင်ရဲ့စိတ်ခံစားမှု ဘယ်လောက်ကောင်းတယ် ဆိုတာကို သင်သတိထားမိမှာပါ။ သင်ရဲ့ ခန္ဓာကိုယ်မှာလည်း အကျိုးရှိပါတယ်။ တစ်ယောက်ယောက်နဲ့ မိနစ် ၂၀ လောက် အချိန်ဖြုန်းပြီး စကားပြောလိုက်တာနဲ့ သုံးနာရီလောက် ကော်တီဇော ထုတ်လုပ်မှု ၆၃ ရာခိုင်နှုန်း ကျဆင်းနိုင်ပါတယ်။ တခြားလူတွေနဲ့ ဆက်သွယ်နေရတာကြောင့် သင့်ဦးနှောက်က စိတ်ဖြေလျှော့နိုင်တဲ့ ဟော်မုန်း အောက်ဆီတိုဆင် ထုတ်လုပ်မှုတွေ မြင့်တက်လာလို့ပါ။

(၅) ကာဗိုဟိုက်ဒရိတ်စားချိန် အချိန်ကိုက် ဖြစ်ပါစေ

ကာဗိုဟိုက်ဒရိတ်ကို မနက်စောစော စားထားတာကြောင့် ကော်တီဇော ထုတ်လုပ်မှု ၂၀ ရာခိုင်နှုန်းခန့် ကျစေနိုင်ပါတယ်။ ကာဗိုဟိုက်ဒရိတ်ဟာ သင့်ဦးနှောက်မှ ကော်တီဇော ထုတ်လုပ်မှုကို ပိတ်ပင်တဲ့ ဆီရိုတိုနင်တွေကို ထွက်ရှိလာစေနိုင်လို့ပါ။ ဒါကြောင့် မနက် ၇ နာရီမှာ ကာဗိုဟိုက်ဒရိတ်တွေဖြစ်တဲ့ ထမင်း ဒါမှမဟုတ် ပေါင်မုန့် စားထားပါ။ စောစောပိုင်း ကာဗိုဟိုက်ဒရိတ် စားထားတာကြောင့် နေ့ခင်းပိုင်း အလုပ်များပြီး ကော်တီဇော အဆင့်တွေ မြင့်တက်လာမှုကို ကာကွယ်နိုင်ပါတယ်။

ဒေါက်တာ ခင်မိုးမိုး
Ref: Good Health


--
Posted By Blogger to လူဗိုလ်ဟူသည် ... at 10/13/2012 10:23:00 AM

--
မှော်ဆရာအဖွဲ့ မှ နေ့ စဉ်မေးလ်များ ရယူလိုပါက http://groups.google.com/group/mrsorcerer/subscribe?hl=en ကို နှိပ်ပြီး မန်ဘာဝင်နိုင်ပါသည် ။
မန်ဘာဝင်များ မိမိတို.သိထားသည်များကို မျှဝေလိုပါက mrsorcerer@googlegroups.com သို. မေးလ်ပို.နိုင်ပါသည် ။
မှော်ဆရာအဖွဲ့ မှ နှုတ်ထွက်လိုလျှင် mrsorcerer+unsubscribe@googlegroups.com ကိုနှိပ်ပြီး မေးလ်ပို.ပါ ။
စာလက်ခံလိုသည့်ပုံစံ ပြင်လိုလျှင် http://groups.google.com/group/mrsorcerer?hl=en ကို သွားပါ ။
မှော်ဆရာ အဖွဲ့ ၏ စည်းကမ်းများကို သိလိုလျှင် http://groups.google.com/group/mrsorcerer/browse_thread/thread/af2f4a1d44d4d909?hl=en တွင် ဖတ်ရှုနိုင်ပါသည် ။
 
Facebook (FB) မှော်ဆရာအဖွဲ့သို့ Mail ပို့လိုလျှင် mrsorcerer2@groups.facebook.com
FB မှော်ဆရာအဖွဲ့သို့ ၀င်ရန် http://www.facebook.com/home.php?sk=group_173571176006981&ap=1
 
မှော်ဆရာ အဖွဲ့ နှင့်ပက်သက်၍ ဝေဖန်အကြံပြုလိုပါက >>>
ဦးဦး မှော်ဆရာ ( mrsorcerer9@gmail.com, mrsorcerer27@gmail.com ) ထံသို.
ပေးပို.နိုင်ပါသည် ။
 
ခင်မင်စွာဖြင့်
ဦးဦး မှော်ဆရာ