[mrsorcerer:33925] ဗုဒ္ဓဂယာကို ဗုံးခွဲမယ်ဆိုတဲ့သူ ၃ ဦး ဖမ်းမိ

ဗုဒ္ဓဂယာကို ဗုံးခွဲမယ်ဆိုတဲ့သူ ၃ ဦး ဖမ်းမိ


From : သန်းထွန်း


အိန္ဒိယနိုင်ငံ ဘီဟားပြည်နယ် ဂယာမြို့က မဟာဗောဓိ စေတီတော်အပါအ၀င်
အိန္ဒိယနိုင်ငံမြို့တော် နယူးဒေလီနဲ့ မွန်ဘိုင်းမြို့တွေမှာ
ဖောက်ခွဲရေးတွေလုပ်ဖို့ ကြံစည်နေတဲ့ အိန္ဒိယ မူဂျာဟစ်ဒင်အဖွဲ့ဝင် ၃
ယောက်ကို ဖော်ထုတ် ဖမ်းဆီးလိုက်တယ်လို့ ဒေလီရဲပြောပါတယ်။


~ အိန္ဒိယနိုင်ငံ ဘီဟားပြည်နယ်၊ ဂယာမြို့က မဟာဗောဓိ စေတီတော် ~

မကြာခင် ရောက်လာတော့မယ့် ဟိန္ဒူဘာသာဝင်တွေရဲ့ ဒေ၀ါလီပွဲတော်အတွင်း
မြို့တော် နယူးဒေလီရဲ့ အထင်ကရနေရာ၊ ဘာသာရေး အဆောက်အဦတွေ၊
လူစည်ကားမယ့်နေရာတွေမှာ ဖောက်ခွဲရေးတွေ လုပ်ဖို့ စီစဉ်ထားတဲ့အကြောင်း၊
နိုင်ငံတကာက ဗုဒ္ဓဘာသာဝင် ဘုရားဖူးတွေ အများစု လာကြတဲ့
ဗုဒ္ဓပွင့်တော်မူခဲ့တဲ့ ဂယာက မဟာဗောဓိ စေတီတော် ပရ၀ုဏ်အတွင်း အပါအ၀င်
တခြား သာသနိက အဆောက်အဦနေရာတွေမှာလည်း ဖောက်ခွဲရေးတွေ လုပ်ဖို့
စီစဉ်ထားတဲ့အကြောင်းကို တရားခံ ၃ ယောက်က ဖြောင့်ချက်ပေး
ဝန်ခံခဲ့တယ်လို့ မနေ့ညနေက လုပ်တဲ့ သတင်းစာရှင်းလင်းပွဲမှာ ဒေလီရဲမှူးက
ပြောပါတယ်။ ဘီဟားပြည်နယ်ရဲတပ်ဖွဲ့ကို ဒီကိစ္စ အကြောင်းကြားထားပြီး ဂယာက
မဟာဗောဓိ စေတီတော်ဝင်းအတွင်းမှာ လုံခြုံရေးအထူးချထားကြောင်း၊ အခု
ဖမ်းမိထားတဲ့ တရားခံတွေနဲ့ ဆက်စပ်နေတဲ့ အကြမ်းဖက်သမားတွေကိုလည်း
ဆက်လက်ရှာဖွေ ဖော်ထုတ်နေတယ်လို့ ရဲက ပြောပါတယ်။ တရားခံ ၃ ယောက်ဖြစ်တဲ့
အာဆက်ဒ်ခန်း (၃၃) နှစ်၊ အီမ်ရ်မ်ခန်း (၃၁) နှစ် နဲ့ ဖီရော့ဇ် ခေါ် ဟမ်ဇ
(၃၈) နှစ် တို့ကို ရဲက စစ်ဆေးတဲ့အချိန်မှာ ပြီးခဲ့တဲ့ သြဂုတ်လ ၁
ရက်နေ့တုန်းက အိန္ဒိယတောင်ပိုင်း ပူနေးမြို့ ဗုံးပေါက်ကွဲမှုတွေမှာလည်း
ပါဝင်ခဲ့တဲ့အကြောင်း၊ သူတို့ဟာ အိန္ဒိယ မူဂျာဟစ်ဒင်ခေါင်းဆောင်
ရာစင်ဘာတ်ခါလ်တို့ ညီအစ်ကိုရဲ့ ညွှန်ကြားမှုနဲ့ အကြမ်းဖက်မှုတွေ
လုပ်ဖို့ စီစဉ်ထားတာဖြစ်တဲ့အကြောင်း တရားခံတွေက ၀န်ခံခဲ့တယ်လို့
ဆိုပါတယ်။ ဒီ ၃ ယောက်ဟာ ပူနေး တရားရုံးချုပ်နဲ့ မဟာရာစတာ ပြည်နယ်က
ရာဝါဒါ ဗဟိုအကျဉ်းထောင်တွေကို ဖောက်ခွဲဖို့ စီစဉ်ခဲ့ပေမယ့်
လုံခြုံရေးအခြေအနေကြောင့် အစီအစဉ် ပျက်သွားခဲ့တယ်လို့လည်း ရဲက
ဆိုပါတယ်။

--
မှော်ဆရာအဖွဲ့ မှ နေ့ စဉ်မေးလ်များ ရယူလိုပါက http://groups.google.com/group/mrsorcerer/subscribe?hl=en ကို နှိပ်ပြီး မန်ဘာဝင်နိုင်ပါသည် ။
မန်ဘာဝင်များ မိမိတို.သိထားသည်များကို မျှဝေလိုပါက mrsorcerer@googlegroups.com သို. မေးလ်ပို.နိုင်ပါသည် ။
မှော်ဆရာအဖွဲ့ မှ နှုတ်ထွက်လိုလျှင် mrsorcerer+unsubscribe@googlegroups.com ကိုနှိပ်ပြီး မေးလ်ပို.ပါ ။
စာလက်ခံလိုသည့်ပုံစံ ပြင်လိုလျှင် http://groups.google.com/group/mrsorcerer?hl=en ကို သွားပါ ။
မှော်ဆရာ အဖွဲ့ ၏ စည်းကမ်းများကို သိလိုလျှင် http://groups.google.com/group/mrsorcerer/browse_thread/thread/af2f4a1d44d4d909?hl=en တွင် ဖတ်ရှုနိုင်ပါသည် ။

Facebook (FB) မှော်ဆရာအဖွဲ့သို့ Mail ပို့လိုလျှင် mrsorcerer2@groups.facebook.com
FB မှော်ဆရာအဖွဲ့သို့ ၀င်ရန် http://www.facebook.com/home.php?sk=group_173571176006981&ap=1

မှော်ဆရာ အဖွဲ့ နှင့်ပက်သက်၍ ဝေဖန်အကြံပြုလိုပါက >>>
ဦးဦး မှော်ဆရာ ( mrsorcerer9@gmail.com, mrsorcerer27@gmail.com ) ထံသို.
ပေးပို.နိုင်ပါသည် ။

ခင်မင်စွာဖြင့်
ဦးဦး မှော်ဆရာ