[mrsorcerer:34310] Re: [Richard Aung] တိုင်းပြည်အနာဂတ်လှပစေဖို့ မြန်မာအချင်းချင်းအားပေးစို့

ကိုလင်းထက်ဆွေရေ... အများကြီးတော့ မဆွေးနွေးတော့ပါဘူး ... ခေါင်းစဉ်းနဲ့ ဆွေးနွေးနေကြဒါက  နည်းနည်းလမ်းကြောင်းလွဲနေလို့ဒါလဲပါဒါပေါ့ 
ကျွန်တော့် အနေနဲ့  လျက်ရှိ့ပိုလ့်ကို အားပေးတယ်ဆိုဒါ အကောင်းမြင်နဲ့ပါ ... ကိုယ့်နိုင်ငံသားပိုင် ကိုမှ အားပေးမယ်ဆိုဒါထက် ဦးစားပေးတယ်လို့ပြောချင်ပါတယ် 
နိုင်ငံခြားသားတွေ ..အထူးသဖြင့် အာရှသားတွေ ...အခုခေတ်စားနေတဲ့ ကိုးရီးယားတွေနဲ့လဲ အနည်းကျဉ်းထိတွေ့ဖူးတော့ သူတို့တွေရဲ့ သဘောထားကိုလဲ တွေ့နေရပါတယ်.. သူတို့နိုင်ငံထုတ် ပစ္စည်းတွေကိုပဲ ဦးစားပေးဝယ်ကြဒါပဲ ... ကျွန်တော့ အနေနဲ့ကတော့ အစွဲလို့တော့ မမြင်ပါဘူး သူ့နိုင်ငံရဲ့ စီးပွါးရေး တိုးတက်အောင် တဖက်တလမ်းကနေ ကူညီတယ်လို့ပဲမြင်ပါတယ် ...  အခုလျက်ရှိ့ ပိုလ်ကိုလဲ ကိုယ့် နိုင်ငံနဲ့ နိုင်ငံသားတွေ တိုးတက်ရာတိုးတက်ကြောင်း အချင်းချင်း အားပေးဖို့ အပြုသဘောနဲ့ မြင်ပါတယ်... ကိုယ့်နိုင်ငံမှာ တရားမျှတစွာ လာရောက်ရင်းနှီးမြုပ်နှံကြတဲ့ နိုင်ငံခြားသားတွေကိုလဲ ကြိုဆိုပါတယ် ... သူတို့ကိုလဲ ခေတ်အလျောက် ရှင်ပြိုင်လုပ်ကိုင်ခိုင်းကြမှာပါပဲ  .... လူအခွင့်အရေးလို့ ကျွန်တော်တို့ ခံယူထားတဲ့ အတိုင်းပေါ့  ကိုယ်ကြိုက်ရာကို လွတ်လပ်စွာရွေးချယ်ခွင့်ပြုပါတယ်... ဒါကြောင့် နိုင်ငံသားအချင်းချင်း အားပေးဖို့ ဖိတ်ခေါ်ဒါကတော့  နိုင်ငံခြားသားတွေထက်တပန်းသာတဲ့  နိုင်ငံသားအခွင့် အရေးလို့ပဲ မြင်ပါတယ်...  ;)

On Friday, October 12, 2012 11:53:42 AM UTC+6:30, Richard Aung wrote:

မျိုးချစ်မြန်မာလူငယ်များအစည်းအရုံး

မြန်မာနိုင်ငံသား မြန်မာတိုင်းရင်းသားများ၏စီးပွားရေးကိုမြှင့်တင်ပေးရန်၊မိမိတို့မြန်မာတိုင်းရင်းသားများပိုင်ဆိုင်သည့် စီးပွားရေးကို အားပေးကြရန် တိုက်တွန်းနှိုးဆော်သည့်အနေဖြင့် ကျွန်ုပ်တို့ မျိုးချစ်မြန်မာလူငယ်များအစည်းအရုံးမှတိုင်းရင်းသားပိုင်စီးပွားရေးလုပ်ငန်းများကိုကွဲပြားသိသာစေ ရန် ရည်ရွယ်ချက်ဖြင့် အောက်ပါ စတေကာများ၊ ပန်ဖလက်များကို တစ်နိုင်ငံလုံးအတိုင်းအတာဖြင့် လိုက်လံဖြန့်ချိမည်ဖြစ်ပါသည်။အွန်လိုင်းရှိ မျိုးချစ်ပုဂ္ဂိုလ်များမှလည်း ၀ိုင်းဝန်းကြေငြာနှိုးဆော်ပေး ကြပါရန် နှင့် တိုင်းရင်းသား ညီအစ်ကို မောင်နှမများအနေနှင့်လည်း .. စတစ်ကာကပ်ထားသည့် တိုင်းရင်းသားပိုင် စီးပွားရေးလုပ်ငန်းအချင်းချင်းသာ အားပေးကြရန်အမျိုးသားရေးစိတ်ဓာတ်ဖြင့် တိုက်တွန်းနှိုးဆော်လိုက်ပါသည်။
ပန်ဖလက်တွင်ပါမည့်စာ
*****************
တိုင်းပြည်အနာဂတ်လှပစေဖို့ မြန်မာအချင်းချင်းအားပေးစို့
Save Our Country ................ Save Our Future
မြန်မာတိုင်းရင်းသားများအားလုံး မိမိတိုင်းရင်းသားများ၏စီးပွါးရေးလုပ်ငန်း၊ကုန်ထုတ်လုပ်ငန်း၊ ခရီးသွားလာရေးလုပ်ငန်း၊မိမိတိုင်းရင်းသားပိုင်ကူးသန်းရောင်းဝယ်ရေးလုပ်ငန်းများကိုအားပေးကြ
ရန်နှင့်မိမိတိုင်းရင်းသားပိုင်စီးပွါးရေးလုပ်ငန်းများနှင့်သာ ရောင်းဝယ်ဖေါက်ကားဆက်ဆံကြခြင်းတို့
ကို ပြုလုပ်ခြင်းဖြင့် မိမိတို့၏တိုင်းပြည်နှင့်မိမိတို့တိုင်းရင်းသားလူမျိုးများ၏ အကျိုးစီးပွါး၊အနာ
ဂတ်တို့ကို ကာကွယ်ထိန်းသိမ်းကြပါရန် နှိုးဆော်အပ်ပါသည်။
(အောက်ပါစတစ်ကာများကို ကပ်ထားကြခြင်းဖြင့် မိမိတိုင်းရင်းသားပိုင်စီးပွါးရေးဖြစ်ကြောင်းနှင့်
ရောင်းဝယ်ဖေါက်ကားအားပေးကြသူများကလဲ မိမိတိုင်းရင်းသားပိုင်ပစ္စည်းကိုအားပေးကြစေရန်
ရည်ရွယ်သတ်မှတ်ထားခြင်းဖြစ်ပါသည်။)



--
Posted By အောင်မျိုးကျော် to Richard Aung at 10/12/2012 11:53:00 AM

--
မှော်ဆရာအဖွဲ့ မှ နေ့ စဉ်မေးလ်များ ရယူလိုပါက http://groups.google.com/group/mrsorcerer/subscribe?hl=en ကို နှိပ်ပြီး မန်ဘာဝင်နိုင်ပါသည် ။
မန်ဘာဝင်များ မိမိတို.သိထားသည်များကို မျှဝေလိုပါက mrsorcerer@googlegroups.com သို. မေးလ်ပို.နိုင်ပါသည် ။
မှော်ဆရာအဖွဲ့ မှ နှုတ်ထွက်လိုလျှင် mrsorcerer+unsubscribe@googlegroups.com ကိုနှိပ်ပြီး မေးလ်ပို.ပါ ။
စာလက်ခံလိုသည့်ပုံစံ ပြင်လိုလျှင် http://groups.google.com/group/mrsorcerer?hl=en ကို သွားပါ ။
မှော်ဆရာ အဖွဲ့ ၏ စည်းကမ်းများကို သိလိုလျှင် http://groups.google.com/group/mrsorcerer/browse_thread/thread/af2f4a1d44d4d909?hl=en တွင် ဖတ်ရှုနိုင်ပါသည် ။
 
Facebook (FB) မှော်ဆရာအဖွဲ့သို့ Mail ပို့လိုလျှင် mrsorcerer2@groups.facebook.com
FB မှော်ဆရာအဖွဲ့သို့ ၀င်ရန် http://www.facebook.com/home.php?sk=group_173571176006981&ap=1
 
မှော်ဆရာ အဖွဲ့ နှင့်ပက်သက်၍ ဝေဖန်အကြံပြုလိုပါက >>>
ဦးဦး မှော်ဆရာ ( mrsorcerer9@gmail.com, mrsorcerer27@gmail.com ) ထံသို.
ပေးပို.နိုင်ပါသည် ။
 
ခင်မင်စွာဖြင့်
ဦးဦး မှော်ဆရာ