ပြည်ခိုင်ဖြိုးပါတီ ဒုဥက္ကဋ္ဌသုံးဦးအထိ ထားရှိ
၂ဝ၁၂၊ အောက်တိုဘာ၊ ၁၇။
နိုင်ငံတော်သမ္မတ ဦးသိန်းစိန် ပြည်ခိုင်ဖြိုးပါတီ၏ ဥက္ကဋ္ဌအဖြစ် တာဝန်ထမ်းဆောင်မည် မဟုတ် သောကြောင့် ပါတီ ဒုဥက္ကဋ္ဌအား သုံးယောက်အထိ ရွေးချယ်ခြင်း ဖြစ် ကြောင်း ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီမှ ဗဟိုအလုပ်အမှု ဆောင်တစ်ဦးက ပြောသည်။
နိုင်ငံတော်သမ္မတမှ ပါတီဥက္ကဋ္ဌ အဖြစ် ရွေးချယ်ခံရသောလည်း ပါ တီဥက္ကဋ္ဌအဖြစ် တာဝန်ထမ်းဆောင် မည်မဟုတ်ကြောင်း ပါတီဥက္ကဋ္ဌ အဖြစ် သူရဦးရွှေမန်းက ဆောင်ရွက် သွားမည်ဖြစ်ပြီး ဒုဥက္ကဋ္ဌအဖြစ် ဦး ဌေးဦး၊ သူရဦးအေးမြင့်တို့က ဆောင် ရွက်သွားမည်ဖြစ်ကြောင်း သိရ သည်။
''အဓိကတော့ ပါတီကိစ္စတွေ ကော ပြည်သူကိစ္စတွေပါ ကျယ် ကျယ်ပြန့်ပြန့် ဆောင်ရွက်ဖို့ပါ။ ဒု ဥက္ကဋ္ဌက စည်းရုံးရေးတို့ လယ်သမား ကိစ္စ၊ ကျန်းမာရေးကိစ္စတွေကို ကဏ္ဍ ခွဲပြီး ပြုလုပ်သွားမှာပါ။ ဒီရာထူး တွေကို အရင်တုန်းက ဗဟိုအလုပ် အမှုဆောင်က ရွေးချယ်တာပါ။ အခု ဒီမိုကရေစီနည်းကျကျ ရွေးချယ် ထားပါတယ်''ဟု ၄င်းက ပြော သည်။
ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ ပထမဆုံးအကြိမ် ညီလာခံကို နေပြည်တော်တွင် လေး ရက်ကြာ ကျင်းပခဲ့ခြင်းဖြစ်ပြီး ပါတီ အတွင်း နေရာအပြောင်းအလဲများ ဖြစ်ပေါ်ခဲ့ကြောင်း သိရသည်။
အသစ်ခန့်လိုက်သော ပါတီ ရာထူးများမှာ အထွေထွေအတွင်း ရေးမှူး ဦးမောင်မောင်သိန်း၊ တွဲဖက် အတွင်းရေးမှူး ဦးသိန်းဇော်၊ အတွင်း ရေးမှူးအဖွဲ့တွင် ဦးခင်အောင်မြင့်၊ ဦးသိန်းဆွေ၊ သူရဦးအောက်ကိုတို့ ဖြစ်ကြသည်။
အတိုင်ပင်ခံအဖွဲ့တွင် ဦးအောင် သောင်း၊ ဦးတင်ထွဋ်၊ ဦးစိုးသာတို့ ဖြစ်ကြပြီး အကြံပေးအဖွဲ့တွင် ဦး သောင်း၊ ဦးလွန်းသီ၊ ဒေါက်တာ မြဦး၊ ဒေါက်တာကျော်မြင့်၊ ဒေါက် တာချမ်းငြိမ်း တို့ဖြစ်ကြသည်။
ဗဟိုကော်မတီ အလုပ်အမှု ဆောင်အဖြစ် စုစုပေါင်း ၄၄ ဦး ထားရှိပြီး ဗဟိုကော်မတီက ၂၂၅ ယောက် အရန် ဗဟိုကော်မတီဝင် ၇၅ ဦးထားရှိကြောင်း သိရသည်။
ယင်းပါတီ ညီလာခံကို နိုင်ငံ တော်သမ္မတ ဦးသိန်းစိန်လည်း တက် ရောက်ခဲ့ပြီး၊ လွှတ်တော်ကိုယ်စား လှယ်များ လွှတ်တော်ကိုယ်စား လှယ် မဟုတ်သော ပါတီကိုယ်စား လှယ်များပါ တက်ရောက်ခဲ့ကြောင်း သိရသည်။
ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီသည် ၂ဝ၁ဝ ရွေး ကောက်ပွဲတွင် အာဏာရရှိခဲ့သော ပါတီကြီးတစ်ခုဖြစ်ပြီး ၂ဝ၁၂ ကြား ဖြတ်ရွေးကောက်ပွဲတွင် လစ်လပ် ၄၅ နေရာ ဝင်ပြိုင်ခဲ့ရာ တစ်နေရာ သာ အနိုင်ရရှိခဲ့သော ပါတီဖြစ်သည်။
--
Posted By အောင်မျိုးကျော် to Richard Aung at 10/18/2012 03:46:00 AM --
မှော်ဆရာအဖွဲ့ မှ နေ့ စဉ်မေးလ်များ ရယူလိုပါက http://groups.google.com/group/mrsorcerer/subscribe?hl=en ကို နှိပ်ပြီး မန်ဘာဝင်နိုင်ပါသည် ။
မန်ဘာဝင်များ မိမိတို.သိထားသည်များကို မျှဝေလိုပါက mrsorcerer@googlegroups.com သို. မေးလ်ပို.နိုင်ပါသည် ။
မှော်ဆရာအဖွဲ့ မှ နှုတ်ထွက်လိုလျှင် mrsorcerer+unsubscribe@googlegroups.com ကိုနှိပ်ပြီး မေးလ်ပို.ပါ ။
စာလက်ခံလိုသည့်ပုံစံ ပြင်လိုလျှင် http://groups.google.com/group/mrsorcerer?hl=en ကို သွားပါ ။
မှော်ဆရာ အဖွဲ့ ၏ စည်းကမ်းများကို သိလိုလျှင် http://groups.google.com/group/mrsorcerer/browse_thread/thread/af2f4a1d44d4d909?hl=en တွင် ဖတ်ရှုနိုင်ပါသည် ။
Facebook (FB) မှော်ဆရာအဖွဲ့သို့ Mail ပို့လိုလျှင် mrsorcerer2@groups.facebook.com
FB မှော်ဆရာအဖွဲ့သို့ ၀င်ရန် http://www.facebook.com/home.php?sk=group_173571176006981&ap=1
မှော်ဆရာ အဖွဲ့ နှင့်ပက်သက်၍ ဝေဖန်အကြံပြုလိုပါက >>>
ဦးဦး မှော်ဆရာ ( mrsorcerer9@gmail.com, mrsorcerer27@gmail.com ) ထံသို.
ပေးပို.နိုင်ပါသည် ။
ခင်မင်စွာဖြင့်
ဦးဦး မှော်ဆရာ