[mrsorcerer:34378] စိတ်ရောဂါရှင်(ကလေးအမေ)ကို ကူညီကြပါဥိးတဲ့

စိတ်ရောဂါရှင်(ကလေးအမေ)ကို ကူညီကြပါဥိးတဲ့

မြင်းခြံမြို့၊မြောက်ဈေး၊ လမ်းဘေးမှာ မိုးကာတဲလေးနဲ့ မလုံမခြုံနေရရှာတဲ့ မိမိအမည်ကိုတောင်မပြောနိုင်တဲ့ စိတ်ရောဂါရှင်ပါ။ ကလေးလေးမွေးဖွားပြီးးတာ နှစ်ပတ်လောက်ပဲ ရှိပါသေးတယ်။ ဓာတ်ပုံမှာ မြင်ရတဲ့အတိုင်း မိုးကာတဲလေးက ကလေးငယ်လေးအား အသက်ရှင်ဖို့ စိုးရိမ်စရာအခြေအနေပါ။ လမ်းဘေးလေးမှာ မလုံမခြုံနေရတာကြောင့် ဈေးသူဈေးသားများလည်း စိတ်မချမ်းမသာဖြစ်နေကြတယ်။ ကူညီမယ့်သူကိုလည်း မျှော်လင့်နေကြတယ်။ မနက်ပိုင်း နေ့ခင်းပိုင်းမှာ(ဈေးဖွင့်ချိန်မှာ) ၀ိုင်းပြီးကူညီကြ၊ ရိုင်းပင်းကြ၊ ပေးကြ ကမ်းကြပါတယ်။ အထူးသဖြင့် မအိဖောင်းက အစစအရာရာ ဂရုစိုက်ပေးပါတယ်။ ထမင်းပို့ပေးတယ်။ တဲလေးလုပ်ပေးတယ်။ မွေးဖွားခါနီးမှာ ဆရာဝန်များနဲ့ ပြသပေးခဲ့ပါတယ်။ ခက်နေတာက ဈေးသူဈေးသားတွေ မရှိတော့တဲ့ ညဘက်ဆိုရင် မိခင်ရဲ့လုံခြုံရေးကလည်း ရင်လေးစရာပါ။ ကလေးအတွက် ကျန်းမာရေးဆိုင်ရာ စိုးရိမ်ရပါတယ်။ စိတ်ရောဂါရှင်ဟာ လူမဆန်
တဲ့လူများကြောင့် ကလေးရခဲ့တာပါ။ လိင်လုပ်သားတစ်ဦးမဟုတ်ကြောင်းကိုလည်း ပတ်ဝန်းကျင်ကပြောကြပါတယ်။



မြင်းခြံမြို့ ဘူတာဝန်းကျင်မှာ ရောက်နေတာ တစ်နှစ်ဝန်းကျင်ရှိပြီလို့ သိရပါတယ်။ စိတ်ရောဂါရှင်ဖြစ်လို့ စိတ်ထင်ရာလျှောက်သွားရင်း မြင်းခြံကိုရောက်လာဟန်တူပါတယ်။ သူမနာမည်ကို အမှန်မပြောနိုင်သေးပါ။ "မမုန်တိုင်း" လို့လဲပြောတယ်။ "မသက်သက်ခိုင်" လို့လဲပြောပါတယ်။ ကလေးဖွားပြီးမှ မိခင်စိတ်ရှိလာတယ်။ စိတ်မှန်စပြုလာတယ်လို့ ပြောပါတယ်။ (အချို့ကလည်း မိုးကုတ်ဘက်ကတဲ့၊ အချို့ကလည်း ပုပ္ပါးဘက်ကတဲ့၊ အချို့က မော်လမြိုင်ဘက်ကတဲ့၊ အမျိုးမျိုးပြောကြပါတယ်။) သူမအတွက် (ယာယီဖြစ်ဖြစ်) လုံခြုံရာနေရာတစ်ခုရဖို့ စီစဉ်နေပါတယ်။ အကယ်၍ မိတ်ဆွေများ သိခဲ့လျှင် သူမမိဘများနဲ့ဆက်သွယ်အကြောင်းကြားပေးဖို့ တိုက်တွန်းပါတယ်ခင်ဗျာ။ နေရာဒေသအတိအကျသိရင် အောက်ပါဖုန်းနံပါတ်များနဲ့လည်း ဆက်သွယ်သတင်းပေးကြပါခင်ဗျား----- အောက်ပါဖုံးနံပါတ်များနဲ့လည်းဆက်သွယ်နိုင်ပါတယ် ၀၉/၄၃၀၃၆၉၃၉ အရှင်ဝဏ္ဏိတ၊ အလင်းဥယျာဉ်ပညာရေးကျောင်း၊ ထနောင်းတိုင် ၀၉/၄၀၂၅၄၁၃၂၆ အရှင်နန္ဒ၀ံသ၊ စွန်းလွန်းဂူကျောင်း၊မြင်းခြံ၊
from ... မောင်ကျောက်ခဲ
သိတဲ့သူများကူညီလိုက်ပါဦးဗျို့ .

--
မှော်ဆရာအဖွဲ့ မှ နေ့ စဉ်မေးလ်များ ရယူလိုပါက http://groups.google.com/group/mrsorcerer/subscribe?hl=en ကို နှိပ်ပြီး မန်ဘာဝင်နိုင်ပါသည် ။
မန်ဘာဝင်များ မိမိတို.သိထားသည်များကို မျှဝေလိုပါက mrsorcerer@googlegroups.com သို. မေးလ်ပို.နိုင်ပါသည် ။
မှော်ဆရာအဖွဲ့ မှ နှုတ်ထွက်လိုလျှင် mrsorcerer+unsubscribe@googlegroups.com ကိုနှိပ်ပြီး မေးလ်ပို.ပါ ။
စာလက်ခံလိုသည့်ပုံစံ ပြင်လိုလျှင် http://groups.google.com/group/mrsorcerer?hl=en ကို သွားပါ ။
မှော်ဆရာ အဖွဲ့ ၏ စည်းကမ်းများကို သိလိုလျှင် http://groups.google.com/group/mrsorcerer/browse_thread/thread/af2f4a1d44d4d909?hl=en တွင် ဖတ်ရှုနိုင်ပါသည် ။
 
Facebook (FB) မှော်ဆရာအဖွဲ့သို့ Mail ပို့လိုလျှင် mrsorcerer2@groups.facebook.com
FB မှော်ဆရာအဖွဲ့သို့ ၀င်ရန် http://www.facebook.com/home.php?sk=group_173571176006981&ap=1
 
မှော်ဆရာ အဖွဲ့ နှင့်ပက်သက်၍ ဝေဖန်အကြံပြုလိုပါက >>>
ဦးဦး မှော်ဆရာ ( mrsorcerer9@gmail.com, mrsorcerer27@gmail.com ) ထံသို.
ပေးပို.နိုင်ပါသည် ။
 
ခင်မင်စွာဖြင့်
ဦးဦး မှော်ဆရာ