သံလွင်ခက်
အောက်တိုဘာ (၁၇)ရက်၊ ၂၀၁၂ခုနှစ်။
ယခုနှစ်ဇွန်လအတွင်း ဖြစ်ပွါးခဲ့သော ရခိုင်ပြည်နယ်တွင်း ပဋိပက္ခမှာ လေးလကျော် ကြာမြင့်ခဲ့သည်။ ဒုက္ခသည်ပေါင်း ရှစ်သောင်းကျော် ရှိခဲ့ပြီဖြစ်သော ထိုပဋိပက္ခအတွင်း ဒုက္ခသည် အများစုမှာ ရခိုင်ပြည်နယ်အတွင်းရှိ အစ္စလာမ် ဘာသာဝင်များဖြစ်ကြောင်း လည်း မှတ်တမ်းများ၌ ဖော်ပြထားသည်။
ထိုမျှသာမက ၎င်း ဒုက္ခသည်များ အတွက် ပြုလုပ်ပေးထားသော ယာယီကယ်ဆယ်ရေး စခန်းများ၏ အခြေအနေမှာလည်း အလွန် ဆိုးဝါးကြောင်း ကိုယ်တွေ့ သွားရောက် လေ့လာခဲ့သူ တို့၏ မှတ်တမ်း မှတ်ရာများမှ သိရှိရသည်။ ၎င်း ဒုက္ခသည်များ အတွက် လူသားချင်း စာနာထောက်ထား မှု အကူအညီများ အလျင်အမြန် ပေးအပ်ဆောင်ရွက်ရန် လိုအပ်ကြောင်းလည်း အပြည်ပြည်ဆိုင်ရာ အဖွဲအစည်းများမှ အပူတပြင်း တိုက်တွန်းလျက်ရှိသည်။
သို့ရာတွင် မြန်မာအစိုးရ၏ ဆောင်ရွက်ချက်များ နှင့် စပ်လျင်း၍ မြင်သာထင်သာသည့် ကူညီကယ်ဆယ်ရေး လုပ်ငန်းများ ဟူသည်ကား ယခုထက်တိုင် ပေါ်ထွက်မလာသေးပေ။ ထို့ကြောင့်လည်း အစ္စလာမစ် ပူးပေါင်းဆောင်ရွက်ရေး အဖွဲ့ (OIC) က ကူညီကယ်ဆယ်ရေး လုပ်ငန်းများ ထိရောက်စွာ ဆောင်ရွက်နိုင်ရန် မြန်မာနိုင်ငံ နယ်စပ်ရေးရာဝန်ကြီး ဒုတိယ ဗိုလ်ချုပ်ကြီး သိန်းဌေး နှင့် သဘောတူညီမှု စာချွန်လွှာကို ပြီးခဲ့သည့် စက်တင်ဘာလ ၁၁ ရက်က လက်မှတ်ရေးထိုး ခဲ့သည်။ (မှတ်ချက်။ သတင်းအသေးစိပ်အား ဤနေရာ တွင် ဖတ်ရှုနိုင်ပါသည်)
ထိုသဘောတူညီချက် ရရှိပြီး တစ်လကျော်အကြာ ယခု အောက်တိုဘာ ၁၅ ရက်က မြန်မာနိုင်ငံ အတွင်း ရန်ကုန်၊ မန္တလေး အပါအဝင် မြို့ကြီး ၂၀ ကျော်၌ သံဃာများမှ ဦးဆောင်ကာ OIC ရုံးဖွင့်ခြင်းအား ဆန့်ကျင်ဆန္တပြမှုများ ပြုလုပ်ခဲ့သည်။ "No OIC" "Stop OIC" "Get Out OIC" အစရှိသော OIC ဆန့်ကျင်ရေး ပိုစတာများ အပါအဝင် ဆီလျော်မှု အလျင်းမရှိသော "Terrorist Islam" ဟူသည့် စာတမ်းများပါ ကိုင်ဆောင်ကာ အစ္စလာမ် သာသနာကိုပါ တိုက်ခိုက်သည့် အနေအထား သို့ရောက်ရှိ လုပ်ဆောင်နေပေသည်။
အင်တာနက် လူမှုကွန်ရက် ဝဘ်ဆိုဒ်များ တွင်လည်း OIC အား ရန်သူသဖွယ်မြင်လာအောင် သတင်းအမှား၊ အချက်အလက် အမှားများဖြင့် သွေးထိုးလှုံ့ဆော်မှု ပြုလုပ်နေသူများမှာ ဒုနှင့်ဒေး ဖြစ်သည်။ စစ်အစိုးရ လက်ထက်ကကဲ့သို့ လူနည်းစု ဘာသာခြားတို့နှင့် လူများစု ဗုဒ္ဓဘာသာဝင် တို့အကြား ပဋိပက္ခများ ဖြစ်ပွါးအောင် အကွက်ကျကျ စီမံပြုလုပ်နေသလား ဟူ၍ပင် နိုင်ငံတကာ အသိုင်းအဝန်းမှ ထင်မြင်၊ရှုမြင်စရာဖြစ် လာသည်။ ထိုမျှလောက် ကြီးမားသည့် ဆန့်ကျင်ဆန္ဒပြပွဲကြီးကို သံဃာထုက ဦးဆောင်နေသည်မှာ အမှန်ပင် သံသယဖြစ်စရာရှိ၏။ သံဃာထုက ဦးဆောင်နေသည်ဟု ဆိုစေဦး၊ မည်သည့်အရာက နောက်ကွယ်မှ တွန်းအားပေးနေ သနည်း။ အဘယ်ကြောင့် လူသာချင်း စာနာမှု အကူအညီများ ပေးအပ်လှုဒါန်းရန် ကမ်းလှမ်းသော OIC အဖွဲ့အား ရန်သူသဖွယ် ဆန့်ကျင်နေကြပါ သနည်း။
ထိုမေးခွန်းများအား အဖြေပေးရန်အတွက် အချက် ၂ ချက်ပေါ် အခြေခံ၍ အောက်ပါအတိုင်း သုံးသပ်တင်ပြပါမည်။
(၁) OIC ၏ မြန်မာနိုင်ငံအပေါ် လူသားချင်းစာနာမှု အကူအညီများ ပေးအပ်လှုဒါန်းရန်ဆိုသည့် သဘောထားအပေါ် မြန်မာ အစိုးရ ၏အမြင် မည်သို့ရှိသနည်း။
ပြီးခဲ့သော အောက်တိုဘာ ၉ ရက်နေ့က BBC သတင်းဌာန နှင့် OIC မွတ်စလင် လူနည်းစု အသိုင်းအဝိုင်းဌာန၏ ရိုဟင်ဂျာ အရေးဆိုင်ရာ တာဝန်ရှိသူ ဒီနာမန်ဒီနီအား ဆက်သွယ်မေးမြန်းချက်ကို ပြန်လည်ကြည့်ရှုသော် အောက်ပါ အတိုင်းတွေ့ရှိရသည်။ (မှတ်ချက်။ သတင်းအသေးစိပ်အား ဤနေရာတွင် ဖတ်ရှုနိုင်ပါသည်)
အထက်ပါအချက် အချက် ၃ ချက်အား ထောက်ရှုခြင်းအားဖြင့် OIC သည် အကူအညီပေးရာ၌ လူမျိုးရေးခွဲခြားမည်မဟုတ်ကြောင်း အတိ အလင်းပြောကြားထား သကဲ့သို့ မြန်မာအစိုးရဘက် မှလည်း တင်းကြပ်သော စည်းမျဉ်းစည်းကမ်း များဖြင့်သာ OIC အား ခွင့်ပြုခြင်းဖြစ်ကြောင်း တွေ့ရှိရသည်။ သို့ဆိုလျှင် မြန်မာ အစိုးရ အနေဖြင့် ထိုသဘောတူညီချက် စာချွန်လွှာကို သံသယပွါးပြည်သူ၊ သံဃာ အပေါင်းတို့အား အဘယ်ကြောင့် ပွင့်လင်းမြင်သာစွာ အသိပေးခြင်း မရှိပါသနည်း။
ယခုကဲ့သို့ ရောင်စုံချယ် ပိုစတာ အမျိုးမျိုးအား ကိုယ်စီကိုယ်ငှ ကိုင်ဆောင် လမ်းလျှောက် ဆန္ဒထုတ်ဖော်ခြင်းကို တင်ကြိုတာဆီး နိုင်ပါလျက် မြန်မာ အစိုးရသည် ဆောင်ရွက်ခဲ့ခြင်း မရှိပေ။ နောက်ဆုံး၌ "ပြည်သူ့ဆန္ဒ" ဟုခေါင်းစဉ်တပ်ကာ လက်မှတ်ရေးထိုး ထားသော သဘောတူညီချက် စာချွန်လွှာအား ဖောက်ဖျက်ကာ OIC အား ရုံးဖွင့်ခွင့် တားမြစ်ပိတ်ပင် လိုက်ခြင်းဖြစ်သည်။ ဤသည်မှာ အစိုးရ၏ မူလ ရည်မှန်းချက် အထမြောက်သွားခြင်းလော။
ရခိုင် ပဋိပက္ခ နောက်ပိုင်း မြန်မာ အစိုးရအား လွတ်လပ်သော စုံးစမ်းရေးအဖွဲ့များ ဝင်ရောက် စုံစမ်းခွင့်ပြုရန် နိုင်ငံတကာ အသိုင်းအဝန်းမှ တောင်းဆိုမှုများ ရှိခဲ့သည်။ HRW ကဲ့သို့သော လူ့အခွင့်အရေး စောင့်ကြည့်လေ့လာရေး အဖွဲ့များမှလည်း မြန်မာ အစိုးရ၏ ရခိုင်အရေး ကိုင်တွယ်ပုံနှင့် ပတ်သတ်ပြီး ဝေဖန်မှုများ အမြောက်အမြား ရှိခဲ့သည်။ သို့ရာတွင် အစိုးရအနေဖြင့် ပြည်တွင်းဖြစ် စုံစမ်း စစ်ဆေးရေး ကော်မရှင် တစ်ရပ် ရုပ်ပြအနေဖြင့် ဖွဲ့စည်းပေး၍ ယခု အချိန်အထိ ထိုကော်မရှင် မှာလည်း မည်သည့် ရလဒ်မှ ဆောင်ကျဉ်းပေးနိုင်ခြင်း မရှိ။ OIC ရုံးဖွင့်ပါက လွတ်လပ်သော ပြည်ပ စုံစမ်းရေးကော်မရှင် တစ်ရပ်ကို ခွင့်ပြုပေးလိုက်သကဲ့သို့ ဖြစ်လေမလား ဟု အစိုးရအနေဖြင့် စဉ်းစား မိပေမည်မှာ သေချာသလောက်ပင်။ ဤသည်ကို အစိုးရက လုံးဝ လိုလားဟန်မရှိပေ။ အဘယ်ကြောင့်နည်း။ "ရွှေစစ်လျှင် မှတ်ကျောက်တင်ခံရဲရသည်" ဟူသော အဆိုရှိသည် မဟုတ်ပါလော။
သမ္မတ ဦးသိန်းစိန်အနေဖြင့် နိုင်ငံအချင်းချင်း (သို့မဟုတ်) နိုင်ငံအများနှင့် ပူးပေါင်းဆောင်ရွက်သည့် နားလည်မှုစာချွန်လွှာ လက်မှတ်ရေးထိုးခြင်းနှင့် စပ်လျဉ်း၍ နိုင်ငံတော် သမ္မတကြီး၏ လမ်းညွှန်ချက် များဟုဆိုကာ အောက်ပါ အတိုင်း အချက် ၄ ချက် ချမှတ် ထားသည်ဟု သိရှိရသည်။
အထက်ပါ မည်သည့် အချက်က OIC နှင့် ချုပ်ဆိုထားသော စာချွန်လွှာ၌ ညိစွန်း ပါဝင်နေသနည်း။ ထိုသို့ဆိုပါက ပြည်သူလူထု နှင့် အခြား အပြည်ပြည် ဆိုင်ရာ အဖွဲ့အစည်းများအား ထုတ်ဖော်ပြသ လိုက်ရုံသာရှိသည်။ ကိစ္စမှာ ဤမျှလောက် လွယ်ကူပါ၏။ သို့သော် ထိုသို့ဖြေရှင်း ရမည့် အစား OIC အား ရုံးဖွင့်ခွင့် မပြုဟု ကြေညာကာ လူမျိုးရေး အစွန်းရောက် ရခိုင်များ၊ ဘာသာရေး မှိုင်းမိနေသော လူများစု ဗမာလူမျိုးတို့နှင့်တကွ သံဃာထု၏ ဝမ်းပန်းတသာ ထောက်ခံမှုကို သမ္မတ ဦးသိန်းစိန်မှ အလိုရှိဟန်တူကြောင်း သုံးသပ် ရမည်သာ ဖြစ်သည်။
SOURCE
Regards,
Haroon1992
--
မှော်ဆရာအဖွဲ့ မှ နေ့ စဉ်မေးလ်များ ရယူလိုပါက http://groups.google.com/group/mrsorcerer/subscribe?hl=en ကို နှိပ်ပြီး မန်ဘာဝင်နိုင်ပါသည် ။
မန်ဘာဝင်များ မိမိတို.သိထားသည်များကို မျှဝေလိုပါက mrsorcerer@googlegroups.com သို. မေးလ်ပို.နိုင်ပါသည် ။
မှော်ဆရာအဖွဲ့ မှ နှုတ်ထွက်လိုလျှင် mrsorcerer+unsubscribe@googlegroups.com ကိုနှိပ်ပြီး မေးလ်ပို.ပါ ။
စာလက်ခံလိုသည့်ပုံစံ ပြင်လိုလျှင် http://groups.google.com/group/mrsorcerer?hl=en ကို သွားပါ ။
မှော်ဆရာ အဖွဲ့ ၏ စည်းကမ်းများကို သိလိုလျှင် http://groups.google.com/group/mrsorcerer/browse_thread/thread/af2f4a1d44d4d909?hl=en တွင် ဖတ်ရှုနိုင်ပါသည် ။
Facebook (FB) မှော်ဆရာအဖွဲ့သို့ Mail ပို့လိုလျှင် mrsorcerer2@groups.facebook.com
FB မှော်ဆရာအဖွဲ့သို့ ၀င်ရန် http://www.facebook.com/home.php?sk=group_173571176006981&ap=1
မှော်ဆရာ အဖွဲ့ နှင့်ပက်သက်၍ ဝေဖန်အကြံပြုလိုပါက >>>
ဦးဦး မှော်ဆရာ ( mrsorcerer9@gmail.com, mrsorcerer27@gmail.com ) ထံသို.
ပေးပို.နိုင်ပါသည် ။
ခင်မင်စွာဖြင့်
ဦးဦး မှော်ဆရာ