[mrsorcerer:34380] မြန်မာ့စကားပုံများအား ခေတ်ကာလနှင့် အညီသုံးခြင်း

                        သစ်တစ်ပင်ကောင်းငှက်တစ်သောင်းနားနိုင် ဆိုသလို မိဘလုပ်စာ ထိုင်စားပြီး သီးချိန်တန်သီးပွင့်ချိန်တန်ပွင့်ရမယ်

 ဆိုတယ့်အတိုင်း ရည်းစားတစ်ယောက်ထားမိလိုက်ရာ အဲမှားလို့ နိုင်ငံရေးလုပ်ကြည့်လိုက်ရာ ထသွားမှကျိုးမှန်းသိခဲ့ပါပြီ။

                        

                          နိုင်ငံရေးဆိုတာကလည်း လွယ်မရောင်ခက်၊တိမ်မယောင်နက်တော့ ကျွှန်တော်ဟာလေ .... ဘယ်လိုဖြစ်လို့ ချစ်သွား

 မှန်းကို မသိတော့တာပါ ။ မမြင်ဘူးလို့ မူးမြစ်ထင်တယ်ပဲ ပြောပြော ၊ နွားသိုးကြိုးပြတ်တယ်ပဲ ဆိုဆို ကျွှန်တော်ဟာ နိုင်ငံရေးမှ

 မလုပ်ရရင် လက်ပံပင်ဆရက်ကျသလို အရူးမီးဝိုင်း ဖြစ်တော့မယ်ဆိုတာ စေ့စေ့တွေးတာနဲ့ ရေးရေးပေါ်ခဲ့ပါတယ် ။

      

                           တိုက်ဆိုင်ချင်တော့ နိုင်ငံရေးလုပ်နေတယ့် ကျွှန်တော်အကြောင်းတွေ အိမ်ကသိသွားတယ်လေ ။

 အဖေနဲ့အမေကတော့ သားအသက်ရွယ်နဲ့ ဒီအလုပ်တွေ မလုပ်ချင်စမ်းပါနဲ့ဟယ် ဆိုတာက တစ်မျိုး ၊ အဖေတို့အမေတို့က ကိုယ့်သားလေးကို

 ဆင်စီးပြီး မြင်းရံတာပဲ မြင်ချင်တာ ဆိုတာက တစ်ဖုံ၊ အမျိုးမျိုးကို နားချနေတော့တာ..။

                             

                            ကျွှန်တော်ကလည်း ပြတ်ပြတ်သားသားရဲရဲဝံ့ဝံ့ မတီးမမြည်ပြောရရင် ကျွှန်တော်နိုင်ငံရေးပဲ လုပ်မယ် ။

 ရှမ်းကြိုက်ရင်နွားချောတယ် ဆိုပေမယ့် ကျွှန်တော်ဟာ ရှမ်းမဟုတ်သလို ၊ နိုင်ငံရေးကလည်း အဒါမဟုတ်ပါဘူး ။

          

                             ဒီတော့ အမေကလည်း မိဘ လက်နဲ့ရေးတာကို ခြေနဲ့ဖျက်တယ်ဆိုတယ့်အကြည့် ၊ အဖေကလည်း

 ကိုယ်မွေးတယ့်မျောက် ကိုယ့်ပြန်ချောက်ဆိုတယ့် အကြည့်တွေနဲ့ ပေါင်းစုံပြီး လှေနံဓားထစ် ပြောချလိုက်တာ

 မွဲချင်တယ့်ဟာ ပြာပုံတိုးမယ်ဆို တစ်ခါတည်းသာ ဆင်းသွားတော့တယ့် ...။

                              ဆန်ရင်းနာနာဖွတ်တယ့်စကားလုံးတွေက ပိသာလေးနဲ့ ခဲ(ဂဲ)ပစ်သလို ရင်ဝလာမှန်တော့

 လုပ်မိသမျှ မုန်းမေ့လို့မှ မရတာ ။ ဒါကြောင့်လည်း သေမြင်ကြီး၊ ရှင်ရွှေထီးဆိုသလို ကိုယ့်အထုပ်ကိုယ်ပိုက်

 ကိုယ့်လမ်းကိုယ်လျှောက်ပြီး တုံးကိုက်ကိုက် ကျားကိုက်ကိုက်ဆိုတယ့် အတိုင်း .. ဆင်းချလာတာ။ ပြောမှယုံ ကြုံမှသိဆိုတယ့်အတိုင်း

 နိုင်ငံရေးနဲ့ ပက်သက်ရင် လူတွေအရာရာ စွန့်လွှတ်ရဲတယ်ဆိုတာ လယ်ပြင်မှာ ဆင်သွားသလို ပေါ်တင်ကြီး သိခဲ့ရတယ်နောက်

 ဌာနတစ်ခုစီ အရောက်သွားပြီး နွားပြာကြီးအောက်သွားမရှိတယ့်ဒီဇိုင်းနဲ့ ပလာတာတောင်း အဲ မှားလို့ (အိမ်ကဆင်းလာတာ ဘာမှ မစားရသေးဟူး) ဒီတော့ လိုရင်းပြောရရင်တော့  အိုအိုင်စီကို လက်ခံပေးပါ ။

 

                          ကိုယ်တောင်းတယ့် အမောက်ကပဲ များသွားတာလား ၊ သူ့ရယ့်ရှိရင်းစွဲ စိတ်ဓာတ်ကပဲ သူ့ရှူးသူပတ် သွားတာလား ၊ မပြောတက်တော့ပါဘူး သူ့ခမျာ မျက်ဖြူတွေ ဘာတွေတောင် လန်သွားရှာပါတယ် ။ ပြီးတော့မှ သတိဝင်ပြီး

ဟာ.... မင်းကလဲ မဟုတ်တာ ။ လူများစုက မကြိုက်ရင် ဘယ်လိုလုပ်မလဲ ။

                            အင်းလေ သူဘက်ကတောင် မေးခွန်းထုတ်လာပြီဆိုတော့ ကိုယ်ကလည်း

 အဒီလို တလွဲမတွေးနဲ့လေ မိတ်ဆွေကြီးရယ့် ကျွှန်တော် မိတ်ဆွေကြီးကို ဘယ်လောက်ထိချစ်လဲ ဆိုရင် ......... ဘုန်းကြီးအမူ့ရွာလာပတ်ပြန်ပြီ ထန်းသီးကြွေခိုက် ကျီးနန်းခိုက်ပါ ။ သိပ်မကြာခင်တော့ အတိအလင်း ပြောပေးမယ် ဟုတ်ပြီလား ။

 

                         

                            ကြိုက်မရှက် ၊ ငိုက်မရှက်၊ ငတ်မရှက်ဆိုသလို သမုဒ္ဒရာ ၀မ်းတစ်ထွာ အတွက် အလှူခံပြီးသွားပြီ ။

ဟိုကလည်း ၀င်မယ်လည်းဆိုကော စက်ကော့လက်ကော့နဲ့ ရင်ကိုရှေ့ထုတ်ပြီး အိုအိုင်စီ ကို အ၀င်မခံသယောင်နဲ့ တစ်ကမ္ဘာလုံးမှာရှိတယ့် အစ္စလာမ်ဘာသာဝင်အားလုံးကို ဆော်ကားနေလိုက်ကြတာ ။ ဘာ.... ကမ္ဘာပေါ်မှာ အစ္စလာမ် မရှိ့ရဘူး ဟုတ်လား  .... ဟားဟား ဟားဟား ရယ်လိုက်ရတာ ဖတ်ဖတ်မော ရင်ဘက်နောက်က ကျော ။

 

                            ဆင်မယှဉ်သာ လမ်းလျှောက်ပြီး စုဝေးနေတယ် ဟုတ်လား ။ အင်းလေ ဆင်ကန်းတောတိုးဆိုတယ့်အတိုင်း

 မျက်ကန်းမျိုးချစ်နေလိုက်ကြတာ ။ ဆင်ကျီစားရာ ဆိတ်မခံသာတယ့် ။ အခုတော့ ဆင်ဖိုးထက် ချွှန်ဖိုးကြီးနေပြီမလား ။

 ဘာ..... အခုမှ ဆင်သေကို ဆိတ်သရေနဲ့ ဖုံးမယ် ဟုတ်လား ။ ဒီပြသာနာတွေအားလုံးက ဆင်ခေါင်းထက် ဆိတ်ခေါင်းကြီးသွားတာပါ

 အိုအိုင်စီလည်း ၀င်မယ်ဆိုတော့ ဆင်ဝှေ့ရန်ရှောင် လုပ်နေတယ် ။ အမယ် ..အမယ်... ဆင်ခြေဆင်လက်နဲ့ ဆင်ကြံကြံဦးမယ်ပေါ့ ။

 နင်တို့တွေရယ့် ဆင်ဖြူတော်မှီပြီး ကြံ မစုပ်မယ့် အကြံတွေ ရပ်လိုက်စမ်းပါ ။ အေးလေ ဆင်သွားရင်လမ်းဖြစ်တာပဲ ။ ဒါပေမယ့်

 ဆင်သွားရင်တော့ ကျားချောင်းတက်တယ်နော် ..။ ဆင်မှာတော့ကျင်ငယ် ယင်မှာတော့ ပင်လယ်တယ်။ အင်းလေ... ဆင်ပြောင်ကြီး

 အမြီးကျမှ တစ်မှာ စိုးတယ်ကွယ် ..။ ထွက်ပြီး ဆင်စွယ် ပြန်မ၀င်ပါဘူး ။ ဆင်စွယ်မှန်ရင် ပိုးမစားပါဘူး ..ဟုတ်လား ။

 အေးလေ... ဆင်ခေါင်းခွေးချီမှ လာမငိုနဲ့ ။

                  

                       နင်တို့တွေက မြွေပွေးခါးပိုက် ပိုက်ထားတာကို ။ အန္တာရယ်ရှိ့တယ့် ဟာကို ခါးပိုက်ထဲ ထည့်ထားတာ ဆိုတော့

 မတွေးရဲ စရာပဲနော် ။ အင်းလေ.... မြွေပွေးနဲ့ ဟိုဟာ ၊ ဟိုဟာ အရင်....... ဆိုတာ နင်တို့မှ မသိကြတာ ။

 ဟိုဟာကို သွား × တော့ ဟိုဟာက မိုးပေါ်တက်သွားပြီ ထင်ပါရယ့် ပြန်တောင် စင်းမလာတော့ဘူး ။  အခု နင်တို့က မြွေပွေးထက် အန္တာရယ် ရှိ့တာကို.......  အနောက်တံခါး ဖွင်ပြီ ဆိုပြီး ရင် ၀ယ်ပိုက်ထားတာ ဆိုတော့............ ။

 

                        M0u စာချုပ်အရ သေသေချာချာ စီမံနေတယ်ပေါ့ ဟုတ်လား ။ အေး ကောင်းတယ် ကောင်းတယ် ။

    (၁) နိုင်ငံတော်၏ ဂုဏ်သိက္ခာ မထိခိုက်စေရန် မှန်တာပေါ့ ဒါအရေးကြီးတယ် ။ တိုင်းပြည်က ဂုဏ်သိက္ခာတွေနဲ့ ပြည့်စုံနေတော့ ဟုတ်တယ် ဒါမှန်တယ် ဒါအရေးကြီးတယ် ။

     (၂) နိုင်ငံတော်၏ အချုပ်ခြာ အာဏာ မထိခိုက်စေရန် ဒါပိုမှန်သွားပြီ  ကချင်ပြည်တစ်ပြည်လုံး မြန်မာ့မြေပုံက ပျောက်တော့မယ်

 အခုထိ အချုပ်ခြာအာဏာ မထိခိုက်သေးဘူး  မှန်တယ် ဟုတ်တယ် ။

     (၃) နိုင်ငံတော်၏ အမျိုးသားအကျိုးစီးပွား မထိခိုက်စေရန် ဟုတ်တာပေါ့ ဒါလည်းအရေးကြီးတယ် အမျိုးသားအကျိုးစီးပွားထက်

 တရားရုံကို ဟော်တယ်ဖွင့်ဖို့ ဌားတာ  ဟုတ်တာပေါ့  မှန်တယ် မှန်တယ် ..။

      (၄) နိုင်ငံတော်၏ သဘာဝပတ်ဝန်းကျင် မထိခိုက်စေရန် ဒါအရေးကြီးဆုံးပဲ ဧရာဝတီကိုဆောင့်ရှောက်ရမယ် ။

 မုံရွာမှာ လက်ပံတောင်းတောင် တစ်တောင်လုံးကုန်ပြီ အခုထိ  သဘာဝ ပတ်ဝန်းကျင် မထိခိုက်သေးဘူး မှန်တာပေါ့  ဟုတ်တယ် ဟုတ်တယ် ။

                     

                       ရန်ကုန်မြို့ရှိ့ စစ်မှန်သော သံယာတော်များသည် အစ္စလာမ့် အကြောင်း ကောင်းကောင်းသိ၏ ။

 ၂၀၀၇တွင် ဒုက္ခရောက်တုံးက ကူညီခဲ့သော အစ္စလာမ့်၏ ရိုင်းပင်းကူညီမှုကို အသိမှတ်ပြုခဲ့၏ ။ မြို့ပြင်မှ စုန်းပြူး များကို မြို့တွင်းသို့

 ပင့်ဖိတ်ကာ တန်ဆိုးလာဘ်ဆောင်များပေပြီး အဲ မှားလို့ လှူဖွယ် ပစ္စည်းများ ဆက်သကာ အစ္စလာမ့် မုန်းတီးရေးအား ရန်ကုန်မြို့တော်

 တွင် မလှုပ်ရှားပါနှင့် .......။   မြန်မာပြည်ကို ဘားမားဟု ခေါ်တုန်းက လွှတ်တော်အမတ် တစ်ဦးအား  သတိပေးခဲ့ပါသည်

 မြန်မာပြည်ကို ခေါ်ဝေါ်ရတွင် မြန်မာဟုသာခေါ်ဝေါ်ရမည် ။ မှန်ပါတယ် ။ အစ္စလာမ်ကိုလည်း အစ္စလာမ်ဟုသာ ခေါ်ဆိုပါ ။

 မွတ်စလာင်မ်ကိုလည်း မွတ်စလာင်မ်ဟုသာ ခေါ်ဝေါ်သုံးစွဲပါ....။

                                                                       

      အထူးကူညီပံပိုးပေးခဲ့ပါသော စာရေးဆရာ ဂ ကြည်သူ နှင့် မန္တလေးမြို့မှ တိုက်အုပ်ဆရာတော်အား အထူးကျေးဇူးတင်ရှိပါတယ် ။

 မြန်မာ့ စကားပုံများကို ခေတ်နှင့်အညီ ထားရှိ့ပေးခဲ့တယ့် မြန်မာ့ရှေးလူကြီးတွေကိုလည်း ကျေးဇူး အထူး တင်ရှိပါတယ် ။

 

        (၀န်ခံချက် - မြန်မာပြည်တွင် အိုအိုင်စီရုံးခွဲပေးမဖွင့်သည့်အတွက် ရေးတာ မဟုတ်ပါ ။ အိုအိုင်စီကို အ၀င်မခံသယောင်နှင့်

                       အစ္စလာမ် ဘာသာဝင်များအား ဆော်ကားသည့်အတွက်သာ.... )



SOURCE : MMSY



Regards,
Haroon1992

--
မှော်ဆရာအဖွဲ့ မှ နေ့ စဉ်မေးလ်များ ရယူလိုပါက http://groups.google.com/group/mrsorcerer/subscribe?hl=en ကို နှိပ်ပြီး မန်ဘာဝင်နိုင်ပါသည် ။
မန်ဘာဝင်များ မိမိတို.သိထားသည်များကို မျှဝေလိုပါက mrsorcerer@googlegroups.com သို. မေးလ်ပို.နိုင်ပါသည် ။
မှော်ဆရာအဖွဲ့ မှ နှုတ်ထွက်လိုလျှင် mrsorcerer+unsubscribe@googlegroups.com ကိုနှိပ်ပြီး မေးလ်ပို.ပါ ။
စာလက်ခံလိုသည့်ပုံစံ ပြင်လိုလျှင် http://groups.google.com/group/mrsorcerer?hl=en ကို သွားပါ ။
မှော်ဆရာ အဖွဲ့ ၏ စည်းကမ်းများကို သိလိုလျှင် http://groups.google.com/group/mrsorcerer/browse_thread/thread/af2f4a1d44d4d909?hl=en တွင် ဖတ်ရှုနိုင်ပါသည် ။
 
Facebook (FB) မှော်ဆရာအဖွဲ့သို့ Mail ပို့လိုလျှင် mrsorcerer2@groups.facebook.com
FB မှော်ဆရာအဖွဲ့သို့ ၀င်ရန် http://www.facebook.com/home.php?sk=group_173571176006981&ap=1
 
မှော်ဆရာ အဖွဲ့ နှင့်ပက်သက်၍ ဝေဖန်အကြံပြုလိုပါက >>>
ဦးဦး မှော်ဆရာ ( mrsorcerer9@gmail.com, mrsorcerer27@gmail.com ) ထံသို.
ပေးပို.နိုင်ပါသည် ။
 
ခင်မင်စွာဖြင့်
ဦးဦး မှော်ဆရာ