[mrsorcerer:34393] [Richard Aung] ပထမအကြိမ်ပြည်သူ့လွှတ်တော် ပဉ္စမပုံမှန်အစည်းအဝေး ပထမနေ့အခမ်းအနား သတင်းများ

The Voice Weekly

လွှတ်တော်ကိုယ်စားလှယ်များအနေနှင့် မိမိတို့၏မဲဆန္ဒနယ်မှပြည်သူများနှင့် ကင်းကွာခြင်းမရှိစေရန် လွှတ်တော်ပုံမှန်အစည်းအဝေးများကို တစ်နှစ်လျှင် ခြောက်လထက်မပိုသော ကာလသာကျင်းပရန် လွှတ်တော်သို့ တိုက်တွန်းကြောင်းအဆိုကို ပုသိမ်မြို့နယ်မဲဆန္ဒနယ်မှ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးဝင်းမြင့်က တင်သွင်းသည်။

Popular Myanmar News Journal

ပထမအကြိမ် ပြည်သူ့လွှတ်တော် ပဉ္စမ ပုံမှန် အစည်းအဝေးတွင် ထီးချိုင့် မဲဆန္ဒနယ်မှ ဦးစိုးစိုး က ထီးချိုင့် - မြတောင် ဧရာဝတီ မြစ်ကူးတံတား တည်ဆောက်ရန်အစီစဉ် ရှိ မရှိ မေးမြန်းရာ ဆောက်လုပ်ရေး ၀န်ကြီးဌာန မှ လောလောဆယ် အစီစဉ် မရှိသေးကြောင်း နှင့် ဦးတင်မောင် (ချမ်းမြသာစည်) က ကော်ဖီစိုက်ပျိုးထုတ်လုပ်ရောင်းချသူများအား နစ်နာမှု မရှိစေရေး အတွက် ကမ္ဘာ့ပေါက်ဈေး အတိုင်းထားရှိပေး ရန် စပ်လျဉ်းသည့် မေးခွန်းအား လယ်/ဆည် ၀န်ကြီးဌာန မှ တစ်ဧက
တွင် ထုတ်ပေးသော ချေးငွေ အား ထပ်မံတိုးပေးနိုင်မည့် အစိစဉ် မရှိသေးသည့် အပြင် ပြုလုပ်ရန် အစီစဉ် ရှိပါက ဦးစားပေး လုပ်ဆောင်သွားမည်ဖြစ်ကြောင်းဖြေကြားပြီး အစည်းအဝေးကို ခေတ္တရပ် နားလိုက်သည်။

Messenger News Journal

နယ်မြေတည်ငြိမ်အေးချမ်းမှ ဒီမိုကရေစီစနစ်ရှင်သန်မည်ဖြစ်ကြောင်း တပ်မတော်သားကိုယ်စားလှယ်များအား လွှတ်တော်ဥက္ကဌ သူရဦးရွှေမန်းက ယနေ့ပြောကြားလိုက်သည်။
"နယ်မြေတည်ငြိမ်အေးချမ်းမှ ဒီမိုကရေစီရှင်သန်မှာဖြစ်ပါတယ် တရားဥပဒေစိုးမိုးရေးဆိုတာလည်းရှိလာမှာပါ တရားဥပဒေစိုးမိုးရေးအတွက် ဥပဒေစည်းမျဉ်းစည်းကမ်းများကို လိုက်နာကြဖို့လိုပါတယ် စည်းကမ်းပျက်ကွက်သူကိုလည်း ထိရောက်စွာအရေးယူဖို့ လိုပါတယ် "ဟု သူရဦးရွှေမန်က ပြောသည်။
ယနေ့ကျင်းပသော ပြည်သူ့လွှတ်တော်အစည်းအဝေးပထမနေ့တွင် တပ်မတော်သားကိုယ်စားလှယ် ၁၅ ဦး ကိုအစားထိုးခဲ့ပြီး ယင်းကိုယ်စားလှယ်များ ကျမ်းသစ္စာကျိန်ဆိုပြီးနောက်ပြောကြားခဲ့ခြင်းဖြစ်သည်။

Eleven Media Group

ပထမအကြိမ် ပြည်သူ့လွှတ်တော် ပဉ္စမပုံမှန် အစည်းအဝေး ပထမနေ့ (အောက်တိုဘာလ ၁၈ ရက်) တွင် တပ်မတော်မှ ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ၁၅ ဦး ကတိသစ္စာပြုခြင်းနှင့် ကတိသစ္စာပြုလွှာပေါ်တွင် လက်မှတ်ရေးထိုးခြင်း ပြုလုပ်ခဲ့သည်။ လွှတ်တော်တွင် မေးခွန်းများ မေးမြန်းခြင်းနှင့်ပတ်သက်၍ - - အချို့သောလွှတ်တော် ကိုယ်စားလှယ်များသည် မေးခွန်းများအား ခြောက်ကြိမ်၊ ခုနစ်ကြိမ်၊ ရှစ်အထိ မေးမြန်းခွင့် အဘယ်ကြောင့်ရရှိကြောင်း ၊ - ကော်ဖီစိုက်ပျိုးထုတ်လုပ်သူများ နစ်နာမှုမရှိစေရေးအတွက် ကမ္ဘာ့ပေါက်ဈေးအတိုင်း ရရှိရန်အတွက် နိုင်ငံတော်မှ ဆောင်ရွက်ပေးရန် အစီအစဉ် ရှိ၊ မရှိ၊ - ထီးချိုင့်-မြတောင် ဧရာဝတီမြစ်ကူးတံတား တည်ဆောက်ရန် အစီအစဉ်ရှိ၊ မရှိ၊ - မင်းတပ်မြို့တွင် ရှေးဟောင်းပစ္စည်းပြတိုက် အဆောက်အဦ ဆောက်လုပ်ပေးနိုင်ရန် အခွင့်အလမ်းရှိ၊ မရှိ၊ ရှိပါက မည်သို့ ဆက်သွယ်ဆောင်ရွက်ရန်၊ - နာဂဒေသများတွင် ဘိန်းစိုက်ပျိုးနေမှု တိုက်ဖျက်ရေးကို အရှိန်အဟုန်မြှင့်ဆောင်ရွက်သွားရန်၊ - ရန်ကုန်မြို့တော်တွင် လမ်းစည်းကမ်း၊ ယာဉ်စည်းကမ်း နေ့စဉ်တိုးရေးချိုးဖောက်နေမှုများ၊ ဟွန်းမတီးရ အမိန့်များကြောင့် ယာဉ်အန္တရာယ်ပို၍ဖြစ်နေခြင်းနှင့် စပ်လျဉ်းသည့်မေးခွန်းများကို မေးမြန်းကြမည်ဖြစ်သည်။ လွှတ်တော်ကိုယ်စားလှယ်များ အနေဖြင့် မိမိတို့မဲဆန္ဒနယ်နှင့် အချိန်ကြာမြင့်စွာ ကင်းကွာနေမှု မရှိစေရေး၊ နယ်မြေဖွံ့ဖြိုးရေး လုပ်ငန်းများကို ကူညီဆောင်ရွက်နိုင်ရေး အတွက် တစ်နှစ်လျှင် ခြောက်လထက် မပိုသော ကာလအထိသာ လွှတ်တော်ပုံမှန် အစည်းအဝေးများ ကျင်းပရန် လွှတ်တော်များသို့ တိုက်တွန်းကြောင်း အဆိုကို တင်သွင်းမည်ဖြစ်သည်။

Popular Myanmar News Journal

ပထမအကြိမ် ပြည်သူ့လွှတ်တော် ပဉ္စမ ပုံမှန် အစည်းအဝေးကို ယနေ့ (အောက်တိုဘာ ၁၈ ရက်နေ့)
နံနက် ၁၀ နာရီတွင် နေပြည်တော် ရှိ လွှတ်တော် အဆောက်အအုံ၌ စတင် ကျင်းပနေပြီဖြစ်သည်။
အဆိုပါ အစည်းအဝေးတွင် ပြည်သူ့ကိုယ်စားလှယ် ၄၂၉
ဦး ရှိသည့် အနက် ၃၈၈ ဦးတက်ရောက် ကြောင်း သိရသည်။ယင်းအစည်းအဝေးတွင် ယခင်
တပ်မတော်သားဟောင်း ကိုယ်စားလှယ် ၁၅ ဦးနေရာတွင် တပ်မတော် သားကိုယ်စားလှယ်
အသစ်တို့ က ကတိသစ္စာ ပြုလက်မှတ်ရေးထိုးကာအစားထိုးလိုက်ကြောင်းတွေ့ရသည်။အစည်းအဝေး အစီစဉ်
အရ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်များတွင် ဥက္ကဌ သူရဦးရွှေမန်း၊ အမျိုးသားလွှတ်တော်
ဥက္ကဌ တို့ အပါအ၀င် ကိုယ်စားလှယ် များ၏ နိုင်ငံခြားခရီးစဉ်များအား မှတ်တမ်းတင် နေ
ပြီး အမျိုးသားလွှတ်တော်အစည်းအဝေးကိုပါ ကျင်းပနေကြောင်းသိရသည်။

Eleven Media Group

ယနေ့(အောက်တိုဘာလ ၁၈ ရက်နေ့) တွင် ကျင်းပမည့် ပထမအကြိမ် အမျိုးသားလွှတ်တော် ပဉ္စမ ပုံမှန် အစည်းအဝေးတွင် ၁) အမျိုးသား လွှတ်တော်က အတည်ပြုပြီး ပေးပို့ထားသော လာဘ်ပေး လာဘ်ယူမှု ပပျောက်ရေး ဥပဒေကြမ်းအား ပြည်သူ့လွှတ်တော်က ပြင်ဆင်ချက်ဖြင့် ပေးပို့လာခြင်းကို အသိပေး တင်ပြခြင်း၊ ၂) နိုင်ငံတော် အစိုးရမှ ဝေးလံခက်ခဲ၍ ၀န်ထမ်းလစာ နှစ်ဆ ခံစားခွင့် ပြုသင့်သော ဒေသ မြို့နယ်များ မကျန်ရှိအောင် ထပ်မံ လေ့လာစိစစ်၍ အမှန်တကယ် ပေးသင့်သည့် မြို့နယ်များကို ဆက်လက် ခွင့်ပြုသင့်ကြောင်း အဆိုတင်သွင်းခြင်း၊ ၃) နိုင်ငံ့ဝန်ထမ်းများအား အရေးယူ အပြစ်ပေးရာတွင် ဥပဒေ လုပ်ထုံးလုပ်နည်း စည်းမျဉ်းစည်းကမ်းနှင့် အညီ စစ်ဆေးခြင်းမပြုဘဲ တိုက်ရိုက်ထုတ်ပယ်မှုကြောင့် ၀န်ထမ်းများမှာ ထုချေဖြေရှင်းခွင့် မရသဖြင့် နစ်နာမှုများ ရှိနေပါ၍ ဥပဒေ လုပ်ထုံး လုပ်နည်းများနှင့် အညီ စစ်ဆေး ဆောင်ရွက်ပေးပါရန် ပြည်ထောင်စု အစိုးရအား တိုက်တွန်းကြောင်းအဆို တင်သွင်းခြင်း အစရှိသည်တို့ကို ဆွေးနွေးကြမည် ဖြစ်ပါသည်။



--
Posted By အောင်မျိုးကျော် to Richard Aung at 10/19/2012 04:49:00 AM

--
မှော်ဆရာအဖွဲ့ မှ နေ့ စဉ်မေးလ်များ ရယူလိုပါက http://groups.google.com/group/mrsorcerer/subscribe?hl=en ကို နှိပ်ပြီး မန်ဘာဝင်နိုင်ပါသည် ။
မန်ဘာဝင်များ မိမိတို.သိထားသည်များကို မျှဝေလိုပါက mrsorcerer@googlegroups.com သို. မေးလ်ပို.နိုင်ပါသည် ။
မှော်ဆရာအဖွဲ့ မှ နှုတ်ထွက်လိုလျှင် mrsorcerer+unsubscribe@googlegroups.com ကိုနှိပ်ပြီး မေးလ်ပို.ပါ ။
စာလက်ခံလိုသည့်ပုံစံ ပြင်လိုလျှင် http://groups.google.com/group/mrsorcerer?hl=en ကို သွားပါ ။
မှော်ဆရာ အဖွဲ့ ၏ စည်းကမ်းများကို သိလိုလျှင် http://groups.google.com/group/mrsorcerer/browse_thread/thread/af2f4a1d44d4d909?hl=en တွင် ဖတ်ရှုနိုင်ပါသည် ။
 
Facebook (FB) မှော်ဆရာအဖွဲ့သို့ Mail ပို့လိုလျှင် mrsorcerer2@groups.facebook.com
FB မှော်ဆရာအဖွဲ့သို့ ၀င်ရန် http://www.facebook.com/home.php?sk=group_173571176006981&ap=1
 
မှော်ဆရာ အဖွဲ့ နှင့်ပက်သက်၍ ဝေဖန်အကြံပြုလိုပါက >>>
ဦးဦး မှော်ဆရာ ( mrsorcerer9@gmail.com, mrsorcerer27@gmail.com ) ထံသို.
ပေးပို.နိုင်ပါသည် ။
 
ခင်မင်စွာဖြင့်
ဦးဦး မှော်ဆရာ