[mrsorcerer:34527] [Richard Aung] အာဏာရပါတီအတွင်း ကွဲလွဲမှုကြီးထွားလာ

အာဏာရပါတီအတွင်း ကွဲလွဲမှုကြီးထွားလာ

(The Financial Times မှ 17 Oct 2012 ရက်စွဲပါ "Unrest grows in Myanmar's ruling party" သတင်းဆောင်းပါးကို ဘာသာပြန်ဆိုသည်)

တစ်ချိန်က တန်ခိုးထွားခဲ့သော အာဏာရ ပြည်ခိုင်ဖြိုးပါတီအတွင်း မငြိမ်သက်မှုများ ကြီးထွားလာခြင်းကြောင့် သမ္မတ ကို ထောက်ခံကြသူများနှင့် သမ္မတ၏ ပြုပြင်ပြောင်းလဲမှု များသည် ဒေါ်အောင်ဆန်းစုကြည်အား စင်ပေါ်ရောက်လာစေသည်ဟု အပြစ်တင်သူ ခေတ်နောက်ပြန်ဆွဲသမားများအ...ကြား ပါတီတွင်း အကွဲအပြဲဖြစ်နေပြီဟူသော ပြောဆိုမှုများ ထွက်ပေါ်လာသည်။

ယင်းကဲ့သို့ ပါတီတွင်း မကျေမနပ် ပြောဆိုကန့်ကွက်မှုများကို ပါတီဥက္ကဌအဖြစ် ဦးသိန်းစိန် ပြည်လည်အရွေးခံရသည့် ကိစ္စကအစပျိုးပေးလိုက်ပုံ ရသည်။

ယခင်နှစ် မတ်လ အာဏာရယူချိန်တွင် ပါတီဥက္ကဌတာဝန်ကို စွန့်လွှတ်ခဲ့သော သမ္မတ ဦးသိန်းစိန်အား အင်္ဂါနေ့က ဥက္ကဌ အဖြစ် ပြန်လည်ရွေးချယ်ခဲ့ခြင်းအပေါ် ၎င်းပါတီအတွင်းမှ လူများစုပင် အံအားသင့် သွားခဲ့ကြသည်။

ပါတီဥက္ကဌနေရာကို ၂၀၁၅ သမ္မတ ရွေးကောက်ပွဲအတွက် အလားအလာကောင်းသူ အောက်လွှတ်တော် ဥက္ကဌ သူရဦးရွှေမန်း ရရှိလိမ့်မည်ဟု အများစုက မျှော်လင့်ထားကြသည်။

သို့ရာတွင် ရန်ကုန်မှ အကဲခတ်လေ့လာသူများကမူ "ယခုကဲ့သို့ ဦးသိန်းစိန် ကို ပြန်လည်ရွေးချယ်ခဲ့ခြင်းသည် အာဏာရှင်စစ်အုပ်ချုပ်ရေး စနစ်ဟောင်း၏ လက်ကျန်နိုင်ငံရေးယန္တရားကို နောက်ဆုံး ထပ်မံ ပြင်ဆင်လိုက်သည့် ဆောင်ရွက်ချက်တစ်ခု ဖြစ်သည်" ဟု ရှုမြင်ကြသည်။

အာဏာရှင် အသိုင်းအဝိုင်းနှင့် တပ်မတော်ကို ကိုယ်စားပြုသူအဖြစ် သတ်မှတ်ခြင်းခံထားရသော ပြည်ခိုင်ဖြိုးပါတီသည် တစ်ချိန်က ပါတီဝင် ၁၅ သန်းကျော်ရှိခဲ့ပြီး၊ လွှတ်တော်တွင်း၌လည်း တပ်မတော်သား အမတ်များမှအပ ကျန်နေရာအများစုကို ထိန်းချုပ်ထားဆဲပင်ဖြစ်သည်။

သို့သော် သမ္မတဦးသိန်းစိန်လက်ထက် သိသာသော အပြောင်းအလဲများက ပါတီကို ယိမ်းယိုင်သွားစေခဲ့သည်။ ဧပြီလ ကြားဖြတ်ရွေးကောက်ပွဲတွင် နောက်ကောက်ကျ ရှုံးနိမ့်မှုအပေါ် ပါတီဝင် အများစုမှာ ယခုတိုင် တုန်လှုပ်နေဆဲဖြစ်သည်။

ထို့အပြင် ယခင် ခရိုနီသူဌေးကြီးများက NLD ပါတီနှင့် အခြားအဖွဲ့အစည်းများထံ ပြောင်းလဲလှူဒါန်းနေကြသောကြောင့် ပြည်ခိုင်ဖြိုး ပါတီ၏ ရန်ပုံငွေရလမ်းများ ခမ်းခြောက်လာနေပြီ ဖြစ်သည်။ အကြီးတန်းပါတီဝင်များသည်လည်း နိုင်ငံရေးရာထူး၊ အစိုးရ ကန်ထရိုက်နှင့် စီးပွားရေးခွင်များကို နောက်ထပ်မရနိုင် ကြတော့ပါ။

၃ရက်ကြာ ပါတီညီလာခံတွင် ရွေးကောက်ပွဲ မဟာဗျူဟာကို ဆွေးနွေးကြခြင်းသည် တစ်ချိန်က တန်ခိုးထွား ပါတီအတွင်း တစ်ငွေ့ငွေ့ လောင်နေသော ပြဿနာ ဖွဲ့မီးရှိကြောင်း ထင်ဟပ်နေသည်ဟု အတွင်းသတင်းများက ဆိုသည်။

ညီလာခံ ကျင်းပရာနေရာ အဝန်းအဝိုင်းတွင် တီးတိုးပြောဆိုကြသော အကြောင်းအရာများထဲတွင် အချို့က ခွဲထွက်၍ ပါတီထောင်ချင်ကြသော ကိစ္စလည်း ပါဝင်သည်ဟု သိရှိရသည်။

"ကြားဖြတ်ရွေးကောက်ပွဲအပြီး ပထမဆုံးစုဝေးတဲ့ ညီလာခံဟာ များသောအားဖြင့် အခက်တွေ့တတ်ပါတယ်။ အဆင်မပြေတာမျိုးတောင် ရှိတတ်တယ်။ ဒါပေမယ့် ဒီလိုအဖြေရလာဒ်မျိုးကို မျှော်လင့်ထားသူ အနည်းငယ်ပဲရှိပါတယ်" ဟု ရန်ကုန်အခြေစိုက် သံတမန်တစ်ဦးက ပြောကြားသည်။

လုပ်ငန်းများကို ကိုင်တွယ်ရန် ယာယီဥက္ကဌအဖြစ် တာဝန်ပေးသည်။ အောက်လွှတ်တော် ဥက္ကဋ္ဌသည် ပါတီဒုတိယ ဥက္ကဋ္ဌ ၃ဦး ထဲမှ တစ်ဦးအဖြစ် ပြန်လည်အရွေးခံရသည်။

အကဲခတ် လေ့လာသူများ၏ အဆိုအရ ပါတီ၏ ယိမ်းယိုင်မှု မှန်သမျှသည် ဦးသိန်းစိန်အပေါ် ဖိအားပိုမိုကျရောက်စေခြင်းဖြင့် ပြုပြင်ပြောင်းလဲရေး ဖြစ်စဉ်ကို ရှုတ်ထွေးစေနိုင်သည်ဟု သိရှိရသည်။

ရန်ကုန်မှ အကဲခတ်လေ့လာသူ တစ်ဦးက "ဦးသိန်းစိန်ဟာ ပြည်ခိုင်ဖြိုး ပါတီထဲမှာ အာဏာတည်ဆောက်နေတုန်းလို့ ထုတ်ဖော်ပြသနေပေမယ့် ပါတီသစ်ခွဲထောင်မယ့် လှုပ်ရှားမှု မှန်သမျှဟာ လွှတ်တော်မှာကော ရွေးကောက်ပွဲမှာပါ ဆန္ဒမဲအင်အား ပြန့်ကျဲသွားစေနိုင်ပါတယ်" ဟု ပြောကြားသည်။

အချို့ကမူ ပါတီနှစ်ခြမ်းကွဲစေမည့် ကိစ္စသည် ပုဂ္ဂိုလ်ရေး အကြောင်းအရင်းများကြောင့် ဖြစ်ပေါ်လာသည်ဟု ဆိုကြသည်။
ဦးသိန်းစိန် ကဲ့သို့သော ဗိုလ်ချုပ်ကြီးဟောင်း တစ်ဦးဖြစ်သူ သူရဦးရွှေမန်းကို သစ္စာခံသူ နောက်လိုက်များဟူ၍ ရှိကြသည်။ ဦးသိန်းစိန်နှင့် ဦးရွှေမန်းတို့နှစ်ဦးစလုံးသည်လည်း အာဏာရှင် အကြီးအကဲဟောင်း၏ သစ္စာခံများ ဖြစ်ကြသည်။

ဖိနှိပ်သောအဏာရှင် တပ်မတော်အစိုးရအဖွဲ့တွင် နှစ်ပေါင်းများစွာ အမှုထမ်းခဲ့ကြပြီးအချိန်တွင် ၎င်းတို့နှစ်ဦးသည် ပြုပြင်ပြောင်းလဲရေး လုပ်ငန်းများကို စတင်အကောင်အထည်ဖော်ရန် ဆန္ဒပြင်းပြနေကြသည်။

ဝန်ထမ်းလစာ ကိစ္စအပါအဝင် မူဝါဒနှင့် ဥပဒေပြုရေးတွင် ဝိရောဓိများ ရှိနေသော်လည်း အပေါ်ယံဆက်ဆံရေး ချောမွေ့အောင် ထိန်းသိမ်းနေကြခြင်းက ပြိုင်ဆိုင်မှု ကြီးထွားနေကြောင်း ထင်မြင်ယူဆချက်ကို ဖြစ်ပေါ်စေသည်။

"ဦးသိန်းစိန်က ဦးရွှေမန်းအား ပါတီယာယီ ဥက္ကဋ္ဌနေရာပေးခဲ့သော အကြောင်းအရင်းမှာ အိမ်ထဲမှ ထွက်မသွားအောင် ထိန်းသိမ်းရန် ဖြစ်သည်။ လောလောဆယ် တစ်ဦးကိုတစ်ဦး အပြန်အလှန် လိုအပ်နေကြသည်" ဟု သံတမန်တစ်ဦးက မှတ်ချက်ပေးသည်။

မည်သို့ပင်ဖြစ်စေ ပြည်ခိုင်ဖြိုးပါတီအပေါ် အဓိက ခြိမ်းခြောက်မှုမှာ ဒေါ်အောင်ဆန်းစုကြည်သာလျှင် ဖြစ်သည်ဟု ဆိုကြသည်။

သို့သော် ဒေါ်အောင်ဆန်းစုကြည်၏ သားနှစ်ဦးနှင့် ကွယ်လွန်သူ ခင်ပွန်းတို့မှာ ပြည်ပနိုင်ငံသားများဖြစ်သောကြောင့် အခြေခံဥပဒေအရ သမ္မတလမ်းကြောင်းတွင် အတားအဆီး ဖြစ်နေသည်။

ဒေါ်အောင်ဆန်းစုကြည်၏ အခြေခံဥပဒေပြင်ဆင်ရေး ကြိုးပမ်းမှုများ ၂၀၁၅ မတိုင်ခင် မအောင်မြင်သည့်တိုင်အောင် သူမ၏ NLD ပါတီမှာမူ အင်အားကြီးပါတီ ဖြစ်သွားပါလိမ့်မည်။

လွှတ်တော်အမတ် တစ်ဦးက "ခင်ဗျား ဘာတွေတွေ့လာနိုင်သလဲ ဆိုတော့ ပြည်ခိုင်ဖြိုးပါတီထဲက အခွင့်အလမ်းတွေ လက်မလွှတ်ချင်သူတွေရဲ့ အံ့သြဖွယ် အယူအဆတွေ၊ အခွင့်အလမ်း မဆုံးရှုံးအောင် ကြိုးပမ်းမှုတွေပေါ့။ ဒါမှမဟုတ် ဦးရွှေမန်းက ကိုယ်ပိုင်ပါတီ ထောင်တာမျိုးပေါ့။ ဘာမဆို ဖြစ်လာနိုင်ပါတယ်" ဟု သုံးသပ်ပြောကြားသည်။

Tun Wai | Yangon chronicle
General Knowledge



--
Posted By အောင်မျိုးကျော် to Richard Aung at 10/21/2012 05:07:00 AM

--
မှော်ဆရာအဖွဲ့ မှ နေ့ စဉ်မေးလ်များ ရယူလိုပါက http://groups.google.com/group/mrsorcerer/subscribe?hl=en ကို နှိပ်ပြီး မန်ဘာဝင်နိုင်ပါသည် ။
မန်ဘာဝင်များ မိမိတို.သိထားသည်များကို မျှဝေလိုပါက mrsorcerer@googlegroups.com သို. မေးလ်ပို.နိုင်ပါသည် ။
မှော်ဆရာအဖွဲ့ မှ နှုတ်ထွက်လိုလျှင် mrsorcerer+unsubscribe@googlegroups.com ကိုနှိပ်ပြီး မေးလ်ပို.ပါ ။
စာလက်ခံလိုသည့်ပုံစံ ပြင်လိုလျှင် http://groups.google.com/group/mrsorcerer?hl=en ကို သွားပါ ။
မှော်ဆရာ အဖွဲ့ ၏ စည်းကမ်းများကို သိလိုလျှင် http://groups.google.com/group/mrsorcerer/browse_thread/thread/af2f4a1d44d4d909?hl=en တွင် ဖတ်ရှုနိုင်ပါသည် ။
 
Facebook (FB) မှော်ဆရာအဖွဲ့သို့ Mail ပို့လိုလျှင် mrsorcerer2@groups.facebook.com
FB မှော်ဆရာအဖွဲ့သို့ ၀င်ရန် http://www.facebook.com/home.php?sk=group_173571176006981&ap=1
 
မှော်ဆရာ အဖွဲ့ နှင့်ပက်သက်၍ ဝေဖန်အကြံပြုလိုပါက >>>
ဦးဦး မှော်ဆရာ ( mrsorcerer9@gmail.com, mrsorcerer27@gmail.com ) ထံသို.
ပေးပို.နိုင်ပါသည် ။
 
ခင်မင်စွာဖြင့်
ဦးဦး မှော်ဆရာ