- Kachin
- Kachin Version
- - Kachin News Group
- Help Us to Find More...
- Burmese Version
- - Kachin News Group
- - Kachin Daily News
- Help Us to Find More...
- Kayar
- Karenni Version
- - Kantarawaddy Time
- Help Us to Find More...
- Burmese Version
- - Kantarawaddy Time
- Help Us to Find More...
- English Version
- - Kantarawaddy Times
- Help Us to Find More...
- Kayin
- Burmese Version
- - Kayin Information Center
- Help Us to Find More...
- English Version
- - Kayin News
- - Kayin Human Rights Group
- Help Us to Find More...
- Chin
- Dialects Languages
- - Chin TV
(Falam language) - - Chin TV
(Haka language) - - Faiceu
(Haka language) - - Zobawm
(Mizo language) - - Chin Star
(Haka language) - - Chinland Today
(Falam language) - - Global Chin News (Falam language)
- Help Us to Find More...
- Burmese Version
- - Chin World
- - Khonumthung
- Help Us to Find More...
- English Version
- - Chinland guardian
- - Khonumthung
- Help Us to Find More...
- Zomi
- Burma
- Mon
- Mon Version
- - Independent Mon News Agency
- Help Us to Find More...
- Burmese Version
- - Independent Mon News Agency
- Help Us to Find More...
- English Version
- - Independent Mon News Agency
- - Human Rights Foundation of Monland
- Help Us to Find More...
- Rakhine
- Burmese Version
- - Arakan Laywaddy
- Help Us to Find More...
- English Version
- - The Arakan Times
- - Laywaddy
- - Narinjara
- Help Us to Find More...
- Shan
- Shan Version
- - Shan Panglong
- - Tai Freedom
- Help Us to Find More...
- Burmese Version
- - Shan Panglong
- Help Us to Find More...
- English Version
- - Shan Panglong
- - Tai Freedom
- Help Us to Find More...
- Videos
[mrsorcerer:35156] Fwd: သစ်ထူးလွင်
---------- Forwarded message ----------
From: Thit Htoo Lwin
Date: Saturday, October 27, 2012
Subject: သစ်ထူးလွင်
To: snsoenaing4@gmail.com
သစ်ထူးလွင်
________________________________
ကလေးငယ်အများစု ပညာသင်ကြားခွင့် ဆုံးရှုံးနေဆဲဟုဆို
ခေါင်းဆောင်တွင်း သဘောထား ကွဲလွဲမှု သင်ပုန်းချေ လိုက်ကြောင်း KNU ထုတ်ပြန်ပြောဆို
၂၀၁၃ခုနှစ်တွင် မြို့နယ် ၂၀တွင် စမ်းသပ်သန်းခေါင်စာရင်းကောက်ယူမည်
ရခိုင် ကျောက်တော်၌ သေနတ်ဒဏ်ရာ ရရှိခဲ့သူ တစ်ဦး ရန်ကုန် ဆေးရုံကြီးတွင် ဆေးကုသမှု ခံယူနေ
မြေပုံမြို့မှာ အမျိုးသမီးတွေ ဆန္ဒပြ
သေဆုံးစာရင်း အစိုးရပြင်ဆင် ထုတ်ပြန်
လူ ၁၀ ဦး သေဆုံးသော ယာဉ်တိုက်မှုဖြစ်ပွား
ဗဟိုတရားရုံးအား ပုဂ္ဂလိက သို့လွှဲ ပြောင်းငှားရမ်းမည် မဟုတ်ဟု သမ္မတရုံး ၀န်ကြီး ပြော
မန်းရှိ အသက်၁၂၀ပြည့်အဖွားအားး ဂရင်းနစ်စံချိန်ဝင်ရန် ကြိုးပမ်းမည်
အောက်တိုဘာလ (၂၉)ရက်နေ့ ထုတ် The Voice Weekly No.8/Vol.43
အာဖဂန်ဗလီဗုံးခွဲ ၄၀ မက သေဆုံး
ဟာရီိကိန်း "စန္ဒီ" အမေရိကအရှေ့ကမ်း ဦးတည်
အောက်တိုဘာလ ၂၅ ရက်နေ့ ထုတ် ပြည်မြန်မာ သတင်းဂျာနယ်၊ အမှတ် (၈၄၂)
အောက်တိုဘာလ ၂၄ ရက်နေ့ Good Health ကျန်းမာရေး သတင်း ဂျာနယ် ၊ အမှတ် (၄၀၈)
ရခိုင်မှာ လုံခြုံရေး အားနည်း
တရုတ် ဝန်ကြီးချုပ် ပိုင်ဆိုင်မှု သန်း ၂၇၀၀ ဟုဆို
ရခိုင်အကြမ်းဖက်မှု တပတ်အတွင်း လူတရာကျော် သေဆုံး
ကလေးငယ်အများစု ပညာသင်ကြားခွင့် ဆုံးရှုံးနေဆဲဟုဆို
Posted: 27 Oct 2012 05:54 AM PDT
မြန်မာနိုင်ငံရှိ ကလေးငယ်အများစု ပညာသင်ကြားခွင့် ဆုံးရှုံးနေဆဲ ဖြစ်နေတယ်လို့ လူမှုဝန်ထမ်း ဦးစီးဌာနက သိရပါတယ်။
'ကလေးသူငယ်တွေ တွေ့ကြုံနေရတဲ့ အခြေအနေ အကြောင်းအရာ တွေက ဒေသအလိုက် ရှိနေတယ်၊ တချို့ ဒေသတွေမှာ အာဟာရ ချို့တဲ့နေပြီး တချို့ဒေသတွေမှာ ကျန်းမာရေး ပြဿနာတွေ ရှိနေတယ်၊ အဓိက ဒေသအများစုမှာ ဖြစ်နေတာက ကျောင်းမနေနိုင်တာပါ၊ ကျောင်းနေနိုင်ဖို့ လိုနေတယ်၊ ပညာတတ်မှ တခြားကိစ္စတွေ ပိုလုပ်နိုင်မှာဖြစ်တယ်' လို့ လူမှုဝန်ထမ်းဦးစီးဌာန၊ ဒုတိယ ညွှန်ကြားရေးမှုးချုပ် ဦးအောင်ထွန်းခိုင်က ပြောပါတယ်။
ဒေသအချို့မှာ အခြေအနေအကြောင်းအမျိုးမျိုးကြောင့်နဲ့ ကလေးသူငယ်တွေ ကျောင်းမနေနိုင် ဖြစ်နေရတယ်လို့ဆိုတယ်။ ဥပမာ ချင်းပြည်နယ်က ရွာတွေမှာဆိုရင် တစ်ရွာနဲ့တစ်ရွာ သွားလာရေး ခက်ခဲပြီး ကျောင်းမနေနိုင်တာမျိုးရှိတယ်။ တချို့ဒေသတွေမှက ကျောင်းနေအရွယ်ကလေး ကျောင်းမနေဘဲ လုပ်ငန်းခွင်ဝင်နေရတယ်လို့ဆိုတယ်။ ကလေးသူငယ် အခွင့်အရေးဘက်ကကြည့်ရင် ကလေးဟာ သူ့အရွယ်အလိုက် ပညာသင်ကြားခွင့်ရှိရမှာ ဖြစ်တယ်လို့ဆိုပါတယ်။ မိသားစုဝင်ငွေ နည်းပါးမှုကြောင့် ကလေးသူငယ်အများစု ပညာမသင်ကြားနိုင်ဘဲ လုပ်ငန်းခွင်ဝင်နေရတာ ဖြစ်တယ် လို့ဆိုပါတယ်။
'မိဘတွေ အဆင်မပြေလို့ ကလေးကိုမခိုင်းချင်ဘဲ ခိုင်းနေရတယ်၊ ပတ်ဝန်းကျင်က စားသောက် ဆိုင်တွေမှာ ကလေးတွေအလုပ်လုပ်နေတာအများကြီးပဲ၊ မိသားစုလဲအဆင်ပြေပြီး ကလေးလဲပညာ သင်ကြားခွင့်မဆုံးရှုံးနိုင်မယ့် နည်းလမ်းတွေကို တာဝန်ရှိပုဂ္ဂိုလ်တွေစဉ်းစားပေးဖို့ လိုတယ်' လို့ ကျောင်းဆရာ ဦးညွန့်ဝေမိုးက သူ့အမြင်ပြောပါတယ်။
အခမဲ့ပညာသင်ကြားခွင့်ပေးထားရုံနဲ့ ကလေးသူငယ်တွေရဲ့ ပညာသင်ကြားခွင့်က တိုးတက်လာမှာ မဟုတ်ဘူးလို့ ဆိုတယ်။ တကယ်တမ်း ရပ်ကွက်ကျေးရွာတွေအထိဆင်းပြီး ကျောင်းနေအရွယ် ကလေးဦးရေစစ်တမ်းကောက်ယူတာ၊ ရပ်ကွက်ကျေးရွာအဆင့် အဖွဲ့ဖွဲ့ပြီး ကလေးတွေကျောင်းထဲ ရောက်လာအောင် ဝိုင်းဝန်းအားပေးလုပ်ဆောင်ဖို့လိုတယ်လို့ ဆိုပါတယ်။ ပညာသင်ကြားခွင့် ဆုံးရှုံး နေတဲ့ ကလေးသူငယ်တွေအတွက် စီမံချက်တစ်ခု ချမှတ်ပြီးလုပ်ဆောင်သွားသင့်တယ်လို့ ဆိုတယ်။ မိသားစုဝင်တွေအတွက် အလုပ်အကိုင်ဖန်တီးပေးပြီး ဝင်ငွေတိုးအောင် လုပ်ပေးခြင်းက ကလေး သူငယ်တွေ လုပ်ငန်းခွင်မဝင်ရဘဲ ပညာသင်ကြားခွင့်ရလာနိုင်တယ်လို့ ဆိုပါတယ်။
ပညာရေးလုပ်ငန်းတွေ ပြန်လည်ဖွံ့ဖြိုးလာဖို့က အစိုးရတစ်ခုတည်းနဲ့လုပ်နိုင်ဖို့ မလွယ်ဘူးလို့ ကျောင်းဆရာဦးညွန့်ဝေမိုးက ပြောပါတယ်။ သည့်အတွက် နိုင်ငံခြားအထောက်အကူ၊ ပြည်တွင်း ပုဂ္ဂလိကလုပ်ငန်းရှင်ကြီးတွေရဲ့ အထောက်အကူတွေလိုတယ်လို့ ဆိုတယ်။ လက်ရှိမှာ နိုင်ငံခြား အထောက်အကူတွေ ရနေပေမဲ့ အများအားဖြင့် တက္ကသိုလ်တွေကို အဆင့်မြှင့်သွားဖို့ပဲ လုပ်နေတာ ဖြစ်တယ်လို့ဆိုတယ်။ တကယ့်အောက်ခြေက အခြေခံကျောင်းတွေကိုပါ အဆင့်မြှင့်လုပ်ဆောင်တာမျိုး တော့မရှိသေးပါဘူးလို့ဆိုတယ်။ အခြေခံစာသင်ကျောင်းတွေဆောက်တာ၊ သင်ထောက်ကူ ပစ္စည်းတွေ ထောက်ပံ့သင့်တဲ့နေရာမှာ တတ်နိုင်တဲ့ ပုဂ္ဂလိကလုပ်ငန်းရှင်ကြီးတွေနဲ့ အင်န်ဂျီအိုအဖွဲ့အစည်းတွေ များများပါဝင်လာအောင် စည်းရုံးနိုင်ဖို့လိုတယ်လို့ ဆိုပါတယ်။
ကျောင်းဆရာဦးညွန့်ဝေမိုးက 'ဆင်းရဲ့နွမ်းပါးမှုက လွတ်မြောက်ဖို့ ကိုယ့်အနာဂတ်ကောင်းဖို့ အကုန်လုံး ပညာတတ်ဖို့လိုတယ်၊ လက်ရှိဒီမိုကရေစီနိုင်ငံ တည်ဆောက်တယ် ဆိုတာကလဲ ပညာတတ်တဲ့ သူတွေအပေါ် မူတည်တယ်၊ ပညာတတ်ဦးရေများရင် ဒီမိုကရေစီဖော်ဆောင်ရတာလွယ်တယ်' လို့ သုံးသပ်ပြောဆိုပါတယ်။
Written by ဇင်သော်
မော်ဒန်သတင်းဂျာနယ်
http://feeds.feedburner.com/thithtoolwin/yIWV
ခေါင်းဆောင်တွင်း သဘောထား ကွဲလွဲမှု သင်ပုန်းချေ လိုက်ကြောင်း KNU ထုတ်ပြန်ပြောဆို
Posted: 27 Oct 2012 05:30 AM PDT
အမျိုးသား စည်းလုံး ညီညွှတ်မှုကို ရှေးရှု၍ အဖွဲ့အစည်း အတွင်း ဖြစ်ပေါ် နေသော ကိစ္စရပ်များကို ရင်းနှီး ပွင့်လင်းစွာ ဆွေးနွေးပြီး သင်ပုန်းချေ လိုက်ပြီး ဖြစ်ကြောင်း ကရင် အမျိုးသား အစည်းအရုံး- KNU က ယနေ့ သဘောထား ထုတ်ပြန်လိုက်သည်။ ကရင်ပြည်နယ်၊ ဖားအံခရိုင် ကေအဲန်ယူ ထိန်းချုပ် နယ်မြေ လေးဝါးစခန်း၌ ---
သတင်း အပြည့်အစုံ ဖတ်ရန် ဒီနေရာကို နှိပ်ပါ
http://feeds.feedburner.com/thithtoolwin/yIWV
၂၀၁၃ခုနှစ်တွင် မြို့နယ် ၂၀တွင် စမ်းသပ်သန်းခေါင်စာရင်းကောက်ယူမည်
Posted: 27 Oct 2012 05:15 AM PDT
၂၀၁၄ခုနှစ် ပြည်လုံးကျွတ် သန်းခေါင် စာရင်း ကောက်ယူရာ၌ အထောက်အကူ ဖြစ်စေရန် ၂၀၁၃ ခုနှစ်တွင် မြန်မာနိုင်ငံ အနှံ့ရှိ မြို့နယ် ၂၀တွင် စမ်းသပ် သန်းခေါင်စာရင်း ကောက်ယူ သွားမည် ဖြစ်ကြောင်း လူဝင်မှု ကြီးကြပ်ရေးနှင့် ပြည်သူ့အင် အားဝန်ကြီးဌာန ပြည်ထောင်စု ၀န်ကြီး ဦးခင်ရီက ပြောကြားခဲ့သည်။ အဆိုပါ စမ်းသပ် သန်ခေါင်စာရင်းကို ၂၀၁၃ခုနှစ် မတ်လ ၃၀ ရက်နေ့မှ---
သတင်း အပြည့်အစုံ ဖတ်ရန် ဒီနေရာကို နှိပ်ပါ
http://feeds.feedburner.com/thithtoolwin/yIWV
ရခိုင် ကျောက်တော်၌ သေနတ်ဒဏ်ရာ ရရှိခဲ့သူ တစ်ဦး ရန်ကုန် ဆေးရုံကြီးတွင် ဆေးကုသမှု ခံယူနေ
Posted: 27 Oct 2012 03:48 AM PDT
ရန်ကုန်-အောက်တို ဘာ၂၇
ရခိုင် ပြည်နယ် ကျောက်တော်မြို့ေ၇ွှပြည် ရွာဟောင်း ကျေးရွာမှ သေနတ် ဒဏ်ရာ ရရှိသူ ရခိုင် အမျိုးသား တစ်ဦး သည် ရန်ကုန် ဆေးရုံကြီးတွင် ဆေးကုသမှုခံယူရန် ယနေ့ နံနက်က ရောက်ရှိ လာကြောင်း သိရသည်။
အသက် ၃၃နှစ် အရွယ်ရှိ ကိုရွှေသန်းမောင်မှာ အောက်တိုဘာ၂၄ရက် ညနေ ၃ နာရီခွဲခန့်က လက်မောင်းရင်း သေနတ်ဒဏ်ရာ ရရှိခြင်းဖြစ်ပြီး ကျောက်တော်မြို့ဆေးရုံမှ ရန်ကုန်ပြည်သူ ဆေးရုံသို့ လွှဲပြောင်း ကုသခံယူခိုင်းခြင်း ဖြစ်သည်ဟု ညီဖြစ်သူ၏ ပြောပြချက် အရ သိရသည်။
"ကျွန်တော်တို့ ရှေ့ကလှေတစ်စီးကို ကမ်းစပ်ကနေ အရင် သေနတ်နဲ့ ပစ်ခံရတာ။ အဲ့လှေမြှပ်သွားလို့ သွားကယ်ရင်း ထပ်အပြစ်ခံရတာ၊ နှစ်ယောက်ထိ သွားတယ်။ တစ်ယောက်ကတော့ စစ်တွေဆေးရုံမှာပါ"ဟု အပစ်ခံရသည့် လှေတစ်စီးထဲတွင် ပါဝင်သူ ကပြောပြသည်။
အဆိုပါ သေနတ် ဒဏ်ရာရရှိသူ ရခိုင် အမျိုးသားအား ယခု အချိန်တွင် ခွဲစိတ်မှုပြုလုပ်နေကြောင်း သိရသည်။
သုတလင်း - Popular Myanmar News Journal
http://feeds.feedburner.com/thithtoolwin/yIWV
မြေပုံမြို့မှာ အမျိုးသမီးတွေ ဆန္ဒပြ
Posted: 27 Oct 2012 03:23 AM PDT
ရခိုင်ပြည်နယ် မြေပုံမြို့မှာ မကြာခင် ရက်ပိုင်းတွေ အတွင်းက အကြမ်းဖက် ပဋိပက္ခတွေဖြစ်ပွား ခဲ့တာနဲ့ပတ်သက်ပြီး အမြန်ဆုံး ဖြေရှင်းပေးဖို့ ရာဂဏန်းရှိတဲ့ အမျိုးသမီးတွေဟာ အောက်တိုဘာလ ၂၆ ရက်နေ့ နေ့လည်က ဆန္ဒပြ တောင်းဆို ခဲ့ကြပါတယ်။
အခုလိုဆန္ဒပြတောင်းဆိုရတာနဲ့ပတ်သက်ပြီး ကိုယ်တိုင်ပါဝင်ခဲ့တဲ့ အမျိုးသမီးတစ်ဦးဖြစ်သူ ဒေါ်အေးဝင်းကြည်က RFA ကို အခုလိုပြောပြပါတယ်။
"အခုတော့လူကြီးတွေရောက်လို့လေ ကျွန်မတို့မြို့ကလူတွေက ကုလားနဲ့ မနေနိုင်ဘူးဆိုပြီးတော့ အဲလို ဆန္ဒထုတ်ဖော်နေတာပါ။ ကုလားတွေက တော်တော်ဆိုးပါတယ်။ ကျွန်မတို့မြေပုံမှာ ဒေသခံတွေကို တော်တော်နှိပ်စက်ပြီးတော့ သူတို့တောင်ပေါ်မှာ သူတို့ကိုယ်သူတို့ မီးတိုက်ပြီးတော့ ထွက်ပြေးတာ ကျွန်မတို့ ဘာမှမလုပ်ရပါဘူးရှင်။ သူတို့တစ်ခုခုပြန်လုပ်မှာကို ကျွန်မတို့ကြောက်တယ်။ ဒါကြောင့်မို့ ကျွန်မတို့အတွက် လုံခြုံရေးများရမလားဆိုပြီးတော့ ကိုယ့်ပြည် ကိုယ့်ဒေသမှာနေပြီးတော့ ကျွန်မတို့ ဒီလိုဖိအားနဲ့ နေရမှာလား။ ဒါကြောင့်မို့ ကျွန်မတို့ လုံးဝမနေနိုင်လို့ ဒီလိုတောင်းဆိုတာပါ"
အောက်တိုဘာလ ၂၆ ရက်နေ့ နေ့လည်ပိုင်းက နယ်စပ်ရေးရာ ပြည်ထောင်စုဝန်ကြီး ဗိုလ်ချုပ်သိန်းဌေးအပါအဝင် အစိုးရတာဝန်ရှိသူတွေ မြေပုံမြို့ပေါ်မှာ ယာယီဖွင့်လှစ်ထားတဲ့ ဒုက္ခသည်စခန်းတွေကို လာရောက်ကြည့်ရှုစဉ် အခုလိုဆန္ဒပြတောင်းဆိုမှုဖြစ်ပေါ်ခဲ့တာလို့သိရပါတယ်။
မြေပုံမြို့နယ်မှာ လုံခြုံရေးစစ်တပ်အင်အားတွေ တိုးချဲ့ချထားပေမယ့် အမျိုးသမီးတွေ ဆန္ဒပြတာကို တစ်စုံတစ်ရာ နှောင့်ယှက်ဟန့်တားတာမျိုး မရှိခဲ့ဘူးလို့လည်းသိရပါတယ်။
RFA Burmese
၂၀၁၂ ခုနှစ် ဇွန် ၁၅ ရက်က ထိုင်းနိုင်ငံ ဘန်ကောက်မြို့ မြန်မာသံရုံးရှေ့တွင် မြန်မာတိုင်းရင်းသား အဖွဲ့ ၉ ဖွဲ့က ရခိုင်ပြည်နယ်အတွင်း အကြမ်းဖက်မှု ရပ်တန့်ရေး ဆန္ဒပြတောင်းဆိုနေစဉ်။ RFA
http://feeds.feedburner.com/thithtoolwin/yIWV
သေဆုံးစာရင်း အစိုးရပြင်ဆင် ထုတ်ပြန်
Posted: 27 Oct 2012 03:17 AM PDT
ရခိုင်ပြည်နယ်မှာ အောက်တိုဘာလ ၂၁ ရက်ကနေ ၂၆ ရက်နေ့ အထိ ၆ ရက်တာ အကြမ်းဖက်မှု တွေအတွင်း သေဆုံးသူ ၆၄ ယောက်လို့ ရခိုင်ပြည်နယ် အစိုးရ ပြောရေး ဆိုခွင့်ရှိသူက ပြင်ဆင် ပြောဆိုကြောင်း ရိုက်တာ သတင်းဌာနက မနေ့က ရေးသားပါတယ်။
မနေ့က နေ့လည်ပိုင်းလောက်က သေဆုံးသူ ၁၁၂ ယောက် ရှိတယ်လို့ ပြောခဲ့ပေမယ့် တွက်ချက်မှု မှားယွင်းတာကြောင့် အမှားပြင်ဆင် ပြောဆိုခဲ့တာလို့ ဆိုပါတယ်။ မြို့နယ် ၆ မြို့နယ်မှာ အကြမ်းဖက် မီးရှို့မှုတွေကြောင့် အိမ်ခြေ ၂၀၀၀ လောက် ဆုံးရှုံးရပြီး ဒဏ်ရာရရှိသူက ၁၀၀ လောက်ရှိတယ်လို့ ရိုက်တာ သတင်းဌာနက ရေးသားပါတယ်။
မနေ့က အာအက်ဖ်အေက မေးမြန်းရာမှာ ရခိုင်ပြည်နယ် အစိုးရ ပြောရေးဆိုခွင့် ရှိသူ ဦးဝင်းမြိုင်က သေဆုံးသူ ၁၁၂ ယောက် ၊ ဒဏ်ရာရသူ အရေအတွက်ဟာ ကလေး ၁၀ ယောက် အပါအ၀င် ၇၂ ယောက်ဖြစ်တယ်လို့ ဖြေကြားခဲ့ပါတယ်။
ဒေသခံတွေ ပြောပြချက်အရ အခင်းဖြစ်ပွားမှုတွေမှာ ၀င်ရောက်ထိန်းသိမ်းတဲ့ စစ်တပ်က ပစ်ခတ်မှုကြောင့် သေဆုံးတာတွေရှိတယ်လို့ ဆိုပါတယ်။
အောက်တိုဘာလ ၂၁ ရက်နေ့မှာ မင်းပြားမြို့နယ်မှာ တဖက်နဲ့တဖက် အကြမ်းဖက်မှု မီးရှို့မှုတွေ စတင်ဖြစ်ပွားခဲ့ရာက မြောက်ဦး၊ ကျောက်ဖြူ နဲ့ ရသေ့တောင် မြေပုံ နဲ့ ကျောက်တော် မြို့နယ်တွေ အထိ ပြန့်နှံ့ခဲ့တာပါ။ မင်းပြား နဲ့ မြောက်ဦးမြို့နယ်တွေမှာတော့ အောက်တိုဘာလ ၂၂ ရက်နေ့ကတည်းက ညမထွက်ရ အမိန့်ကို ည ၇ နာရီကနေ မနက် ၅ နာရီအထိ ထုတ်ပြန်ထားဆဲ ဖြစ်တယ်လို့ ဆိုပါတယ်။
နိုင်ငံတော်သမ္မတရုံးကတော့ လက်ရှိ အကြမ်းဖက်မှုတွေ ရပ်တန့်ကြဖို့ မေတ္တာရပ်ခံထားသလို ၊ တစ်ချိန်တည်းမှာပဲ အကြမ်းဖက် တိုက်ခိုက်မှုတွေ ဖြစ်အောင် သွေးထိုး လှုံ့ဆော်သူတွေကို ဖေါ်ထုတ်မိရင် ဥပဒေအရ အရေးယူသွားမယ်လို့ ထုတ်ပြန်ထားပါတယ်။
RFA Burmese
၂၀၁၂ ခုနှစ် ဇွန်လ ၁၂ ရက်က စစ်တွေမြို့ရှိ ရပ်ကွက်များတွင် အပြန်အလှန် မီးရှို့မှုကြောင့် မီးလောင်ကျွမ်းနေစဉ်။ RFA
http://feeds.feedburner.com/thithtoolwin/yIWV
လူ ၁၀ ဦး သေဆုံးသော ယာဉ်တိုက်မှုဖြစ်ပွား
--
မှော်ဆရာအဖွဲ့ မှ နေ့ စဉ်မေးလ်များ ရယူလိုပါက http://groups.google.com/group/mrsorcerer/subscribe?hl=en ကို နှိပ်ပြီး မန်ဘာဝင်နိုင်ပါသည် ။
မန်ဘာဝင်များ မိမိတို.သိထားသည်များကို မျှဝေလိုပါက mrsorcerer@googlegroups.com သို. မေးလ်ပို.နိုင်ပါသည် ။
မှော်ဆရာအဖွဲ့ မှ နှုတ်ထွက်လိုလျှင် mrsorcerer+unsubscribe@googlegroups.com ကိုနှိပ်ပြီး မေးလ်ပို.ပါ ။
စာလက်ခံလိုသည့်ပုံစံ ပြင်လိုလျှင် http://groups.google.com/group/mrsorcerer?hl=en ကို သွားပါ ။
မှော်ဆရာ အဖွဲ့ ၏ စည်းကမ်းများကို သိလိုလျှင် http://groups.google.com/group/mrsorcerer/browse_thread/thread/af2f4a1d44d4d909?hl=en တွင် ဖတ်ရှုနိုင်ပါသည် ။
Facebook (FB) မှော်ဆရာအဖွဲ့သို့ Mail ပို့လိုလျှင် mrsorcerer2@groups.facebook.com
FB မှော်ဆရာအဖွဲ့သို့ ၀င်ရန် http://www.facebook.com/home.php?sk=group_173571176006981&ap=1
မှော်ဆရာ အဖွဲ့ နှင့်ပက်သက်၍ ဝေဖန်အကြံပြုလိုပါက >>>
ဦးဦး မှော်ဆရာ ( mrsorcerer9@gmail.com, mrsorcerer27@gmail.com ) ထံသို.
ပေးပို.နိုင်ပါသည် ။
ခင်မင်စွာဖြင့်
ဦးဦး မှော်ဆရာ