[mrsorcerer:35163] Fwd: သစ်ထူးလွင်



---------- Forwarded message ----------
From: Thit Htoo Lwin <noreply@blogger.com>
Date: 2012/10/28
Subject: သစ်ထူးလွင်
To: snsoenaing4@gmail.com


သစ်ထူးလွင်


မကွေး NLD‭ ‬ပါတီဝင်များ‭ ‬အစုလိုက် ပါတီ ကူးပြောင်းသတင်း မမှန်ဟု ဆို

Posted: 28 Oct 2012 06:37 AM PDT

မကွေးတိုင်း ဒေသကြီး‭ ‬ပြည်ထောင်စု ကြံခိုင်ရေးနှင့် ဖွံ့ဖြိုးရေး ပါတီ သို့‭ ‬အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်မှ‭ ‬ပါတီဝင်‭ ‬၃၀၀‭ ‬ကျော် ကူးပြောင်းသည့်‭ ‬သတင်းသည်‭ ‬ဟုတ်မှန်ခြင်း မရှိဘဲ‭ ‬ပါတီဝင် ရှစ်ဦးခန့် သာ ကူးပြောင်း‭ ‬ခြင်း ဖြစ်သည်ဟု‭ ‬NLD‭ ‬တိုင်း ဒေသကြီး‭ ‬ကော်မရှင်‭ ‬ဦးစိုးမိုးက---

သတင်း အပြည့်အစုံ ဖတ်ရန် ဒီနေရာကို နှိပ်ပါ

၂၀.၂.၂၀၁၂ ရက်နေ့ က အဖွဲ့ ချုပ်မှ သဘာပတိ ဦးဝင်းတင် နှင့်အဖွဲ့ မကွေးပြည်သူတွေ နှင့် တွေ့ ဆုံခဲ့စဉ်


Governor ဟိုတယ် နှင့့် မြန်မာ ဧည့်လမ်းညွှန်ကြား ပြဿနာ ဖြစ်ပွား

Posted: 28 Oct 2012 06:43 AM PDT

နိုင်ငံခြားသား ဧည့်သည် အများအပြား တည်းခိုလေ့ ရှိသော ရန်ကုန်မြို့၊ဒဂုံမြို့နယ် ရှိ Governor Residence ဟိုတယ် တွင် အောက်တိုဘာ တတိယ ပတ်က ဧည့်သည် အချို့အခန်း မရရှိမှု နှင့် ပတ်သက်၍ လိုက်ပါ ဆောင်ရွက်သူ မြန်မာ ဧည့်လမ်းညွှန် နှင့် ဟိုတယ် ၀န်ထမ်းများ စကားများကာ ပြဿနာ ဖြစ်ခဲ့ ရကြောင်း မြန်မာနိုင်ငံ ဧည့်လမ်းညွှန်များ အသင်း ဥက္ကဌ ဦးရွှေမြအောင် က ပြောကြားသည်။

သတင်း အပြည့်အစုံ ဖတ်ရန် ဒီနေရာကို နှိပ်ပါ

Governor Residence ဟိုတယ်


ရခိုင်ပြည်နယ် ပဋိပက္ခအတွင်း သောင်းနဲ့ချီ အိုးမဲ့အိမ်မဲ့ဖြစ်

Posted: 28 Oct 2012 06:05 AM PDT

ရခိုင်ပြည်နယ်မှာ တကျော့ပြန် ပြန်ဖြစ်ခဲ့တဲ့ အကြမ်းဖက် မှုတွေ အတွင်း လူပေါင်း သောင်းနဲ့ချီပြီး အိုးမဲ့အိမ်မဲ့ ဖြစ်ခဲ့ရပြီး အဲဒီလူတွေဟာ လူသားချင်း စာနာမှုဆိုင်ရာ အရေးပေါ် အကူအညီတွေ လိုအပ်နေတယ်လို့ ကုလသမဂ္ဂ ကပြောပါတယ်။

မြန်မာ အစိုးရ ကတော့ အနည်းဆုံး လူ ပေါင်း ၂ သောင်းလောက်ဟာ သူတို့ရဲ့ အိုအိမ်တွေကို စွန့်ခွာ ထွက်ပြေးခဲ့ရတယ်လို့ ကြေညာထားပြီး၊ အဲဒီထဲက အများစုဟာ မွတ်စလင်တွေ ဖြစ်ကြတယ်လို့ ဆိုပါတယ်။

ကုလသမဂ္ဂ ရဲ့ ကိန်းဂဏန်းတွေ အရ ကတော့ မြန်မာအစိုးရ ဖေါ်ပြချက်ရဲ့ ငါးဆလောက် ရှိနေပါတယ်။

ဒါပေမယ့်လည်း ကုလသမဂ္ဂရဲ့ အရေ အတွက်ဟာ ပြီးခဲ့တဲ့ ဇွန်လက စလို့ ဖြစ်ပွား ခဲ့တဲ့ အဓိကရုဏ်းတွေ နောက်ပိုင်း အရေအတွက် အားလုံးကို ဖေါ်ပြထားတာ ဖြစ်ပါတယ်။

တခိျု့ သတင်းတွေ အရ လှေတွေနဲ့ ထွက်ပြေးကြသူ အများ အပြားဟာ ပင်လယ် ထဲမှာ သေဆုံး ကုန်ပြီး တခိျု့လည်း ပျောက်ဆုံး နေကြ တယ်လို့ ဆိုပါတယ်။

ဘီဘီစီ (မြန်မာပိုင်း)

ကုလသမဂ္ဂ ရဲ့ ကိန်းဂဏန်းတွေ အရ ကတော့ မြန်မာအစိုးရ ဖေါ်ပြချက်ရဲ့ ငါးဆလောက် ရှိနေ


ယနေ့ ရခိုင်ပြည်နယ် သတင်း စုစည်းမှု

Posted: 28 Oct 2012 05:08 AM PDT

၂၈-၁၀-၂၀၁၂ နေ့
---- ----- ------ ----
စစ်တွေမြို့သို့ ပေါက်တော နယ်မှ တိမ်းရှောင် နေသူများ ရောက်ရှိ နေပြီဖြစ် ကြောင်းသိရသည်။

တောလယ်နှင့် ဂြင်းချောင်း ကျေးရွာများမှ ဒေသခံ များသည် နေအိမ်များကို စွန့် ခွါကာ စစ်တွေမြို့လို့ လာရောက် တိမ်းရှောင် နေမှုများ ရှိနေသည်။

ဘင်္ဂလီများ ၏ ရန်ကို စိုးရိမ်သဖြင့် နေအိမ်များကို စွန့်ခွါကာ ထိုသို့ ထွက်ပြေး လာကြ ရခြင်း ဖြစ်ကြောင်းလည်း သိရသည်။

တစ်ချို့မှာ ဘုန်းတော်ကြီး ကျောင်းများတွင် ခိုလှုံနေကြပြီး တစ်ချို့မှာ ဆွေမျိုး များရှိရာနေရာများသို့ သွားရောက် နေထိုင်နေကြ ကြောင်းသိရသည်။

ပုဏ္ဏားကျွန်းနှင့် အခြားမြို့နယ်များသို့လည်း ပြောင်းရွှေ့သွားကြ သည်များရှိနေ ကြောင်းလည်း သိရှိရပါသည်။

ဘင်္ဂလီကျေးရွာနှင့်အနီးဆုံးတွင် တည်ရှိသော ကျေးရွာများမှ ဒေသခံများ ဖြစ်ကြောင်းလည်းသိရပါသည်။

ထိုသို့ရောက်ရှိလာသူများသည် လက်ရှိတွင် စားဝတ်နေရေးအ ခက်အခဲများဖြစ်ပေါ်လာနိုင်ခြေရှိကြောင်းလည်း သိရသည်။

ဘုန်းတော်ကြီးကျောင်းများတွင် ခိုလှုံနေကြသူများအား ကူညီပေးကြပါရန် လေး စားစွာ အသိပေးတင်ပြအပ်ပါသည်။
----------------------------------------------------------------------------------------------------

၂း၅၀ အချိန်သတင်း
--------------------
မြောက်ဦးမြို့ရှိ အလိုတော်ပြည့် ကျောင်းတိုက်နှင့် ရွှေဂုတောင် ကျောင်းတိုက် တို့ တွင် ကျေးရွာအသီးသီးမှ ထွက်ပြေးတိမ်းရှောင်လာကြသော လူဦးရေ ၁၀၀၀ ကျော် ရှိနေပြီဖြစ်ကြောင်းသိရသည်။

ရွှေဂူတောင်ကျောင်းတွင် ၄၀၀ ခန့်နှင့် အလိုတော်ပြည့် ကျောင်းတွင် ၇၀၀ ကျော် ရောက်ရှိနေပြီ ဖြစ်ကြောင်း သိရှိရပါသည်။
ထိုသို့ ရောက်ရှိ လာခြင်းမှာ ကျေးရွာ လုံခြုံရေး အတွက် စိတ်မချ နိုင်သဖြင့် နေ အိမ်များကို စွန့်ခွါလာကြ သူများ ဖြစ်ကြောင်းလည်း သိရသည်။

ထိုအထဲတွင် မြောက်ဦးမြို့နယ် အပြင် မင်းပြားမြို့နယ် အတွင်းမှ ကျေးရွာသူ / သားများလည်း ပါဝင်ကြောင်း သိရသည်။

စားဝတ်နေရေးကို ကျောင်းထိုင်ဆရာတော်များနှင့် မြို့သူမြို့သားများက ထောက်ပံ့ ပေးနေရကြောင်းလည်း သိရှိရပါသည်။

အကြောင်းမှာ ဘင်္ဂလီကျေးရွာများနှင့် လွန်စွာနီးကပ်နေသည် ကျေးရွာများမှ မိသားစုများဖြစ်ကြောင်းလည်းသိရှိရပါသည်။

--------------------------------------------------------------------------------------------

ကျောက်ဖြူမြို့နယ် ယနေ့ လယ်သမား ၇၀ ခန့် ဆန္ဒဖော်ထုတ်မှုများပြုလုပ်ခဲ့ ကြောင်းသိရသည်။ လယ်ယာမြေများပျက်စီးဆုံးရှုံးမှုကိုအခြေခံကာ ထုတ်ဖော် ပြသသော ဆန္ဒထုတ်ဖော်မှုဖြစ်ပါသည်။

Rakhine Straight Views (Facebook)

ဓါတ်ပုံ ပေါက်တောမြို့မီးလောင်မှုမြင်ကွင်း




မွန်ပြည်နယ် ၊ သံဖြူဇရပ်မြို့မှ ယာဉ်တိုက်မှုနှင့် လူသေဆုံးမှု

Posted: 28 Oct 2012 06:49 AM PDT

လွန်ခဲ့သော အောက်တိုဘာလ (၂၆) ရက်နေ့ ညနေပိုင်းက .. ကျိုက္ခမီမြို့မှ မောင်းနှင်လာသော ယာဉ်မောင်း - မောင်အောင်မျိုးမင်း အသက် (၃၂)နှစ် ရန်ကုန်မြို့နေသူ မောင်းနှင် လာသော ယာဉ်အမှတ် - ၉ဃ/၉၂၇၁ မော်တော်ယာဉ်သည် မြို့လယ်တွင် မဆင်မခြင် အရှိန်ပြင်းစွာ မောင်းနှင်လာရာ သံဖြူဇရပ်မြို့ ၊ အောင်ဆန်းလမ်း နတ်စင်ရှေ့ဘက် လမ်းမပေါ်တွင် အရှိန်မထိန်းနိုင်ပဲ ယာဉ်ရှောင်တိမ်းရာမှ---

သတင်း အပြည့်အစုံ ဖတ်ရန် ဒီနေရာကို နှိပ်ပါ




ရခိုင်ဒေသမှ ပဋိပက္ခမီးလျှံများနှင့် ငြိမ်းချမ်းရေးခက်ဆစ် အဖြေ

Posted: 28 Oct 2012 04:29 AM PDT

Written by မောင်သွေးချွန် - Eleven Media Group

843
ကျောက်တန်းကုန်းကျေးရွာမှ ထွက်ပြေးနေသော ရခိုင်တိုင်းရင်းသား အဘွားအိုတစ်ဦးအား တွေ့ရစဉ် ဓာတ်ပုံ - လှိုင် (စစ်တွေ)

၂၀၁၂ ခုနှစ် အောက်တိုဘာလ ၂၁ ရက်က နိုင်ငံတော်သမ္မတကြီး ဦးသိန်းစိန်ဟာ သမ္မတအိမ်တော်မှာ မီဒီယာများနဲ့ ရင်းရင်းနှီးနှီးတွေ့ဆုံပြီးချိန်မှာပဲ ဘာမှမကြာလိုက်ခင် အဲဒီညဦးမှာ ရခိုင်ရိုဟင်ဂျာအရေး ပေါက်ကွဲမှုကြီး ၀ုန်းခနဲထဖြစ်ပါတယ်။ ရခိုင်အရေးနဲ့ပတ်သက်ပြီး အခြေအနေမှန်တွေကို ဖုံးကွယ်ဖို့တချို့သော ပုဂ္ဂိုလ်များ အဖွဲ့အစည်းများက ကြိုးစားနေချိန်မှာ ရခိုင်အရေးဟာ ပေါ့သေးသေး မဟုတ်ကြောင်း အောက်တိုဘာလ ၂၁ ရက်ညက ပြန်လည်ပေါက်ကွဲ လာတဲ့ ပြင်းထန်လွန်းတဲ့ ပဋိပက္ခများ က သတိပေးလိုက်ပြီ ဖြစ်ပါတယ်။ ဒေါ်အောင်ဆန်းစုကြည် ကိုယ်တိုင်က ၈ အောက်တိုဘာလ ၂၀၁၂ က အမေရိကန်ခရီးစဉ်ဆိုင်ရာ သတင်းစာရှင်းလင်းပွဲမှာ ရခိုင်အရေး အပါအ၀င်ဖြစ်သော တိုင်းရင်းသားပဋိပက္ခများ နှင့်ပတ်သက်၍ မည်သည့်မှတ်ချက်မှ ပေးလိုခြင်းမရှိကြောင်း ထည့်သွင်းပြောကြား သွားခဲ့တဲ့အတွက် ဒီစကားမျိုးပြောတာ ဒေါ်အောင်ဆန်းစုကြည်မှ ဟုတ်ပါလေစလို့ အံ့သြခဲ့ရပါတယ်။
နိုင်ငံတော်သမ္မတကြီးကတော့ ရခိုင်အရေးဟာ တိုင်းပြည်ရဲ့အရေးကြီးတဲ့ ကိစ္စဖြစ်ကြောင်း ၂၁-၁၀-၂၀၁၂ က မီဒီယာတွေ့ဆုံပွဲမှာ အလေးအနက်ထည့်သွင်း ပြောကြားသွားပါတယ်။ သမ္မတကြီးရဲ့ အစိုးရသက်တမ်း တစ်နှစ်ပြည့်မိန့်ခွန်းပြောပြီး နှစ်လခန့်အကြာမှာ ရိုဟင်ဂျာပဋိပက္ခ စတင်ပေါ်ပေါက်ခဲ့တာ ဖြစ်ပါတယ်။ ထုံးစံအတိုင်း အခြေအနေတွေ တည်ငြိမ်အောင် ထိန်းသိမ်းနိုင်ခဲ့ပါပြီ ဘာညာနဲ့ သတင်းထုတ်ပြန်အပြီးမှာပဲ ပြဿနာတွေ ပဋိပက္ခတွေက ပုဒ်မ ၁၄၄ ထုတ်ရတဲ့အထိ ကြီးထွားလာခဲ့ပါတယ်။

ရခိုင်အရေးဟာ အမျိုးသားရေး၊ ပြည်ထောင်စုကြီးရဲ့အရေး  . . .။ ဒါကြောင့် နိုင်ငံတော် သမ္မတကြီးရဲ့ လမ်းညွှန်ချက်လေးရပ်ထဲမှာ ပါတဲ့အတိုင်း နိုင်ငံတော်၏ ဂုဏ်သိက္ခာ မထိခိုက်စေရန်။ အမျိုးသား အကျိုးစီးပွား မထိခိုက်စေရန်။  နိုင်ငံ၏ အချုပ်အခြာအာဏာ မထိခိုက်စေရန်။ အိုအိုင်စီရုံး ဖွင့်ခွင့်မပြုကြောင်း   . . .

ရခိုင်အရေးနဲ့ပတ်သက်ပြီး ၂၀၁၂ ဇွန်လ ၁၀ ရက် နိုင်ငံတော်သမ္မတ ကြီးက တိုင်းပြည်သို့ မိန့်ခွန်း ပြောကြားခဲ့ရာမှာ . . .
"ဒီလိုလူမျိုးဘာသာစွဲတွေကို ရှေ့တန်းတင်ပြီး မဆုံးနိုင်တဲ့ မုန်းတီးမှုတွေ၊ လက်စားချေလိုမှုတွေနဲ့ မင်းမဲ့ စရိုက်တွေကို ရှေ့တန်းတင်လျက် တစ်ဖက်နဲ့တစ်ဖက် အပြန်အလှန် အကြမ်းဖက်သတ်ဖြတ် နေကြမယ်ဆိုရင်ရခိုင် ပြည်နယ်တွင်သာမက ပိုမိုကျယ်ပြန့်ဖြစ်ပွားလာစေနိုင်တဲ့ အန္တရာယ် ရှိပါတယ်။ အခြားသော အမှောင့်ပ ယောဂများလည်း ပါဝင်ပူးကပ်လာနိုင်ပါတယ်။ ဒီလိုသာဖြစ်လာခဲ့ရင် အသွင်ကူးပြောင်းစသာ ရှိသေးတဲ့ ကျွန်တော်တို့နိုင်ငံရဲ့ တည်ငြိမ်အေးချမ်းရေး၊ ဒီမိုကရေစီဖော်ဆောင်ရေး နဲ့ နိုင်ငံဖွံ့ဖြိုးတိုးတက်ရေး အပေါ် ပြင်းပြင်းထန်ထန် ထိခိုက်ဆုံးရှုံးမှု ဖြစ်ပေါ်လာစေနိုင်တာကို မိဘပြည်သူ များအားလုံး အထူးသတိထား ကြစေချင်တယ်"လို့ ဖော်ပြခဲ့ပါတယ်။
အောက်တိုဘာလ ၂၁ ရက်က မီဒီယာတွေကို အဖြေပေးခဲ့ရာမှာတော့
"လူ့အဖွဲ့အစည်းနှစ်ခုဟာ တစ်နေရာတည်းမှာ နေနေရတာဖြစ်တဲ့ အတွက်ကြောင့် ခုနကလို ဘယ်လိုနည်းလမ်းမျိုးတွေနဲ့ အတူယှဉ်တွဲပြီး နေနိုင်မလဲဆိုတာကို ဒီအချက်က ကျွန်တော် တို့အတွက် အရေးကြီးဆုံးအချက် ဖြစ်ပါတယ်။ အဲဒီတော့ အတူယှဉ်တွဲ ပြီးတော့ နေနိုင်ဖို့အတွက် လုပ်ရမယ့် လုပ်ငန်းတွေကတော့ အများကြီးရှိပါတယ်။ အခြေခံကျတဲ့လုပ်ငန်းတွေ၊ အဲဒီအခြေခံကျတဲ့ လုပ်ငန်းတွေက ခုနကလို ပညာရေးပါပဲ။ အဲဒီဒေသမှာရှိတဲ့ လူတွေက အသိပညာကြွယ်ဝဖို့ လိုပါတယ်" လို့ဆိုချင်ပါတယ်။
(၂၅-၁၀-၂၀၁၂ထုတ် မြန်မာနယူးစ်ဝိစ်)
ရခိုင်ရိုဟင်ဂျာအတူယှဉ်တွဲနေ ထိုင်ဖို့ ဘယ်လိုမှမဖြစ်နိုင်ကြောင်း ၂၅-စက်တင်ဘာ ၂၀၁၂ မှာကျင်းပ ခဲ့တဲ့ ရသေ့တောင်လူထုစည်းဝေးပွဲ ကြီးက တစ်ခဲနက်ဆုံးဖြတ်ကြေညာ ခဲ့ပြီး ဖြစ်ပါတယ်။ (ရခိုင်လူထုစည်း ဝေးပွဲဆုံးဖြတ်ချက်များ သမ္မတရုံး သို့ပို့ထားပြီးဖြစ်ပါတယ်) ဒီလိုအတူ မနေနိုင်ဘူးဆိုတာ ပညာမတတ်လို့ အသိပညာမကြွယ်ဝလို့ လုံးဝမဟုတ်ပါဘူး။ နှစ်ပေါင်းရာချီပြီး ခံစားနေရတဲ့ သမိုင်းရေးခံစားချက် စိတ်အနာပေါ်မှာ လတ်တလော ဖြစ်ပေါ်လာတဲ့ ပဋိပက္ခတွေက ပိုမိုပြင်းထန် ခါးသီးစေတဲ့အတွက် အတူနေလို့မဖြစ်နိုင်ဆိုတဲ့ ဆုံးဖြတ်ချက်ပေါ်ထွက်လာတာပါ။
ရခိုင် ရိုဟင်ဂျာနှစ်ဖက်စလုံးမှာ ပညာတတ်တွေပါဝင်လျက်ရှိပါတယ်။ ဒီပညာတတ်တွေကပဲ ဦးဆောင်နေ တာပါ။ ရခိုင်လူထုဟာ ပညာရေး အားနည်းအသိမကြွယ်လို့ ဒီလိုအတူ မနေနိုင်ဘူးလို့ ဆုံးဖြတ်တယ်ပဲ ထားလိုက်ပါဦး။ ပညာတတ်တွေ ပညာရှင်တွေ ရာထူးရာခံအကြီးကြီးတွေပါဝင် ဆွေးနွေးခဲ့တဲ့ ရခိုင်အရေးအလုပ်ရုံ ဆွေးနွေးပွဲမှာတောင် ကျေနပ်စရာကောင်းတဲ့ အဖြေမရခဲ့ပါဘူး။ အဲဒီ ဆွေးနွေးပွဲမှာ အစိုးရကိုယ်စား ဒုတိယသမ္မတ ဒေါက်တာ စိုင်းမောက်ခမ်း ကိုယ်တိုင်ပါဝင်ခဲ့ပါတယ်။ "ဘင်္ဂါလီ" ဆိုတဲ့ အသုံးအနှုန်းကို ဘင်္ဂလားဒေ့ရှ် သံအမတ်က လက်မခံလို့ ဆွေးနွေးပွဲပျက်ခဲ့ရပါတယ်။
ဆွေးနွေးပွဲပျက်ခဲ့တယ် ထားဦး၊ အစည်းအဝေးအပြီး စုပေါင်းဓာတ်ပုံ အမှတ်တရရိုက်ဖို့ လုပ်တာတောင် မအောင်မြင်ခဲ့ပါဘူး။ တစ်သက်လုံးအတူနေဖို့ မပြောနဲ့ နေပြည်တော်လို ရာဇဋ္ဌာနီ လုံခြုံစိတ်ချ အေးချမ်းလျက် ရှိတဲ့နေရာမှာတောင် မိနစ်ပိုင်းကလေးမျှတောင် အတူယှဉ်တွဲဓာတ်ပုံ ရိုက်ခွင့်မရခဲ့ပါဘူး။ အသိကြွယ်ဝ ပညာကြီးမားလှတဲ့ ပုဂ္ဂိုလ်ကြီးများတောင် ခဏတစ်ဖြုတ်မျှ အတူယှဉ်တွဲလိုက်ဖို့ ပျက်ကွက်ခဲ့ပါတယ်။ ဒုတိယသမ္မတ ဒေါက်တာစိုင်းမောက်ခမ်းနဲ့ ရခိုင်ခေါင်းဆောင်တွေ ပါဝင်ခဲ့တဲ့ အဲဒီဆွေးနွေးပွဲ ပျက်ခဲ့တာထက် ဟိုမီးလောင်ပြင်ထဲ သွေးမခြောက်သေးတဲ့ နေရာမှာ အတူယှဉ်တွဲနေထိုင်ဖို့ အတော်ခက်ခဲပါလိမ့်မယ်။
စစ်တွေကျောင်းသားများကတောင် သူတို့တက္ကသိုလ်သွားရာ လမ်းတစ်လျှောက်က ဘင်္ဂါလီ(ရိုဟင်ဂျာ) ရွာတွေဖယ်ရှားပေးဖို့ တောင်းဆိုနေပါ ပြီ။ သူတို့ရဲ့ ငြိမ်းချမ်းစွာ ပညာသင်ကြားရေးအတွက် မလုံခြုံလို့ပါတဲ့။ မလုံခြုံတဲ့ အခြေအနေကတော့ နှစ်ဖက်စလုံးမှာ ရှိတဲ့အတွက် မျှမျှတတ စဉ်းစားစီစဉ်ပေးရမှာပါ။ နိုင်ငံတော် သမ္မတကြီးက "တစ်ချက်ကတော့ စိတ်ထားပြောင်းအောင် လုပ်ရမှာ ဖြစ်ပါတယ်။ လက်ခံနိုင်တဲ့ စိတ်ထားတွေ ဖြစ်ပေါ်လာအောင် ပညာရေးကနေ စပြီးတော့ အခြေခံပြီး လုပ်ပေးစရာ တွေရှိနေပါတယ်"လို့ အဖြေပေးပါတယ်။
စိတ်ထားပြောင်းဖို့ဆိုတာ အပြောလွယ်သလောက် အကျင့်ခက်ပါတယ်။ ၀ိပဿနာ တရားစခန်းတွေမှာတောင် ယောဂီတွေ စိတ်ထားပြောင်းအောင် လုပ်ရတာ အလွန့်အလွန်ခက်ခဲပါတယ်။ စိတ်ထားမပြောင်းနိုင်ကြလို့လည်း တရားတွေ ဘယ်လောက်ပြပြ တရားမရ၊ ကုသိုလ်ပဲရပါတယ်။ ရခိုင်မှာက စစ်မြေပြင်လို ဖြစ်နေတာ ဘုန်းကြီးကျောင်းလို တရားစခန်းလို လုံခြုံအေးချမ်းတဲ့ နေရာမျိုးမှာတောင် လူတွေရဲ့စိတ်ထားကို ပြောင်းဖို့ဆိုတာ အတော်ခက်တာ၊ ရခိုင်လို ကမ္ဘာပျက်သလိုဖြစ်နေတဲ့ နေရာမျိုးမှာ စိတ်ထားပြောင်းဖို့ အတော်ခက်ပါလိမ့်မယ်။ အခုမှ ပညာရေးနဲ့အသိပေးဖို့ စလုပ်မယ် ဆိုရင်လည်း စေတနာကောင်းသော်လည်း ဒါဟာ မျှော်လင့်ထားသလောက်တော့ လွယ်လိမ့်မယ် မဟုတ်ပါဘူး။
ဗုဒ္ဓသာသနာဝင်မှာ ပိဋကတ် သုံးပုံအောင်ခဲ့ပြီး တပည့်ရဟန်းများကို စာဝါပို့ချခဲ့တဲ့ ပေါဋ္ဌိလမထေရ် ကြီးတောင် သူ့စိတ်သူပြောင်းအောင် နှစ်ပေါင်းသုံးဆယ်ကြာတဲ့ အထိ ကြိုးစားခဲ့ရပါတယ်။ ပိဋကတ်သုံးပုံအောင် ထားတာဆိုတော့ ဒီမထေရ်ကြီးလောက် ပညာတတ်သူ မရှိတော့ပါဘူး။ ဒီလောက်ပညာတွေ တတ်ထားပါသော်လည်း ပညာမာန်စသော စိတ်ထားကို မပြောင်းနိုင်ခဲ့လို့ နှစ်ပေါင်းသုံး ဆယ်လုံးလုံး ဒီမထေရ်ကြီး ငိုကြွေးခဲ့ရရှာပါတယ်။ သူအငိုတိတ်တဲ့နေ့ဟာ ပုထုဇဉ်စိတ်ကနေ အရိယာ သူတော်ကောင်းအဖြစ် ပြောင်းလဲကျင့်ကြံ့နိုင် ခဲ့တဲ့နေ့ပါပဲ။
သမ္မတကြီးလည်း စစ်ဗိုလ်ချုပ်ကြီးတစ်ယောက်ရဲ့ စိတ်ထားကို လူထုခေါင်းဆောင် တစ်ယောက်ရဲ့ စိတ်ထားဖြစ်အောင် ပြောင်းနိုင်ခဲ့ တဲ့အတွက် အင်မတန်လေးစားပါ တယ်ခင်ဗျာ။ ဒါပေမယ့် ရခိုင်ရိုဟင်ဂျာတွေရဲ့ သမိုင်းရေးဆိုင်ရာ စိတ်ဝေဒနာတွေကို ဘယ်လိုပြောင်းပေးနိုင်မလဲ ဆိုတာ ကျွန်တော်လို အညတရ နိုင်ငံသားတစ်ယောက်အနေနဲ့ ဥာဏ်မမီပါဘူး။
ပြီးတော့ သမ္မတကြီးရဲ့ဖြေရှင်းနည်းကတော့ အလုပ်အကိုင်ရရှိရေးနဲ့ သူတို့ကို ထိန်းပါတဲ့။ ဒီနေ့ကျောက်ဖြူမှာ စီးပွားရေးဇုန်တွေ ပေါ်ထုတ်ဖို့ စတင်စီစဉ်ပြင်ဆင်နေစဉ်မှာပဲ ၂၃-၁၀- ၂၀၁၂မှာ ရခိုင်ရိုဟင်ဂျာပဋိပက္ခဟာ မြောက်ဦးနဲ့ မင်းပြားမှသည် ကျောက်ဖြူအထိ ကူးစက်လာခဲ့ပါပြီ ဖြစ်ပါတယ်။ ကျောက်ဖြူမြို့ထဲမီးတွေ လောင်လို့တဲ့၊ မည်းတက်လာတဲ့ မီးခိုးလုံးကြီးတွေကြား နှစ်ဖက်အုပ်စုများ ဟာ သေမထူးနေမထူးအသွင်ကို ဆောင်လျက် တင်းမာနေကြလေပြီတဲ့။
အလုပ်အကိုင်အခွင့်အလမ်းဆိုတာ ရန်ကုန်လိုမြို့ကြီးမှာတောင် ရုတ်တရက်မလွယ်တာ၊ ရခိုင်မှာ ဒီလိုပဋိပက္ခတွေ မဖြစ်ပေါ်မီကတည်းက စီးပွားရေးနဲ့ အလုပ်အကိုင် ရှားပါးလွန်းလှသမို့ ရခိုင်တွေဇာတိမြေကို စွန့်ခွာ ပြီး ရေကြည်ရာ မြက်နုရာရှာခဲ့ရတာပါ။ ဘင်္ဂါလီရိုဟင်ဂျာတို့ အဖို့ကား သူတို့ဇာတိမြေနဲ့ နှိုင်းစာလိုက်ရင် ရခိုင်ဟာ ရတနာသိုက်ကြီး တမျှပါပဲ။ ဒါကြောင့်လည်း ဒီမှာ အခြေချအနေလှနဲ့ပေမို့ ဆွေတော်မျိုးတော်တွေ တစ်သုတ်ပြီးတစ်သုတ် တဖြုတ်ဖြုတ်ဆိုသလို ရောက်လာပြီး ဧည့်ရင်းတော့ အိမ်ရှင် ပမာဖြစ်လာခဲ့ပါတယ်။
ဒီမှာ အနေကြာ နေရာရလာတော့ မကြံကောင်းမစည်ရာဆိုသလို ကျွန်တော်တို့ရဲ့ အချုပ်အခြာအာဏာကို ထိပါးဖို့ ကြိုးစား လာခဲ့ပါတော့တယ်။  ပြဿနာရဲ့ ရင်းမြစ်ကတော့ အဲဒါပါပဲ။ ကျန်တာတွေက ကျောက်နီမော် ရာဇ၀တ်မှုမျိုးက လတ်တလော အကြောင်းတရားဖြစ်ပါတယ်။ အမှိုက်ကစ ပြဿဒ် မီးလောင်ခဲ့ပြီး နိုင်ငံတကာ  မျက်နှာစာမှာအထိ ရခိုင်ရိုဟင်ဂျာအရေး ဆွေးနွေးလာခဲ့ရပါတယ်။
ခုနောက်ဆုံး အခြေအနေမှာ အိုအိုင်စီက လာရောက်ရုံးဖွင့်ပြီး ရိုဟင်ဂျာအရေးကို ဇာတ်ရှိန်မြှင့်ပေးဖို့ ကြိုးစားခဲ့ပေမယ့် လုံးဝမအောင်မြင်ခဲ့ပါဘူး။ ရဟန်းရှင်လူပြည်သူ အပေါင်းက သောင်းသောင်းဖြဖြကြီး ၀ှဲချီးကန့်ကွက်ခဲ့ပါတယ်။ ရခိုင်အရေးဟာ အမျိုးသားရေး၊ ပြည်ထောင်စုကြီးရဲ့ အရေး . . .။ ဒါကြောင့် နိုင်ငံတော် သမ္မတကြီးရဲ့ လမ်းညွှန်ချက်လေး ရပ်ထဲမှာပါတဲ့အတိုင်း
နိုင်ငံတော်၏ဂုဏ်သိက္ခာ မထိခိုက်စေရန်။
အမျိုးသားအကျိုးစီးပွား မထိခိုက်စေရန်။
နိုင်ငံ၏အချုပ်အခြာ အာဏာမထိခိုက်စေရန် အိုအိုင်စီရုံးဖွင့်ခွင့်မပြုကြောင်း အောက်တိုဘာလ ၁၅ ရက် နေ့မှာ ကမ္ဘာသိအောင် ကြေညာနိုင်ခဲ့ပြီ ဖြစ်ပါတယ်။ ဒါဟာပြည်ထောင်စုကြီးရဲ့ အောင်ပွဲတစ်ခုပါပဲ။
သမ္မတကြီးကတော့ ကုလသမဂ္ဂ ရုံးစိုက်ရာ အမေရိကန်က ပြန်လာတာ ပူပူနွေးနွေးပဲ ရှိသေးတာဆိုတော့ "နောက်တစ်ခါ လူ့အခွင့်အရေးကို ဒီနေ့ကမ္ဘာကလည်း ကြည့်နေတယ်။ လူ့အခွင့်အရေးကို ဦးစားပေးနေတယ်။ လူတွေလည်း ကမ္ဘာကြီးနဲ့ လိုက်လျောညီထွေဖြစ်အောင် နေတတ်ထိုင်တတ် ရမယ်ဆိုတဲ့ ဒီအတွေးအခေါ်တွေ အလေ့အကျင့်တွေရအောင် ဒါတွေကျွန်တော်တို့ လုပ်ပေးသွားမှပဲ၊ ဒီအဖွဲ့အစည်းနှစ်ရပ်က အတူတကွနေထိုင်ကြမှာ ဖြစ်ပါတယ်"လို့ မီဒီယာတွေကို ရှင်းပြသွားပါတယ်။
လူ့အခွင့်အရေးနဲ့ ပတ်သက်လာရင် ကျွန်တော်တို့ ပြည်ထောင်စုသား တိုင်းရင်းသားတွေလည်း သူတို့ထက် ပိုမရပါဘူး။ ကျွန်တော်တို့တောင် ဒီမိုကရေစီနဲ့ လူ့အခွင့်အရေး အပြည့်အ၀ရဖို့ တောင်းဆိုနေရတုန်းပဲ ရှိသေးတယ်။ ဒါတောင် သူတို့အခွင့်အရေးတွေ အများကြီးရခဲ့ပါတယ်။ လွှတ်တော်ထဲမှာ ရိုဟင်ဂျာအမတ်တွေ ရောက်နေတာအားလုံး အသိပါပဲ။ လွတ်လပ်စွာ ကိုးကွယ်ခွင့်ပေးထားတာလည်း မောင်တော တစ်မြို့နယ်ထဲမှာ ဗလီ ၃၀၀ ကျော် ရှိနေပါပြီ။ ကျွန်တော်တို့ ပိုင်တယ်ဆိုတဲ့ ဘူးသီးတောင် မောင်တောမှာ သူတို့ဟာ ၉၇ ရာခိုင်နှုန်းလောက် လွှမ်းမိုးထားပြီဖြစ်လို့ ကျွန်တော်တို့တောင် နေစရာမရှိတော့ လောက်အောင် ဖြစ်နေပါပြီ။ ၁၉၈၂ နိုင်ငံသား ဥပဒေအရ လူ့အခွင့်အရေးကို ကျွန်တော်တို့နဲ့တန်းတူ ခံစားပိုင်ခွင့်ပေးထားပြီး ဖြစ်ပါတယ်။ ကျွန်တော်တို့တောင် လူ့အခွင့်အရေးကို တင်းပြည့် ကျပ်ပြည့် မခံစားရသေးတာ သူတို့လည်း ပိုလိုချင်လို့ ဘယ်ဖြစ်နိုင်ပါမတုန်း။
လူ့အခွင့်အရေး သင်တန်းတွေ များများပေးပါ။ လူ့အခွင့်အရေး စာအုပ်တွေအများကြီး ရိုက်နှိပ်ဖြန့်ဝေ ပညာပေးပါ။ ကမ္ဘာကြီးရဲ့ဒီမိုကရေစီ စံချိန်စံနှုန်းတွေကို သင်ကြားပေးပါ။ ဒီမိုကရေစီနဲ့ လူ့အခွင့်အရေးကို လက်ပံတောင်းက ကြေးနီစီမံကိန်းကြီးမှာ လည်း ဖြန့်ဝေပေးပါ၊ ညွှန်ကြားပေးပါ။ ဒီလိုဆိုရင် ကျွန်တော်တို့ သမ္မတကြီး ကို အစဉ်ထောက်ခံသွားဖို့ ၀န်မလေးပါဘူး။
ရခိုင်အရေးနဲ့ ထပ်တူထပ်မျှ အရေးပါလှသော ကချင်ပြည်နယ်မှာ ဖြစ်ပွားနေတဲ့ တိုက်ပွဲများနဲ့ တစ်ဆက်တည်း တိုင်းရင်းသားအရေး ငြိမ်းချမ်းရေး ဖော်ဆောင်ရေးအတွက် နိုင်ငံတော်သမ္မတကြီးက မူဝါဒသုံးရပ်ချပြီး ဆောင်ရွက်နေကြောင်း ဖြေကြားသွားပါတယ်။
ပထမအဆင့်က ပြည်နယ်အဆင့်၊ ဒုတိယအဆင့်ကတော့ ပြည်ထောင်စုအဆင့်၊ တတိယအဆင့် ကျရင်တော့ လွှတ်တော်ကို ပို့ဆောင်ပေးပြီးတော့မှ လွှတ်တော်ထဲမှာ နိုင်ငံရေးအရ ဆွေးနွေးမှုတွေ အခြေပြုပြီးတော့ ဆက်ဆွေးနွေးမယ် ဆိုတာ ဒီလိုမူဝါဒ သုံးရပ်ချပြီး ဆောင်ရွက်နေတာ ဖြစ်ပါတယ်။
(၂၅-၁၀-၂၀၁၂ထုတ် ဗီးနပ်စ်သတင်းဂျာနယ်)
ယခင်တစ်ကြိမ်ကလည်း ဒီအတိုင်းပဲ ဆွေးနွေးခဲ့ပြီးဖြစ်ပါတယ်။ ကချင် ကေအိုင်အေ/ ကေအိုင်အိုနဲ့က ပထမအဆင့်ပင် မအောင်မြင်သေးပါ။ ကျန်တဲ့ ကရင်၊ မွန်၊ ရှမ်းစတဲ့ လက်နက်ကိုင် တိုင်းရင်းသား ၁၀ ဖွဲ့နဲ့ကလည်း အပစ်အခတ် ရပ်စဲထားရုံမျှ၊ ပြည်ထောင်စု အစိုးရအဆင့်နဲ့ နိုင်ငံရေး ဆွေးနွေးပွဲအဆင့်ထိ ရောက်မလာ နိုင်သေးပါ။ ဒီနေ့ဘယ်လို အနေအထားမှာပဲ ရောက်နေရှိနေသည် ဖြစ်စေ လက်နက်ကိုင်တိုက်ပွဲ ရေရှည်စစ်ဆင်နွှဲလာတဲ့ တိုင်းရင်းသားအဖွဲ့စည်း များကို လွှတ်တော်ထဲ ပို့ဆောင်ဖို့ဆို တာ သူတို့ရဲ့သဘောထားတွေနဲ့ ပြန်ညှိယူရမှာ ဖြစ်ပါတယ်။ SNLD ပါတီရဲ့ရှမ်းအမျိုးသား ခေါင်းဆောင် ဦးခွန်ထွန်းဦးကတော့ 'ငြိမ်းချမ်းရေး ဆွေးနွေးပွဲရဲ့အဖြေကို လွှတ်တော်ထဲမှာ လုံးဝမရနိုင်ကြောင်း' ၂၃ စက်တင်ဘာလ ၂၀၁၂ ဗွီအိုအေနဲ့ တွေ့ဆုံခန်းမှာ အတိအလင်း ပြောကြားသွားခဲ့ပါတယ်။
လက်နက်ကိုင်ထားတဲ့ ညီညွတ်သော တိုင်းရင်းသားများ ဖက်ဒရယ်ကောင်စီ UNFC ကလည်း ငြိမ်းချမ်းရေးလုပ်ငန်းစဉ် ခြောက်ချက်ကို နိုင်ငံတော်အစိုးရသို့ တင်ပြထားပါတယ်။ အဲဒီခြောက်ချက်ထဲမှာ ငြိမ်းချမ်းရေး ဆွေးနွေးပွဲတွေကို
- ဘက်မလိုက်တဲ့ နိုင်ငံတကာ စောင့်ကြည့်အဖွဲ့ပါဝင်ရေး၊
- အချိန်ကာလ သတ်မှတ်ပေးရေး ဆိုတဲ့တင်ပြချက်တွေဟာ ထူးခြားပြီး တော်တော်ညှိနှိုင်း ယူရမယ့် အချက်အလက်တွေ ဖြစ်ပါတယ်။ အချိန်ကာလ သတ်မှတ်ချက်ကတော့ ၀န်ကြီးဦးအောင်မင်းနဲ့ ၀န်ကြီးဦးစိုးသိန်းတို့ ကိုယ်တိုင်လည်း ၂၀၁၅ မ တိုင်မီ အမြန်ဆုံး အကောင်အထည်ဖော်မယ်လို့ ပြောခဲ့ဖူးပါတယ်။
အရေးအကြီးဆုံး အချက်ကတော့ အပစ်အခတ် ရပ်စဲထားတဲ့အဆင့်မှာပင် နိုင်ငံရေးဆွေးနွေးပွဲများ အစ ပျိုးထားဖို့ပါပဲ။ ဒီနေ့ ကေအိုင်ကေနဲ့ အပစ်အခတ် မရပ်နိုင်သေးဘဲ တိုက်ပွဲကြီးငယ်တွေ ဖြစ်နေတာလည်း နိုင်ငံရေးအရ မဆွေးနွေးနိုင်သေးလို့ပါပဲ။ ကေအိုင်အေက ဗိုလ်ချုပ်ဂွမ်မော် အင်တာဗျူးမှာ ပင်လုံက တိက၀တ်တွေ ထောက်ပြခဲ့ပြီး  နိုင်ငံရေးစကားပြော ဖို့ပဲ တောင်းဆိုခဲ့ပါတယ်။ (၁၃-၉-၂၀၁၂ ထုတ် ဗီးနပ်စ်ဂျာနယ်)
နိုင်ငံတော် သမ္မတကြီးကလည်း သမ္မတတာဝန် ထမ်းဆောင်ခြင်း တစ်နှစ်ပြည့်မိန့်ခွန်းမှာ 'ပင်လုံစိတ်ဓာတ် ကိုအခြေခံတဲ့ ယုံကြည်မှုနဲ့ပဲဆောင် ရွက်သွားမှာဖြစ်ပါတယ်'လို့ ထုတ်ဖော် အသိပေးခဲ့ပြီး ဖြစ်ပါတယ်။ ပင်လုံ ကတိက၀တ်နဲ့ ပင်လုံစိတ်ဓာတ်ကို အခြေခံမှသာ ညီညွတ်ရေးလမ်းအတိုင်း ငြိမ်းချမ်းရေးပန်းတိုင်ကို ရောက်နိုင်ပါလိမ့်မယ်။
နိုင်ငံရေးအင်အားစုတွေဟာ သဘောသဘာဝချင်း မတူကြပါဘူး။ ဒေါ်အောင်ဆန်းစုကြည်ကို လွှတ်တော်ထဲ အရောက်ပို့ဆောင်ပြီး လုပ်ဖော်ကိုင်ဖက်ဖြစ်အောင် ဆောင်ရွက်နိုင်ခဲ့သော်လည်း လက်နက်ကိုင်တိုင်းရင်းသား အဖွဲ့အစည်းများအတွက်ကား လွှတ်တော်တက်ဖို့ အခက်အခဲတွေ ရှိနေပါလိမ့်ဦးမယ်။
ပင်လုံသို့မဟုတ် မြစ်ဆုံမှာ၊ သို့မဟုတ် နေပြည်တော်မှာ၊ သို့မဟုတ်  အခြားသော သမိုင်းမော်ကွန်းသစ် ရေးထိုးနိုင်မယ့် တစ်နေရာရာမှာ. . . နိုင်ငံတော် သမ္မတကြီး နဲ့တကွ တပ်မတော်ကာကွယ်ရေး ဦးစီးချုပ်အပါအ၀င် အားလုံးသော တိုင်းရင်းသား ညီအစ်ကိုများ၊ လက်နက်ကိုင်အဖွဲ့ အစည်းများ၊ ဒီမိုကရေစီအင်အားစုများ ချစ်ချစ်ခင်ခင်တွေ့ဆုံညှိနှိုင်း စည်းဝေးပြီး မိဘပြည်သူတွေ လိုချင်နေတဲ့ ငြိမ်းချမ်းရေးကို အရယူပေးနိုင်ပါစေကြောင်း ဆုမွန်ကောင်းတောင်း လိုက်ပါတယ်။

Written by မောင်သွေးချွန် - Eleven Media Group


နောက်ကွယ်မှ ကြိုးကိုင်သူ . . . ဘယ်သူလဲ

Posted: 28 Oct 2012 04:27 AM PDT

Written by ဦးကျော်စိန် (ပညာရေး-ငြိမ်း) Eleven Media Group

844
အောက်တိုဘာလ ၂၄ရက်က ပရိန်ကျေးရွာ မီးလောင်မှုကို တွေ့ရစဉ်
ပြည်ထောင်စု သမ္မတမြန်မာ နိုင်ငံတော်၊ နိုင်ငံတော်သမ္မတရုံး၏ သတင်းထုတ်ပြန်ချက် (၁/၂၀၁၂) အရ "ရခိုင်ပြည်နယ်အတွင်း ပဋိပက္ခဖြစ်ပွားမှု အခြေအနေများနှင့် စပ်လျဉ်း၍ ရခိုင်ပြည်နယ်ပဋိပက္ခ တွင် နောက်ကွယ်မှ ကြိုးကိုင်လှုပ်ရှားနေသော လူပုဂ္ဂိုလ်နှင့်အဖွဲ့အစည်းများလည်း ရှိနေကြောင်း သိရသဖြင့်" ဟု ဖော်ပြပါရှိပါသည်။
ရခိုင်ပြည်နယ်တွင် လက်ရှိဖြစ်ပေါ်နေသော ပဋိပက္ခသည် ရာဇ၀တ်မှုတစ်ခုကို အကြောင်းပြု၍ တစ်စ တစ်စကျယ်ပြန့်လာခြင်း ဖြစ်ကြောင်း၊ အများသိပြီးဖြစ်ကြပါသည်။ ရခိုင် နှင့် မွတ်ဆလင်ပဋိပက္ခဟု ဆိုဆို၊ ဗုဒ္ဓ ဘာသာနှင့် အစ္စလမ်ပဋိပက္ခဟု ပြောပြော အရေးအခင်းကာလအတွင်း သေဆုံး၊ ထိခိုက်ဒဏ်ရာရသူ အရေအတွက်မှာတိုး၍သာ လာနေပါသည်။ အကြမ်းဖက်မှုများ ကြီးလာနေပါသည်။
ဖြစ်စဉ်အစ ရမ်းဗြဲ မုဒိမ်းမှု၊ တောင်ကုတ် အရေးအခင်းအလယ်၊ မောင်တောမြို့နယ်မှ လူသတ်၊ မီးရှို့မှု အဆုံးတွင်ဘူးပေါ်သလိုပေါ်လာသည် က ရိုဟင်ဂျာလူမျိုးဆိုသော အမည်သစ်တစ်ခု ဖြစ်ပါသည်။ ဤရိုဟင်ဂျာ  ဆိုသောလူမျိုးသည် ရခိုင်ပြည်နယ်တွင် ယခုမှအဘယ်ကြောင်းကြောင့် ထင်ပေါ်လို့ လာရပါသနည်း။ ယခုမှ လူမျိုးအသစ်တစ်ခု မွေးဖွားလာခြင်းလော။

ယခု ရခိုင်ပြည်နယ်အရေးသည် မြန်မာတစ်နိုင်ငံလုံးနှင့် ဆိုင်သော လူမျိုးရေး သတ်မှတ်ခြင်းကိစ္စဖြစ်သည်။ နိုင်ငံသား၊ နိုင်ငံခြားသား စသော ကိစ္စတို့သည် အချုပ်အခြာ အာဏာပိုင် နိုင်ငံတစ်နိုင်ငံစီ၏ သီးခြား လွတ်လပ်သော ကိစ္စဟု ဆိုရပါမည်။ ဤကိစ္စကြီးသည် နိုင်ငံတော်အစိုးရမှ ကိုင်တွယ်ဖြေရှင်းမှရမည့် ကိစ္စဟု  . . .

ရခိုင်ပြည်နယ်တွင် ဘင်္ဂါလီလူမျိုး လယ်ကူလီများ အခြေချ နေထိုင်လာကြသည်မှာ သမိုင်းမှတ်တမ်းများအရ အထင်အရှားရှိ၍ ငြင်းမရသော အချက်ဖြစ်ပါသည်။ ဘင်္ဂလားနယ်မှ လယ်ကူလီများသည် အလုပ်အကိုင်၊ အနေအစားချောင်သော ရခိုင်ပြည်နယ်တွင် အခြေချနေထိုင်ခွင့် ရလာသောအခါ အစဉ်အဆက် နေထိုင်လာခဲ့ကြသည်။ မြို့ရွာအနှံ့ ဖြန့်ကြက်ကာ ကျပန်းအလုပ်များဖြင့် ရခိုင်လူမျိုးများအကြား အေးချမ်းစွာ နေထိုင်လာခဲ့ကြသည်။ ဘင်္ဂါလီ ကုလားလူမျိုး အများစုသည် ရိုဟင်ဂျာဆိုသော အမည်ကိုထိုစဉ်က သိဖို့ မဆိုထားဘိ၊ ကြားဖူးမည်ပင်မထင်ပါ။ အတူယှဉ်တွဲ နေထိုင်နေကြပါ လျက် အတူယှဉ်တွဲနေထိုင်နေကြကြောင်း သတိမထားမိကြသော လူမျိုးများဖြစ်ခဲ့ကြသည်ကို မည်သူမှ ငြင်း၍ရမည်မဟုတ်ပါ။
မွတ်ဆလင်ကမ္ဘာ ဖွံ့ဖြိုးလာသည် နှင့်အတူ ရခိုင်ပြည်နယ်မှ ပညာတတ် မွတ်ဆလင် လက်တစ်ဆုပ်စာ လူတစ်စု တို့၏ ကိုယ်ပိုင်လူမျိုး အတွေးအခေါ်တို့ လူးလွန့်လှုပ်ရှား လာခဲ့ကြသည်ကို တွေ့မြင်ကြရပါပြီ။ မွတ်ဆလင် ကမ္ဘာမှ အထောက်အပံ့တို့ဖြင့် စီးပွားဖွံ့ဖြိုးလာသော ဘင်္ဂါလီတို့သည် အာဏာပိုင် အုပ်ချုပ်သူတို့၏ အကူ ညီများစွာတို့ကို ရယူနိုင်လာခဲ့ကြ သည်။ သူတို့လိုအပ်သော အကူအညီတို့ကိုလည်း ဖောဖောသီသီရရှိခဲ့ကြသည်။ စီးပွားရေးပြေလည်မှုများမှသည် ဘာသာရေး၊ လူမှုရေးနယ် ပယ်များသို့တိုင် ထိုးဖောက်နိုင်လာ သည်။ ရခိုင်ပြည်နယ် စစ်တွေမြို့သို့ ဗိုလ်ချုပ်ကြီး (ဟောင်း)ခင်ညွှန့်နှင့် အတူ ဗမာ-မွတ်ဆလင်များလေယာဉ် စင်းလုံးငှား၍ လာရောက်ခဲ့ကြသည်ကိုလည်း စစ်တွေမြို့နေ ရခိုင်ရော မွတ်ဆလင်ပါ မေ့မရနိုင်သေးပါ။
ထို့အတူပင် ရခိုင်လူမျိုးအနေဖြင့်ရော ဘင်္ဂါလီလူမျိုးများအတွက်ပါ အောက်မေ့ဖွယ် ဇာတ်လမ်းများရှိနေ ခဲ့ပါသည်။ ဘင်္ဂါလီလူမျိုးတို့၏ ဗလီကျောင်းတို့သည် ပြည်နယ်အနှံ့ တိုးလာနေသည်။ ခိုင်ခံ့လာနေသည်။  လွတ်လွတ်လပ်လပ် ရှိနေသည်။ ထိုစဉ်က ချင်းပြည်နယ်တွင် ခရစ်ယာန် ကျောင်းများဆောက်ခွင့် ပိတ်ထားပါသည်။ စီးပွားရေးပြည့်ဝလာသော ဘင်္ဂါလီလူမျိုးတို့၏ ထိုးစစ်ကို နိုင်ငံရေးလက်နက် တပ်ဆင်ခွင့်ပြု လိုက်သောအခါတွင် အရာရာသည် ရိုဟင်ဂျာဆိုသော စိတ်ကူးအိပ်မက်ကို အကောင်ထည်ဖော်ရန် အချိန်ကိုက် ဖြစ်နေပါတော့သည်။
ထို့ကြောင့်ပင် ရမ်းဗြဲကိစ္စ၊ တောင်ကုတ်ကိစ္စတို့နှင့် ဆက်စပ်မှု မရှိလှသော မောင်တောမြို့နယ်တွင် လူမျိုးရေးအဓိကရုဏ်း သဏ္ဌာန်၊ ဘာသာရေး အဓိကရုဏ်းပုံစံဖြင့် အကြမ်းဖက်မှု စတင်ခဲ့ကြပါသည်။ (ဘူးသီးတောင်၊ မောင်တောမြို့နယ် များတွင် အရေးအခင်း ဖြစ်ပွားနေစဉ် အတွင်း၊ ရန်ကုန်နှင့် ပြည်ပမှ မွတ်ဆလင်ဗလီဆရာများ အပါအ၀င် ဧည့် သည် ၃၀ ဦးတို့သည် ၎င်းမြို့နယ်များတွင် ရောက်ရှိနေကြပြီး အရေးအခင်းပြီးမှ ပြည်မသို့ ပြန်သွားကြကြောင်း ပြည်တွင်းထုတ်ဂျာနယ် တစ်စောင်တွင် ဖော်ပြပါသည်။)
844a
အောက်တိုဘာလ ၂၄ရက်က သရက်အုပ်ကျေးရွာ မီးလောင်မှုဖြစ်ပွားပြီးနောက် တွေ့ရစဉ်
အရေးအခင်းတွင် ပါဝင်ပတ်သက်ခဲ့၍ အရေးယူခြင်း ခံခဲ့ရသူများသည် မည်သည့်ကိစ္စကို ဦးစားပေး ဆောင်ရွက်ခဲ့ကြပါသနည်း။ လူ့အခွင့်အရေး အတွက်လော၊ ရိုဟင်ဂျာအရေးအတွက်လော။ သို့သော်လည်း အပြစ်ရှိ၍ တရားရုံးမှ အပြစ်ပေးခံထားရသူများသည် လွတ်ငြိမ်းခွင့်ရခဲ့ပါပြီ။ သို့သော် မီးစမှာ ငြိမ်းသွားရမည့်အစား ပို၍ပင် စည်ပင်လာနေပါသည်။ အဘယ်ကြောင့်ပါနည်း။
နိုင်ငံအတွင်း တရားဝင်ဖွဲ့စည်းထားသည့် နိုင်ငံရေးပါတီတစ်ခုမှ ပြောရေးဆိုခွင့်ရှိသူက ရိုဟင်ဂျာ လူမျိုးသည် ရခိုင်ပြည်နယ်တွင် ယခင်ကပင် ရှိနေပြီးကြောင်း၊ ရိုဟင်ဂျာ အသံလွှင့်အစီအစဉ်ပင် ရှိခဲ့ကြောင်း နိုင်ငံခြားအသံတစ်ခုတွင် ပြောနေဆဲပါ။ သမ္မတကြီး၏ ပြောစကားကိုပင် လက်မခံနိုင်သော ထိုပုဂ္ဂိုလ်သည် မည်သို့သော သဘောထားမျိုး ရှိနေပါသနည်း။ ထိုပါတီသည် မည်သို့သော ပါတီမျိုးဖြစ်နိုင်ပါသနည်း။ ရခိုင်ပြည်နယ်တွင် အထက်ပိုင်းစီးပွားရေးသမား မွတ်ဆလင်တို့ စန်းပွင့်နေဆဲဖြစ်သည်။ ပြည်သူ့ကိုယ်စားလှယ် ဖြစ်နေဆဲဖြစ်သည်။ ရိုဟင်ဂျာ အရေး တိုက်ပွဲဝင်နေဆဲဖြစ်သည်။
ရခိုင်တို့အနေဖြင့် ဘင်္ဂါလီမွတ်ဆလင်တို့နှင့် ကာလတာရှည်နေထိုင်ခဲ့ ဖူးကြပြီ။ ရိုဟင်ဂျာလူမျိုးသည် ရခိုင် ပြည်နယ်တွင် ယခင်ကလည်း မရှိခဲ့။ ယခုမှ ရှိသည်ဆိုလျှင်လည်း လက်ခံမည်မဟုတ်။ မြန်မာနိုင်ငံသားတွင် လူမျိုးများအကြားတွင် လက်မခံနိုင် သော (ယင်းအမည်နှင့် လူမျိုးတစ်ခု မရှိခဲ့ဖူးသော)လူမျိုးအကြောင်း ထိုလူမျိုးများ၏ အရေးတို့ကိုဆောင်ရွက် နေသူသည်ပင် ယခုဖြစ်ပျက်နေသော အရေးတို့ကိုလှုံ့ဆော်သူ၊ သွေးထိုးသူများ ဖြစ်ပါသည်။ နောက်ကွယ်မှကြိုးကိုင် ခြယ်လှယ်နေသူများ ဖြစ်ပါသည်။
ပြည်ပရောက် ရိုဟင်ဂျာဆရာကြီးများသည် လည်းကောင်း၊ ပြည် တွင်းမှ အစွန်းရောက် မော်လ၀ီဆရာများနှင့် အခါတော်ပေး စီးပွားရေးသမားများသည် လည်းကောင်း၊ ယခုဖြစ်ပျက်နေသော သေကျေ၊ ဒဏ်ရာရ အိုးအိမ် မဲ့စာရင်းများတွင် ပါဝင်ကြမည် မဟုတ်ပါ။ သူတို့သည် ရူးသွပ်သော အိပ်မက်တစ်ခုကို အသက်ပေါင်းများစွာ စတေးပြီး အကောင်အထည် ပေါ်အောင် ကြိုးစားနေခြင်းသာ ဖြစ်ပါသည်။ သူတို့သည် လူ့အခွင့်အရေး နှင့် ဘာသာရေးကို အကြောင်းပြပြီး ကိုယ်ကျိုးအမြတ် ထုတ်ကြပါမည်။ ယခုလည်းထုတ်နေ၊ ရနေ၊ ခံစားနေကြပါပြီ။
တရားခံဟူသည် တရားခွင်ထဲမှာပင် ရှိနေပါသည်။ ယခုရခိုင်ပြည်နယ် အရေးသည် မြန်မာတစ်နိုင်ငံလုံးနှင့် ဆိုင်နေသော လူမျိုးရေးသတ်မှတ်ခြင်း ကိစ္စဖြစ်သည်။ နိုင်ငံသား၊ နိုင်ငံခြား သားစသော ကိစ္စတို့သည် အချုပ်အခြာ အာဏာပိုင် နိုင်ငံတစ်နိုင်ငံစီ၏ သီးခြားလွတ်လပ်သော ကိစ္စဟုဆိုရပါမည်။ ဤကိစ္စကြီးသည် နိုင်ငံတော် အစိုးရမှ ကိုင်တွယ်ဖြေရှင်းမှရမည့် ကိစ္စဟု ထင်မြင်ပါသည်။ ယခုတည်မြဲနေပြီးဖြစ်သော အမျိုးသား လွှတ်တော်၊ ပြည်သူ့လွှတ်တော်တို့သည် နိုင်ငံသား၊ နိုင်ငံခြားသားဖြစ်မှုကိစ္စ ကို တိတိကျကျ ပြတ်ပြတ်သားသား ကိုင်တွယ်သင့်ပါသည်။ ထိုဥပဒေ ပြတ်သားလျှင် ရိုဟင်ဂျာ အရေးကို ပြတ်သားစွာ ဆုံးဖြတ်လာနိုင်ပါလိမ့်မည်။ ထိုအခါ ရခိုင်ပြည်နယ်အရေး သည် သူ့သဘောသူဆောင်သော အဆင့်သို့ ရောက်သွားပါလိမ့်မည်။
ရခိုင်ပြည်နယ်တွင် ယခင်ကာလရှည်ကြာ အတူနေထိုင်ခဲ့ကြသော လူမျိုးတို့အကြား ယခုလို အမုန်းတရား ပေါများလာစေခဲ့သည့် နောက်ကွယ်မှ တရားခံကိုပါ ဖော်ထုတ်ပြလာနိုင်ခဲ့ပါ မူကား အတူယှဉ်တွဲ နေထိုင်နိုင်ရေးသည်ပင် မဖြစ်နိုင်စရာမရှိပေ။ ယခုကား အပြစ်မဲ့ရန်ငြိုးမဲ့ လူသားတစ်ဦး ကိုတိရစ္ဆာန်တစ်ကောင်ပမာလည်လှီး သတ်ခဲ့ပြီ။ အိုးအိမ်များစွာတို့ ပြာပုံ ဘ၀ရောက်ခဲ့ကြပြီ။ အိမ်မဲ့ယာမဲ့ ဘ၀ရောက်ခဲ့သူများသည် ရိုဟင်ဂျာဆိုတာ ဘာလဲဟုမေးလျှင် ဖြေနိုင်မည့်၊ ဖြေတတ်မည့်သူများ မဟုတ်မှာတော့ သေချာသည်။ သို့သော်လည်း သူတို့မှာပါ ဒဏ်ရာကရှိနေပြီ။ ဤဒဏ်ရာတို့သည် နှစ်ဦးနှစ်ဖက်ရရှိ သွားကြသည့် ဒဏ်ရာများဖြစ်သည်။ ဤဒဏ်ရာဒဏ်ချက်တို့ကို လူ့အခွင့်အရေးဆေး၊ ဘာသာရေး လွတ်လပ်ခွင့်ဆေးများ တိုက်ကျွေးရုံဖြင့် ကောင်း ပျောက်မည်မထင်ပါ။ ရောဂါ၏ အကြောင်းရင်းသည် လူသားမျိုးနွယ် အမည်သစ် ဖန်တီးလိုသည့် စိတ်ဝေဒနာသည် ပညာတတ်လူတစ်စု တို့၏ သွေးထိုး မြှောက်ပင့်မှုများကြောင့်သာ ဖြစ်ရသည်ဟု ယူဆမိပါသည်။

Eleven Media Group


ရခိုင်ပြည်နယ်အတွင်း ဖြန့်ကျက်ချထားသော လုံခြုံရေးတပ်ဖွဲ့ဝင်အင်အား

Posted: 28 Oct 2012 06:56 AM PDT

ရခိုင်ပြည်နယ် အတွင်း ဆူပူ အကြမ်းဖက်မှုများ တစ်ကျော့ပြန် ဖြစ်ပွားလာသည့် အခြေအနေတွင် လုံခြုံရေး တပ်ဖွဲ့ဝင် အင်အား မလုံ လောက်မှုကို အဓိက ထောက်ပြ ဝေဖန် ပြောကြားလျက် ရှိပါသည်။ လတ်တလော အရေးတကြီး လိုအပ်ချက် ဖြစ်သော "စိုးမိုး-တည်ငြိမ်" ဟု အတို ကောက်ခေါ်တွင်လျက် ရှိသည့် တရားဥပဒေစိုးမိုးရေးနှင့် တည်ငြိမ် အေးချမ်းရေးကို အမြန်ဆုံး ရရှိအောင်---

သတင်း အပြည့်အစုံ ဖတ်ရန် ဒီနေရာကို နှိပ်ပါ



အောက်တိုဘာလ (၂၉)ရက်နေ့ ထုတ် လျှပ်တစ်ပြက် သတင်းဂျာနယ် အတွဲ (၄)၊ အမှတ် (၃)

Posted: 28 Oct 2012 01:25 AM PDT

အောက်တိုဘာလ (၂၉)ရက်နေ့ ထုတ် လျှပ်တစ်ပြက် သတင်းဂျာနယ် အတွဲ (၄)၊ အမှတ် (၃)

ဂျာနယ် ဖတ်ရန် ဒီနေရာကို နှိပ်ပါ





အောက်တိုဘာလ (၂၄)ရက်နေ့ ထုတ် Mobile Guide ဂျာနယ် Vol, Issue. 75

Posted: 28 Oct 2012 01:19 AM PDT

အောက်တိုဘာလ (၂၄)ရက်နေ့ ထုတ် Mobile Guide ဂျာနယ် Vol, Issue. 75

ဂျာနယ် ဖတ်ရန် ဒီနေရာကို နှိပ်ပါ




တရုတ် သံရုံး ၏ မြန်မာ နိုင်ငံ တွင်း ခြေရှုပ် မှု များ-- အပိုင်း (၂)

Posted: 27 Oct 2012 12:05 PM PDT

အမေရိကန် ဒေါ်လာ ၂.၇ ဘီလျှံ ကျော် ချမ်းသာ ကြွယ် ၀သည့် တရုတ် ၀န်ကြီး ချုပ် ၀မ်ကျားပေါင် ၏ ဇနီး ဖြစ်သူ ကျန် ပိုင် လီ သည် ရန်ကုန် မြို့  ရှိ တရုတ် သံရုံး ၊ မန္တလေး မြို့  ရှိ တရုတ် ကောင်စစ်ဝန် ရုံး တို့  မှ တစ်ဆင့် ကချင် ပြည်နယ် မှ ထွက် ရှိ သော ကျောက်စိမ်း များ ကို သံတမန် ကင်းလွတ်ခွင့် အပါအ၀င် နည်း မျိုးစုံ ဖြင့် ၀ယ်ယူ၍ နယူးယောက် ၊ ပါရီရှိ ကျောက် စိမ်း နှင့် လက်ဝတ် လက်စား ဈေးကွက် သို့  ပြန် လည် ရောင်းချသည်။

ကျန်ပိုင်လီ သည် ပီကင်း ကျောက်စိမ်း နှင့် လက်ဝတ်ရတနာ ကုမ္ပဏီ ၏ ဥက္ကဌ ၊ အမှုဆောင်အရာ ရှိ ချုပ် လည်း ဖြစ်ပြီး တရုတ် ကျောက်မျက် ရတနာ အသင်း ၏ ဒုဥက္ကဌ လည်း ဖြစ်သည်။ ကျန် သည် ဘူမိဗေဒ ပညာရှင် တစ်ယောက် ဖြစ်သည်။ ကျောက်စိမ်း နှင့် စိန် ကို အထူး ကျွမ်းကျင်သည်။

Myanmar wikileaks


တရုတ် သံရုံး ၏ မြန်မာ နိုင်ငံ တွင်း ခြေရှုပ်မှု များ -- အပိုင်း (၁)

Posted: 27 Oct 2012 12:02 PM PDT

မြန်မာ နိုင်ငံ ရှိ တရုတ် သံရုံး သည် ၂၀၁၁ ခုနှစ် အောက်တိုဘာလ မှ စပြီး သတင်းပေး အမြောက်အမြား မွေးမြု လျှက် ရှိ ရာ မြန်မာ စစ်တပ် တွင်း မှ ထိပ်တန်း အရာ ရှိ များ ၊ ဌာန ဆိုင်ရာ ၀န်ထမ်းများ ၊ ဖျော်ဖြေရေး နယ်ပယ်မှ ပုဂ္ဂိုလ်များ ၊ သတင်း နှင့် စာနယ် ဇင်း လုပ်ငန်း တွင် တာဝန် ထမ်းဆောင်နေ သူများ ၊ ဆိုက်ကား သမား နှင့် KTV ဆိုင် ပိုင်ရှိ ထိ ပါရှိ သည်။ ---

အပြည့်အစုံ ဖတ်ရန် ဒီနေရာကို နှိပ်ပါ



Sandy မုန်တိုင်း ဟာရီကိန်းအဖြစ် ပြန်အားကောင်း

Posted: 27 Oct 2012 12:12 PM PDT

စန္ဒီ (Sandy) ဟာရီကိန်း မုန်တိုင်းကို အပူပိုင်း မုန်တိုင်းအဖြစ် အဆင့်လျှော့ချ ခဲ့ပြီးတဲ့နောက် မကြာခင်မှာပဲ အန္တလန္တိတ် သမုဒ္ဒရာ ဘက်ခြမ်း အမေရိကန် ပြည်ထောင်စု အရှေ့ဘက် ကမ်းခြေတကြောမှာ စနေနေ့ ဒီကနေ့မှာတော့ ဟာရီကိန်း မုန်တိုင်းအဖြစ် ပြန်လည် အသွင် ကူးပြောင်းသွားပါပြီ။ မုန်တိုင်းဟာ ဗဟိုချက်ကနေ မိုင် ၁၀၀ အ၀န်းအ၀ိုင်း အထိ ကျယ်ပြန့်ပြီး ကြီးမားတဲ့ ဆိုင်ကလုန်း မုန်တိုင်းအသွင် ပြောင်းနေတယ်လို့ ---

သတင်း အပြည့်အစုံ ဖတ်ရန် ဒီနေရာကို နှိပ်ပါ

စန္ဒီ မုန်တိုင်း ရိုက်ခတ်နိုင်ဖွယ်ရှိတဲ့ လမ်းကြောင်းပြမြေပုံ။ (အောက်တိုဘာလ ၂၆ ရက်၊ ၂၀၁၂)။


ရခိုင်ပဋိပက္ခ ဒုက္ခသည်များ အကူအညီတွေ အရေးပေါ် လိုအပ်

Posted: 27 Oct 2012 11:36 AM PDT

စစ်တွေမြို့ အောင်မင်္ဂလာအရပ်မှာ စုဝေးနေကြတဲ့ မူစလင်တချို့။ (အောက်တိုဘာလ ၂၇ ရက်၊ ၂၀၁၂)။
ရခိုင် ပြည်နယ်တွင်း တကျော့ပြန် လူမျိုးစု ပဋိပက္ခ တွေကြောင့် သီတင်း တပတ်အတွင်း လူ ၆၀ ကျော် သေဆုံးခဲ့ရပြီး အိုးအိမ်ထောင်ချီ မီးရှို့ ဖျက်ဆီး ခံခဲ့ရပါတယ်။ အခုရက်ပိုင်း မှာတော့ ရခိုင် ပြည်နယ်တွင်း အချို့နေရာတွေမှာ အခြေအနေ တွေဟာ အနည်းငယ် အေးချမ်း၊ တည်ငြိမ် သွားပြီဖြစ်ပေမဲ့ ထောင်ချီတဲ့ ဒုက္ခသည်တွေ အတွက် ရိက္ခာနဲ့ ဆေးဝါးပစ္စည်းတွေ အရေးတကြီး လိုအပ်နေပါတယ်။ နောက်ဆုံးရ ရခိုင်ပြည်နယ် သတင်းတွေကို မဆုမွန်က စုစည်း တင်ပြပေးထားပါတယ်။

အခုလက်ရှိ အခြေအနေမှာတော့ ရခိုင်ပြည်နယ် တချို့နေရာတွေမှာ တည်ငြိမ်အေးချမ်းမှု ရှိနေပြီဖြစ်တယ်လို့ သိရပါတယ်။ ဒီတခေါက် တကျော့ပြန်ဖြစ်ပွားခဲ့တဲ့ အကြမ်းဖက်ပဋိပက္ခတွေကြောင့် အိမ်ခြေ ၂,၃၀၀ ကျော် မီးရှို့ဖျက်ဆီးခံရပြီး အိုးအိမ်စွန့်ခွာ ထွက်ပြေးနေရတဲ့ ဒုက္ခရောက်နေသူပေါင်း ၄,၀၀၀ ဝန်းကျင်လောက် ရှိတယ်လို့ ပြည်နယ်အစိုးရရဲ့ စာရင်းထုတ်ပြန်ထားပါတယ်။ ဒီလို ထောင်နဲ့ချီတဲ့ ဒုက္ခသည်တွေအတွက် အရေးပေါ် စားနပ်ရိက္ခာတွေ လိုအပ်နေသလို အဓိကအနေနဲ့ ဒုက္ခသည်တွေအတွက် ဆေးဝါးနဲ့ လူသားချင်းစာနာမှု အထောက်အကူတွေ လိုအပ်နေတယ်လို့ ရန်ကုန်တိုင်း ဒေသကြီးရဲ့ ရခိုင်တိုင်းရင်းသားရေးရာ ၀န်ကြီး ဦးဇော်အေးမောင်က ပြောပါတယ်။

"အဓိက လိုအပ်နေတာ ဆေးဝါးရယ်၊ စားစရာ ရယ်။ အဲဒါပါပဲ။ နောက်ပြီးတော့ အဲဒီမှာ ဒီကနေ့ဖြစ်လာတာဟာ ကြာရှည်လာတဲ့အတွက် ရခိုင်ပြည်နယ်မှာ လိုအပ်တဲ့ စားနပ်ရိက္ခာ အားလုံးက ဒီက အလှူအဖွဲ့တွေက တတ်နိုင်သလောက် ပို့ပေးနေပါတယ်ခင်ဗျာ။ အားလုံးကိုတော့ မျှမျှတတ ကူညီဆောင်ရွက် ပေးနေပါတယ်။ ဘာမှခွဲခြားမှု မရှိပါဘူး။ ကျနော်တို့ အားလုံးကို မျှမျှတတ ကူညီပေးနေပါတယ်။"

အခုလက်ရှိ အခြေအနေမှာ ဒုက္ခသည်တွေအတွက် နေရေးထိုင်ရေးနဲ့ စားသောက်ရေးအတွက် အခက်အခဲ ဖြစ်နေကြတယ်လို့ နေအိမ်တွေ မီးရှို့ဖျက်ဆီးခံရလို့ ထွက်ပြေးနေရတဲ့ မင်းပြား ဒေသခံ တဦးက ဗွီအိုအေကို ပြောပါတယ်။

"ကျနော်တို့က အကူအညီကတော့ အကုန်လုံး လိုပါတယ်။ ကျနော်တို့ အ၀တ်အစားတွေ လိုတယ်။ စားစရာတွေ လိုတယ်။ ဆန်မရှိဘူး။ ဆေးဝါး မရှိဘူး။ ဆေးဝါးကုသမှု ဘာမှမရပါ။ အခု ကျနော်တို့ ကျန်ရှိနေတဲ့ ၁,၄၀၀ ကျော် လူတွေလည်း ဘာမှ စားစရာလည်း မရှိ။ အကူအညီလည်း မရသေးပါ။ လိုတာက အကုန်လုံးပဲ။ အ၀တ်အစားလည်း မရှိပါဘူး။ အိုးတွေ ခွက်တွေလည်း မရှိပါ။ ကျနော်တို့ ဘာမှ မယူလာနိုင်ခဲ့ပါ။ အကုန်လုံး အဲဒီမှာ ကျန်ခဲ့တယ်။ အဲဒါကြောင့် ကျနော်တို့ ဒုက္ခတွေ ခံနေရတယ်။ ဘယ်နေရာကမှ လာပြီးတော့ ကျနော်တို့ကို မေးတာလည်း မရှိ၊ အဲဒါကြောင့် ကျနော်တို့ တင်ပြတာပါ။"

အခုလက်ရှိမှာတော့ အကြမ်းဖက် တိုက်ခိုက်မှုတွေ ဖြစ်ပွားခဲ့တဲ့ မင်းပြားမြို့နယ်၊ ကျောက်ဖြူမြို့နယ် က ဒုက္ခသည် တော်တော်များများဟာ စက်လှေတွေနဲ့ ထွက်ပြေး တိမ်းရှောင်ပြီး ဘေးကင်းရာကို သွားရောက်နေကြပေမဲ့ လောလောဆယ် အနေအထားအရ သက်ဆိုင်ရာ အာဏာပိုင်တွေဘက်က သူတို့ကို ကူညီကယ်ဆယ် ဆောင်ရွက်ပေးဖို့ အရေးတကြီး လိုအပ်နေတယ်လို့ ဘူးသီးတောင်မြို့နယ် ကိုယ်စားပြု ကြံ့ခိုင်ရေးနဲ့ဖွံ့ဖြိုးရေးပါတီ လွှတ်တော်အမတ် ဦးရွှေမောင်းက ပြောပါတယ်။

"ကျောက်ဖြူနဲ့ ပေါက်တောဘက်ကို ရောက်နေတဲ့၊ စက်လှေတွေနဲ့ မော်တော်တွေနဲ့ လာနေတယ်။ အဲဒီနောက်အပြင် စစ်တွေ တဘက်မှာဆိုရင် အစီး ၄၀ လောက်ရှိတယ်။ မေတ္တာ ရပ်ခံချင်တာကတော့ သက်ဆိုင်ရာ နိုင်ငံတော် အစိုးရကိုရော၊ သက်ဆိုင်ရာ ပြည်နယ် အစိုးရကိုရော၊ လတ်တလော ပြဿနာတွေကြောင့် ဒုက္ခရောက်ပြီးတော့ စစ်တွေမြို့မှာ ရောက်လာတဲ့သူတွေကို ပထမဆုံး ဦးစားပေးအနေနဲ့ သူတို့ကို ကမ်းပေါ် တက်ခွင့်ပေးပြီးတော့မှ သူတို့ကို ဆေးကုတာတို့၊ နာမကျန်း ဖြစ်နေတဲ့သူကို ဆေးကုတာတို့၊ သေလုမြောပါး ဖြစ်နေတဲ့သူတွေကို အသက်ရှင်နိုင်အောင် လုပ်ပေးတာတို့၊ စားနပ်ရိက္ခာတွေ သူတို့ကို အလုံအလောက် ပေးပြီး စစ်တွေမြို့နားမှာပဲ ကျနော်တို့က၊ အရင်တုန်းကလည်း ကယ်ဆယ်ရေး စခန်းတွေရှိတော့ အဲဒီမှာပဲ နေရာ ယာယီ ချထားပေးပြီးတော့၊ သူတို့ရဲ့ မူလနေရာဖြစ်တဲ့ ပေါက်တော မြို့နယ်တို့၊ အဲဒီမှာပဲ နေရာချထားပြီးတော့ သူတို့ကို စားနပ်ရိက္ခာ ပေးပြီးတော့မှ အရင်ဆုံး စစ်တွေမြို့မှာ ယာယီ နေရာချထားပေးဖို့ ကျနော်တို့က မေတ္တာရပ်ခံချင်တယ်။"

အကြမ်းဖက် တိုက်ခိုက်မှုတွေအတွင်း အပြင်းအထန် ဒဏ်ရာရရှိသူ စုစုပေါင်း ၇၀ ကျော်ရှိနေပြီး စစ်တွေဆေးရုံမှာ လူနာတွေအတွက်လည်း အရေးပေါ်ဆေးဝါးတွေ လိုအပ်နေတယ်လို့ သိရပါတယ်။ ပဋိပက္ခတွေအတွင်း မီးလောင်ဒဏ်ရာ အပါအဝင် ဓားဒဏ်ရာ၊ မြှားဒဏ်ရာနဲ့ ကျည်ထိထားတဲ့ ပြင်းထန်သူတွေကို အမြန်ဆုံး ဆေးဝါးကုသခံဖို့ လိုအပ်နေသူတွေကို ရန်ကုန် ဆေးရုံကြီးကိုပို့ပြီး ဒေသခံ တာဝန်ရှိသူတွေနဲ့ ပူးပေါင်း ဆောင်ရွက်နေတယ်လို့လည်း ရခိုင်တိုင်းရင်းသားရေးရာ ၀န်ကြီး ဦးဇော်အေးမောင်က ဗွီအိုအေ ကို ပြောပါတယ်။

"ဒီနေ့ နေ့လယ် ၁၁ နာရီမှာ ကျောက်တော်မြို့မှာ သေနတ်ဒဏ်ရာ ရတဲ့လူနာ တယောက် ရောက်လာလို့ ကျနော်တို့ ရန်ကုန်ဆေးရုံကြီးမှာ တင်ပြီးတော့ ဆေးကုသနေပါတယ်။"
အခု အဓိကရုဏ်းတွေ အဓိက ဖြစ်ပွားရာ နေရာတွေဖြစ်တဲ့ ရခိုင်ပြည်နယ် မင်းပြား၊ မြောက်ဦး၊ မြေပုံ၊ ကျောက်ဖြူ၊ ကျောက်တော်၊ ရသေ့တောင် မြို့နယ် အပါအ၀င်  ရခိုင်ပြည်နယ်တွင်းက မြို့နယ် ၆ မြို့နယ်မှာ အရေးပေါ် ဒုက္ခသည်စခန်းတွေ ယာယီ ဖွင့်လှစ်ပေးထားပြီး သက်ဆိုင်ရာ ဒေသခံအာဏာပိုင် တာဝန်ရှိသူတွေနဲ့ လူမှု အဖွဲ့အစည်းတွေ ပူးပေါင်းပြီး ဒုက္ခသည်တွေ ဆီကို အလှူပစ္စည်းတွေ အမြန်ဆုံး ရောက်အောင် ပို့ဆောင်ပေးနေပါတယ်လို့ ပြည်နယ်အစိုးရက သတင်းထုတ်ပြန်ထားပါတယ်။  

ဒီတခေါက်ဖြစ်ပွားခဲ့တဲ့ အကြမ်းဖက် တိုက်ခိုက်မှုတွေဟာ ပြီးခဲ့တဲ့ အောက်တိုဘာလ ၂၁ ရက်နေ့ ညပိုင်းကနေ စတင်ဖြစ်ပွားခဲ့ပြီး အောက်တိုဘာ ၂၅ ရက်အထိ ရတဲ့စာရင်းအရ သေဆုံးသူ ဦးရေမှာ  စုစုပေါင်း ၆၄ ဦး (ကျား ၃၃ ဦး၊ မ ၃၁ ဦး) ရှိပြီး လို့ ရခိုင်ပြည်နယ် အစိုးရအဖွဲ့ သတင်းထုတ်ပြန်ရေးနှင့် မှတ်တမ်းပြုစုရေး ဆပ်ကော်မတီ အတွင်းရေးမှူး ဦးဝင်းမြိုင်က ဗွီအိုအေ မြန်မာပိုင်းကို ပြောပါတယ်။

 မဆုမွန် (ဗွီအိုအေ မြန်မာပိုင်း)


လက်ပန်းတောင်းတောင် ကြေးနီစီမံကိန်း တိုက်ပွဲပြင်းထန်နေဆဲ

Posted: 27 Oct 2012 12:17 PM PDT

စစ်ကိုင်းတိုင်း၊ မုံရွာခရိုင်၊ လက်ပန်းတောင်း တောင် ကြေးနီ စီမံကိန်း အနီးအနားက လယ်မြေတွေမှာ တရုတ် နိုင်ငံသားပိုင် မြန်မာ ၀မ်ပေါင် ကုမ္ပဏီဖက်က အဆောက် အဦးတွေ နေ့ ည ဆက်လက် ဆောက်လုပ် နေတာကို ရပ်ဆိုင်းပေးဖို့ အောက်တိုဘာလ ၂၇ ရက် မနက်ပိုင်းက ဒေသခံ (၅၀၀) နီးပါးဟာ အဲဒီ အဆောက် အဦးတွေ ဆောက်လုပ်နေ တဲ့နေရာကို သွားရောက် တားမြစ်ခဲ့ကြပါတယ်။ ---

သတင်း အပြည့်အစုံ  ဖတ်ရန် ဒီနေရာကို နှိပ်ပါ

လက်ပံတောင်းတောင် ကြေးနီစီမံကိန်း ရပ်ဆိုင်းရန်နှင့် ဖမ်းဆီးထားသူများ ပြန်လည်လွှတ်ပေးရန် ဒေသခံ ပြည်သူများ တောင်းဆို ဆန္ဒပြနေကြစဉ်။ RFA


ရခိုင်မှာ ရပ်ကွက်လုံးကျွတ်တွေ မီးလောင်ခဲ့

Posted: 27 Oct 2012 12:23 PM PDT

ဂြိုဟ်တုက ရိုက်ယူထားတဲ့ ကျောက်ဖြူက မီးလောင်ပြင် ရပ်ကွက်ပုံ
ကျောက်ဖြူ မြို့နယ် အတွင်း အိမ်တွေ အများအပြား မီးလောင် နေစဉ် ဂြိုဟ်တု ကနေ ရိုက်ထားတဲ့ ဓာတ်ပုံတွေ ကို Human Right Watch လူ့အခွင့်အရေး စောင့်ကြည့်လေ့လာ ရေးအဖွဲ့ က ထုတ်ပြန်ခဲ့ပါတယ်။ ကျောက်ဖြူမြို့ရဲ့ အရှေ့ဘက် ကမ်းရိုးတန်းမှာ ရှိတဲ့ အိမ် နေရာလို နေရာ ၈၁၁ ခု မှာ မီးလောင်ပြာကျခဲ့တဲ့ နေရာတွေကို ဂြိုဟ်တုကနေ မြင်ရတဲ့ ဓာတ်ပုံတွေ ဖြစ်ပါတယ်။ ---

သတင်း အပြည့်အစုံ ဖတ်ရန် ဒီနေရာကို နှိပ်ပါ


အောက်တိုဘာ ၂၇ ရက်က တွေ့ရတဲ့ ပေါက်တာမြို့ မီးလောင်ပြင်တစ်ခု


ရခိုင်ပြည်နယ် ပဋိပက္ခတွေ အတွင်း လူ ၈၂ ဦးသေဆုံး

Posted: 27 Oct 2012 12:27 PM PDT

ရခိုင်ပြည်နယ်မှာ ပြီးခဲ့တဲ့ တနင်္ဂနွေ နေ့က စလို့ ရခိုင် တိုင်းရင်းသားတွေနဲ့ မွတ်စလင်တွေ အကြား တကျော့ ပြန်ဖြစ် လာတဲ့ အကြမ်းဖက် မီးရှို့ တိုက်ခိုက်မှုတွေ အတွင်း သေဆုံးသူ ၈၂ ယောက် ရှိပြီး၊ ဒဏ်ရာ ရရှိသူ ၁၂၉ ယောက် ရှိခဲ့တယ်လို့ မြန်မာ အစိုးရ ရုပ်သံ ကနေ ကြေညာ သွားပါတယ်။ အိမ်ခြေ ၂၉၅၀ လည်း မီးလောင် ပျက်ဆီး သွား ခဲ့တယ်လို့ ရုပ်သံက ဆိုပါတယ်။ ---

သတင်း အပြည့်အစုံ ဖတ်ရန် ဒီနေရာကို နှိပ်ပါ



ရခိုင်မှာ လုံခြုံရေး တိုးမြှင့် ဆောင်ရွက် နေတယ် လို့ သမ္မတရုံး ညွှန်ကြားရေးမှူး ဦးဇော်ဌေး ပြော


ရခိုင်ပြည်နယ် ပဋိပက္ခ INGO နှင့် OIC တို့ နောက်ကွယ်မှ ကြိုးကိုင်ဟု ဆို

Posted: 27 Oct 2012 08:06 AM PDT

ရခိုင်ပြည်နယ်တွင် တကျော့ ပြန်လည် ဖြစ်ပွါးလာသော ပဋိပက္ခ များတွင် မြန်မာနိုင်ငံ အခြေစိုက် ပြည်ပ အဖွဲ့ အစည်း များ (INGO) နှင့် OIC (Organization of The Islamic Cooperation) တို့ နောက်ကွယ် မှ ကြိုးကိုင် လုပ်ဆောင် မှု များ ရှိနေကြောင်း ရခိုင် ဒီမိုကရေစီ အဖွဲ့ချုပ် (ALD) မှ အတွင်းရေးမှူး ဦးမျိုးကျော် က ပြောကြား သည်။ ---

သတင်း အပြည့်အစုံ ဖတ်ရန် ဒီနေရာကို နှိပ်ပါ

photo by - sein down


You are subscribed to email updates from Thit Htoo Lwin
To stop receiving these emails, you may unsubscribe now.
Email delivery powered by Google
Google Inc., 20 West Kinzie, Chicago IL USA 60610

--
မှော်ဆရာအဖွဲ့ မှ နေ့ စဉ်မေးလ်များ ရယူလိုပါက http://groups.google.com/group/mrsorcerer/subscribe?hl=en ကို နှိပ်ပြီး မန်ဘာဝင်နိုင်ပါသည် ။
မန်ဘာဝင်များ မိမိတို.သိထားသည်များကို မျှဝေလိုပါက mrsorcerer@googlegroups.com သို. မေးလ်ပို.နိုင်ပါသည် ။
မှော်ဆရာအဖွဲ့ မှ နှုတ်ထွက်လိုလျှင် mrsorcerer+unsubscribe@googlegroups.com ကိုနှိပ်ပြီး မေးလ်ပို.ပါ ။
စာလက်ခံလိုသည့်ပုံစံ ပြင်လိုလျှင် http://groups.google.com/group/mrsorcerer?hl=en ကို သွားပါ ။
မှော်ဆရာ အဖွဲ့ ၏ စည်းကမ်းများကို သိလိုလျှင် http://groups.google.com/group/mrsorcerer/browse_thread/thread/af2f4a1d44d4d909?hl=en တွင် ဖတ်ရှုနိုင်ပါသည် ။
 
Facebook (FB) မှော်ဆရာအဖွဲ့သို့ Mail ပို့လိုလျှင် mrsorcerer2@groups.facebook.com
FB မှော်ဆရာအဖွဲ့သို့ ၀င်ရန် http://www.facebook.com/home.php?sk=group_173571176006981&ap=1
 
မှော်ဆရာ အဖွဲ့ နှင့်ပက်သက်၍ ဝေဖန်အကြံပြုလိုပါက >>>
ဦးဦး မှော်ဆရာ ( mrsorcerer9@gmail.com, mrsorcerer27@gmail.com ) ထံသို.
ပေးပို.နိုင်ပါသည် ။
 
ခင်မင်စွာဖြင့်
ဦးဦး မှော်ဆရာ