မြ၀တီမြို့က ယာဉ်စည်းကမ်း
မဲဆောက်သားလေး
အောက်တိုဘာ ၂၆၊ ၂၀၁၂
ကျနော်တို့ မြ၀တီမြို့က ယာဉ်စည်းကမ်း၊ လမ်းစည်းကမ်းလိုက်နာဖို့အတွက် အများကြီးလိုပါသေးတယ်။ ဒီမိုကရေစီဆိုတာကို မဲဆောက် သားလေးတို့ နားလည်တာကတော့ လွတ်လပ်တယ်ဆိုပေမယ့် သူတပါးကိုတော့ မထိခိုက်ရဘူးလို့ သိထားတာပါ။ အခုတော့ မြ၀တိမှာ ကားတန်းအဆင်းနေ့ဆိုရင် မနက်ပိုင်း ဧရာဝတီဘဏ်နဲ့ ကမ္ဘောဇဘဏ်ရှေ့မှာ ကား (၃) ထပ်လောက်နဲ့ ဟိုက၀င် ဒီကထွက်နဲ့၊ ဒီကြားထဲ ဆိုင်ကယ်တွေကလည်း သူ့ထက်ငါ အပြိုင်ချဲနေကြလေတော့ မြင်ဖူး ကြုံဖူးမှသိမှာပါ။
တော်ရုံကားမောင်းတတ်ရုံလောက်နဲ့ ဒီနေရာကိုလာတိုးဖို့ မစဉ်းစားနဲ့။ မလွယ်ဘူး။ ၁၂ ဘီးကားကြီးတွေကလည်း ဒီ (၃) ထပ်ရပ်ထားတဲ့ကြား ထဲကနေ သွားလာနေကြတာပါပဲ။ ဒီလို ယာဉ်တွေ စည်းမဲ့ကမ်းမဲ့ ယာဉ်တွေရပ်နားနေတာကို တာဝန်ရှိတဲ့ ယာဉ်ထိန်းတွေကလည်း အရေး ယူဆောင်ရွက်ဖို့နေနေသာသာ တွေ့တောင် မတွေ့ရဘူးခင်ဗျ။ (အိပ်ယာက မနိုးသေးဘူးထင်ပါတယ်)
ယခုကဲ့သို့ မြ၀တီမြို့ရဲ့ ယာဉ်စည်းကမ်းအခြေအနေကို တာဝန်ရှိသူတွေအနေနဲ့ အမြန်ဆုံး စည်းစနစ်ကျအောင် အရေးယူ ဆောင်ရွက်ပေး နိုင်အောင် တင်ပြပေးလိုက်ပါတယ်။