Re: [MM Daily Mail:3539] ကွမ်းယာဆိုင်များတွင် ရောင်းချဆဲ ကင်ဆာဖြစ်နိုင်သည့် အိန္ဒိယကွမ်းယာထုပ်များ

2012/9/22 Human Truth <barnay.87@googlemail.com>:
> ကွမ်းယာဆိုင်များတွင် ရောင်းချဆဲ ကင်ဆာဖြစ်နိုင်သည့် အိန္ဒိယကွမ်းယာထုပ်များ
> Browse › Home › ကျန်းမာရေး » ကွမ်းယာဆိုင်များတွင် ရောင်းချဆဲ
> ကင်ဆာဖြစ်နိုင်သည့် အိန္ဒိယကွမ်းယာထုပ်များ
>
> အိန္ဒိယနိုင်ငံမှတင်သွင်းလာသော ကွမ်းယာအထုပ်ငယ်များအား
> မြန်မာနိုင်ငံအနှံရှိ ကွမ်းယာဆိုင်အများ အပြားတွင်
> ရောင်းချမှုများရှိနေဆဲဖြစ်သဖြင့် ပြည်သူများ၏ကျန်းမာရေးအတွက်
> စီစစ်တားမြစ်မှု များပြုလုပ်သင့်ကြောင်း ပြည်သူများထံက သိရှိရသည်။
>
> ထိုအိန္ဒိယကွမ်းယာအခြောက်ထုပ်များမှာ ထိုနိုင်ငံတွင်ပင်
> ကင်ဆာရောဂါဖြစ်နိုင်သည့် ရာခိုင်နှုန်း တိုးပွားစေသည့်အတွက်
> ပိတ်ပင်ခံထားရသည့် ကွမ်းထုပ်များဖြစ်သည်။
>
> အဆိုပါကွမ်းယာထုပ်များအား ဓာတ်ခွဲစမ်းသပ်စစ်ဆေးချက်များအရ ဖြစ်နိုင်သည့်
> ကင်ဆာရောဂါများမှာ များပြားလွန်းသည့် အတွက် ရောင်းချမှုအား
> ပိတ်ပင်တားမြစ်သင့်ကြောင်း ရန်ကုန်အထွေထွေ ရောဂါကုဆေးရုံကြီးမှ
> ပါမောက္ခဆရာဝန်ကြီးတစ်ဦးက အကြံပြုပြောဆိုသည်။
>
> " ဓာတ်ခွဲစမ်းသပ်ချက်ကို လေ့လာကြည့်တာဖြစ်နိုင်တဲ့ ကင်ဆာရောဂါတွေက
> အများကြီးပဲ၊ လည် ချောင်း၊ ပါး၊ ခံတွင်းနဲ့
> အူလမ်းကြောင်းတစ်လျှောက်ဖြစ်နိုင်တဲ့ ရောဂါတွေ အများကြီးပဲလေ၊ မြန်မာ
> နိုင်ငံမှာလည်း နယ်စပ်တွေမှာ ဒါတွေတင်သွင်းတာတွေကို ပိတ်သင့်ပြီ၊
> သူတို့နိုင်ငံမှာ မစားတော့ဘူး ဆိုတာနဲ့ ဈေးပေါပေါနဲ့ အများကြီး
> မှောင်ခိုကနေ ၀င်လာနိုင်တယ်လေ၊ အခုဆို ရန်ကုန်မှာ ဆိုင်တိုင်း လိုလို
> အဲ့ဒီဆေးတွေ တွေ့လာရပြီလေ၊ လူတွေလည်း ကောင်းကောင်းစားတတ်နေပြီ " ဟု
> ရန်ကုန် အထွေထွေရောဂါ ကုဆေးရုံကြီးမှ ပါမောက္ခ ဆရာဝန်ကြီးတစ်ဦးမှ
> ပြောသည်။
>
> အိန္ဒိယတွင် ကင်ဆာဖြစ်ပွားသူများတွင် ၃၀ ရာခိုင်နှုန်းမှာ
> ဆေးရွက်ကြီးပါဝင်သော ကွမ်းစားဆေးများ ကို စားသုံးခြင်းကြောင့်
> ဖြစ်သည်ဟု သိရှိရသည့်အတွက် အိန္ဒိယကျန်းမာရေးဝန်ကြီးဌာနမှ အစိုးရ
> သို့တင်ပြကာ ၂၀၁၂ခုနှစ် သြဂုတ်လ(၂၂)ရက်က စတင် ပိတ်ပင်တားဆီးခဲ့သည်။
>
> ကွမ်းစားဆေးများ အဓိကထုတ်လုပ်နေသည့် အိန္ဒိယနိုင်ငံတွင် အစိုးရမှ
> ပိတ်ပင်တားဆီးထား သော်လည်း မြန်မာနိုင်ငံသို့ တမူးနယ်စပ်
> ကုန်သွယ်ရေးဂိတ်မှ အများဆုံးဝင်ရောက်နေခြင်းဖြစ်ကြောင်း ကြောင်း
> ဈေးကွက်အတွင်းက သိရှိရသည်။
>
> အိန္ဒိယနိုင်ငံတွင် ကွမ်းဆေး ထုတ်လုပ်ရောင်းချမှုအား
> ပိတ်ပင်ခဲ့ခြင်းကြောင့် တိုင်းပြည်ဝင်ငွေ နှစ်စဉ် ရူပီးငွေကုဋေ(၄၀)နီးပါး
> ဆုံးရှုံးလျက်ရှိသည်။ သို့သော် ပြည်သူလူထု၏ ကျန်းမာရေးအတွက် များစွာ
> အထောက်အပံ့ဖြစ်စေမည်ဟု ယုံကြည်ကြောင်း အိန္ဒိယအစိုးရမှ တရားဝင်
> ထုတ်ပြန်ကြေညာသည်။
>
> ယခုနောက်ပိုင်းတွင် အိန္ဒိယတွင် ရောင်းချခွင့်မရှိတော့သောကြောင့်
> မီဇိုရမ်ပြည်နယ်မှတဆင့် မြန်မာနိုင်ငံသို့ ယခင်ထက်
> အဆမတန်တင်သွင်းနေသော်လည်း နယ်စပ်စစ်ဆေးရေးဂိတ်များမှ
> တားဆီးမှုမရှိသေးကြောင်း သိရှိရသည်။
>
> " ဒီဆေးတွေက နေ့တိုင်းလိုလို ၀င်နေတာပဲ၊ဆေးဝါးနဲ့ ပတ်သက်ပြီး ၀င်တာ
> မဟုတ်ဘဲနဲ့ စားသောက်ကုန်နဲ့ ပတ်သက်ပြီး ၀င်တာလေ၊ ပြီးတော့ အထက်က
> အမိန့်ရမှ ကျွန်တော်တို့က ဖမ်းခွင့် ရှိတာလေ" ဟု နယ်စပ်အရာရှိတစ်ဦးက
> ပြောသည်။
>
> အိန္ဒိယမှ တင်သွင်းလျက်ရှိသော ကွမ်းစားဆေးအထုပ်များတွင်
> ဆေးရွက်ကြီးအပါအဝင် ကင်ဆာဖြစ်စေ နိုင်သော ဓာတုပစ္စည်း (၂၅)မျိုး
> ပါဝင်ကြောင်းကိုလည်း သိရှိရသည်။
>
> ထိုဆေးများကို ကွမ်းယာအတွင်းထည့်သွင်းစားသုံးမှုကြောင့်
> နှစ်စဉ်ခံတွင်းကင်ဆာအပါအဝင် အခြား ကင်ဆာရောဂါ များနှင့်
> နှလုံး၊သွေးတိုးနှင့် အစာအိမ်ရောဂါဖြစ်ပွားသူ ဦးရေပမာဏမှာလည်း မြင့်မား
> လျက်ရှိကြောင်း သိရှိရသည်။
>
> မြန်မာနိုင်ငံတွင် ကွမ်းစားသူများ၏ ၇၅ ရာခိုင်နှုန်းမှာ
> အိန္ဒိယမှဝင်ရောက်လာသော ကွမ်းစား ဆေးများကို ကွမ်းယာအတွင်း
> ထည့်သွင်းစားသုံးသူများဖြစ်သည့်အတွက် ပြည်သူများ၏ ကျန်းမာရေး
> ထိခိုက်မည်ကို စိုးရိမ်လျက်ရှိကြောင်း ပြည်သူများထံက သိရသည်။
>
> စစ်တမ်းများအရ မြန်မာနိုင်ငံ၌ ကွမ်းစားသူဦးရေမှာ နိုင်ငံရှိ
> လူဦးရေပမာဏ၏ သုံးပုံတစ်ပုံခန့် ရှိသည်။
>
> အဆိုပါကွမ်းထုပ်များမှာ ယခင်ကငါးရာဖိုးသုံးထုပ်ရောင်းချခဲ့ရာမှ
> လက်ရှိအချိန်တွင် တစ်ရာဖိုးသုံးထုပ်အထိ လက်လီကွမ်းယာဆိုင်များတွင်
> ရောင်းချလျှက်ရှိကြောင်းသိရသည်။အိန္ဒိယကွမ်းထုပ်ငယ်များမှာ
> တိပ်မျိုးစုံနှင့် အမျိုးအစားမျိုးစုံရှိကြောင်းသိရသည်။
>
> မြတ်မိုးကျော်(မြစ်မခ)
> by Myit Makha Mediagroup
>
> --
> ကောင်းတာ လုပ်သည်ဖြစ်စေ
> မကောင်းတာလုပ်သည်ဖြစ်စေ
> သင်တနေ့ အဆုံးသတ်ကို ဆုံရပါလိမ့်မည်
> မသေခင်မကြွေခင် အဆုံးမသတ်ခင်
> သင်တတ်စွမ်းသမျှ ရောင်ဝါလင်းပါလေ ။
> http://barnay.wordpress.com
> http://goo.gl/S1sYv
>
> --
> ဤ Email (သို့မဟုတ်) ဤ Post သည် Myanmar Daily Mail Group မှ ဖြစ်သည်။ Myanmar Daily Mail ၏ Group စာမျက်နှာမှာ http://groups.google.com/group/mayanmardailymail ဖြစ်ပြီး Blog စာမျက်နှာမှာ http://myanmardailymail.blogspot.com/ ဖြစ်သည်။ ယင်းစာမျက်နှာများသည် အများပိုင် စာမျက်နှာများဖြစ်ပြီး mayanmardailymail@googlegroups.com သို့ လိပ်မူ၍ Email ပို့လိုက်သည်နှင့် Group စာမျက်နှာနှင့် Blog စာမျက်နှာ နှစ်ခုလုံးတွင် တပြိုင်နက်တည်း Post တင်ပြီးသားဖြစ်အောင် စီမံထားသည်။
>
> ထို့ကြောင့် Post တင်ရာတွင် (သို့မဟုတ်) Email ပို့ရတွင် မလိုအပ်သည့် စာသားများ၊ မလိုအပ်သည့် Email များနှင့် တစ်ဦးချင်းဖြင့်သာ သက်ဆိုင်သည့် ဆွေးနွေးချင်းများကို ရှောင်ရှားဖယ်ထုတ်ပြီးမှ ပို့စေလိုပါသည်။
>
> Myanmar Daily Mail Group တွင် Member ဝင်လိုပါက mayanmardailymail+subscribe@googlegroups.com သို့ Email ပို့ကာ အသင်းဝင်နိုင်ပြီး Member အဖြစ်မှ နုတ်ထွက်လိုပါက mayanmardailymail+unsubscribe@googlegroups.com သို့ Email ပို့၍နှုတ်ထွက်နိုင်သည်။

--
ဤ Email (သို့မဟုတ်) ဤ Post သည် Myanmar Daily Mail Group မှ ဖြစ်သည်။ Myanmar Daily Mail ၏ Group စာမျက်နှာမှာ http://groups.google.com/group/mayanmardailymail ဖြစ်ပြီး Blog စာမျက်နှာမှာ http://myanmardailymail.blogspot.com/ ဖြစ်သည်။ ယင်းစာမျက်နှာများသည် အများပိုင် စာမျက်နှာများဖြစ်ပြီး mayanmardailymail@googlegroups.com သို့ လိပ်မူ၍ Email ပို့လိုက်သည်နှင့် Group စာမျက်နှာနှင့် Blog စာမျက်နှာ နှစ်ခုလုံးတွင် တပြိုင်နက်တည်း Post တင်ပြီးသားဖြစ်အောင် စီမံထားသည်။

ထို့ကြောင့် Post တင်ရာတွင် (သို့မဟုတ်) Email ပို့ရတွင် မလိုအပ်သည့် စာသားများ၊ မလိုအပ်သည့် Email များနှင့် တစ်ဦးချင်းဖြင့်သာ သက်ဆိုင်သည့် ဆွေးနွေးချင်းများကို ရှောင်ရှားဖယ်ထုတ်ပြီးမှ ပို့စေလိုပါသည်။

Myanmar Daily Mail Group တွင် Member ဝင်လိုပါက mayanmardailymail+subscribe@googlegroups.com သို့ Email ပို့ကာ အသင်းဝင်နိုင်ပြီး Member အဖြစ်မှ နုတ်ထွက်လိုပါက mayanmardailymail+unsubscribe@googlegroups.com သို့ Email ပို့၍နှုတ်ထွက်နိုင်သည်။