ဗုဒ္ဓ က တင် အိန္ဒိယသား မဟုတ်ဘူး..ဖောက်ဖတော် ဒေ၀ဒတ် က လဲ ကုလား ပါပဲ။
ဒီတော့ လူတစ်ယောက် ကောင်းခြင်း ဆိုးခြင်း က သူ ဘာလူမျိုး လဲ ဆို တာ နဲ့ မဆိုင်ဘူး။ သူ ဘာလုပ်ခဲ့သလဲ ဘယ်လိုရှင်သန်ခဲ့လဲ ဆို တာ နဲ့ ပဲ ဆိုင်တယ်။
ဒါကြောင့် မျိုးချစ်ဝါဒ ထက် လူသားဝါဒ က ပို ကျယ်ပြန့် တာ ပါပဲ။
သိဒ္ဓတ္ထ ဂေါတမ က အိန္ဒိယ ပြည် မြောက်ပိုင်းသား ဆို တော့ အသားဖြူမယ် မျက်လုံး ပြာ မယ် ပေါ့..ကော့ကေးရှန်း အနွယ် အာရိယာန် လူမျိုး ဖြစ်ဖို့ များ တယ်။ သူခေတ်မှာ တော့ အချောဆုံး အလှဆုံး လူချောလူလှ ထဲ က တစ်ယောက် ပဲ ဖြစ်မယ်။ ကိသာဂေါတမီ က မင်းသားလေး ကို ရထားပေါ်မှာ တွေ့ တော့ ချော လှ လွန်း လို့ နိဗ္ဗူတာ ဆိုတဲ့ ဂါထာ လေး ကို ရွတ်သတဲ့..။ မာဂဏ္ဍီ ရဲ့ မိဘ တွေ က လဲ ဗုဒ္ဓ ချောပုံလှပုံ မြင် တော့ သားမက် တော် ဖို့ ကြိုးစားကြသေး တာ လေ။ သုတ္တန်တစ်ခု မှာ ရှင်အာနန္ဒာ က ဗုဒ္ဓ ရဲ့ အသားတော် ဟာ အလွန် ၀င်းဝါတောက်ပကြောင်း ကြာသင်္ကန်း အ၀ါရောင် ကို တောင် လွှမ်းမိုးတောက်ပနေ ကြောင်း ဆို တော့ တော်တော် ၀င်းဝါစိုပြေတဲ့ အသားအရည်ပိုင်ရှင် ဖြစ်မယ်။ ချုပ်ပြော ရရင် တော့ ခန့်ညား ကျက်သရေရှိတဲ့ အိန္ဒိယတိုင်းရင်းသား အသားဖြူတစ်ယောက် ဖြစ်မယ် လို့ သာ မှန်းဆ ရပါတော့ တယ် အေမီ။
နီပေါမှာ မွေးတိုင်း ကုလားဖြစ်ရောတဲ့လား…
မြန်မာပြည်မှာမွေးတိုင်း ဗမာပဲလို့ပြောနေသလိုပဲ…
နယ်နိမိတ် အကန့်အသတ် တစ်ခုထဲမှာ နှစ်ပေါင်းများစွာနေခဲ့ကြသူချင်းမို့တိုင်းရင်းသားညီအစ်ကိုတွေလို့ခေါ်ကြတာလေ…
ရှမ်း…ဗမာ… ကချင်…ကရင် ….တစ်ယောက်နဲ့တစ်ယောက် ရုပ်ခြင်းတူလား… အသားအရေခြင်းရောတူလား… ဘုရားလောင်းဆိုတာဟာ လောကမှာ အမြတ်ဆုံးသော မျိုးနွယ်…အမြတ်ဆုံးသော နေရာမှာ မွေးဖွားတာပါ… နောက်ပြီး ပိဋကတ် တော်မှာပါတဲ့အကြောင်းအရာတွေကို ထောက်ရှုခြင်းအားဖြင့် Buddha ရဲ့ ရုပ်အဆင်းသည် ယခုမြင်တွေ့နေရသော ကုလားများနှင့် တခြားစီပါပဲ…. ပြီးတော့ Buddha တို့မျိုးနွယ်စုဟာ ယခုအချိန်မှာ
မရှိတော့ပါဘူး… မျိုးဆက်ပျောက်ကွယ်သွားခဲ့တာကြာပါပြီ…
Buddha တို့မျိုးနွယ်ဟာ ဟိန္ဒူဘာသာဝင်တွေလည်းမဟုတ်ကြပါဘူး… သိချင်ရင် လေ့လာကြည့်ပါ…
စာတွေထပ်ဖတ်ပါ…
သေခြာမသိပဲတော့ မပြောစေချင်ဘူး…
ပြီးတော့ မြန်မာတော်တော်များများဟာ ကုလားတိုင်းကို မမုန်းကြပါဘူး… စိတ်ထားပြည့်ဝတဲ့ မွတ်စလင်ကုလားတွေကို လည်း မမုန်းဘူး… အစွန်းရောက် မွတ်စလင် ကုလားတွေကိုသာမုန်းနေခြင်းဖြစ်တယ်… ပြီးတော့ Buddha က ကုလားမျိုးနွယ်ပဲထားပါဦး…
Buddha နဲ့ အခု အကျင့်မကောင်းနေတဲ့ ကုလားတွေနဲ့(ကုလားတိုင်းကိုမဆိုလိုပါ) လားလားမှမဆိုင်ပါဘူး… ဥပမာလေးတစ်ခုလောက်ပေးချင်တယ်ဗျ…
ဒေါ်အောင်ဆန်းစုကြည်ဟာ
ဗမာလူမျိုးပါ… ဒေါ်အောင်ဆန်းစုကြည်ကို နိုင်ငံတကာက ပုဂ္ဂိုလ်တွေက လေးစားကြပါတယ်…ဂုဏ်ပြုကြပါတယ်… သူတို့တွေလေးစားတာ ဂုဏ်ပြုတာဟာ ဒေါ်အောင်ဆန်းစုကြည်၇ဲ့ စိတ်ဓာတ်နဲ့ မြင့်မြတ်တဲ့လုပ်၇ပ်တွေကိုပါ… ဗမာလူမျိုးဆိုတာကြီးကို
ဂုဏ်ပြုတာမဟုတ်သလို..လေးစားနေတာလည်းမဟုတ်ပါဘူး… ဒေါ်အောင်ဆန်းစုကြည်က အဲလို လေးစားခံပုဂ္ဂိုလ်ဖြစ်သွားတာနဲ့ပဲ ဗမာတွေအားလုံးအဲလိုဖြစ်သွားရောတဲ့လား…အကျင့်ပျက်ကောင် သန်းရွှေလည်း ဗမာပဲလေ… လူတွေကသူ့ကိုမုန်းကြတယ်… ရွံရှကြတယ်…
တကယ်လို့ သန်းရွှေက ``နင်တို့ချစ်နေကြတဲ့ လေးစားနေကြတဲ့ ဒေါ်အောင်ဆန်းစုကြည်ဆိုတာ ဗမာပဲ…
ငါကလည်း ဗမာပဲ… အတူတူပဲ´´ ဆိုပြီးပြောလို့ရမလား…လူတွေက လက်ခံမလား…
ပြီးတော့ဒေါ်အောင်ဆန်းစုကြည် ဘာလူမျိုးပဲဖြစ်ဖြစ် သူ့စိတ်ဓာတ်နဲ့လုပ်ရပ်ကပဲအရေးကြီးတာမဟုတ်ဖူးလား… လူတွေက ဗမာမို့ချစ်တာလား…စိတ်ဓာတ်နဲ့လုပ်ရပ်ကြောင့်ချစ်ကြတာလား…
အဲဒီ့ဥပမာလိုပဲ…ဘုရားနဲ့နှိုင်းပြောတာမဟုတ်ဖူး.. သဘောပေါက်လွယ်အောင်ပြောတာပါ…
ငါတို့တွေ..Buddha ကို လေးစားနေတာ ရှိခိုးနေကြတာ ..ကုလားဆိုတဲ့ လူမျိုးကို ရှိခိုးနေတာမဟုတ်ဖူး…
Buddha ရဲ့ စိတ်ဓာတ်နဲ့ လုပ်ရပ်တွေကို လေးစားလို့ Buddha ရဲ့ အဆုံးအမတွေကို လေးစားလို့
ကျေးဇူးကို သိသောအားဖြင့် ရှိခိုးနေကြခြင်းဖြစ်တယ်ဆိုတာ သဘောပေါက်ကြဖို့လိုပါတယ်…
ငါတို့က Buddha ကိုရှိခိုးနေကြတာဟာ ငါတို့ကို ကယ်တင်အောင်လို့လည်းမဟုတ်ဘူး… ရော့အင့်ဆိုပြီး…စည်းစိမ်တွေပေးအောင်လို့လည်းမဟုတ်ဘူး… ပြီးတော့ ကုလားဆိုပြီးရှိခိုးနေတာလည်းမဟုတ်ဘူး… Buddha ရဲ့ စိတ်ဓာတ်နဲ့လုပ်ရပ်တွေ… အဆုံးအမတွေကို လေးစားယုံကြည်ကြတဲ့အတွက် လမ်းပြပေးတဲ့ကျေးဇူးရှင် ဆရာသမားတစ်ယောက်အနေနဲ့ရှိခိုးနေခြင်းသားဖြစ်တယ် ….
Buddha ကိုရှိခိုးတာဟာ ကုလားကိုရှိခိုးတာမဟုတ်ဘူးဆိုတာ ရှင်းပါတယ်နော်….
--
မှော်ဆရာအဖွဲ့ မှ နေ့ စဉ်မေးလ်များ ရယူလိုပါက http://groups.google.com/group/mrsorcerer/subscribe?hl=en ကို နှိပ်ပြီး မန်ဘာဝင်နိုင်ပါသည် ။
မန်ဘာဝင်များ မိမိတို.သိထားသည်များကို မျှဝေလိုပါက mrsorcerer@googlegroups.com သို. မေးလ်ပို.နိုင်ပါသည် ။
မှော်ဆရာအဖွဲ့ မှ နှုတ်ထွက်လိုလျှင် mrsorcerer+unsubscribe@googlegroups.com ကိုနှိပ်ပြီး မေးလ်ပို.ပါ ။
စာလက်ခံလိုသည့်ပုံစံ ပြင်လိုလျှင် http://groups.google.com/group/mrsorcerer?hl=en ကို သွားပါ ။
မှော်ဆရာ အဖွဲ့ ၏ စည်းကမ်းများကို သိလိုလျှင် http://groups.google.com/group/mrsorcerer/browse_thread/thread/af2f4a1d44d4d909?hl=en တွင် ဖတ်ရှုနိုင်ပါသည် ။
Facebook (FB) မှော်ဆရာအဖွဲ့သို့ Mail ပို့လိုလျှင် mrsorcerer2@groups.facebook.com
FB မှော်ဆရာအဖွဲ့သို့ ၀င်ရန် http://www.facebook.com/home.php?sk=group_173571176006981&ap=1
မှော်ဆရာ အဖွဲ့ နှင့်ပက်သက်၍ ဝေဖန်အကြံပြုလိုပါက >>>
ဦးဦး မှော်ဆရာ ( mrsorcerer9@gmail.com, mrsorcerer27@gmail.com ) ထံသို.
ပေးပို.နိုင်ပါသည် ။
ခင်မင်စွာဖြင့်
ဦးဦး မှော်ဆရာ