2012/10/5 Lu Bo <lubo601@gmail.com>
---------- Forwarded message ----------
From: Blogger <no-reply@blogger.com>
Date: 2012/10/5
Subject: [လူဗိုလ်ဟူသည် ...] Miss International 2012 ပြိုင်ပွဲ ၀င်တဲ့ အလှမယ်လေး နန်းခင်ဇေယျာအကြောင်း
To: lubo601@gmail.comဒီနေ့ Facebook ပေါ်မှာ Miss International 2012 ပြိုင်ပွဲ ၀င်တဲ့ အလှမယ်လေး နန်းခင်ဇေယျာအကြောင်းကို အတော်ကလေး ဖောဖောသီသီတွေ့ရပါတယ်.... အများဆုံးကတော့ ...ရေကူးဝတ်စုံနဲ့ ပုံလေးပါပဲ ...အားပေးကြတဲ့လူတွေများသလို ..... လူတတ်ကြီးတွေလုပ်ပြီး ရှက်တတ်ပါဦးဘာညာစသဖြင့် ပြောကြသူတွေ လည်းတွေ့ရပါတယ်..... အခုပြောချင်တာက .... အဲဒီလူတတ်ကြီးများ အုပ်စုကိုဖြစ်ပါတယ်....
အဓိကကတော့ .. ခေတ်မီတာနဲ့ သရုပ်ပျက်တာ ... သွက်တာနဲ့ကလက်တာကို မြန်မာတွေခွဲသိဖို့ လိုလာပါပြီ....ရှက်တယ်ဆိုတာ ဘာကိုခေါ်ပါသလဲ ...ယဉ်ကျေးမှုဆိုတာဘာကိုခေါ်ပါသလဲ .... လုံလုံခြုံခြုံနေမှ.... ယဉ်ကျေးတယ်ဆိုလည်း ဆော်ဒီမှာသာသွားနေလိုက်ကြပါတော့ .... အဲဒီမှာဆို မိန်းမတွေလုံလိုက်တာမှ .. မျက်နှာတောင်ဘယ်နားရှာရမှန်းမသိဘူးဖြစ်သွားပါမယ်.... ရေကူးဝတ်စုံကို ဧည့်ခန်းထဲ .... ထမင်းစားပွဲ .. ညစာ စားပွဲ ပွဲလမ်းသဘင်မှာ ၀တ်တာမှမဟုတ်ပဲလေ..... နောက်ဆုံး ရေကူးကန်နဲ့ .... ပင်လယ်ကန်းခြေမှာဝတ်တယ်ဆိုရင်တောင် ... လက်ခံပေးရလိမ့်မယ်... ဒါဟာ ခေတ်ရေစီးကြောင်းတစ်ခုပဲ ...... ဒူးနေရာဒူး တော်နေရာတော် ဖြစ်နေပြီးတာပါပဲ......
ရေကူးကန်မှာ ရေကူးဝတ်စုံဝတ်ခြင်း အခုလို အလှမယ်ပြိုင်ပွဲများမှာ အစီအစဉ်အရ ရေကူးဝတ်စုံဝတ်ပြီး ယှဉ်ပြိုင်တာဟာ ... ခေတ်မီတယ်ခေါ်ပါတယ်..... အဲ ... ဟိုမင်းသမီးလေးလို ... ဘောလုံးပွဲကို .... နိုင်ငံခြားက .. Pros များ ၀တ်တဲ့ ပုံစံနဲ့ ၀တ်ပြီးလာချီးမြှင့်တာမျိုး ကတော့ သရုပ်ပျက်တာပေါ့လေ....ဒါလေးကိုတော့ ခွဲခြားတတ်မှဖြစ်လိမ့်မယ်..
နောက်ပြီး.... အခုလို အပြည်ပြည်ဆိုင်ရာ အလှမယ်ပြိုင်ပွဲတွေမှာ ရေကူးဝတ်စုံ ၀တ်ဆင်ပြီးပြိုင်တာဟာ .. အရှက်နည်းစွာ ကာမမြူစွယ်နေတာမှ မဟုတ်ပဲလေ.... ခန္ဒာကိုယ်ရဲ့ မြစ်မျိုးမှဲမထင်တဲ့ မလှ... အသားအရည်ရဲ့ ကောင်းခြင်း .. အဆီပိုမရှိသော ကျစ်လျစ်ပြေပြစ်ခြင်း .... စတာတွေကို စစ်ဆေးတာပါပဲ .... အပြည်ပြည်ဆိုင်ရာ မယ်တစ်ယောက်ဟာ .. ဒီလို အလှနဲ့ ဒီလို အသားအရည်နဲ့ ဒီလိုကျန်းမာမှုနဲ့ ပြည်စုံတယ်ဆိုတာကို .... ဖြစ်အောင်လို့ ဒီ ရေကူးဝတ်စုံဝတ်တဲ့ ယှဉ်ပြိုင်မှုကို ထည့်သွင်းထားခြင်းသာဖြစ်ပါတယ်.... ဒီဘက်ခေတ်မြန်မာအမျိုး သမီးများ ထဲမှာ .... ခုလို အပြည်ပြည်ဆိုင်ရာ ပွဲကို ၀င်ရှောက်ယှဉ်ပြိုင် ရဲတဲ့ အမျိုးသမီးဟာ နန်းခင်ဇေယျာ တစ်ယောက်သာ ပထမဆုံး ဖြစ်မယ်ထင်ပါတယ်.. (Asean ပွဲကို မဆိုလိုပါ.. ကမ္ဘာပွဲများသာ ဆိုလိုပါသည်) .... ဒါကို ဂုဏ်ယူတတ်ရပါမယ်....ကျွန်တော့ အနေနဲ့ကတော့ ... မြန်မာလူမျိုးတို့ ရဲ့ အလှဟာ ဒီလိုပြစ်မျိုးမှည့်မထင်ပါဆိုတာကို .... ချပြရဲ့တဲံ သူမရဲ့ သတ္တိ ..ယုံကြည်မှုတို့ ကိုလေးစားပါတယ်......အားလည်းပေးမှာပါပဲ .... ကမ္ဘာအဆင့်ပြိုင်ပွဲတွေဝင်ချင်ရင်.... အဲဒီပြိုင်ပွဲများရဲ့ ဥပဒေအတိုင်းလုပ်ရမှာပါပဲ ... ဒါထူးဆန်းလှတာမဟုတ်ပါဘူး ... သိပ်အမြင်ကျဉ်းလွန်းတာဟာ ..... တိုင်းပြည်ကိုနောက်ပြန်ဆွဲနေတဲ့ထဲ ကိုယ်ပါပါနေတယ်ဆိုတာ သတိပြုမိစေချင်ပါတယ်.... ဒါပါပဲ
By: လင်းလွန်းညို.
ကင်မရာဆရာရှေ့တွင် ကိုယ်ဟန်ပြ (Pose) နေသည့် နန်းခင်ဇေယျာ
Miss International 2012 ပြိုင်ပွဲမှာ အပိုင်း ၃ ပိုင်း ပါဝင်ပါတယ်။ အဲဒါကတော့
ရေကူးဝတ်စုံ၊ ညနေခင်းဝတ် ဂါဝန် နဲ့ စင်ပေါ် အင်တာဗျူး တို့ဖြစ်ပါတယ်။
အမှတ်ပေးစည်းမျဉ်းကတော့ -
၁။ ရေကူးဝတ်စုံ (Swimsuit) - ၄၅ ရာခိုင်နှုန်း၊
၂။ ညနေခင်းဝတ် ဂါဝန် (Evening Gown) - ၄၅ ရာခိုင်နှုန်း နဲ့
၃။ စင်ပေါ် အင်တာဗျူး (On Stage Interview) - ၁ဝ ရာခိုင်နှုန်း တို့ဖြစ်ပါတယ်။
(*ယခု အမှတ်ပေး စည်းမျဉ်းက အမေရိကန်ပြည်ထောင်စုရဲ့ စည်းမျဉ်းဖြစ်ပြီး နေရာဒေသအရ အနည်းငယ် ကွာခြားနိုင်ပါတယ်။)
ဒီပြိုင်ပွဲမှာ ပါဝင်ယှဉ်ပြိုင်တဲ့ အလှမယ်များဟာ ခန္ဓာကိုယ် ကျန်းမာ သန်စွမ်းခြင်း၊ ကြွက်သားအနေအထား ကောင်းမွန်ခြင်းနဲ့ ခန္ဓာကိုယ် အချိုးအစား ပြေပြစ်ခြင်းတို့နဲ့ ပြည့်စုံရမှာဖြစ်ပါတယ်။ ဒါကြောင့် အလှမယ်များဟာ နိုင်ငံတကာ စံချိန်နှုန်းထားများ အရ ရေကူးဝတ်စုံ ဝတ်ဆင်ခြင်းဖြင့် ခန္ဓာကိုယ်အနေအထားကို အကဲဖြတ်ဒိုင်များရဲ့ အမှတ်ပေးခံယူပြီး ယှဉ်ပြိုင် ရင်ဆိုင်ရတာမို့ ဟိရိသြတပ္ပ ကင်းလှချည်ရဲ့လို့ ကရုဏာဒေါသောနဲ့ အပြစ်တင် မစောကြပါနဲ့ဦးလို့.....။
--
Posted By Blogger to လူဗိုလ်ဟူသည် ... at 10/05/2012 11:38:00 PM
--
မှော်ဆရာအဖွဲ့ မှ နေ့ စဉ်မေးလ်များ ရယူလိုပါက http://groups.google.com/group/mrsorcerer/subscribe?hl=en ကို နှိပ်ပြီး မန်ဘာဝင်နိုင်ပါသည် ။
မန်ဘာဝင်များ မိမိတို.သိထားသည်များကို မျှဝေလိုပါက mrsorcerer@googlegroups.com သို. မေးလ်ပို.နိုင်ပါသည် ။
မှော်ဆရာအဖွဲ့ မှ နှုတ်ထွက်လိုလျှင် mrsorcerer+unsubscribe@googlegroups.com ကိုနှိပ်ပြီး မေးလ်ပို.ပါ ။
စာလက်ခံလိုသည့်ပုံစံ ပြင်လိုလျှင် http://groups.google.com/group/mrsorcerer?hl=en ကို သွားပါ ။
မှော်ဆရာ အဖွဲ့ ၏ စည်းကမ်းများကို သိလိုလျှင် http://groups.google.com/group/mrsorcerer/browse_thread/thread/af2f4a1d44d4d909?hl=en တွင် ဖတ်ရှုနိုင်ပါသည် ။
Facebook (FB) မှော်ဆရာအဖွဲ့သို့ Mail ပို့လိုလျှင် mrsorcerer2@groups.facebook.com
FB မှော်ဆရာအဖွဲ့သို့ ၀င်ရန် http://www.facebook.com/home.php?sk=group_173571176006981&ap=1
မှော်ဆရာ အဖွဲ့ နှင့်ပက်သက်၍ ဝေဖန်အကြံပြုလိုပါက >>>
ဦးဦး မှော်ဆရာ ( mrsorcerer9@gmail.com, mrsorcerer27@gmail.com ) ထံသို.
ပေးပို.နိုင်ပါသည် ။
ခင်မင်စွာဖြင့်
ဦးဦး မှော်ဆရာ