စာတွေလိုက် ရှာတယ်။ ပြီးတော့ တင်တယ် ကိုလင်းထက်ဆွေ အွနးလိုင်းက
တွေတဲစာတွေကို cory ..pasts လုပိရတာ မခက်ပါဘူး။
ဆရာလုပ်ချင်တာပင်ပန်းလိုက်တာ ။သနားစရာကောင်းပါဘိ။ နောက်
ထပ်မေးရင်သူထပ်ရှာ
တင်အုံးမယ်။ ဒါကြောင့်ထင်တယ်မြန်မာပြည်က အွန်းလိုင်းတွေ နှေးနေတာ။ ;P
On 10/10/12, Lynn Htet Swe <myatchitshin@gmail.com> wrote:
> ညီမ မထားသီ နဲ့ ဓမ္မမိတ်ဆွေ သူတော်စင် များ အတွက် ပရိတ်ကြီး စာအုပ်လေး
> မျှဝေလိုက် ပါတယ်။
>
> ရိုးသားဖြူစင် ချမ်းမြေ့ ပျော်ရွှင် ကြပါစေ။
>
> 2012/10/10 Ma Htar Thi <htarthi2010@gmail.com>
>
>>
>> ကျေးဇူးတင်ပါတယ်ရှင်တစ်ခုကပရိတ်ကြီး(၁၁)သုတ်ရဲအနက်မြန်မာပြန်လေးရှိရင်မျှဝေပါအုံးရှင်
>> ကျေးဇူးတင်ပါတယ်ရှင့်
>>
>>
>> 2012/10/10 Lynn Htet Swe <myatchitshin@gmail.com>
>>
>>>
>>>
>>> ဗုဒ္ဓရှင်တော် ပွင့်ထွန်းတော်မူလာ ရာမှာ လေ့လာကြည့်ရင် ဗုဒ္ဓ မဖြစ်ခင် က သမဏ
>>> ဖြစ်ခဲ့တယ်။ ဥပနိသျဒ်လာ လောကီ သမာပတ်ကျင့်စဉ်တွေ ဂျိန်း တပ ကျင့်စဉ်တွေ ကို
>>> အားထုတ်ခဲ့ဖူးတယ်။ အဲဒီခေတ်ကာလ မှာ ရှိနေတဲ့ ဘ၀သစ် အဖန် တလဲလဲ မွေးဖွား
>>> ဖြစ်ခြင်း အယူအဆ ကို လက်ခံ ခဲ့တယ်ဆိုတာ တွေ့ ရပါတယ်။ ဒါပေမဲ့ ဗုဒ္ဓ ဟာ အိန္ဒိယ
>>> ဘာသာရေး အတွေးအမြင် သမိုင်း မှာ အလွန်ကြီးမားတဲ့ ပါဒိုင်းအရွေ့ ကို
>>> ဖြစ်စေခဲ့တယ်။
>>>
>>> ဗုဒ္ဓ ရှေ့ က ဘာသာရေးတွေ အားလုံး က လောက ဖြစ်စဉ် ကို ရှင်းပြ ရာမှာ
>>> ခိုင်မာတဲ့ အနှစ်သားအရှိတရား တစ်မျိုးမျိုး ကို အခြေခံ အဖြစ်ထားပြီးတော့ မှ
>>> တင်ပြခဲ့ကြတယ်။ ခိုင်မာတဲ့ အနှစ်သားအရှိတရား ဆိုတာ ပကတိရှိနေတဲ့ အတ္တ
>>> (ပရမတ္တမ)
>>> ဖန်ဆင်းရှင် ဘုရားသခင် (ဣဿရဒေ၀) အသက်ဇီဝ အတ္တ တစ်မျိုးမျိုး ဖြစ်တယ်။
>>> ကံစွမ်းအင် တွေ ဟာ ဒီ အတ္တ မှာ ကပ်ငြိနေသမျှ အတ္တ ဟာ ဘ၀သစ် အဖန်တလဲလဲ မွေးဖွား
>>> ဖြစ်ခြင်း သဘော က နေ မလွတ်နိုင်ပဲ တ၀ဲဝဲလည် နေရတယ် ဆိုတဲ့ အမြင်ပါပဲ။
>>>
>>> ဗုဒ္ဓရှင်တော် ကတော့ ခိုင်မာတဲ့ အနှစ်သားအရှိတရား ကို
>>> လုံးဝငြင်းပယ်တော်မူခဲ့တယ်။ ဘ၀သစ် အဖန်တလဲလဲ မွေးဖွား ဖြစ်ခြင်း သဘော ကို
>>> ရှင်းပြ ရာ မှာ အတ္တ ဟာ မလိုအပ်တဲ့ အရာ ဖြစ်တဲ့ အပြင် ဒီ အတ္တ ရဲ့ အရှိတရား
>>> ကို
>>> မှားယွင်းစွာ စွဲလန်းခြင်း (အတ္တ၀ါဒုပါဒါန်-အတ္တာနုဒိဋ္ဌိ) ဟာ ဘ၀သစ် အဖန်တလဲလဲ
>>> မွေးဖွား ဖြစ်ခြင်း ကို ဖြစ်စေတဲ့ လက်သည်တရားခံ ပဲ ဖြစ်တယ် လို့ မြင်ခဲ့
>>> ပါတယ်။ ဒါ က တကယ့် တော်လှန်တဲ့ အမြင်ပဲ။ ဝေဒအမြင် ဂျိန်းအမြင်တွေ မှာ
>>> ဖူးဖူးမှုတ် တန်ဖိုး ထားပြီး လွတ်မြောက်အောင်ကြိုးပမ်းနေရတဲ့ အရာ ဟာ
>>> ပြဿနာအားလုံးရဲ့ မူလဇာစ်မြစ်လို့ ဗုဒ္ဓရှင်တော် က လင်းပြတဲ့ အတွက်ပါပဲ။
>>>
>>> ဗုဒ္ဓဓမ္မ မှာ ဘ၀သစ်ဖြစ်ပေါ်ခြင်း ဆိုတာ သတ္တ၀ါ သေဆုံးတဲ့ အခါ သံဝတ္တန၀ိညာဏ လို့
>>> ခေါ်တဲ့ ဘ၀သစ်ဖြစ်ပွားခွင့် ရှိတဲ့ ၀ိညာဏ် (၀ါ) စိတ်ဝိညာဏ် ရဲ့ အစဉ်
>>> စီးဆင်းမှု
>>> (၀ိညာဏသောတ) ဟာ အခြားသော သော အကြောင်းတရား အထောက် အပံ့တွေ နဲ့ ပေါင်းစပ်
>>> လို့
>>> ဘ၀သစ်တစ်ခု စတင်ဖြစ်ပေါ်စေတာ ကို ပဲ ဆိုလိုပါတယ်။ ဘ၀သစ် ရဲ့ ၀ိညာဏသောတ ဟာ
>>> ဘ၀ဟောင်း ရဲ့ စိတ်အစဉ် နဲ့ ကြောင်းကျိုးဆက်နွယ်မှု ရှိသော်လဲ ထပ်တူဖြစ်တဲ့
>>> ၀ိညာဏသောတ လဲ မဟုတ်ဘူး လို့ ဆိုပါတယ်။
>>>
>>> ဘ၀သစ် ကို ဖြစ်ပေါ် စေတဲ့ အဓိက အခြေခံတရားတွေ ကတော့ အ၀ိဇ္ဇာ တဏှာ နဲ့ ကမ္မဘဝ
>>> တို့ ပဲ ဖြစ်တယ်။ အ၀ိဇ္ဇာ က မြေကြီး နဲ့ တူတယ် တဏှာ က အစိုဓါတ်နဲ့တူတယ် ကံ
>>> ကတော့ မျိုးစေ့ နဲ့တူ ပါတယ်။ ကံ မျိုးစေ့ ကို အ၀ိဇ္ဇာ မြေဆီလွှာ မှာ
>>> စိုက်ပျိုးလို့ တဏှာ အစိုဓါတ် က အထောက်အပံ့ ပေးတဲ့ အခါ ဘ၀သစ်ဆိုတဲ့ အပင်ကလေး
>>> ပေါက်လာ ရတယ်လို့ ဆိုပါတယ်။ကံမျိုးစေ့ ရဲ့ ကောင်း ဆိုး မြတ် ယုတ်
>>> ကွာခြားသလို
>>> ဘ၀သစ် တွေ က လဲ အသွင် အမျိုးမျိုးခြားနားပါတယ်။ လူ နတ် ဗြဟ္မာ ဖြစ်စေမဲ့
>>> ကံမျိုးစေ့ ကို စိုက်ရင် နတ်ဗြဟ္မာ ဘ၀သစ် ကို ဖြစ်စေမယ်။ ငရဲ တိရိစ္ဆာန်
>>> ပြိတ္တာ
>>> အသူရကာယ် ဖြစ်စေမဲ့ ကံမျိုးစေ့ ကို စိုက်ရင် ငရဲ တိရိစ္ဆာန် ပြိတ္တာ အသူရကာယ်
>>> ဘ၀သစ် ကို ဖြစ်စေမယ် လို့ ဆိုပါတယ်။ ဘ၀ တစ်ခု အတွင်း မှာ လဲ အနိမ့်အမြင့်
>>> အယုတ် အမြတ် အကောင်း အဆိုး အခြေအနေ တွေ က ဆိုင် ရာ ကံမျိုးစေ့ ရဲ့
>>> အနိမ့်အမြင့် အယုတ် အမြတ် အကောင်း အဆိုး အလိုက် ပဲ ဖြစ်ပေါ် ရတယ်လို့
>>> ဆိုကြပါတယ်။
>>>
>>> ဗုဒ္ဓဓမ္မ ရဲ့ သုတ္တန်ပိဋကတ် မှာ ဘ၀သစ် ဖြစ်ပေါ်မှု နဲ့ ပတ်သက်လို့ မဇ္ဇျိမနိကာယ်
>>> မှာ မဟာကမ္မ၀ိဘင်္ဂသုတ် ဥပါလိသုတ် ကုက္ကုရ၀တိကသုတ် သံယုတ္တနိကာယ် မှာ
>>> မောဠိယသိဝကသုတ် သင်္ခါသုတ် စသည် တို့ မှာ ရှင်တော်ဗုဒ္ဓ ဟောကြားထား ချက်တွေ
>>> ရှိပါတယ်။
>>>
>>> *စွဲမှီဖြစ်ပွားတဲ့ သဘောတရား (ပဋိစ္စသမုပ္ပါဒ) အမြင်*
>>>
>>> ဗုဒ္ဓရှင်တော် က အချင်းအရာ နိဒါန ကွင်းဆက် (၁၂) ပါဝင်တဲ့
>>> အကြောင်းအထောက်အပံ့တရားများအပေါ် စွဲမှီဖြစ်ပွားတဲ့ သဘောတရား (ပဋိစ္စသမုပ္ပါဒ)
>>> ကို ထွန်းလင်းပြခဲ့ပါတယ်။
>>>
>>> (၁) သတ္တ၀ါတွေ ရဲ့ သဏ္ဍာန်မှာ အာသ၀တရားတွေ က ကိန်းအောင်းနေတယ်။ အာသ၀တရားတွေ
>>> ရဲ့ ချယ်လှယ်မှု ကြောင့် သစ္စာတရား ကို မသိမှု (အ၀ိဇ္ဇာ) က ဖြစ်ပေါ်လာပါတယ်။
>>> အ၀ိဇ္ဇာ
>>> ဘယ်က စလဲ ဆို ရင် အာသ၀တရားတွေ က စတယ် လို့ ပဲ ဆိုနိုင်သလို အာသ၀တရားတွေ က လဲ
>>> အ၀ိဇ္ဇာဦးစီးသော တဏှာဥပါဒါန် တွေ ရဲ့ ထုံနေ စွဲနေ မှု ပဲ ဖြစ်ပါတယ်။
>>>
>>> (၂) သစ္စာတရား ကို မသိမှု (အ၀ိဇ္ဇာ) ကို အခြေခံတဲ့ စိတ် ဟာ
>>> မှောက်မှောက်မှားမှား သိတယ် မှတ်သားတယ် ထင်မြင် ယူဆ တယ် စွဲလန်းတယ်။
>>> ဗုဒ္ဓစာပေတွေ မှာတော့ ၀ိပ္ပလ္လာသတရား (၃) ပါး အနေနဲ့ ဖေါ်ပြကြတယ်။ အသိမှား
>>> (စိတ္တ၀ိပ္ပလ္လာသ) အမှတ်မှား (သညာဝိပ္ပလ္လာသ) နဲ့ အယူမှား (ဒိဋ္ဌိဝိပ္ပလ္လာသ) တွေ
>>> ပါပဲ။ ဒါတွေ က ဘာကို ဖုံးထားလဲ ဆို တော့ သစ္စာ လေးပါး ကို
>>> ဖုံးထားတယ်။ ဒုက္ခ နဲ့ ဒုက္ခရဲ့ အကြောင်းတရား ဒုက္ခချုပ်ငြိမ်းရာ နဲ့
>>> ဒုက္ခငြိမ်းအောင်ကျင့်တဲ့ လမ်း တွေ ကို မသိမြင်အောင် ဖုံးအုပ် (အာဝရဏသတ္တိ)
>>> ထားတဲ့ အပြင် လောက ကို လဲ တည်မြဲတဲ့ လိုချင်စဖွယ်ကောင်းတဲ့ အတ္တ
>>> အတ္တနိယတရားတွေ
>>> အဖြစ် မှားယွင်းစွာ ပုံဖေါ်ထားပါတယ်။ ဒီ အထိ က ကိလေသာဝဋ် လို့ ဆို
>>> နိုင်ပါတယ်။
>>>
>>> (၃) ဒီ အခါမှာ ချစ်တာတွေ မုန်းတာတွေ ဖြစ်လာပါတယ်။ ချစ်တာကို ရအောင်
>>> လိုချင်လာတယ်။ မုန်းတာ ကို လွတ်အောင် ဆန့်ကျင်တယ်။ဒီလို တွန်းအား ဆွဲအားတွေ
>>> ကို အခြေခံ လို့ ကောင်းမှု မကောင်းမှု(အဘိသင်္ခါရ) တွေ ဖြစ်ပါတယ်။
>>> ကံအကြောင်းတရားတွေ ကိုြု့လုပ် တဲ့ အခါ ကိလေသာဝဋ် ကြောင့် ကမ္မ၀ဋ် က ဆက် လည်
>>> ပါတော့ တယ်။ ကောင်းမှု မကောင်းမှု (အဘိသင်္ခါရ) တွေ ဖြစ်ပွားတဲ့ အခါမှာ သတ္တ၀ါ
>>> /ဲ့
>>> ဘ၀င်စိတ်အစဉ်ထဲ မှာ မျိုးစေ့ ဖြစ်တဲ့ ကမ္မသတ္တိ ကို ချန်ရစ်ခဲ့တယ်။ ဒီ ကမ္မသတ္တိ
>>> ရဲ့ ကောင်း ဆိုးအသွင်စွမ်းအင်တွေ ကြောင့် ဘ၀တစ်ခု ပြတ်စဲချုပ်ငြိမ်း ပြီးတဲ့
>>> အခါ ဘ၀သစ်ရဲ့ ပထမဆုံးစိတ် (ပဋိသန္ဓေစိတ်) ကို ဖြစ်စေပါတယ်။
>>>
>>> (၄) ကမ္မသတ္တိတွေ ကိန်းနေတဲ့ ပထမဆုံးစိတ် (ပဋိသန္ဓေစိတ်) ကြောင့် ဆိုင်ရာ
>>> ရုပ်တရား တွေ (၃၀ သော အဋ္ဌကရုပ်ပလာပ်တွေ) နဲ့ နာမ်တရားတွေ လဲ တစ်ပြိုင်တည်း
>>> ဖြစ်ပေါ်လာပါတယ်။ ဥတု အဟာရ စတာတွေ က လဲ အထောက်အပံပေးပါတယ်။ မိဘတွေ ရဲ့ ပြုစု
>>> စောင့်ရှောက်မှု ထမင်း အစာ ရေစာ တို့ နဲ့ ကြီးထွားသက်ဝင်လာပါတယ်။
>>>
>>> (၅) ဆိုင်ရာ ရုပ်တရား တွေ နာမ်တရားတွေ (နာမရူပ) ကို အခြေခံ လို့ ကံအစွမ်း
>>> နဲ့ အာရုံခံစားနိုင်တဲ့ ဒွါရတွေ (သဠာယတန) ဖြစ်ပေါ်လာပါတယ်။ သင့်ရာ မျက်စိ နား
>>> နှာခေါင်း လျှာ ကိုယ် စိတ် စတဲ့ အာယတန တရားတွေ ဖြစ်လာပါတယ်။
>>>
>>> (၆) ကိုယ်တွင်း အာယတန တရားတွေ ဖြစ်လာတဲ့ အခါ ပြင်ပ အာယတနတရားတွေ ဖြစ်တဲ့
>>> အဆင်း အသံ အနံ့ အရသာ အထိအတွေ့ အတွေး စတာတွေ နဲ့ ထိတွေ့မှု (ဖဿ) ဖြစ်ပါတယ်။
>>> ကြေးမုံမှန်တစ်ချပ် ဖြစ်လာတဲ့ အခါ ပတ်ဝန်းကျင် က အလိုလို
>>> အရိပ်ထင်လာသလိုပါပဲ။
>>>
>>> (၇) ထိတွေ့မှု (ဖဿ) နဲ့ အတူ တွေ့ကြုံသော အာရုံတရားတွေ အပေါ် သာယာခြင်း
>>> မသာယာခြင်း ဆိုတဲ့ ခံစားမှုသဘော (ဝေဒနာ) လဲ ဖြစ်လာပါတယ်။
>>>
>>> ဒီအထိ က တော့ ကမ္မ၀ဋ်ကြောင့် ဆက်ဖြစ်လာရတဲ့ ၀ိပါက၀ဋ် တွေ ပါပဲ။
>>>
>>> (၈) စိတ် ဟာ နဂို ကတည်း က အာသ၀သတ္တိ တွေ ကမ္မသတ္တိတွေ ကိန်း နေတာမို့ ထိတွေ့မှု
>>> (ဖဿ) နဲ့ ခံစားမှုသဘော (ဝေဒနာ) တွေ ကို မှောက်မှောက်မှားမှား သိတယ်
>>> မှတ်သားတယ်
>>> ထင်မြင်ယူဆ တယ် တပ်မက်နှစ်သက်တဲ့ သဘော (တဏှာ) ဖြစ်လာပါတယ်။ ဒီနေရာ မှာ
>>> အိမ်ရှင် ဖြစ်တဲ့ အ၀ိဇ္ဇာ နဲ့ အာသ၀တရား တွေ က ပါဝင် အကျိုးပြု လာ ပြန်ပါတယ်။
>>>
>>> (၉) ထပ်တလဲလဲ တပ်မက်နှစ်သက်တဲ့ သဘော (တဏှာ) ဖြစ်လာတဲ့ အခါ အာရုံတွေ အပေါ်
>>> စွဲလန်းမှု (ဥပါဒါန) အမျိုးမျိုး ဖြစ်ပေါ်လာပါတယ်။ အတ္တ ကို စွဲလန်းတယ် ဘ၀ ကို
>>> ဒိဋ္ဌိကို ကာမဂုဏ်အာရုံတွေ ကို စွဲလန်းတယ် စသဖြင့် စွဲလန်းမှု (ဥပါဒါန)
>>> အမျိုးမျိုး ဖြစ်ပေါ်လာပါတယ်။
>>>
>>> (၁၀) စိတ်သဏ္ဍာန်မှာ နဂိုရှိနေတဲ့ အ၀ိဇ္ဇာ အာသ၀တရားတွေ ရယ် ဖဿ ဝေဒနာတွေ
>>> ရယ်ပေါင်းစပ်လို့ ဖြစ်ပေါ်လာတဲ့ တပ်မက်နှစ်သက်တဲ့ သဘော (တဏှာ) စွဲလန်းမှု
>>> (ဥပါဒါန) အမျိုးမျိုး တွေ ကြောင့် အချစ် အမုန်း အမိုက် တုန့်ပြန်မှုတွေ
>>> ထပ်ဖြစ်ပါတယ်။ အဘိသင်္ခါရ သဘော ဆောင်တဲ့ ကမ္မဘ၀ တွေ ကမ္မသတ္တိတွေ ကို
>>> ဖြစ်ပေါ်စေပြန်ပါတယ်။
>>>
>>> (၁၁) ကမ္မဘ၀ တွေ ကမ္မသတ္တိတွေ ကြောင့် ဘ၀တစ်ခု ပြတ်စဲချုပ်ငြိမ်း ပြီးတဲ့ အခါ
>>> နောက် ဘ၀သစ်ရဲ့ ပထမဆုံးစိတ် (ပဋိသန္ဓေစိတ်) ကို ဖြစ်စေပါတယ်။ ထိုမှတဆင့်
>>> မွေးဖွားခြင်း (ဇာတိ) ကို ဖြစ်စေတယ်။
>>>
>>> (၁၂) မွေးဖွားခြင်း (ဇာတိ) ဖြစ်တော့ သတ္တ၀ါ ဟာ လောက ဘုံဘ၀တစ်ခုထဲ
>>> ကျရောက်ရတယ်။ အိုခြင်း နာခြင်း သေခြင်းနဲ့တစ်ကွ အဆုံးအပိုင်းအခြားမရှိတဲ့
>>> သောက
>>> ပရိဒေ၀ ဒေါမနဿ ဒုက္ခတရားစု တွေ ဆက်ဆက် ဖြစ်ပေါ်ရပါတယ်။
>>>
>>> ဒါကတော့ မထားသီ သိချင် တဲ့ အ၀ိဇ္ဇာတဏှာ တရားစု တွေ ကြောင့် ကိလေသာဝဋ် ကမ္မ၀ဋ်
>>> ၀ိပါက၀ဋ် တွေ တရစပ် လည် ပုံ ပဲ ဖြစ် ပါတယ်။ စွဲမှီဖြစ်ပွားတဲ့ အတ္တ မပါ တဲ့
>>> အနတ္တ သုညတ ဖြစ်စဉ် ကြီးသာ ဖြစ် ပါတယ်။
>>>
>>> *ပဋိစ္စသမုပ္ပါဒ သဘောတရား ရဲ့ နက်နဲမှု*
>>>
>>> ဒီ ဖေါ်ပြခဲ့တာ ကတော့ အကြောင်းအထောက်အပံ့တရားများအပေါ် စွဲမှီဖြစ်ပွားတဲ့
>>> သဘောတရား (ပဋိစ္စသမုပ္ပါဒ) ရဲ့ မြင်ကွင်းအကျဉ်းပါပဲ။ အဘိဓမ္မာစာပေ မှာ တော့
>>> ဒါကို
>>> အကျယ်ချဲ့ပြီး အသေးစိတ်သရုပ်ခွဲကြမှာပါ။ ဒီနေရာ မှာ အဓိက ပြောချင်တာ ကတော့
>>> ဗုဒ္ဓရှင်တော် ရှင်းပြတဲ့ အချင်းအရာ နိဒါန ကွင်းဆက် (၁၂) ပါဝင်တဲ့
>>> ပဋိစ္စသမုပ္ပါဒ
>>> ဖြစ်စဉ်ထဲ မှာ အတ္တ ဇီဝ နဲ့ ပရမတ္တမ ဣဿရဒေ၀ တို့ အတွက် နေရာ မရှိဘူး
>>> ဆိုတာပါပဲ။
>>> နိဒါန ကွင်းဆက် (၁၂) ခု ဟာ တစ်ခု နဲ့ တစ်ခု ချိတ်ဆက် မှီတွယ် ထောက်တည် ပြီး
>>> အဆင့်ဆင့် ဖြစ်ပွား ပြောင်းလဲ နေရာ မှာ တစ်ခဏလေး တောင် ရပ်တန့်
>>> တည်နေနိုင်တဲ့
>>> စွမ်းရည် မရှိပါဘူး။ တည်နေနိုင်တဲ့ ဋ္ဌီတိဘာဝ မရှိတဲ့ လောက မှာ အတ္တ ဇီဝ နဲ့
>>> ပရမတ္တမ ဣဿရဒေ၀ တို့ အတွက် နေရာ မရှိ နိုင်ပါ။
>>>
>>>
>>>
>>> ဒါကို ဖတ်ကြည့် တော့ အော် လွယ်သားပဲ လို့ ထင်ကောင်းထင်မယ်။ ဒါပေမဲ့
>>> စွဲမှီဖြစ်ပွားတဲ့သဘောတရား (ပဋိစ္စသမုပ္ပါဒ) ဟာ ဗုဒ္ဓဓမ္မတစ်ခုလုံးရဲ့ အမတေ
>>> နှလုံးသည်းပွတ် ၀ိညာဉ် ဖြစ်သလို အနက်နဲ ဆုံးဓမ္မတရားလဲ ဖြစ်ပါတယ်။ ဘုရားရှင်
>>> ကိုယ်တိုင် က ဒီတရား ကို သတ္တ၀ါတွေ မသိလို့ ဘ၀သစ် အဖန်တလဲလဲ မွေးဖွား
>>> ဖြစ်ခြင်း
>>> ရဲ့ သံသရာ မှာ ပြေးသွား ကျင်လည် နေရတယ် လို့ ဆိုခဲ့ပါတယ်။
>>>
>>>
>>>
>>> တစ်ခါတုန်း က ရှင်အာနန္ဒာ က သူ့ အတွက် ဒီ ပဋိစ္စသမုပ္ပါဒ သဘာတရား ဟာနက်ယောင်
>>> ထင် ရပေမဲ့ နားလည် ဖို့ လွယ်ကူကြောင်းဘုရားရှင် ကို လျှောက်ထား တဲ့ အခါ မှာ
>>> ဘုရားရှင်က ဒီ လို မဆို ဖို့ တားမြစ်တော်မူပြီးတော့ ပဋိစ္စသမုပ္ပါဒ သဘာတရား
>>> ဟာနက်ယောင် ထင်ရ သလို အမှန်တကယ်လဲ နက်နဲ တဲ့ အကြောင်း ဘုရားတည်းဟူသော အမှီ
>>> သဟဲ
>>> ရရှိသောကြောင့်သာ ရှင် အာနန္ဒာ အနေနဲ့ နားလည်ရလွယ်ကူ သယောင် ဖြစ်နေတာ
>>> ဖြစ်ကြောင်း ကို မိန့်ကြားပါတယ်။
>>>
>>> ပဋိစ္စသမုပ္ပါဒ သဘောတရား ဟာ ဥာဏ်သက်ဝင်ဖို့ ခက်တဲ့ အကြောင်းကတော့ လူသားတွေ
>>> အနေ နဲ့ ခိုင်မာတဲ့ အတ္တ အရှိတရားအပေါ် စွဲ လန်းမှု က အရမ်းကို နက်ရှိုင်းစွာ
>>> အမြစ်တွယ်နေလိုပါပဲ။ ဘ၀သစ် အဖန်တလဲလဲ မွေးဖွား ဖြစ်ခြင်း ရဲ့ သံသရာ အကြောင်း
>>> စဉ်းစားတဲ့ အခါ ခိုင်မာတဲ့ အတ္တအရှိတရားအပေါ် စွဲ လန်းမှု က ပါးပါးလေး
>>> နောက်ကွယ်မှာ ရပ်နေပြီး လူသားတွေ ရဲ့ အမြင် ကို လွမ်းမိုးနေပါတော့တယ်။
>>>
>>>
>>> 2012/10/10 Ma Htar Thi <htarthi2010@gmail.com>
>>>
>>>>
>>>> အဝိဇ္ဇာတဏှာသံသရာစက်ဝိုင်းကိုနားမလည်လို့ပါရှင်ကျေးဇူးပြုပြီးရှင်းပြပေးပါအုံးရှင့်
>>>>
>>>> ကျေးဇူးတင်စွာဖြင့်
>>>>
>>>> 2012/10/10 Lynn Htet Swe <myatchitshin@gmail.com>
>>>>
>>>>> မထားသီ ရေ..
>>>>>
>>>>> (၁) ပိဋကတ်တစ်နေရာဆိုတာ အဂုင်္တ္တိုရ်နိကယ် စတုက္ကနိပါက် က ဒေါဏသုတ် မှာ ဖြစ်
>>>>> ပါတယ်။ ဒေါဏ ပုဏ္ဏား က အရှင် ဟာ လူဖြစ်မယ့်သူလား နတ်ဖြစ်မယ့်သူလား ဂန္ဓဗ္ဗ
>>>>> ဖြစ်မယ် သူလား မေးတော့ ဗုဒ္ဓ က မိမိ ဟာ အာသဝေါတရားဟူသမျှ နုတ်ပယ်ပြီးသူ
>>>>> ဖြစ်လို့ ဒီ အတိုင်းအတာ တွေ ကို ကျော်လွန် ကြောင်း ဓမ္မ ကို သိမြင်သူ ဗုဒ္ဓ
>>>>> သာ
>>>>> ဖြစ်ကြောင်း မိန့်တော် မူပါတယ်။ မူရင်းသုတ် ကို ကြည့် ပါ။
>>>>>
>>>>> ၆-ဒေါဏသုတ်
>>>>>
>>>>> ၃၆။ အခါတစ်ပါး၌ မြတ်စွာဘုရားသည် ဥက္ကဋ္ဌမြို့နှင့် သေတဗျမြို့အကြား၌ ခရီးရှည်
>>>>> ကြွတော်မူ၏၊ ဒေါဏပုဏ္ဏားသည်လည်း ဥက္ကဋ္ဌမြို့နှင့် သေတဗျမြို့အကြား၌
>>>>> ခရီးရှည်သွား၏၊ ဒေါဏပုဏ္ဏားသည် မြတ်စွာဘုရား၏ ခြေတော်ရာတို့၌
>>>>> အကန့်တစ်ထောင်ရှိသော အကွပ်နှင့်တကွ ဖြစ်ကုန်သော ပုံတောင်းနှင့် တကွ
>>>>> ဖြစ်ကုန်သော အလုံးစုံသော အခြင်းအရာတို့နှင့် ပြည့်စုံသော စက် (လက္ခဏာ)
>>>>> တို့ကို
>>>>> မြင်လေသော် ''အချင်းတို့ အံ့ဖွယ်ရှိစွတကား၊ မဖြစ်ဖူးမြဲ ဖြစ်စွတကား၊
>>>>> ဤခြေရာတို့သည် စင်စစ် လူဖြစ်သူ၏ ခြေရာတို့ ဖြစ်နိုင်လိမ့်မည်
>>>>> မဟုတ်ကုန်''ဟု
>>>>> အကြံဖြစ်၏။ ထိုအခါ မြတ်စွာဘုရားသည် ခရီးလမ်းမှ ဖဲ၍ တစ်ခုသော သစ်ပင်ရင်း၌
>>>>> ထက်ဝယ် ဖွဲ့ခွေပြီးလျှင် ကိုယ်ကို ဖြောင့်မတ်စွာထား၍ (ကမ္မဋ္ဌာန်းသို့)
>>>>> ရှေးရှု
>>>>> သတိကို ဖြစ်စေလျက် (သီတင်းသုံး) ထိုင်နေတော်မူ၏။ ထိုအခါ ဒေါဏပုဏ္ဏားသည်
>>>>> မြတ်စွာဘုရား၏ ခြေတော်ရာတို့သို့ အစဉ်လိုက်လတ်သော် တစ်ခုသော သစ်ပင်ရင်း၌
>>>>> ကြည်ညိုဖွယ်ရှိသော ကြည်ညိုစိတ်ကို ဖြစ်စေနိုင်သော ငြိမ်သက်သော
>>>>> ဣနြေ္ဒငြိမ်သက်သော စိတ်ရှိသော မြတ်သော အရဟတ္တဖိုလ် ယင်း
>>>>> အရဟတ္တဖိုလ်နှင့်ယှဉ်သော
>>>>> သမာဓိသို့ရောက်လျက် ယဉ်ကျေးပြီး စောင့်စည်းပြီး ထိန်းသိမ်းပြီးသော
>>>>> ဣနြေ္ဒရှိသော
>>>>> ဆင်ပြောင်ကြီးအလား ထိုင်နေသော မြတ်စွာဘုရားကို မြင်၍ မြတ်စွာဘုရားထံသို့
>>>>> ချဉ်းကပ် ပြီးလျှင် အသျှင်သည် နတ်ဖြစ်လိမ့်မည်လောဟု မြတ်စွာဘုရားအား
>>>>> လျှောက်၏။
>>>>>
>>>>> ပုဏ္ဏား ငါသည် နတ်ဖြစ်လိမ့်မည် မဟုတ်ဟု (မိန့်တော်မူ၏)။ အသျှင်သည်
>>>>> ဂန္ဓဗ္ဗနတ်ဖြစ်လိမ့်မည် လောဟု (လျှောက်ပြန်၏)။ ပုဏ္ဏား ငါသည်
>>>>> ဂန္ဓဗ္ဗနတ်ဖြစ်လိမ့်မည် မဟုတ်ဟု (မိန့်တော်မူ၏)။ အသျှင်သည်
>>>>> ဘီလူးဖြစ်လိမ့်မည်လောဟု (လျှောက်ပြန်၏)။ ပုဏ္ဏား ငါသည် ဘီလူးဖြစ်လိမ့်မည်
>>>>> မဟုတ်ဟု (မိန့်တော်မူ၏)။ အသျှင်သည် လူဖြစ်လိမ့်မည်လောဟု (လျှောက်ပြန်၏)။
>>>>> ပုဏ္ဏား ငါသည် လူဖြစ်လိမ့်မည် မဟုတ်ဟု (မိန့်တော်မူ၏)။
>>>>>
>>>>> အသျှင်သည် နတ်ဖြစ်လိမ့်မည်လောဟု မေးလတ်သော် ''ပုဏ္ဏား ငါသည်
>>>>> နတ်ဖြစ်လိမ့်မည်မဟုတ်''ဟု မိန့်တော်မူဘိ၏။ အသျှင်သည် ဂန္ဓဗ္ဗနတ်
>>>>> ဖြစ်လိမ့်မည်လောဟု မေးလတ်သော် ''ပုဏ္ဏား ငါသည် ဂန္ဓဗ္ဗနတ်ဖြစ်လိမ့်မည်
>>>>> မဟုတ်''ဟု
>>>>> မိန့်တော်မူဘိ၏။ အသျှင်သည် ဘီလူးဖြစ်လိမ့်မည်လောဟု မေးလတ် သော် ''ပုဏ္ဏား
>>>>> ငါသည်
>>>>> ဘီလူးဖြစ်လိမ့်မည် မဟုတ်''ဟု မိန့်တော်မူဘိ၏။ အသျှင်သည် လူဖြစ်လိမ့်မည်
>>>>> လောဟု
>>>>> မေးလတ်သော် ''ပုဏ္ဏား ငါသည် လူဖြစ်လိမ့်မည် မဟုတ်''ဟု မိန့်တော်မူဘိ၏။
>>>>> သို့ဖြစ်လျှင် အသျှင်သည် အဘယ်သို့သော ပုဂ္ဂိုလ် ဖြစ်ပါလိမ့်မည်နည်းဟု
>>>>> (လျှောက်၏)။
>>>>>
>>>>> ပုဏ္ဏား ငါသည် အကြင် အာသဝေါတရားတို့ကို မပယ်ရသေးသောကြောင့် နတ်ဖြစ်ရာ၏၊ ထို
>>>>> အာသဝေါတရားတို့ကို ငါပယ်ပြီးပြီ၊ အမြစ်ရင်းကို ဖြတ်ပြီးပြီ၊ နုတ်ပြီးသော
>>>>> ထန်းပင်ရာကဲ့သို့ ပြုပြီးပြီ၊ တစ်ဖန် မဖြစ်နိုင်အောင် ပြုပြီးပြီ၊
>>>>> နောင်တစ်ဖန်
>>>>> မဖြစ်ခြင်းသဘော ရှိပြီ။ ပုဏ္ဏား ငါသည် အကြင် အာသဝေါတရားတို့ကို
>>>>> မပယ်ရသေးသောကြောင့် ဂန္ဓဗ္ဗနတ်ဖြစ်ရာ၏၊ ဘီလူးဖြစ်ရာ၏၊ လူဖြစ်ရာ၏၊ ထို
>>>>> အာသဝေါတရားတို့ကို ငါပယ်ပြီးပြီ၊ အမြစ်ရင်းကို ဖြတ်ပြီးပြီ၊ နုတ်ပြီးသော
>>>>> ထန်းပင်ရာကဲ့သို့ ပြုပြီးပြီ၊ တစ်ဖန် မဖြစ်နိုင်အောင် ပြုပြီးပြီ၊
>>>>> နောင်တစ်ဖန်
>>>>> မဖြစ်ခြင်းသဘော ရှိပြီ။ ပုဏ္ဏား ရေ၌့ပေါက်သော ရေ၌ ကြီးပွါးသော
>>>>> ဥပ္ပလကြာသည်လည်းကောင်း၊ ပဒုမ္မာကြာသည်လည်းကောင်း၊ ပုဏ္ဍရိက်ကြာသည်လည်းကောင်း
>>>>> ရေမှ
>>>>> အထက်သို့ တက်၍ ရေဖြင့် မလိမ်းကျံဘဲ တည်သကဲ့သို့၊ ပုဏ္ဏား ဤအတူသာလျှင် လောက၌
>>>>> ဖြစ်သော လောက၌ ကြီးပွါးသော ငါသည် လောကကို လွှမ်းမိုး၍ (သင်္ခါရ) လောကနှင့်
>>>>> လိမ်းကျံကပ်ငြိခြင်း မရှိဘဲ နေ၏၊ ပုဏ္ဏား (ထို့ကြောင့်) ငါ့ကို ''ဗုဒ္ဓ''ဟု
>>>>> သိမှတ်လေလော့ဟု (မိန့်တော်မူ၏)။
>>>>>
>>>>> ပုဏ္ဏား အကြင် အာသဝေါတရားကြောင့် နတ်ဖြစ်ရာ၏၊ ကောင်းကင်သို့ သွားသော
>>>>> ဂန္ဓဗ္ဗနတ်ဖြစ်ရာ၏၊ အကြင် အာသဝေါတရားကြောင့် ဘီလူးအဖြစ်သို့ ရောက်ရာ၏၊
>>>>> လူအဖြစ်သို့လည်း ရောက်ရာ၏၊ ငါ့အား ထို အာသဝေါတရားတို့ ကုန်ပြီ၊ ဖျက်ဆီး
>>>>> အပ်ကုန်ပြီ၊ အနှောင်အဖွဲ့ကင်းအောင် ပြုပြီးကုန်ပြီ။ ကောင်းသော
>>>>> ကြာပုဏ္ဍရိက်သည်
>>>>> ရေဖြင့် မလိမ်းကျံသကဲ့သို့၊ ထို့အတူ သခ င်္ါရ လောကနှင့် မလိမ်းကျံပေ၊ ပုဏ္ဏား
>>>>> ထို့ကြောင့် ငါသည် 'ဗုဒ္ဓ' ဖြစ်၏။
>>>>>
>>>>> (၂) မံသစက္ခု ဆိုတာ ပကတိ မျက်စိ ပါ။ ၀ိပါက၀ဋ်ကြောင့် ဖြစ်ရတဲ့ အကျိုးခန္ဓာ
>>>>> ဖြစ်ပါတယ်။ ဓမ္မစက္ခု က တော့ မဂ္ဂင် ၈ ပါး ကို အားထုတ် လို့ သစ္စာ လေးပါး ကို
>>>>> အဆုံးစွန် သိမြင်သော အရဟတ္တမဂ်ဥာဏ်မျက်စိ ဖြစ်ပါတယ်။
>>>>>
>>>>> (၃) အ၀ိဇ္ဇာ နဲ့ တဏှာ ဆို တာ တွေ က သံသရာ ရဲ့ မူလရင်းမြစ် အကြောင်းတရား=
>>>>> ကိလေသာဝဋ် တွေ ဖြစ်ပါတယ်။ အရဟတ္တမဂ်ဥာဏ်မျက်စိ ကို ရမှ အ၀ိဇ္ဇာ နဲ့ တဏှာ ဆို
>>>>> တာ
>>>>> တွေ က အသေသနိရောဓ ဖြစ်ပြီး အကြွင်းမဲ့ ချုပ် ပါတယ်။
>>>>>
>>>>> ချမ်းမြေ့ ပါစေ။
>>>>>
>>>>> 2012/10/10 Ma Htar Thi <htarthi2010@gmail.com>
>>>>>
>>>>>>
>>>>>> မသိလိုမေးပါရစေရှင့်ပိဋကတ်တစ်နေရာဆိုတာဘယ်နေရာကိုပြောတာလဲဓမ္မစက္ခုနှင့်မံသစက္ခုဆိုတာဘာကိုပြောတာပါလဲရှင့်အဝိဇ္ဇာတဏှာအကြောင်းလေး
>>>>>> ပါရှင်းပြပေးပါရှင့်ကျေးဇူးတင်စွာဖြင့်
>>>>>>
>>>>>> 2012/10/10 Lynn Htet Swe <myatchitshin@gmail.com>
>>>>>>
>>>>>>> ဒါက ဗုဒ္ဓ ကို လူသားတစ်ယောက် အနေနဲ့ မြင်တဲ့ အပေါ်မှာ အခြေခံ လို့ အရေး
>>>>>>> အရာ လုပ်ပြီး ပြော နေကြ တာ ဖြစ်တယ်။
>>>>>>> တစ်ခါ က ပြောခဲ့ ပြီးပြီ... ပိဋကတ် တစ်နေရာ မှာ ဗုဒ္ဓ က သူ့ ကိုယ်သူ လူ
>>>>>>> မဟုတ်ဘူး လို့ တောင် ပြောခဲ့ ပြီးပြီ။
>>>>>>> ငါဟာ လူလဲ မဟုတ် နတ်လဲမဟုတ် ဂန္ဓဗ္ဗ လဲ မဟုတ် ငါဟာ တထာဂတ သာ ဖြစ်တယ် လို့
>>>>>>> အတိအလင်း ကြေညာ ပြီးပြီပဲ။
>>>>>>> အခု လူသား တွေ ကိုးကွယ် ကြ သိကြ ရန်ဖြစ်ကြ စွဲလန်းကြတဲ့ ဗုဒ္ဓ ဟာ
>>>>>>> ဗုဒ္ဓအစစ် မဟုတ်ပါ။
>>>>>>> ဗုဒ္ဓအစစ် က မံသစက္ခု နဲ့ မတွေ့ နိုင် မဖူးနိုင်လို့ ပါပဲ။ ဒါက
>>>>>>> သိပ်နက်ရှိုင်းတဲ့ ကိစ္စ..ဓမ္မစက္ခု အမြင် ရဲ့ ကိစ္စ ဖြစ်တယ်။
>>>>>>> ၀က္ကလိရဟန်း ကို ဘုရား က ပြောတယ်..ဓမ္မ ကို မြင်သူ သာ ဗုဒ္ဓ ကို မြင်တယ်။
>>>>>>> ဓမ္မ ကို မမြင် ရင် ဗုဒ္ဓ ကို မမြင်နိုင်ဘူး လို့ ဆို တယ်။ မျက်စိနဲက
>>>>>>> မြင်နိုင်တာ က ယသောဓရာ ရဲ့ လင်ယောက်ျားဖြစ်ဖူးသူ ရာဟုလာရဲက အဖေ ကို သာ
>>>>>>> ဖြစ်တယ်..။ ဗုဒ္ဓအစစ် ကို မဟုတ်။ ဗုဒ္ဓစစ် မှာ လူမျိုး ဘာသာ အသွေးအရောင်
>>>>>>> ကျားမ
>>>>>>> သဘော တွေ မရှိ နတ္ထိ။
>>>>>>>
>>>>>>> ဒီတော့ ခု ပြော နေကြ တဲ့ ဗုဒ္ဓ က တရုပ် ကုလား နိပေါ စတာ တွေ က အ၀ိဇ္ဇာ
>>>>>>> တဏှာ တွေ ရဲ့ လှည့်စားမှု အသံ တွေ ပဲ ဖြစ်တယ်။
>>>>>>>
>>>>>>> ကိုယ်တိုင် ဓမ္မစက္ခု ရဖို့ သာ ကြိုးစားကြပါ။ ဓမ္မ ကို မြင်သူ သာ ဗုဒ္ဓ ကို
>>>>>>> မြင်တယ်..ဓမ္မ နဲ့ ဗုဒ္ဓအစစ် ကို မြင်ပြီးသူ အတွက် ငြင်းစရာလဲ မရှိတော့
>>>>>>> ပါ။
>>>>>>>
>>>>>>>
>>>>>>> 2012/10/10 Arrakan Foundation <arrunkha@gmail.com>
>>>>>>>
>>>>>>>> ထပ်ငြင်းခုံချင်သေးတယ်ထင်ပါတယ်။ ဆက်မဆွေးနွေးယင်ကောင်းပါတယ်။
>>>>>>>>
>>>>>>>>
>>>>>>> --
>>>>>>> မှော်ဆရာအဖွဲ့ မှ နေ့ စဉ်မေးလ်များ ရယူလိုပါက
>>>>>>> http://groups.google.com/group/mrsorcerer/subscribe?hl=en ကို
>>>>>>> နှိပ်ပြီး မန်ဘာဝင်နိုင်ပါသည် ။
>>>>>>> မန်ဘာဝင်များ မိမိတို.သိထားသည်များကို မျှဝေလိုပါက
>>>>>>> mrsorcerer@googlegroups.com သို. မေးလ်ပို.နိုင်ပါသည် ။
>>>>>>> မှော်ဆရာအဖွဲ့ မှ နှုတ်ထွက်လိုလျှင်
>>>>>>> mrsorcerer+unsubscribe@googlegroups.com ကိုနှိပ်ပြီး မေးလ်ပို.ပါ ။
>>>>>>>
>>>>>>> စာလက်ခံလိုသည့်ပုံစံ ပြင်လိုလျှင်
>>>>>>> http://groups.google.com/group/mrsorcerer?hl=en ကို သွားပါ ။
>>>>>>> မှော်ဆရာ အဖွဲ့ ၏ စည်းကမ်းများကို သိလိုလျှင်
>>>>>>> http://groups.google.com/group/mrsorcerer/browse_thread/thread/af2f4a1d44d4d909?hl=enတွင်
>>>>>>> ဖတ်ရှုနိုင်ပါသည် ။
>>>>>>>
>>>>>>> Facebook (FB) မှော်ဆရာအဖွဲ့သို့ Mail ပို့လိုလျှင်
>>>>>>> mrsorcerer2@groups.facebook.com
>>>>>>> FB မှော်ဆရာအဖွဲ့သို့ ၀င်ရန်
>>>>>>> http://www.facebook.com/home.php?sk=group_173571176006981&ap=1
>>>>>>>
>>>>>>> မှော်ဆရာ အဖွဲ့ နှင့်ပက်သက်၍ ဝေဖန်အကြံပြုလိုပါက >>>
>>>>>>> ဦးဦး မှော်ဆရာ ( mrsorcerer9@gmail.com, mrsorcerer27@gmail.com )
>>>>>>> ထံသို.
>>>>>>> ပေးပို.နိုင်ပါသည် ။
>>>>>>>
>>>>>>> ခင်မင်စွာဖြင့်
>>>>>>> ဦးဦး မှော်ဆရာ
>>>>>>>
>>>>>>
>>>>>>
>>>>>
>>>>
>>>
>>
>
> --
> မှော်ဆရာအဖွဲ့ မှ နေ့ စဉ်မေးလ်များ ရယူလိုပါက
> http://groups.google.com/group/mrsorcerer/subscribe?hl=en ကို နှိပ်ပြီး
> မန်ဘာဝင်နိုင်ပါသည် ။
> မန်ဘာဝင်များ မိမိတို.သိထားသည်များကို မျှဝေလိုပါက
> mrsorcerer@googlegroups.com သို. မေးလ်ပို.နိုင်ပါသည် ။
> မှော်ဆရာအဖွဲ့ မှ နှုတ်ထွက်လိုလျှင် mrsorcerer+unsubscribe@googlegroups.com
> ကိုနှိပ်ပြီး မေးလ်ပို.ပါ ။
> စာလက်ခံလိုသည့်ပုံစံ ပြင်လိုလျှင်
> http://groups.google.com/group/mrsorcerer?hl=en ကို သွားပါ ။
> မှော်ဆရာ အဖွဲ့ ၏ စည်းကမ်းများကို သိလိုလျှင်
> http://groups.google.com/group/mrsorcerer/browse_thread/thread/af2f4a1d44d4d909?hl=en
> တွင် ဖတ်ရှုနိုင်ပါသည် ။
>
> Facebook (FB) မှော်ဆရာအဖွဲ့သို့ Mail ပို့လိုလျှင်
> mrsorcerer2@groups.facebook.com
> FB မှော်ဆရာအဖွဲ့သို့ ၀င်ရန်
> http://www.facebook.com/home.php?sk=group_173571176006981&ap=1
>
> မှော်ဆရာ အဖွဲ့ နှင့်ပက်သက်၍ ဝေဖန်အကြံပြုလိုပါက >>>
> ဦးဦး မှော်ဆရာ ( mrsorcerer9@gmail.com, mrsorcerer27@gmail.com ) ထံသို.
> ပေးပို.နိုင်ပါသည် ။
>
> ခင်မင်စွာဖြင့်
> ဦးဦး မှော်ဆရာ
>
--
မှော်ဆရာအဖွဲ့ မှ နေ့ စဉ်မေးလ်များ ရယူလိုပါက http://groups.google.com/group/mrsorcerer/subscribe?hl=en ကို နှိပ်ပြီး မန်ဘာဝင်နိုင်ပါသည် ။
မန်ဘာဝင်များ မိမိတို.သိထားသည်များကို မျှဝေလိုပါက mrsorcerer@googlegroups.com သို. မေးလ်ပို.နိုင်ပါသည် ။
မှော်ဆရာအဖွဲ့ မှ နှုတ်ထွက်လိုလျှင် mrsorcerer+unsubscribe@googlegroups.com ကိုနှိပ်ပြီး မေးလ်ပို.ပါ ။
စာလက်ခံလိုသည့်ပုံစံ ပြင်လိုလျှင် http://groups.google.com/group/mrsorcerer?hl=en ကို သွားပါ ။
မှော်ဆရာ အဖွဲ့ ၏ စည်းကမ်းများကို သိလိုလျှင် http://groups.google.com/group/mrsorcerer/browse_thread/thread/af2f4a1d44d4d909?hl=en တွင် ဖတ်ရှုနိုင်ပါသည် ။
Facebook (FB) မှော်ဆရာအဖွဲ့သို့ Mail ပို့လိုလျှင် mrsorcerer2@groups.facebook.com
FB မှော်ဆရာအဖွဲ့သို့ ၀င်ရန် http://www.facebook.com/home.php?sk=group_173571176006981&ap=1
မှော်ဆရာ အဖွဲ့ နှင့်ပက်သက်၍ ဝေဖန်အကြံပြုလိုပါက >>>
ဦးဦး မှော်ဆရာ ( mrsorcerer9@gmail.com, mrsorcerer27@gmail.com ) ထံသို.
ပေးပို.နိုင်ပါသည် ။
ခင်မင်စွာဖြင့်
ဦးဦး မှော်ဆရာ