Re: [mrsorcerer:33932] ပဋိပက္ခအတွင်းရခိုင်ရသေ့တောင်မြို့နယ်အာဏာပိုင်များနှင့် RNDP ပါတီပူးပေါင်းပြီး ရိုဟင်ဂျာများကို အကြမ်းဖက်သတ်ဖြတ်ခြင်းများကို ဖြစ်ရပ်များ

ကိုဇော်လင်းကို မေးချင်ပါတယ်။
ယခုတင်ပြသော ရိုဟင်ဂျာ များမှာ မြန်မာနိုင်ငံသားများ ဟုတ်ပါသလား။
ဟုတ်တယ်ဆိုရင် ဒီဖြစ်ရပ်အား စဉ်းစား သင့်ပါသည်။ မဟုတ်ဘူးခဲ့လျှင်
ရိုဟင်ဂျာ များကြောင့် မြန်မာ များလည်း ဆုံးရှုံးမှု့ ရှိနေပါသည်၊
ရှိခဲ့ပါသည်။ အကို သိမည်ဟု ထင်ပါသည်။
အကိုပေါ်တွင် ကျွန်တော် မည်သည့်သဘောထားမျှမရှိပါ။ ဒါပေမယ့် ဖြစ်နိုင်လျှင်
အကို ဘာလူမျိုး ဆိုသည်ကို သိချင်ပါသည်။

2012/10/12 Zaw Lin <zawlin747@gmail.com>:
> လူသားခြင်းစာနာမှုရှိကြစေရန် တင်ပြပါသည်။
>
>
> ပဋိပက္ခအတွင်းရခိုင်ရသေ့တောင်မြို့နယ်အာဏာပိုင်များနှင့် RNDP ပါတီပူးပေါင်းပြီး
> ရိုဟင်ဂျာများကို အကြမ်းဖက်သတ်ဖြတ်ခြင်းများကို ဖြစ်ရပ်များကို
>
> နိုင်ငံတော်အစိုးရနှင့် စုံစမ်းစစ်ဆေးရေးကောင်မရှင် သိစေရန် တင်ပြပါသည်။
>
> ရခိုင်ပြည်နယ်၊ ရသေ့တောင်မြို.နယ်သည် စစ်တွေ.မြို.နှင့် ဘူးသီးတောင်မြို.တို.၏
> ကြားတွင် တည်ရှိသော မြို.ဖြစ်ပါသည်။
> မြို.နယ်အတွင်းရပ်ကွက်၊ကျေးရွာပေါင်း(၉၃)ခုရှိပါသည်။
>
> ၁။ စေတီပြင်နယ်မြေ
>
> စေတီပြင်နယ်မြေအတွင်း ရွာပေါင်း(၄၀)ရှိပြီး၊ ရခိုင်အမျိုးသားရွာ
> (၂၆)ရွာရှိပါသည်။ ရိုဟင်ဂျာရွာ (၁၄)ရွာသာရှိပါသည်။ ပန်းကိုင်းရိုဟင်ဂျာရွာကို
> (၁၄.၆.၁၂)ခုနှစ် ည(၉း၀၀)နာရီအချိန်တွင် ရွာလုံးကျွတ် မီးရှိ.ခံရပြီး၊ လူ(၂)ဦး
> သေဆုံးခဲ့ပါသည်။ အိမ်ခြေ(၂၀၂)လုံး၊ ဗလီ(၂)လုံးပျက်စီးဆုံးရှုံးပြီး
> လူဦးရေ(၁၁၀၇)ဦးအိုးမဲ့အိမ်မဲ့ဖြစ်သွားခဲ့ပါသည်။ အာဏာပိုင်လည်း
> ကယ်ဆယ်ရေးပြုလုပ်ပေးခဲ့ခြင်း မရှိခဲ့ပေ။ ၎င်းမြို.နယ်ရှိ အထက်နန်းရာရိုဟင်ဂျာရွာ
> တွင် သောင်တင်လျှက်ရှိပါသည်။ ယနေ.ထိ နိုင်ငံတော်ကယ်ဆယ်ရေးနှင့်
> ပြန်လည်နေရာချထားရေး ဝန်ကြီးဋ္ဌာနမှ ကူညီခဲ့ခြင်းရှိ၊မရှိတော့မသိပါ။
> မြို.နယ်အာဏာပိုင်တွေက မည့်သည့်ပစ္စည်းတစ်စုံ၊ တစ်ခုမှကူညီးပေးခြင်း
> မရှိသည်မှာတော့ အမှန်ပင်ဖြစ်ပါသည်။
>
> စားဝတ်နေရေးအခြေအနေ
> မြန်မာနိုင်ငံလုံးဆိုင်ရာ အစ္စလာမ်သာသနာရေးအဖွဲ.မှ ကူညီထောက်ပံ့သော
> ရိက္ခာများနှင့်သာ စားတစ်လှည့်၊ ငတ်တစ်လှည့်ဖြင့် အသက်ရှင်လျှက်
> ရှိနေခြင်းဖြစ်နေပါသည်၊၊
>
> သေဆုံးသူများစာရင်း
>
> ၁၊၊ ဒေါ်မာမူသာခါတူ ၄၅နှစ် ဦးမာမတ်ဟူစိန်
> ၂၊၊ မဟာလီမာခါတူ ၁နှစ်ခွဲ ဦးအာမ်ဇာမ်ဟူဆောင်
>
> ဥစ္စာပစ္စည်းဆုံးရှို့ခံရမှုအခြေအနေ
>
>
> သိန်းပေါင်း(ခြောက်ထောင့်ခုနစ်ရာ့ ငါးဆယ်) ခန့်ဆုံးရှုံးခံရပါသည်၊၊
>
>
> ၂၊၊ လောင်ချောင်းနယ်မြေ
> လောင်ချောင်းနယ်မြေတွင် ရွာပေါင်း(၄၀)ကျော် ရှိပါသည်၊၊
> ရခိုင်အမျိုးသားရွာ(၃၅)ရွာရှိပြီး၊ ရိုဟင်ဂျာရွာ(၅)ရွာသာ ရှိပါသည်၊၊ (၁၄.၆.၁၂)ည
> အချိန်တွင် ဈေးကုန်းတန်းရိုဟင်ဂျာရွာကို မီးရှို့ခဲ့ပါသည်၊၊အိမ်ခြေ(၅၀)နှင့်
> ဗလီ(၁)လုံး၊ ရွာလုံးကျွတ်မီးရှို့ခံရပြီး လူဦးရေ(၂၂၇)ဦးကို
> ကယ်ဆယ်မှုပြုလုပ်ပေးခဲ့ခြင်းမရှိဘဲ ရှိန့်ကလီရိုဟင်ဂျာရွာတွင်
> သောင်တင်လျှက်ရှိပါသည်၊၊
>
> စားဝတ်နေရေးအခြေအနေ
> မြန်မာနိုင်ငံလုံးဆိုင်ရာ အစ္စလာမ်သာသနာရေးအဖွဲ့မှ ကူညီထောက်ပံ့သော
> စားနပ်ရိက္ခာများဖြင့်သာ စားတစ်လှည့်၊ ငတ်တစ်လှည့်ဖြင့်
> ယခုအချိန်ထိချို့ချို့ငှဲ့ငှဲ့ဖြင့် အသက်ရှင်လျှက်ရှိနေပါသည်၊၊
>
> ဥစ္စာပစ္စည်းဆုံးရှုံးမှုအခြေအနေ
> သိန်းပေါင်း(တစ်ထောင့်ခြောက်ရာ)ကျော် ဆုံးရှုံးခဲ့ပါသည်၊၊
>
> ကြက်ရိုးကုန်းတန်းရိုဟင်ဂျာကျေးရွာ
> (၁၉.၆.၁၂)ခုနှစ် ညနေ(၂း၀၀)အချန်တွင် ပေါင်းဇားကျေးရွာအုပ်စုမှ
> ကြက်ရိုးကုန်းတန်းရိုဟင်ဂျာရွာကို ရခိုင်အစွန်းရောက် အကြမ်းဖက်(၆၀၀၀)ခန့်သည်
> မီးရှို့လူသတ်ခဲ့ပါသည်၊၊ အိမ်ခြေ(၂၁၄)လုံး၊ ဗလီ(၁)လုံး၊
> ရွာလုံးကျွတ်မီးရှို့ခံရပြီး၊ လူဦးရေ(၁၁၇၁)ဦးအား အာဏာပိုင်များက ကယ်ဆယ်ရေး
> ပြုလုပ်ပေးခဲ့ခြင်းလည်းမရှိပါ၊ မိမိရွာ၌မီးလောင်ခဲ့သော ဆန်၊ စပါးကို
> စား၍ကောက်ရိုးပုံ အကာအကွယ်ယူ၍ (၂၂)ရက်လုံးလုံးနေခဲ့ပြီး ၊
> မိုးတွင်းကာလဖြစ်သဖြင့် မခံနိုင်တော့ဘဲ မိမိတို့၌ ရှိသောဥစ္စာ ပစ္စည်းများကို
> ပတ်ဝန်းကျင်ရခိုင်ရွာများအားပေးခဲ့ပြီး ကျွန်တော်တို့၏အသက်ကို
> ချမ်းသာပေးပါဟုပြောဆို၍ လမ်းဖွင့်ပေးပါသဖြင့် ရှိန့်ကလီရိုဟင်ဂျာရွာသို့
> ယနေ့ထိ ခိုလုံလျှက် ရှိပါသည်၊၊
>
> လူသေဆုံးသူစာရင်း
>
> ၁၊၊ အဒူကော်ရင်မ် ၃၉နှစ် ဦးဆွေယောသ်မာမတ်
> ၂၊၊ မမိုင်မူနာ ၂၅နှစ် ဦးအဒူရာမာန်
> ၃၊၊ မဆွေယောဒါဘေဂေါင်မ် ၅ နှစ် ဦးမာမတ်တော်ယူဗ်
> ၄၊၊ ခိုင်ရူရီယာသ် ၃ နှစ် ဦးအဘူအူစ္စမိုင်လ် ဦးဘစိန်
> ၅၊၊ မဆွေယောဒါခါတူ ၁လ ဦးဆွေယောသ်အာလောင်မ်
>
> ဥစ္စာပစ္စည်းဆုံးရှို့မှုအခြေအနေ
>
>
> သိန်းပေါင်း(၈၅၀၀)ခန့်ဆုံးရှုံးခဲ့ပါသည်၊၊
>
>
> မဟာမြိုင်ကျေးရွာအုပ်စုမှ ဖရန်ချောင်းရိုဟင်ဂျာရွာ
> (၂၇.၇.၁၂)ခုနှစ်တွင် လုံခြုံရေးတပ်ဖွဲ့များ ရောက်ရှိလာသဖြင့် ရခိုင်အစွန်းရောက်
> အကြမ်းဖက် သမားများက အကြမ်းမဖက်နိုင်ခဲ့သော်လည်း
> မြို့နယ်အထွေထွေအုပ်ချုပ်ရေးမှူး ဦးဇေဝဏ္ဏလှိုင် (ခ.လ.ရ)၅၃၈မှ
> ဗိုလ်မှူးသက်နေယု၊ မြို့နယ်ရဲတပ်ဖွဲ့ ဒု-ရဲမှူးဥင်္ီးအောင်မြင့်ကြည်၊ RNDP ပါတီမှ
> ဦးလှမောင်သိန်းတို့ ကရွာသားများကို မတရားရိုက်နှက်၍ ရွာသား၌ရှိသော ရွှေ၊ငွေ
> ဥစ္စာပစ္စည်းများကို လုယူခဲ့ပါသည်၊၊ ရွာသားများကို မိမိတို့သဘာဖြင့်
> မိမိတို့ပြောင်းရွှေ့သွားပါသည်ဟု ပြောဆိုစေ၍ အတင်းအကြပ်
> လက်မှတ်ရေးထိုးခိုင်းပြီး အိမ်ခြေ(၁၄၁)လုံး၊ ဗလီ(၁)လုံး၊
> မိမိတို့ပိုင်ဆိုင်သောကျွဲ၊ နွား၊ လယ်၊မြေများကို စွန့်လွှတ်ခိုင်းစေပြီး
> လူဦးရေ(၆၆၉)ဦးအား ရှိန့်ကလီရိုဟင်ဂျာရွာသို့ပင် ခိုလုံနေထိုင်လျှက်ရှိပါသည်၊၊
>
> ဥစ္စာပစ္စည်းဆုံးရှုံးမှုအခြေအနေ
>
>
> သိန်းပေါင်း(လေးထောင်ရှစ်ရာကျော်)ဆုံးရှုံးခဲ့ပါသည်၊၊
>
> ၃၊၊ ကူတောင်နယ်မြေ
> ကူတောင်နယ်မြေတွင် ရွာပေါင်း(၂၄)ရွာ ရှိပါသည်၊၊ ရခိုင်အမျိုးသားရွာ (၂၂)ရှိပြီး
> ၊ ရိုဟင်ဂျာရွာ(၂)ရွာ သာရှိပါသည်၊၊ (၁၉.၆.၁၂)ခုနှစ် နံနက်(၇း၃၀)အချိန်တွင်
> ရခိုင်အစွန်းရောက် အကြမ်းဖက်သမား (၆၀၀၀)ကျော်ခန့်သည် အနောက်ပြင်ရိုဟင်ဂျာရွာအား
> ကျူးကျော်ဝင်ရောက်လာပြီး အကြမ်းဖက်၊ မီးရှို့ခြင်း၊ လူသတ်ခြင်း
> ၊ဥစ္စာပစ္စည်းလုယူခြင်းတို့ ကြောင့်ပြန်လည် ခုခံရာတွင် ရိုဟင်ဂျာ(၈)ဦး သေဆုံး၍
> လူပေါင်း(၁၀၀)ဝန်းကျင် ဒဏ်ရာရခဲ့ပါသည်၊၊ အိမ်ခြေ(၅၆၁)လုံးအနက်
> (၅၈)လုံးမီးရှို့ခံ ခဲ့ရပါသည်၊၊ လူဦးရေ(၃၁၅၀)ဦး အတိဒုက္ခ ရောက်နေပါသည်၊၊
>
> လူသေဆုံးသူစာရင်း
>
> ၁၊၊ ဦးယာကူဗ် ၂၂ နှစ် ဦးကာလူကြီး
> ၂၊၊ ဦးလာလူ ၂၅ နှစ် ဦးနာဂူ(ခ)ဦးမာမတ်
> ၃၊၊ မဘူးရီဘီ ကိုယ်ဝန်ဆောင် ၂၂ နှစ် ဦးဒီလ်မာမတ်
> ၄၊၊ ဦးအဒူချူကူရ် ၃၁ နှစ် ဦးအာလီယာဘောရ်
> ၅၊၊ ဦးအာမာန်နူလ္လာ ၂၅ နှစ် ဦးနူရ်မာမတ်
> ၆၊၊ ဦးဂျော်မီရ် ၃၅ နှစ် ဦးဇော်ဘောရ်
> ၇၊၊ ဦးအီဆူဖ် ၂၁ နှစ် ဦးနူရ်အာလောင်မ်
> ၈၊၊ ဦးဇော်မီရ် ၂၈ နှစ် ဦးအာဘူ
>
> လူပျောက်ဆုံးမှုစာရင်း
> စဉ် အမည် အသက် အဘအမည်
> ၁၊၊ မာမတ်ရှမင် ၂၅ နှစ် ဦးအဒူစလာမ်
> ၂၊၊ ဦးမာမတ်ဂျော်မီရ် ၂၈ နှစ် ဦးနူရာမောက်
> ၃၊၊ ဦးကော်ဘီရာမတ် ၂၈ နှစ် ဦးဆူလ်တန်အာမောက်
> ၄၊၊ ဦးမာမတ်ရှကီးရ် ၂၅ နှစ် ဦးအဒူလာရှင်မ်
> ၅၊၊ ဦးဘူနီယာမီးန် ၂၂ နှစ် ဦးဖာရူခ်
> ၆၊၊ မာမတ်ယူနူစ် ၁၈ နှစ် ဦးချူနာမျှာ
> ၇၊၊ ဦးမာမတ်ယာကူဗ် ၂၈နှစ် ဦးချူနာမျှာ
> ၈၊၊ ဦးအဒူမူတာလီဗ် ၂၅ နှစ် ဦးအဒူလ်မာဂျီဗ်
> ၉၊၊ ဦးမာမတ်စလင်မ် ၃၀ နှစ် ဦးနူရူရာ
> ၁၀၊၊ ဦးမာမတ်ဟူဆောင် ၂၇ နှစ် ဦးအဒူမာလိတ်
> ၁၁၊၊ ဦးအဒူရာမာန် ၁၈ နှစ် ဦးအဒူခါလိတ်
> ၁၂၊၊ ဦးရော်ဖိတ် ၃၀ှစ် ဦးဒီလ်မာမတ်
> ၁၃၊၊ ဦးနော်ဘီဟူဆောင် ၁၈ နှစ် ဦးမာမတ်ဆွာလေ
> ၁၄၊၊ ဦးရော်ရှီဒူလ္လာ ၃၀ နှစ် ဦးနူရ်မာမတ်
>
> ဥစ္စာပစ္စည်းဆုံးရှုံးမှုစာရင်း
>
>
> သိန်းပေါင်း(ရှစ်ထောင်ငါးရာ)ကျော်ဆုံးရှုံးခဲ့ရပါသည်၊၊
>
> ဖမ်းဆီးခံရမှုအခြေအနေ
>
>
> (၁၉.၆.၁၂) မှ (၂၃.၆.၁၂)ထိ အသက်(၁၃)နှစ်မှ (၇၅)နှစ်အထိ လူပေါင်း(၁၇၅)ဦး အသက်
> (၁၃)အောက် ကလေး(၉)ဦးတို့ကို ဖမ်းဆီးခဲ့ပြီး၊ (၁.၈.၁၂)ခုနှစ်တွင်
> ကလေး(၉)ဦးကို ပြန်လွှတ် ပေးခဲ့သည်၊၊ ကျန်(၁၇၅)ဦးကို ရသေ့တောင်မြိုနယ်
> ရဲစခန်းမှ တရားလိုဒု-ရဲအုပ် ဦးအောင်လင်းမှ ပ-၆၄/၂၀၁၂၊ ပုဒ်မ- ၃၀၂/၃၄/၂၀၁/၁၁၄
> တို့ဖြင့် တရားစွဲဆိုရာတွင် စစ်တွေခရိုင် တရားရုံးတော်၌ ရာကြီးမှု
>
> အမှတ်၆၀/၂၀၁၂ ၊ ရာသေးမှုအမှတ်၂၀/၂၀၁၂ ၊ ဦးအဒူရာမာန် အပါ ၁၄ဦးအား ဝရမ်းပြေး
> ထုတ်ပြန်ထားပါသည်၊၊ ယခု အမှုစစ်ဆေးနေလျှက် ရှိပါသည်၊၊
>
>
> စားဝတ်နေရေးနှင့် ကျန်မာရေးအခြေအနေ
>
>
> မြန်မာနိုင်ငံလုံးဆိုင်ရာ အစ္စလာမ်သာသနာရေးအဖွဲ့မှ ကူညီထောက်ပံ့သော
> စားနပ်ရိက္ခာများဖြင့်သာ အသက်ဆက်နိုင်သော်လည်း ရွာသားများ၏ ကျန်းမာရေးကား
> အလွန်စိုးရိမ်နေရပါသည်၊၊
>
> ညောင်ပင်ကြီးကျေးရွာအုပ်စုမှ မူဇိုင်ရိုဟင်ဂျာရွာ
>
> (၁၉.၆.၁၂) ခုနှစ်တွင် ရခိုင်အစွန်းရောက် အကြမ်းသမား(၃၀၀၀)ခန့်သည်
> မူဇိုင်ရိုဟင်ဂျာရွာကို ဝိုင်းထားခဲ့သော်လည်း လုံခြုံရေးတပ်ဖွဲ့များ
> ရောက်ရှိလာသဖြင့် မီးရှို့မခံရသော်လည်း ရွာရှိ ကျွဲ၊
> နွားအားလုံးဆုံးရှုံးခံရပြီး အိမ်ခြေ(၃၂၇)လုံး၊ လူဦးရေ(၂၂၅၀) တို့
> အတိဒုက္ခရောက်နေပါသည်၊၊
>
>
>
> (၈.၇.၁၂)ခုနှစ်တွင် ကျွန်ကြီးရခိုင်ရွာမှ ဦးဆိတ်သိုးစိန်၊ ဦးအောင်လောတို့မှ
> မာမတ်အာမင်(အဘ-ဦးအဘူလာရှင်မ်)ကို ဖမ်းဆီးခေါ်ဆောင် သွားပြီးသတ်ဖြတ်ခဲ့ပါသည်၊၊
>
> ကူတောင်နယ်မြေအတွင်းရှိ ရခိုင်အမျိုးသားရွာ(၂၂)နှင့် ရိုဟင်ဂျာရွာ(၂)တို့သည်
> မိသားစု မောင်နှမသဖွယ် အတူတကွနေထိုင်ခဲ့ပြီး သာရေးနာရေးကိစ္စတို့တွင်လည်း
> တစ်ဖက်နှင့် တစ်ဖက် ကူညီစောင့်ရှောက် နေထိုင်ခဲ့ကြသူများဖြစ်ပါသည်၊၊ RNDPပါတီမှ
> သွေးထိုးနိုးဆော်မှုဖြင့် ကူတောင် နယ်မြေအတွင်း သို့လောသို့လော
> ဖြစ်ခဲ့ခြင်းဖြစ်ပါသည်၊၊ (၁၅.၆.၁၂)ခုနှစ်တွင် ဥဂါရခိုင်ရွာ၌ အကြမ်းဖက်ရန်
> အစည်းအဝေးပြုလုပ်ခဲ့သော်လည်း မအောင်မြင်ခဲ့ပါ၊၊ (၁၆.၆.၁၂)ခုနှစ်တွင်
> ကူတောင်ရခိုင်ရွာ၌ လည်းကောင်း၊ (၁၇.၆.၁၂)ခုနှစ် တွင် လေးကန် ရခိုင်ရွာတွင်
> ရသေ့တောင် မြို့ပေါ်မှ RNDPပါတီမှ ဦးလှမောင်သိန်း၊ ဦးကိုကိုမောင်၊
> ဦးမောင်လှမြင့် ၊ ဦးဝါကြီးရှည်၊ ဦးသောင်းဝင်း တို့ကိုမြို့နယ်ရဲတပ်ဖွဲ့မှူး
> ၊ဦးအောင်မြင့်ကြည်၊ မြို့နယ် အထွေထွေအုပ်ချုပ်ရေးမှူး ဦးဇေဝဏ္ဏလှိုင်၊
> ခ.လ.ရ(၃၅၈)မှ ဗိုလ်မှူးသက်နေယုတို့က အားပေးကူညီမှုကြောင့် ပတ်ဝန်ကျင်
> ရခိုင်အမျိုးသား များကမစဉ်စားမဆင်ခြင်ဘဲ ရိုဟင်ဂျာလူမျိုးများအပေါ်
> အကြမ်းဖက်ခဲ့ခြင်း ဖြစ်ပါသည်၊၊
>
>
>
> ရသေ့တောင် တစ်မြို့နယ်လုံးအတွင်း ရိုဟင်ဂျာလူမျိုး(၁၆)ဦး သေဆုံးပြီး
> (၁၄)ဦးပျောက်ဆုံးသွား သော်လည်းရသေ့တောင် အာဏာပိုင်များက ကြိုတင်လာဘ်ငွေများ
> ယူထားသည့်အတွက် ရခိုင်အမျိုးသား တစ်ဦးတစ်ယောက်ကိုမျှ ဖမ်းဆီးခြင်း၊
> အရေးယူခြင်း၊ အမှုဖွင့်ခြင်းမရှိသေးပါ၊၊ ရိုဟင်ဂျာရွာအတွင်း
> ကျူးကျော်ဝင်ရောက်လာပြီး အကြမ်းဖက်သဖြင့် ရိုဟင်ဂျာလူမျိုးတို့ ခုခံရာတွင်
> ရခိုင်အမျိုးသား(၁၀)ဦး သေဆုံးသွားခြင်းအတွက် အနောက်ပြင်ရွာသား
> ရိုဟင်ဂျာ(၁၇၅)ဦးကို ဥပဒေမဲ့ အမှုဖွင့်ထားလျှက် ရှိပါသည်၊၊
>
>
> အမှန်မှာ ပတ်ဝန်ကျင်း ရခိုင်ရွာသားများက အကြမ်းဖက်ရန် ဆန္ဒမရှိ ခဲ့သော်လည်း
> (၁၇.၁၁.၁၁)ခုနှစ်တွင် မြို့နယ်ရဲတပ်ဖွဲ့မှူး ဦးအောင်မြင့်ကြည်နှင့်
> ယခုအမှုတွင် တရားလိုလုပ်သူ ဒု-ရဲအုပ်ဦးအောင်လင်းတို့က
> အနောက်ပြင်ရိုဟင်ဂျာလူမျိုးတို့ထံမှ ငွေကျပ်(၅၄၀၀၀၀)ကို မတရားရယူ ခြင်းအတွက်
> သက်ဆိုင်ရာစစ်တွေခရိုင် ရဲတပ်ဖွဲ့မှူးထံသို့ အနောက်ပြင်ကျေးရွာမှ
> အုပ်ချုပ်ရေးမှူး (မောင်မောင်ဝင်း+၄)ဦးတို့မှ တိုင်းကြားခဲ့ခြင်းတို့ကြောင့်
> သက်ဆိုင်ရာရဲတပ်ဖွဲ့မှ လာရောက်စစ်ဆေးခဲ့ပါသဖြင့် ယင်းကစ္စနှင့်ပတ်သတ်၍
> မြို့နယ်ရဲတပ်ဖွဲ့မှူး ဦးအောင်မြင့်ကြည် နှင့် ဒု-
> ရဲအုပ်ဦးအောင်လင်းတို့ကမဟုတ်မမှန် တိုင်းကြားသည်ဟူ၍ ရသေ့တောင်တရားရုံးတော်၌ (
> ၂၄. ၁ . ၁၂ ) နေ့ ရာကြီးမှုအမှတ် (၁၅/၂၀၁၂ ၊ ပုဒ်မ- ၁၈၂ (ခ) အရ )
> တရားစွဲဆိုခဲ့ပါသည်၊၊ မြို့နယ်တရားရုံး၏ အမိန့်ကို မကျေနပ်၍ အနောက်ပြင်ရွာမှ
> ( ဦးမောင်မောင် ဝင်း+၄) ဦးတို့အား စစ်တွေခရိုင်တရားရုံးသို့လည်းကောင်း၊
> ရခိုင်ပြည်နယ် တရားလွှတ်တော်သို့ အမှု ပြင်ဆင်ခွင့်လျှောက်ထားရာတွင်
> မြို့နယ်ရဲတပ်ဖွဲ့မှူး ဦးအောင်မြင့်ကြည် အား (၁၄ . ၄ . ၁၂)ခုနှစ်တွင်
> ပြည်နယ်တရားလွှတ်တော်တရားသူကြီးဦးသိန်းအောင်မှ အမှုအား ပလပ်မိန့်ချမှတ်သဖြင့်
> မြို့နယ်ရဲတပ်ဖွဲ့မှူး ဦးအောင်မြင့်ကြည်နှင့် ဒု-ရဲအုပ်ဦးအောင်လင်းတို့
> ရှုံးနှိမ့်သွားပါသဖြင့် ရှက်ရမ်းရမ်း၍ အနောက် ပြင်ကျေးရွာကို အကြမ်းဖက်ရန်
> အားပေးအားမြောက် ပြု၍ အခွင့်ကောင်းယူပြီး မဟုတ်မမှန်တရားခံများဖမ်းဆီ၍
> အမှုဖွင့်ထားလျှက်ရှိကြောင်း သိရှိရ ပါသည်၊၊
>
>
> ရသေ့တောင်မြို့နယ် တာဝန်ရှိအာဏာပိုင်များသည် ပြည်ထောင်စုအစိုးရ၏
> ဥပဒေနှင့်ညွှန်ကြားချက် အတိုင်း အုပ်ချုပ်ခြင်းမရှိပဲ ရခိုင်တိုးတက်ရေးပါတီ၏
> ညွှန်ကြားချက်အတိုင်း အုပ်ချုပ်နေကြောင်း သတင်းရရှိပါသည်။
>
> ရခိုင်ရသေ့တောင်မြို့နယ်၏ ဖြစ်ရပ်မှန်ကိုတင်ပြခြင်း ဖြစ်ပါသည်။
>
>
>
> --
> မှော်ဆရာအဖွဲ့ မှ နေ့ စဉ်မေးလ်များ ရယူလိုပါက
> http://groups.google.com/group/mrsorcerer/subscribe?hl=en ကို နှိပ်ပြီး
> မန်ဘာဝင်နိုင်ပါသည် ။
> မန်ဘာဝင်များ မိမိတို.သိထားသည်များကို မျှဝေလိုပါက mrsorcerer@googlegroups.com
> သို. မေးလ်ပို.နိုင်ပါသည် ။
> မှော်ဆရာအဖွဲ့ မှ နှုတ်ထွက်လိုလျှင် mrsorcerer+unsubscribe@googlegroups.com
> ကိုနှိပ်ပြီး မေးလ်ပို.ပါ ။
> စာလက်ခံလိုသည့်ပုံစံ ပြင်လိုလျှင်
> http://groups.google.com/group/mrsorcerer?hl=en ကို သွားပါ ။
> မှော်ဆရာ အဖွဲ့ ၏ စည်းကမ်းများကို သိလိုလျှင်
> http://groups.google.com/group/mrsorcerer/browse_thread/thread/af2f4a1d44d4d909?hl=en
> တွင် ဖတ်ရှုနိုင်ပါသည် ။
>
> Facebook (FB) မှော်ဆရာအဖွဲ့သို့ Mail ပို့လိုလျှင်
> mrsorcerer2@groups.facebook.com
> FB မှော်ဆရာအဖွဲ့သို့ ၀င်ရန်
> http://www.facebook.com/home.php?sk=group_173571176006981&ap=1
>
> မှော်ဆရာ အဖွဲ့ နှင့်ပက်သက်၍ ဝေဖန်အကြံပြုလိုပါက >>>
> ဦးဦး မှော်ဆရာ ( mrsorcerer9@gmail.com, mrsorcerer27@gmail.com ) ထံသို.
> ပေးပို.နိုင်ပါသည် ။
>
> ခင်မင်စွာဖြင့်
> ဦးဦး မှော်ဆရာ

--
Thank & B.rgds,
Aung Aung
Smart Logistics Myanmar Co., Ltd
No-608, 10 B, Bosoonpat Tower, Bosoonpat St, Pabaedan Tsp, Yangon.
Tel : 951-245 447
H.P ; 959-42171 9680
Email : aungmyat.htun01@gmail.com

--
မှော်ဆရာအဖွဲ့ မှ နေ့ စဉ်မေးလ်များ ရယူလိုပါက http://groups.google.com/group/mrsorcerer/subscribe?hl=en ကို နှိပ်ပြီး မန်ဘာဝင်နိုင်ပါသည် ။
မန်ဘာဝင်များ မိမိတို.သိထားသည်များကို မျှဝေလိုပါက mrsorcerer@googlegroups.com သို. မေးလ်ပို.နိုင်ပါသည် ။
မှော်ဆရာအဖွဲ့ မှ နှုတ်ထွက်လိုလျှင် mrsorcerer+unsubscribe@googlegroups.com ကိုနှိပ်ပြီး မေးလ်ပို.ပါ ။
စာလက်ခံလိုသည့်ပုံစံ ပြင်လိုလျှင် http://groups.google.com/group/mrsorcerer?hl=en ကို သွားပါ ။
မှော်ဆရာ အဖွဲ့ ၏ စည်းကမ်းများကို သိလိုလျှင် http://groups.google.com/group/mrsorcerer/browse_thread/thread/af2f4a1d44d4d909?hl=en တွင် ဖတ်ရှုနိုင်ပါသည် ။

Facebook (FB) မှော်ဆရာအဖွဲ့သို့ Mail ပို့လိုလျှင် mrsorcerer2@groups.facebook.com
FB မှော်ဆရာအဖွဲ့သို့ ၀င်ရန် http://www.facebook.com/home.php?sk=group_173571176006981&ap=1

မှော်ဆရာ အဖွဲ့ နှင့်ပက်သက်၍ ဝေဖန်အကြံပြုလိုပါက >>>
ဦးဦး မှော်ဆရာ ( mrsorcerer9@gmail.com, mrsorcerer27@gmail.com ) ထံသို.
ပေးပို.နိုင်ပါသည် ။

ခင်မင်စွာဖြင့်
ဦးဦး မှော်ဆရာ