Re: [mrsorcerer:34404] ““သမ္မတလုပ်ရတဲ့ဒုက္ခ””

၂၀၀၇ ရွှေဝါရောင် အပြီးမှာ တောင်သာ က စ လို့ လူထုထောက်ခံပွဲတွေ ကျင်းပပြီး အစိုးရ ကို ထောက်ခံခိုင်းတာမျိုး ၂၀၀၈ ပြည်လုံးကျွတ်ဆန္ဒ ခံယူပွဲ တုန်း က လူတစ်ယောက် ၃၀၀၀ ပေး လို့ ထောက်ခံမဲ ထည့်ခိုင်းတာ မျိုး တွေ ရှိ ခဲ့ တော့ အခု ဆန္ဒပြတာ တိုင်း က ရော ပြည်သူ့ ဆန္ဒတွေ ကို ဘယ်လောက် reflect လုပ်သလဲ လို့ စဉ်းစား စရာ ဖြစ်တယ်။ ရွှေတွေ လဲ ဘာမို့လဲ..ဝေလေလေ လုပ်တတ်တာပဲ မဟုတ်လား။ အားလုံး ကို မဆို လို ပါ။ တစ်ခါတစ်လေ မှာ ကိုယ်ပိုင် ဆန္ဒ လို့ ထင်ရပေမဲ့ ငယ်ရာပါ အစွဲတွေ ၀ါဒမှိုင်းတွေနဲ့ ရောရောယောင်ယောင် အမောင် တောင်ါမြောက်မသိ လုပ်တတ် ကြတာတွေ များလွန်းလို့ ပဲ။

အစိုးရ က အာဏာ ကို တာဝန်သိသိ ကျင့်သုံးရမှာ ဖြစ်သလို ပြည်သူ က လဲ မိမိ အင်အား ကို တာဝန်သိသိ ကျင့်သုံးရမှာ ပါပဲ။ ဒီမိုကရေစီ ဟာ လူတိုင်းနဲ့ အချိန်တိုင်းမှာ ထိုက်တန်ပြီးသား ပါ။ ထိုက်တန်တဲ့ ဒီမိုကရေစီ ကျင့်ဝတ် တွေ ကို တော့ အသိတရား နဲ့ အားလုံးပျိုးထောင် လေ့ ကျင့်သွားရမှာ ဖြစ်တယ်။ ဆန္ဒထုတ်ဖော်ခြင်း ဟာ ဒီမိုကရေစီပိုင်ခွင့် ပဲ ဖြစ်တယ် ဆို ပေမဲ့ ကိုယ့် အခွင့်အရေး ကို တန်ဖိုးရှိရှိ တာဝန်သိသိ သုံးတတ်ကြဖို့ တော့ ပြည်သူတွေ ကို နိုင်ငံရေး အသိပညာတွေ နိုးကြားအောင် ပေးကြရလိမ့် ဦးမယ် ထင်ပါတယ်။

2012/10/18 Haroon <roon.ha@gmail.com>
Great!
Thanks Tint Soe..
Let me share...

Regards,
Haroon1992

--
မှော်ဆရာအဖွဲ့ မှ နေ့ စဉ်မေးလ်များ ရယူလိုပါက http://groups.google.com/group/mrsorcerer/subscribe?hl=en ကို နှိပ်ပြီး မန်ဘာဝင်နိုင်ပါသည် ။
မန်ဘာဝင်များ မိမိတို.သိထားသည်များကို မျှဝေလိုပါက mrsorcerer@googlegroups.com သို. မေးလ်ပို.နိုင်ပါသည် ။
မှော်ဆရာအဖွဲ့ မှ နှုတ်ထွက်လိုလျှင် mrsorcerer+unsubscribe@googlegroups.com ကိုနှိပ်ပြီး မေးလ်ပို.ပါ ။
စာလက်ခံလိုသည့်ပုံစံ ပြင်လိုလျှင် http://groups.google.com/group/mrsorcerer?hl=en ကို သွားပါ ။
မှော်ဆရာ အဖွဲ့ ၏ စည်းကမ်းများကို သိလိုလျှင် http://groups.google.com/group/mrsorcerer/browse_thread/thread/af2f4a1d44d4d909?hl=en တွင် ဖတ်ရှုနိုင်ပါသည် ။
 
Facebook (FB) မှော်ဆရာအဖွဲ့သို့ Mail ပို့လိုလျှင် mrsorcerer2@groups.facebook.com
FB မှော်ဆရာအဖွဲ့သို့ ၀င်ရန် http://www.facebook.com/home.php?sk=group_173571176006981&ap=1
 
မှော်ဆရာ အဖွဲ့ နှင့်ပက်သက်၍ ဝေဖန်အကြံပြုလိုပါက >>>
ဦးဦး မှော်ဆရာ ( mrsorcerer9@gmail.com, mrsorcerer27@gmail.com ) ထံသို.
ပေးပို.နိုင်ပါသည် ။
 
ခင်မင်စွာဖြင့်
ဦးဦး မှော်ဆရာ