Re: [mrsorcerer:34710] Fwd: [လူဗိုလ်ဟူသည် ...] ခရစ်တော်၏ ဒိုင်ယာရီ (၁)


သန့်ဇင်ဖြိုးပြောစကားလေးတွေက အတော်လှသဗျာ ။ ကျနော်ကတော့ အဲ့လိုလှအောင်မပြောတတ်ဘူး ၊ ဒါပေသိ ဆိုလိုရင်းကိုဒဲ့တော့ပြော
တတ်တယ် ။ နာခံလိုခက်ရင်လည်း သည်းခံပါဗျာ ။ ဒါပေမယ့် ကျနော်လည်းမရှင်းတာလေးတွေ များသထက်များလာတယ်ဗျာ ။ ကလိလိဖြစ်နေ
တော့ ရေငုံနုတ်ပိတ်နေလို့လည်းမဖြစ် :) ။

သန့်ဇင်ဖြိုးတင်ခဲ့ပိုစ့်တွေမှန်သမျှဟာ ကိုသန့်ဇင်ဖြိုး သိလို့ ၊ နားလည်လို့ ၊ တတ်လို့ ၊ ကျွမ်းကျင်လို့ ၊ အမှန်တရားမှန်းအသေအချာသိလို့
တင်ခဲ့တာချည်းပဲလား ဆိုတာ ကျနော်တော်တော်ဝေခွဲမရဖြစ်မိတယ် ။

ပြီးတော့ အမှန်ကဒီကိစ္စဟာ သန့်ဇင်ဖြိုးဘက်က စေတနာမှန်ရင် အရင်တခါကလိုပဲ ( သန့်ဇင်ဖြိုးပြောစကားအရ ) အက်ဒမင်တွေနဲ့ ကိုလူဘို
ကိုပဲ ထပ်ပြီး အသိပေးသင့်တာပေါ့ဗျာ ။ အခုတော့ ကြက်တူရွေးကတော်တော် မယ်ဘော်ကကဲကဲ ဆိုသလိုဖြစ်နေပြီ :) ။ ကိုသန့်ဇင်ဖြိုးက အက်
ဒမင်တွေ အလုပ်ရှုပ်မှာကို စိတ်ပူပေးနေတာလား ၊ မပူပါနဲ့ဗျာ ။ မှော်ဆရာအဖွဲ့ရဲ့ အက်ဒမင်အဖွဲ့မှာ ချုချုချာချာ ၊ နုံနုံနဲ့နဲ့ တစ်ယောက်မှ မပါဘူး
ဗျ ။ လူတိုင်း ကိုယ့်လယ်ဗယ်နဲ့ကို ပြည့်ဝပြီးသားလူတွေနဲ့ပဲ ဖွဲ့ထားတာပါ ။ ကိုသန့်ဇင်ဖြိုးရဲ့ဟိုက်ဂရုလ်ကိုပဲ ၊ မှော်ဆရာအဖွဲ့ကို ဂရုစိုက်သလို
ဂရုစိုက်လိုက်ပါ ။ အဲ့ . . . ပွင့်လင်းစွာ အကြံပေးမယ်ဆိုလည်း . . . ပွင့်လင်းစွာပဲ အကြံပေးပေါ့ဗျာ . . . တောင်းပန်ရတယ်ဆိုတာ လူ့သိက္ခာအညိုး
ှနွမ်းဆုံးအလုပ်ဗျ ၊ မှားရင်တောင်းပန်ရမှာပေါ့ဆိုတဲ့ အပြောပြောရင်တော့ ၊ ကိုလူဘို ပိုစ့်ကို မှန်တယ်လို့မထောက်ခံရင်တောင် ၊ မှားတယ်လို့လည်း
ဝေဖန်လို့မရဘူးဗျ ၊ ဒါတွေက ကျနော်တို့ မမွေးခင်နှစ်ထောင်ချီက ဖြစ်ခဲ့တာ ။ ဆိုတော့ . . . ဆိုတော့ကာ ။ ဆိုတော့ပေါ့ဗျာ ။

ပြီးတော့ သံသယဖြစ်မိတာလေးတွေလည်းရှိတယ်ဗျ ။ ပွင့်ပွင့်လင်းလင်းပြောရရင် ကျနော်တို့မှော်ဂရုလ်က ဗုဒ္ဓဘာသာတွေနဲ့ ခရစ်ယာန်ဘာသာဝင်
တွေကြားထဲမှာ ဆူးလေးတွေစူးအောင် ခင်းပေးနေသလားတောင်ထင်ရတယ် ။ ဘာကြောင့်လဲဆိုတော့ . . . ဒီလိုသာ ဘာသာရေးစော်ကားတယ်
ထင်ရုံနဲ့ ပြောကြေးဆို . . . အခုနောက်ပိုင်းမှော်ဆရာမှာ ဒီထက်ဆိုးတာတွေတပုံကြီးဗျာ ။ သန့်ဇင်ဖြိုး မှော်ဆရာမေးလ်တွေ အသေအချာ မဖတ်မိ
ဘူးထင်တယ် ။ အဲ့ဒါတွေကို သန့်ဇင်ဖြိုး သိပ်ဝင်မပြောပဲ ဒီ ခရစ်ယာန်အကြောင်းကျမှ လစ်ဗရယ်ဆန်တာ စဉ်းစားစရာတွေပဲဗျာ ။

သန့်ဇင်ဖြိုးရဲ့ဟိုက်ဂရုလ်နဲ့ အဆက်အဆံမရှိတာလည်းကြာပါပြီ ။ ဟိုက်ဂရုလ် က ဟိုက်ဂရုလ်ပဲဗျ ၊ မှော်ဆရာဂရုလ်က မှော်ဆရာဂရုလ်ပဲဗျ ။
သာမန်လူဆို ကျနော်မပြောလိုတော့ပါဘူး ။ ဟိုက်အုံနာ ဒါမှမဟုတ် အက်ဒမင်တစ်ယောက်အနေနဲ့ ၊ မှော်ဆရာဂရုလ်မှာ ဝေဖန်ရုံမကပဲ
တောင်းပန်ခိုင်းတယ်ဆိုတော့ လွန်လွန်ကျူးကျုး စော်ကားတယ်လို့ ကျနော်မြင်တယ် ။ တချိန်က ကျနော် သဘောကျခဲ့တဲ့ သန့်ဇင်ဖြိုး
တောင်ဟုတ်ရဲ့လားလို့ ဇဝေဇ၀ါဖြစ်မိတယ် ။ ကျနော် သန့်ဇင်ဖြိုးကို အကြံပေးချင်ပါတယ် ၊ ကိုယ့်နေရာနဲ့ကိုယ်နေပါ ၊ အကြံပေးနိုင်ပါတယ်
ဝင်စွက်ဖက်မယ်ဆိုရင်တော့ အိုဗာတင်းဖြစ်ပါလိမ့်မယ် ။ မှော်ဆရာအက်ဒမင်တွေကိုလည်း အလုပ်ပေးလိုက်ပါဦး ၊ အလုပ်အများကြီးပဲဗျာ ၊
လုလုပ်စရာမလိုပါဘူး ။

ကဲ . . . အမှားအယွင်းပါခဲ့ရင် . . . သည်းခံ ( ထောက်ပြ ) နိုင်ပါတယ် ။ ကျနော်ကတော့ ဆရာ့ဆရာကြီးမဟုတ်တဲ့အတွက် ကိုယ်မြင်သမျှကို
ပြောပြရုံမျှ သာ ။




 မာဃသစ္စာ

--
မှော်ဆရာအဖွဲ့ မှ နေ့ စဉ်မေးလ်များ ရယူလိုပါက http://groups.google.com/group/mrsorcerer/subscribe?hl=en ကို နှိပ်ပြီး မန်ဘာဝင်နိုင်ပါသည် ။
မန်ဘာဝင်များ မိမိတို.သိထားသည်များကို မျှဝေလိုပါက mrsorcerer@googlegroups.com သို. မေးလ်ပို.နိုင်ပါသည် ။
မှော်ဆရာအဖွဲ့ မှ နှုတ်ထွက်လိုလျှင် mrsorcerer+unsubscribe@googlegroups.com ကိုနှိပ်ပြီး မေးလ်ပို.ပါ ။
စာလက်ခံလိုသည့်ပုံစံ ပြင်လိုလျှင် http://groups.google.com/group/mrsorcerer?hl=en ကို သွားပါ ။
မှော်ဆရာ အဖွဲ့ ၏ စည်းကမ်းများကို သိလိုလျှင် http://groups.google.com/group/mrsorcerer/browse_thread/thread/af2f4a1d44d4d909?hl=en တွင် ဖတ်ရှုနိုင်ပါသည် ။
 
Facebook (FB) မှော်ဆရာအဖွဲ့သို့ Mail ပို့လိုလျှင် mrsorcerer2@groups.facebook.com
FB မှော်ဆရာအဖွဲ့သို့ ၀င်ရန် http://www.facebook.com/home.php?sk=group_173571176006981&ap=1
 
မှော်ဆရာ အဖွဲ့ နှင့်ပက်သက်၍ ဝေဖန်အကြံပြုလိုပါက >>>
ဦးဦး မှော်ဆရာ ( mrsorcerer9@gmail.com, mrsorcerer27@gmail.com ) ထံသို.
ပေးပို.နိုင်ပါသည် ။
 
ခင်မင်စွာဖြင့်
ဦးဦး မှော်ဆရာ